အခန်း
(၁၃) အစားအသောက်များ စုဆောင်းခြင်း (၃)
နောက်တစ်နေ့
နံနက်စောစော၌ ယောင်ရန်သည် အိမ်ခြံမြေအကျိုးဆောင်နှင့်
ဆက်သွယ်ကာ သူမ၏ တိုက်ခန်းငယ်လေးကို ရောင်းရန် စာရင်းတင်လိုက်သည်။ ဟိုင်ချန်မြို့တွင် နေထိုင်ရန် အစီအစဉ်မရှိ တော့သောကြောင့်
တိုက်ခန်းကို ရောင်းချ၍ ငွေပိုရှာခြင်းက ပို၍ အကျိုးရှိလိမ့်မည်ဟု သူမ တွေးထား လေသည်။
လမ်းဘေးဆိုင်တစ်ဆိုင်တွင်
မနက်စာကို ရိုးရိုးရှင်းရှင်းပင်
စားပြီးနောက် သူမသည် ထိုဆိုင်မှ အစား အစာများကို အချိုး (၃၀၀) ထပ်မှာကာ လူရှင်းသည့်နေရာသို့ သွား၍ သူမ၏ နေရာလွတ်ထဲသို့ အစား အစာများကို ရွှေ့လိုက်သည်။
ဗိုက်ပြည့်သွားသောအခါ၌
ယောင်ရန်သည် နောက်တစ်နေ့အတွက် ဈေးဝယ်ထွက်ခြင်း စတင်လိုက် သည်။ ယမန်နေ့က သူမသည် ကောက်ပဲသီးနှံ၊ စားသုံးဆီ၊ ဟင်းခတ်အမွှေးအကြိုင်နဲ့ ဆော့စ်များစွာကို ဝယ်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ယနေ့တွင် သစ်သီးလက်ကားဈေးသို့ သွားရန် စီစဉ်လိုက်သည်။
ဟိုင်ချန်မြို့သည်
ရာသီဥတုသာယာပြီး နွေရာသီနှင့် ဆောင်းရာသီတွင် အပူအအေးမျှတပေသည်။ နွေရာသီအလယ်ပင်ဖြစ်သော်လည်း ယောင်ရန်သည်
သစ်သီးလက်ကားဈေးတွင် ရာသီအလိုက် သစ်သီး အမျိုးမျိုးကို မြင်တွေ့ခဲ့ရသည်။ ပေါများသော သယံဇာတများကြောင့် သစ်သီးဈေးနှုန်းများမှာ အလွန်သက်သာလှပေသည်။
ဆိုင်များတွင်
ခင်းကျင်းထားသော လတ်ဆတ်သည့် သစ်သီးများကို ကြည့်လိုက်ပြီး ယောင်ရန်သည် အားလုံးကို ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။ ဤသစ်သီးများသည် ဘေးအန္တရာယ်ကျရောက်သောအခါ ၌ မျိုးတုံးသွားလိမ့်မည် ဖြစ်သည်။
သူမသည်
သစ်သီးတစ်မျိုးစီကို တန် ရာနှင့်ချီ၍ မှာယူခဲ့ရာ တစ်နာရီအတွင်း ယွမ် သန်း( ၂၀၀) ထပ်ကုန် သွားခဲ့ပြန်လေသည်။
သစ်သီးလက်ကားဈေးမှ
ထွက်ခွာလာပြီးနောက် ယောင်ရန်သည် ဟင်းသီးဟင်းရွက်လက်ကားဈေးသို့
ကားဖြင့် ဆက်သွားခဲ့သည်။
ဈေးမှာ လူစည်ကားလျှက်ရှိသော်လည်း ကုန်ပစ္စည်းစုံလင်စွာ ရှိနေသော ကြောင့်
ယောင်ရန်သည် ဈေးကိုပတ်ကြည့်၍ သူမမြင်သမျှ ဟင်းသီးဟင်းရွက်အားလုံးကို ဝယ်ယူလိုက် သည်။
ဖရုံသီး၊
ကန်စွန်းဥ၊ ပြောင်း၊ အာလူး၊ ခါးစပ်သီး၊ ခရမ်းသီး၊ သခွားသီး၊ ကြက်သွန်ဖြူ၊ ငရုတ်သီး၊ မုန်လာဥ ၊ ဂျင်း၊ ဟင်းနုနွယ်၊ ဂေါ်ဖီထုပ်၊ ကြာစွယ်၊ ခရမ်းချဉ်သီး၊ ဆလတ်၊ ကြက်သွန်မြိတ်၊ ပဲအမျိုးမျိုးတို့ကိုပါ ဝယ်ယူခဲ့လိုက်သည်။
ကြက်ဥရောင်းသည့်ဆိုင်ရှေ့မှ
ဖြတ်သွားရင်း သူမသည်
ကြက်ဥ အလုံး (၅၀,၀၀၀) ၊
ဘဲဥအလုံး (၅၀,၀၀၀) နှင့် ငန်းဥအလုံး
(၅၀,၀၀၀) တို့ကို ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။
နောင်တွင်
နျူကလီးယား ဓါတ်ရောင်ခြည်သင့်ခြင်းကြောင့်
တိရစ္ဆာန်နှင့် အပင်များ ဗီဇပြောင်းလဲခြင်းကို စဉ်းစားမိသောအခါ ယောင်ရန်သည် မျိုးအောင်ထားသော ကြက်ဥအလုံး (၅,၀၀၀) ၊
ဘဲဥအလုံး(၅,၀၀၀) နှင့် ငန်းဥအလုံး ( ၅,၀၀၀) တို့ကို
လိုလိုလားလားပင် ဝယ်ယူခဲ့လိုက်သည်။
ဟင်းသီးဟင်းရွက်လက်ကားဈေးမှ
ထွက်ခွာလာပြီးနောက် ယောင်ရန်သည် အကြီးဆုံး ပင်လယ်စာ လက်ကားဈေးသို့ သွားခဲ့လိုက်သည်။ ဟိုင်ချန်မြို့သည် ပင်လယ်နှင့် နီးသောကြောင့် ထိုနေရာတွင် နေထိုင်သူများသည် တစ်နှစ်ပတ်လုံး ပင်လယ်စာအမျိုးမျိုးကို မြည်းစမ်းနိုင်ကြပေသည်။
သူမသည်
ပင်လယ်စာလက်ကားဈေးသို့
ရောက်သောအခါ ငါးဖမ်းလှေမှ ပစ္စည်းများ အခုမှ ချနေဆဲ ဖြစ်သည်။ လတ်ဆတ်သည့် ငါးနှင့် ပင်လယ်စာများကို ကြည့်ပြီး ယောင်ရန်သည် စိတ်လှုပ်ရှား မိသွား ခဲ့သည်။
ဆူနာမီနှင့်
ငလျင်လှုပ်ပြီးနောက်တွင်
မြေကျောပြတ်ရွေ့ကြောများ
ရွေ့လျားသွားခဲံပြီး နျူကလီးယား ဓာတ်အားပေးစက်ရုံများ
ပေါက်ကွဲကာ ဓါတ်ရောင်ခြည်များသည် ကမ္ဘာတစ်လွှား ပျံ့နှံ့သွားခဲ့သည်။ ရေ၊ မြေနှင့် လေထု ညစ်ညမ်းမှုများကြောင့် အပင်နှင့် တိရစ္ဆာန်အများစုမှာ မျိုးရိုးဗီဇများ ပြောင်းလဲသွားခဲ့ရ
သည်။
ဗီဇပြောင်းလဲသွားသည့်
အပင်နှင့် တိရစ္ဆာန်များ၏ အစိတ်အပိုင်းအချို့ကိုမူ စားသုံးနိုင်သော်လည်း
အများစုမှာ အဆိပ်သင့်လျှက်ရှိပြီး အရသာသည်လည်း ဆိုးရွားပေသည်။ အသားတစ်ကိုက်ရရှိရန် သူမ ကြုံတွေ့ခဲ့ရသော ခက်ခဲမှုများနှင့် သွေးထွက်သံယိုမှုများကို ပြန်လည်၍ စဉ်းစားမိလိုက်သောအခါတွင်
ယောင်ရန်သည် ကြက်သီးထသွားမိလေသည်။
သူမ၏
အတိတ်ကို အမှတ်ရနေမှုများမှ
နိုးထလာလိုက်ပြီးနောက်
ယောင်ရန်သည် အကြီးဆုံး ပင်လယ် စာဆိုင်သို့ သွားလိုက်သည်။ ထိုဆိုင်တွင် ငါးဖမ်းလှေများမှ ငါးနှင့် ပင်လယ်စာများ ချနေသည့်လူများနှင့် အော်ဒါလာယူကြသည့် ဖောက်သည်များဖြင့် ရှုပ်ထွေးလျှက်ရှိပေသည်။
သူမသည်
ဆိုင်၏ တံခါးဝတွင် ရပ်နေပြီး အလုပ်များနေသည့် မြင်ကွင်းကို ကြည့်နေလိုက်မိသည်။ ထို မြင်ကွင်းကို မြင်သောအခါ
ယောင်ရန်သည် စိတ်ဓာတ်ကျသွားမိသည်။ ထိုကဲ့သို့သော မြင်ကွင်းသည် နှစ်လအတွင်း ပျောက်ကွယ်သွားတော့မည်ဖြစ်ပြီး
မည်သည့်အရာကမှ ဤဖြစ်ပျက်လာမည့်အရာကို
တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။
သူမသည်
ထိုနေရာ၌ ငေးမောရင်း ရပ်နေသည်ကို မြင်သောအခါ ဆိုင်ရှင်သည် သူမထံသို့ လျှောက်လာ ပြီး
“အစ်မ၊
ကျွန်တော်တို့ဆိုင်က ငါးနဲ့ ပင်လယ်စာတွေက အရမ်းလတ်ဆတ်ပါတယ်။ တစ်ခုခု ဝယ်ချင်ပါ သလားခင်ဗျာ…။”
ယောင်ရန်လည်း
သတိပြန်ဝင်လာခဲ့ပြီး၊
“ဆိုင်ရှင်၊
ဒီနေ့ ဘယ်လိုငါးနဲ့ ပင်လယ်စာတွေ ရှိလဲ”
ဆိုင်ရှင်သည်
သူ၏လက်ထဲရှိ စာရင်းကို ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်၊
“အစ်မ
ကံကောင်းပါတယ်။ ကျွန်တော်တို့ရဲ့ ငါးဖမ်းလှေ ဒီနေ့မနက်မှ ရောက်တာဖြစ်ပြီး ဖမ်းမိတဲ့ငါးတွေ က တော်တော်များပါတယ်။ ရွေးချယ်စရာ ငါးနဲ့ ပင်လယ်စာ အမျိုးအစားတွေ အများကြီးရှိပါတယ် ။ ဘယ်ဟာ လိုချင်လဲမသိဘူးခင်ဗျ…။”
ယောင်ရန်သည်
ခဏမျှ စဉ်းစားလိုက်ပြီးနောက်
“ငါး
တန် (၃၀၀) နဲ့ ပင်လယ်စာ တန် (၃၀၀) လိုချင်တယ်…။”
ဆိုင်ရှင်လည်း
သူမ၏ စကားကို ကြားပြီးနောက် ဆွံ့အသွားခဲ့သည်။ သူသည် ရယ်မောလိုက်ပြီးနောက် ရွှတ်နောက်နောက်ဖြင့်
မေးလိုက်လေသည်။
“အစ်မ၊
နောက်နေတာလား…။”
ယောင်ရန်က
အနည်းငယ် ပြုံးပြီး ၊
“မဟုတ်ဘူး၊
တကယ်ပြောတာပါ…။”
ဆိုင်ရှင်သည်
သူမကို ခဏကြည့်ပြီးနောက် ဂဏန်းပေါင်းစက်ကို ယူကာ ဈေးနှုန်းကို တွက်ချက်လိုက် လေသည်။
ခဏအကြာတွင်
သူသည် ယောင်ရန်အား ကျသင့်ငွေစာရင်းကို ပေးလိုက်ပြီး
“ငါး
တန် (၃၀၀)အတွက် လက်ကားဈေးက ယွမ် (၉.၃၆၃) သန်းပါ။
ပင်လယ်စာက ပိုပြီး ဈေးကြီး ပါတယ်။ ပင်လယ်စာ တန် (၃၀၀) အတွက် လက်ကားဈေးက ယွမ် (၁၇.၈၂) သန်းပါ…။”
“အများကြီး
ဝယ်ယူတဲ့အတွက် လျှော့ဈေးအပြင် ပစ္စည်းအပိုလည်းထည့်ပေးလိုက်ပါမယ်။
စုစုပေါင်း (၂၇) သန်းပဲ ပေးရပါမယ်။ ကျွန်တော်တို့မှာ ဘဏ်ငွေလွှဲစနစ်နဲ့ We-pay လက်ခံပါတယ်။ အစ်မ ဘယ်လို ပေးချေချင်ပါသလဲခင်ဗျ…။”
ထိုသူပြောပြီးနောက်
ယောင်ရန်သည် သူမ၏ ဖုန်းကို ထုတ်လိုက်ပြီး
“ဘဏ်အကောင့်နံပါတ်ပေးပါ။
ဘဏ်ငွေလွှဲနဲ့ ပေးချေပါ့မယ်…။”
ယောင်ရန်၏
တည်ငြိမ်သော အမူအရာကို မြင်သောအခါ ဆိုင်ရှင်သည် ပြုံးလိုက်ပြီး
“လတ်ဆတ်မှုရှိအောင်
အမြန်ဆုံး ပစ္စည်းတွေကိုပို့ပေးပါ့မယ်…။”
ထိုသို့ပြောပြီးနောက်
သူသည် သူ၏ဘဏ်အကောင့်နံပါတ်ကို ယောင်ရန်အား ပေးလိုက်သည်။ သူမသည် ယွမ် (၁၅ )သန်း လွှဲပေးလိုက်ပြီးနောက်၊
“ဒီလိပ်စာကို
ပစ္စည်းတွေ ပို့ပြီးရင် ကျန်တဲ့ငွေကို ရှင်းပေးပါ့မယ်နော်…။”
ယောင်ရန်သည်
ဂိုဒေါင်လိပ်စာကို ပေးလိုက်ရာ ဆိုင်ရှင်က ၊
“ကောင်းပါပြီ။
အမြန်ဆုံး ပို့ပေးပါ့မယ်ခင်ဗျာ…။”
“ကျေးဇူးပါ…။”
သူမသည်
ထရပ်ကားအသေးလေးထဲသို့
ရောက်သည်နှင့် တယ်လီဖုန်းမြည်လာခဲ့သည်။
ယောင်ရန်သည် ဖုန်းကို ကိုင်လိုက်သည်။
“ဟယ်လို…”
တစ်စက္ကန့်မျှအကြာတွင်
တစ်ဖက်မှ အမျိုးသားတစ်ဦး၏ အသံထွက်ပေါ်လာခဲ့လေသည်၊
“ဟယ်လို၊
အစ်မလား။ ကျွန်တော်တို့က စင်ရောင်းတဲ့ဆိုင်ကပါ။ အခု အစ်မ ဂိုဒေါင်နားမှာ ရောက်နေ ပါပြီ…။”
ပင်လယ်စာလက်ကားဈေးသည်
ဂိုဒေါင်နှင့် မဝေးသောကြောင့် သူမသည် အလျှင်အမြန်ပင် ပြန်ဖြေ လိုက်သည်။
“မိနစ်
(၃၀) အတွင်း ရောက်ပါ့မယ်…။”
ဖုန်းချပြီးနောက်
ယောင်ရန်သည် ဂိုဒေါင်သို့ အမြန်မောင်းသွားလိုက်သည်။ သူမ ရောက်သည့်အခါတွင် အလုပ်သမားများသည် ရောက်နေပြီး သူမကို စောင့်နေကြပေသည်။ သူမ ရောက်လာသည်ကို မြင်သော အခါ အဖွဲ့ခေါင်းဆောင်သည် သူမထံသို့ လျှောက်လာပြီး စာရွက်စာတမ်းများကို ပေးလိုက်သည်။
“အစ်မ၊
ဒီမှာ လက်မှတ်ထိုးပေးပါ၊ ပြီးရင် ကျွန်တော်တို့ စင်တွေ စတပ်တော့ပါ့မယ်…။”
ယောင်ရန်သည်
စာရွက်စာတမ်းများကို ယူလိုက်ပြီး အရေအတွက်နှင့် ဈေးနှုန်းကို စစ်ပြီးနောက် လက်မှတ်ထိုးလိုက်လေသည်။ သူမသည် စာရွက်စာတမ်းများကို အဖွဲ့ခေါင်းဆောင်ထံ ပြန်ပေးပြီး ဂိုဒေါင် တံခါးကို ဖွင့်ပေးလိုက်သည်။
အလုပ်သမားများသည်
ပစ္စည်းများကို ရွှေ့ခြင်းနှင့် စင်များကို တပ်ဆင်ခြင်းတို့ဖြင့် အလုပ်များနေစဉ် ယောင်ရန်က အဖွဲ့ခေါင်းဆောင်အား၊
“ကျွန်မ
အလုပ်ရှိသေးလို့ သွားရဦးမယ်။ ရှင်တို့ ဒီမှာ အလုပ်လုပ်နေလို့ရတယ်၊ ကျွန်မ နာရီ အနည်း ငယ်ကြာရင် ပြန်လာခဲ့ပါ့မယ်…။”
စင်
(၃,၀၀၀ )ကို တပ်ဆင်ရခြင်းမှာ လွယ်ကူသော အလုပ်မဟုတ်သောကြောင့် အလုပ်ပြီးရန်အတွက် တစ်နေကုန် အချိန်ယူရမည်ဖြစ်သည်။ အဖွဲ့ခေါင်းဆောင်က သဘောတူလိုက်ပြီး…၊
“ကောင်းပါပြီ။
ကျွန်တော်တို့ အလုပ်ပြီးရင် ဖုန်းဆက်လိုက်ပါ့မယ်…။”
“ကျေးဇူးပါ…”
အလုပ်များနေသော
အလုပ်သမားများကို ထားခဲ့ပြီးနောက် ယောင်ရန်သည် အနီးနားရှိ ရွာတစ်ရွာသို့ ကားမောင်းသွားလိုက်လေသည်။