အခန်း(၄)ကိုယ်ပိုင်နေရာလွတ်(၄)
Viewers 38k

အခန်း(၄) - ကိုယ်ပိုင်နေရာလွတ် (၄)


အအေးမိခြင်း၊ အဖျားတက်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်းနှင့် အခြားအရေးပေါ်အခြေအနေကိစ္စများအတွက် လိုအပ်သည့် ဆေးအချို့ကို ဝယ်ယူခဲ့သည်။ သူမသည် triple sixအမှတ်တံဆိပ် အအေးမိအဖျားပျောက်ဆေးတောင့် ဆယ်ဗူးကိုလည်း ဝယ်ယူခဲ့သည်။


စာရင်းစာရွက်ထဲမှာ မှတ်သားထားတဲ့ ပရုတ်ဆီလိုမျိုး အသုံးများတဲ့ အခြားဆေးဝါးတချို့ကိုလည်း ဝယ်ယူခဲ့ပြန်သည်။


၎င်းတို့အများအပြားသည် အရမ်းစျေးကြီးသဖြင့် ယွမ်တစ်သောင်းနီးပါး ကုန်ကျစေခဲ့သော်လည်း လင်းချင်းဟယ်သည် ဖြစ်လာနိုင်သည့်အဖြစ်အပျက်အတွက် ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်သောကြောင့် ထိုကုန်ကျစရိတ်ကို စိတ်ထဲမထည့်ထားပေ။


ဒါတွေအားလုံးက နေရာအများကြီးမယူဘူး။ လင်းချင်းဟယ်သည် ဆေးပစ္စည်းအများကြီး ဝယ်ယူထားသောကြောင့် ဆေးဆိုင်ကို စက္ကူဂျပ်ဗူးတစ်ခုဖြင့် ထုတ်ပိုးခိုင်းလိုက်သည်။


မီနီဘတ်စ်ပေါ်ကို တင်ပြီးနောက် လင်းချင်းဟယ်သည် စာရင်းစာရွက်ကိုထုတ်ယူကာ “ဆေး” ဟူသော စာသားကို ဖျက်ပစ်လိုက်သည်။


ထို့နောက် သူမသည် လက်ကားစျေးသို့ မောင်းသွဦးကာ လက်ကားမန်နေဂျာက သူမ၏ကျန်ရှိနေသော ဂျုံအိတ် ၅၀ကို ကားထဲသို့ ပို့ဆောင်ပေးရန် တစ်စုံတစ်ဦးကို ခေါ်ခိုင်းခဲ့သည်။


“အကယ်၍ မင်း တစ်ခုခုလိုအပ်နေတာ ရှိသေးရင် ကျွန်တော် အကုန်ပြင်ဆင်ပေးလို့ရတယ်။ မင်း ဒီနေရာကိုပြန်ရောက်တာနဲ့ မင်း ကားပေါ်ကိုတင်ခိုင်းဖို့ တစ်ယောက်ယောက်ကို ခိုင်းလို့ရတယ်။” လက်ကားမန်နေဂျာက ယဥ်ကျေးစွာ ပြောသည်။


လင်းချင်းဟယ်သည် နဂါးလှေပွဲတော်ချိန် နီးလာသဖြင့် ဝန်ထမ်းများအား အကျိုးခံစားခွင့်များ ပေးအပ်သော ကုမ္ပဏီကြီးတစ်ခု၏ အဝယ်တော် ဖြစ်လိမ့်မည်ဟု သူက ယူဆခဲ့သည်။ 


လင်းချင်းဟယ်က သူပြောတာကိုကြားလိုက်ရတော့ စိတ်အားထက်သန်စွာနဲ့ မှတ်စုစာအုပ်ကို ထုတ်ယူလိုက်ပြီး သကြားညို၊ သကြားခဲ၊ ပဲငံပြာရည်၊ ရှာလကာရည်နဲ့ ဆားတို့ကို ချရေးလိုက်သည်။


ထို့နောက် ထိုစာရင်းစာရွက်အား လက်ကားမန်နေဂျာကိုပေး၍ ဂျုံအိတ်များကို လုပ်ငန်းခွင်သို့ ပြန်ပို့ချိန်တွင် ထိုကုန်စည်များအား ဝယ်ယူပြင်ဆင်ခိုင်းသည်။


လက်ကားမန်နေဂျာက ပြဿနာမရှိဘူးလို့ပြောကာ လက်ခံလိုက်သည်။


လင်းချင်းဟယ်သည် လက်ကားစျေးမှ မောင်းထွက်သွားပြီး လမ်းတစ်ဝက်တွင် ဂျုံအိတ်များကို နေရာလွတ်ထဲသို့ ထည့်သွင်းလိုက်သည်။


အခု နေရာလွတ်ထဲမှာ နေရာလွတ်ရဲ့ ခုနစ်ပုံသုံးပုံပဲ ကျန်တော့သည်။ စားနပ်ရိက္ခာ လုံလောက်လုနီးပါး ရှိတယ်လို့ သူမ ခံစားရသည်။


လင်းချင်းဟယ်သည် လမ်းမကြီးပေါ်မှာ ကားရပ်လိုက်ပြီး မှတ်စုစာအုပ်ကိုထုတ်ကာ ဂျုံမှုန့်ကို ဖျက်လိုက်သည်။၊ ထို့နောက် သူမသည် အခြားအရာများကိုကြည့်ရှုကာ တစ်စုံတစ်ရာ လိုအပ်နေသေးခြင်း ရှိမရှိကို စစ်ဆေးကြည့်လိုက်သည်။ လိုအပ်နေတာရှိရင် ဖြည့်စွက်ရမည်။ သူမသည် နေရာလွတ်နယ်မြေအား နေရာပိုရနိုင်မလားဆိုတာကို စစ်ဆေးကြည့်လိုက်သည်။


နာရီဝက်နီးပါးရှိသည့်အချိန်တွင် သူမ ကားကို လက်ကားစျေးသို့ ပြန်မောင်းလာခဲ့သည်။


လက်ကားမန်နေဂျာသည် သကြားညို၊ သကြားခဲ၊ ပဲငံပြာရည်၊ ရှာလကာရည်နှင့် ဆားတို့ကို အဆင်သင့် ပြင်ဆင်ထားပြီးဖြစ်သည်။


သကြားညို ကျင်း၂၀၊ သကြားခဲ ကျင်း၂၀၊ ပဲငံပြာရည် ပုလင်း၂၀၊ ရှာလကာရည် ပုလင်း၅၀နှင့် ဆားအိတ်သေး ၂၅အိတ်ပါ အိတ်ကြီးတစ်အိတ်နှင့် သန့်စင်ထားပြီးသောဆားအိတ်သေးတစ်အိတ်တွင် ၂ကျင်းစီ ပါဝင်လေသည်။


တစ်စုံတစ်ယောက်အား ထိုကုန်စည်များအား သူမ၏ကားထဲသို့ပို့ဆောင်စေပြီးနောက် လင်းချင်းဟယ်သည် ကျသင့်ငွေများကို ရှင်းပေးလိုက်သည်။


“ကျွန်မမှာ အခြားဝယ်စရာတွေ ကျန်သေးတယ်။” လင်းချင်းဟယ်သည် ကျသင့်ငွေရှင်းပြီးနောက် ပြောလိုက်သည်။


“မိန်းကလေး မင်း ဘာပဲဝယ်ချင်ချင် ကျွန်တော့်ကို ပြောနိုင်တယ်။ ကျွန်တော် မိန်းကလေးအတွက် ဝယ်ပေးနိုင်ပါတယ်။” လို့ လက်ကားမန်နေဂျာက ခေါင်းညိတ်ကာ ဆိုလိုက်သည်။


လင်းချင်းဟယ်သည် ထိုသူအား ရှက်ရွံ့မနေပဲ ဤတစ်ကြိမ်တွင် သူမက အမျိုးသမီးလစဥ်သုံးပစ္စည်းများအား မှာယူခဲ့သည်။


သူမသည် ထိုပစ္စည်းများအား ဆယ်ပုံးမှာယူထားခဲ့ပြီး ပြင်ပထုပ်ပိုးမှုများအားဖယ်ရှားရန် တစ်ယောက်ယောက်အားခိုင်းစေပြီးတော့ ၅ပုံးအဖြစ်လုပ်ပေးရန် လက်ကားမန်နေဂျာအား တောင်းဆိုခဲ့သည်။


အဘယ်ကြောင့်ဆိုသော် နေရာလွတ်ရဲ့ လက်ကျန်နေရာကို သက်သာစေလိုခြင်းအတွက်ကြောင့်ဖြစ်လေသည်။ ဤပစ္စည်းငါးပုံးနှင့် သကြားညို၊ သကြားဖြူနှင့် အခြားပစ္စည်းများနှင့်အတူ နေရာလွတ်ထဲသို့ ထည့်သွင်းအပြီးတွင် နေရာလွတ် ခုနစ်ပုံနှစ်ပုံသာ ကျန်ရှိတော့သည်။


ဒီပစ္စည်းတွေက အတော်လေးများလွန်းပြီး လင်းချင်းဟယ်သည် လက်ရှိထောက်ပံ့ရေးပစ္စည်းများ ပြတ်လပ်နေတာမဟုတ်ပေမယ့် ဒီပစ္စည်းတွေက တကယ့်မရှိမဖြစ်လို့ ခံစားရသည်။


နေရာလွတ်ထဲတွင် ပစ္စည်းအများအပြား သိမ်းဆည်းထားပြီး ဆိုးရွားလှသောအခြေအနေတွင် ယာယီတည်ငြိမ်စေရန် လုံလောက်သောကြောင့် သူမ အမှန်တကယ် ကူးပြောင်းခဲ့ပါက အဆင်ပြေပြေ အသက်ရှင်နိုင်မည်မဟုတ်ကြောင်း သူမ မယုံကြည်ခဲ့ပေ။


ဒါ့ကြောင့် အခုအချိန်မှာ သူမစဥ်းစားကြည့်ရမယ့်အရာက ကိုယ်ရေးကိုယ်တာပြဿနာတွေသာ ဖြစ်သင့်တယ်။


လင်းချင်းဟယ်သည် လက်ကားမန်နေဂျာ၏ စိတ်ရှုပ်ထွေးနေသည့်အကြည့်ကို လျစ်လျူရှုကာ မီနီဘတ်စ်ပေါ်သို့ တစ်ယောက်ယောက်အား တင်ခိုင်းလိုက်သည်။ ထို့နောက် သူမသည် လက်ကားမန်နေဂျာနှင့်အတူ ဆက်လက်စျေးဝယ်ခဲ့သည်။

လင်းချင်းဟယ်သည် ရှေးခေတ် အိုးခွက်ပန်းကန်များအပြင် တစ်ရှုးသေတ္တာကြီးနှစ်ခုကိုပါဝယ်ယူသည်။


သွားတိုက်တံ၊ သွားတိုက်ဆေး၊ ရေချိုးဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ မျက်နှာသုတ်ပဝါ၊ ဆပ်ပြာ၊ အစိုဓာတ်ထိန်းခရင်မ် အစရှိသည်တို့ကို‌ မေ့ထားလို့လည်းမရပါဘူး။


လင်းချင်းဟယ်သည် စူပါမားကတ်တွင် ရှေးခေတ်ဒယ်အိုးများနှင့် ဒယ်စောက်များကိုပင် တွေ့မြင်ခဲ့ရသည်။ လင်းချင်းဟယ်သည် တစ်မျိုးကို နှစ်ခုစီဝယ်ယူခဲ့သည်။ အဲ့တာတွေအပြင် ရှေးခေတ်အသားငါးခုတ်ဓားမကြီးများကိုပါ ဝယ်ယူခဲ့ပြန်သည်။


လက်ကားမန်နေဂျာက ထိုပစ္စည်းတို့ကို ဖောက်သည်အမျိုးသမီးက သူမအိမ်အတွက် ဝယ်ယူတာမျိုးလည်း ဖြစ်နိုင်သည့်အတွက်ကြောင့် သူက အခြားစပ်စုတာမျိုး မရှိပေ။


ဖောက်သည်က ဘာပဲလိုချင်လိုချင် သူတို့က ရှာဖွေပေးလိုက်ရုံပါပဲ။ ဒီလိုဖောက်သည်မျိုးကိုတော့ တစ်ခါမှ မတွေ့ဖူးဘူး။


လင်းချင်းဟယ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ “ဒီပစ္စည်းတွေကို ကျွန်မကို စျေးလျော့ပေးဦးနော်။ ကျွန်မ ရှင့်ဆီကနေ အများကြီး ဝယ်ခဲ့တယ်လေ။”


“ဒါပေါ့ စျေးလျော့ပေးရမှာပေါ့။” လက်ကားမန်နေဂျာက အနည်းငယ်ပြုံးပြရင်း ထိုသို့စကားဆိုလိုက်သည်။


“ဒီဂွမ်းစောင်က ဘယ်လောက်လေးလဲ။ ဒါကို ဘယ်စျေးနဲ့ရောင်းတာလဲ။” လင်းချင်းဟယ်သည် အဝတ်အစားများရောင်းချသည့်အပိုင်းသို့ ရောက်ရှိသွားပြီး ထုပ်ပိုးထားတဲ့ စင်ပေါ်ကအိတ်များကို တိုက်ရိုက်ညွှန်ပြရင်း မေးမြန်းလိုက်သည်။


“ဒါက ငါးကျင်းလောက်လေးတယ်။ အကယ်၍ မိန်းကလေးဝယ်ချင်တယ်ဆိုရင် စျေးလျော့ပေးမယ်။ တစ်ထည်ကို သုံးရာ့ရှစ်ယွမ် လက်ကားစျေးအတိုင်းပဲပေးပါ။” ဟု လက်ကားမန်နေဂျာက ပြောလိုက်သည်။


“ငါးကျင်းပဲလား။ ဒါက မလုံလောက်ဘူး။ ကျွန်မကို နောက်တစ်ထည်ထပ်ပေး။ မဟုတ်ဘူး။ ကျွန်မကို ခုနစ်ကျင်းရှိတဲ့ စောင်နှစ်ထည်ပေးပါ။” လို့ လင်းချင်းဟယ်က တစ်ချက်ကြည့်လိုက်ပြီး ပြတ်သားစွာ ပြောလိုက်သည်။


လက်ကားစျေးမန်နေဂျာက နှစ်ယောက်အိပ်ကုတင်အတွက် အသုံးပြုနိုင်သော ခုနစ်ကျင်း စောင်နှစ်ထည်ကို အမြန်စီစဥ်ပေးလိုက်သည်။


လင်းချင်းဟယ်သည် ဂွမ်းစောင်က အပြင်လွှာကိုချွတ်၍ လျှော်ဖွတ်သန့်စင်နိုင်တာကို တွေ့လိုက်ရသောကြောင့် တစ်ချက်ကြည့်လိုက်ပြီး ကျေနပ်သွားခဲ့သည်။


သူမသည် မွေ့ယာကို ခေတ္တကြည့်ရှုပြီး သိုးမွှေးမွေ့ယာနှစ်ခု မှာယူခဲ့ရာ နှစ်ခုစလုံးသည် မီးခိုးရောင်ဖြစ်နေသည်။ သူတို့ကိုကြည့်ရသည်မှာ အရမ်းဟောင်းနွမ်းနေပုံပေါ်ပေမယ့် အရည်အသွေးက တကယ်ကောင်းပြီး စျေးနှုန်းကလည်း မသက်သာပါဘူး။ လက်ကားမန်နေဂျာက လူလတ်ပိုင်းနဲ့ သက်ကြီးရွယ်အိုများအတွက် ပစ်မှတ်ထားပြီး ရောင်းချဖို့အတွက် ပြုလုပ်ထားတာဖြစ်တယ်လို့ ရှင်းပြသည်။


လင်းချင်းဟယ်သည် ဒါက သူမလိုချင်သည့်အရာ အတိအကျပဲလို့ ပြောလိုက်သည်။


“ဒီနေ့ အသီးအနှံစျေးမှာ သစ်သီးတွေ အသစ်ဝင်လာတာရှတယ်။ မိန်းက‌လေး သွားကြည့်ချင်လား။” လက်ကားစျေးမန်နေဂျာက လင်းချင်းဟယ် စျေးဝယ်ယူခြင်းပြီးစီးလုနီးပါးဖြစ်ပုံရချိန်တွင် ယဥ်ကျေးစွာ ပြောခဲ့သည်။


မူလက လင်းချင်းဟယ်သည် ထွက်သွားချင်ပေမယ့် သူပြောပြီးနောက် သူမဟာ နေရာလွတ်နယ်မြေကို စစ်ဆေးကြည့်ရှုခဲ့သည်။ လောလောဆယ်တွင် နေရာလွတ်မှာ ခုနစ်ပုံတစ်ပုံ နေရာကျန်နေသေးသည်။ မှာယူထားသော ပေါက်စီတွေကို ထည့်သိမ်းရန်လုံလောက်သော်လည်း အိတ်ထဲတွင် ထည့်သိမ်းထားမယ်ဆိုရင် နေရာအနည်းငယ် ရနိုင်သေးသည်။


စုဆောင်းငွေ ယွမ်တစ်သောင်းကျော်ကျန်နေသေးသဖြင့် လင်းချင်းဟယ်သည် သစ်သီးဝလံစျေးသို့ ရောက်လာခဲ့သည်။ အဆုံးတွင် သူမသည် စပျစ်သီး တစ်သေတ္တာ၊ သစ်တော်သီး တစ်သေတ္တာနှင့် ပန်းသီး နှစ်သေတ္တာ ဝယ်ယူခဲ့သည်။


ကျသင့်ငွေရှင်းပြီးသောအခါ လင်းချင်းဟယ်သည် ကုန်စည်အားလုံးတင်ဆောင်ပြီး မောင်းထွက်သွားခဲ့သည်။ ကားတစ်စီးလုံးမှာ ကုန်စည်အပြည့်တင်ဆောင်ထားသည်။ သူမသည် ကုန်ပစ္စည်းအားလုံးကို လမ်းတစ်ဝက်တွင် နေရာလွတ်ထဲသို့ ပြောင်းရွှေ့ထည့်သွားလိုက်သည်။


ထိုပြဿနာများကို ဖြေရှင်းပြီးနောက် လင်းချင်းဟယ်သည် သက်ပြင်းမောကိုချလိုက်မိသည်။


အခု ဒီကုန်စည်များကို စုဆောင်းပြီးဖြစ်၍ မတော်တဆ ရှေးခေတ်သို့ ကူးပြောင်းသွားခဲ့မယ်ဆိုရင်တောင် သူမ အချိန်အတိုင်းအတာတစ်ခုအထိ စိုးရိမ်ပူပန်စရာ မလိုတော့ဘူး။


ဆယ်စတုရန်းမီတာက ကြီးမားကျယ်ပြန့်လွန်းသော်လည်း အစမှအဆုံးအထိ အရာများစွာကို ထည့်သွင်းထားသောကြောင့် သူမလက်ဖဝါးရှိနေရာလွတ်သည် နေရာအများကြီး မကျန်ရှိတော့ပေ။ နောက်ဆုံး ပေါက်စီငါးရာထည့်သွင်းဖို့အတွက် သီးသန့်နေရာတစ်ခုပဲ ကျန်တော့သည်။


ပြီးတော့ ထိုပေါက်စီများကို အိတ်များဖြင့် ထည့်သွင်းရပေလိမ့်မည်။ ဖော့ဗူးများဖြင့် သိမ်းဆည်းမည်ဆိုလျှင် နေရာလွတ်မှာ အံဝင်ဆန့်နိုင်တော့မည် မဟုတ်ပေ။


တစ်နေကုန် အပြင်ဖက်မှာ အလုပ်ရှုပ်ပြီးနောက် လင်းချင်းဟယ်သည် နေရာလွတ်ထဲမှ ပေါက်စီတစ်လုံးကို ထုတ်ယူကာ ရေဖြင့်မျောချစားသောက်လိုက်လေသည်။


လင်းချင်းဟယ်သည် ညနေ ၆နာရီခွဲမှာ အိမ်ပြန်ရောက်တယ်။


နေ့တာဟာရှည်လျားပြီး ပင်ပန်းနွမ်းနယ်စွာ လုပ်ကိုင်ပြီးနောက် သူမ၏အသုံးစရိတ်သည် အားလုံးဝယ်ယူသုံးစွဲအပြီးတွင် ယွမ်ထောင်ဂဏန်းအထိ ထိုးကျသွားသည်။ သို့သော်လည်း သူမသည် နောက်ထပ်သုံးစွဲရန် အစီအစဥ်မရှိတော့ပေ။ နေရာလွတ်မှာ နေရာမကျန်တော့သောကြောင့်လို့ မထင်ပါနဲ့။ ထိုအရေးကိစ္စဟာ အချိန်မရွေးဖြစ်သွားနိုင်တဲ့ကိစ္စ ဟုတ်မဟုတ် မသေချာပေ။ ပြီးရင် သူမ လက်ဗလာဖြစ်သွားလိမ့်မယ်။


သို့သော်လည်း များစွာသောအရာများကို ပြင်ဆင်နေရာချပြီးနောက် လင်းချင်းဟယ်သည် မောပန်းပြီး မလှုပ်မရှားချင် ဖြစ်သွားမိသည်။ သူမသည် ရေချိုးပြီးရင်အိပ်ဖို့ စီစဥ်ထားလေသည်။


ဒီပြင်ဆင်မှုတွေက လုံလောက်လား မလုံလောက်ဘူးဆိုတာ သူမ မသိပေမယ့် အကောင်းဆုံးဖြစ်အောင်တော့ ပြင်ဆင်ထားပါသည်။ ယခု သူမ၏ တစ်ခုတည်းသောဆုတောင်းမှာ ထိုနေရာသည် ကမ္ဘာပျက်ကပ်လို ဆိုးရွားသည့်နေရာမဟုတ်ရန် မျှော်လင့်မိသည့် ဆုတောင်းပင်ဖြစ်သည်။


သူမသည် လူကြိုက်များသော အမျိုးသားကမ္ဘာပျက်ကပ်ဝတ္ထုများကို ဖတ်ရှုဖူးသည်။ အမျိုးသားဇာတ်လိုက်သည် သတိပေးခြင်းမရှိပဲ နေရာလွတ်တစ်ခုကိုရရှိခဲ့သော်လည်း ကမ္ဘာပျက်ကပ်မှာကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များဟာ အန္တရာယ်များလွန်းသည်...


ရောက်တတ်ရာရာအတွေးများနှင့်အတူ လင်းချင်းဟယ်က အိပ်ပျော်သွားပေမယ့် သူမ တစ်ကြိမ်တစ်ခါအိပ်ပျော်သွားမိတာနဲ့ လွန်ခဲ့သည့် အနှစ်ခြောက်ဆယ်ကျော်အချိန်အထိ အိပ်ပျော်သွားလိမ့်မယ်လို့ သူမ မထင်ထားမိဘူး...