အခန်း(၆)ပုံသွင်းလို့ရနိုင်သေးတဲ့ပဲတောင့်လေးတွေ
Viewers 40k

အခန်း(၆) - ပုံသွင်းလို့ရနိုင်သေးတဲ့ ပဲတောင့်လေးတွေ


“ဂလူး ဂလူး” (ဗိုက်ဆာ၍ အော်မြည်သံ)


လင်းချင်းဟယ်သည် ကောင်းမွန်သည့် ရည်ရွယ်ချက်မရှိပဲ ညီအစ်ကိုသုံးယောက်အား ကြည့်လိုက်သောအခါ ဝမ်းဗိုက်ထဲမှာ ဗိုက်ဆာသည့်အသံ ထွက်ပေါ်လာသည်။


ကျိုးလောင်တ၊ ကျိုးလောင်အာ့နှင့် တစ်နှစ်သားအရွယ် ကျိုးလောင်စန်းတို့သည် သူတို့အမေ၏ဝမ်းဗိုက်ကို ကြည့်လိုက်ကြသည်။


လောင်စန်းသည်လည်း ဗိုက်ထဲမှမြည်သံကို အတုခိုးလိုက်သလို တံတွေးတွေ ထွက်လာခဲ့လေသည်။


လင်းချင်းဟယ်: "... အရင်ဆုံး ထမင်းစားကြရအောင်"


မူလခန္ဓာကိုယ်ပိုင်ရှင်၏မှတ်ဥာဏ်အရ ဒီအချိန်ဆို ထမင်းစားချိန်ရောက်လေပြီ။ မဟုတ်ရင် ဒီကလေး ကျိုးလောင်တက အိမ်ပြန်လာသေးမှာ မဟုတ်ဘူး။ ညစာစားချိန်ဟာ အားလုံး အချိန်မှန်ပြန်ရောက်ဖို့အတွက် အချိန်ကောင်းပါပဲ။


“မေမေ ဘာဝယ်လာခဲ့လဲ။”


ကျိုးလောင်တသည် အနွေးကုတင်ပေါ်တွင် အထုပ်တစ်ထုပ်ကိုမြင်မိ၍ မေးလိုက်သည်။


လင်းချင်းဟယ်သည် ထိုအထုပ်ကြီးကို သတိပြုမိလိုက်ပြီး သူမနှုတ်ခမ်းထောင့်စွန်းများကို တင်းတင်းစေ့မိသွားသည်။


မူလခန္ဓာပိုင်ရှင်သည် မနက်စာစားသောက်ပြီး ငါးနာရီခွဲခန့်တွင် ခရိုင်မြို့စျေးသို့ ‌ရောက်ရှိခဲ့သည်။ သူမက သူမကိုယ်တိုင်ဝတ်ဆင်ရန်အတွက် ဝတ်စုံအသစ်ချုပ်ရန် အထည်စများကို ဝယ်ယူလာခဲ့သည်။


လူနာပြက္ခဒိန်တွင် စက်တင်ဘာလကုန်သို့ရောက်နေပြီဖြစ်သည်။ သိပ်အေးနေပြီလို့ မဆိုသာပေမယ့် အထူးသဖြင့် မနက်ပိုင်းနှင့် ညနေပိုင်းတွေမှာတော့ အနည်းငယ် အအေးပိုလာနေပြီ။ ဒါပေမယ့် လူနာပြက္ခဒိန်အရ အောက်တိုဘာလထဲသို့ ချည်းနင်းဝင်ရောက်လာသည့်အခါမှာတော့ နေ့တိုင်း ပိုပိုအေးစက်လာလိမ့်မည်။


ထိုအဝတ်စသည် သူမကိုယ်တိုင်အတွက် အဝတ်သစ်ပြင်ဆင်ရန်ဖြစ်ပြီး ဝါဂွမ်းနှစ်ကျင်းပါရှိသောကြောင့် အထုပ်သည် အတန်ငယ်ကြီးသည်။ ဒါပေမယ့် ဘယ်လောက်ကြီးတယ်ဆိုတာ အရေးမကြီးလှဘူး။ ကလေးသုံးယောက်နဲ့တော့ ထိုအရာက ဘာမှမဆိုင်ပါ။ မူလခန္ဓာပိုင်ရှင် သူမကိုယ်တိုင်အတွက်ပဲ ပြင်ဆင်ထားတာ ဖြစ်လေသည်။


“အရသာရှိတဲ့ ပစ္စည်းတွေလေ။”


လင်းချင်းဟယ်က ခေါင်းကိုချာခနဲလှည့်ကြည့်ပြီး ပြန်ဖြေလိုက်သည်။


“သားတို့ကို ဟန်ဆောင်လိမ်ညာပြီး မပြောပါနဲ့ မေမေရေ။ မေမေ အဝတ်အစားဝယ်ဖို့ အပြင်သွားတိုင်း သားတို့အတွက် မုန့်ဝယ်ခဲ့မယ်လို့ အမြဲညာတယ်။” အနာဂတ်ဗီလိန်လေး ကျိုးလောင်တသည် အလွန်ထက်မြက်နေပြီဖြစ်သည်။ သူလေးက လင်းချင်းဟယ်ပြောစကားကို မယုံဟန် စပ်ဖြဲဖြဲလုပ်လေသည်။


တကယ်တော့ မူလခန္ဓာပိုင်ရှင်က ညီအစ်ကိုသုံးယောက်စလုံးအပေါ် ဆက်ဆံပုံက သာမာန်မျှသာဖြစ်သည်။ ငတ်ပြီး မသေနိုင်ရုံလောက်သာ ကျွေးမွေးပြုစုထားတာ ဖြစ်သည်။ ကောင်းမွန်စွာ ဆက်ဆံပေးသည်မှာ လုံးဝမရှိသလောက်ပင်။


သို့သော် ဤအရွယ်ကလေးများသည် မိခင်အပေါ် မှီခိုလိုစိတ်ရှိသည့်အရွယ်ဖြစ်နေဆဲဖြစ်ပြီး ဒီထက်ပို၍ ကစားပျော်ပါး၍ စားသောက်ရန် မေ့လျော့တတ်သည့်အရွယ်လည်း ဖြစ်နေသောကြောင့် သဘာဝကျစွာပင် ဒါက သူတို့နှလုံးသားထဲ မဆုပ်ကိုင်ထားနိုင်ပေ။


သူ့အစ်ကိုကြီးပြောလိုက်တာကို ကြားလိုက်ရတော့ ကျိုးလောင်အာ့သည် သူလည်း အဲ့ဒီအကြောင်းကို မှတ်မိသွားသောကြောင့် သူမဝတ်စုံကို ဆုပ်ကိုင်ထားရာမှ လက်လွှတ်လိုက်သည်။


“အာ...” ကျိုးလောင်စန်းသည် ဒါကို နားမလည်နိုင်သေးပေမယ့် ထိုအထုပ်ကြီးကိုတော့ သူလေးက သတိပြုမိသဖြင့် မတ်တပ်ရပ်ကာ ထိုဖက်သို့ ဒယီးဒယိုင်လျှောက်သွားခဲ့သည်။


လင်းချင်းဟယ်သည် သူလေးကို အမြန်ပွေ့ချီလိုက်သည်။ သူလေးသာ လဲကျသွားရင် ဒါက အသေးအဖွဲကိစ္စဖြစ်မှာ မဟုတ်နိုင်ဘူး။


ထို့နောက် သူမအနားသို့ ကျိုးလောင်အာ့က လျှောက်လာကာ မေးလေသည်။

“အနွေးကုတင်ပေါ်ကအထုပ်က အစ်ကိုကြီးပြောတဲ့အတိုင်းပဲလား။”


တွေးတောဆင်ခြင်နိုင်စွမ်းမရှိသော မူလခန္ဓာပိုင်ရှင်သည် နောက်ကျလျှင် ကောင်းမွန်သော အထည်များကို မဝယ်နိုင်တော့မှာကိုစိုးရိမ်သဖြင့် ယနေ့နံနက်အစောပိုင်းတွင် ခရိုင်စျေးသို့ အပြေးအလွှားသွားရောက်ခဲ့သည်။ သူမသည် အထည်စများစွာကို ဝယ်ယူစုဆောင်းခဲ့သည်။


မနက်မိုးလင်းမှာ သူမထွက်သွားတော့ ကျိုးလောင်စန်းလေးက သူ့အစ်ကိုနှစ်ယောက်ရဲ့ ပြုစုစောင့်ရှောက်မှုအောက်မှာ ကျန်ရစ်ခဲ့ရသည်။ သို့သော်လည်း ကျိုးလောင်တက ဆော့ကစားရန်အတွက် ချက်ချင်း အပြင်သို့ထွက်သွားခဲ့သည်။ ကျိုးလောင်အာ့သည် အိမ်မှာ ကျန်ရစ်နေခဲ့သော်လည်း လောင်စန်းကို အိပ်စက်အနားယူရန် အိပ်ရာပေါ်သို့ တင်နိုင်စွမ်းမရှိပေ။


“သားအဖွားလား။” ကျိုးလောင်အာ့သည် စိတ်မပါစွာဖြင့် မေးလိုက်သည်။


သူ့အဖွားက မူလခန္ဓာပိုင်ရှင်၏ ယောက္ခမ အမေကျိုးဖြစ်သည်။


ထိုအကြောင်းနှင့်ပတ်သတ်၍ လင်းချင်းဟယ်သည် အဆင့်နိမ့် အမြောက်စာဇာတ်ကောင်ကို ဝေဖန်ချင်ခဲ့သည်။


ကျိုးအိမ်တော်ဟောင်းမိသားစု၏ လူဦးရေသည် ငြီးငွေ့ဖွယ်မရှိပေ။ ဗီလိန်လေးများ၏ဖခင် ကျိုးချင်းပိုင်သည် အဖေကျိုးနှင့် အမေကျိုးတို့၏ အငယ်ဆုံးသားဖြစသည်။ ကျိုးချင်းပိုင်၏အထက်တွင် ညီအစ်ကိုသုံးယောက်နှင့် ညီအစ်မနှစ်ယောက်ရှိသည်။ ပြီးတော့ ကျိုးချင်းပိုင်အောက်တွင် လက်မထပ်ရသေးသော ညီမငယ်တစ်ယောက်လည်းရှိသည်။ သူမသည် ယခုလောလောဆယ်တွင် ခရိုင်မြို့၌ အလုပ်လုပ်နေသူဖြစ်ပြီး အလွန်ရည်မွန်သည်။


သူ့အထက် ညီအစ်ကို သုံးယောက်စလုံးက မိသားစုတည်ထောင်ပြီးပြီ ဖြစ်သော်လည်း မူလခန္ဓာပိုင်ရှင်လောက် ကောင်းကောင်းမွန်မွန် ဆက်ခံခြင်း မခံရပေ။


အဘယ်ကြောင့်ဆိုသော် အဖေကျိုးနှင့် အမေကျိုးတို့ နှစ်ဦးစလုံးသည် သူတို့၏အငယ်ဆုံးသားလေး ကျိုးချင်းပိုင်ကို အချစ်ဆုံးဖြစ်သောကြောင့်ဖြစ်လေသည်။


ဒါပေမယ့်လည်း မူလခန္ဓာပိုင်ရှင် လက်ထပ်ပြီးစ ပထမဆုံးနေ့မှာပင် မမျှော်လင့်ထားသည့် ပြဿနာက တံခါးလာခေါက်သည်။


မင်္ဂလာ‌ဆောင်ပြီးနောက်နေ့တွင် ကျိုးချင်းပိုင်သည် လင်မယားအရာမြောက်ပြီးနောက် အရေးတကြီးအစီရင်ခံစာရရှိခဲ့ပြီး အမှာစကားမချန်နိုင်ပဲ အမြန်ထွက်ခွာသွားခဲ့ရသည်။


ဒါက သူတို့ကို မူလခန္ဓာပိုင်ရှင်အား အပြစ်ကြွေးတင်မိသလို ခံစားမိခဲ့ကြသည်။


အဖေကျိုးနှင့် အမေကျိုးသည် သူမကို အကြွေးတင်သလို ခံစားရသည့်အတွက်ကြောင့် သူမ မကျေမနပ်ပြောဆိုသည့်အခါမှာ သူတို့က အပြစ်မဆိုကြချေ။ နောက်ဆုံးတွင် သူတို့သားမထွက်ခွာမီ နှစ်ရက်အလိုတွင် ကြင်စဦးဇနီးမောင်နှံသည် သူတို့နှင့်အတူ မနေထိုင်လိုကြပေ။ သူတို့က စတုတ္ထချွေးမကို နှိပ်စက်ခဲ့မိသည်။


ယခုအချိန်တွင် မူလခန္ဓာပိုင်ရှင်သည် အိမ်ခွဲနေခွင့်ကို ရရှိလိုသည်။ သူမသည် အိမ်ထောင်မပြုခင်ကပင် မိသားစုနှင့် အိမ်ခွဲနေဖို့စိတ်ကူးရှိခဲ့ပြီး အကြွင်းမဲ့‌အိမ်အသုံးစရိတ်ကို ပိုင်ဆိုင်လိုသည်။


မူလခန္ဓာပိုင်ရှင်က နည်းနည်းတော့ ကံကောင်းတယ်။ တစ်လလောက်အကြာတွင် သူမမှာ ကိုယ်ဝန်ရှိနေပြီဆိုတာ သိလိုက်ရသည်။


မူလခန္ဓာပိုင်ရှင်၏ကိုယ်ဝန်ကြောင့် သူမအထက်က မရီးသုံးယောက်ဟာ သူတို့ကို ခွင့်လွှတ်ပေးဖို့ တိုးတိုးတိတ်တိတ်တောင်းပန်ခဲ့ကြသည်။


မူလခန္ဓာပိုင်ရှင်သည် အခြေအနေကို အခွင့်ကောင်းယူတတ်သူဖြစ်သည်။ ကိုယ်ဝန်ရှိမှန်းသိရပြီးနောက် သူမဟာ ကိုယ်ဝန်ဆောင်ရောဂါလက္ခဏာတစ်ခုဖြစ်သည့် အစားအသောက်များ မစားသောက်နိုင်ခြင်း စတင်ဖြစ်လာခဲ့သည်။ သူမသည် အသက်မရှင်သန်နိုင်တော့သည့်အသွင် ဖျောတော့နေခဲ့လေသည်။


အကယ်၍ သူမဆန္ဒအတိုင်းသာဆိုရင် အမေကျိုးသည် သူမ၏တောင်းဆိုချက်ကို လက်မခံပေးချင်ပေ။ ဒါပေမယ့် သူမမှာ တခြားရွေးချယ်စရာနည်းလမ်းမရှိပါဘူး။ သူမစတုတ္ထချွေးမဖြစ်သူထံမှာ သူမအချစ်ဆုံးသားလေး၏ကိုယ်ပွားလေးကို ကိုယ်ဝန်ဆောင်ထားလေသည်။


ရှေ့တန်းသို့ရောက်နေတဲ့ သူမစတုတ္ထသားလေးဟာ အန္တရာယ်တွေအများကြီး ဝန်းရံနေလေသည်။ မတော်တဆ သူသာတစ်ခုခုဖြစ်ပွားခဲ့ရင် ဒါက စတုတ္ထသားဖြစ်သူရဲ့ တစ်ဦးတည်းသော သွေးသားလေးဖြစ်သည်။


မူလခန္ဓာပိုင်ရှင်က အိမ်ခွဲနေရန် အဆိုပြုသောအခါတွင် သူမသည် ရွာသူရွာသားများ၏ပါးစပ်မှ ထွက်လာမည့် စကားလုံးများ၏အကျိုးဆက် ဒါမှမဟုတ် နောက်ကွယ်တွင် ပြောကြမည့် အတင်းအဖျင်းစကားများကို ထည့်သွင်းမစဥ်းစားခဲ့ကြပေ။


သို့ပေမယ့် မူလခန္ဓာပိုင်ရှင်က ဒါကို လုံးဝဂရုမစိုက်ဘူး။ ဘာကြောင့်လဲဆိုတော့ သူမက ရွာမှလူတွေနဲ့ တစ်ခါမှ အပေါင်းအသင်းမလုပ်ခဲ့ဖူးပါ။ သူမက ဒီလိုမဖြစ်ထွန်းချောင်ကျသောရွာမှ အနှေးနှင့်အမြန်ဆိုသလို ထွက်သွားရမည်လို့ သူမတွေးထင်ခဲ့သည်။


သူမရဲ့အသက်ကိုရင်း၍ သူမကိုယ်ဝန်အား အကာအကွယ်အဆောင်အဖြစ် အသုံးပြုခဲ့ခြင်းကြောင့် အဖေကျိုးနှင့် အမေကျိုးသည် နောက်ဆုံးတွင် သူမအား အိမ်ခွဲနေထိုင်ခွင့်ကို စိတ်ပျက်အားငယ်စွာ ပေးလိုက်ကြသည်။


ပြီးတော့ ကျိုးအိမ်တော်ဟောင်းမှလူများက အိပ်ခန်းနှစ်ခန်းပါဝင်သောအိမ်တစ်လုံးကို ပြင်ဆင်တည်ဆောက်ပေးခဲ့ကြသည်။


ဒီအကြောင်းက ရွာမှာ တော်တော်လေး တုန်လှုပ်သွားခဲ့သည်။


အခြားသူများ မည်သို့မှတ်ချက်ပေးသည်ဖြစ်စေ မူလခန္ဓာပိုင်ရှင်က ဒါကို လျစ်လျူရှုထားသည်။ အတိုချုပ်ပြောရမယ်ဆိုရင် မူလခန္ဓာပိုင်ရှင်သည် အောင်မြင်စွာ အိမ်ခွဲသွားပြီးသည့်အချိန်မှစ၍ အဖေကျိုးနှင့် အမေကျိုးတို့အိမ်ဖက်ကို မရောက်ဖြစ်ခဲ့ပေ။


ဒါပေမယ့် အဲ့ဒီစကားစုအတိုင်းပဲ မူလခန္ဓာပိုင်ရှင်ဟာ ကလေးမွေးဖွားတာကလွဲ၍ အခြားအရည်အချင်းတွေ မရှိပေ။ သူမက သားသုံးယောက်ကိုသာ ဆက်တိုက်မွေးဖွားထားလေသည်။ ဒါကိုထောက်ရှု၍ အဖေကျိုးက သူမကို ဘာစကားမှမဆိုပေ။


ဘာဖြစ်လို့လဲဆိုတော့ ကျိုးအစ်ကိုကြီးနှင့် အကြီးဆုံးမရီးတို့မှာ သမီးသုံးယောက်ရှိလို့ပါပဲ။ လေးယောက်ကလေးမွေးဖွားသည့်အခါမှ သားယောကျာ်းလေးဖွားမြင်ခဲ့လို့ပါပဲ။ ထိုသားယောက်ျားလေးဟာ လက်ရှိအချိန်မှာ နှစ်နှစ်ကလေးအရွယ်သာ ရှိသေးသည်။


သို့သော်လည်း သူမဗိုက်သည် ယခုအခါမှာ နောက်တစ်ကြိမ် ကိုယ်ဝန်ရရှိခဲ့ပြန်သည်။ သားလေးလား သမီးလေးလားဆိုတာကိုတော့ မသိရသေးပေ။ စာရေးသူက ထိုအကြောင်းအရာအား အကျယ်တဝင့် မရေးသားထားခဲ့ပါ။


ဒုတိယအစ်ကို ကျိုးချင်းလင်းမှာလည်း အလားတူ အခြေအနေမျိုး သမီးနှစ်ယောက် ဆက်တိုက်မွေးဖွားထားခဲ့ပြီး နောက်ဆုံးကလေးမှာပူ သားယောကျာ်းလေးဖြစ်ကာ ယခုဆိုလျှင် သုံးနှစ်အရွယ်သာရှိသေးသည်။


တတိယအစ်ကို ကျိုးချင်းစန်းသည် လက်ရှိတွင် အသက်ခြောက်နှစ်အရွယ်ရှိ သမီးတစ်ဦးကို ပိုင်ဆိုင်ထားပြီးဖြစ်လေသည်။ သူ့သမီးကို နောက်ဆုံးမွေးဖွားခဲ့သည့်အချိန်မှာပင် သူမရဲ့တက်ကြွမှုတွေက ပျောက်ဆုံးသွားခဲ့သည်။ ဒီနှစ်မှာတော့ ကိုယ်ဝန်ဆောင်နိုင်သည်အထိ သူမပြန်လည်သက်သာကောင်းမွန်လာခဲ့သည်။


တတိယမရီး၏ဗိုက်သည် မွေးဖွားခါနီးဖြစ်နေခဲ့ပြီး ယခုနှစ်ကုန်လောက်တွင် ကလေးမွေးဖွားမည်ဟု ထင်ရသည်။


ဤအကြောင်းအရာအောက်တွင် မူလခန္ဓာပိုင်ရှင်သည် သားသုံးယောက်ဆက်တိုက် မွေးဖွားထားသောကြောင့် ပင်မကျိုးမိသားစုအိမ်တွင် အလွန်မြင့်မားသော ရပ်တည်မှုကို ဖြစ်စေခဲ့သည်။


အထူးသဖြင့် ထိုခေတ်ထိုအခါက ကျေးလက်နေပြည်သူတွေဟာ သူတို့ကို ကျွေးမွေးပြုစုနိုင်မည့်သားများကိုသာ အလိုရှိကြသည်။ သူတို့ဆာလောင်တဲ့အခါ ကျွေးမွေးပြုစုစောင့်ရှောက်မည့်သားမရှိလျှင် သူတို့ဘဝအဆင်မပြေနိုင်ပေ။


သားများကိုသာ မွေးဖွားထားခဲ့သော မူလခန္ဓာပိုင်ရှင်သည် သူမ၏ အခြားသောမရီးများနှင့်ယှဥ်လျှင် အမေကျိုးက သူမကို မျက်နှာသာပေးကာ ခက်ခက်ခဲခဲ ဖိအားပေးခြင်းမျိုးမရှိပေ။


ဒါပေမယ့် အဆုံးမှာတော့ အမေကျိုးသည် သူ့မြေးသုံးယောက်အတွက် သူ့နှလုံးသာ နာကျင်သွားမိသည်။ ထို့အပြင် အမေကျိုးသည် မူလခန္ဓာပိုင်ရှင်၏ ပင်ကိုယ်အကျင့်စရိုက်ကို ရှင်းရှင်းလင်းလင်းသိသည်။ ထို့ကြောင့် သူမသည် သူမမြေးများကို ခဏခဏလာကြည့်သည်။


ဥပမာအားဖြင့် ယခုအချိန်ဆိုရင် အလုပ်များသော ဆောင်းဦးရာသီ ရိတ်သိမ်းချိန်သို့ရောက်ရှိနေပြီး အမေကျိုးသည်လည်း အလုပ်များနေသေးသည်။


“မေမေ ဘာလို့ကြောင်ကြည့်နေတာလဲ။ သားဗိုက်က တော်တော်လေးဆာလောင်နေပြီ။” သူမ လေးလေးနက်နက် ဆင်ခြင်သုံးသပ်နေချိန်တွင် ကျိုးလောင်တသည် စောင့်နေရတာကို အနည်းငယ် စိတ်မရှည်တော့ပေ။


လင်းချင်းဟယ်သည် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့ကို စိုက်ကြည့်ကာ “မင်းအမေကို ထပ်အော်ပြောရဲတယ်ပေါ့။ မင်းအတွက် စားစရာ ဘာမှမရှိတော့ဘူး။”


သူက အနာဂတ်မှာ ဗီလိန်ဖြစ်လာမယ်ဆိုတာကို ဘယ်သူက ဂရုစိုက်နေမှာလဲ။ အခုအချိန်မှာ သူက သူမပုံသွင်းလို့ ရနိုင်သေးတဲ့ ပဲတောင့်သေးသေးလေးပဲ ဖြစ်နေပါသေးသည်။