(၁၀) စင်များကိုဝယ်ယူခြင်း
ယောင်ရန်၏
စကားကို ကြားပြီးသည့်နောက်တွင် အိမ်ခြံမြေအကျိုးဆောင်က ပြုံးလိုက်ပြီး
“ကောင်းပါပြီ၊
ပိုင်ရှင်ကို အကြောင်းကြားလိုက်ပါ့မယ်။ ပြီးရင် ပြန်ပြီး စာချုပ်ချုပ်နိုင်ပါပြီ…။” ဟုပြောလိုက်သည်။
ယောင်ရန်လည်း
သဘောတူလိုက်ခြင်းကြောင့် နှစ်ယောက်သား အိမ်ခြံမြေရုံးသို့ ပြန်လာခဲ့ကြသည်။ နှစ်နာရီခန့်
ကြာပြီးသည့်နောက်၌ စာချုပ်ချုပ်ဆိုခြင်းက ပြီးစီးခဲ့ပြီး ယောင်ရန်မှ ငှားရမ်းခ ပေးလိုက်
သည်နှင့်တပြိုင်နက် ပိုင်ရှင်ကလည်း ဂိုဒေါင်သော့ကို လွှဲပေးလိုက်လေတော့သည်။
အိမ်ခြံမြေအကျိုးဆောင်သည်
ပြုံး၍ နှုတ်ဆက်လိုက်သည်၊
“မစ္စယောင်ရန်၊
နောက်ထပ် အိမ်ခြံမြေ ရှာချင်တယ်ဆိုရင် ကျွန်တော့်ကို ဘယ်အချိန်မဆို ဆက်သွယ် နိုင်ပါတယ်…။”
ယောင်ရန်သည်လည်း
ခေါင်းညိတ်ပြလိုက်ပြီး ရုံးခန်းတွင်းမှ ထွက်ခွာလာခဲ့သည်။ ဖုန်းထဲမှ အချိန်အား ကြည့်လိုက်သောအခါ
စောနေသေးသည်နှင့် ဆာလောင်မှုကိုလည်း အနည်းငယ်ခံစားနေရခြင်းကြောင့် မုန့်ဆိုင်တစ်ခုထဲသို့
ဝင်ကာ ပေါင်မုန့်နှစ်ခုကို ဝယ်စားလိုက်လေသည်။
ဗိုက်ဖြည့်လိုက်ပြီးနောက်
ယောင်ရန်သည် ကားငှားသည့် ကုမ္ပဏီသို့ သွားလိုက်လေသည်။ လိုအပ်သော ပစ္စည်းများကို စုဆောင်းရန်အတွက်
နေရာအမျိုးမျိုးသို့ သွားရမည် ဖြစ်သည့်အတွက် ကားရှိထားခြင်း က ပို၍အဆင်ပြေစေနိုင်မည်ဖြစ်သည်။
ကားအနည်းငယ်ကို
နှိုင်းယှဉ်ကြည့်ပြီးနောက်၌ ယောင်ရန်သည် ခိုင်ခံ့သော ထရပ်ကားငယ်လေးတစ်စီး ကို ငှားရမ်းရန်အတွက်
ဆုံးဖြတ်လိုက်သည်။ ပစ္စည်းအားလုံးအား သူမ၏အကာကသ ထဲ၌ ထားနိုင် သော်လည်း ပစ္စည်းများ
သယ်ယူရွှေ့ပြောင်းရာတွင် အဆင်ပြေစေရန်မှာမူ ကားတစ်စီးကိုတော့ အမှန် တကယ်ပင် လိုအပ်မည်ဖြစ်သည်။
ပိုက်ဆံနှင့်
ပစ္စည်းများ အများအပြားရှိနေသော်လည်း ယောင်ရန်သည် လူများ၏ အာရုံစိုက်မှုကို မခံ ရအောင်
သတိထားပြီးနေနေရသည်။ သဘာဝဘေးအန္တရာယ်များ စတင်ပြီးနောက်၌ သူမထံ၌ပစ္စည်း အများကြီး ရှိနေခြင်းကိုသာ
တစ်ယောက်ယောက် သိသွားခဲ့မည်ဆိုပါက သူမအတွက် အန္တရာယ်ရှိနိုင် ပေသည်။
ထို့အပြင်
အစိုးရကသာ သိသွားခဲ့မည်ဆိုပါက သူမ၏ပစ္စည်းများကို သိမ်းဆည်းခံရနိုင်ပြီး အသက်ပါ ဆုံးရှုံးနိုင်သည့်အတွက်ကြောင့်
ယောင်ရန်သည် ဟိုင်ချန်မြို့မှ ပစ္စည်းများ ဝယ်ယူခဲ့ပြီးနောက်
တခြား နိုင်ငံများသို့ ထွက်ကာ ပစ္စည်းများ ထပ်မံဝယ်ယူနိုင်ရန် စီစဉ်ထားခဲ့လေသည်။
အချိန် နှင့်
ပိုက်ဆံသာ ရှိနေသေးမည်ဆိုပါက ပစ္စည်းများ ထပ်မံဝယ်ယူရန်အတွက် အနီးအနားရှိ မြို့အနည်းငယ်ကိုလည်း
သွားရောက်ဝယ်ယူနိုင်ပေသေးသည်။
ကမ္ဘာပျက်ကပ်ကြီး
မစခင်အချိန်မှာပင် ပိုက်ဆံများအားလုံးကို အကုန်သုံးပစ်ရပေမည်။ အဘယ် ကြောင့်ဆိုသော်
ထိုအချိန်သို့ရောက်ပါက ပိုက်ဆံဆိုသည်မှာ အသုံးမဝင်တော့သည့် စာရွက်တစ်ရွက် သို့မဟုတ်
ကိန်းဂဏန်းတစ်ခုသာ ဖြစ်သွားပေလိမ့်မည်။
ကားငှားရမ်းသည့်စာချုပ်ကို
လက်မှတ်ထိုးပြီး သည့်နောက်၌ ကျသင့်ငွေကို ပေးချေလိုက်ပြီးနောက် ယောင်ရန်သည် ထရပ်ကားငယ်လေးအား
မောင်းနှင်လာခဲ့ပြီး လက်ကားဈေးကွက်ဆီသို့ ဦးတည်သွား လိုက်ပေသည်။ လက်ကားဈေးကွက်ထဲတွင်
ထုတ်ကုန်မျိုးစုံ အစုံအလင်ရှိပြီး ဈေးလည်းသက်သာသော ကြောင့် အများအပြားဝယ်မည်ဆိုပါက
ဈေးနှုန်းသက်သက်သာသာဖြင့် ရရှိနိုင်ပေသည်။
လက်ကားဈေးကွက်သို့
ရောက်သည့်အချိန်သည် နေ့လယ်စာစားချိန် နီးနေပြီဖြစ်သောကြောင့်
လူရှင်း နေခဲ့သည်။
ယောင်ရန်သည်
သူမ၏ ပစ္စည်းများကို စနစ်တကျထားသိုနိုင်ပြီး ထုတ်ယူရလွယ်ကူနိုင်စေရန်အတွက် စင်များကို
အရင်ဆုံးဝယ်ယူရန် လိုအပ်ပေသည် ။ သူမသည် ထရပ်ကားငယ်လေးကို စင်များ ရောင်းချ သည့် ဆိုင်တဆိုင်၏ရှေ့၌
ရပ်လိုက်ပြီး ဆိုင်ထဲသို့ ဝင်သွားလိုက်ပေသည်။
စီးပွားရေး
အခြေအနေ မကောင်းသောကြောင့် ဆိုင်ပိုင်ရှင်သည် ယောင်ရန် ဝင်လာသည်ကို တွေ့လိုက် ရသောအခါ၌
အရမ်းပင်စိတ်လှုပ်ရှားနေခဲ့သည်။ ထိုသူသည် စီးပွားရေးလုပ်ငန်းရှင်ပီပီ ပြုံးပြလိုက်ပြီး၊
“ညီမလေး၊
ဘယ်လိုစင်မျိုး လိုချင်ပါသလဲ။ ကျွန်တော်တို့ဆိုင်မှာ အမျိုးအစားနဲ့ အရွယ်အစား အမျိုး မျိုးရှိပြီး စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်…။”
ယောင်ရန်၏
ကိုယ်ပိုင်အာကသတွင် စမ်းသပ်ကြည့်ခဲ့သည့်အတိုင်း အမြင့်ဆုံးအမြင့်သည်(၁၀) မီတာ ရှိပေသည်။
ပစ္စည်းအများကြီး ထားသိုရမည်ဖြစ်သည့်အတွက် အကာသထဲရှိ နေရာလွတ်ကို အလ ဟဿ မဖြုန်းတီး
ချင်သောကြောင့် နေရာကို အများဆုံး အသုံးချနိုင်ရန်အတွက် စင်များကို အထပ် လိုက်ထားရန်
ဆုံးဖြတ် လိုက်ပေသည်။ ဤကဲ့သို့ ဆုံးဖြတ်လိုက်ပြီးနောက်တွင် ယောင်ရန်သည်၊
“ကျွန်မ ဂိုဒေါင်နဲ့
စူပါမားကတ်တွေမှာ သုံးတဲ့ စင်မျိုး လိုချင်ပါတယ်။ ပစ္စည်းအလေးကြီးတွေ တင်နိုင် လောက်အောင်
ခိုင်ခံ့တဲ့စင်ဆို ပိုကောင်းပါတယ်…။”
ဆိုင်ပိုင်ရှင်သည်
ဤလုပ်ငန်းတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်လာသော အတွေ့အကြုံရှိသူ တစ်ဦးဖြစ် သည်။ သူမ၏
တောင်းဆိုချက်များကို နားထောင်ပြီးသည့်နောက်၌ ယောင်ရန်သည် စူပါမားကတ်ဖွင့်ရန် စဉ်းစားနေခြင်းဖြစ်သည်ကို
သိလိုက်ရပေသည်။
ဆိုင်ပိုင်ရှင်သည်
သူမအား ဆိုင်နောက်ဘက်ရှိ ဂိုဒေါင်သို့ ခေါ်သွားလိုက်ပြီး ရှင်းပြခဲ့လေသည်။
“ဒါက စူပါမားကတ်နဲ့
ဂိုဒေါင်တွေမှာ အသုံးအများဆုံး စင်နှစ်မျိုးပါ။ အရမ်းခိုင်ခံ့ပြီး နေရာချွေတာဖို့ ထပ်ထားလို့ရပါတယ်…။”
ယောင်ရန်သည်
စင်ကိုကြည့်ပြီး အရွယ်အစားကို စစ်ဆေးကြည့်လိုက်သည်။ အမြင့် သုံးမီတာ၊ အလျား နှစ်မီတာနှင့်
အနံ တစ်မီတာမျှ ရှိပေသည်။ အလွန်ပင်ခိုင်ခံ့ပုံရပြီး ဘူးကြီးကြီးတစ်လုံးပင်ကောင်းမွန်စွာ
ဝင်ဆန့်လောက်အောင်အထိပင် ကြီးမားလှပေသည်။
သူမက ခေါင်းညိတ်လိုက်ပြီး၊
“ဒီတစ်ခုကို
ယူပါ့မယ်။ ဘယ်လိုရောင်းပါသလဲ…။”
“တစ်စင်ကို(
၂၅၀) ယွမ်ပါ။ အများကြီးဝယ်မယ်ဆိုရင်တော့ ဈေးလျှော့ပေးပါ့မယ်…။”
ယောင်ရန်သည်
ခဏကြာမျှစဉ်းစားလိုက်ပြီးသည့်နောက်၊
“စင်အခုရေ
(၃,၀၀၀) ယူပါ့မယ်…။” ဟု ပြောလိုက်သည်။
ဆိုင်ပိုင်ရှင်သည်
ခဏလောက် ကြောင်အသွားပြီး ချက်ချင်းပင် ပြောလိုက်သည်။
“အများကြီး
ဝယ်တာဆိုတော့ ဈေးလျှော့ပေးပါ့မယ်။ စင်အခုရေ (၃,၀၀၀) ကို ယွမ် (၆၅၀,၀၀၀) ပဲ ကျသင့်ပါမယ်…။”
ယောင်ရန်လည်း
သဘောတူလိုက်ပြီး စရံငွေပေးချေပြီးသည့်နောက် ဂိုဒေါင်လိပ်စာအား ပေးခဲ့လိုက် သည်။
“သူဌေး၊ မနက်ဖြန်ကျရင်
ဒီလိပ်စာကို ပို့ပေးပါ…။”
အော်ဒါကြီးကြီးတစ်ခု
ရလိုက်သည့်အတွက်ကြောင့် ဆိုင်ပိုင်ရှင်သည် အရမ်းပျော်သွားပြီး စိတ်ကြီး ဝင်စွာဖြင့်၊
“ပြဿနာမရှိပါဘူး။
ကျွန်တော်တို့ပဲ စင်တွေကို စုစည်းပေးထားလိုက်ပါ့မယ်…။”
စင်များဝယ်ယူပြီးသည့်နောက်
ယောင်ရန်သည် အနီးအနားရှိ ဆန်ဆိုင်သို့ သွားလိုက်သည်။ စင်ရောင်း သည့် ဆိုင်ကဲ့သို့မဟုတ်ဘဲ
ဆန်ဆိုင်သည် ဝယ်ယူသူများဖြင့် စည်ကားလျှက်ရှိနေပေသည်။ ယောင်ရန် သည် အလုပ်သမားများနှင့်
ဝယ်သူများ ပစ္စည်းများဝယ်ယူပြီး ထုပ်ပိုးနေသည်ကို
အေးဆေးစွာနှင့်ပင် ကြည့် နေခဲ့သည်။
ခဏအကြာ၌ ဆိုင်ပိုင်ရှင်က
သူမကိုတွေ့သွားပြီး မေးလိုက်သည်၊
“ညီမလေး၊
ဘာဝယ်ချင်လို့လဲ…။”
စောင့်နေရင်းနှင့်ပင်
ယောင်ရန်သည် ဆန်ဆိုင်၌ ရောင်းချသည့် ပစ္စည်းများကို ကြည့်နေခဲ့သည်။ ဤဆိုင် သည်ကြီးမားပြီး
ကုန်ပစ္စည်းအစုံအလင်လည်း ရှိပေသည်။
သူမက ဆိုင်ပိုင်ရှင်ကို
ကြည့်၍ မေးလိုက်သည်၊
“ဆန်က တစ်ကီလို
ဘယ်လောက်လဲ…။”
ဆိုင်ပိုင်ရှင်က
ပြုံးပြီး ပြန်ဖြေလိုက်သည်၊
“ဆန်လက်ကားဈေးက
တစ်ကီလိုကို (၄.၃) ယွမ်ပါ။ ဒါပေမဲ့ ကျွန်တော်တို့က တန်နဲ့ ရောင်းပါတယ်…။“
“ညီမလေး ဘယ်လောက်ဝယ်ချင်ပါသလဲ…။” ဟုလည်း ထပ်၍မေးလိုက်လေသည်။