အခန်း
(၁၆) အစားအသောက်များ စုဆောင်းခြင်း (၆)
ထိုအမျိုးသမီးသည်
ခေါင်းညိတ်ပြလိုက်ပြီး
ကီးဘုတ်ကို စတင်ရိုက်လိုက်ရင်းဖြင့် ပြောလိုက်သည်၊
“အစ်မ၊
ကျွန်မတို့ အစ်မရဲ့အမှာစာကို ပြင်ဆင်ဖို့အတွက် အနည်းဆုံးအချိန် တစ်ရက်တော့ လိုပါမယ်။ မနက်ဖြန် အစောဆုံး ပစ္စည်းပို့ပေးပါ့မယ်နော်…။”
“ကောင်းပါပြီ…”
ထိုအမျိုးသမီးသည်
ခဏမျှ စာရိုက်နေခဲ့ပြီးသည့်နောက်
ယောင်ရန်အား မေးလိုက်လေသည်၊
“ကတ်နဲ့
ပေးချေမလား ဒါမှမဟုတ် ငွေသားနဲ့ ပေးချေမလားရှင်…။”
ယောင်ရန်သည်
သူမ၏ အနက်ရောင်ကတ်ကို ထုတ်ပေးလိုက်ပြီး၊
“ကတ်နဲ့ပဲ
ပေးပါ့မယ်….။”
ကီးဘုတ်တွင်
ရိုက်ပြီးနောက် ထိုအမျိုးသမီးသည် ဝယ်ယူမှုအော်ဒါစာရွက်ကို ပရင့်ထုတ်ပေးကာ
“ဒါက
အစ်မရဲ့ ဝယ်ယူမှုအော်ဒါစာရွက်ပါ။ အရင်ဆုံး (၁၀%) စရန်ငွေ ပေးချေဖို့ လိုပြီး ကျန်တာကိုတော့ ကျွန်မတို့ ပစ္စည်းရောက်ပြီးမှ ရှင်းလို့ရပါတယ်ရှင်…။”
ယောင်ရန်သည်
ခေါင်းညိတ်ပြီး ဝယ်ယူမှုအော်ဒါစာရွက်၌ လက်မှတ်ထိုးကာ စရန်ငွေ ပေးချေလိုက် သည်။ အသားဝယ်ရန်အတွက် ယွမ် သန်း (၈၀၀) ကျော် အသုံးပြုပြီးနောက် သူမဆီသို့ ဖုန်းဝင်လာ ခဲ့လေသည်။
“ဟယ်လို….”
ခဏအကြာတွင်
တစ်ဖက်မှ အမျိုးသားတစ်ဦး၏
အသံကပြောလာခဲ့လေသည်၊
“အစ်မ၊
ကျွန်တော်တို့ အလုပ်ပြီးပါပြီ…။”
ယောင်ရန်သည်
သူမ၏ ဖုန်းရှိ အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး
“ဦးလေး၊
အလုပ်ပြီးရင် ပြန်လို့ရပါပြီ။ ကျွန်မ စင်တွေကို စစ်ပြီးရင် ပိုက်ဆံ လွှဲပေးလိုက်ပါ့မယ်….။”
ထိုအမျိုးသားက
သဘောတူလိုက်ပြီး ဖုန်းချလိုက်လေသည်။ ထို့နောက် ယောင်ရန်သည် ဂိုဒေါင်သို့ ကားမောင်း၍ ပြန်လာခဲ့လေသည်။
စင်များကို ကြည့်ရန်ပင် အချိန်မရသေးမီ သူမဆီသို့ ဆန်ဆိုင်နှင့် ဆီဆိုင်တို့မှ ဖုန်းထပ်ဝင်လာခဲ့သည်။ သူမ မှာထားသော ပစ္စည်းများကို လာပို့ကြတော့မည်ဖြစ်သည်။
ယောင်ရန်သည်
ပစ္စည်းများရောက်လာမည်ကို
စောင့်နေစဉ် စင်များကို စစ်ဆေးနေခဲ့သည်။ ပြဿနာ မရှိသည်မှာ သေချာပြီးနောက် ကျန်ရှိသောငွေကို စင်ဆိုင်ပိုင်ရှင်ထံသို့ လွှဲပေးလိုက်လေသည်။
သူမသည်
ခဏစောင့်ပြီးနောက် ကားကြီးအများအပြား အဝေးမှ ချဉ်းကပ်လာသည်ကို လှမ်းတွေ့ လိုက် ရသည်။ သူမ အွန်လိုင်းမှ မှာယူထားသော ပစ္စည်းများအပါအဝင် ပို့ဆောင်မှုများ တစ်ခုပြီးတစ်ခု ရောက် ရှိလာခဲ့သောကြောင့် ယောင်ရန်သည် ထိုနေ့တစ်နေ့တာလုံး ပစ္စည်းများ လက်ခံခြင်းဖြင့်ပင် အချိန်ကုန်ခဲ့ ရလေသည်။
ထိုနေ့အတွက်
နောက်ဆုံး ပို့ဆောင်မှု ရောက်ရှိလာသည့်ချိန်တွင် မှောင်နေပြီဖြစ်သည်။ သူမသည် မီး များကို ပိတ်လိုက်ပြီး ပစ္စည်းများဖြင့် ပြည့်နေပြီဖြစ်သော စင်များကို နေရာချထားလိုက်သည်။ ဂိုဒေါင် ကို သော့ခတ်ပြီးနောက် ယောင်ရန်သည် သူမ၏ တိုက်ခန်းငယ်လေးသို့ ကားမောင်းပြန်လာခဲ့လေတော့ သည်။
အိမ်သို့ရောက်သောအခါ
ယောင်ရန်သည် ရေမြန်မြန်ချိုးပြီးနောက် အိပ်ရာပေါ်တွင် လဲလျောင်းလိုက် သည်။ အနားယူနေစဉ် သူမသည် သူမ၏ စိတ်ဝိညာဉ်ကို အသုံးပြု၍ သူမ၏ အကာသထဲရှိ ပစ္စည်းများ ကို နေရာတကျ စီထားလိုက်သည်။ ထိုစင်များ ထပ်ဖြည့်လိုက်ခြင်းကြောင့် သူမ၏ ကိုယ်ပိုင်နေရာလွတ်
သည် ပိုမိုစနစ်ကျ လာခဲ့ပြီး
နေရာအလွတ်များပို၍ ရလာခဲ့လေသည်။
ပစ္စည်းများ
စီစဉ်ပြီးနောက် ယောင်ရန်သည် လယ်ယာမြေဘေးရှိ မြေကို တိုင်းတာသည်။ သူမသည် မကြာသေးခင်ကမှ ဝယ်ယူထားသော တိရစ္ဆာန်များအတွက် ဝက်ခြံ၊ ကြက်ခြံ၊ နွားတင်းကုပ် စသည် တို့ကို ဆောက်လုပ်ရန် စီစဉ်ထားလိုက်သည်။
ငါးများကိုပါ
ထည့်စဉ်းစားပြီး ငါးကန်များလည်း ပြင်ဆင် ရန် လိုအပ်သည်။ ရေကန်ထဲမှရေကို သောက်သုံးရေအဖြစ် သီးသန့်ထားရှိပြီး ငါးနှင့် ပင်လယ်စာ မွေးမြူ ရန်အတွက် မသင့်တော်ပေ။
ထိုအရာများ
ပြီးစီးပြီးနောက် ယောင်ရန်သည် သူမ၏ စိတ်ဝိညာဉ်ကို နေရာလွတ်ထဲမှ ပြန်ရုပ်သိမ်းလိုက် သည်။ အိပ်ရာဝင်ရန်အတွက် သူမသည် ပေါက်စီအနည်းငယ်ကို ညစာအဖြစ် စားပြီး အွန်လိုင်းစျေးဝယ် ပလက်ဖောင်းများစွာမှ ပစ္စည်းများစွာကို ထပ်မံဝယ်ယူခဲ့သည်။
နောက်တစ်နေ့၌
ဖုန်းခေါ်ဆိုမှုတစ်ခုက
သူမကို နှိုးလိုက်သည်။ ယောင်ရန်သည် ဖုန်းကို ရှာမတွေ့မီ အိပ်ရာပေါ်တွင် ခဏကြာသည်အထိ စမ်းတဝါးဝါးဖြင့် ရှာနေခဲ့ရသည်။ တစ်ဝက်တစ်ပျက် အိပ်မော ကျနေချိန်တွင် သူမသည် ဖုန်းကိုဖွင့်ကာ ခေါ်ဆိုမှုကို အသံဖြင့်ဖြင့်
လက်ခံဖြေကြားလိုက်သည်။
“ဟယ်လို၊
ဘယ်သူလဲ…။”
ခဏအကြာ၌
လက်ထောက်ဟယ်၏ အသံကိုကြားလိုက်ရလေသည်၊
“အိပ်ရေးပျက်အောင်
နှောင့်ယှက်မိလို့ တောင်းပန်ပါတယ် မမလေး…။”
ယောင်ရန်သည်
သူမ၏ မျက်လုံးများကို ပွတ်သပ်လိုက်ပြီး၊
“ရပါတယ်။
ဘာထူးခြားတာရှိလို့လဲ…။”
လက်ထောက်ဟယ်က
ဆက်ပြောလိုက်သည်၊
“ရှေ့နေလီ
အခုမှ ကျွန်တော့်ကို ဆက်သွယ်ပြီး လန်ကွမ်းဟွေ့၊ ချန်မေလင်နဲ့ လန်လီဖေးတို့ကို နှစ်လ ထောင်ချခဲ့တယ်လို့ ပြောပါတယ်။ လန်ကွမ်းဟွေ့မှာ နောက်ခံလူနဲ့ အစိုးရထဲက လူတွေနဲ့ အဆက် အသွယ်ကောင်းတွေ ရှိပုံရပါတယ်…။”
လက်ထောက်ဟယ်၏
အဖြေကို ကြားပြီးနောက် ယောင်ရန်သည် အံ့သြမှုမရှိပေ။ လန်ကွမ်းဟွေ့မှာ စွမ်းရည်မရှိခဲ့လျှင် ကမ္ဘာပျက်ချိန်တွင် သက်သောင့်သက်သာ နေထိုင်နိုင်မည် မဟုတ်ပေ။
ထို့အပြင်
ယခင်ဘဝက သူသည် ပစ္စည်းများစွာကို ပြင်ဆင်နိုင်ခဲ့ခြင်းသည် ဘေးအန္တရာယ်ကျရောက် မည့်အကြောင်းကို
ကြိုတင်၍ သတင်းအချက်အလက်
အချို့ရရှိခဲ့ကြောင်း
သက်သေပြနေခဲ့သည်။
ယောင်ရန်သည်
ထထိုင်ပြီးလိုက်ပြီး၊
“အရေးမကြီးပါဘူး။
နှစ်လဆိုရင် သူတို့ သင်ခန်းစာရဖို့ လုံလောက်ပါတယ်။ တခြားဘာများ ရှိသေး လဲ….။”
“ရှိပါတယ်။
မမလေးရဲ့ ပိုင်ဆိုင်မှုတွေကို ဈေးကွက်မှာ စာရင်းတင်ထားပြီး သခင်မလေးရဲ့ လက်ဝတ် ရတနာနဲ့ ရှေးဟောင်းပစ္စည်းတွေကို လေလံပွဲတင်ထားသလို လက်ကိုင်အိတ်တွေ၊ ဖိနပ်တွေ စတာ တွေကို လည်း ရောင်းချထားပါတယ်။ ငွေတွေက နာရီအနည်းငယ်အတွင်း မမလေးရဲ့ ဘဏ်အကောင့် ထဲ ဝင်လာပါလိမ့်မယ်…။”
ယောင်ရန်သည်
လက်ထောက်ဟယ်၏ အစီရင်ခံခြင်းကို တည်တည်ငြိမ်ငြိမ်ပင် နားထောင်နေလိုက်ပြီး ကျေးဇူးတင်ကြောင်းပြောလိုက်လေသည်။
“ကျွန်မ
နားလည်ပါပြီ။ ကျေးဇူးပါပဲ လက်ထောက်ဟယ်…။”
ထို့နောက်
သူ၏ အသံတွင် အပြုံးတစ်စွန်းတစ်စ
ပါလာခဲ့သည်၊
“ဒါက
ကျွန်တော် လုပ်သင့်တဲ့ အလုပ်ပါ။ ရှေ့နေလီနဲ့ သွားတွေ့ရဦးမှာမို့လို့ မမလေးကို ထပ်ပြီးတော့ မနှောင့်ယှက်တော့ပါဘူး….။”
“ကောင်းပါပြီ….”
ယောင်ရန်သည်
ဖုန်းချပြီး ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်လိုက်သည်။ သူမသည် ကိုယ်လက် ဆန့်ပြီး ရေချိုးခန်းသို့ သွားကာ နောက်တစ်နေ့အတွက် ဈေးဝယ်ထွက်ခြင်းကို စတင်လိုက်သည်။
ရိုးရှင်းသော
မနက်စာစားပြီးနောက် ယောင်ရန်သည် ဂိုဒေါင်သို့ ကားမောင်းသွားသည်။ သူမ ရောက်သောအခါ ကုလားထိုင်ပေါ်တွင် ထိုင်ပြီး ဖုန်းကို ထုတ်ကြည့်လိုက်သည်။
ဂိုဒေါင်၌
ပစ္စည်းပို့ဆောင်မှုများ
စောင့်နေစဉ် ယောင်ရန်သည် စားသောက်ကုန်အက်ပ်များတွင် စားသောက်
ကုန်ပစ္စည်း အများအပြားကို မှာယူလိုက်သည်။
ကမ္ဘာပျက်ပြီးနောက်တွင်
ဤကဲ့သို့သော အစားအသောက်မျိုးကို ထပ်မံမြည်းစမ်းခွင့်ရတော့မည်မဟုတ်ပေ။
ထို့ကြောင့်
သူမလုပ်နိုင်သမျှများများ
ပို၍ စုဆောင်းထားသင့်ပေသည်။
စားသောက်ဆိုင်
(၂၀) ကျော်မှ အများအပြား မှာယူပြီးနောက် ယောင်ရန်သည် ကုမ္ပဏီနှင့် စက်ရုံများစွာ ၏ အဆက်အသွယ်များကို ရှာဖွေလိုက်လေသည်။
ယနေ့တွင်
သူမသည် ကြီးမားသော ကုမ္ပဏီများနှင့် စက်ရုံများမှ ကုန်ပစ္စည်းများကို တိုက်ရိုက်ဝယ်ယူရန် စီစဉ်ထားသည်။ လုံလောက်သော ထောက်ပံ့မှုနှင့် ပြည့်စုံသော အမျိုးအစားများရှိသည့်အပြင်
ဈေးနှုန်း သည်လည်း ဈေးကွက်ထဲကထက် ပိုသက်သာပေသည်။ သူမ ပိုက်ဆံပို၍ ချွေတာနိုင်ပါက ပစ္စည်းပို၍ ဝယ်နိုင်မည်ဖြစ်ပေသည်။
သူမ
ပထမဆုံး ဆက်သွယ်ခဲ့သည့် ကုမ္ပဏီမှာ ရေသန့်စက် ကုမ္ပဏီဖြစ်သည်။ နောင်တွင် အသက်ရှင် ကျန်ရစ်သူများသည် မည်သည့်သဘာဝဘေးအန္တရာယ်များကို မဆို
ရင်ဆိုင်ရပါက ရေသည် အရှား ပါးဆုံး သယံဇာတခု ဖြစ်လာမည်ပင်ဖြစ်သည်။
နျူကလီးယားဓါတ်ရောင်ခြည်
ပျံ့နှံ့ပြီးနောက် စွမ်းရည်ရှိသူများ မပေါ်ပေါက်လာမီတွင် လူများသည် သန့်ရှင်းသောရေအရင်းအမြစ်များကို
ရှာဖွေနိုင်ခြင်းမရှိပေ။
၎င်းတို့လုပ်နိုင်သည်မှာ
မိုးရေကို စုဆောင်းခြင်းနှင့် ညစ်ညမ်းသောရေကို သောက်ရန်အတွက် စစ်ထုတ် ခြင်းသာဖြစ်သည်။ သို့သော် ရလဒ်များမှာ ဆိုးရွားလှသည်။ လူအများစုမှာ အဆိပ်သင့်၍ သေဆုံးကြ ခြင်း သို့မဟုတ် ဦးနှောက်မရှိသည့် ဘီလူးများအဖြစ် ဗီဇပြောင်းလဲသွားကြသည်သာဖြစ်သည်။