Chapter 23
ရှောင်ဝမ်သည် သူ့ပတ်ဝန်းကျင်မြင်ကွင်းများကို ဘယ်တော့မှ ကြည့်လို့မဝနိုင်သည့်အလား လင်းလန်အား သူ၏တောက်ပသောမျက်လုံးများဖြင့် ပုတ်ခတ်ပုတ်ခတ် စိုက်ကြည့်နေခဲ့သည်။ သူသည် "မားမား" ဟု အော်ခေါ်လိုက်ပြီး လင်းလန်လည်ပင်းအား သူ့ခေါင်းလေးဖြင့် ပွတ်သပ်လိုက်ကာ သူမအားရစ်ပတ်တွယ်ဖက်ရင်း စိတ်ကျေနပ်သွားသော သားပေါက်လေးအတိုင်း ညည်းသံလေးပြုလိုက်သည်။
ထိုသို့သောထွေးပွေ့မှုလေးသည် မည်သည့်စကားလုံးမှ ဖလှယ်စရာမလိုအပ်ပေ... လင်းလန်က ထိုခံစားချက်နှင့် ကျင့်သားမရသေးသည်သာဖြစ်သည်။
သူမသည် ရှောင်ဝမ့်အား အချိန်အနည်းငယ်ကြာ ပွေ့ဖက်ခွင့်ပြုပြီးနောက် သူ့လက်သေးသေးလေးအား ဆွဲယူလိုက်ပြီး ရွဲ့စောင်းနေသော မျက်မှန်လေးအား ပြန်တည့်ပေးလိုက်သည်။
" အချိန်နည်းနည်းကြာဝတ်ပြီးရင် ပြန်ချွတ်ပြီး မျက်လုံးကိုအနားပေး... မားမားက ဂန္ဓာမာအရိုင်းပန်းတွေကောက်ထားပြီး နေပူထဲခြောက်အောင်ထားလိုက်မယ်... ပြီးတော့ ရေနွေးနဲ့စိမ်ပြီး မင်းမျက်လုံးကို သန့်စင်ကြတာပေါ့... "
ရှောင်ဝမ်သည် လိမ်လိမ်မာမာ ခေါင်းငြိမ့်လိုက်သည်။
" မင်းသေချာမြင်ရရင် ကျောင်းသွားလို့ရပြီ..."
လင်းလန်က သူ့အတွက် အလွန်ပျော်ရွှင်နေသည်။
ရှောင်ဝမ့်၏အသက်အရွယ်မှာငယ်လွန်းသေးပြီး ထိခိုက်မှုသည်လည်း ပြောပလောက်စရာမဟုတ်သေးသည့်အတွက် သူမသည် သူ့အား ကျောင်းသို့ ကောင်းကောင်းပို့ပေးနိုင်ပေလိမ့်မည်။
" ကြီးတော်ကိုပဲ ကျောင်းသွားနေလိုက်! ရှိသမျှကလေးတွေတိုင်း သူတို့ကိုယ်သူတို့ ပါရမီရှင်တွေများ ထင်နေကြလားဟယ်.. အဲ့ဒီ့ သူတော်ကောင်းတရားအတိုင်းဖြစ်ဖို့ သူတို့တွေက ဘယ်နေရာမှာမဆို ထပေါက်ကွဲနိုင်ကြသေးတယ်...."
အဖွားကြီးဟန်သည် သူမအခွင့်ရသည်နှင့် ဆူပူမာန်မဲတော့သည်။
ထိုအချိန်၌ ကလေးများအားလုံး ပြန်ရောက်ခဲ့ကြသည်။ ရှောင်ဝမ်၏မျက်မှန်အား သူတို့မြင်ကြသောအခါ သူနှင့်အရမ်းကြည့်ကောင်းကြောင်းသူတို့ပြောကြသည်။ သူတို့သည် စျေးနှုန်းကိုလည်း စပ်စုကြပြီး အများစုသည်တော့ မျက်မှန်ကို စမ်းတပ်ကြည့်ချင်ကြသူများသာ ဖြစ်ကြသည်။
လင်းလန် : " ရှောင်ဝမ့်ရဲ့မျက်မှန်တွေကို အထူးပြုလုပ်ထားတာ... မင်းတို့တပ်ရင် မင်းတို့မျက်လုံးကန်းသွားလိမ့်မယ်, အဲ့ဒါကြောင့်မတပ်ကြနဲ့..."
စန်းဝမ်သည် ညိနှိုင်းပွဲကိုစိတ်မပါဘဲ မျက်မှန်ကိုသာ စမ်းတပ်ကြည့်ချင်နေပေသည်။ ရလဒ်အနေနှင့် သူတပ်ပြီးပြီးချင်း သူ့ခေါင်းတစ်ခုလုံးချာချာလည်သွားသည်။ သူသည် မြေပေါ်သို့ ဘန်းကနဲလဲကျလိုက်ပြီး ချက်ချင်းအော်ပြောလေသည်။
" အားး, မဖြစ်ဘူး... ငါခေါင်းမူးတယ်... စိတ်ကိုရှင်း... စိတ်ကိုရှင်း... ဒီတပည့်က သူမှားမှန်း သဘောပေါက်ပါပြီ..."
" ဟားဟားဟားဟား... " ကလေးများက ရယ်မောလိုက်ကြသည်။
ဟန်မိုင်စွေ့ သူမဗိုက်အောင့်သည်အထိ အားရပါးရ ရယ်မောနေခဲ့သည်။ သူမရယ်ရလွန်းသဖြင့် လင်းလန်ပေါင်ပေါ်တွင် ကားယားမှောက်နေကာ ထပင်မထနိုင်တော့ဘဲ ပျော့ခွေနေတော့သည်။
လင်းလန်သည် အဖျားကျိုးနေသောဘီးဖြင့် သူမ၏ ရှုပ်ပွနေသောဆံပင်ကို ဖြီးလိုက်ပြီး စန်းဝမ်အား ထရန်ပြောလိုက်သည်။
" မင်းတစ်ယောက်တည်း အပိုတွေလုပ်နေတာ... မြန်မြန်ထတော့, ကြမ်းပြင်ကအေးတယ်..."
အားဝမ်က စန်းဝမ်အား ဆွဲထူလိုက်သည်။
" မင်းက ရေချိုငါးလားဟ! ချောနေတာပဲ..,"
စန်းဝမ်က ပြုံးလိုက်သည်။
" ငါက ဘာလို့ ရေချိုငါးဖြစ်ရမှာလဲ... သေချာပေါက်ငါးကလေးပေါ့ကွ... ရေချိုငါးက ရုပ်ဆိုးတယ်မဟုတ်ဘူးလား..."
လင်းလန်က အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
" မင်းရဲ့အစ်ကိုကြီး ဘယ်မှာလဲ... "
အားဝမ်က 'သူဘယ်ရောက်နေမှန်း ဘယ်သိမှာလဲ.. ဘာလို့ကျွန်တော့ကို လာမေးနေတာလဲ?' ဟူသော မျက်နှာအမူအရာဖြင့် ပြန်ဖြေလိုက်သည်။
စန်းဝမ်က ချက်ချင်းပြောလာသည်။
" ကျွန်တော်သိတယ် ! မြေကြီးပေါ်က သံလုံးတွေနဲ့ သူချနေတာ..."
လင်းလန် , ' အာ.. ဒီသွက်လွန်းတဲ့ ကလေးကတော့! '
အကယ်၍ သူသာပြဿနာမရှာတတ်သညွကလေးဆိုလျှင် ဘယ်မိဘကမှ သူ့အား နေ့တိုင်း အချိန်ပေးလိုက်ရှာနေရမည်မဟုတ်ချေ။
သူမသည် တဝမ်နှင့် စကားပြောနိုင်ရန် အခွင့်တစ်ခုဖန်တီးချင်သည်။ 'သူ့အမေပြောင်းလဲသွားပြီ'ဟု သိအောင်လုပ်ပေးချင်သည်, သို့သော် သူက သူမအား အခွင့်အရေးမပေးခဲ့ပေ။
သူမသည် သူနှင့်စကားပြောရန် ဟန်ပြင်လိုက်တိုင်း သူမအား အမြဲရှောင်သွားတတ်သည်။
လင်းလန်လည်း မကြံတတ်တော့ချေ _ ကြည့်ရသည်မှာ ရေခဲကိုစခွဲရန်အတွက် အချိန်အနည်းငယ် ယူရမည့်ပုံရသည်။
အဖွားကြီးဟန်က အပြင်ဘက်မှနေ၍ အပြစ်မရှိအပြစ်ရှာနေပြန်သည်။
" ဒုတိယက ဘယ်ရောက်နေတာလဲ... သူပြန်ရောက်နေပြီလား... ဌာနကနေ ငါ့ကို စက်ဘီးတစ်စီးအမြန်သွားငှားပေးပြီး ခရိုင်စာတိုက်ရုံးကို ပို့ပေးစမ်းပါ! မြန်မြန်, ငါ အခုချက်ချင်း ပိုက်ဆံရမှဖြစ်မယ်... ငါ့မျက်ခုံးတွေ ရူးလောက်အောင်လှုပ်နေတာ, တစ်ခုခုဖြစ်တော့မယ်လို့ ခံစားနေရတယ်..."
မကောင်းသည့်အရာတစ်ခုခုကို သူမအာရုံခံမိနေသည်။
ပိုက်ဆံနှင့်ပတ်သက်လာလျှင် အဖွားကြီးဟန်သည် တစ်စက္ကန့်မျှပင် မစောင့်ဆည်းနိုင်ချေ။
အကယ်၍ သူမစက်ဘီးစီးပြီး သွားရမည်ဆိုလျှင် တစ်ညနေခင်းလုံး အချိန်ယူစီးပြီးမှ အိမ်ပြန်ရောက်လိမ့်မည်ဖြစ်သည့်အတွက် သူမမသွားခင် ဒုတိယသား အလုပ်ပြီးသည်အထိ သေချာပေါက် စောင့်ဆိုင်းရမည်ဖြစ်သည်။
လင်းလန် သူတို့အလုပ်များနေကြသည်ကို မြင်သော်လည်း ကိစ္စတစ်ခုလုံးအတွက် သူမက အရင်ဝန်ခံမည်မဟုတ်ချေ။ ထိုအစား အဖွားကြီးနှင့် မည်သို့ရင်ဆိုင်သင့်မှန်းသာ တွေးတောနေလိုက်သည်။
ညစာစားပြီးသည့်နောက် လင်းလန်သည် အလုပ်လုပ်ရန် ပြင်ဆင်လိုက်သော်လည်း ဒုတိယမရီးက သူမခေါင်းကိုက်သည်ဟုဆိုကာ အိမ်တွင်အနားယူ ကျန်ရစ်ခဲ့သည်။
ရှောင်ဝမ်သည် မျက်မှန်ရှိသွားပြီဖြစ်၍ အိမ်တွင်မကစားချင်တော့ဘဲ စန်းဝမ်နှင့် အားဝမ်နောက်သို့ မြက်ရိတ်ရန် လိုက်သွားမည်ဟု ဆိုလာသည်။ လင်းလန်လည်း ညီအစ်ကိုနှစ်ယောက်အား သူတို့ညီငယ်လေးကို သေချာဂရုစိုက်ရန် မှာကြားပြီးနောက် သူတို့ကို လွှတ်လိုက်သည်။
အားဝမ်သည် အနည်းငယ် ဉာဏ်နီဉာဏ်နက်များတတ်သော်လည်း အရာရာကို သတိထားတတ်သူဖြစ်သည်။ ထို့ကြောင့် သူ့ကို ကလေးငယ်များအား ကြည့်ရှုစောင့်ရှောက်စေသည်က လုံခြုံပေလိမ့်မည်။
.....
ခရိုင်စာတိုက်ရုံး၌,
အဖွားကြီးဟန်သည် သူမလက်နှစ်ဖက်ကို ကောင်တာပေါ် ယှက်တင်ထားလျက် စာရေးမလေး၏ လက်များကို စိတ်အားထက်သန်စွာ စိုက်ကြည့်နေခဲ့သည်။
လင်းလန်အမည်ဖြင့် အမျိုးသမီးတစ်ယောက် ယွန်၂၆၀အား တစ်နေ့ကထုတ်သွားကြောင်း ကြားလိုက်ရသောအခါ သူမ၏ နှလုံးမှာ အောက်ခြေထိပြုတ်ကျသွားပြီး ဖန်ဖြင့်လုပ်ထားသည့်အလား အစိတ်စိတ်အမွှာမွှာကွဲကြေသွားသလို ခံစားလိုက်ရသည်။
" အမေ! အမေ့ရဲ့ချွေးမက တော်တော်လေးရဲတင်းလာတာ, အခုဆို... "
သူ့အမေ သူမပေါင်သူမရိုက်ပြီး မချိမဆန့် အော်ငိုနေမည်ကို မစောင့်တော့ဘဲ ဘေးမှ မြန်မြန်ထောက်ခံပေးနေသည်။
" အမေ! ဘာလို့တုံ့ဆိုင်းနေတာလဲ... အိမ်ပြန်ပြီး သူမဆီက ပိုက်ဆံပြန်တောင်းရအောင်..."
တတိယလေး၏မိသားစုသည် အမှန်တကယ်ပြောဆိုရခက်သည် _ သူမသည် လင်းလန်အား အညှာလွယ်ပြီး တုံးအသည့်သူဟု ထင်မှတ်ထားသော်လည်း မိသားစုအတွက်ပိုက်ဆံအား တိတ်တဆိတ်ထုတ်ယူလောက်သည်အထိ လူလည်ကျလိမ့်မည်ဟု မတွေးမိခဲ့ဖူးချေ။ ထို့အပြင် ယင်းအကြောင်းကို တစ်ခွန်းစမျှမပြောဘဲ တစ်ချိန်လုံး တိတ်တိတ်နေလိုက်သေးသည်။
အဖွားကြီးဟန်သည် အစက ငိုချင်ခဲ့သော်လည်း သူမသားပြောသံကြားပြီးနောက် သူမနားရပ်နေသော လူနှစ်ယောက်ကို ဂရုမစိုက်တော့ပဲ အိမ်သို့မြန်မြန်ပြန်လိုက်သည်။
လမ်းသွားရင်း သူမပိုဒေါသထွက်လာပြီး သူမသွားများကို တင်းတင်းစေ့ထားလိုက်သည်။ အိမ်ပြန်ရောက်လျှင် ကြွက်စုတ်ကို သူ့နေရာသူသိအောင် သင်ပေးရတော့မှာပေါ့...
xxxxx
Chapter - 24
ညနေတွင်တော့ လင်းလန်က အိမ်ကိုသာတန်းပြန်လာခဲ့သည် ။ အပူရှိန် ၊ ပင်ပန်းမူနဲ့ ခံပြင်းမူတွေက သူမရဲ့အသားအရေကို ညစ်နွမ်းစေကာ ဝါခင်းတွင်အလုပ်လုပ်ရခြင်းက အရမ်းကိုပင်ပန်းသည် ။
သူမနေနှင့် လေ့ကျင့်ခန်း လုပ်စရာမလိုခဲ့သကဲ့သို့ လုပ်လည်းမလုပ်ခဲ့ဖူးသောကြောင့် အရမ်းကိုပင်ပန်းနေသည် ။
ထို့အပြင် သူမကိုဘယ်သူကမှစကား မပြောချင်ကြသောကြောင့် သူမအနေနှင့်လေကုန်ခံကာဝင်ရောနေစရာမလိုဘဲ အိမ်တန်းပြန်နိုင်သည် ။
အိမ်ပြန်လမ်းမှာ သူမဟာ တစ်နေရာရာကနေအော်ငိုသံတွေနှင့် ရိုက်နှက်ခံနေရသည့်ကလေးတစ်ယောက်ရဲ့ အသံအားကြားလိုက်ရသည် ။ မိသားစုတွေက အတူတူစုနေတတ်ကြသောကြောင့် ပင်မအိမ်တွေအပြင် ဘန်ဂလိုပုံစံအခန်းလေးတွေပါရှိသောကြောင့် အိမ်တစ်အိမ်ကအသံဟူသမှသည် လမ်းမှကျယ်လောင်စွာအတိုင်းသားကြား နိုင်သည် ။
လင်းလန် အနေနှင့်ကလေးများအား ရိုက်နှက်ကြခြင်းကို မည်သို့မျှနားလည်ပေး၍ မရပေ ။
သို့သော်လည်း သူမ၏အိမ်မဟုတ်၍ လင်းလန် အနေနှင့် ဝင်ရောက်ပြောဆိုခြင်းမပြုနိုင်ဘဲ လျှစ်လျူရူရန် သာတတ်နိုင်သည် ။
လင်းလန် လည်းသူမ၏ကလေးများအနိုင်ကျင့်ခံ နေရမည်ကိုစိုးကာ အိမ်သို့အမြန်ပြန်ပေးခဲ့သည့် အချိန်တွင် သူမ၏အထင်အတိုင်းဖြစ်နေသည်ကိုတွေ့လိုက်ရသည် ။
" ဝမ်ရိူ့ဟန် နင်ဘာလို့ ငါ့သားကိုရိုက်နေတာလဲ "
သူမတွေ့လိုက်ရသည့်မြင်ကွင်းသည် အရမ်းကိုဆိုးရွားလွန်းသည် ။ ဝမ်ရိူ့ဟန် က စန်းဝမ် ၏လက်သေးသေးလေးတွေကိုဆွဲကာ တုတ်နှင့်ရိုက်နှက်နေခဲ့သည် ။
မိုင်စွေ့နဲ့ ဒုတိယချွေးမရဲ့သမီးတို့က ကြားထဲကဝင်ဆွဲကာတားနေကြသည် ။ ရုန်းရင်းဆန်ခတ် ဖြစ်နေမူများကြားတွင် လင်းလန် တစ်ခုခုကိုသတိထားမိသွားသည် ။
ရှောင်ဝမ် ဘယ်မှာလဲ...
လင်းလန် ကစိတ်ပူစွာလိုက်လံရှာဖွေနေပြီး နောက်ဆုံးတွင် အပြင်ဘက်ပြတင်းပေါက်နား၌ ရှောင်ဝမ် ၏ခေါင်းတွင်သွေးများစီးကျနေလျှက်လဲနေသည်ကို တွေ့လိုက်ရသည် ။
သူမ၏ နှလုံးသားကိုဓားဖြင့်လှီးဖြတ်နေသလိုပင် ။
သေစမ်း!
သူမအိမ်မှာမရှိတာကို အခွင့်ကောင်းယူပြီး သူမရဲ့ကလေးတွေကို ရိုက်နှက်နှိပ်စက်ရဲတယ်ပေါ့!
ဒီမိန်းမက အသက်ရှင်နေရတာကိုတကယ်ကြီး ပျင်းနေတာဘဲ!
ဆံပင်ဆွဲပြီး ပါးရိုက်နားကိုက် ရန်ဖြစ်ခြင်းက လင်းလန်၏ အကျင့်စရိုက်မဟုတ်ဘဲ သူမသည်လည်း အသုံးမဝင်တာတွေအတွက် အချိန်ကုန်မခံပေ ။ လင်းလန်က ကောက်ရိုးပုံက တုတ်တစ်ချောင်းအားကောက်ကာ ဒုတိယချွေးမ၏ ခေါင်းအားရိုက်ရန် ရွယ်လိုက်သည် ။
" နင်ကငါ့ကလေးတွေကိုရိုက်တယ် ပေါ့ငါနင့်ကို သေအောင်ပြန်ရိုက်ပေးမယ် "
ဒုတိယချွေးမက စန်းဝမ်ကို သာသဲကြီးမဲကြီး ရိုက်နေပြီး သူမတုတ်နှင့်အရိုက်ခံရပြီးနာကျင်လာတော့မှ ရပ်တော့သည် ။ လင်းလန်က စကားတစ်ခွန်းမှ မပြောဘဲ ဆက်လက်ရိုက်နှက်နေကာ သူမရှိသမျှအားကုန်သုံးပြီး နည်းနည်းလေးမှပင်ညှာတာမပေးချေ ။
အချိန်အတန်ကြာဆက်ပြီး ရိုက်နှက်ပြီးမှ ဒုတိယချွေးမအားလွှတ်ပေးလိူက်သည်နှင့် ရှောင်ဝမ်ဆီသို့တန်းပြေးသွားသည် ။ ဒုတိယချွေးမက လင်းလန်ရူးပြီး သူမကိုရိုက်သတ်တော့မည်ဟုထင်သောကြောင့် ပြန်ပင်လှည့်မကြည့်ခဲ့ချေ ။
သူမရဲ့ ခြံဝန်းကိုရောက်သည့်အခါမှ ထုံထိုင်းနေသည့်ခေါင်းအား ကိုင်ကြည့်လိုက်သည့်အခါ သွေးထွက်နေသည်ကိုတွေ့ရသည် ။
သွေး.....သွေးတွေ!
" ငါသေတော့မယ်ထင်တယ် "
သူမမျက်လုံးပေါ်တွင် အေးခနဲဖြစ်လာကာ အနီရောင်များသာမြင်ရပြီး သွေးများဒလဟောစီးကျလာသည် ။
" အားးးးးးးးးးး"
ဒုတိယချွေးမက မြေပြင်ပေါ်သို့ပျော့ခွေ လဲကျသွားပြီး သူမဘယ်လောက်ဘဲပြန်ထဖို့ ကြိုးစားပစေ မထနိုင်ဘဲ သေတော့မည်ဟုသာခံစားနေရသည် ။ ခြံဝန်းထဲတွင်ရှိသည့် လူတိုင်းအလွန်ထိတ်လန့် နေကြပြီး အကြီးဆုံးချွေးမကပြောလိုက်သည် ။
" ဒီလိုဖြစ်တာလေးနဲ့တော့မသေပါနဲ့ "
ဒုတိယချွေးမရဲ့ ကလေးတွေကလဲ သူတို့အမေကိုကြည့်ဖို့အတွက် ပြေးလာကြသည် ။
ဒုတိယချွေးမက သူမ၏ကလေးများအား သူမ၏ဒဏ်ရာကို ကုသရန်အတွက်ဆရာဝန် ပြေးခေါ်ခိုင်းလေသည် ။ လင်းလန် အနေဖြင့်သူမကိုစိတ်မဝင်စားဘဲ ရှောင်ဝမ် ကိုဖက်ကာ ကြောက်နေဆဲဖြစ်သည့် မိုင်စွေ့အား ရေသွားခပ်ခိုင်းလိုက်သည် ။
" မားမား..... "
ရှောင်ဝမ် ၏အသံသည်နို့ဆာနေသောကြောင်ပေါက်လေးကဲ့သို့ တအီအီသာထွက်နိုင်သည် ။ လင်းလန် ကအမြန်ပင်ပြန်ထူးလိုက်ကာ စိုးရိမ်စွာဖြင့်မေးလိုက်သည် ။
" အင်း....မားမားရှိတယ် ။ သားခေါင်းမူးနေလား...နာနေသေးလား.."
လင်းလန် စစ်ဆေးကြည့်သည့်အခါ ရှောင်ဝမ်၏ခေါင်းတွင် ကွဲရာအကြီးကြီးကိုတွေ့လိုက်ရသော်လည်း သူ၏မျက်နှာ ပေါ်မှသွေးများက နှာခေါင်းကိုထိခိုက်မိခြင်းမှ ထွက်လာခြင်းဖြစ်ကာ သက်သာနေပြီဖြစ်သည် ။ ရှောင်ဝမ်၏ အသံသည်အလွန်ပင်အားနည်းဖျော့တော့ နေလေသည် ။
" သားအဆင်ပြေပါတယ် မားမား "
အားဝမ်က မိုင်စွေ့ ထံမှရေဇလုံကိုယူပြီးပြောလိုက်သည် ။
" မားမား အားဝမ် ကိုသူ့ဘာသာသူဆေးကြောခိုင်းလိုက်ဦး "
လင်းလန်က သန့်ရှင်းရေးလုပ်ရန် ရှောင်ဝမ် ကိုထူမသည့်အခါ နာမည်စိုး၍အားထည့်၍ပင်မလူပ်ရဲချေ ။ ရှောင်ဝမ် ကသူအမေသူ့အတွက် စိုးရိမ်ကာ ညင်သာနေသောကြောင့် အလွန်ပင်ပျော်ရွှင်နေလေသည် ။
" မားမား သားမနာပါဘူး "
ကလေးသေးသေးလေးက မနာဘူးပြောလေ လင်းလန်က ပိုပြီး စိတ်မကောင်းဖြစ်ရလေဖြစ်ပြီး ကလေးငယ်လေး၏ မျက်နှာတွင်သွေးများ ပေးကျံနေသည့်ကြားထဲမှ ပြုံးနေပုံက သူမကိုအရမ်းပင် စိတ်ထိခိုက်စေသည် ။
လင်းလန် ရှောင်ဝမ် အားသန့်ရှင်းပေးနေစဥ်တွင် အဖွားကြီးဟန်က သူမ၏အခန်းသို့ပြေးလာပြီဖြစ်ကာ ဟန်ညီအကိုနှစ်ယောက်အိမ်ပြန် မရောက်သေးခင်မှာတင် လင်းလန်အခန်းရှေ့ရောက်နေပြီဖြစ်သည် ။
အဖွားကြီးဟန် သည်အခန်းတွင်းရှိ လင်းလန်၏ပုံစံမှာ ကျားသစ်မတစ်ကောင်က မိမိ၏သားပေါက်များကို ကာကွယ်နေသည့် မျက်နှာထားနှင့် ဘယ်သူ့ကိုမှ သူမမျက်လုံးထဲ မထည့်သည့်ပုံစံကိုတွေ့လိုက်ရသည် ။
" နင်တို့ သူခိုးတွေ "
အဖွားကြီးဟန်က ဒေါသထွက်လွန်း၍ အံကြိတ်ထားခဲ့ပြီး မြေပြင်ပေါ်မှ သစ်သားတုတ်ကိုကောက်ကာ လင်းလန်၏ ခေါင်းနှင့်မျက်နှာကိုရိုက်ရန် ပြေးသွားကာ ရိုက်နှက်ရင်းနှင့်လည်း ကျိန်ဆဲနေခဲ့သည် ။
" မကောင်းတဲ့မိန်းမ....နင့်ကလေးတွေက အကုန်သူခိုးတွေချည်းဘဲ.... သားသမီးကိုဘယ်လိုဆုံးမနေတာလဲ မိန်းမပျက်မ..... နင့်မိဘအိမ်သာနင်ပြန်တော့.....နင့်ကိုငါတို့အိမ်မှာဆက်မထားနိုင်တော့ဘူး "
အဖွားကြီးဟန် ကျိန်ဆဲကာရိုက်နှက်နေသမျှကို လင်းလန် စိတ်ထဲမထားနိုင်ဘဲ ရှောင်ဝမ် အားထပ်ထိခိုက်သွားမှာကိုသာ စိုးရိမ်နေပြီး သူမခန္ဒာကိုယ်နှင့် တတ်နိုင်သမျှဖတ်ပြီးကာကွယ်ပေးထားသည် ။
ရိုက်ချက်တွေက သူမရဲ့ လက်မောင်း နဲ့ ကျောပေါ်သို့အဆက်မပြတ်ကျရောက်လာပြီး အရမ်းနာကျင်လာခဲ့သည် ။
မိုင်စွေ့ ကလန့်ပြီးငိုနေသည့် အချိန်တွင် စန်းဝမ်က လင်းလန်အား ကာကွယ်ရန်ကြိုးစားနေကာ အားဝမ်က အဖွားကြီးဟန်အား အော်ဟစ်ကာဆွဲနေခဲ့သည် ။
" သားတို့အမေကိုမရိုက်နဲ့........မရိုက်နဲ့လို့...."
အဘွားကြီးက တကယ်ကိုအရူးပင်ဖြစ်သည် ။
" ရိုက်လို့ ပြီးပြီလား "
လင်းလန် အရမ်းစိတ်ပျက်နေပြီဖြစ်ပြီး သူမ၏အကြည့်များကလဲ မီးပွင့်မတတ်ဖြစ်နေသည်ကို တွေ့ကာ အကြီးဆုံးချွေးမဟန်က အမြန်ဝင်တားတော့သည် ။
" တတိယချွေးမ နင်အမေ့ကိုပြန်ရိုက်လို့မရဘူးလေ "
တောင်ဘက်လမ်းမတစ်နေရာတွင် ထရပ်ကားတစ်စီးရပ် သည့်အခါ အရပ်ရှည်ရှည် တောင့်တောင့်ဖြောင့်ဖြောင့် စစ်တပ်ဝတ်စုံနှင့် ယောက်ျားတစ်ယောက်ခုန်ဆင်းလာခဲ့ပြီး သူ့အရပ်တစ်ဝန်ခန့်ရှိသည့် စစ်တပ်သုံးကျောပိုးအိတ်ကို သယ်ပိုးထားခဲ့သည် ။
သူက ထရပ်ကားမောင်းသမားကို လက်ပြနူတ်ဆက်ကာ သူ၏ရွာသို့ ဦးတည်သွားနေခဲ့သောကြောင့် လူအများက စပ်စုလာကြသည် ။
" အိုး အဲ့တာ ရှန်မိသားစုရဲ့ တတိယသားမဟုတ်ဘူးလား "
" ဟုတ်တယ် ဟုတ်တယ် ချင်စုန့်ပြန်လာပြီဘဲ "
တစ်ချိန်တည်းမှာဘဲ ဟန်အိမ်က ဒုတိယချွေးမ၏ကလေးများသည် လမ်းပေါ်သို့ပြေးထွက်လာကာ အော်ဟစ်နေကြသည် ။
" လာကြပါဦး! တတိယအဒေါ်ကရူးသွားပြီး အမေနဲ့အဖွားကိုသတ်ဖို့ လုပ်နေတယ် "
ဟန်ချင်စုန့် ရဲ့ခြေလှမ်းတွေ ရုတ်တရက်လေးလံသွားခဲ့သည် ။
ခြံဝန်းသေးသေးလေးထဲတွင်တော့ လင်းလန်က တုတ်တစ်ချောင်းကိုင်ထားက ပေါက်ကွဲလုနီးနီးဖြစ်နေသော်လည်း သူမအနေဖြင့်အဘွားကြီးတစ်ယောက် ကိုရိုက်ရန်ဝန်လေးနေဆဲဖြစ်သည် ။ အကြိမ်များစွာ ကြုံရာဆွဲရမ်းရိုက်နှက်ပြီးနောက် တုတ်ကိုလွှတ်ပစ်လိုက်သည် ။
အဖွားကြီးဟန် အနေနှင့် ချွေးမများ၏ဒေါသ သည်ကလေးများ စိတ်ဆိုး၍ ငိုသလောက်သာရှိသည်ဟု မှတ်ယူထားပြီး လင်းလန်အနေနှင့်သူမကို မရိုက်နိုင်ဟုထင်သောကြောင့် ရန်စကာဆက်လက်အော်ဟစ် ဆဲဆိုနေခဲ့သည် ။
xxxxxx