အခန်း(၇) - အဖြူရောင်ပေါက်စီကြီးလား
ကျိုးလောင်တသည် သူ့စိတ်ထဲမထားပဲ သူ့နှုတ်ခမ်းက ထော်သွားခဲ့သည်။
“ငါ့ကိုစောင့်” ကျိုးလောင်စန်း လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာနိုင်စေရန် မြေပေါ်သို့ချပေးလိုက်ပြီး သူမ ဝယ်ယူလာသော အထုပ်ကြီးကို ညီးညူပြောဆိုရင်း အခန်းထဲသို့သယ်သွားလိုက်သည်။
ကလေးတွေရဲ့အခန်းဘေးမှာ သူမကိုယ်ပိုင်အခန်းရှိသည်။ အပြင်ဖက်မှာ မီးဖိုချောင်ရှိသည်။
“မေမေက အရသာရှိတဲ့ အစားအသောက်တွေ တကယ်ပဲ ပြန်သယ်လာတာလား။” အနီးအနားကအခန်းထဲတွင် ကျိုးလောင်တက ကျိုးလောင်အာ့အား မေးလိုက်သည်။
ကျိုးလောင်အာ့သည် နှုတ်ခမ်းစူလိုက်သည်။ သူ့အမေ ပြန်လာတုန်းကတော့ သူလေးက အဲ့လိုပဲ တွေးမိခဲ့သည်။ သူ့အစ်ကိုကြီး သတိပေးတာခံရပြီးနောက် သူ့မှာ ထို့အတွက် မျှော်လင့်ချက် မရှိတော့ပေ။ သုံးနှစ်သားအရွယ်ပင် ရှိသေးသော်လည်း ဥာဏ်ရည်ထက်မြက်နေပြီဖြစ်သည်။
ဒါ့အပြင် အမျိုးသားဇာတ်လိုက်ကို သတ်ဖြတ်ဖို့ ကျိုးလောင်အာ့ရဲ့အစီအစဥ်အတိုင်း ကျိုးလောင်စန်းက လိုက်နာခဲ့ပြီး အရာအားလုံးကို ပျက်စီးစေမှာမဟုတ်ခဲ့ရင် အမျိုးသားဇာတ်လိုက်နဲ့တိုက်ခိုက်တဲ့အခါ အနိုင်ရရှိဖို့ ဖြစ်နိုင်လေသည်။
“ဒီလိုလုပ်ကြရအောင် ငါ မင်းကိုရိုက်ကြည့်မယ်လေ။” ကျိုးလောင်တသည် သူ့ညီ၏အပြောကို နားမလည်သော်လည်း သူ့ကိုလျှော့တွက်ပြီး အထင်မြင်သေးသလို ကြည့်နေတယ်လို့ ခံစားနေရဆဲဖြစ်သည်။
“မင်း ဘယ်သူ့ကိုရိုက်မယ်ပြောနေတာလဲ။” လင်းချင်းဟယ်သည် တံခါးဖွင့်ပြီး မေးလိုက်သည်။
ပြီးတော့ သူမလက်ထဲမှာ နွေးထွေးနေဆဲဖြစ်သည့် ပေါက်စီတစ်လုံးကို ကိုင်ထားပြီး ထိုပေါက်စီရဲ့မွှေးရနံ့က ကျိုးလောင်တနဲ့ ကျိုးလောင်အာ့တို့ရဲ့ ဗိုက်တွေကို အော်မြည်သံ ထွက်ပေါ်လာစေပြီး “အဖြူရောင်ပေါက်စီကြီးလား။”
“မင်းတို့ စားချင်လား။” လင်းချင်းဟယ်က ညီအစ်ကိုနှစ်ယောက်ကိုကြည့်လိုက်သည်။
“စားချင်ပါတယ်။” ညီအစ်ကိုနှစ်ယောက်စလုံး ရိုးရိုးသားသား ခေါင်းညိတ်ပြကြသည်။
ကျိုးလောင်စန်းသည်ပင် သူမ၏ခြေထောက်များကို ပွေ့ဖက်ရန် ရှေ့တိုးလာခဲ့သည်။ သူလေးသည်လည်း စားချင်တယ်လေ။
“အနာဂတ်မှာ မင်း လိမ်လိမ်မာမာနေထိုင်မှာလား” လို့ လင်းချင်းဟယ်က မေးလိုက်သည်။
“မေမေ ကျွန်တော်က အမြဲနာခံတတ်တဲ့လူတစ်ယောက်ပါ။ နာခံမှုမရှိတဲ့လူက အစ်ကိုကြီးတစ်ယောက်တည်းပါပဲ။” ကျိုးလောင်အာ့က အမြန်ပြောလိုက်သည်။
“မင်း ဒီလိုပြောရဲတယ်ပေါ့။ ငါ မင်းကို တကယ်ရိုက်ပစ်မယ်။” ကျိုးလောင်တသည် ဒေါသတကြီး အော်လိုက်သည်။
“ဘယ်သူ့ကို ရိုက်မှာလဲ။” လင်းချင်းဟယ်က စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။
ကျိုးလောင်တသည် “ဒုတိယညီအား ရိုက်မယ်” ဆိုတဲ့အကြောင်းအား ပြန်ပြောချင်သော်လည်း အဆုံးတွင် ပေါက်စီဖြူကြီးရဲ့ဆွဲဆောင်မှုကြောင့် ဘာစကားတစ်ခွန်းမှ ထပ်မပြောတော့ပေ။
“မင်းတို့ကို ဒီတစ်ဝက်ကျွေးမယ်။ ငါ့ဗီရိုထဲမှာ ဒီလိုပေါက်စီတွေ ထပ်ရှိသေးတယ်။ ဒါ့ကြောင့် မင်းတို့စကားနားထောင်ပြီး ငြိမ်ငြိမ်လေးနေမယ်ဆို ထမင်းစားပြီးရင် ဒါကို ထပ်စားရလိမ့်မယ်။ ဒါပေမယ့် စကားနားမထောင်ဘူးဆိုရင် ပြောင်းဖူးပေါက်စီပဲစားရမယ်။” လင်းချင်းဟယ်က ပြတ်ပြတ်သားသား ပြောလိုက်သည်။
အစောပိုင်းအစာရေစာရှားပါးသောနှစ်များနှင့်နှိုင်းယှဥ်ပါက ပြောင်းဖူးပေါက်စီသည် ကောင်းမွန်သောအရာဖြစ်သည်မှာ ကျိန်းသေသည်။ ထိုနှစ်များတွင် ဖွဲနုနှင့် ဟင်းသီးဟင်းရွက်အညံ့စားများ စားသုံးရသည်ဟူသောစကားများမှာ လိမ်ညာပြောဆိုခြင်း မဟုတ်ပါလေ။ ကျိုးလောင်တနှင့် ကျိုးလောင်အာ့တို့သည် ထိုပြောင်းဖူးမုန့်ကို မစားချင်ဘူးဆိုတာ သိသာထင်ရှားပါသည်။
နောက်ဆုံးတော့ သူတို့ဟာ လစဥ်လတိုင်း ဗီလိန်လေးများ၏ဖခင် ပြန်ပို့ပေးတဲ့ လစာငွေကြေးများနှင့် ထောက်ပံ့ရေးပစ္စည်းများကို ရရှိခဲ့ပြီး ထုတ်ယူရန်အတွက် မူလခန္ဓာပိုင်ရှင်က သူတို့ရဲ့လက်ထပ်စာချုပ်ကို ယူဆောင်လာရမှာဖြစ်သည်။
ဒါ့ကြောင့် မူလခန္ဓာပိုင်ရှင်က ဝင်ငွေရဖို့ လယ်ထဲမဆင်းရင်တောင်မှ သူတို့အိမ်ရဲ့ လူနေမှုအဆင့်အတန်းဟာ မနိမ့်ပါးပေ။ ဒါ့ပေမယ့် အများအားဖြင့် ပြောင်းဖူးမုန့်ကိုသာ အစားများကြသည်။
“သားတို့ စကားနားထောင်ပါ့မယ်။”
လင်းချင်းဟယ် ထိုသို့ပြောပြီးသည်နှင့် ကျိုးလောင်အာ့က ချက်ချင်း ပြန်ဖြေလိုက်သည်။
ကျိုးလောင်တသည် သူ့ကို သတ္တိမရှိလို့ ဆူပူကြိမ်းမောင်းလိုက်ချင်ပေမယ့် လင်းချင်းဟယ်ရဲ့ အကြည့်အောက်မှာ သူက သူ့ညီစကားအတိုင်း ပုံတူကူးပြီး လိုက်ပြောခဲ့သည်။
ထို့နောက် လင်းချင်းဟယ်သည် ဤဗီလိန်သားသုံးယောက်အား ပေါက်စီတစ်ဝက်ပိုင်းပေးဖို့ ဆုံးဖြတ်ခဲ့သည်...
ပေါက်စီတစ်ခုသည် သေးငယ်သည်မဟုတ်ပေ။ လင်းချင်းဟယ်သည် ဒီအတိုင်းကူးပြောင်းသွားခဲ့ပြီး ဒီပေါက်စီစားသောက်ထားတာကိုပင် အစာမခြေဖျက်နိုင်သေးပါဘူး။ ဒ့ါကြောင့် ပေါက်စီတစ်ဝက်စားရတာက လုံလောက်ပါသည်။
ကျန်တဲ့တစ်ဝက်ကို ဗီလိန်သားသုံးယောက်ကို ပေးခဲ့ပေမယ့် ပေါက်စီတစ်ဝက်က သူတို့စားဖို့ မလုံလောက်ဘူး။ လင်းချင်းဟယ်သည် အိမ်ရှိကြက်ဥထည့်ထားသည့်အိုးအထဲသို့ ကြည့်လိုက်ရာ အထဲမှာ ကြက်ဥအနည်းငယ်ရှိနေလေသည်။ ဒါ့ကြောင့် သူမဟာ သူတို့ညီအစ်ကိုသုံးယောက်အတွက် ကြက်ဥသုံးလုံးကို ခွဲလိုက်သည်။ သူမသည် ပွက်ပွက်ဆူနေသောရေထဲသို့ ကြက်ဥများလောင်းထည့်လိုက်ပြီး စွပ်ပြုတ်အဖြစ် အသွင်ပြောင်းလိုက်သည်။
“မေမေ သားဗိုက်မဝသေးဘူး။” ကျိုးလောင်တသည် ထိုစွပ်ပြုတ်အား မြန်မြန်သောက်ပြီး အလေးအနက်ပြောသည်။
ကျိုးလောင်အာ့သည်လည်း ဗိုက်တစ်ဝက်ပဲဝကာ ဗိုက်မပြည့်သေးပေ။
တစ်ဖက်တွင် ကျိုးလောင်စန်း၏အစားစားချင်စိတ်က သိပ်မကြီးသေးပေ။ သူလေးက ကြက်ဥစွပ်ပြုတ်နည်းနည်းသောက်လိုက်ရရုံဖြင့်ပင် ဗိုက်ပြည့်သွားသည်။
ဟုတ်တာပေါ့။ သူလေးက ဗိုက်မြန်မြန်ပြည့်လွယ်ပြီး ဗိုက်ဆာတာလည်း မြန်သည်။ ဒီအရွယ်ကလေးများသည် ယေဘုယျအားဖြင့် အသားဖြူပြီး ဝတုတ်တုတ်လေးများ ဖြစ်သော်လည်း ကျိုးလောင်စန်းလေးကတော့ ပိန်လှီနေသည်။
ဒီခေတ်ကလေးတွေအများစုက သူလေးလိုပင် ဖြစ်သည်။ သူတို့တွေရဲ့ သုံးဆယ် လေးဆယ်ရာခိုင်နှုန်းလောက်က ငတ်ပြတ်နေခဲ့ကြသည်။ သူတို့အားလုံးဟာ ဒီလိုမျိုး ရှင်သန်နေခဲ့ကြသည်။ သို့သော်လည်း ကျိုးလောင်စန်းလေး ထိုသို့ပိန်လှီနေတာက မူလခန္ဓာပိုင်ရှင် ဂရုမစိုက်သောကြောင့်ဖြစ်သည်။
ဗီလိန်လေးများ၏ဖခင်ရဲ့ထောက်ပံ့ကြေးကြောင့် မိသားစုမှာ စားနပ်ရိက္ခာပြတ်လပ်မှုမရှိဘူး။ ကလေးသုံးယောက်က ဒီအရွယ်အထိ ကြီးပြင်းလာတာကပင် ကောင်းမွန်လှပြီလို့ ဆိုနိုင်သည်။
“မင်းတို့နှစ်ယောက်စလုံး အနွေးကုတင်ပေါ်မှာ သွားအိပ်ကြ” လင်းချင်းဟယ်က ပြောသည်။
“သားက အပြင်မှာသွားကစားမလို့။” ကျိုးလောင်တသည် ချက်ချင်း ငြင်းဆိုလိုက်သည်။
“အရင်ဆုံးအိပ်ပြီးမှ အပြင်ထွက်ကစားချည်။ ပြီးရင် ဒီည မင်းအတွက် အသားချက်ကျွေးမယ်။” လင်းချင်းဟယ်က ပြောသည်။
“တကယ်လား။” ကျိုးလောင်တက အလျင်အမြန် စုံစမ်းမေးမြန်းသည်။
သူတင်မကဘူး။ ကျိုးလောင်အာ့ရဲ့မျက်လုံးတွေတောင်မှ အရင်ကနဲ့မတူတဲ့ သူတို့အမေကိုကြည့်ရင်း လင်းလင်တောက်ပနေခဲ့သည်။
“မင်းမစားချင်ဘူးဆိုရင်လည်း ကောင်းပြီ။” လင်းချင်းဟယ်က တိုးတိုးလေး တုံ့ပြန်ပြောသည်။
ကျိုးလောင်တနှင့် ကျိုးလောင်အာ့တို့သည် အနွေးကုတင်ပေါ်သို့ ချက်ချင်းပြေးသွားကြသည်။ ကျိုးလောင်စန်းသည် “အာ့... အာ့” လို့အော်ကာ အနွေးကုတင်ပေါ်မှ တွားသွားဆင်းလာခဲ့သည်။ ကျိုးလောင်တက ဒီညီငယ်လေးကြောင့် သူတို့ ဒီည အသားမစားရမှာကို စိုးရိမ်လို့ အောက်သို့ပြန်ဆင်းလာပြီး ကျိုးလောင်အာ့ကိုပါ ဆွဲချလိုက်သည်။
အမှန်အတိုင်းပြောရမယ်ဆိုရင် သူတို့နှစ်ယောက်ဟာ တကယ်ပဲ ကျိုးလောင်စန်းကို အနွေးကုတင်ပေါ်သို့ ပြန်ခေါ်သွားခဲ့ကြသည်။
“... ကောင်းကောင်းအိပ်ကြ” လင်းချင်းဟယ်သည် သူတို့အပေါ် စောင်ပါးလေးခြုံပေးလိုက်ရင်း ပြောလိုက်သည်။
“ဒီည တကယ်ပဲ အသားစားရမှာလား။” ကျိုးလောင်တက ထပ်မံအတည်ပြုမေးလိုက်ပြန်သည်။
“တကယ်ပေါ့။” လင်းချင်းဟယ်က တကယ်ဟူသောသဘောဖြင့် ခေါင်းပါညိတ်ပြလိုက်သည်။
ကျိုးလောင်တနှင့် ကျိုးလောင်အာ့တို့သည် စိတ်သက်သာရာရပြီး သူတို့ညီဖြစ်သူကိုပါ သူတို့နှင့်အတူအိပ်ရန် ခေါ်သွားခဲ့သည်။
လင်းချင်းဟယ်သည် သူတို့အား တိုးတိုးလေးချော့သိပ်ပြီးနောက် သူမအခန်းသို့ ပြန်သွားခဲ့သည်။
သူမအခန်းဟာ သီးသန့်အခန်းတစ်ခုဖြစ်ပေမယ့် သိပ်မကြီးလှပါ။ ခန်းတစ်ခုနှင့် ဗီရိုတစ်ခုအပြင် နံရံကပ်လက်ဆေးကန်နှင့် မျက်နှာသုတ်ပဝါတစ်ထည်သာ ရှိသည်။ လက်ဆေးကန်ဘေးမှာ ဆန်အိုး၊ ပြောင်းမှုန့်ဗူး၊ ကြက်ဥခြင်း၊ ဆီပုလင်းတစ်ဝက်နဲ့ အောက်ခြေနားရောက်ခါနီး ဆားတစ်အိုးတို့ကို တွေ့ရသည်။
ဒါတွေကို သူမအခန်းထဲမှာ သိမ်းဆည်းထားလေသည်။
သူမအခန်းမှာ တံခါးပေါက်ငယ်တစ်ပေါက်ပါရှိလို့ မီးဖိုချောင်သုံးပစ္စည်းများကို ဗီရိုထဲ မထည့်ထားခဲ့ဘူး။ အခြားအိမ်များတွင်မူ မီးဖိုချောင်ပစ္စည်းများကို ချက်ပြုတ်သည့်အချိန်မှထုတ်ယူပြီး ကျန်အချိန်များတွင် ဗီရိုထဲထည့်သော့ခတ်ထားကြသည်။
လင်းချင်းဟယ်သည်လည်း အနည်းငယ် ပင်ပန်းနွမ်းနယ်နေလေပြီ။ မူလခန္ဓာပိုင်ရှင်သည် တစ်မနက်လုံး လမ်းလျှောက်သွားလာခဲ့ပြီး သူမသည်လည်း ကူးပြောင်းလာခဲ့သည်။ ဒါနဲ့ သူမသည် တံခါးပိတ်ဖို့ထလာခဲ့ပြီး အခြားကိစ္စများကို သူမအိပ်ရာနိုးသည့်အချိန်မှလုပ်ဖို့ ဆုံးဖြတ်လိုက်သည်။
ဒါ့ကြောင့် အမေနဲ့သားများဟာ နေ့လည်ခင်း တစ်ရေးတစ်မော အိပ်စက်အနားယူနေကြသည်။
တစ်ချိန်တည်းတွင်ပင် အဝေးမှ ရှေ့တန်းစစ်မြေပြင်တွင် ကျိုးချင်းပိုင်အား အရေးပေါ်ခွဲစိတ်မှုပြုလုပ်ရန်အတွက် ၎င်းတို့၏ခရိုင်ဆေးရုံသို့ ချက်ချင်းပို့ဆောင်ခဲ့ရသည်။
သူ့ကို ကယ်တင်ပေးခဲ့တဲ့ လုပ်ဖော်ကိုင်ဖက် တော်တော်များများက ဆရာဝန်ထံ ဒူးထောက်လုနီးပါး သူတို့၏လူအိုကြီးကျိုးအား ကယ်တင်ပေးရန် တောင်းဆိုခဲ့ကြသည်။
ကျိုးချင်းပိုင်ဒဏ်ရာအပြင်းအထန်ရပြီး ခရိုင်ဆေးရုံသို့ ပို့လိုက်ရကြောင်းကို ခရိုင်၏အဆင့်မြင့်အရာရှိက ကြားသိလိုက်ရသောအခါ သူတို့ မျက်မှောင်ကြုတ်သွားကြသည်။ သူသည် ကျိုးချင်းပိုင်အပေါ် အလွန်အကောင်းမြင်သော်လည်း ယခုတစ်ကြိမ်တွင် သူ့အသက်ကို ကယ်တင်ရန် မလွယ်ကူပေ။ အနာဂတ်တွင်...
“ကျိုးလေးအတွက် စာရေးစာချီအလုပ်လေး ပြင်ဆင်ထားပေးပါ။” နောက်ဆုံးတွင် အရာရှိတစ်ယောက်က သက်ပြင်းချလိုက်ပြီး ကြေညာချက်ထုတ်ပြန်လိုက်သည်။
“ကျိုးလေးရဲ့စိတ်နေစိတ်ထားအရ သူ ထပ်မနေတော့မှာ စိုးရိမ်တယ်။” အခြားအရာရှိတစ်ဦးက သနားစိတ်ဖြင့် ခေါင်းယမ်းကာ ထိုသို့စကားဆိုလိုက်သည်။
ဒီတစ်ကြိမ် ဘာပြဿနာမှမဖြစ်ခဲ့ရင် ကျိုးလေးက ထပ်ပြီး ရာထူးတိုးသွားလိမ့်မယ်။ လယ်သမားတစ်ဦး၏ ကလေးတစ်ယောက်အနေနဲ့ လက်ဗလာဖြင့် လက်ရှိနေရာသို့ တက်လှမ်းနိုင်ခဲ့သည်မှာ မလွယ်ကူလှပါဘူး။ တကယ့်ကို သနားစရာပါပဲ။
ဒါကိုကြားလိုက်ရတော့ အဆင့်မြင့်အရာရှိအားလုံးက ကျိုးချင်းပိုင်ရဲ့စရိုက်ကို သိနေသောကြောင့် ငြိမ်သက်သွားကြသည်။ သူက ရှေ့ဆက်မသွားနိုင်ရင် ဒီမှာ ဆက်နေမှာမဟုတ်ဘူး။
“အဲ့ဒီတုန်းက သူရထားခဲ့တဲ့ ဂုဏ်ပြုဆုကြေးကို အိမ်ပြန်ပို့ဖို့အတွက် အသုံးပြုခဲ့တယ်။ သူ့မှာ သားသုံးယောက်ရှိတယ်လို့ ငါကြားတယ်။” နောက်ဆုံးတွင် အရာရှိက ကျိုးချင်းပိုင်ရဲ့အခြေအနေအား ရှင်းပြပြောဆိုလိုက်သည်။
ကျန်တစ်ဦးမှာ ပြောစရာစကား ကင်းမဲ့သွားသည်။
အိမ်၌ ပေါ့ပေါ့ဆဆနှင့် အသနားကြင်နာကင်းမဲ့သော မိခင်နှင့် သားများသည် ဒဏ္ဍာရီလာ တယ်လီပသီဆက်သွယ်ချက်ကို လုံးဝမရရှိခဲ့ပါ။
လင်းချင်းဟယ်သည် လေးနာရီထိုးသည့်အထိ အိပ်သည်။ သူမ အိပ်ရာနိုးလာသောအခါ သူမသားသုံးယောက်လည်း အိပ်ရာနိုးလာကြသည်။ သူမ ကတိပေးထားတဲ့ အသားအကြောင်းကို အမှတ်ရသောကြောင့် ကျိုးလောင်တသည် အိမ်ပြင်မှာ ထွက်ကစားဖို့ မလုပ်ခဲ့ပေ။
လင်းချင်းဟယ်သည် ခေါင်းငုံ့ပြီး သူမမျက်နှာအား သစ်လိုက်သည်။
လင်းချင်းဟယ်သည် သူမနေရာလွတ်မှာ မျက်နှာသုတ်ပဝါအသစ်နှစ်ခုကို ထုတ်ယူလိုက်သည်။ အရောင်အဆင်းက အလွန်မွဲတေပုံပေါ်ပြီး သူမအတွက် တစ်ထည်အသုံးပြုပြီး နောက်တစ်ထည်က ကျိုးညီအစ်ကိုသုံးယောက်အတွက် ဖြစ်သည်။
မူလခန္ဓာပိုင်ရှင်ရဲ့ ရတနာလို တန်ဖိုးထားတဲ့ တစ်ခုကတော့ ကျိုးညီအစ်ကိုသုံးယောက်ရဲ့ ခြေထောက်တွေကို သုတ်တဲ့နေရာမှာ သူမ အသုံးပြုလိုက်သည်။