အခန်း (၁၁)
Viewers 1k

အခန်း (၁၁) အစားအသောက်များ စုဆောင်းခြင်း ()

 

ယောင်ရန်သည် ခဏမျှ စဉ်းစားနေလိုက်ပြီးနောက် အမျိုစားများကို ရေရွတ်လိုက်လေသည်၊

 

ဆန်လုံးရှည်၊ ဆန်လုံးလတ်နဲ့ ဆန်လုံးတိုကို တစ်မျိုးစီကို တန် (၂၀၀) စီ ပေးပါ။ ပြီးတော့ ဆန်ချို၊ ဆန်မဲ၊ ဆန်ညို၊ ဆန်နီ၊ ကယ်လ်မိုချီဆန်နဲ့ သင်းပျံ့တဲ့ရနံ့ရှိတဲ့ဆန်တို့ကို တစ်မျိုးကို တန် (၁၅၀) စီ ပေးပါ။ နောက် ဆုံးအနေနဲ့ ဘာစမာတီဆန်၊ ဂျပ်စမင်းဆန်၊ ဗယ်လင်စီယာဆန်၊ အာဘိုရီယိုဆန်၊ ပေါင်းဆန်၊ တောဆန် တို့ကိုတော့ တစ်မျိုးကို တန်( ၁၀၀) စီ ပေးပါဟု ပြောလိုက်လေသည်။

 

ထိုဆိုင်တွင် ဂျုံမှုန့်များလည်း ရောင်းချနေသည်ကို မြင်သောအခါ သူမက ဆက်လက်မှာယူလိုက်သည်။

 

ဂျုံမှုန့်တွေထဲကတော့ အများသုံးဂျုံမှုန့်၊ ဂျုံနီမှုန့်၊ ပြောင်းဖူးမှုန့်၊ ပေါင်မုန့်လုပ် ဂျုံမှုန့်၊ ဂလူတင်မပါတဲ့ ဂျုံမှုန့်၊ ဘတ်ခ်ဝှီဂျုံမှုန့်၊ သစ်အုတ်ဂျုံမှုန့်၊ အာလူးမှုန့်၊ ဆန်မှုန့်၊ တက်ပီအိုကာမှုန့်၊ ပြောင်းဆန်မှုန့်၊ ကောက်ညှင်း မှုန့်တို့ကို တစ်မျိုးကို တန် (၁၅၀) စီ ပေးပါ…။

 

ပြီးတော့ ပဲကြီးမှုန့်၊ ဗာဒံစေ့မှုန့်၊ ဂလူတင်မပါတဲ့ ဂျုံမှုန့်ရောစပ်တွေ၊ စပယ်လ်ဂျုံမှုန့်၊ ကောက်ဂျုံမှုန့်၊ ဆီမိုလီနာမှုန့်၊ ဒဗယ်ဇီးရိုး ဂျုံမှုန့်၊ မုန့်ဖောင်းစေတဲ့ ဂျုံမှုန့်၊ အသင့်သုံး ဂျုံမှုန့်၊ မုန့်ပဲသရေစာလုပ် ဂျုံမှုန့်၊ ပဲအမျိုးမျိုးကရတဲ့ ဂျုံမှုန့်နဲ့ ကိတ်မုန့်လုပ် ဂျုံမှုန့်တို့ကိုတော့ တစ်မျိုးကို တန် (၈၀) စီ ပေးပါ…။”                               

ဟု  ထပ်လောင်းပြောလိုက်လေသည်။

 

သူမမှာချင်သည့် ပစ္စည်းစာရင်းကို အကုန်လုံးပြောပြီးသည့်အခါ ဆိုင်ရှင်မှာ အံ့ဩလွန်း၍ မေးရိုးပင် ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။ သူ့မျက်လုံးအကြည့်ကို ရိပ်မိ၍ ယောင်ရန်က မေးလိုက်လေသည်၊

 “တစ်ခုခု ပြဿနာရှိလို့လား….။

 

ဆိုင်ရှင်လည်း သတိဝင်လာပြီး မယုံကြည့်နိုင်သည့်ပုံစံဖြင့် မေးလိုက်လေသည်။

 

အစ်မ၊ ဒီလောက် အများကြီး တကယ်ဝယ်မှာလား…။

 

 “ဟုတ်တယ်လေ…။

 

 ယောင်ရန်က ခေါင်းညိတ်ပြလိုက်ပြီး ဖြေလိုက်သည်။

 

ဆိုင်ရှင်က သူမကို သံသယမျက်လုံးများဖြင့် ကြည့်သောအခါ ယောင်ရန်က ထပ်ပြောလိုက်သည်၊  

 

ဈေးနှုန်းကို အရင်တွက်လိုက်ပါ၊ စပေါ်ငွေတစ်ဝက်ကို အရင်ပေးမယ်။ ပစ္စည်းရောက်ရင် ကျန်တာ အကုန်ရှင်းပေးပါ့မယ်…။

 

ဆိုင်ရှင်သည် စဉ်းစားပြီးနောက် ဂဏန်းပေါင်းစက်ကို ကောက်ကိုင်လိုက်သည်။ ဈေးနှုန်းတွက်ပြီးသည့် နောက် စျေးနှုန်းစာရင်းကို ယောင်ရန်အား ပြသလိုက်လေသည်။ ဆိုင်ရှင်က၊

 

ဂျုံမှုန့်တစ်ကီလို လက်ကားဈေးက ( . )ယွမ်ပါ။ ဆန်နဲ့ဂျုံမှုန့် စုစုပေါင်းဈေးက ယွမ် (၁၅,၈၄၆,၀၀၀) ကျပါသင့်တယ်။ အစ်မက အများကြီးဝယ်လို့ ယွမ် (၄၆,၀၀၀) လျှော့ပေးလိုက်ပါတယ်…။

 

ယောင်ရန်လည်း ရှည်လျားသော ငွေစာရင်းကို ကြည့်ကာ အံ့အားသင့်သွားခဲ့မိပြီး တွေးမိလိုက်လေ သည်၊

 

*ဒီပစ္စည်းတွေ အကုန်လုံး ယွမ် (၁၅) သန်းပဲ ကျတာလား။ အခုခေတ်မှာ ကုန်စည်တွေက ဒီလောက် တောင် ဈေးပေါနေတာလား…။*

 

ကမ္ဘာပျက်ပြီးနောက်ပိုင်း (၁၀) နှစ်ကြာအောင် နေထိုင်ခဲ့ရသောကြောင့် ကမ္ဘာမပျက်မီခေတ်ကာလ၏ ကုန်ပစ္စည်း ဈေးနှုန်းများအပေါ် သူမ၏အမြင်မှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ကမ္ဘာပျက်ပြီး နောက် ပိုင်း၌ အရာအားလုံးကို ရွှေချောင်းများဖြင့်ဖြစ်စေ၊ ကုန်ပစ္စည်းချင်း ဖလှယ်၍ဖြစ်စေ ဝယ်ယူကြရပေ သည်။

 

အခုအချိန်တွင် ဆန်တစ်ကီလိုသည် ယွမ်( ) ထက်နည်းပြီး၊ ဂျုံမှုန့်တစ်ကီလိုသည် ယွမ် (၃) အောက် သာကျသင့်ပေသည်။ ကမ္ဘာပျက်ပြီး နောက်ဆိုလျှင် ဆန်တစ်ကီလိုသည် အနည်းဆုံး ရွှေနှစ်ပေါင်နှင့် ဖြစ် စေ၊ သို့မဟုတ် ဖိသိပ်ထားသော ဘီစကစ် (၃) ကီလိုနှင့်ဖြစ်စေ လဲလှယ်ရမည် ဖြစ်သည်။

 

ယောင်ရန်သည် စကားမပြောဘဲ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ဆိုင်ရှင်က မျက်မှောင်ကြုတ်၍

 

အစ်မ မဝယ်ချင်တော့ဘူးဆိုရင် သွားလို့ရပါပြီ…။

 

ယောင်ရန်လည်း သတိပြန်ဝင်လာပြီး ဆိုင်ရှင်လက်ထဲမှ ငွေစာရင်းကို ယူလိုက်ပြီး

 

ဘဏ်အကောင့်နံပါတ်ပေးပါ၊ ယွမ် (၇) သန်း အရင်လွှဲပေးမယ်။ ပစ္စည်းရောက်ရင် ကျန်တာ ထပ်လွှဲပေး ပါ့မယ်…။

 

ဆိုင်ရှင်လည်း ထိုစကားကြားသောအခါ ထပ်မေးပြန်သည်။

 

တကယ်ဝယ်မှာလားဗျ…။

 

ယောင်ရန်က တည်ငြိမ်အေးဆေးစွာပင်  ပြန်ဖြေလိုက်သည်။

 

ဟုတ်ပါတယ်…။

 

ထိုအခါ ဆိုင်ရှင်လည်း ရုတ်တရက် ဝမ်းသာသွားပြီး သူ၏ဘဏ်အကောင့်နံပါတ်ကို ယောင်ရန်အား ပေးလိုက်လေတော့သည်။

 

ယောင်ရန်လည်း ယွမ် (၇) သန်းလွှဲပေးပြီးနောက် ဂိုဒေါင်လိပ်စာကို ပေးလိုက်သည်။

 

ဒီလိပ်စာအတိုင်း ပစ္စည်းတွေ ပို့ပေးပါ….။

 

ကောင်းပါပြီ…။

 

ယောင်ရန်လည်း ဆန်ဆိုင်မှ ထွက်လာပြီးနောက် အခြားဆန်ဆိုင်များသို့ သွားရောက်ကာ ဆန်နှင့်ဂျုံမှုန့် ပမာဏ အလားတူ ထပ်မံဝယ်ယူခဲ့သည်။ နောက်ဆုံးဆိုင်မှ ထွက်ခွာလာချိန်တွင် သူမသည် ယွမ် သန်း (၁၀၀) နီးပါး သုံးစွဲခဲ့ပြီး ဖြစ်သည်။

 

တစ်ဘဝစာအတွက် ဆန်နှင့်ဂျုံမှုန့်များ လုံလောက်စွာ ဝယ်ယူပြီးသည့်နောက်၌ ယောင်ရန်သည် စားသုံး ဆီဆိုင်သို့ သွားလိုက်သည်။ ဆိုင်တွင် စားသုံးဆီအမျိုးအစားစုံလင်စွာ ရှိနေသည်ကို မြင်သောအခါ သူမ သည် ဆိုင်ရှင်ထံသို့ တည့်တည့်လျှောက်သွားပြီး မေးလိုက်သည်။

 

ဆီတွေက ဘယ်လိုရောင်းလဲ…။

 

ဆိုင်ရှင်က ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြန်ဖြေလိုက်ပြီး၊

 

လက်ကားဈေးက စားသုံးဆီတစ်ကီလိုကို ယွမ် (၁၆.၄) ပါ။ ဆီအမျိုးအစား အားလုံး ဈေးနှုန်း အတူတူ ပါပဲ…။”   

 

အမျိုးအစားတစ်ခုစီကို ပုံး (,၀၀၀) စီ ပေးပါ…။ဟု ယောင်ရန်က မှာလိုက်သည်။

 

ဆိုင်ရှင်မှာလည်း ဖောက်သည်ကြီးများနှင့် အမြဲတွေ့ဆုံနေရသူဖြစ်၍ ယောင်ရန်၏ အမှာစာကို အံ့ဩ ခြင်းမရှိပေ။ သူသည် ဈေးနှုန်းကို တွက်ချက်ပြီးနောက် ငွေစာရင်းကို ယောင်ရန်အား ပေးလိုက်သည်။ စုစုပေါင်းပမာဏ ယွမ်( . )သန်း ကျသင့်သည်ကို မြင်သောအခါ ယောင်ရန်သည် ဆိုင်ရှင်အား ယွမ်      ( သန်း) လွှဲပေးခဲ့လိုက်လေသည်။

 

စရံငွေပေးပြီးနောက် ဂိုဒေါင်လိပ်စာကို ပေးထားခဲ့ပြီး ယောင်ရန်သည် ကုန်ခြောက်လက်ကားဆိုင်သို့ သွားရောက်ကာ ဟင်းခတ်အမွှေးအကြိုင်အမျိုးမျိုးကို ဝယ်ယူခဲ့သည်။

 

ဆားသည် ကမ္ဘာပျက်ပြီးနောက်တွင် အလွန်တန်ဖိုးရှိသော မရှိမဖြစ်ပစ္စည်းတစ်ခု ဖြစ်လာခဲ့သည်။ သဘာဝဘေးအန္တရာယ်များက ကမ္ဘာကို တိုက်ခတ်ပြီးနောက် ကုန်ထုတ်လုပ်မှုလိုင်းများ ပြတ်တောက် သွားခဲ့သောကြောင့် အများစုမှာ ထုတ်လုပ်နိုင်ခြင်းမရှိတော့ပေ။ ဆားနှင့်သကြားကဲ့သို့သော ဟင်းခတ် အမွှေးအကြိုင်များကိုလည်း နောင်တွင် အဖိုးတန်ပစ္စည်းအဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။

 

ယောင်ရန်သည် ဆိုင်ထဲသို့ လျှောက်ဝင်လာခဲ့ပြီး ပို၍ များများဝယ်ယူနိုင်ရန် စီစဉ်လိုက်သည်။ ဆိုင် အတွင်းရှိ ပစ္စည်းများကို စစ်ဆေးကြည့်ပြီးနောက် ကောင်တာသို့ သွားလိုက်သည်။

 

ဆိုင်ရှင်လည်း သူ့စာရင်းစာအုပ်မှအကြည့်လွှဲပြီး ယောင်ရန်အား မော့ကြည့်လိုက်သည်။ ယောင်ရန်က

 

ဆားဈေးနှုန်း ဘယ်လောက်လဲ…။ ဟုမေးလိုက်သည်။

 

ဆိုင်ရှင်က သူမ၏တည်ငြိမ်သော မျက်နှာကို ကြည့်ပြီးနောက် ပြန်ဖြေလေသည်၊

 

ဒေသတွင်းဆားနဲ့ ပြည်ပကလာတဲ့ ဆားဆိုပြီး ရှိပါတယ်။ ဒေသတွင်းဆားက တစ်ကီလိုကို ( ယွမ်)၊ ပြည်ပဆားက တစ်ကီလိုကို( ယွမ်)ပါ။ ဘယ်ဆားလိုချင်လဲမသိဘူး…။

 

ယောင်ရန်သည် ခဏမျှ တွက်ချက်လိုက်ပြီး၊

သန့်စင်ထားတဲ့ဆား၊ ကိုရှာဆား၊ ပင်လယ်ဆား၊ အလွှာလိုက်ဆား၊ ကျောက်ဆား၊ အချဉ်တည်ဆားနဲ့ ဟိမဝန္တာပန်းရောင်ဆားတို့ကို တစ်မျိုးစီကို တန်( ၂၀၀) စီ ပေးပါ….။”

 

နောက်ပြီးတော့ ဆားမဲ၊ ဟင်းခတ်ဆား၊ မီးခိုးနံ့ပါတဲ့ဆား၊ စဲလ်တစ်ဆား၊ ဟာဝိုင်ယီဆားမဲ၊ ဟာဝိုင်ယီ ဆားနီ နဲ့ ဖလက်ဒီဆဲလ်ဆားတို့ကို တစ်မျိုးစီကို တန် (၁၅၀) စီ ထပ်ပေးပါ…။

 

ဆိုင်ရှင်လည်း ထိုစကားကြားသည် နှင့် ဖောက်သည်ကြီးဖြစ်ကြောင်း သိလိုက်ရသည်။ သူသည် ဘောပင်ကို အလျင်အမြန် ကောက်ယူကာ ယောင်ရန်၏ အမှာစာကို ချရေးလိုက်လေသည်။

 

ဆိုင်တွင် ပဲအမျိုးအစား (၂၀) ကျော် ခင်းကျင်းထားသည်ကို မြင်သောအခါ ယောင်ရန်က

 

ပဲအမျိုးအစားတစ်ခုစီကို (တန် ၁၀၀) စီ ပေးပါ…။”  ဟု ထပ်မံမှာလိုက်လေသည်။

 

ပဲများအပြင် သစ်သီးခြောက်အခွံမာသီးများလည်း ခင်းကျင်းထားသည်ကို သူမတွေ့လိုက်ရသည်။ ထို ဆိုင်တွင် သီဟိုဠ်စေ့၊ ပစ္စတာချီယိုစေ့၊ မက္ကာဒေးမီးယား၊ ဗာဒံစေ့၊ မြေပဲ၊ သစ်ကြားသီး အပါအဝင် အခွံ မာသီးအမျိုးပေါင်း( ၅၀) ကျော်ရှိပေသည်။ အခွံမာသီးများသည် ဆန်အစားထိုးအဖြစ် သင့်တော် သော ကြောင့် ယောင်ရန်သည် အများအပြား ဝယ်ယူရန် ဆုံးဖြတ်လိုက်လေသည်။