အခန်း
(၁၈) လက်နက်များပို့ဆောင်ခြင်း
မီးဖိုချောင်သို့
လျှောက်လာလိုက်ရင်း ယောင်ရန်သည် ဖုန်းထဲမှ အဘိုးရွှီ၏ အသံကို ကြားလိုက်ရသည်၊
"ဟုတ်တယ်၊
ငါ့မြေး ရွှီဟန်ကို ပစ္စည်းတွေ သွားပြဖို့ ခေါ်ခိုင်းလိုက်မယ်…။"
ရွှီဟန် ဆိုသည်မှာ
အဘိုးရွှီ၏ မြေးတစ်ယောက်ဖြစ်ပြီး
ရွှီ အုပ်စု၏ အမွေဆက်ခံသူလည်း ဖြစ်သကဲ့သို့ အဘိုးရွှီက သူမနဲ့ မိတ်ဆက်ပေးချင်နေသူလည်း ဖြစ်လေသည်။
အဘိုးရွှီ၏
ရည်ရွယ်ချက်ကို သိလိုက်သော
အခါ ယောင်ရန်က
တစ်မျိုးကြီး ခံစားလိုက်ရသော်လည်း လက်နက်တွေကတော့
သူမအတွက် အရေး အကြီးဆုံးပင်ဖြစ်သည်။
ခဏကြာ
စဉ်းစားပြီးသည့်နောက်
သူမက ပြန်ပြောလိုက်လေသည်၊
ယောင်ရန်၏
အဖြေကိုကြားသောအခါ အဘိုးရွှီသည်
ကျေနပ်စွာ ပြုံးလိုက်ပြီး
၊
"မခက်ပါဘူး၊
မခက်ပါဘူး။ မင်းလိပ်စာကို ပေးလိုက်ပါ။ ငါ ရွှီဟန်ကို မင်းကို
လာခေါ်ခိုင်းလိုက်မယ်။
ပြီးတော့ သူ့ကို သခင်လေးရွှီလို့ ခေါ်တာ အရမ်းယဉ်ကျေးရာကျတယ်။ နောက်ဆို ရွှီဟန်ကို တွေ့ရင် အစ်ကိုကြီးလို့ပဲ ခေါ်လိုက်တော့….။"
ယောင်ရန်သည်
မသိသေးတဲ့သူတစ်ယောက်ကို
အနှောင့်အယှက် မပေးချင်သောကြောင့် အမြန်ပင်
"အဘိုးရွှီ၊
လိပ်စာလေးပဲ ပေးလိုက်ပါတော့။ သခင်လေးရွှီက အလုပ်များနေမှာပါ။ ကျွန်မကိုယ်တိုင် သွားလိုက်ပြီး သူ့ကို နောက်မှပဲ တွေ့ဆုံလိုက်ပါ့မယ်….။"
အဘိုးရွှီက
ခဏငြိမ်သက်သွားပြီး သက်ပြင်းချလိုက်ကာ ပြောလိုက်လေသည်၊
"ကောင်းပြီလေ။
ဒါဆို ရွှီဟန်ကို မင်းကို လိပ်စာပို့ခိုင်းလိုက်မယ်….။"
ယောင်ရန်
သက်ပြင်းချပြီး စိတ်သက်သာရာရသွားကာ ကျေးဇူးတင်ကြောင်းပြလိုက်သည်၊
"ကျေးဇူးတင်ပါတယ်
အဘိုးရွှီ…။"
"အဘိုးနဲ့ဆိုရင်
အဲဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး။ အချိန်ရရင် အဘိုးဆီကို လာလည်ဖို့ မမေ့နဲ့ နော်…။"
တစ်မိနစ်အကြာ၌
အမည်မသိနံပါတ်တစ်ခုမှ
သူမဆီသို့ မက်ဆေ့ချ် တစ်စောင်
ပို့လာခဲ့လေသည်။
[ကျွန်တော်က
ရွှီရူဟန်ပါ…။]
ခဏအကြာ၌ပင်
ရွှီရူဟန်သည် သူမကို
လိပ်စာတစ်ခုပို့လိုက်လေသည်။
သူမသည်
မနက်စာကို ရိုးရှင်းစွာပင်စားလိုက်ပြီး
တက္ကစီဖြင့် ချိန်းထားသည့်နေရာသို့ သွားလိုက်သည်။ စားသောက်ဆိုင်ဖြစ်နေသည်ကို တွေ့သောအခါ ယောင်ရန်သည် လက်နက်များယူဖို့ သွားနေသည်နှင့် မတူပဲ ချိန်းတွေ့ဖို့သွားနေသကဲ့သို့
ခံစားချက်ကို ခံစားလိုက်ရသည်။
ဤစားသောက်ဆိုင်၏
ပတ်ဝန်းကျင်နှင့် နေရာကို
ကြည့်ရုံမျှနှင့်ပင် ငွေကြေးတတ်နိုင်သည့်သူများသာ
လာရောက်စားသောက်နိုင်လောက်သည်ကို
ယောင်ရန်
သတိထားမိလိုက်သည်။ စားသောက်ဆိုင်တွင်း သို့ လျှောက်သွားသောအခါ
ဝိတ်တာနှစ်ယောက်က မှန်တံခါးကို သူမအတွက် ဖွင့်ပေးလိုက်သည်။
ဝိတ်တာတစ်ယောက်မှ
ရောက်လာပြီးမေးလိုက်သည်၊
"အစ်မ၊
ချိန်းထားတာ ရှိပါသလား…။"
ယောင်ရန်
ခေါင်းညိတ်ပြီး
"သခင်လေးရွှီနဲ့
တွေ့ဖို့ပါ….။"
ဝိတ်တာက
ပြုံးပြီး လက်ဟန်ပြကာ ရှေ့မှလမ်းပြလိုက်လေသည်၊
"အစ်မ၊
ဒီဘက်ကို ကြွပါခင်ဗျာ…။"
ဝိတ်တာက
လမ်းပြပေးပြီး နှစ်ယောက်သား သီးသန့်အခန်းတစ်ခုကို ရောက်လာခဲ့သည်။ ဝိတ်တာမှ သူမအတွက် တံခါးဖွင့်ပေးပြီး ထွက်ခွါသွားခဲ့လေသည်၊
"သခင်လေးရွှီက
အထဲမှာ စောင့်နေပါပြီ…။"
ယောင်ရန်က
ကျေးဇူးတင်စကားပြောပြီး
အတွင်းသို့ ဝင်လာခဲ့လိုက်သည်။ အထဲမှာ ထိုင်နေသောလူက သူမဝင်လာသည်ကို
မြင်သောအခါ မတ်တပ်ရပ်ပြီး ကြိုဆိုလိုက်လေသည်။
"ထိုင်ပါ
ခင်ဗျာ၊ မစ္စယောင်…။"
ယောင်ရန်က
သူ့ကို ခေါင်းညိတ်ပြလိုက်၍ ဝင်ထိုင်လိုက်ပြီးသည်နှင့် သူမက နှုတ်ဆက်လိုက်သည်၊
"သခင်လေးရွှီ၊
တွေ့ရတာ ဝမ်းသာပါတယ်…။"
ရွှီရူဟန်က
ပြန်ထိုင်ပြီး သူမအတွက် လက်ဖက်ရည်ငှဲ့ပေးလိုက်သည်။ လက်ဖက်ရည်ကိုငှဲ့ပေးရင်းဖြင့် စကားစပြောလိုက်သည်၊
"အဘိုးက
ခင်ဗျားအကြောင်း မကြာခဏပြောနေတယ်။ သူ ခင်ဗျားကို တကယ်သဘောကျနေပုံရ
တယ်…။"
ယောင်ရန်က
ပြုံးပြလိုက်ပြီး ဘာမှမပြောပါဘူး။ ရွှီရူဟန်သည် ချောမောသော်လည်း
အေးစက်ပြီး ဘာခံစားချက်မှ မရှိသော မျက်နှာကို ကြည့်ပြီး ဒီလူက အရမ်းအန္တရာယ်များသည်ဆိုခြင်းကို
ယောင်ရန် သိလိုက်ပေသည်။
*ဒီအနာဂတ်
မြေအောက်လောကရဲ့ သူဌေးကို အလိုက်ထိုက်ဆက်ဆံတာ အကောင်းဆုံးပဲ…။*
သူတို့နှစ်ယောက်သည်
တိတ်ဆိတ်စွာဖြင့်ပင် လက်ဖက်ရည်သောက်နေကြရင်း ယောင်ရန်မှ
"သခင်လေးရွှီ၊
ကျွန်မ ရှင့်ရဲ့အချိန်ကို မဖြုန်းတီးတော့ပါဘူး။ လာရင်းကိစ္စကို ပြောကြရအောင်…။" ဟု စကားစလိုက်လေသည်။
ရွှီရူဟန်က
သူတို့၏ ဗလာဖြစ်သွားသောခွက်များကို
ပြန်ဖြည့်ပေးလိုက်သည်။
ထို့နောက် ယောင်ရန်က ပြောလိုက်လေသည်၊
"ကျွန်မ
ပစ္စည်းတွေကို စစ်ဆေးချင်ပါတယ်…။"
"ဟုတ်ကဲ့…"
သူ့ရဲ့အေးဆေးတည်ငြိမ်သည့်
အဖြေကို ကြားလိုက်ရပြီးနောက်
ယောင်ရန်က မျက်ခုံးပင့်လိုက်သည်။ ရွှီမိသားစုရဲ့ အဓိကစီးပွားရေးက လက်နက်ရောင်းချခြင်း ဖြစ်သည်ဆိုသော်လည်း
သူမသည် ထိုကဲ့သို့ လက်နက်များကို အများကြီး တစ်ပြိုင်နက်တည်း ဘာကြောင့် ဝယ်ယူခဲ့လဲဆိုခြင်းကို
သူက စူးစမ်းချင် စိတ်ရှိသည့်ပုံမပေါ်ပေ။
ရွှီရူဟန်က
သူမ ဘာတွေးနေလဲဆိုတာ သိပုံရပြီး
"ကျွန်တော်တို့က
စီးပွားရေးလုပ်နေတာပါ။
ဖောက်သည်တွေက ပစ္စည်းတွေကို ဘာလုပ်ချင်လဲဆိုတာ မမေးပါဘူး…။” ဟုပြောလိုက်လေသည်။
ထိုစကားကိုကြားသောအခါ
ယောင်ရန်က တိတ်တိတ်ကလေး
သက်ပြင်းချလိုက်မိသည်။
စျေးကြီးသည့် လက်ဖက်ရည်သောက်ပြီးနောက် ရွှီရူဟန်က မတ်တပ်ရပ်ပြီး မေးလိုက်လေသည်၊
"ကားနဲ့
လာတာလား…။"
ယောင်ရန်က
ခေါင်းခါလိုက်သောအခါ ရွှီရူဟန်က
"ဒါဆို
ကျွန်တော့်ကားနဲ့ လိုက်ခဲ့ပါ။ နေရာက တော်တော်ဝေးတယ်…။"
"ဟုတ်ကဲ့….။"
သူမကလည်း
ထိုအကြံပေးချက်ကို လက်ခံလိုက်သည်။
စားသောက်ဆိုင်ကနေ
ထွက်ခွာပြီးနောက် ယောင်ရန်သည် ရွှီရူဟန်၏ ကားထဲ ဝင်ထိုင်လိုက်လေသည်။ ခရီး တစ်လျှောက်လုံး သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မည်သည့် စကားကိုမျှ
မပြောခဲ့ ကြပေ။
နှစ်နာရီခန့်
ကြာအောင် သွားပြီးနောက် ရွှီရူဟန်က ကားကိုရပ်လိုက်၏။
ယောင်ရန်က အောက်ဆင်း ပြီး ပတ်ဝန်းကျင်သို့ တစ်ချက်ဝေ့ကြည့်လိုက်လေသည်။
ထို့နောက် ရွှီရူဟန်၏ နောက်သို့ လိုက်သွားခဲ့လိုက်
သည်။ သူတို့ရောက်လာသည်ကို
တွေ့သောအခါ အနက်ရောင်ယူနီဖောင်းဝတ်ထားတဲ့
လူများက ရွှီရူဟန် ကို နှုတ်ဆက်ကြလေသည်။
"သူဌေး၊
ပစ္စည်းတွေ အဆင်သင့်ဖြစ်နေပါပြီ…။"
ဟု တာဝန်ခံ
တစ်ယောက်က ပြောလိုက်လေ၏။
ရွှီရူဟန်က
သူ၏မေးငေါ့ပြီး အချက်ပြလိုက်သောအခါ
သိုလှောင်ရုံ၏ သံမဏိတံခါးကြီးကို
ဖွင့်ပေးလိုက် သည် ။ သူက ယောင်ရန်နဲ့အတူ ဝင်သွားလိုက်သည်။ စစ်ဘက်သုံး ရဟတ်ယာဉ်နှစ်စင်း၊ တင့်ကားနှစ်စင်း ၊ သံချပ်ကာ Off-Road စစ်ယာဉ်သုံးစင်း၊ ဇိမ်ခံအိပ်ခန်းပါတဲ့ ကားသုံးစင်းနှင့် စစ်ကားနှစ်စီးကို
မြင်သော အခါ ယောင်ရန်သည် အံ့အားသင့်သွားပြီး မျက်လုံးပြူးသွားခဲ့လေသည်။
သူမသည်
အဘိုးရွှီအား ထိုအရာများကို တောင်းဆိုခဲ့သော်လည်း
ဒီယာဉ်အားလုံးကို ရလိမ့်မည်ဟု သိပ်ပြီး မျှော်လင့်မထားခဲ့ပေ။
သို့သော်လည်း အဘိုးရွှီက သူမတောင်းဆိုထားသည်ထက် ပို၍ ပြင်ဆင် ပေးခဲ့လေသည်။
သူမ
အံ့အားသင့်ပြီး ရပ်နေသည်ကို မြင်သောအခါ ရွှီရူဟန်က ရှင်းပြလိုက်သည်၊
"အဘိုးက
ဒီပစ္စည်းတွေကို မင်းအတွက် မွေးနေ့အကြို လက်ဆောင်လို့ ပြောတယ်။ ယာဉ်တွေအားလုံး ကို ပြုပြင်ပြောင်းလဲထားပြီး ပိုပြီးကောင်းအောင် လုပ်ထားပြီးသားပါ…။"
"ကျေနပ်မှုရှိရဲ့လားဆိုတာ
ကြည့်လိုက်ပါအုန်း ။ ပြောင်းလဲဖို့လိုတယ်လို့ ထင်ရင် ကျွန်တော့်ကို ပြောပါ။ ကျွန်တော် အခမဲ့ ပြောင်းလဲပြုပြင်ပေးပါ့မယ်….။"
သူ၏ စကားကိုကြားပြီးနောက်
ယောင်ရန်က သူ့ကို ကြည့်ပြီး တွေးလိုက်မိသည်။
*ဘယ်သူက
ခင်ဗျားကို မကျေနပ်ဘူးလို့ ပြောရဲမှာလဲ။ မကျေနပ်ဘူးလို့ ပြောရင် ခင်ဗျားက ပြောတဲ့သူရဲ့ ခေါင်းကို ပစ်ခွဲပြစ်မှာ မဟုတ်ဘူးလား…။*
ရွှီရူဟန်သည်
သူ့ကိုကြည့်နေသည့် ယောင်ရန်၏
စိတ်ထဲ၌ ဘာတွေနေလဲဆိုခြင်းကို
မသိခဲ့ပေ။ သူက လျှောက်သွားလိုက်ပြီး သတ္တုသေတ္တာတစ်ခုကို ဖွင့်လိုက်လေသည်။ ထို့နောက်…၊
"လက်နက်တွေကတော့
ခင်ဗျားအတွက် အကုန်လုံး ပြင်ဆင်ထားတယ်။ သေနတ်သေးသေးလေးတွေ၊ လှံစွပ်သေနတ်တွေ၊ သေနတ်၊ စက်သေနတ်ကြီးတွေအထိ ခင်ဗျား ကြိုက်တာကို ရွေးလို့ရပါတယ်။ အရင်ဆုံး တစ်ချက်ကြည့်လိုက်ပါ။ ထပ်ပြီးတော့ ထည့်ချင်တာတွေရှိရင်လည်း ကျွန်တော့်ကို ပြောပြဖို့ အားမနာပါနဲ့။ ခင်ဗျားရဲ့ တောင်းဆိုချက်ကို ကျွန်တော် သေချာပေါက် ဖြည့်ဆည်းပေးပါ့မယ်….။"
သူသည်
လက်နက်များနှင့် စစ်ယာဉ်များကို
ယောင်ရန်အား ရှင်းပြပေးနေသောအချိန်တွင် သူမက
သေနတ်များ၊ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းများနှင့်
သတ္တုသေတ္တာများထဲတွင်ရှိနေသော
ကျည်ဆံများကို စစ်ဆေးနေခဲ့လေသည်။
မိနစ်သုံးဆယ်ခန့်ကြာပြီးနောက်
ယောင်ရန်က မေးလိုက်သည်။
"ကျွန်မ
ရှင့်ကို ဘယ်လောက်ပေးရမလဲ…။"