အခန်း (၁၅)
Viewers 1k

အခန်း (၁၅)  အစားအသောက်များ စုဆောင်းခြင်း ()

 

ယောင်ရန်သည် ခဏမျှ စဉ်းစားလိုက်ပြီးနောက်

 

တစ်မျိုးကို ဆယ်စုံစီ ပေးပါ…။

 

သူမပြောပြီးနောက် ရွာသူကြီးက အလျှင်အမြန်တွက်ချက်လိုက်ပြီး

 

တိရစ္ဆာန်တွေရဲ့ ပျမ်းမျှအလေးချိန်ပေါ် မူတည်ပြီး စုစုပေါင်း (၁၉၁,၅၂၀) ယွမ် ကျသင့်ပါတယ်…။

 

ယောင်ရန်သည် ခေါင်းညိတ်ပြလိုက်ပြီး ၊ ထပ်မံ၍…၊

 

ကျောက်မီးသွေးနဲ့ ထင်းဈေးကိုလည်း တွက်ပေးပါဦး…။

 

ရွာသူကြီးသည် ခဏမျှ တွက်ချက်လိုက်ပြီး…၊

 

ဦးတို့ဆီက ကျောက်မီးသွေးက အရည်အသွေးကောင်းပြီး မီးခိုးမထွက်ပါဘူး။ သာမန်ကျောက် မီးသွေး တွေထက်( ၆၀%) ပိုခံပြီး အပူဓာတ်ကိုလည်း( ၇၀%) ပိုထုတ်ပေးပါတယ်။ ပုံမှန်ဆိုရင် တစ်ကီလိုကို( ၆) ယွမ်နဲ့ ရောင်းပေမဲ့ သမီးက အများကြီးဝယ်တာဆိုတော့ လက်ကားဈေးဖြစ်တဲ့ တစ်ကီလိုကို( )ယွမ်နဲ့ ပေးပါ့မယ်…။

 

ဦးတို့ရဲ့ ထင်းရောင်းဈေးက တစ်ကီလိုကို ( )ယွမ်ပါ၊ ဒါပေမဲ့ သမီးကို တစ်ကီလိုကို (၄) ယွမ်နဲ့ ရောင်း ပေးပါ့မယ်။ တိရစ္ဆာန်တွေ၊ ကျောက်မီးသွေးနဲ့ ထင်းအပါအဝင် စုစုပေါင်းက (,၆၇၁,၅၂၀)ယွမ် ကျသင့် ပါတယ်။ ဒါပေမဲ့ လျှော့ဈေးနဲ့ (.၆) သန်းပဲ ပေးပါ…။

 

ဟုရွာသူကြီးက ရှည်လျားစွာပင်ရှင်းပြလိုက်ပြီး စျေးနှုန်းများကိုလည်း သက်သာစွာဖြင့်ပင်ပေးလိုက် လေသည်။ထို့နောက် ရွာသူကြီးက ဆက်လက်၍…၊

 

ငါးတွေကို သွားကြည့်ကြမလား…။”

 

ဟုတ်ကဲ့…

 

ယောင်ယန်ကလည်း ရွာသူကြီးပြောသည်ကို ထောက်ခံလိုက်သည်။

 

ငါးကန်က မြစ်ဘေးမှာပါ။ ဒီလမ်းအတိုင်း လာပါ….။

 

ရွာသူကြီး၏ ဦးဆောင်မှုဖြင့် နှစ်ဦးသား ငါးကန်ဧရိယာသို့ ရောက်ရှိလာခဲ့ကြသည်။ ရေပြည့်နေသော စတုရန်းကန်များစွာကို ကြည့်ရင်း ယောင်ရန်သည် အတွင်းရှိ ငါးများ ခုန်ပေါက်နေသည်ကို တွေ့နေရပြီး ကျန်းမာသန်စွမ်းပုံရသည်။ သူမသည် ရွာသူကြီးနောက်သို့ လိုက်၍ ဧရိယာပတ်လည်ကို ကြည့်လိုက် သောအခါ ငါးများသည် အရွယ်အစား အမျိုးမျိုးရှိသည်ကို တွေ့ရှိလိုက်ရလေသည်။

 

ရွာသူကြီးသည် ငါးကန်ဘေးတွင် ရပ်လိုက်ပြီး၊

ဦးတို့မှာ ငါးအမျိုးအစားတွေ အများကြီးရှိပါတယ်။ ဘယ်ဟာ လိုချင်ပါသလဲ…။

 

ယောင်ရန်သည် ခဏမျှ စဉ်းစား၍

 

ဘယ်လို ရောင်းသလဲဦးလေး…။

 

ဦးတို့ဆီမှာ ရေချိုငါးအမျိုးအစား( ၁၀၀) လောက်ရှိပြီးတော့ ရေငန်ငါးအမျိုးအစား( ၂၀၀) ကျော်ရှိ ပါတယ်။ ရေချိုငါးဈေးက တစ်ကီလိုကို ( )ယွမ်ဖြစ်ပြီးတော့ ရေငန်ငါးဈေးက တစ်ကီလိုကို (၃) ယွမ် ပါ…။

 

ကမ္ဘာပျက်ကပ်စသောအခါ၌ ရေများ ညစ်ညမ်းလာမည်ကို စဉ်းစားမိသောအခါ ယောင်ရန်သည် တွေဝေ ခြင်းမရှိဘဲ လျှင်မြန်စွာပင်ပြောလိုက်သည်၊

 

ဦးလေးဟန်၊ ငါးတစ်မျိုးစီကို ငါးကောင်စီ လိုချင်ပါတယ်။ သားပေါက်ဖို့အတွက် မွေးမြူနိုင်တဲ့ ငါးတွေ ဆိုရင် ပိုကောင်းတာပေါ့…။

 

ရွာသူကြီးက ခေါင်းညိတ်ပြီး

 

ဒီတော့ ဦးလေး အလုပ်သမားတွေကို ငါးတွေ အရင်ပြင်ခိုင်းလိုက်ပါ့မယ်။ သမီးက ရုံးခန်းထဲမှာ ထိုင်စောင့်နေလို့ ရပါတယ်…။

 

ဟုတ်ကဲ့…

 

တစ်နာရီအကြာတွင် ရွာသူကြီးသည် ပြန်ရောက်လာခဲ့ပြီး

 

ဦးတို့ ငါးတွေကို အလေးချိန် ချင်တွယ်ပြီးပါပြီ။ ရေချိုငါးက တစ်ကောင်ကို ပျမ်းမျှ( ၂၀) ကီလိုဂရမ် ၊ ရေငန်ငါးက တစ်ကောင်ကို ပျမ်းမျှ( ၂၅) ကီလိုဂရမ် လောက် ရှိပါတယ်…။

 

ယောင်ရန်က ခေါင်းညိတ်ပြီး မေးလိုက်သည်။

 

စုစုပေါင်းဈေး ဘယ်လောက်လဲရှင့်…။

 

ရွာသူကြီးသည် စားပွဲခုံတွင် ထိုင်ကာ ဈေးနှုန်းများကို ချရေးနေလျက်ဖြင့်ပင် ပြန်ဖြေလိုက်သည်၊

 

ငါးတွေ အားလုံးအတွက် စုစုပေါင်းဈေးက (.၂၅) သန်းပါ။ တိရစ္ဆာန်တွေ၊ ကျောက်မီးသွေးနဲ့ ထင်းဈေး တွေ ပေါင်းလိုက်ရင် စုစုပေါင်း (,၀၄၀,၀၀၀) ယွမ် ကျပါတယ်။ (၃) သန်းပဲ ပေးပါ….။

 

သူသည် ငွေတောင်းခံလွှာကို ယောင်ရန်အား ပေးလိုက်ပြီး၊

 

ဦးတို့က ဘဏ်ငွေလွှဲ ဒါမှမဟုတ် ကတ်နဲ့ ပေးချေတာကို လက်ခံပါတယ်…။

 

ဤရွာတွင် အင်တာနက်လိုင်း မကောင်းနိုင်လောက်ပေဟု တွေးမိသောကြောင့် ယောင်ရန်သည် သူမ၏ အနက်ရောင်ကတ်ကို ထုတ်ပေးလိုက်လေသည်။

 

ကတ်နဲ့ပဲ ပေးပါ့မယ်…။

 

အနက်ရောင်ကတ်ကို ကြည့်ပြီး ရွာသူကြီးသည် သူ့မျက်လုံးကိုပင် မယုံနိုင်ပေ။ နှစ်ပေါင်းငါးဆယ်ကျော် နေထိုင်လာပြီးနောက် ဒဏ္ဍာရီလာ အနက်ရောင်ကတ်ကို သူပထမဆုံးအကြိမ်အဖြစ် မြင်ဖူးရခြင်းဖြစ် ပေသည်။

 

ဤအမျိုးသမီးငယ်ကို သူမ၏ ချိုသာပြီး အပြစ်ကင်းသည့် အပေါ်ယံပုံစံကိုကြည့်ရုံဖြင့် အကဲဖြတ်၍ မရနိုင်ပေ။ သူမ တစ်ချက်လှုပ်ရှားလိုက်သည်နှင့် သူ့နှလုံးသားမှာ ထိတ်လန့်တုန်လှုပ်သွားပေသည်။

 

ငွေပေးချေမှု ပြီးစီးပြီးနောက် ယောင်ရန်သည် သူမ ငှားရမ်းထားသော ဂိုဒေါင်လိပ်စာကို ပေးလိုက်ပြီး၊

 

ဦးလေးဟန်၊ ဒီလိပ်စာကို ပစ္စည်းတွေ ပို့ပေးနိုင်မလား…။

 

သူမက အများအပြား ဝယ်ယူထားသောကြောင့် ရွာသူကြီးသည် ပစ္စည်းများကို ပို့ဆောင်ပေးရန် သဘော တူခဲ့လေသည်။ ထို့နောက် ရွာသူကြီးက ဆက်ပြောလိုက်လေသည်၊

 

ပစ္စည်းတင်တာနဲ့ တိရစ္ဆာန်တွေကို ပြင်ဆင်တာ အချိန်ယူရပါတယ်။ အစောဆုံးဆိုရင် မနက်ဖြန်မှပဲ ပို့နိုင်ပါလိမ့်မယ်…။

 

ယောင်ရန်သည် ကန့်ကွက်စရာမရှိဘဲ လက်ခံလိုက်လေသည်။

 

ဒီလိုဆို မနက်ဖြန် ပစ္စည်းလာပို့တာကို စောင့်နေပါ့မယ်…။

 

ကောင်းပါပြီဗျာ…။

 

ရွာသူကြီးနှင့် ရွာသူရွာသားများကို နှုတ်ဆက်ပြီးနောက် ယောင်ရန်သည် အချိန်ကို ကြည့်လိုက်ရာ အချိန် အများကြီး ကျန်နေသေးသည်ကို တွေ့လိုက်ရသည်။ သူမသည် အသားစားရသည်ကို ကြိုက်နှစ် သက် သောကြောင့် အသားများစွာ စုဆောင်းရန် စီစဉ်ထားခဲ့သည်။ အချိန်ရနေသေးသည်ကို တွေ့သောကြောင့် သားသတ်ရုံသို့ သွားရန် ဆုံးဖြတ်လိုက်လေသည်။

 

ယောင်ရန်သည် ထရပ်ကားလေးကို ကားပါကင်တွင် ရပ်လိုက်ပြီး ကားပေါ်မှ ဆင်းလိုက်သည်။ သူမ ကားပေါ်မှ ဆင်းသည်နှင့် လေထဲတွင် ညှီနံ့ပြင်းပြင်းကို ရလိုက်သည်။ ကမ္ဘာပျက်ပြီးနောက် ဆယ်နှစ် ကြာ နေထိုင်ခဲ့ရပြီး ဆိုးရွားသော အနံ့ကို ကျင့်သားရနေခဲ့သောကြောင့် ယောင်ရန်သည် သူမ၏ အမူ အရာမပျက်ပဲ ကားပါကင်အနီးရှိ ရုံးအဆောက်အအုံဆီသို့ အေးဆေးတည်ငြိမ်စွာ လျှောက်သွား လိုက် လေသည်။

 

သူမသည် မှန်တံခါးကို တွန်းဖွင့်လိုက်သောအခါ လေအေးများက သူမကို ကြိုဆိုနေခဲ့သည်။ ချွေးထွက် ပြီး ချွေးများရွှဲနေသော ယောင်ရန်သည် ရုံးခန်းငယ်လေးထဲသို့ ဝင်လိုက်သောအခါ အနည်းငယ် တုန်ယင် သွားခဲ့လေသည်။

 

အလုပ်စားပွဲခုံတွင် ထိုင်နေသည့် အသက်သုံးဆယ်အရွယ် အမျိုးသမီးတစ်ဦးသည် ကီးဘုတ်ကို ရိုက် နေခဲ့ပြီး အလုပ်များနေသည့်ပုံပေါ်သည်။ တံခါးဖွင့်သံကို ကြားလိုက်သောအခါ သူမသည် ကွန်ပြူတာ မျက်နှာပြင်မှ မျက်လုံးလွှဲကာ ယောင်ရန်ကို ပြုံး၍ ကြိုဆိုလိုက်သည်။

 

မင်္ဂလာပါ၊ ဘာများကူညီပေးရမလဲရှင်…။

 

ယောင်ရန်သည် သူမရှေ့တွင် ဝင်ထိုင်လိုက်ပြီး

 

ကျွန်မ အသားလတ်လတ်ဆတ်ဆတ်တွေ ဝယ်ချင်ပါတယ်…။

 

အမျိုးသမီးသည် ခေါင်းညိတ်ပြီး အံဆွဲထဲမှ ဈေးနှုန်းစာရင်းကို ထုတ်ပြလိုက်ကာ ယောင်ရန်အားပေး လိုက်သည်၊

 

ဒါက အသားဈေးနှုန်းစာရင်းပါ။ ကျွန်မတို့ရဲ့ ဈေးနှုန်းက ဈေးကွက်ထဲကထက် သက်သာပါတယ်။ ဒါပေ မဲ့ အနည်းဆုံး ( )တန်တော့ ဝယ်ရပါမယ်…။

 

ယောင်ရန်သည် ဈေးနှုန်းစာရင်းကို ကြည့်လိုက်ရာ အမျိုးအစားစုံလင်စွာရှိသည်ကို တွေ့ရသည်။ အမဲသား တစ်မျိုးတည်းပင် အရည်အသွေးအမျိုးမျိုးနှင့် ဈေးနှုန်းအမျိုးမျိုးဖြင့် ဆယ်မျိုးကျော်ရှိလေ သည်။ အမဲသားအပြင် သိုးသား၊ သမင်သား၊ ဝက်သား၊ ကြက်သား၊ ဘဲသား အစရှိသည့် အသားများ အပြင် အမျိုးအစားစုံလင်စွာဖြင့် ပင်လယ်စာများကိုလည်း ရောင်းချပေသည်။

 

သူမသည် ဈေးနှုန်းစာရင်းကို ကြည့်ပြီးနောက် သူမဝယ်ယူမည့်စာရင်းကို ပြောပြလိုက်သည်၊

 

အသားတစ်မျိုးစီကို တန်( ၂၀၀) စီနဲ့ ပင်လယ်စာတစ်မျိုးစီကို တန်( ၂၀၀) စီ လိုချင်ပါတယ်…။

 

ထိုအမျိုးသမီးသည် ယောင်ရန်၏ အမှာစာကို အံ့သြခြင်းမရှိပေ။ ဤသည်မှာ ဟိုင်ချန်မြို့တွင် အကြီးဆုံးသားသတ်ရုံဖြစ်ပြီး ၎င်း၏ဖောက်သည်အများစုမှာ စားသောက်ဆိုင်ခွဲများ သို့မဟုတ် စူပါမားကတ်များမှ လာကြသောကြောင့်ဖြစ်ပေသည်။