အခန်း (၁၄)
Viewers 1k

အခန်း (၁၄) ။ အစားအသောက်များ စုဆောင်းခြင်း ()

 

နှစ်နာရီကြာ ကားမောင်းပြီးနောက် ယောင်ရန်သည် ကျေးရွာငယ်လေးတစ်ခုသို့ ရောက်ရှိလာခဲ့သည်။ မြို့များနှင့် ဆင်ခြေဖုံးရပ်ကွက်များနှင့်မတူဘဲ ရွာသူရွာသားများသည် ရိုးရှင်းသော ဘဝဖြင့် နေထိုင်ကြ ပေသည်။ နံနက်ပိုင်းအလုပ်ပြီးသည်နှင့် အချိန်ဖြုန်းရန်အတွက် အချင်းချင်း စုရုံးကာ စကားပြောကြလေ့ ရှိကြပေသည်။

 

ဝေးကွာသောနေရာမှ ထရပ်ကားအသေးလေးတစ်စီး ချဉ်းကပ်လာသည်ကို မြင်သောအခါ သစ်ပင်ကြီး တစ်ပင်အောက်တွင် ထိုင်နေသည့် ဦးလေးကြီးများနှင့် အဒေါ်ကြီးများသည် စိတ်ဝင်တစားဖြင့် ကြည့် နေကြလေသည်။ ၎င်းတို့ရွာသို့ သူစိမ်းများ လာရောက်ခြင်းမှာ ရှားပါးလှလေသည်။

 

ယောင်ရန်သည် ထရပ်ကားလေးကို လမ်းဘေးတွင် ရပ်ထားလိုက်ပြီး ၎င်းတို့ဆီသို့ လျှောက်သွားလိုက် လေသည်။

 

သူမသည် ယဉ်ကျေးစွာပြုံးပြပြီး နှုတ်ဆက်လိုက်ပြီး…၊

 

ဦးလေးတို့၊ အဒေါ်တို့ မင်္ဂလာပါ….။

 

ဦးလေးကြီးများနှင့် အဒေါ်ကြီးများသည် သူမကို ကြည့်ပြီး ပြုံးလိုက်ကြသည်။ အဒေါ်ကြီးတစ်ဦးက

 

သမီး၊ ဘယ်သူ့ကို ရှာနေတာလဲ…။

 

ယောင်ရန်သည် ခေါင်းခါပြလိုက်ရင်း

 

အဒေါ်၊ ကျွန်မ ဒီကို တိရစ္ဆာန်တွေ ဝယ်ဖို့ လာတာပါ….။

 

ဦးလေးကြီးများနှင့် အဒေါ်ကြီးများသည် ထိုစကားကို ကြားသောအခါ မျက်လုံးများ အရောင်တောက် လာကြသည်။ ဤအမျိုးသမီးငယ်သည် သူတို့နှင့် စီးပွားရေးလုပ်ရန် ရောက်လာသည့်ပုံရပေသည်။

 

သမီး ဘယ်လိုတိရစ္ဆာန်မျိုးတွေ ဝယ်ချင်တာလဲ…။ဟုဦးလေးကြီးတစ်ဦးက သိလိုစိတ်ဖြင့် မေးလိုက်လေသည်။

 

ယောင်ရန်သည် ထိုသူ့ကို ကြည့်ပြီး ပြန်ဖြေလိုက်သည်၊

 

နွား၊ သိုး၊ ဝက်၊ သိုးသငယ်၊ ဆိတ်၊ ကြက်၊ ဘဲ၊ ငန်း၊ ကြက်ဆင်၊ ယုန်နဲ့ ငါးတွေ ဝယ်ချင်ပါတယ်…။

 

သူမ မှာချင်သည့် တိရစ္ဆာန်များကို စာရင်းပြုစုပြီးပြ လိုက်သောအခါ ဦးလေးကြီးများနှင့် အဒေါ်ကြီး များသည် တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။ ထိုအမျိုးသမီးငယ်သည် သာမန်မိသားစုမှ ဖြစ်ပုံရသည်။ ဤတိရစ္ဆာန်များအတွက် ကျသင့်ငွေအား သူမတတ်နိုင်ပါ့မည်လား။

 

ဦးလေးကြီးတစ်ဦးက သိလိုစိတ်ဖြင့် မေးကြည့်လိုက်သည်။

 

သမီး၊ ဒီလောက်အများကြီးဝယ်ပြီးတော့ ဘာလုပ်ဖို့လဲ….။

 

ယောင်ရန်သည် ထိုသူအား ယဉ်ကျေးစွာ ပြုံးပြလိုက်ပြီး

 

ဦးလေး ၊ ကျွန်မ ဒီအကြောင်းကို မဖုံးကွယ်ပါဘူး။ ကျွန်မတို့ မိသားစုက ကလေးတွေနဲ့ တိရစ္ဆာန်တွေ ဆော့ကစားဖို့အတွက် အပန်းဖြေစခန်းတစ်ခု ဖွင့်ချင်လို့ပါ။ ဒါကြောင့် ဒီတိရစ္ဆာန်တွေကို ရှာပြီး ဝယ်ဖို့ ကျွန်မမိဘတွေက ဒီကို လွှတ်လိုက်တာပါ….။

 

သူမ၏ အဖြေကို ကြားသောအခါ ရိုးသားသည့် ဦးလေးကြီးများနှင့် အဒေါ်ကြီးများသည် မြို့သူ မြို့သား များ ငွေဖြုန်းတတ်ကြသည်ဟု တွေးမိကာ ယုံကြည်သွားကြသည်။ မည်သို့ပင် တွေးတောနေစေကာမူ ဤကဲ့သို့ ငွေများစွာရမည့် အခွင့်အရေးကို လက်လွှတ်ခံမည့်သူတစ်ဦးမှ မရှိနေခဲ့ပေ။

 

ခဏအကြာတွင် အသက်အကြီးဆုံး ဦးလေးကြီးတစ်ဦးသည် သစ်သားခုံတန်းလျားမှ ထရပ်ပြီး သူ၏ ဘောင်းဘီကို ခါလိုက်လေသည်။

 

သူသည် ယောင်ရန်အား ကြည့်လိုက်ပြီး

 

သမီး၊ ဦးကြီးက ဒီရွာရဲ့ ရွာသူကြီးပါ။ ဦးလေးဟန်လို့ ခေါ်လို့ရပါတယ်။ ဦးကြီးက သမီးကို ရွာထဲက တိရစ္ဆာန်မွေးမြူရေးခြံတွေကို လိုက်ပြပါ့မယ်။ ဦး နဲ့ လိုက်ခဲ့ပါ…။

 

ယောင်ရန်သည် ကျန်ဦးလေးကြီးများနှင့် အဒေါ်ကြီးများကို ခေါင်းညိတ်ပြခဲ့ပြီး ရွာသူကြီးနောက်သို့ လိုက်ခဲ့သည်။ လမ်းတစ်လျှောက်တွင် သူမသည် အဝေးမှ အဆောက်အအုံများစွာကို မြင်တွေ့ခဲ့ရပြီး ၎င်းတို့၏ မီးခိုးခေါင်းတိုင်များမှ မီးခိုးများ ထွက်နေလေသည်။

 

ရွာသူကြီးသည် သူမ၏ အကြည့်နောက်သို့ လိုက်၍ ကြည့်လိုက်ပြီး ရှင်းပြလိုက်သည်။

 

အဲဒီအဆောက်အအုံတွေက ထင်းမီးဖိုနဲ့ ကျောက်မီးသွေးမီးဖိုတွေပဲ…။

 

ယောင်ရန်သည် ထိုစကားကို ကြားသောအခါ မျက်လုံးများ အရောင်တောက်သွားသည်။ သူမ အဘိုး၏ သူငယ်ချင်းတစ်ဦးထံမှ လောင်စာများမှာထားသော်လည်း သူမ အဘိုး၏သူငယ်ချင်းသည် သူမ၏ မှာ ယူမှုထဲတွင် မီးသွေးနှင့် ထင်းများကို ထည့်ပေးလိမ့်မည် မဟုတ်ပေ။ အလွန်အေးသည့် ရာသီ ဥတုသည် အရင်ရောက်လာမည်ဖြစ်ပြီး အနည်းဆုံး တစ်နှစ်ခန့် ကြာမြင့်မည်ဖြစ်သောကြောင့် သူမ ပို၍ ပြင်ဆင် ထားသင့်ပေသည်။

 

ထိုအကြောင်းကို စဉ်းစားမိသောအခါ ယောင်ရန်သည် ရွာသူကြီးအားမေးကြည့်လိုက်သည်၊

 

ဦးလေးဟန်၊ ဦးလေးတို့ မီးသွေးနဲ့ ထင်းတွေကော ရောင်းလား….။

 

ရွာသူကြီးက ခေါင်းညိတ်ပြီး

 

ဟုတ်တယ်။ ကျွန်တော်တို့ရွာမှာ မြေဩဇာကောင်းတဲ့ မြေမရှိလို့ တိရစ္ဆာန်တွေပဲ မွေးမြူနိုင်တယ်။ ဒါပေမဲ့ ဒါက ကျွန်တော်တို့ ကောင်းကောင်းနေဖို့အတွက် မလုံလောက်ဘူး။ ဒါကြောင့် ကျွန်တော်တို့ မီးသွေးနဲ့ ထင်းလည်း ရောင်းတယ်။ ဈေးနှုန်းတွေက သက်သာပေမဲ့ ဝင်ငွေက ကျွန်တော်တို့ကို ပိုပြီး သက်သောင့်သက်သာနေနိုင်ဖို့ လုံလောက်တယ်…။

 

ထိုသို့ ပြောပြီးနောက် ရွာသူကြီးက ဝမ်းသာအားရစွာပင် ​မေးလိုက်သည်၊

 

သမီး၊ ကျောက်မီးသွေးနဲ့ ထင်းကော ဝယ်ချင်လို့လား…။

 

ယောင်ရန်သည် ထိုမေးခွန်းကို စောင့်နေခြင်းဖြစ်ပြီး ပြုံးလိုက်ကာ

 

ဟုတ်ကဲ့။ ဦးလေးဟန်၊ အခု ဦးလေးတို့မှာ မီးသွေးနဲ့ ထင်း ဘယ်လောက်ရှိနိုင်လဲ…။

 

ရွာသူကြီး ခဏစဉ်းစားပြီးနောက်

 

မီးဖိုထဲက မီးသွေးနဲ့ ထင်းတွေကို အခုမှ ထုတ်ထားတာဆိုတော့ အနည်းဆုံး မီးသွေး တန်( ၂၀၀) နဲ့ ထင်း တန်( ၁၇၀)လောက် ရှိပါတယ်။ ပြဿနာမရှိရင် နှစ်ရက်အတွင်း တခြားမြို့တွေကို ပို့ရမှာပါ…။

 

ထိုစကားကို ကြားသောအခါ ယောင်ရန်သည် အလျင်အမြန်ပင် မေးလိုက်သည်၊

 

ဦးလေးဟန်၊ အဲဒါတွေကို ကျွန်မကို ရောင်းလို့ရမလား…။

 

ရွာသူကြီးက ပြုံး၍

 

သမီးလိုချင်ရင် ရောင်းပေးနိုင်ပါတယ်။ ဒီလိုဆို ကျွန်တော်တို့လည်း သင်္ဘောပို့ဆောင်ခတွေ သက်သာ မယ်လေ။ ဘယ်လောက် လိုချင်သလဲ…။

 

အကုန်လုံး လိုချင်တယ်…။ဟု ယောင်ရန်က တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေလိုက်သည်။

 

ရွာသူကြီးမှာ ဆွံ့အသွားပြီး ယောင်ရန်ကို အံ့အားသင့်စွာ ကြည့်နေမိသည်။ သူသည် ခဏမျှ တိတ်ဆိတ် နေခဲ့ ပြီးနောက်၊

 

သမီး၊ ဒီလောက်အများကြီး တကယ်ဝယ်မှာ သေချာလား…။

 

ယောင်ရန်က ခေါင်းထပ်ညိတ်ပြလိုက်ရာ ၊ထိုသူက အကြံပေးလိုက်လေသည်။

 

ဒီနေ့ခေတ်မှာ လူတိုင်းနီးပါးက ဂတ်စ်မီးဖို ဒါမှမဟုတ် လျှပ်စစ်မီးဖိုပဲ သုံးကြတာ။ အကင်ဆိုင်တွေ ဒါမှမဟုတ် ဘာဘီကျူးပါတီအတွက် အချို့ဝယ်ယူတဲ့သူဌေးတွေကလွဲရင် မီးသွေးနဲ့ ထင်းက အသုံး မဝင်တော့ဘူးလေ…။

 

ယောင်ရန်က သူ့အား တည်တည်ငြိမ်ငြိမ် ကြည့်နေသည်ကို မြင်သောအခါ ရွာသူကြီးကထပ်ပြောလိုက် သည်။

 

ဦးလေးက သမီးကို မရောင်းချင်လို့ မဟုတ်ပါဘူး။ ဒါပေမဲ့ ပိုက်ဆံက ရှာရခက်လို့ ပေါ့ပေါ့ဆဆ မသုံး သင့်ဘူး။ သမီး ထပ်စဉ်းစားသင့်တယ်…။

 

ရွာသူကြီး၏ ရှင်းပြချက်ကို ကြားပြီးနောက် ယောင်ရန်သည် သူ၏ ဖြူစင်သောစေတနာကို သိလိုက်ပြီး

 

ဦးလေးဟန်၊ ကျွန်မအတွက် အသုံးဝင်ပါတယ်။ သတိပေးတဲ့အတွက် ကျေးဇူးပါနော်…။

 

ရွာသူကြီးသည် ခဏမျှ တိတ်ဆိတ်သွားပြီး ခေါင်းညိတ်ကာ

 

သမီး တကယ်လို့ အားလုံးဝယ်ချင်ရင်တော့ ဦးလေးက ဝမ်းမြောက်ဝမ်းသာ ရောင်းပေးပါ့မယ်…။

 

မည်သို့ပင်ဆိုစေကာမူ ငွေမရှာချင်သည့်သူ မည်သူရှိမည်နည်း။

 

နှစ်ယောက်သား တိရစ္ဆာန်မွေးမြူရေးနေရာသို့ ရောက်သောအခါ ရွာသူကြီးက

 

သမီး တိရစ္ဆာန်တွေကို ကြည့်လို့ရပါပြီ။ ဦးတို့မှာ နွား၊ သိုး၊ ဆိတ်၊ ဝက်နဲ့ သိုးငယ် သုံးရာကျော် ရှိပါ တယ်…။

 

ကြက်၊ ဘဲ၊ ငန်း၊ ကြက်ဆင်နဲ့ ယုန် နှစ်ထောင်ကျော် ရှိပါတယ်။ ငါးအတွက်ကတော့ ဒီကတိရစ္ဆာန်တွေ ရွေးပြီးမှ ငါးကန်ကို သွားကြည့်လို့ရပါတယ်…။

 

ယောင်ရန်သည် သစ်သားခြံစည်းရိုးတစ်ဖက်ခြမ်းတွင် မြက်စားနေသည့် တိရစ္ဆာန်များကို ကြည့်ပြီး

 

အားလုံး ကျန်းမာပုံရတယ်။ ဘယ်လို ရောင်းလဲ…။

အသက်ရှိတဲ့ နွားရဲ့ ဈေးက တစ်ကီလိုကို ( ယွမ်)ပါ။ ဝက်ကတော့ နည်းနည်း ပိုဈေးကြီးမယ်။ တစ်ကီ လိုကို (၁၂ )ယွမ် ပါ။ ဆိတ်၊ သိုးနဲ့ သိုးငယ်ကတော့ အတူတူပါပဲ၊ တစ်ကီလိုကို ( )ယွမ်ပါ။ ဈေးနှုန်းတွေ ကတော့ သူတို့ရဲ့ အလေးချိန်ပေါ် မူတည်ပြီး တွက်ပါ့မယ်…။

 

ကြက်သားဈေးက တစ်ကီလိုကို (၂၀) ယွမ်ပါ။ ဘဲသားဈေးက တစ်ကီလိုကို (၃၀) ယွမ်။ ငန်းသားဈေး က တစ်ကီလိုကို( ၂၅) ယွမ်။ ကြက်ဆင်သားဈေးက တစ်ကီလိုကို ( )ယွမ်ဖြစ်ပြီး ယုန်သားဈေးက တစ်ကီလိုကို (၄၀) ယွမ်ပါ…။ ဟုရွာသူကြီးက စိတ်ရှည်စွာပင် တစ်ခုချင်းရှင်းပြလိုက်လေသည်။