အပိုင်း ၁၂၂
Viewers 15k

Chapter 122


ထိုလူများပြုလုပ်ထားသည့် အသေးအဖွဲ့ကိစ္စများက သူတို့ကို သေဆုံးသည်အထိ ဖြစ်စေနိုင်မည်မဟုတ်၍ အခွင့်အရေးရအောင်စောင့်ပြီး သက်သေများစုဝေးထားရမည်ဖြစ်သည်။ သို့ရာတွင် ထိုလူများက သေရေးရှင်ရေးအခြေအနေတွင် အသက်စွန့်စားလုပ်ဆောင်ကြမည်ဖြစ်၍ နေရာတွင်ပင် အဖမ်းခံရရန်လိုအပ်သည်။


အဘယ့်ကြောင့်ဆိုသော် ဘဏ္ဍာငွေများနှင့် ရိက္ခာမျအပေါ်တွင် နာမည်မရေးထားသည့်အတွက် ၎င်းတို့ကို ပို့ဆောင်မည့်အချိန်ကိုစောင့်နေပြီး ရှန်တုန်းအစိုးရ၏ ဘဏ္ဍာတိုက်ထဲ ရောပြီး စာရင်းထဲ ပေါင်းထည့်ထားနိုင်သည်။ ထိုအခါမှ သက်သေလိုချင်ပါက ခက်ခဲသွားနိုင်ပေသည်။


ထို့အပြင် သူတို့က ယုံနင်မြို့စားမင်းကို အပြစ်ပုံချလိုကြခြင်းဖြစ်သည်။ အကယ်၍ သူ ယခုချိန်တွင် မလှုပ်ရှားပဲနေလိုက်ပါက ရိက္ခာများကို ကျင်းလင်သို့မပို့တော့မည်ဖြစ်၍ အရေးပေါ်လိုအပ်နေသည့် အခြေအနေကို မဖြေရှင်းနိုင်သောကြောင့် ကျင်းလင်တစ်မြို့လုံး ဒုက္ခရောက်သွားမည်ဖြစ်သည်။


မူလတည်းက သူတို့က ဆည်ကိုဖျက်ဆီးပြီး ကျောင်းသားများကို သတ်ပစ်ခဲ့ကာ ယခုအခါတွင်လည်း ဘဏ္ဍာငွေများနှင့် ရိက္ခာများကို ခိုးယူထားပြန်ပြီဖြစ်သည်။ သူတို့က ကျင်းလင်မြို့တွင် ကမောက်ကမဖြစ်အောင်ပြုလုပ်ချင်နေသည်။ သို့မှသာ ကျန်းမိသားစုမှ သာမန်လူတန်းစားမှူးမတ်များ တုန်လှုပ်လာကြမည်ဖြစ်သောကြောင့်ပင်။ 


ကျန်းနန်သို့ရောက်လာကြသူတိုင်းကလည်း ကျန်းမိသားစုမှ ယုံနင်မြို့စားမင်းလက်အောက်သို့ ရောက်ရှိလာကြ၍ သူတို့က ယုံနင်မြို့စားကို သတ်ပစ်ချင်လိုခြင်းဖြစ်သည်။


ရွှယ်ယန်က သူတို့အကြံအစည်များကို အောင်မြင်ခွင့်မပြုနိုင်ပေ။


သို့ဖြစ်၍ တော်ဝင်အမိန့်တော်ချမှတ်ပြီးသည်နှင့် အမိန့်တော်လက်ခံရန်အတွက် ရှန်တုန်းသို့ ချက်ချင်းထွက်ခွာရမည်ဖြစ်ကာ ချန်အန်းမှ ခွဲဝေပေးလိုက်သည့် ဘဏ္ဍာငွေများနှင့် ရိက္ခာများကို ကိုယ်တိုင် ယူဆောင်လာရမည်ဖြစ်သည်။


‌သို့ဖြစ်၍ ကျင်းလင်တွင် ဆယ်ရက်ခန့် ရှိနေနိုင်မည်မဟုတ်ပေ။


ကျင်းလင်မြို့တွင် ကျွင်းဟွိုင်လန်၏ဖခင်နှင့် အခြားအရာရှိများရှိသော်လည်း ရွှယ်ယန်က စိတ်မချနိုင်ဖြစ်နေသည်။


ညကောင်းကင်ယံက အလွန်ကြည်လင်နေပြီး လမင်းကြီးကလည်းကောင်းကင်တွင် တိတ်ဆိတ်စွာတောက်ပနေသည်။ ရွှယ်ယန်က ကောင်းကင်မှ လမင်းကြီးကိုကြည့်ကာ တွေးတောနေမိသည်။


ရှန်တုန်းသို့သွားရောက်ရန်လိုအပ်သည့် တပ်ဖွဲ့များနှလွဲ၍ ကျင်းယီဝေ့အနည်းငယ်ကို ကျွင်းဟွိုင်လန်၏လုံခြုံမှုအတွက် ချန်ထားရစ်ခဲ့မည်ဖြစ်သည်။ ရှန်တုန်းသို့ သူတစ်ယောက်တည်းသွားရန် လုံလောက်၍ သွမ့်ရှီးရှီးကိုလည်း နေခဲ့ခိုင်းမည်ဖြစ်သည်။ ထိုနေရာတွင် သွမ့်ရှီးရှီးလုပ်ရမည့်ကိစ္စလည်း မရှိပေ။ 


ကျင်းပေါင်ကိုလည်း နေခဲ့ခိုင်းပြီး  ကျွင်းဟွိုင်လန် တစ်နေ့ ထမင်းသုံးနပ်စားမစားနှင့် နေ့လယ်တွင် တစ်ရေး‌တစ်မောအိပ်ရန် စောင့်ကြည့်ခိုင်းထားရမည်ဖြစ်သည်။


ထိုအချိန်တွင် ရွှယ်ယန်၏ပခုံးထက်မှ အနည်းငယ်လှုပ်ရှားလာသည်ကို ခံစားလိုက်ရသည်။   


ခေါင်းငုံ့၍ ကြည့်လိုက်သည့်အခါ ကျွင်းဟွိုင်လန်က မျက်လုံးကို လက်ဖြင့်ပွတ်ပြီး ခေါင်းထောင်လာသည်။


" ဘယ်လိုလုပ် အိပ်ပျော်သွားတာပါလိမ့်..."

ကျွင်းဟွိုင်လန်၏အသံက ကောင်းကောင်းအိပ်ရာမနိုးသေး၍ နူးနူးညံ့ညံဖြစ်နေကာ ချစ်စရာကောင်းနေသည်။


ရွှယ်ယန်၏ရင်ထဲ ယားကျိကျိဖြစ်သွား၍ ကျွင်းဟွိုင်လန်၏ပါးကို ဖျစ်ညှစ်ပစ်ချင်သော်လည်း စိတ်ကိုထိန်းထားလိုက်သည်။


သူ ခေါင်းငုံ့ပြီးမေးလိုက်သည်။

" နိုးလာပြီလား..."


ကျွင်းဟွိုင်လန်က ခါးမတ်မတ်ထိုင်လိုက်ပြီး သမ်းဝေလိုက်ကာ ကောင်းကောင်းအိပ်ရေးမဝသေးသည့်ပုံဖြစ်နေသည်။


" နေ့ခင်းတုန်းက အရမ်းအလုပ်ရှုပ်သွားလို့ဖြစ်မယ်...  ဘယ်လိုလဲ ဒီနေ့အပြီးသတ်စရာတွေအကုန်လုံး ပြီးသွားတာလား..."


စကားပြောနေလျက်နှင့် မတ်တပ်ရပ်ရန် ပြင်လိုက်သည်။


ဆည်ကိုပြုပြင်ခြင်းကို သူ၏အစီအစဉ်အတိုင်းတစ်ဆင့်ချင်းလုပ်ဆောင်နေသော်လည်း လုပ်ငန်းစဉ်ထဲတွင် အမှားအယွင်းအချို့ ဖြစ်နေသည်။ သို့ဖြစ်၍ ကျွင်းဟွိုင်လန်က ဤနေရာသို့နေ့တိုင်းလာရောက်ပြီး လုပ်ငန်းစဉ်နှင့် အခြေအနေများကို စောင့်ကြည့်နေရခြင်းဖြစ်သည်။ ပြဿနာတစ်ခုခုရှိပါက သူချက်ချင်းရောက်လာပြီး ဖြေရှင်းနိုင်ပေသည်။


ကျွင်းဟွိုင်လန်က မျက်လုံးနှစ်လုံးဖွင့်လိုက်သည်နှင့် ဆညိကိုပြန်ပြင်သည့်ကိစ္စကိုသာ ခေါင်းထဲရောက်နေ၍ ရွှယ်ယန် မပျော်မရွှင်ဖြစ်သွားသည်။ လက်မြှောက်ပြီး မတ်တပ်ထရန်ပြင်နေသောကျွင်းဟွိုင်လန်ကို ပြန်ဆွဲထားလိုက်သည်။


" ကိုယ် မင်းအစားကြည့်ပေးထားပါတယ်... အကုန်ပြင်ပြီးလို့ အလုပ်ပြီးသွားတာနဲ့ သူတို့တွေတောင် ပြန်ကုန်ပြီ..."


ကျွင်းဟွိုင်လန်က သူ့ကို သံသယမဝင်ပဲ ခေါင်းငြိမ့်ပြပြီးနောက် စိတ်အေးလက်အေးဖြင့် ပြန်ထိုင်နေလိုက်သည်။


ကောင်းကင်ပေါ်မှ လမင်းကြီးကိုမော့ကြည့်ပြီး အသံတိုးတိုးဖြင့် မရယ်ပဲမနေနိုင်တော့ပေ။


" ကျွန်တော်နဲ့အတူတူ နေ့တိုင်းဒီမှာလာပြီး အချိန်ကုန်ခံပြီး စစ်ဆေးနေရတာ အလုပ်ရှုပ်သွားမှာပဲ..."


ရွှယ်ယန်က အေးစက်စက်မျက်နှာဖြင့် တစ်ဖက်သို့လှည့်လိုက်သည်။


" ကိုယ်ပျော်ပါတယ် ဘာမှမခက်ခဲပါဘူး..."

ရွှယ်ယန် အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။

    

ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်နေကာ လေတိုက်ခတ်ခြင်းလည်းမရှိပဲ ဆည်ပြုပြင်သည့်နေရာမှ အလင်းရောင်များသာ ထွန်းလင်းနေသည်။


သို့ဖြစ်၍ ရွှယ်ယန် တိုးညှင်းစွာပြောလိုက်သည့်စကားများက ကျွင်းဟွိုင်လန်၏ နားထဲသို့ ဝင်ရောက်လာသည်။


ထိုကလေးက အလွန်စိတ်ဆိုးသွားပုံရ၍ ကျွင်းဟွိုင်လန် ရယ်ချင်စိတ်ကို အောင့်ထားလိုက်သည်။ သို့ရာတွင် ရွှယ်ယန့်ကိုလှမ်းကြည့်လိုက်ချိန်တွင်  သူ့မျက်နှာ၌ အပြုံးတစ်ပွင့်ရှိနေ၍ အကြည့်မလွှဲနိုင်အောင် ဖြစ်သွားရသည်။


ထိုလူက သူ့ဘေးနားတွင် တိတ်ဆိတ်ငြိမ်သက်စွာထိုင်နေပြီး စကားတစ်ခွန်းမှ မပြောသော်လည်း သူ့ထံ့မှ စန္ဒကူးရနံ့က အနားတွင် ရစ်ဝဲနေသည်။


ကျွင်းဟွိုင်လန်က သူ့ကို ခဏခန့် တိတ်ဆိတ်စွာ ကြည့်နေလိုက်မိသည်။


ရွှယ်ယန်၏ ရုပ်ရည်သွင်ပြင်က လူအများကြားထင်ပေါ်သည့်ပုံစံဟု ပြော၍ရနိုင်ပေသည်။ သူကအရှိန်အဝါကြီးပြီး ရက်စက်တတ်သည့်လူဖြစ်ကြောင်းကို သူ ယခင်ဘဝတည်းက သိသည်။


သို့ရာတွင် ထိုသို့သောလူမျိုးက ခက်ခဲနေသည့်အချိန်တွင် သူ့ဘေးနားတွင် ရှိနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့မိပေ။


ကံကြမ္မာက ပဉ္စလက်ဆန်လွန်းတယ် ...


ရွှယ်ယန်က အောက်ဘက်မှမအိမ်များကိုကြည့်ကာ တွေးတောနေသော်လည်း ကျွင်းဟွိုင်လန်၏အကြည့်ကို ခံစားမိ၍ ခေါင်းလှည့်ပြီး မေးလိုက်သည်။


" ဘာဖြစ်လို့လဲ..."


ကျွင်းဟွိုင်လန် ခေါင်းခါလိုက်သည်။


ရွှယ်ယန်က သူ့ကိုကြည့်ကာ ပြောလိုက်သည်။

" ကိုယ် ဒီရက်ပိုင်းအတွင်း ကျင်းလင်မှာ မရှိလောက်ဘူး..."


ကျွင်းဟွိုင်လန် အံ့အားသင့်သွားပြီး မေးလိုက်သည်။

" ဘယ်ကိုသွားမလို့လဲ..."    


"ချန်အန်းကနေ ရိက္ခာတွေပို့လိုက်မယ်ဆိုရင် ရှုရှန့်က လမ်းမှာ အကောက်ကြံဖို့ကြံစည်ထားမှာပဲ... ကိုယ် အဲဒီကို ကိုယ်တိုင်သွားမှရမှာ..."


ကျွင်းဟွိုင်လန် ခဏတာဘာမှမပြောနိုင်ဖြစ်သွားပြီးမှ သဘောပေါက်သွားခဲ့သည်။


" သူတို့က ရိက္ခာတွေကို တစ်နေရာရာမှာ ဖွက်ထားမယ်ဆိုတဲ့သဘောလား... ငွေပမာဏကို အမိန့်ပြန်တမ်းထဲမှာအတိအကျထည့်ထားမှာပဲလေ ဘာလို့ အဲ့လောက်တောင် သတ္တိရှိနေကြတာလဲ..."


 ကျွင်းဟွိုင်လန် မျက်မှောင်ကြုတ်လိုက်မိသည်။


ယခင်ဘဝက သူ့ဖခင်သေဆုံးသွားသည့်အချိန်ထိ အလွဲသုံးစားပြုလုပ်လိုက်သည့်ငွေများက မည်သည့်နေရာရောက်သွားသည်ကို သူ မသိခံရပေ။ အခြားလူတစ်ယောက်က သူတို့လက်ထဲမရောက်မီ ဖြတ်ယူထားလိုက်ပြီးမှ သူ့ဖခင်ကို အပြစ်ပုံချလိုက်မည့်အကြောင်းကို ယခုချိန်မှ သဘောပေါက်သွားခဲ့သည်။


ရွှယ်ယန် ပြောလိုက်သည်။


" တကယ်ကို ရဲတင်းတာပါပဲ... ဒါပေမဲ့ ရှုမိသားစုနဲ့ ကျန်းမိသားစုက တိုက်ခိုက်လာခဲ့တာကြာပြီ... ပြီးတော့ ယုံနင်မြို့စားမင်းကိုလည်း သူတို့နေရာကို ထိပါးလာတော့မယ်လို့ ထင်လိုက်တာနဲ့ အဲ့လောက် အန္တရာယ်များတဲ့ လုပ်ရပ်ကို လုပ်လိုက်တာဖြစ်မယ်..."


ထိုစကားကိုကြားသည့်အခါ ကျွင်းဟွိုင်လန် လေးနက်စွာတွေးလိုက်မိသည်။


ခဏအကြာတွင် ကောင်းကင်ကိုမော့ကြည့်ပြီး ရယ်လိုက်သည်။


" ဟုတ်သားပဲ ရွှယ်ယန်သာ သူတို့ရဲ့ အကြံအစည်တွေကို ရှာမတွေ့ခဲ့ရင် တော်တော် အန္တရာယ်များတဲ့ကိစ္စကြီးဖြစ်တော့မှာ သေချာအကွက်ချထားတဲ့ အစီအစဉ်ပဲ..."


ချန်အန်းမှ ကျင်းလင်အထိ လမ်းတစ်လျှောက်တွင်လည်း သူတို့လူများဖြင့်သာ ပြည့်နေခြင်းဖြစ်သည်။ သူတို့က ကောင်းကင်ကိုပင် လက်တစ်ဖက်ဖြင့်အုပ်ထားနိုင်သည့်စွမ်းရည်ရှိကြသည်။  ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားလျှင်ပင် ခုခံရန် ခက်ခဲလှသေးသည်။ 


သူက ဘဝအသစ်တွင် တစ်နှစ်ကျော်ခန့် နေထိုင်ခဲ့ရပြီးဖြစ်၍ ပို၍ သတိထားနေတတ်လာပြီး သူ့ဖခင်ထံမှလည်း သဲလွန်စများရာတွေ့အောင် ကြိုးစားခဲ့သည်။ သို့ရာတွင် ပိုက်ကွန်ကြီးတစ်ခုက သူတို့ကို အစောပိုင်းတည်းက အုပ်မိုးထားခဲ့သည်။ သူတို့က တာ့ယုံကိုတည်ထောင်ခဲ့သည့်မျိုးနွယ်များဖြစ်သော်လည်း ယခုအချိန်တွင် အာဏာမရှိတော့သည်ဖြစ်၍ ပြန်လည်ခုခံရန် စွမ်းရည်မရှိတော့ပေ။ 


သို့ရာတွင် သူ့ဘေး၌ ရွှယ်ယန် ရှိနေခဲ့သည်။


ရွှယ်ယန်သာ ရှိမနေခဲ့လျှင် ယခုဘဝတွင်လည်း မည်သို့သောအကျိုးဆက်ကြီး ခံစားရမည်ကို ကျွင်းဟွိုင်လန် မတွေးရဲတော့ပေ။


ကျွင်းဟွိုင်လန်၏စကားများကြောင့် ရွှယ်ယန် မသိမသာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။


ကျွင်းဟွိုင်လန်၏လေသံက ပုံမှန်အတိုင်းသာဖြစ်နေသော်လည်း စိတ်ထဲတွင် ထိတ်ထိတ်ပျာပျာဖြစ်နေသည့်ပုံရသည်။


ကျွင်းဟွိုင်လန်၏ပုံစံကြောင့် သူ့ကိုရင်ခွင်ထဲတွင် ပွေ့ဖက်ထားချင်စိတ် ဖြစ်လာသည်။


အကြိမ်အနည်းငယ်ခန့် လက်မြှောက်လိုက်သော်လည်း နောက်ဆုံးတွင် ပြန်ချထားလိုက်ပြီး စကားတစ်လုံးမှမပြောပဲ ငြိမ်သက်စွာစောင့်နေခဲ့သည်။


ခဏအကြာတွင် ကျွင်းဟွိုင်လန်နှင့်သူ အကြည့်ချင်းဆုံသွားခဲ့သည်။


" ရွှယ်ယန်..."

သူ ရုတ်တရက် ခေါ်လိုက်သည်။


ရွှယ်ယန်ကလည်း လျင်မြန်စွာ ပြန်ဖြေလိုက်သည်။

" ဟင်..."


ကျွင်းဟွိုင်လန် ပါးစပ်ဟလိုက်သော်လည်း အသံမထွက်နိုင်ဖြစ်သွားသည်။

 

လူတစ်ယောက်တည်းအပေါ်တွင် ခံစားချက်ပေါင်းစုံ စုပုံလာနိုင်မည်ဟု သူ မည်သည့်အခါကမှ မတွေးထားမိခဲ့ပေ။


ရန်ငြှိုးဟောင်း၊ အချစ်နှင့် ကြင်နှာမှု အစရှိသည့်သူ၏ အလေးလံဆုံးသော ခံစားချက်များက ယခုအချိန်တွင် ရွှယ်ယန် တစ်ယောက်တည်းအပေါ်၌သာရှိသည်။


သူ့အပေါ်တွင် ရွှယ်ယန်နှင့်တူသောလူက ဒုတိယတစ်‌ယောက် ရှိနိုင်တော့မည်မဟုတ်ပေ။ သူ အဝေးဆုံးကို ထွက်ပြေးသွားပြီး ပုန်းကွယ်နေချင်သော်လည်း မလှုပ်ရှားနိုင် ဖြစ်နေခဲ့သည်။


သူ့နှလုံးသားက ကျိုးကြောင်းဆင်ခြင်မှုနှင့် အသိစိတ်များကိုဆန့်ကျင်ကာ ရွှယ်ယန့်ဆီသို့ ဆွဲခေါ်နေသကဲ့သို့ ထင်ရသည်။


ကျွင်းဟွိုင်လန်ထံမှ ဘာသံမှ မကြားရ၍ ရွှယ်ယန် အနည်းငယ် ‌ဂနာမငြိမ်ဖြစ်လာသည်။


" အရမ်း အတွေးလွန်မနေပါနဲ့... ကိုယ်အားလုံးစီစဉ်ပြီးသွားပြီ မင်းက ကျင်းလင်မှာနေပြီး သတင်းကိုစောင့်နေရုံပဲ... ကိုယ်အရင်တည်းက ပြောထားတယ်မလား မင်းဘာမှလုပ်စရာမလိုပါဘူး... အဲ့လူတွေ ဘယ်လိုသေသွားမယ်ဆိုတာ စောင့်ကြည့်နေရုံပဲ အဲ့လောက်နဲ့ တင် လုံလောက်နေပြီ..."


စကားဆုံးသည်နှင့် ကျွင်းဟွိုင်လန်ကိုလှည့်ကြည့်လိုက်သည်။


သူမြင်လိုက်ရသည်က ကျွင်းဟွိုင်လန်၏ မျက်ရည်ဝဲနေသည့် မျက်လုံးရွှဲကြီးများကို မြင်လိုက်ရသည်။


ကျွင်းဟွိုင်လန်၏မျက်ဝန်းများမှတစ်ဆင့် သူ့နှလုံးသားထဲမှ ခံစားချက်များကိုမြက်လိုက်ရသကဲ့သို့ ရွှယ်ယန်ချက်ချင်း သဘောပေါက်သွားသည်။


ရွှယ်ယန်၏ စကားသံများ ရပ်တန့်သွားရသည်။


လရောင်အောက်တွင် သူတို့နှစ်ယောက် အကြည့်ချင်းဖလှယ်နေကြပြီးနောက် အတန်ကြာသည်အထိ စကားတစ်ခွန်းမှ မပြောကြပေ။


အချိန်ခဏကြာသောအခါ  ကျွင်းဟွိုင်လန်က ဦးစွာအကြည့်လွှဲလိုက်သည်။ ထို့နောက် မတ်တပ်ရပ်ပြီး ထွက်သွားရန် ပြင်နေစဉ်တွင် ရွှယ်ယန်က သူ့မျက်နှာကို လက်ဖြင့် နူးညံ့ညင်သာစွာကိုင်ပြီးနောက် အကြည့်ချင်းဆုံအောင် ပြန်လှည့်လိုက်သည်။


သူ့လေသံက တည်ကြည်ပြီးပြတ်သားနေသည်။


" ကျွင်းဟွိုင်လန် ကိုယ်မင်းကိုချစ်တယ်ဆိုတာ မင်းသိပါတယ်... ကိုယ့်ရင်ထဲမှာ မင်းတစ်ယောက်တည်းရှိတာ... ကိုယ့်ဘဝတစ်ခုလုံး မင်းကို ပေးနိုင်ဖို့မျှော်လင့်မိတယ် ဒီလောက်ဆိုရင် လုံလောက်ပါပြီ..."

    

" ကိုယ့်ကို အဖြေပြန်ပေးဖို့ အတင်းအကြပ်ဖိအားမပေးပါဘူး... ကိုယ် မင်းကို အမြဲတမ်းစောင့်နေမှာပါ... ပြီးတော့ ဘာမှကြောက်စရာလည်း မလိုပါဘူး..."

   


..........


ကျွင်းဟွိုင်လန်၏ ပုံမှန်လုပ်ရိုးလုပ်စဉ်ကိစ္စများက အမြဲတစေ အချိန်အတိအကျဖြစ်သည်။


နောက်‌တစ်နေ့မနက် မျက်လုံးဖွင့်လိုက်ချိန်တွင် ပြတင်းပေါက်မှ နေရောင်ခြည်ဖျော့ဖျော့လေးက လိုက်ကာစကို ကျော်ဖြတ်ပြီး သူ့လက်ပေါ်သို့ ကျရောက်လာသည်။


ကျွင်းဟွိုင်လန်က သူ့လက်ပေါ်တွင် မာတောင့်တောင့်အရာဝတ္ထုငယ်လေးတစ်ခုကိုစမ်းမိ၍ 


က်သည်။


" ကိုယ် ထွက်သွားပြီးရင် ဒီကျောက်စိမ်းပြားကိုယူပြီး ကျန်နေခဲ့တဲ့ ကျင်းယီဝေ့အဖွဲ့ကို အမိန့်ပေးလို့ရတယ်... သွမ့်ရှီးရှီးလည်း ကျန်နေခဲ့မှာပါ... သူက အမှောင်ထဲကနေ တစ်ချိန်လုံးကာကွယ်ပေးနေလိမ့်မယ်... တစ်ခုခုလုပ်စရာရှိရင် သူ့ကိုခေါ်လိုက်လို့ရတယ်..."


ကျွင်းဟွိုင်လန်က ထိုအချိန် သူ့ရင်ထဲတွင် ပရမ်းပတာဖြစ်နေကြောင်းကို မျက်နှာပေါ်တွင် မဖော်ပြမိပေ။ သူ့ရင်ထဲတွင် ရင်ခုန်သံများမြန်ဆန်ကာ မီးလောင်ကျွမ်းထားသကဲ့သို့ဖြစ်နေသော်လည်း အပြင်ပန်းတွင် တည်ကြည်သည့်ပုံစံကို မနည်းထိန်းထားရသည်။


ထိုကျောက်စိမ်းပြားကိုယူထားပြီး စိတ်တည်ငြိမ်အောင် ဖိအားပေးသည့်အနေဖြင့် လက်ထဲတွင် တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။


ယခုချိန်တွင် ရွှယ်ယန်၏နာမည်ရေးထွင်းထားသော ကျောက်စိမ်းပြားလေးက သူ့ခန္ဓာကိုယ်အပူချိန်ကြောင့် နွေးသွားသည်။


၎င်းက အေးစက်စက် စကားလုံးနှစ်လုံးသာဖြစ်သော်လည်း ကျွင်းဟွိုင်လန်အတွက်မူ ယမန်နေ့ညက သူ့ကိုလေးနက်စွာစိုက်ကြည့်ခဲ့သည့် ရွှယ်ယန့်အကြည့်များကို ပြန်တွေးမိသွားစေသည်။


Xxxxxxxx