အခန်း(၅)ဗိလိန်သားသုံးရောက်
Viewers 43k

အခန်း(၅) - ဗီလိန်သားသုံးယောက်


“အမေ သားဗိုက်ဆာတယ်”


ရင်းနှီးသောစကားစုကြောင့် လင်းချင်ဟယ်သည် ကြောင်အသွားရာမှ အဝတ်အစားများစုတ်ပြဲနေသောကလေးလက်ထဲမှ သူမအင်္ကျီအနားစကိုဆွဲထုတ်လိုက်သည်။


လင်းချင်းဟယ်သည် ရှုပ်ထွေးနေသောအကြည့်များဖြင့် မျောက်ကလေးကဲ့သို့ ပိန်ပါးနေသောကလေးငယ်အားကြည့်ကာ တိတ်ဆိတ်သွားပြန်သည်။


သူမသည် ဤကဲ့သို့ကူးပြောင်းလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကာ အရင်က သူမဖတ်ခဲ့ဖူးသောဝတ္ထုဇာတ်လမ်းတစ်ခုထဲသို့ ကူးပြောင်းသွားလိမ့်မည်လို့ ပို၍ပင် မမျှော်လင့်ထားခဲ့ပေ။


မူလခန္ဓာကိုယ်ပိုင်ရှင်၏မှတ်ဥာဏ်များကို လက်ခံရရှိပြီးနောက် သူမ အသိဝင်လာခဲ့သည်။


ဒီဝတ္ထုဇာတ်လမ်းကို သူမကြိုက်နှစ်သက်ရဆုံးဖြစ်ရတဲ့အချက်ကတော့ ဇာတ်လမ်းထဲက ဗီလိန်သုံးယောက်ဖြစ်တဲ့ ကျိုးခိုင်၊ ကျိုးရွှမ်နဲ့ ကျိုးကွေ့လိုင်တို့ကြောင့်ပါပဲ။


သူတို့ညီအစ်ကိုသုံးယောက်မှာ အကြီးဆုံးက ကျိုးခိုင်၊ ဒုတိယက ကျိုးရွှမ်၊ တတိယက ကျိုးကွေ့လိုင်တို့ပင်ဖြစ်သည်။


ထိုကောင်လေးများ၏နာမည်များသည် ရှေ့တန်းစစ်မြေပြင်တွင် တာဝန်ထမ်းဆောင်နေရသော သူတို့ဖခင်အား အောင်ပွဲခံပြီး စောစီးစွာပြန်လာနိုင်စေလိုသည့်ဆန္ဒဖြင့် မှည့်စေခဲ့တာဖြစ်သည်။


ဒါပေမယ့် ထိုနာမည်များက အသုံးမဝင်ခဲ့ပါဘူး။ သူတို့ရဲ့ဖခင်က အောင်ပွဲမခံနိုင်ပဲ လမ်းတစ်ဝက်မှာတင် အငြိမ်းစားယူခဲ့ရသည်။


ဒါဟာ သူတို့မိသားစုအတွက် ဆိုးရွားတဲ့ထိုးနှက်ချက်ပါပဲ။


ဒီဗီလိန်သုံးယောက်၏မိခင်သည် ရွာပန်းပွင့်များထဲမှ အလှဆုံးမိန်းကလေးဖြစ်သည့် မူလခန္ဓာကိုယ်ပိုင်ရှင်သည် ဗီလိန်လေးများ၏ဖခင်ဖြစ်သူနှင့်သာ အိမ်ထောင်ပြုလိုသည့် ရည်ရွယ်ချက်ရှိခဲ့သည်။ တစ်နေ့တွင် သူမသည် စစ်သားတစ်ယောက်၏ တရားဝင်ဇနီးမယားဖြစ်ချင်ခဲ့သည်။


ငယ်ရွယ်စဥ်ကတည်းက သူမသည် သစ်ကိုင်းတစ်ခုကနေပျံသန်းပြီးတော့ ဖီးနစ်ငှက်အဖြစ်ပြောင်းလဲဖို့ စိတ်ကူးယဥ်ခဲ့တယ်။


ထိုရည်ရွယ်ချက်အတွက် မူလပိုင်ရှင်သည် ဗီလိန်လေးများ၏ဖခင်နှင့် ပြတ်ပြတ်သားသား လက်ထပ်ထိမ်းမြားခဲ့ပြီး မိဘအိမ်သို့ပြန်သွားရင်တောင် ထိုင်ခုံမပူခင် ပြန်လာခဲ့ပြီး တစ်နှစ်ပတ်လုံး အိမ်တွင်အမြဲမရှိသော ဗီလိန်လေးများ၏ဖခင်နှင့်ပြတ်ပြတ်သားသား လက်ထပ်ခဲ့သည်။ ချစ်ခြင်းမေတ္တာကြောင့်မဟုတ်သော်လည်း သူမသည် အနည်းငယ်သော စိတ်ရှည်သည်းခံမှုဖြင့် သည်းခံခဲ့သည်။


ဒါပေမယ့်လည်း သည်းခံနိုင်မှုဟာ အတိုင်းအတာတစ်ခုတော့ ကန့်သတ်ထားပါသည်။ သူမထံမှ နွေးထွေးမှုနှင့် ကြင်နာမှုတို့ကို ရယူနိုင်ရန် မစဥ်းစားထားပါနှင့်။


ရွာပန်းပွင့်လေးအနေနှင့် မူလပိုင်ရှင်ဟာ ငယ်ငယ်ကတည်းကလှပပြီး ဂုဏ်ယူစရာကောင်းတဲ့ နှလုံးသားတစ်စုံကိုလည်း ပိုင်ဆိုင်ထားခဲ့သည်။ အခြားသူများကသာ သူမကို အလိုလိုက်အကြိုက်ဆောင်နိုင်ရမည်။ သူမက ဘယ်လိုမျိုးနှိမ့်ချပြီးတော့ အခြားသူတွေနဲ့ သဘောကောင်းနိုင်မလဲ။


သို့သော်လည်း ဗီလိန်လေးများ၏ဖခင်သည် လတိုင်းငွေပြန်ပို့သောကြောင့် မူလပိုင်ရှင်သည် ယဥ်ကျေးသိမ်မွေ့ပြီး လိုက်လျောညီထွေဖြစ်အောင် ဟန်ဆောင်ကာ သူ့ကိုနှစ်သက်ခြင်း မရှိသော်လည်း သူတို့မှာ သားသုံးယောက်ရှိလေသည်။


သို့သော် ဗီလိန်လေးများ၏ဖခင် အနားယူလိုက်သည့်တိုင် ဒီလိုအခြေအနေမှာပင် ရှိနေခဲ့သည်။


ဗီလိန်လေးများ၏ဖခင်ဟာ ဒဏ်ရာအကြီးအကျယ် ရရှိခဲ့သောကြောင့် စစ်တပ်မှ အနားယူခဲ့ရသည်။


သို့သော် မည်သည့်အကြောင်းကြောင့်ပင်ဖြစ်ပါစေ မူလခန္ဓာကိုယ်ပိုင်ရှင်၏ စစ်သည်တော်တစ်ယောက်၏တရားဝင်ဇနီးဖြစ်လိုသောအိမ်မက်သည် ပျက်ပြားသွားခဲ့ပြီး နောက်လတွင် ပုံမှန်လစာ ယွမ်တစ်ဒါဇင်လည်း မရှိတော့ပေ။ ထို့အပြင် ဗီလိန်လေးများ၏ဖခင်သည် စဥ်းစားတွေးခေါ်နိုင်စွမ်းမရှိသည့်အပြင် သာယာပြေပြစ်သောစကားများကိုလည်း မည်သို့ပြောဆိုရမည်ကို မသိပေ။ ချစ်စကား ကြိုက်စကား ပြောတတ်ဖို့ဆို ပို၍ပင်ဝေးရောပေါ့။


ထိုးနှက်ခံလိုက်ရတဲ့ မူလပိုင်ရှင်က ဒီလိုဘဝမျိုးကို မည်ကဲ့သို့ ခံနိုင်ရည်ရှိနိုင်မလဲ။


တစ်မိုးအောက်တွင် အတူနေထိုင်ရင်း မူလပိုင်ရှင်၏မကျေနပ်မှုများသည် ပိုမိုနက်ရှိုင်းလာပြီး သူမသည် ဒေါသပိုပိုကြီးလာခဲ့သည်။ သူမ စိတ်ဆိုးဒေါသထွက်နေချိန်တွင် သားသုံးယောက်ကို ရိုက်ပုတ် ဆူပူကြိမ်းမောင်းကာ အငတ်ထားလေ့ရှိသည်။


အိမ်တွင်းအကြမ်းဖက်ခံရသည့် ပတ်ဝန်းကျင်မျိုးတွင် ကြီးပြင်းလာခဲ့ရသည့် သားသုံးယောက်သည် အရည်အချင်းမရှိသော်လည်း အလွန်ဆိုးရွားလှသည်တော့ မဟုတ်ပေ။


စစ်မှန်တဲ့ကျားတစ်ကောင်ဖြစ်တဲ့ မူလခန္ဓာပိုင်ရှင်သည် အဆင့်၁၈ဆင့်ရှိသည့် အမြောက်စာဇာတ်ကောင်ဖြစ်သောကြောင့် ၁၉၇၇ခုနှစ် ကောလိပ်ဝင်ခွင့်စာမေးပွဲများ ပြန်လည်ကျင်းပထူထောင်ချိန်၌ ပညာတတ်မြို့ပြလူငယ်လေးတစ်ယောက်နှင့် ထွက်ပြေးသွားခဲ့သည်။ ကောလိပ်စာမေးပွဲအောင်မြင်ပြီးနောက် မြို့သို့ပြန်သွားခဲ့သည်။ 


ထိုသို့ပြောထားပြီးနောက် စာရေးသူ၏ကလောင်အောက်တွင် စာကြောင်းအနည်းငယ်မျှသာ ဖော်ပြထားသည့် အဆင့်၁၈ဆင့် အမြောက်စာဇာတ်ကောင် မူလခန္ဓာပိုင်ရှင်၏အသွင်အပြင်ကို ရေးသားထားသည်။


စာရေးသူက သူမအသွင်အပြင်ကို သေသေချာချာရေးသားထားပြီး သူမဟာ မျက်လုံးဆို မျက်လုံး၊ နှာခေါင်းဆို နှာခေါင်း ကြည့်ကောင်းလှပလွန်းသူဖြစ်သည်။ သူမသည် ငယ်ရွယ်စဥ်ကနေ အသက်ကြီးလာသည်အထိ သူမဇာတိရွာ၏အချောဆုံးဖြစ်ပြီး ရွာပန်းပွင့်လေးအဖြစ်တင်စားဖို့ ထိုက်တန်လွန်းပါသည်။


ဗီလိန်လေးများ၏ဖခင်က အနားယူပြီး လစဥ်ထောက်ပံ့ကြေး မရတော့တာတောင်မှ သူမသည် ရွာလယ်ကွင်းထဲသို့ ဘယ်တော့မှမဆင်းပဲ စကားအပြောအဆိုမကောင်းတဲ့ ဗီလိန်လေးများ၏ဖခင်နှင့် သားသုံးယောက်တို့က သူမကို ထောက်ပံ့ပေးဖို့ကိုသာ မျှော်လင့်သည်။ သူမသည် မိသားစုတစ်ခုလုံး၏ အသက်သွေးကြောကို သူမအတွက်သာ ဖြည့်ဆည်းလေသည်။


ဗီလိန်လေးများ၏ဖခင်နှင့် သားသုံးယောက်အတွက်ကို သူမ ထည့်စဥ်းစားတွေးတောခြင်းမရှိပေ။ သူမအတွက်ကတော့ နှစ်ဝက်လျှင် အဝတ်အစားအသစ်နှစ်စုံနှင့် သူမ အမြဲလိမ်းခြယ်ဖို့ မျက်နှာလိမ်းခရင်မ်နှင့် စနိုးတို့ကို ဝယ်ယူဖို့ အမြဲကြိုးပမ်းသည်။


ထို့အပြင် သူမသည် လေထဲ မိုးထဲ အပြင်သို့ထွက်ရန် မလိုအပ်ပေ။ ထို့ကြောင့် အသက် ၃၁နှစ်အရွယ်သို့ရောက်သည့်အချိန်တွင်ပင် မူလခန္ဓာပိုင်ရှင်သည် ၂၅အရွယ်လောက်သာ ထင်ရပြီး ရှိရင်းစွဲအသက်ထက် များစွာငယ်ပုံပေါ်သည်။


သူမဟာ ဝတ်တတ်စားတတ် လိမ်းခြယ်တတ်သောကြောင့် အသက်၃၁နှစ်ဆိုရင်တောင် သူမဟာ လှပချောမောနေတုန်းပါပဲ။


သူမသည် ကျေးလက်ဒေသရှိ ပညာတတ်လူငယ်လေးနှင့် လျှို့ဝှက်ချိန်းတွေ့ခဲ့သည်။ ‌ထိုလူငယ်လေးသည် နောက်ိပုင်းတွင် ကောလိပ်ဝင်ခွင့်စာမေးပွဲများဖြေဆိုခွင့်ကို ပြန်လည်စတင်ခဲ့သည့်အချိန်က ပညာတတ်အဖွဲ့တွင် ပါဝင်နိုင်ခဲ့သည်။ ဒီအချိန်မှာ မူလခန္ဓာပိုင်ရှင်က ဆက်လက်သည်းမခံနိုင်ပေ။ သူ့ရဲ့တိုက်တွန်းမှုအောက်တွင် သူမဟာ မိသားစုရဲ့ပိုက်ဆံအားလုံးကို ယူသွားပြီး သူနဲ့အတူ ထွက်ပြေးသွားခဲ့သည်။


ဗီလိန်သုံးယောက်ဖြစ်တဲ့ ကျိုးခိုင်၊ ကျိုးရွှမ် နှင့် ကျိုးကွေ့လိုင်တို့၏ နောက်ခံအကြောင်း စာရေးသူ၏ ဖော်ပြချက်သည် ထိုနေရာတွင် မရပ်တန့်သွားပါ။ နောက်ပိုင်းတွင် မူလခန္ဓာပိုင်ရှင်၏ ကြေကွဲဝမ်းနည်းဖွယ်ရာ အဆုံးသတ်ကို ရေးသားဖော်ပြထားခဲ့သည်။ သူမသည် ပညာတတ်လူငယ်လေး၏ စွန့်ပစ်ခြင်းကို ခံခဲ့ရပြီး သူမ၏ငွေများအားလုံး အလိမ်ခံရကာ နောက်ဆုံးတွင် ‌ရေခြားမြေခြားတွင် သေဆုံးသွားခဲ့ရသည်။


ပြီးတော့ သူမရဲ့ဗီလိန်သားသုံးယောက်က သူတို့ကိုယ်သူတို့ မရဏကမ္ဘာလို့ အမည်ခေါ်ဆိုခဲ့သည်။ ဒါပေမယ့် ဗီလိန်လေးများ၏ဖခင်အပါအဝင် သူတို့၏အဆုံးသတ်များသည်လည်း ခြွင်းချက်မရှိ ဆိုးဝါးခဲ့သည်။


ဗီလိန်လေးများ၏ဖခင်ကို ထိုဝတ္ထုဇာတ်လမ်းထဲတွင် ထပ်မံဖော်ပြသည့်အချိန်ဝယ် သူသည် အသက်ငါးဆယ်ကျော်နေပြီဖြစ်သည်။ သူ့သားအကြီးဆုံးသည် လူများစွာနှင့် ရန်ဖြစ်ရင်း သူ့ဖခင်ထံသို့ ပြေးသွားခဲ့သော်လည်း တစ်ဖက်ကလူတွေ ပိုပိုများလာတဲ့အခါ သူတို့ရှုံးနိမ့်သွားကြသည်။


ဗီလိန်လေးများ၏ဖခင်သည် တိုက်ခိုက်ရေးကျွမ်းကျင်ပေမယ့် အရင်တုန်းက ရရှိခဲ့သည့် ဒဏ်ရာဟောင်းတွေကြောင့် မသက်သာလှပါ။ တစ်ခါတစ်ရံတွင် ထိုဒဏ်ရာဟောင်းများ ပြန်လည်ထကြွတတ်ပြီး ထိုအချိန်တုန်းကလို လမ်းလျှောက်ဖို့ပင် ခက်ခဲလာသည်အထိ ဖြစ်တတ်သည်။ ဒါ့ကြောင့် သူက အသက် ၂၀ ၃၀ ဝန်းကျင် လူငယ်လေးတွေနဲ့ ဘယ်လို ရန်ပွဲဖြစ်နိုင်မှာလဲ။


ထိုရန်ပွဲအတွင်း အချိန်ခဏလေးအတွင်းမှာပင် ဓားဖြင့် အထိုးခံခဲ့ရသည်။ သူ့သားကြီး ကျိုးခိုင်ကငိုကြွေးပြီးတော့ သူ့ကို ဆေးခန်းသို့မပို့နိုင်ခင်မှာ သူ သေဆုံးသွားခဲ့ရသည်။


ဗီလိန်လေးများ၏ဖခင်က သူတို့လေးများအတွက် အကောင်းဆုံး ထိန်းသိမ်းနိုင်သူတစ်ယောက်ဖြစ်ပြီး သူသေဆုံးသွားသောအခါ ဗီလိန်သားသုံးယောက်တို့၏ နောက်ပြန်လှည့်ဖို့ အခွင့်အရေးအားလုံးကို ဖြတ်တောက်လိုက်သလိုဖြစ်သွားခဲ့လေသည်။


နောက်ပိုင်းတွင် သူတို့ရဲ့မြေအောက်လောကတိုက်ပွဲများအကြား ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြသည်။ ကျိုးအစ်ကိုကြီးနှင့် ဒုတိယကျိုးအစ်ကိုတို့သည် ရဲသားအမျိုးသားဇာတ်လိုက်နှင့် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး အငယ်ဆုံးညီဖြစ်သူမှာ အမျိုးသားဇာတ်လိုက်၏ ကြင်နာနူးညံ့သိမ်မွေ့သည့် ချစ်သူမိန်းကလေးကို ချစ်မြတ်နိုးမိခဲ့သည်။


စာရေးသူရဲ့ ပထမဆုံးရေးသားချက်အရ ဗီလိန်ညီအစ်ကိုသုံးယောက်က အမျိုးသမီးဇာတ်လိုက်ကို အသုံးချပြီး အမျိုသားဇာတ်လိုက်ကိုသတ်ဖို့ ကြံစည်ခဲ့တာလို့ ရေးသားခဲ့သည်။ ကျိုးလောင်စန်းက ဥာဏ်ရည်မမှီဟန်ဆောင်ကာ အမျိုးသမီးဇာတ်လိုက်ထံ ချဥ်းကပ်ကာ အမျိုးသမီးဇာတ်လိုက်မှ ပြုစုစောင့်ရှောက်ရန် အိမ်သို့ခေါ်ဆောင်သွားခဲ့သည်။ အဆုံးတွင် သူမကို အသုံးချဖို့မပြုလုပ်တော့ပဲ သူမ၏ ကြင်နာမှုနှင် အပြစ်ကင်းစင်မှုတို့က သူ့ကိုဆွဲဆောင်သွားခဲ့သည်။


ကျိုးလောင်စန်းက အချစ်မှာပျော်ဝင်သွားပြီး သူ့ကိုယ်သူ ရုန်းမထွက်နိုင်တော့ဘူး။


ကျိုးလောင်စန်းသည် အမျိုးသမီးဇာတ်လိုက်နှင့် ပတ်သက်ဆက်နွယ်မှုများစွာရှိခဲ့သည်။ စာဖတ်သူတစ်ယောက်အနေဖြင့် လင်းချင်းဟယ်သည် ထိုအချိန်ကို ဒေါနှင့်မောနှင့် ဆဲရေးချင်မိသည်။


စာရေးသူ၏ကလောင်အောက်တွင် မင်းသမီးက ကျိုးလောင်စန်းကို အရူးအမူး ချစ်မြတ်နိုးတယ်လို့ လုံးဝမခံစားခဲ့ရပေ။


ကျိုးလောင်စန်းသည် အလွန်ယောကျာ်းပီသပြီး ချောမောခန့်ညားသော အမျိုးသားတစ်ဦးဖြစ်ကာ အထူးသဖြင့် ပျိုတိုင်းကြိုက်နှင်းဆီခိုင်ဖြစ်ပြီး စကားပြောပြေပြစ်သူဖြစ်သည်။


တကယ်တော့ ဗီလိန်သုံးယောက်ရဲ့ပုံပန်းသွင်ပြင်ဟာ စာရေးသူရဲ့ရေးသားချက်အရ ထိပ်တန်းအရည်အသွေးတွေပင်။ အမျိုးသားဇာတ်လိုက်နှင့် နှိုင်းယှဥ်နိုင်သည်။ ပြီးတော့ သူသာကြည့်မကောင်းပဲ ဥာဏ်ရည်မမှီတဲ့အပြင် ရုပ်ဆိုးပန်းဆိုးသာဆိုရင် အမျိုးသမီးဇာတ်လိုက်က သူမအိမ်သို့ခေါ်သွားမှာ မဟုတ်ဘူး။


အကြောင်းအရာအသေးစိတ်ကိုတော့ ပြန်မပြောတော့ဘူး။ အဆုံးမှာတော့ ဒီလိုကြင်နာနွေးထွေးတဲ့ အမျိုးသမီးဇာတ်လိုက်ကြောင့် ကျိုးလောင်စန်းနှင့် သူ့အစ်ကိုကြီး ဒုတိယအစ်ကိုတို့ပါ အပြစ်ဒဏ်ခံခဲ့ရသည်။


အယူခံဝင်ခွင့်မရှိ သေနတ်ဖြင့် သေဒဏ်စီရင်ခြင်း ခံခဲ့ရသည်။


ဇာတ်လမ်းအစမှအဆုံး ဒီဝတ္ထုသည် အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်တို့၏ အချစ်လမ်းခရီးအတွက် အုတ်မြစ်ချထားခဲ့သည်။ အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်တို့၏ ချစ်ခြင်းမေတ္တာနှင့် သန့်ရှင်းစင်ကြယ်မှုတို့ကို ဖော်ပြနိုင်ရန် အခြားသူများ၏ ကံဆိုးမှုများကို အသုံးချထားသည်။


“မေမေ ချက်ပြုတ်ပြီးပြီလား။ သားဗိုက်ဆာလွန်းလို့ သေတော့မယ်။”


လင်းချင်းဟယ်သည် သူမ ဖတ်ခဲ့ဖူးသော ဇာတ်လမ်းဇာတ်ကွက်ထဲတွင် အတွေးတွေနစ်မြှုပ်နေချိန်တွင် အပြင်ကနေ လုံးဝညစ်ပတ်ပေရေနေသော ကလေးတစ်ယောက် ဝင်လာခဲ့သည်။


လင်းချင်းဟယ်သည် ကျိုးခိုင်(ကျိုးလောင်တ)ကို မြင်လိုက်ရတော့ သူမဂါဝန်အား ဆွဲကိုင်ထားပြီး အစားအစာအကြောင်းမေးကာ သူမကိုစိုက်ကြည့်နေတဲ့ ကျိုးလောင်အာ့ကို တွေ့လိုက်ရတဲ့အချိန်နဲ့အတူတူပဲ ခံစားချက်များ ပေါက်ကွဲထွက်လာသည်။


ဘာကြောင့်လဲဆိုတော့ သူမ သားသုံးယောက်နာမည်ကို ကြားသိလိုက်ရချိန်တွင် သူမဟာ ဒီလိုဝံပုလွေတွေနဲ့ ကျားရဲတွင်းကို ဝင်ရောက်လာခဲ့မိတာကို သူမ ရိပ်မိလိုက်လို့ပါပဲ။


“မေမေ အစ်ကိုကြီး သူဗိုက်ဆာနေပြီလို့ပြောတယ်။” ကျိုးလောင်အာ့သည် စာ‌ရေးသူ၏ ရေးသားဖော်ပြချက်အရ ညီအစ်ကိုသုံးယောက်ကြားတွင် ဦးစီးဦးဆောင် နည်းဗျူဟာသမား ဖြစ်ထိုက်သူ ဖြစ်သည်။ ဒါကိုနားထောင်ကြည့်ရင် သူက သုံးနှစ်အရွယ်သာရှိသေးပေမယ့် နှလုံးရည် ကျွမ်းကျင်လိမ္မာသူဖြစ်ကြောင်း သိနိုင်လေသည်။ သူကိုယ်တိုင် စားချင်နေပေမယ့် သူက နောက်တစ်ယောက်ကို တရားခံအဖြစ် တံဆိပ်ကပ်ထားလိုက်လေသည်။


“အား...အာ...” ထိုအချိန်တွင် ဘေးနားတွင် အိပ်ပျော်နေသော တစ်နှစ်သားအရွယ် ကျိုးလောင်စန်းက နိုးလာခဲ့သည်။ သူလေးက အရိုးရှင်းဆုံးခေါ်ဆိုရသည့် အဖေနဲ့အမေကို‌တောင် မခေါ်ဆိုနိုင်သေးပါဘူး။ 


ကောင်းပြီ။ နေရာတိုင်းကို ပြဿနာဖြစ်စေခဲ့တဲ့ ဗီလိန်ကြီး ၃ယောက်စလုံး ဒီမှာ ရှိနေသည်။ သူမသည် သူတို့ကို အရင်ဆုံး ကြိုးတုပ်ပြီးရိုက်နှက်သင့်သလား ဒါမှမဟုတ် အရင်ဆုံး ရိုက်နှက်ပြီး တွဲလျောင်းဆွဲထားသင့်လား။