Part 17
ကျိရှောင်ကျိုး ရဲ့မှတ်ညဏ်ထဲမှာ တစ်ခါမှသူပင်လယ်ကိုမရောက်ဖူးသေးပေ။ အဲ့ဒါကြောင့် သူကကျည်ဆံလိုအရှိန်နဲ့ ပင်လယ်ဆီကို ပျော်ရွှင်စွာပြေးသွားတော့တယ်။ ကံကောင်းစွာနဲ့ပဲ ကျိယန်က သူ့ကို ရေကူးဘောကွင်းဝတ်ထားပေးပြီး သူ့အနားမှာနေစေတယ်။ မဟုတ်ရင် လှိုင်းခတ်ပြီး အဝေးကိုပါသွားနိုင်တယ်။
အသေးလေးက ပျော်ရွှင်စွာနဲ့ရယ်မောနေပြီး ကမ်းခြေမှာရပ်နေတဲ့ ထန်ထန် ကို လက်ဝှေ့ယမ်းပြနေတယ်
“ ဒီကိုလာပါလား မာမီ, ဒီမှာအရမ်းပျော်ဖို့ကောင်းတာပဲ”
သူမခြေထောက်မှ ကျောက်ပတ်တီးက အခုထိရှိတုန်းပဲဖြစ်ပြီး အဲ့ဒါကရေစိုလို့မရသေးဘူးဖြစ်တယ်။ အဲ့ဒါကြောင့် သူမကလက်ကိုယမ်းပြလိုက်ရင်း တောင်းပန်စကားဆိုလိုက်တယ်
“ မာမီရေထဲသွားလို့မရသေးလို့ ဒီကနေပဲကြည့်နေတော့မယ်”
အသေးလေးက အနည်းငယ်စိတ်ပျက်သွားတယ်။ ဒါပေမယ့်လဲ သူ့ဒယ်ဒီက သူနဲ့အတူဆော့နေတဲ့အတွက် ချက်ချင်းပဲ အသဲအသန် ဆက်ကစားနေတော့တယ်။
လူတိုင်းက ရေကူး၀တ်စုံကိုယ်စီ၀တ်ထားပြီး ရေထဲကိုဆင်းကုန်ကြတယ်။ အမျိုးသားတွေက ရင်ဘတ်နဲ့ ခြေတံတွေကိုဖော်ပြထားတဲ့အတွက် သူမ သူတို့ကို မကြည့်ရဲဘူးဖြစ်နေတယ်။ သိုသော်လဲ ကျီယွဲ့နဲ့ ကုယန်ရန် ကိုတော့ သူမ မကြည့်ပဲမနေနိုင်ဘူး။ သူမတို့နှစ်ယောက်လုံးရဲ့ လှပပြီး ရှည်လျားတဲ့ခြေတံတွေနဲ့ သေးသွယ်တဲ့ခါးတွေကိုမြင်နေရတယ်။ သူတို့က ရေကူး၀တ်စုံကိုယ်စီ၀တ်ထားကြပြီး နေရောင်အောက်မှာ တောက်ပနေကြတဲ့အတွက် သူမတို့နှစ်ယောက်လုံးကြည့်ကောင်းကြတယ်ဆိုတာကို ထန်ထန်မငြင်းနိုင်ဘူး။
သူမရဲ့ သစ်သားချောင်းလိုကိုယ်ခန္ဓာကို ပြန်ကြည့်မိပြီး စိုးရိမ်လာတယ်။ ကွာခြားချက်ကအရမ်းကို ကြီးမားတာပဲ။ သူမက အရိုးစုလိုမျိုး လှပတဲ့ ပုံပန်းသဏန်ရှိနေတာပဲ။ သူမ အများအပြားစားခဲ့ပေမယ့်လဲ ကိုယ်အလေးချိန်တိုးလာခြင်း မရှိသေးပေ။ သူမစားခဲ့တာတွေအကုန်လုံး ဘယ်ရောက်ကုန်တာလဲ
သူမမျက်နှာပေါ်က အပြောင်းအလဲတွေအကုန်လုံးက သိသာလွန်းတာကြောင့် တချက်ကြည့်လိုက်ရုံနဲ့ပင် သူမဘာတွေးနေလဲဆိုတာကို အလွယ်တကူသိနိုင်တယ်။ အဲ့ဒါကို ပင်လယ်ထဲမသွားနိုင်တဲ့ ကျိုးကျီက သူမကိုပြုံးရင်း ကြည့်နေတာဖြစ်တယ်။
ထန်ထန် သူမအတွေးတွေကို တခြားတစ်ယောက်သိသွားလောက်မှန်း သတိထားမိသွားပြီး မျက်နှာကနီမြန်းသွားကာ ခြောက်သွေ့စွာပြုံးပြလိုက်မိတယ်။
ကျိုးကျီ က သူ့ရဲ့ ဝှီးချဲလ်ကို သူမဘက်သို့ရွေ့လိုက်ပြီး
“ ဟိုနားသွားပြီး ထိုင်ရအောင်, အခုက နေအရမ်းပူနေသေးတယ်”
သူမက ကျိုးကျီ နဲ့ အရမ်းမရင်းနှီးပေမယ့်လဲ သူက ကျိယန်ရဲ့ သူငယ်ချင်းကောင်းဖြစ်ပြီး ကျိယန်က သူ့ကိုလေးစားမှန်းသူမ သိနေမှတော့ မငြင်းတော့ပဲ သူ့နောက်သို့ သူမချိုင်းထောက်အကူအညီနဲ့ လိုက်ခဲ့တော့တယ်။
စားပွဲခုံပေါ်မှာ ရှေးခေတ်ရေနွေးခွက်တစ်စုံရှိတယ်။ အဲ့ဒီ ခွက်တွေက ဟောင်းနေပုံရပြီး ကျက်သရေရှိစွာ လှပနေလေတယ်။ အဲ့ဒါတွေက သူမအရင်အချိန်တုန်းက အသုံးပြုခဲ့တဲ့ ရေနွေးခွက်အစုံလိုက်နဲ့ အတော်လေးဆင်တူလေတယ်။
ကျိုးကျီ ရဲ့လှုပ်ရှားမှုတွေက ငြိမ်သက်ကြော့ရှင်းနေပြီး အဲ့ဒါက သူ့ကိုကောင်းကင်ပေါ်ကသူတစ်ယောက်နဲ့ တူတယ်လိုခံစားမိစေတယ်။ သူမအနေနဲ့ ဒီကမ္ဘာကိုရောက်ကတည်းက သူ့ လိုစိတ်နေစိတ်ထား အပြုအမူရှိတဲ့သူကို ပထမဆုံးမြင်ဖူးခြင်းပင်ဖြစ်တယ်။ အဲ့ဒါက သူမရဲ့အတိတ်က စာသင်သားတစ်ယောက်ပုံစံကိုတောင် သတိရသွားစေမိတယ်။
သူမ မျက်လုံးတွေကို သူ့ဆီမှမခွာနိုင် ဖြစ်နေတော့တယ်။
ကျိုးကျီ ထန်ထန် အတွက် ရေနွေးတစ်ခွက်ထည့်ပေးရင်း
“ ခယ်မလေး, ရေနွေးသောက်ပါဦး"
ထန်ထန် ရေနွေးကိုအမှုမဲ့ မသောက်ရဲပဲ သင့်လျော်သောအပြုအမူနဲ့ ခွက်ကိုကိုင်ကာ သောက်လိုက်တယ်။ ပထမဦးစွာ အနည်းငယ်ခါးသက်ပြီးနောက် ချိုမြိန်တဲ့အရသာကိုရလိုက်တယ်။
သူမ မျက်လုံးများတောက်ပသွားပြီး
“ ကောင်းလိုက်တဲ့ ရေနွေးကြမ်း”
သူမရဲ့မူလ ကမ္ဘာကအိမ်မှာ မျက်နှာသာပေးခြင်းအရမ်းမခံရပေမယ့် သူမက အိမ်တော်ရဲ့ သခင်မလေးဖြစ်တဲ့အတွက် လိုအပ်တဲ့ အပြုအမူတွေ, ကျင့်၀တ်, စည်းမျဉ်းတွေအားလုံးကို သင်ကြားခြင်းခံခဲ့ရတာဖြစ်တယ်။ ဒါကြောင့် လတိုင်းရဲ့ ၁၅ရက်နေ့တွေမှာဆိုရင် သူမက အိမ်တော်ရဲ့သခင်မကို လဘက်ရည်ကြမ်း ဆက်တဲ့အခါတိုင်း သူမရှက်ကိုးရှက်ကန်မဖြစ်တော့ပေ။ သူမရဲ့အထိန်းတော်ကလဲ မိသားစုကြီးတစ်ခုမှလာတာဖြစ်တဲ့အတွက် လဘက်ရည်ကြမ်းနဲ့ပတ်သတ်ပြီး သေချာလေ့လာထားတာကြောင့် အဲ့ဒါတွေကို သူမ အတော်လေးသိနေတာဖြစ်တယ်။
ကျိုးကျီ အနည်းငယ်အံ့ဩသွားတယ်။ သထန်ထန် လဘက်ရည်ကြမ်းနဲ့ပတ်သတ်ပြီး သိနေမယ်လို့ မထင်ထားမိဘူး။ သူမ အဲ့ဒါကိုသောက်တဲ့အခါ လှုပ်ရှားမှုတွေက ခမ်းနားစွာရှိနေပြီး ဒီလိုခမ်းနားတဲ့ အပြုမူမျိုးကို သူရဲ့အဖွားဆီမှာသာ တွေးဖူးတာဖြစ်တယ်။
သူမက သူကြားဖူးထားတာနဲ့ ဆန့်ကျင်ဖက်ဖြစ်နေတာကြောင့် စိတ်၀င်တစားနဲ့ ပြောလိုက်တယ်
“ ကြည့်ရတာ ခယ်မလေးက လဘက်ရည်ကြမ်းရဲ့ အနှစ်သာရကို သိနေပုံပဲ, လဘက်ရည်ကြမ်းလုပ်တတ်လား...လဘက်ရည်ပွဲတစ်ခုလုပ်ပြီး ကျွန်တော့ကိုအရသာမြည်းခွင့်ပေးနိုင်မလား...”
ထန်ထန် ထိတ်လန့်သွားပြီး လက်ကိုယမ်းလိုက်ကာ
“ မဟုတ်ပါဘူး ကျွန်မ အဲ့ဒါတွေကို အသေးစိတ်နားမလည်ပါဘူး, ကျွန်မကိုယ်ကျွန်မ အရှက်မခွဲချင်ပါဘူး”
သူမတကယ်ကို လဘက်ရည်ပွဲကောင်းကောင်းမလုပ်နိုင်ဘူးလေ။ ပြီးတော့ သူမက ကျွမ်းကျင်ပညာရှင်တွေနဲ့ ဘယ်လိုလုပ်ပြီး နှိုင်းယှဉ်နိုင်မှာလဲ။ သူမရဲ့ အထိန်းတော်ကဆိုရင် သူမကိုလဘက်ရည်ပွဲကောင်းကောင်းမလုပ်တတ်ဘူးလို့ အမြဲပြောနေကျဖြစ်တယ်။
“ အရမ်းကြီးစိတ်ပူဖို့မလိုပါဘူး, ပေါ့ပေါ့ပါးပါးပဲလုပ်ပါ”
“ဒါဆို ကောင်းပါပြီ, ကျွန်မရဲ့စွမ်းဆောင်မှုကို အကို ကျိုး စိတ်မရှိဖို့မျှော်လင့်ပါတယ်”
သူမရှောင်လွှဲလို့မရမှတော့ လဘက်ရည်ပွဲကို စတင်ပြီးသရုပ်ပြတော့တယ်။ သူမရဲ့အထိန်းတော် သင်ထားပေးတဲ့အတိုင်း တဆင့်ချင်းစီ သူမ လုပ်ဆောင်လိုက်တယ်။
သူမရဲ့ လဘက်ရည်ပွဲသရုပ်ပြမှုသည် အရင်ကမ္ဘာက ဆွေမျိုးကြီးတွေထဲမှ တရား၀င်သခင်မတွေနဲ့ နှိုင်းယှဉ်လို့မရပေမယ့်လဲ သူမအခုရောက်ရှိနေတာ ၂၁ ရာစုဖြစ်တဲ့အတွက် ဒီလိုကျွမ်းကျင်မှုမျိုးတွေဆိုတာ ပျောက်ကွယ်လုနီးပါးဖြစ်နေတာကြောင့် သူမရဲ့လှုပ်ရှားမှုတွေက ကျွမ်းကျင်ပညာရှင်တစ်ဦးနှင့်တူနေတယ်။
ထန်ထန် ရဲ့လှုပ်ရှားမှုတွေက ကျွမ်းကျင်သူတစ်ဦးနှင့်တူပြီး လှပနေတာကို ကျိုးကျီ ကြည့်ရင်း အလွန်အံ့အားသင့်သွားတယ်။ သူတောင် အဲ့လောက် မကျွမ်းကျင်ဘူးဆိုတာကို ၀န်ခံရမယ်။ ဖြစ်နိုင်ရင် သူ့ရဲ့အဖွားသာ သူမနဲ့နှိုင်းယှဉ်ရလောက်တယ်။
ကျိယန် ရဲ့ဇနီးဆီမှာ လျှို့ဝှက်ထားတဲ့အတက်ပညာတွေ ရှိနေမယ်လို့ သူမထင်ခဲ့မိဘူး။
" ကျေးဇူးပြုပြီး အရသာမြည်းကြည့်ပါဦး, အကို ကျိုး “
ထန်ထန် ပြောရင်း ကျိုးကျီကို လဘက်ရည်ကြမ်းတစ်ခွက် ပေးလိုက်တယ်။
ကျိုးကျီက ပါးစပ်အပြည့်သောက်လိုက်ပြီးနောက် သူ့မျက်လုံးများကတောက်ပသွားကာ
“ ခယ်မလေး မှာ အရမ်းကောင်းတဲ့ကျွမ်းကျင်မှုရှိနေတာပဲ, အဲ့ဒါက ကျွန်တော့အတွက် အရမ်းကောင်းတယ်”
သူမ ရှက်ရွံ့စွာနဲ့ လက်ကိုယမ်းလိုက်ရင်း
“အကို ကျိုးက ဟာသတွေပြောနေပြန်ပြီ”
အဲ့အချိန်မှာပဲ ပင်လယ်ထဲမှရေကစားပြီး ပြန်တက်လာတဲ့စုံတွဲက သူတို့နှစ်ယောက်စကားပြောနေတာကို တွေ့လိုက်တယ်။ ပုံမှန်ဆို ကျိုးကျီ လိုချဉ်းကပ်ရခက်တဲ့သူမျိုးက ထန်ထန် နဲ့အတူ လဘက်ရည်သောက်ရင်း ပျော်ရွှင်စွာစကားပြောနေတဲ့အတွက် အံ့ဩသွားကြတယ်။
“ အကိုကြီး, လဘက်ရည်ကြမ်းသောက်ရတာ ဘယ်လိုနေလဲ”
ကုကျန်းအန်း က စပ်စုစွာမေးလိုက်တယ်။
ကျိုးကျီက လဘက်ရည်အိုးကိုပေးရင်းနဲ့
“ မင်းအဲ့ဒါကို စမ်းသောက်ကြည့်သင့်တယ်, ခယ်မလေးရဲ့ ကျွမ်းကျင်မှုက အရမ်းကောင်းတာပဲ, ငါတောင် သူမနဲ့မယှဉ်နိုင်ဘူး”
လူတိုင်းက ထန်ထန် ကို အံ့ဩစွာနဲ့ကြည့်လိုက်ကြတယ်။
ကျိုးကျီက လဘက်ရည်ကြမ်းရဲ့အနှစ်သာရကို ကျွမ်းကျင်ပညာရှင်တွေဆီမှ သင်ထားတာဖြစ်တယ်။ သာမန်လူတစ်ယောက်အနေနဲ့ သူ နှင့်ယှဉ်ပြိုင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပေ။ ဒါပေမယ့် ထန်ထန် ရဲ့ကျွမ်းကျင်မှုက အရမ်းကောင်းတယ်ဆိုတာကတော့ ဟာသမဟုတ်ဘူးလား...
ကျိရှောင်ကျိုး က အရွယ်ရောက်သူတွေရဲ့အတွေးကို နားမလည်တဲ့အတွက် သူ့မာမီလုပ်တဲ့ လဘက်ရည်ကြမ်းကကောင်းတယ်ဆိုတဲ့အသံကိုကြားလိုက်တာနှင့် ကလေးဆိုးလေးလိုပြေးသွားကာ
“မာမီ သားရေဆာတယ်, သားကိုလဘက်ရည်ကြမ်းလုပ်ပေးပါ”
သူမ ချက်ချင်းပဲ ရှောင်ကျိုး အတွက် တစ်ခွက်ထည့်ပေးလိုက်တယ်။ အသေးလေးက လဘက်ရည်ကြမ်းအကြောင်း နားမလည်တဲ့အတွက် ရိုးရှင်းစွာပဲ အကုန်လုံးကို တစ်ကျိုက်တည်းနဲ့ မော့သောက်လိုက်ပြီး နှုတ်ခမ်းကိုသုတ်လိုက်တယ်။ အရသာက နည်းနည်းခါးတယ်လို့ သူ တွေးလိုက်မိတယ်
အဲ့ဒါက ဖျော်ရည်လိုလဲမကောင်းဘူး။ ဒါပေမယ့် အဲ့ဒါက သူမာမီလုပ်ထားတာဖြစ်တဲ့အတွက် စင်ပေါ်မှသူ့မာမီကို ဘယ်လိုများဖျက်စီးနိုင်မှာလဲ။ သူက ခေါင်းကိုငြိမ့်လိုက်ပြီး အလေးအနက်နှင့်ပြောလိုက်တယ်
“ အား…ကောင်းလိုက်တဲ့ လဘက်ရည်ကြမ်း”
လူတိုင်းက သူ ရဲ့ချစ်စရာ အပြုအမူကြောင့် ရယ်မောလိုက်ကြတယ်။
အသေးလေးအတွက် တာ၀န်ထမ်းဆောင်ပေးပြီးတဲ့နောက် ကလေးအဖေဖြစ်သူကိုလဲ သူမက မမေ့ပဲ လဘက်ရည်ကြမ်းတစ်ခွက် ချက်ချင်းထည့်ပြီး ကျိယန် ကိုပေးလိုက်တယ်
“ လောင်ပေါ သောက်ပါဦး"
ကျိယန် လဲ စိတ်၀င်စားစွာနဲ့ ခွက်ကိုယူလိုက်တယ်။ သူက အသေးလေးလို တကျိုက်တည်း မသောက်ပဲ ဖြည်းငြင်းစွာနဲ့ တစ်ငုံသောက်လိုက်တယ်။ သူ့ပါးစပ်ထဲ ချိုမြိန်တဲ့အရသာ ပြန့်နှံ့သွားတာကိုခံစားလိုက်မိတယ်။ သူက လဘက်ရည်ကြမ်းအကြောင်း အသေးစိတ်နားမလည်ပေမယ့်လဲ အဲ့ဒါကသောက်လို့ကောင်းမှန်းသိလိုက်တယ်။
သူမဆီမှာ လဘက်ရည်ပွဲပြင်တဲ့ ကျွမ်းကျင်မှုကောင်းကောင်းရှိနေတာပဲ။ ဘယ်တုန်းက သူမသင်လိုက်တာလဲ
လူတိုင်းက မြင်တွေ့လိုက်ပြီးတဲ့နောက်, သူတို့အားလုံးလဲ လဘက်ရည်ကြမ်းအရသာမြည်းဖို့ကို စိတ်၀င်စားလာကြတော့တယ်။ သူမ ပျော်ရွင်စွာနဲ့ လူတိုင်းကို တစ်ခွက်စီဖြည့်ပေးလိုက်တယ်။ ဒါပေမယ့် ကုယန်ရန် ကိုထည့်ပေးဖို့ပြင်တဲ့အခါမှာတော့ သူမက ငြင်းပယ်လိုက်တယ်
“ တောင်းပန်ပါတယ် ထန်ထန် ကျွန်မ လဘက်ရည်ကြမ်းမကြိုက်ဘူး, ကျွန်မက ကော်ဖီကိုပိုသဘောကျတယ်လေ”
“ကိစ္စမရှိပါဘူး ရပါတယ်”
ထန်ထန်က စိတ်ထဲမထားပေ။
လူတိုင်းက ဗီလာကိုမပြန်ခင် နောက်ကျသည်အထိကစားခဲ့ကြတယ်။ သူတို့အားလုံးက ညဘက် ဗီလာမှာနေကြမှာဖြစ်ပြီး မနက်ဖြန်မှပြန်ကြမှာဖြစ်တယ်။
တစ်နေကုန် ကစားပြီးတဲ့နောက် လူတိုင်းက ဆာလောင်နေကြပြီဖြစ်တယ်။ ကောင်းကင်ကမှောင်မဲနေပြီး လူတိုင်းက စားသောက်ချင်နေကြပြီဖြစ်ပေမယ့် အဓိကပြဿနာက ဘယ်သူချက်မှာလဲ
ကျိုးကျီက ဒီနေရာကို တစ်ခါတရံမှသာ လာတာဖြစ်တဲ့အတွက် ဗီလာအတွက် လူတစ်ချို့ကို အချိန်ပိုင်းငှားရမ်းပြီး သန့်ရှင်းရေးလုပ်လေ့ရှိတယ်။ ဒါကြောင့် အမြဲတမ်း၀န်ထမ်းမရှိတဲ့အတွက် အရာအားလုံးကို ကိုယ်တိုင်လုပ်ဖို့လိုအပ်ပြီး ချက်ပြုတ်တာပါ အပါအ၀င်ဖြစ်တယ်။
အမျိုးသားများက တစ်ယောက်ကိုတယောက်ကြည့်လိုက်ကြပြီး သူတို့ရဲ့မကျွမ်းကျင်မှုတွေကို ဖော်ပြနေကြတယ်။ သူတို့တွေအကုန်လုံး မချက်ပြုတ်တတ်ကြပေ။
ကျီယွဲ့ လဲ ဘယ်လိုချက်ပြုတ်ရမယ်ဆိုတာ မသိပေ။ ထို့ကြောင့် သူမက ကျိုးကျီကို ကြည့်လိုက်ရင်း
“ အကိုကြီး, စားစရာတွေယူလာပြီး စားဖိုမှုးတော့ မငှားခဲ့ဘူး။ ဘယ်သူ့ကို ခက်ခဲအောင်လုပ်ချင်နေတာလဲ...ကျွန်မတို့ရဲ့ချက်ပြုတ်နိုင်စွမ်းကို သတိထားသင့်တယ်လေ, မဟုတ်ဘူးလား...’’
ကျိုးကျီ တောင်းပန်ပြုံး ပြုံးလိုက်ပြီး
“ ပုံမှန်ဆိုရင် အန်တီဝမ်ကို အိမ်ကနေခေါ်လာနေကျပဲ, ရုတ်တရက် သူမမိသားစုရောက်လာတဲ့အတွက် အစားအသောက်တွေပဲ ယူလာလိုက်တော့တာ, အဆင်သင့်ပြင်ထားတဲ့ အစားအသောက်တွေကို နေ့လည်က စားလိုက်ပြီဆိုတော့ ညစာကိုတော့ ကိုယ်အားကိုယ်ကိုးမှပဲ ရတော့မယ်။ အဲ့ဒါကို အတွေ့အကြုံရတယ်လို့ပဲ နားလည်လိုက်ကြပါ”
သူ ပြောပြီးသွားတဲ့အခါမှာတော့ လူတိုင်းကိုခက်ခဲအောင် လုပ်မိသွားပြီလို ခံစားလိုက်မိတယ်။ အဲ့ဒါကြောင့် သူကအကြံပေးလိုက်တယ်
“ ငါတို့ အပြင်မှာစားဖို့ စုံစမ်းလိုက်ရင်ကော”
ကုယန်ရန် က ဖုန်းကိုမြှောက်ပြလိုက်ရင်း
“ ကျွန်မအစောကတည်းက ဖုန်းဆက်မေးပြီးပြီ, မြို့နဲ့အလှမ်းဝေးတာကြောင့် delivery က ဒီကိုမပို့ပေးနိုင်ဘူးတဲ့”
ချက်ချင်းဆိုသလိုပဲ လူတိုင်းစိတ်ဒုက္ခခံစားသွားကြတယ်။ သူတို့ဒီည ဗိုက်အဆာခံရုံပဲရှိတော့တယ်။
လူတိုင်းရဲ့ သနားစဖွယ်မျက်နှာတွေကို ကြည့်ပြီး ထန်ထန် တိတ်ဆိတ်မနေနိုင်တော့ပဲ လက်မြှောက်ပြလိုက်ကာ
“ ကျွန်မလုပ်နိုင်ပါတယ်, ကျွန်မချက်ပေးနိုင်တယ်”
လူတိုင်းက သူမ ကိုအံ့ဩစွာနဲ့ လှည့်ကြည့်လိုက်ကြတယ်။
အသေးလေး က သူ့မာမီကို ထောက်ခံတဲ့အနေနဲ့ သူ့ရင်ဘတ်ကိုပုတ်ရင်း အားလုံးကိုပြောလိုက်တယ်
“ သားမာမီ ဟင်းချက်တာက အရမ်းကောင်းတာနော်, အရသာအရှိဆုံး စားစရာတွေပဲ”
အသေးလေးရဲ့ စကားသံမှာ ဂုဏ်ယူမှုအပြည့်နဲ့ဖြစ်တယ်။
လူတိုင်းက သူမကို မေးခွန်းပါတဲ့အကြည့်တွေနဲ့ ကြည့်လိုက်ကြတယ်။
ကျိယန်က ခေါင်းငြိမ့်လိုက်ပြီး သူ့အကျီလက်ကိုခေါက်တင်လိုက်ကာ သူမကိုပြောလိုက်တယ်
“ အဲ့ဒါဆို ဒီည မင်းကိုပဲဒုက္ခပေးရတော့မှာပဲ, ကိုယ်ဝိုင်းကူပါ့မယ်”
ထန်ထန် လက်ကိုယမ်းလိုက်ရင်း ကလေးကို သူ့ ဆီတွန်းလိုက်ကာ
“ မလိုပါဘူး, ပေါင်ပေါင်ကိုခေါ်ပြီးတော့သာ နားနေလိုက်ပါ, ကျွန်မဘာသာအဆင်ပြေပါတယ်, ကျွန်မကို ကူဖို့ဘယ်သူမှမလိုပါဘူး, အလွန်ဆုံးကြာရင် တစ်နာရီပါပဲ’
မီးဖိုချောင်ထဲမှာ ၀င်ကူညီချင်ပေမယ့်လဲ သူမကသူ့ကို လိုအပ်ပုံမပေါ်တဲ့အတွက် အသေးလေးကိုသာချီရင်း တခြားသူတွေနဲ့သာ ထိုင်နေလိုက်တော့တယ်။
ကုကျန်းအန်းက ကျိယန် ကို မသေချာစွာနဲ့မေးလိုက်တယ်
“ လောင်ဆန်း သူမတကယ်ပဲချက်တတ်တာလား? အကိုကြီးရဲ့ မီးဖိုချောင်ကိုတော့ မဖောက်ခွဲလောက်ပါဘူးနော်, ဟုတ်တယ်မဟုတ်လား?’’
ကျီယွဲ့ ကြားလိုက်တဲ့အခါ သူ့နားကိုဆွဲလိုက်ပြီး
“ ကုကျန်းအန်း ဘာကို ဆိုလိုချင်တာလဲ... ရှင်ကျွန်မကို လှောင်ချင်နေတာလား...ကျွန်မတစ်ခါပဲ မီးဖိုချောင်ကိုလုပ်လိုက်မိတာပါ ဒါကို ရှင်က မှတ်ထားတုန်းပဲလား”
ကုကျန်းအန်း က ချက်ချင်းပဲ ခွင့်လွတ်ဖို့တောင်းပန်လိုက်တယ်
“ မဟုတ်ဘူး မဟုတ်ဘူး ကိုယ် မင်းအကြောင်းကိုတွေးနေတာ မဟုတ်ပါဘူး, ကိုယ်က ခယ်မလေးကို စိတ်ပူလို့ပါ”
“ ဟမ့်...”
ကျီယွဲ့ က ဟမ့်တစ်ချက်လုပ်လိုက်ပြီးမှ လွှတ်ပေးလိုက်တယ်။ သူမလဲ စိတ်ပူစွာနဲ့ မီးဖိုချောင်ကိုလှမ်းကြည့်လိုက်တယ်
“ ဘာမှတော့ မပေါက်ကွဲလောက်ပါဘူး ဟုတ်တယ်မဟုတ်လား... ကျွန်မတို့ သွားကြည့်ရင်ကောင်းမလား...”
အသေးလေး က လူတိုင်းသူ့မာမီကို မယုံကြည်တာမြင်တဲ့အခါ မပျော်ရွှင်စွာနဲ့ နှုတ်ခမ်းဆူလိုက်ရင်း
“ မာမီဟင်းချက်တာ အရမ်းကောင်းတာပါဆို, ကြည့်နေလိုက်”
ကျိယန် အသေးလေးရဲ့ခေါင်းကို ပုတ်လိုက်ပြီး လူတိုင်းကိုပြောလိုက်တယ်
“ စိတ်မပူပါနဲ့, သူမဟင်းချက်တာ တကယ်ကောင်းတာပါ”
ကျိယန်ပြောမှပဲ လူတိုင်းက ယုံကြည်သွားကြတယ် ဒါပေမယ့် စိတ်တော့မချရဲကြသေးဘူး ဖြစ်တယ်။ ကျိယန်ရဲ့အမျိုးသမီးဆိုတာ တာ၀န်မယူပဲ အမြဲအရက်သောက်နေတတ်တဲ့သူမှန်း လူတိုင်းကသိထားကြတာဖြစ်တယ်။ သူတို့က ကျိယန်တစ်ယောက် ကံမကောင်းဘူးလို့ပဲ တွေးခဲ့ကြတာဖြစ်တယ်
ဒီတစ်ကြိမ်တော့ ထန်ထန်က သူတို့တွေးထားတာနဲ့ မတူညီမှန်း သူတို့ကိုပြခဲ့တာဖြစ်တယ်။ သူမက ယဉ်ကျေးပြီး သိမ့်မွေ့တယ်။ ပြီးတော့ ဘယ်လိုချက်ရမလဲဆိုတာသိပြီး လဘက်ရည်ကြမ်းပွဲတောင် လုပ်တတ်သေးတယ်။
သူမက ဇနီးကောင်းတစ်ယောက်နဲ့ မိခင်ကောင်းတစ်ယောက်လိုဖြစ်နေတယ်။ ဘာတွေဖြစ်ကုန်တာလဲ...