အပိုင်း (၁၆)
Viewers 12k

Part 16


အဆုံးမှာတော့ အသေးလေး ရဲ့တောင်းဆိုမှုက  ကျိယန် ရဲ့တုံ့ဆိုင်းမှုကိုလမ်းစပျောက်စေခဲ့ပြီးနောက် သူကခေါင်းငြိမ့်ကာ


 “ အိုကေ, မာမီလမ်းလျောက်နှေးတာက ဘာမှမဖြစ်ပါဘူး။ ဒက်ဒီတို့နဲ့တူတူ ခေါ်သွားကြတာပေါ့”


‘’ရေး...” 


သူ့တောင်းဆိုချက်ကို ခွင့်ပြုချက်ရလိုက်သောအခါ  ကျိယန်ကိုယ်ပေါ်မှ အလျင်စလို ခုန်ဆင်းပြီး အခန်းထဲမှ ပြေးထွက်သွားတော့တယ်။ သူ  ထန်ထန် အခန်းထဲသို့ ပြေးကာ သူမအားအမြန်ဖက်လိုက်တယ်။ ကံမကောင်းစွာနဲ့ပဲ သူမ‌ရဲ့ခြေထောက်ကဒဏ်ရာကြောင့် အသေးလေးရဲ့ အသားလုံးကျည်ဆံလေးကို ပြုတ်ကျမလိုဖြစ်သွားစေပြီး အိပ်ယာပေါ်သို့လဲကျသွားတယ်။


“မာမီ, သားမှာ သတင်းကောင်းရှိတယ်, ဒယ်ဒီက မနက်ဖြန်သားတို့နဲ့အတူတူ မာမီကိုလိုက်ခဲ့ဖို့ သဘောတူလိုက်ပြီ, မာမီဖြေးဖြေးလေးလျောက်လဲ ဘာမှမဖြစ်ဘူး, သားတို့တူတူ ကစားလို့ရပြီ”


‘’ဟမ်... သားဒယ်ဒီ သဘောတူလိုက်တာလား’’ 


ထန်ထန် အတော်လေးအံ့ဩသွားတယ်။ ပေါင်ပေါင်ဒယိဒီက သူမကို မလိုက်စေချင်ဘူးလို့ ထင်ထားတာလေ။ သူဘာလို့ရုတ်တရက်သဘောတူလိုက်ရတာလဲ


ရှောင်ကျိုး က အားအပြည့်နဲ့ ခေါင်းငြိမ့်လိုက်ပြီး


 “ အဲ့ဒါတကယ်ပါ မာမီရဲ့, မာမီဖြေးဖြေးလေး လမ်းလျောက်လဲရတယ်, ပြီးတော့ သားတို့ကစောင့်နေမှာမို့ မာမီကြောက်စရာမလိုတော့ဘူး “


ဒီလိုလုပ်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုမှတော့ သူမမငြင်းတော့ပေ။ ကလေးကလဲ သူမနဲ့အတူတူသွားချင်နေပုံရတဲ့အတွက် သူမအနေနဲ့ သူစိတ်ဓါတ်ကျသွားအောင် မလုပ်သင့်ဘူးလေ။ ကိစ္စမရှိပါဘူး, သူမ အလိုက်သင့်လေး နေလိုက်ရုံပဲကို။


နောက်တနေ့မှာတော့, ကျိယန် က ဘာမှမပြောပေ။ သူက ပစ္စည်းတစ်ချို့ကိုထုတ်ပိုးပြီး သားအမိနှစ်ယောက်နှင့်အတူတူ အပြင်ထွက်သွားကြတယ်။ သူတို့က ပင်လယ်ကမ်းခြေတစ်ခုက ဗီလာကိုသွားခဲ့ကြပြီး အဲ့ဒါက ကျိုးကျီ ရဲ့အပန်းဖြေအိမ်ဖြစ်တယ်။ သူတို့က အဲ့ကိုမကြာခဏသွားတတ်ကြတယ်။


သူတို့ရောက်တဲ့အချိန်မှာ လူတိုင်းရောက်နှင့်နေပြီဖြစ်တယ်။ ကျိယန်က ရှောင်ကျိုး ကိုခေါ်လာတဲ့အတွက် လူတိုင်းပျော်ရွှင်နေကြပြီး သူတို့နောက်က ထန်ထန်ကိုမြင်ရတဲ့အခါမှာတော့ လူတိုင်းရဲ့အမူအယာပြောင်းသွားပြီးလေထုက အတော်လေး ကသိကအောက်ဖြစ်သွားတော့တယ်။


ကျိယန်က ဘယ်တုန်းကမှ သူ့ဇနီးကို သူတို့တွေတွေ့ဆုံတိုင်း‌ ခေါ်မလာခဲ့ဖူးပေ။ ပြီးတော့ သူနဲ့ ထန်ထန်တို့ကြားက အကြောင်းအရာတွေကိုလဲ ဘယ်တုန်းကမှ ပြောဆိုခဲ့ခြင်းမရှိပေ။ ဒါပေမယ့်လဲ သူတို့နှစ်ဦးကြားမှာ ပြဿနာတွေရှိတယ်ဆိုတာကိုတော့ အသေးစိတ်မသိကြပေမယ့်လဲ လူတိုင်းကသတိထားမိပြီးဖြစ်တယ်။ ကျိယန် က အဲ့အကြောင်းတွေကိုမပြောချင်ခဲ့တဲ့အတွက် သူတို့ကလဲမမေးခဲ့ကြဘူး။


ဒါပေမယ့် ဒီနေ့မှ ဘယ်လိုဖြစ်သွားတာလဲ


ကုကျန်းအန်း ရဲ့ဇနီးက ပတ်၀န်းကျင်ကိုသက်သာစေရန် လေထုကို ပထမဆုံးချိုးဖျက်လိုက်တယ်။ သူမက ကျိယန် လက်ထဲမှ ရှောင်ကျိုးကို ချီလိုက်ကာ ပါးကိုအားရပါးရနမ်းလိုက်ပြီး


 “ အချစ်ကလေး, အန်တီ ယွဲ့ ကသားကိုအရမ်းသတိရနေတာ”


 ရှောင်ကျိုးက သူမ ပါးကိုပြန်နမ်းလိုက်ကာ ချစ်ဖို့ကောင်းတဲ့ ကလေးအသံလေးနဲ့ပြောလိုက်တယ် 


 “ အန်တီ ယွဲ့ သားလဲ အန်တီ့ကိုအများကြီးလွမ်းနေတာ”


ကျီယွဲ့ က မထိန်းနိုင်တော့ပဲ သူ့ခင်ပွန်းဆီကိုတိုက်ရိုက်ပဲ အသေးလေးအားချီပြီးသွားလိုက်တယ်။ သူမက ချစ်စရာကောင်းတဲ့ အသားလုံးလေးရဲ့ပျော်စရာတွေကို သူ့ခင်ပွန်းနဲ့အတူတူ မျှေ၀ချင်တယ်လေ။


အဲ့အချိန်မှာပဲ ကျိုးကျီက ဝှီးချဲနဲ့ရောက်လာတော့တယ်။ သူက ကျိယန် ကိုလက်ဆွဲနှုတ်ဆက်ပြီးနောက် ထန်ထန်ကိုပြုံးပြကာပြောလိုက်တယ်


 “ခယ်မလေး ထိုင်ပါဦး, သက်သောင့်သက်သာနေနော်”


ထန်ထန်အသက်ရှုထုတ်လိုက်ရင်းနဲ့ ကျိုးကျီကိုပြုံးပြလိုက်ကာ ကျိယန် နောက်မှလိုက်သွားပြီး သူ့အနားမှာပဲထိုင်လိုက်တယ်။


ကျိယန် ရဲ့ သူငယ်ချင်းတွေအားလုံးက ကျက်သရေရှိစွာနဲ့ ကြည့်ကောင်းနေကြပြီး သူမစိတ်ထဲဘာတွေဖြစ်နေလဲ ဆိုတာကိုတော့ ဘယ်သူမှသတိမထားမိကြပေ။ အထူးသဖြင့် ဝှီးချဲလ်ပေါ်က တစ်ယောက်ကောပေါ့။ ပြီးတော့ သူတို့အားလုံးက သူမကိုသဘောမကျပုံ ပေါ်နေကြတဲ့အတွက် မူလပိုင်ရှင်ကို သဘောမကျဘူးဆိုတာ သူမသေချာပေါက်ပြောရဲတယ်။ သူတို့တွေက သူမကို ဒီနေ့လိုက်မလာသင့်ဘူးလို့တောင် တွေးချင်တွေးနေနိုင်လောက်တယ်။


ကျိယန် က သူမကို သေသေချာချာ မိတ်ဆက်မပေးခဲ့ပါဘူး။ သူက အားလုံးရဲ့နာမည်ကို အကြမ်းဖျင်းပဲပြောပြခဲ့တယ်။ ပြောပြီးတာနဲ့ သူကချက်ချင်းပဲ ကျိုးကျီ နဲ့အတူတူ ရှယ်ယာတွေအကြောင်းကိုသာ ပြောနေကြတော့တယ်။ သူမ က သူတို့ပြောတဲ့စကားတွေကို နားမလည်တဲ့အတွက် သူမမျက်နှာပေါ်မှာ အပြုံးသေးလေးနဲ့အတူ သူတို့နားမှာထိုင်ရင်း နားထောင်နေလိုက်တယ်။


ကံကောင်းစွာနဲ့ပဲ ကျိရှောင်ကျိုး က သိပ်မကြာခင်ပြန်ရောက်လာပြီး ချက်ချင်းပဲ  သူမလက်ကိုဆွဲကာ 


“ မာမီ သားတို့သွားစားရအောင်, အဲ့မှာ အရသာရှိတဲ့စားစရာတွေ အများကြီးပဲ”


ထန်ထန် ပင့်သက်တချက်ရှိုက်လိုက်ပြီး အသေးလေးဆွဲခေါ်ရာနောက်ကို လိုက်ခဲ့တော့တယ်။


သားအမိနှစ်ယောက်လုံးထွက်သွားသည်နှင့် တပြိုင်နက် ကျိုးကျီ... ကျိယန် ကိုကြည့်ကာ မေးလိုက်တယ်


 “ လောင်ဆန်း မင်းဘဝြကီး တခုခုများပြောင်းလဲသွားတာလား’’


ကျိယန် က လမ်းလျောက်သွားတဲ့ နှစ်ယောက်ကိုလှမ်းကြည့်လိုက်ရင်း အချိန်အတော်ကြာတိတ်ဆိတ်နေပြီးမှ ရေရွတ်လိုက်တယ်


 “ဟုတ်လောက်တယ်”


ကျိုးကျီ ပေါ့ပါးစွာနဲ့ရယ်လိုက်ရင်း အသေးလေးဘက် ကိုကြည့်လိုက်ကာ မှတ်ချက်ချလိုက်တယ် 


“ ငါတော့ ရှောင်ကျိုး ပိုပျော်လာတယ် ထင်တာပဲ, အဲ့ဒါက ကောင်းတဲ့ပြောင်းလဲခြင်းဆိုတာ ငါ့ယုံကြည်တယ်”


ကျိယန် လဲ လွန်ခဲ့တဲ့ရက်တစ်ချို့က အသေးလေးရဲ့ အပြုအမူတွေကိုပြန်တွေးလိုက်ရင်း ပြုံးလိုက်တယ်။


တခြားတဖက်မှာတော့, ရှောင်ကျိုး ကထန်ထန် ကို အစားအသောက်နေရာသို့ ဦးဆောင်သွားတာဖြစ်တယ်။ အသေးလေးက ရေခဲမုန့်ကိုတွေ့လိုက်တဲ့အခါမှာ ကျေနပ်ပိတိတွေဖြစ်သွားတော့တယ်။ ထို့နောက် သူ့လက်တစ်ဖက်စီမှာ ရေခဲမုန့်ကိုကိုင်ထားတာဖြစ်ပြီး သူ့မှာလက်အပိုထပ်ရှိသေးရင် ထပ်ယူထားမယ်ပုံပေါ်နေတော့တယ်။


ရေခဲမုန့် အများကြီးစားတာက ကိုယ်ခန္ဓာအတွက်မကောင်းဘူးလို့ ကျိယန် ပြောဖူးတာကို သူမ သတိရသွားတယ်။ အထူးအဖြင့်ကလေးတွေအတွက်ပေါ့။ အဲ့ဒါကြောင့် သူမကအလျင်အမြန်ပဲ အသေးလေးကို


 “ပေါင်ပေါင်, သားဒယ်ဒီပြောထားတာကို မေ့သွားတာလား သားကို ရေခဲမုန့်တစ်ခုပဲ စားခွင့်ပြုထားတယ်လေ...”


ရှောင်ကျိုး ဆီက စိတ်ပျက်တဲ့အသံလေးထွက်လာတယ် 


“အာ...” 


 သူ့လက်ထဲက ရေခဲမုန့်နှစ်ခုထဲမှ တစ်ခုကိုရွေးဖို့ ဆန္ဒမရှိဘူးဖြစ်နေတယ်။ သူက ထန်ထန် ကို သနားစဖွယ်အကြည့်လေးနဲ့ ကြည့်လိုက်ပြီး နူးညံ့တဲ့အသံလေးနဲ့


 “ဒီတစ်ခါတည်းပါ မာမီရယ်, နောက်တစ်ခါဆို တစ်ခုတည်းပဲစားမယ်လေ နော်”


သူမ နှလုံးသားထဲ နူးညံ့သွားတယ်။ ဒါပေမယ့်လဲ ရေခဲမုန့်အလွန်အကျွံ့စားခြင်းက လူတွေကိုချောင်းဆိုး ဖျားနာဖြစ်စေနိုင်တယ်လေ။ အဲ့လိုသာဆိုရင် ဒုက္ခခံစားရမှာက အသေးလေးပဲဖြစ်တဲ့အတွက် သူမ သူ့ကိုဖျားနာဖို့ခွင့်မပြုနိုင်လေဘူး။ ဒါကြောင့် သူမနှလုံးသားကို ပြန်တင်းလိုက်ပြီး ပြောလိုက်တယ်


 “ မရဘူး, သားတစ်ခုပဲစားလို့ရမယ်, မဟုတ်ရင် မာမီက…”


“ဝု…ဟုတ်” 


အသေးလေးက သူ့လက်ထဲက ရေခဲမုန့်ကို ဆန္ဒမရှိပဲ လက်လျော့လိုက်ရင်း တီတိုးရေရွတ်လိုက်တယ်။


အဲ့အချိန်မှာပဲ ကုယန်ရန် ရောက်လာပြီး ရှောင်ကျိုး အရှေ့မှာထိုင်လိုက်ကာ ပြုံးလျက်ပြောလိုက်တယ်


 “ ရှောင်ကျိုး က ရေခဲမုန့်နှစ်ခုစားချင်တာလား တခါတလေစားတာ ဘာမှမဖြစ်ပါဘူး ပြီးတော့ ဒီနေ့ကနေပူတယ်လေ အဲ့ဒါကြောင့် သားဖျားမှာမဟုတ်ပါဘူး...”


ထို့နောက် သူမက ထန်ထနိ ကိုပြောလိုက်တယ် 


“ တကယ်တော့ ရေခဲမုန့်က သူ့အတွက်  သီးသန့်လုပ်ထားတာပါ အဲ့ဒါကြောင့် ပုံမှန်ထက် ဆိုဒ်ကိုလဲသေးထားတယ်လေ, နှစ်ခုစားတာက ဆိုင်ကတစ်ခုကိုစားသလိုပါပဲ, အဲ့ဒါကြောင် ဒီမှာ နှစ်ခုလုံးကိုစားလိုက်လဲ ဘာမှမဖြစ်ပါဘူး, ရှင်အနေနဲ့ ကလေး ကိုအရမ်းကြီး တင်းကြပ်ဖို့မလိုပါဘူး”


“အဲ့ဒါက…” 


ထန်ထန် အနေနဲ့လဲ တစ်ခါတစ်လေ စားတာဘာမှမဖြစ်ဘူးလို့ တွေးမိလိုက်ပေမယ့်လဲ သေချာအောင်သူမလုပ်ချင်သေးတယ်။ အများကြီးစားမိလို့ အသေးလေးသာဖျားနာခဲ့မယ်ဆိုရင် သူမနောက်တရဖို့ အရမ်းနောက်ကျသွားနိုင်တယ်။ အဲ့ဒါကြောင့် သူမက အသေးလေးကို ပိုစားဖို့ခွင့်မပြုခဲ့တာပဲဖြစ်တယ်။


သူ့မာမီ ဒုက္ခရောက်နေတာကို ကြည့်ပြီး အသေးလေးကရှေ့သို့တိုးလိုက်ကာ 


“ အန်တီ ယန်ရန် သားမှာ တစ်ခုရှိနေပါပြီ ဒယ်ဒီကသားကိုအများကြီးမစားဖို့ ပြောထားလို့ပါ...”


ကလေးက ဒီလိုပြောလိမ့်မယ်လို့ ကုယန်ရန် ထင်မှတ်မထားပေ။ သူမက ခဏလောက်အေးခဲသွားပြီးနောက် အသေးလေးခေါင်းကိုပွတ်ကာ ပြောလိုက်တယ်


 “ ရှောင်ကျိုးလေး က တကယ်ကိုလိမ်မာတာပဲ”


ပောင်ပေ့လေးကဒီလိုမျိုးနားလည်တတ်တာကို ကြည့်ရင်း ထန်ထန် က နူးညံ့မှုတွေနဲ့ ပြည့်နှက်သွားတော့တယ်။ သူမက တွေးရင်းနဲ့ပြောလိုက်တယ် 


“ဒီလိုလုပ်မလား ပောင်ပောင်...မာမီ သားနဲ့တူတူစားမယ်လေ, ဒါဆို အရသာမတူတာနှစ်ခုကို မာမီတို့နှစ်ယောက်ခွဲစားလို့ရတာပေါ့”


ရှောင်ကျိုး မျက်လုံးများကတောက်ပသွားပြီး စိတ်အားထက်သန်စွာနဲ့ ခေါင်းငြိမ့်လိုက်ကာ


 “ ဟုတ်... မာမီ သားတို့တူတူစားကြမယ်”


သူမ အသေးလေးကို ဆိုဖာဆီသို့ခေါ်သွားပြီး သူမရှေ့မှာထိုင်ခိုင်းကာ ရေခဲမုန့်တစ်ဇွန်းကို အသေးလေးအားခွံ့ကျွေးပြီးနောက် သူမအတွက်လဲ တစ်ဇွန်းစားလိုက်တယ်။


နှစ်ယောက်သား ရေခဲမုန့်ကိုပျော်ရွှင်စွာနဲ့ အတူတကွစားနေကြတယ်။


ကုယန်ရန် ကပြုံးလိုက်ပြီး ကော်ဖီနှစ်ခွက်ဖျော်ရန် မတ်တပ်ရပ်လိုက်တယ်။ သူမက ကော်ဖီခွက်ကို ကျိယန်နဲ့ကျိုးကျီ တို့ဆီသို့ယူသွားလိုက်တယ်။ ပထမခွက်ကို ကျိုးကျီ ကိုပေးလိုက်ပြီး နောက်တစ်ခွက်ကို ကျိယန် ကိုပေးလိုက်ကာ ...


“ အကို ကျိယန် ဒီခွက်က သကြားမပါဘူး, အကိုက အချိုတွေမကြိုက်တာကို ကျွန်မသိပါတယ်”


ကျိယန်ကော်ဖီကိုလက်ခံလိုက်ပြီး ပြောလိုက်တယ်


“ ကျေးဇူးတင်ပါတယ်”


“ကျွန်မတို့နှစ်ယောက်ကြားမှာ ဒီလောက်ထိ သူစိမ်းဆန်ဖို့မလိုပါဘူး” 


ကုယန်ရန်က ဟာသနှောရင်းပြောလိုက်တယ်။ ထို့နောက် သူမက ကျိယန်ဘေးမှာထိုင်ရင်း စတော့ခ်ရှယ်ယာတွေ အကြောင်းပြောနေတာကို ၀င်ပါလိုက်တော့တယ်။


ကျီယွဲ့ က တောက်လျောက် အားလုံးကိုကြည့်နေတာဖြစ်ပြီး ကုကျန်းအန်း. ကိုတံတောင်နှင့်တွတ်လိုက်ကာ ထန်ထန့်ဘက် ကြည့်ရင်းပြောလိုက်တယ်


 “ ကျိယန် ဇနီးကိုကြည့်လိုက်ဦး, သူမအရင်နဲ့မတူပဲ ပြောင်းသွားတယ်မထင်ဘူးလား, အရင်တုန်းကဆိုရင် ရှောင်ကျိုး နဲ့ ကျွန်မတို့ကို ကြည့်တာတောင်မဟုတ်ဘူး အခုကျတော့ သူမက ရှောင်ကျိုး ကို ကောင်းကောင်းဆက်ဆံနေတယ်။ တစ်ခုခုများဖြစ်သွားလားလို့ ကျွန်မထင်နေတယ်..."


ကုကျန်းအန်း က သူ့ဇနီးခေါင်းလေးကိုပွတ်လိုက်ပြီး ဘာမှမဖြစ်သလိုပဲပြောလိုက်တယ် 


“ တစ်ခုခုဖြစ်သွားတာနေမှာပေါ့, ဒါပေမယ့် အဲ့ဒါက လောင်ဆန်း ရဲ့ သီးသန့်ကိစ္စလေ ကိုယ်တို့ဝင်ပါဖို့မလိုအပ်ဘူး”


ကျီယွဲ့ ကနှုတ်ခမ်းတွန့်လိုက်ကာ တိတ်တဆိတ်နဲ့ပြောလိုက်တယ်


 “ အမှန်ပဲ, ကျွန်မတို့ ကျိယန်ရဲ့ သီးသန့်ကိစ္စကို ၀င်မစွက်ဖက်သင့်ဘူး ဒါပေမယ့် ရှင့်ညီမကတော့ …”


သူမအဖြေကို သူကြားလိုက်တဲ့အခါ ကုကျန်းအန်း က  ကုယန်ရန် ကိုလှမ်းကြည့်လိုက်တယ်။ အဲ့ဒါက အဓိပ္ပာယ်မရှိဘူးလို့တွေးလိုက်မိပြီး ရယ်ရင်းနဲ့ ကျီယွဲ့နဖူးကိုပုတ်လိုက်ကာ 


“ မင်းဘာတွေပြောနေတာလဲ ယန်ရန်က ကျိယန် ကို တခြားသူတွေလိုပဲ သူ့အကိုလို့သတ်မှတ်ထားတာ, သူမက ကိုယ်တို့နောက်ကနေလိုက်ရင်းနဲ့ ကြီးပြင်းလာတာပဲလေ”


ကျီယွဲ့ က စိတ်ထဲမှရယ်လိုက်ရင်း သူမမျက်လုံးကိုလှိမ့်လိုက်မိတယ်။ ယောကျာ်းတွေက ဒီလိုမျိုးတွေကို သတိထားမိဖို့အတွက် ဆိုးဝါးလွန်းတယ်, ဘယ်သူမှန်တယ်ဆိုတာ ဘယ်သူမှမသိနိုင်သေးဘူးလေ။


ကိစ္စမရှိပါဘူး။ သူမဆီမှာ စိုးရိမ်ဖို့အချိန်တွေရှိနေမှတော့ သူမအနေနဲ့ နောက်ထပ်ဘာလုပ်ရမလဲဆိုတာကိုပဲ စိတ်ပူသင့်တယ်။ 


ထို့နောက် သူမကမတ်တပ်ရပ်လိုက်ပြီး တစ်စုံတစ်ခုကိုကြေငြာဖို့အတွက် လူတိုင်းကို စိတ်၀င်စားလာစေအောင် လက်ခုပ်တီးလိုက်တယ်


 “  အားလုံးပဲအနားယူကြရအောင်, နေ့လည်ကျရင် ကမ်းခြေမှာ ကစားကြမယ်, ရေကူး၀တ်စုံတွေနဲ့လာတော့မယ်”


လူတိုင်းက ရယ်လိုက်ကြတယ်။


အားလုံးက အနားမယူခင် နေ့လည်စာအတွက် ပေါ့ပေါ့ပါးပါးသာ စားလိုက်ကြတယ်။ ကျိယန်တို့မိသားစုအတွက်ကတော့ သဘာ၀ကျစွာပဲ အခန်းတခန်းတည်း နားလိုက်ကြတယ်။ အဲ့ဒါက သူတို့နှစ်ယောက်လုံးကို အနေကြပ်စေတယ်။ အခုအချိန်မှတော့ တခြားအခန်းကိုလဲပေးဖို့ ပြောမယ်ဆိုရင် ထူးဆန်းနေလိမ့်မယ်။ 


တခြားတစ်ဘက်မှာတော့ အသေးလေး ကတော့ သိသိသာသာကိုပဲ ပျော်ရွှင်နေတယ်။ သူက အိပ်ယာပေါ်သို့တွယ်တက်လိုက်ပြီး တကိုယ်လုံးကိုလှိမ့်ဆော့ပြီးတဲ့နောက် အိပ်ယာကိုလက်နဲ့ပုတ်ကာပြောလိုက်တယ်


 “ ဒယ်ဒီ, မာမီ, ဒီကိုမြန်မြန်လာ, အိပ်ယာက အကြီးကြီးနဲ့ နေလို့အရမ်းကောင်းတာပဲ, သားတို့ ပင်လယ်ကိုတောင် မြင်နေရတယ်”


ထန်ထန် မျက်နှာက နီရဲနေပြီး မလှုပ်ဝံ့ဘူး။ သူမ ဘာလုပ်ရမှန်းမသိဖြစ်နေပြီး အဆုံးမှာတော့ ကျိယန်က အိပ်ယာဆီကို အရင်ဆုံးဦးဆောင်သွားလိုက်တော့တယ်


 သူ ရှောင်ကျိုး ရဲ့ ညာဘက်ခြမ်းမှာလှဲလိုက်ပြီး ထန်ထန်ကိုလှမ်းပြောလိုက်တယ်


 “ အနားယူကြရအောင်, မဟုတ်ရင် အားမရှိပဲနေလိမ့်မယ်”


ထန်ထန် မျက်နှာပိုနီရဲသွားတယ်။ သူမက အနားကိုခပ်သွက်သွက်လျောက်သွားပြီး ကလေးရဲ့ဘယ်ဘက်ခြမ်းမှာ လှဲချလိုက်တယ်။ ထို့နောက် သူမလက်ကိုဗိုက်ပေါ်တင်လိုက်ပြီး လုံး၀မလှုပ်တော့ပေ။ 


ကျိရှောင်ကျိုး က ညာဘက်ခြမ်းမှာရှိတဲ့ သူ့ဒယ်ဒီဘက်သို့ လှိမ့်လိုက်ပြီးကြည့်လိုက်တယ်။ ထို့နောက် ဘယ်ဘက်ခြမ်းသို့ထပ်လှိမ့်ကာ သူ့မာမီကိုကြည့်လိုက်ပြန်တယ်။ သူက သူမတို့နှစ်ယောက်လုံးရဲ့ လက်ကိုတွဲကိုင်ကာ ပိတိဖြစ်စွာနှင့်ပြောလိုက်တယ်


 “ သားတို့တွေ ဒီလိုမျိုးအမြဲတမ်း တူတူအိပ်လို့ရရင် အရမ်းကောင်းမှာပဲ”


မျက်နှာနီရဲနေပြီဖြစ်တဲ့ ထန်ထန်  ဘာမှမဖြေပေ။ အဲ့ဒီအချိန်မှာပဲ ကျိယန် ကဆုံးဖြတ်ချက်ချလိုက်ပြီး မျက်လုံးကိုမှိတ်လိုက်တော့တယ်။ 


ကျိရှောင်ကျိုး  က သူ့မိဘတွေအိပ်ပျော်သွားပြီလို့ ယူဆလိုက်တယ်။ အဲ့ဒါကြောင့် သူက သူတို့ကိုနှိုးမိမှာစိုးတဲ့အတွက် စကားမပြောပဲနေလိုက်တယ်။ ထို့နောက်  သူ့မျက်လုံးကိုပိတ်ကာ အိပ်မောကျသွားတော့တယ်။ 


ထန်ထန် သားအဖနှစ်ယောက်လုံး မျက်လုံးမှိတ်ပြီး အိပ်ပျော်သွားတာကိုကြည့်ရင်း နောက်ဆုံးတော့ သူမစိတ်အေးသွားတာ တဖြည်းဖြည်းအိပ်ပျော်သွားတယ်။


ထန်ထန်  နှင့် ကျိရှောင်ကျိုး  တို့ရဲ့ တည်ငြိမ်တဲ့အသက်ရှုသံတွေကိုကြားတဲ့အခါ ကျိယန်  မျက်လုံးပြန်ဖွင့်လိုက်တယ်။ သူက သားအမိနှစ်ယောက်လုံးကိုကြည့်ရင်း ရှင်းမပြနိုင်တဲ့ ခံစားချက်တွေ သူ့နှလုံးသားထဲ ပြည့်နှက်သွားတယ်။


-  - - - - - - - - - - - - - - - 


မွန်းလွဲပိုင်းရောက်တဲ့အခါမှာတော့ ကျီယွဲ့ က ထန်ထန်   အပါအဝင် လူတိုင်းအတွက် ရေကူး၀တ်စုံကို ပြင်ဆင်ပေးလိုက်တယ်။


 ထန်ထန် က ဒီကမ္ဘာရဲ့ ၀တ်စားဆင်ယင်ပုံကို အသားကျနေပေမယ့်လဲ ရေကူး၀တ်စုံကိုတော့ မ၀တ်ရဲပေ။ အနည်းငယ်သာ ဖုံးကွယ်ပေးတဲ့ ရေကူး၀တ်စုံကို ၀တ်ဖို့အတွက်က သူမကို ကြီးမားတဲ့စိန်ခေါ်မှုဖြစ်စေတယ်။


ကျိယန်နဲ့ ရှောင်ကျိုး တို့ ရေကူး၀တ်စုံ၀တ်ပြီးသည်အထိ သူမအဲ့ဒါအတွက် အဆင်မပြေဖြစ်နေတုန်းပဲ။ 


အချိန်အတော်ကြာ စောင့်ပြီးသည်အထိ ထန်ထန် ထွက်လာတာကို မတွေ့သေးတဲ့အတွက် ရှောင်ကျိုး  က အ၀တ်လဲခန်းကို ပြေးပြီးတံခါးခေါက်လိုက်တယ်


 “ မာမီ, လဲလို့ပြီးသွားပြီလား သားတို့အကုန်ပြီးသွားပြီနော်”


နဂိုအ၀တ်အစားတွေ မလဲရသေးပဲဖြစ်နေသော ထန်ထန် က တံခါးဖွင့်လိုက်တယ်။


“ဟင်... မာမီ, ဘာလို့မလဲသေးတာလဲ”


 “ မာမီအဲ့ဒါကို မ၀တ်ချင်ဘူး, အဲ့ဒါက မာမီနဲ့ကြည့်မကောင်းဘူးလေ...”


အသေးလေးက သူမ လက်ထဲက ၀တ်စုံကိုလှမ်းယူပြီး ကြည့်လိုက်တယ်။ ထို့နောက် သူကခေါင်းမော့ကာ


 “ မာမီ, သူများတွေက မာမီကို ၀တယ်လို့ပြောမှာကြောက်လို့ မ၀တ်တာလား ဘာမှမဖြစ်ပါဘူး, သားကိုကြည့်လေ, သားလဲ၀တာပဲ ဒါပေမယ့် သားမကြောက်ဘူး...” 


သူက သူ့ကိုယ်သူစတေးခံပြီး ဗိုက်သားတွေကို သူမမြင်အောင် လက်နဲ့မပြလိုက်ရင်း ပြောလိုက်တယ်။


အသေးလေးက ပုံမှန်ဆို အဲ့ဒါကိုဝန်ခံလေ့မရှိပေမယ့်လဲ တကယ်တမ်းတော့ သူ့ကိုယ်သူအလေးချိန်များနေတယ်ဆိုတာ သိနေခဲ့တာပဲ။


သူမ ရယ်ရမလား ငိုရမလား မသိဖြစ်သွားတယ်။ သူမကို ၀တယ်လို့ခေါ်ကြမှာကို မကြောက်ပါဘူး။ တကယ်တော့ သူမ ကိုယ်အလေးချိန်တိုးလာအောင်တောင် ဆုတောင်းနေသေးတာပဲ။ အနည်းဆုံးတော့ အရိုးစုလိုပိန်နေရာကနေ အနည်းငယ်၀လာနေပြီပဲ။


သို့သော်လဲ ရှောင်ကျိုး  ကို ဘယ်လိုရှင်းပြရမှန်း သူမ မသိဘူးဖြစ်နေတယ်။


အခြေအနေကိုကြည့်နေတဲ့ ကျိယန်  က ရှောင်ကျိုး  ကို ချီလိုက်ပြီး


 “ ကောင်းပြီ, မာမီက အ၀တ်မလဲချင်လဲ ဘာမှမဖြစ်ဘူး, အောက်ကိုသွားကြရအောင်”


 ကျိယန်ရဲ့ ချီထားခြင်းကိုခံထားရတဲ့ ပေါက်စီလုံးလေး က သူ့လက်လေးတွေကို ယမ်းလိုက်ရင်း 


“ အိုကေ, မာမီ နဂိုအဝတ်ပဲ ၀တ်လို့ရတယ်၊ ဒါဆို အခုပင်လယ်ထဲသွားပြီး ဆော့ကြမယ်”


ထန်ထန် သက်ပြင်းချလိုက်တယ်။ သူမချက်ချင်းပဲ ရေကူး၀တ်စုံကို လွှတ်ချလိုက်ပြီး သားအဖနှစ်ယောက်နောက်သို့ ချိုင်းထောက်အသုံးပြုရင်း လိုက်သွားတော့တယ်။