အခန်း (၁၇)
Viewers 1k

အခန်း ၁၇ ။ စုဆောင်းခြင်း (၇)

 

ကမ္ဘာပျက်စကာလ၏ သူမ၏အတွေ့အကြုံများကို ပြန်ပြောင်းစဉ်းစားမိရင်း ယောင်ရန်သည် ပစ္စည်း များ အကုန်ဝယ်ရန် စိတ်ပိုင်းဖြတ်လိုက်သည်။

 

သူမသည် ဆယ်လီတာအရွယ်အစား ရေသန့်ဗူး (၃၀၀,၀၀၀) ဗူး၊ (၁.၅) လီတာ၊ (၁) လီတာ၊ (၇၅၀) မီလီ လီတာ၊ (၅၀၀) မီလီလီတာ၊ (၃၅၀) မီလီလီတာနှင့် (၂၅၀) မီလီလီတာ အရွယ်အစားတွေများကိုတော့ တစ်မျိုးချင်းစီကို ပုံး (၂၀၀,၀၀၀) စီမှာလိုက်လေသည်။

 

ရေသန့်ဘူးများ မှာပြီးသည်နှင့် ယောင်ရန်က ရေသန့်စည်ပိုင်းကုမ္ပဏီကို ဖုန်းဆက်လိုက်လေသည်။ ခဏမျှစဉ်းစားပြီးသည့်အခါ ရေမျှော်စင် (၅၀)၊ လီတာ (၂၀,၀၀၀) ဆံ့သည့် ရေသိုလှောင်ကန် (၅,၀၀၀)၊ ရေသန့်စက်အတွက်သုံးသော ဂါလံပုံး (၅,၀၀၀) နှင့် အရွယ်အစားကြီးမားသော ရေပုံး (၅,၀၀၀) ကို ဝယ်ယူခဲ့လိုက်လေသည်။

 

နောက်ပိုင်း၌ အချိန်ရသည့် အခါတိုင်း ရေလှောင်ကန်ကိုသွားပြီး ရေမျှော်စင်များ၊ တိုင်ကီများ၊ ဂါလံ ပုံးများ နှင့်  ရေပုံးများကို ရေဖြည့်ထားနိုင်ရန် သူမစီစဉ်ထားပေသည်။ သူမ၏ နေရာလွတ်ထဲ၌ ရေကန် တစ်ခုရှိသော်လည်း ရေအရင်းအမြစ်ကို ရှာမတွေ့ခဲ့သောကြောင့် ထိုရေကန်ထဲမှရေများသည် ပြန်ပြည့်နိုင်မလားဆိုသည် သူမ မသေချာသေးပေ။

 

သူမ၏ ရေစွမ်းအင်အဆင့်သည်လည်း တိုးတက်ဖို့ အချိန်အများကြီး လိုပေဦးမည်။ လက်ရှိအဆင့်သည် တစ်နေ့လျှင် ရေပုံးနှစ်ပုံးသာ ဖြည့်နိုင်သေးခြင်းဖြစ်သောကြောင့် နေ့စဉ်အသုံးပြုရန်အတွက် လုံးဝမလုံ လောက်မှုမရှိနိုင်သေးပေ။

 

ရေပြဿနာကို ဖြေရှင်းပြီးသည့်နောက်တွင် ယောင်ရန်က ခေါက်ဆွဲခြောက်၊ အသင့်စားအစားအစာ၊ အခြောက်ခံထားတဲ့အစားအစာ၊ အခြောက်ခံသစ်သီး၊ ဖိသိပ်ထားတဲ့ ဘီစကစ်၊ အသင့်စားဟင်းချို၊ အပူပေးစရာမလိုသော ထမင်းထုပ်နဲ့ ဟင်းထုပ် စသော အသင့်စားအစားအသောက်များ ရောင်းချသော  ကုမ္ပဏီများ ၊ စက်ရုံများကို ဆက်သွယ်ခဲ့လေသည်။

 

ထို့နောက် ယောင်ရန်သည် စည်သွတ်ဘူးကုမ္ပဏီများကို ဖုန်းဆက်ပြီး စည်သွတ်ဘူးများကို ဝယ်ယူခဲ့ သည်။ စည်သွတ်ဘူး ဟင်းသီးဟင်းရွက်၊ သစ်သီး၊ ပဲ၊ အသား၊ ဟင်းချို၊ အသင့်စားအစားအစာနှင့် နို့ထွက်ပစ္စည်းများကို ပုံးပေါင်းများစွာ ဝယ်ယူခဲ့သည်။ ကုမ္ပဏီများ၊ စက်ရုံများမှာရှိသည့် ပစ္စည်းများ အားလုံးကို ဝယ်လိုက်ခဲ့ခြင်းဖြစ်သောကြောင့် သူမ၏ ဘဝတစ်လျှောက်လုံးအတွက် လုံလောက်အောင် ပင် ရှိနေပြီဖြစ်သည်။

 

ထို့အပြင် အရေးပေါ်အခြေအနေများတွင် စွမ်းအင်ပြန်ဖြည့်နိုင်ရန်အတွက် ခွန်အားဖြည့်ဘားတန်းများ၊ ချောကလက်များ၊ အားဖြည့်အချိုရည်များနှင့် စနီကာချောကလက်ချောင်းများကို အမြောက်အများမှာ ယူခဲ့လေသည်။

 

လက်ဖက်ခြောက်၊ ကော်ဖီ၊ အရက်၊ ဆေးလိပ်နှင့် ထီးသေးသေးလေးများကိုပါ မှာယူထားလိုက်လေ သည်။ ကမ္ဘာပျက်ပြီးသည့်နောက် ထိုပစ္စည်းများက တန်ဖိုးရှိသည့် ငွေကြေးတရပ်အဖြစ် အသုံးဝင်လာ နိုင်ပေသည်။

 

ကမ္ဘာပျက်ပြီးသည့်နောက် မွေးလာမည့် ကလေးငယ်လေးများအတွက်ကိုပါ ထည့်တွက်ပြီး နို့မှုန့်၊ ဒိုင်ဘာ၊ အနီပျောက်ပျောက်လိမ်းဆေး၊ ကလေးသုတ်ပဝါ၊ ကလေးအဝတ်အစား၊ ကလေးဖိနပ် အစရှိ သော ကလေးသုံးပစ္စည်းအချို့ကိုလည်း ဝယ်ယူခဲ့လေသည်။

 

ထို့နောက် ရေသန့်ဆေးပြား၊ ရေသန့်စက်၊ အဝတ်လျှော်ဆပ်ပြာမှုန့်၊ အဝတ်လျှော်ဆပ်ပြာရည်၊ ဆပ်ပြာ ခဲ၊ ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာရည်၊ သွားတိုက်တံ၊ အဆီလိမ်းဆေး၊ ပန်းကန်ဆေးဆပ်ပြာရည်၊ လိမ်းဆေး၊ နေလောက်ဒဏ်ကာခရင် စသော နေ့စဉ်သုံးပစ္စည်းများကိုပါ ဝယ်ယူခဲ့လေသည်။

 

အိမ်သာသုံးစက္ကူ ၊ တစ်ရှုးအစို၊ ပိုးသတ်ထားသော အစိုဓာတ်ရှိသည့် သုတ်ပဝါ၊ အမျိုးသမီးသုံးပစ္စည်း၊ ပိုးသတ်ဆေး၊ အင်းဆက်ပိုး တွန်းလှန်နိုင်တဲ့ဆေး၊ မြွေတွန်းလှန်မှုန့် စသောပစ္စည်းများကိုလည်း  သူမ၏ ဘဝတစ်လျှောက်လုံးအတွက် လုံလောက်အောင် ဝယ်ယူခဲ့ပေသည်။

 

စဉ်းစားမိလိုက်ပြီး သူမသည် စျေးပေါသော နေ့စဉ်သုံးပစ္စည်းများကို အများအပြားစုဆောင်းထားရန် ဆုံးဖြတ် လိုက်တယ်။ အကုန်လုံးကို မသုံးနိုင်ရင်တောင်မှ ကမ္ဘာပျက်ပြီးသည့်နောက်ပိုင်း၌ အခြားသော ပစ္စည်းများနှင့် လဲလှယ်၍ရနိုင်ပေသည်။ ထိုပစ္စည်းများကို နောက်ပိုင်း၌ ထပ်မံ၍ ထုတ်လုပ်နိုင်ရန်မှာ မဖြစ်နိုင်သောကြောင့် တန်ဖိုးများသည် ပိုပိုပြီး မြင့်တက်လာမည်ဖြစ်သည်။

 

မိုးကြီးပြီးသည့်နောက် လျှပ်စစ်မီး မရှိနိုင်သည်ကို စဉ်းစားမိပြီး ယောင်ရန်က နေရောင်ခြည်စွမ်းအင်သုံး ဆိုလပြား၊ နေရောင်ခြည်စွမ်းအင်သုံး ဂျင်နရေတာ၊ ရေနံဆီ၊ ဓာတ်ငွေ့ဘူး၊ ဓာတ်ငွေ့မီးဖို၊ ဓာတ်ငွေ့စလင် ဒါ နှင့် အရည်ဓာတ်ငွေ့စလင်ဒါများကို ဝယ်ယူရန်အတွက် ဆုံးဖြတ်လိုက်လေ၏။

 

ထို့အပြင် ထင်းမီးဖို၊ ကျောက်မီးသွေးမီးဖို၊ အရက်မီးဖိုနဲ့ အရက်ခဲများကိုလည်း အော်ဒါအကြီးကြီး တင်ခဲ့ပေသည်။ ဖယောင်းတိုင်၊ မီးခြစ်၊ ဓာတ်ခဲ၊ ဓာတ်မီးနဲ့ မီးမွှေးသည့်ပစ္စည်းများကိုလည်း စာရင်း ထဲတွင် ထည့်သွင်းထားလိုက်လေသည်။

 

မိုးကြီး၍ ရေလျှံပြီးနောက်ပိုင်း သူမ အပြင်ထွက်ရန် လိုအပ်လာနိုင်သည်ကြောင့် လေထိုးလှေ၊ မော်တာ လှေ၊ Kayak လှေအပြင် အသက်ကယ်အင်္ကျီ၊ မိုးကာအင်္ကျီ၊ အသက်ကယ်ဗူး၊ ငါးဖမ်းပိုက်၊ ငါးဖမ်းချိတ်၊ ငါးဖမ်းကိရိယာ၊ အစိုခံဖျာ၊ ရေငုပ်ဝတ်စုံ၊ ရေငုပ်ပစ္စည်းနဲ့ တခြားလိုအပ်သော ပစ္စည်များ ကိုပါ ဝယ်ယူခဲ့ သည်။

 

ယောင်ရန်သည် စောင်အမျိုးမျိုး၊ ဥပမာ - ဘဲငန်းမွေးစောင်၊ ပိုးစောင်၊ သိုးမွေးစောင်၊ ကက်ရှ်မီယား သိုးမွေးစောင် စသော စောင်တစ်မျိုးစီကို (၅၀၀) စီ မှာယူခဲ့လိုက်သည်။

 

ကမ္ဘာပျက်သောအခါ အဝတ်အစားများသည်လည်း ကုန်သွားနိုင်သည်မို့ သူမက ပိုပြီးပြင်ဆင်ထားဖို့ လိုအပ်ပေသည်။ အဝတ်အစားများကို ရာသီတစ်ခုချင်းစီအတွက် အစုံ (၁၀,၀၀၀) စီ မှာလိုက်သည်။

 

ထို့အပြင် အပူခံအဝတ်အစား၊ အအေးခံအဝတ်အစား၊ တိုက်ခိုက်ရေးဝတ်စုံနဲ့ စစ်ဝတ်စုံ (၃၀၀)စီကို လည်း အော်ဒါမှာထားလိုက်သည်။( ၂၅ ) ဒီဂရီစင်တီဂရိတ်တွင် အပူချိန်ကို တည်ငြိမ်စေနိုင်သော နာနိုစွတ် အထည်လိပ် (၃၀၀) နဲ့ အဝတ်အစားအစုံ ( ၂၀၀) ကိုလည်း စျေးအများကြီးပေး၍ ပြင်ဆင် ထားလိုက်လေသည်။

 

လက်တိုနဲ့ ဘောင်းဘီတိုအတွက် ယောင်ရန်က စတိုင်ကို ဂရုမစိုက်ဘဲ အရိုးရှင်းဆုံးဖြစ်သည့် အနက် ရောင် နှင့် မီးခိုးရောင်ကိုသာ ရွေးချယ်ထားလိုက်သည်။ အရောင်တစ်ခုစီအတွက် အစုံ(၃၀၀၀)ကျော်ကို တစ်ခါတည်းမှာခဲ့လိုက်လေသည်။

 

အမျိုးစားပိုများစေရန် ယောင်ရန်က စစ်ယူနီဖောင်း ဂျာကင်၊ သားရေဂျာကင်နှင့် ဂွမ်းဂျာကင်အစုံ            ( ၂,၀၀၀) ထပ်မှာခဲ့သည်။ စျေးကြီးသော နွေးထွေးသည့်အဝတ်အစားအစုံ (၁,၀၀၀) ကိုလည်း ဝယ်ယူခဲ့ ပေသည်။

 

အဝတ်အစားပုံစံအမျိုးမျိုးနှင့် နှိုင်းယှဉ်လျှင် ဖိနပ်ပုံစံများက ရိုးရှင်းပေသည်။ ယောင်ရန်က အများကြီး စဉ်းစားမနေဘဲ တောင်တက်ဖိနပ်၊ အားကစားဖိနပ်၊ မိုးကာဖိနပ်၊ ဖိနပ်ကပ်နဲ့ အထူစား စစ်ဖိနပ်တွေကို တစ်စုံချင်းစီကို (၂၀၀) စီ မှာခဲ့သည်။ ပုံစံ နှင့် အရွယ်အစားတစ်ခုချင်းစီကို (၂၀၀) စီ ဝယ်ခဲ့လေသည်။

 

ထိုပစ္စည်းမျာသည် အနာဂတ်တွင် တခြားပစ္စည်းများနှင့် လဲလှယ်နိုင်မည်ဟု တွေးပြီး ယောင်ရန်က အမျိုးသားသုံးနဲ့ ကလေးသုံးပစ္စည်းအချို့ကို ထပ်ဖြည့်လိုက်လေသည်။

 

သူမကိုယ်တိုင် မသုံးနိုင်ရင်တောင်မှ အနာဂတ်မှာ ကြိုက်တဲ့သူကို ရှာပြီး ကိုယ်ပိုင်မိသားစုတစ်ခုကို ထူထောင်နိုင်ပေသေးသည်။ မျှော်လင့်ချက် မရှိဘူးဆိုပေသော်လည်း ပြင်ဆင်ထားသင့်တာကိုတော့ ပြင်ဆင်ထားခဲ့ပေသည်။

 

အလွန်အေးသည့်အချိန် ရောက်သောအခါ အနိမ့်ဆုံးအပူချိန်သည် အနှုတ် (၈၀) စင်တီဂရိတ် အထိ ရောက်နိုင်သောကြောင့် သူမက အန္တာတိကတိုက်မှ သိပ္ပံပညာရှင်များ အသုံးပြုသော နှင်းလျောစက်၊ အပူပေးအဝတ်အစား၊ ရေခဲပြင်စကိတ်၊ နှင်းစီးဖိနပ် စသောပစ္စည်းများကို မှာဖို့ ဆုံးဖြတ်လိုက်သည်။

 

အိမ်သာသွားရမည့် အခက်အခဲကိုလည်း မမေ့ဘဲ ယောင်ရန်က ကြောင်သဲအိတ်ကုမ္ပဏီကို ဆက်သွယ် ပြီး ကြောင်သဲတန်ချိန်( ၂၀၀) ကို ဝယ်ယူခဲ့ပေသည်။

 

ငလျင်အတွက် ပြင်ဆင်ရန် ယောင်ရန်က ဆောက်လုပ်ရေးစက်ရုံကို ဖုန်းခေါပြီး ဘိလပ်မြေ၊ သံချောင်း ၊ သဲ၊ အုတ် စသည်တို့ကို မှာလိုက်၏။ ငလျင်ပြီးနောက်ပိုင်း သူမ အိမ်ဆောက်ဖို့ လိုအပ် နိုင်သည်ကို သူမ တွေးထားခဲ့ပေသည်။

 

ထိုနေ့စဉ်သုံးပစ္စည်းများအပြင် ယောင်ရန်က သိပ္ပံနည်းကျ သုတေသနအဖွဲ့အချို့ကိုလည်း ဆက်သွယ်ပြီး ဓာတ်ရောင်ခြည်ကာကွယ်ရေးဝတ်စုံ၊ လေစစ်မျက်နှာဖုံး၊ သယ်ဆောင်၍ရနိုင်သည့် အိမ်သာ၊ စပေ့စ် ကပ်ဆူးအိမ်၊ ဆူနာမီနဲ့ ငလျင်အတွက် အရေးပေါ် လွတ်မြောက်ရေးယာဉ်၊ အိမ်တွင်း အပင်စိုက်ပျိုးမှု ကိရိယာ စသော သူတို့၏ ထုတ်ကုန်များကို မှာယူခဲ့လေသည်။

 

ထိုသူတို့ ထုတ်လုပ်သော ပစ္စည်းများအားလုံးကို ဝယ်ယူခဲ့ခြင်းဖြစ်၍ နည်းပညာမြင့်ပစ္စည်းများအတွက် (၃)ဘီလီယံသုံးစွဲခဲ့လိုက်သည်။ သူမသည် စရံငွေကို လွှဲပေးလိုက်သောအခါ သိပ္ပံပညာရှင်များသည် အရမ်းပင်ပျော်နေခဲ့ကြ၍ သူမကို "ဒယ်ဒီ" ဟုပင် ခေါ်မိတော့မလို ဖြစ်သွားခဲ့သည်။

 

နှစ်နာရီကြာပြီးနောက် ပစ္စည်းဝယ်ခြင်းသည် ပြီးဆုံးသွားသောအခါ သူမက ငါးဘီလီယံကျော် သုံးစွဲခဲ့ပြီး ပထမဆုံးအကြိမ် ပစ္စည်းတွေ ရောက်လာခဲ့ပြီဖြစ်ပေသည်။ ယောင်ရန်က ဖုန်းချလိုက်ပြီး ပစ္စည်းများကို သွားယူခဲ့လေသည်။

 

ရက်ပေါင်းများစွာ သူမသည် ပစ္စည်းများ စုဆောင်းခြင်းနှင့် ပစ္စည်းပို့လာသည်များကို လက်ခံနေခဲ့ရခြင်း ကြောင့် သူမ၏နေရာလွတ်နှင့် ဗီလာသေးသေးလေး တစ်ဝက်ကျော်သည် ပစ္စည်းများဖြင့် ပြည့် နေခဲ့ တော့သည်။

 

ခြောက်ရက်ကြာပြီးနောက် ယောင်ရန်ဆီသို့ အဘိုးရွှီဆီမှ ဖုန်းဝင်လာခဲ့သည်။ သူမက ဖုန်းကိုကိုင်ပြီး ပြုံးကာ မေးလိုက်လေသည်၊

 

“အဘိုးရွှီ၊ ကျွန်မလိုချင်တာတွေ ရောက်ပြီလား….။”