အပိုင်း ၂၇-၂၈
Viewers 23k

Part 27


လင်းလန်က အားဝမ်ကို တဝမ်နှင့် စန်းဝမ် ဘယ်မှာလဲဆိုတာမေးချင်ပါသော်လည်းသူမမ မမေးရခင်မှာဘဲ ကလေးနှစ်ယောက်က အမြန်ပြေးလာကာ သူမဘေးတွင် ကာကွယ်ပေးရန် အသင့်အနေအထားနှင့်ရပ်နေလိုက်ကြသည် ။


တစ်ချိန်ထဲမှာဘဲ အခန်းတံခါးဝတွင် လူရိပ်တစ်ခုပေါ်ထွက်လာသည် ။ ဟန်ချင်စုန့်က အရပ်အရမ်းရှည်သောကြောင့် တံခါးဘောင်နှင့်ခေါင်းတိုက်မိနေကာ ခေါင်းငုံ့ပြီးဝင်ရန်သာတတ်နိုင်သည် ။


သူက ကျော်ပိုးအိတ်အကြီးကြီးကိုသယ်ထားခဲ့ပြီး အခန်းထဲဝင်လာသည်နှင့် မူလအခန်းလေးက ပိုကျဥ်းသွားပုံပေါ်သည် ။ လင်းလန်က ဟန်ချင်စုန့် ၏တည်ရှိမူကြောင့်ဖိအားကို သိသိသာသာပင်ခံစားလိုက်ရပြီး သူမ၏ရင်ထဲမှလည်း ဝမ်းနည်းနာကျဥ်းမူခံစားချက်တွေ အလှိမ့်လိုက်တက်လာသည် ။


သူမက ကလေးတွေကိုကြည့်ကာပြောလိုက်သည် ။


" နင်တို့အဖေကပြန်လာပြီလေ မြန်မြန်နူတ်မဆက်ကြသေးဘူးလား "


အားဝမ်က အဖေဟုတိုတိုတုတ်တုတ် တစ်လုံးသာခေါ်သော်လည်း ရှောင်ဝမ် နှင့် မိုင်စွေ့ကတော့ ဘာသံမှထွက်မလာပေ ။


ဟန်ချင်စုန့် သည်ကလေးများ၏ ရင်ထဲတွင်နေရာမရှိကြောင်းတွေ့သည့်အခါ လင်းလန်တွင် ယုံကြည်မူများရုတ်တရက်မြင့်တက်လာပြီး ပြောလိုက်သည် ။


" အခုကအရင်ကလိုရှေးရိုး ဆန်တဲ့ခေတ်မဟုတ်တော့ဘူး လူတိုင်းကလွပ်လပ်စွာရွေးချယ်ခွင့်ရှိနေပြီး ကွာရှင်းတာက မထူးဆန်းတော့ဘူး ။ ဒီတော့ ကျွန်မကိုကွာရှင်းမယ်ဆိုရင် ကလေးတွေကဘယ်သူနဲ့နေချင်လဲဆိုတာ သေသေချာချာ ဆုံးဖြတ်ရမယ် "


" မားမား "


ကလေးသုံးယောက်က တစ်ပြိုင်နက်ထအော်လိုက်ကြပြီး ရှောင်ဝမ်က အလျှင်အမြန်ပင်ထကာ လင်းလန် ၏လက်မောင်းအားတင်းကြပ်စွာဖက်လို့ထားသည် ။


" သားကမားမားနဲ့နေမှာ "


သူက ကွာရှင်းခြင်းဆိုတာ ဘာကိုဆိုလိုသည်မှန်းမသိသော်လည်း သူ့အမေနောက်ဘဲလိုက်မည်ဖြစ်ကာ ပြောင်းလဲမည်မဟုတ်ပေ ။


မိုင်စွေ့ နှင့် အားဝမ်တို့သည် ချက်ချင်းမဖြေခဲ့ကြသော်လည်း သူတို့၏ဆုံးဖြတ်ချက်သည်လည်း ​သူတို့၏အမေသာဖြစ်သည် အဖွားက သူတို့အပေါ်မမျှတစွာဆက်ဆံကာ အားကိုးစရာလင်းလန် တစ်ယောက်သာရှိပြီး အကယ်၍သူတို့အဖေက နောက်မယားယူခဲ့လျှင် မိထွေးသည်လည်းသူတို့အပေါ်ကောင်းနိုင်မည်မဟုတ်ပေ ။


ရွာထဲတွင်မိထွေးများနှင့် နေရသည့် ကလေးတွေရှိပြီး သာဓကရှိကာ သူတို့၏အနာဂတ်သည် သာယာမည်မဟုတ်မှန်းကလေးများက မှန်းမိကြသည် ။


ဘယ်လောက်ဘဲအခြေအနေဆိုးပါစေ မိဘရင်းနှင့်နေရသည်က ပိုကောင်းသည်လေ ။ လင်းလန်က သူတို့ ၏ခေါင်းလေးတွေကိုပုတ်ပေးလိုက်ကာ နှစ်သိမ့်ပေးလိုက်ပြီး ရှောင်ဝမ် ကိုပြန်လှဲခိုင်းလိုက်ကာ သူ့နဖူးပေါ်က ပဝါကိုလဲပေးလိုက်သည် ။ 


လင်းလန်က တံခါးဝတွင်ရပ်နေဆဲဖြစ်သည့် ဟန်ချင်စုန့် အားကြည့်လိုက်သည့်အခါ သူ၏စိတ်အခြေအနေက အရင်ကထက်ပိုဆိုးနေသည်အားတွေ့ရသည် ။ လင်းလန်မသက်မသာခံစားလိုက်ရပြီး ဟန်ချင်စုန့် ၏မျက်နှာအား တည့်တည့်မကြည့်ရဲတော့ဘဲ သူ၏ထင်းနေသောမေးရိုးကိုသာကြည့်နေလိုက်သည် ။ 


" တကယ်လို့ ကွာရှင်းကြမယ်ဆိုရင် ပိုင်ဆိုင်မူတွေအကုန် တစ်ဝက်ခွဲဝေရမှာ ငါလည်းကလေးတွေကို အုပ်ထိန်းခွင့်ရှိတယ် "


ဟန်ချင်စုန့် က ဘာစကားမှဆက်မပြောတော့ဘဲ မဲမှောင်နေသည့်မျက်နှာကြီးဖြင့် လင်းလန်ဆီသို့လျှောက်လာခဲ့သည် ။


သူငါ့ကိုတော့ မရိုက်လောက်ဘူးမလား...


ဟန်ချင်စုန့် လင်းလန်ဘေးသို့လာကာ ရုတ်တရက်လက်ကိုမြှောက်လိုက်ပြီး အနွေးကုတင်ပေါ်သို့ လွယ်အိတ်ကိုချလိုက်သည် ။


မိုင်စွေ့နဲ့ အားဝမ်က လွယ်အိတ်ကိုချက်ခြင်း ကြည့်လိုက်ကြသည် ။


အရသာရှိတာတွေအများကြီးပါတယ်!


အခန်းကအရမ်းကြီး မကျယ်ဘဲ အနွေးကုတင်ကပို၍တောင်သေးသေးသည် ။ ရှောင်ဝမ်က ကုတင်အတွင်းပိုင်းတွင်လှဲအိပ်နေကာ လင်းလန် ကကုတင်စွန်းတွင်ထိုင်နေသည် ။ အခန်းကျဥ်းလေးထဲတွင် ဟန်ချင်စုန့် ၏အရပ်ဖြင့်အုပ်မိုးခံထားရသလို ခံစားနေရသောကြောင့် အသက်ရူပင်ကြပ်လာခဲ့သည် ။


လင်းလန်က နေရာနည်းနည်းပေးရန် ပြောမည့်အချိန်တွင် ဟန်ချင်စုန့်က ရုတ်တရက် သူမအပေါ်သို့ကိုင်းချလာကာ သူ၏သန်မာလှသည့် လက်ဖျံရိုးနှင့်ရက်အုပ်ကျယ်တို့ဖြင့် သူမအားဖိကပ်ထားပြီး စူးရှသည့်ကျားဟော်မုန်းရနံ့က အမှန်ပင်လင်းလန်အကြိုက်ဖြစ်သည် ။


သို့သော်လည်း သူမနှင့်သူသည် လင်မယားဟုဆိုနိုင်သော်လည်း သူစိမ်းသက်သက်သာဖြစ်သည် ။


ဟန်ချင်စုန့်က လင်းလန်ကိုကျော်ပြီး ရှောင်ဝမ် ၏ခေါင်းပေါ်က ရေစိုတဘက်ကိုလှမ်းယူကာပြောလိုက်သည် ။


" ဘာတွေဖြစ်ခဲ့တာလဲ "


လင်းလန် မျက်လုံးသာလှန်မိတော့သည် ။


ဟန်ချင်စုန့် ကသူမကလေးတွေကို ကောင်းကောင်းဂရုမစိုက်ဘူးလို့ပြောချင်နေတာလား...


ယောက်ျားတွေကတကယ်ကြီး တစ်ဘို့တည်းသမားတွေဘဲ မိန်းမတွေနည်းနည်းလောက် အလုပ်မလုပ်တာမြင်လိုက်တာနဲ့ အပြစ်ပြောဖို့ကြိုးစားကြတော့တာဘဲ ။


လင်းလန် အားဝမ်ကိုကြည့်လိုက်သည် ။ အခြေအနေတွေက အရမ်းရူပ်ထွေးနေ၍ အဖြစ်မှန်ကိုမမေးရသေးပေမဲ့ ဒုတိယချွေးမနှင့် သေချာပေါက်ပက်သက်နေရမည်ဆိုတာကတော့သေချာသည် ။


အားဝမ် ချက်ချင်းဘဲ လင်းလန် အကြည့်၏အဓိပ္ပါယ်အား နားလည်လိုက်သည် ။


" အဖေ သားတို့အတွက် တရားမျှတအောင်လုပ်ပေးရမယ် နော် ။ အဖေအိမ်မှာ မရှိတော့ မားမားနဲ့သားတို့ မောင်နှမတွေကို လူတိုင်းကအနိုင်ကျင့်ကြတယ် ။ မားမားကရှောင်ဝမ်အတွက် ဆေးရုံမှာ မျက်မှန်လုပ်ပေးခဲ့ပေမဲ့ အဘွားနဲ့ အန်တီတွေက သားတို့ကို အိမ်ပေါ်ကနေနှင်ချချင်နေကြတာ "


ပြောလေဝမ်းနည်းလေဖြစ်လာသောကြောင့် အားဝမ်က မျက်ရည်များပင်မထိန်းနိုင်တော့ဘဲ ငိုတော့သည် ။


" အဖေသာ မြန်မြန်ပြန်မလာခဲ့ရင် အဖွားကမားမားကို ကြိုးတုပ်ပြီးရိုက်တော့မှာ ဝူးဝူးဝူး."


" လိုရင်းကိုပြော "


ဟန်ချင်စုန့်က တဘက်အသစ်လဲပေးရင်းပြောလိုက်သည် ။ ရှောင်ဝမ်က ဟန်ချင်စုန့် လဲပေးသည့်တဘက်ကိုပစ်ထုတ်လိုက်ပြီး လင်းလန်၏ လက်ကိုသာကိုင်ထားသည် ။


ဟန်ချင်စုန့် "................"


အားဝမ်က ငိုရိူက်ရင်း ဟန်ချင်စုန့် အားအော်တော့သည် ။


" မားမားက ရှောင်ဝမ် ကို မျက်မှန်ဝယ်ပေးတာကို ဒုတိယအဒေါ်ကမကျေနပ်မနပ်ဖြစ်ပြီး ဒီနေ့အလုပ်တောင်မသွားဘူး ။ သား ရှောင်ဝမ်ကိုတွေ့တော့ မြက်တောထဲမှာလဲကျနေပြီး ဒုတိယအဒေါ်က မတော်တဆတွန်းမိတာလို့ ပြောပေမဲ့ သူ့နှာခေါင်းကနေသွေးတွေ ထွက်နေပြီး မျက်မှန်ကလဲမြေပေါ်မှာကျနေတယ် ။ ဒါပေမဲ့ဒုတိယအဒေါ်က မကျေနပ်သေးဘဲ တက်နင်းလိုက်တယ် သားတို့တားဖို့ကြိုးစားပေမဲ့ ကျိုးနေပြီ ။ သားတို့က ဒုတိယအဒေါ်ကို ဖြေရှင်းခိုင်းဖို့ကြိုးစားပေမဲ့ သူမကသားတို့ကိုစရိုက်တော့တာဘဲ... "


ပြောပြီးနောက် အားဝမ်ကကုတင်ပေါ် ကနေပြေးဆင်းကာ ရှောင်ဝမ်ရဲ့ မျက်မှန်ကိုသွားကောက်ပြလိုက်သည် ။ မျက်မှန်၏ မှန်တစ်ဖက်ကလုံးဝကျွတ်ထွက်သွားပြီး တစ်ဖက်ကပင့်ကူအိမ်လောက်အက်နေကာ ကိုင်းများသည်လည်းကွေးလိမ်နေပြီဖြစ်သည် ။


မိုင်စွေ့နှင့် အားဝမ်တို့နှစ်ယောက်က အမွှာများဖြစ်ကြသည့်အတွက် တစ်ယောက်မှနောက်ကျခံမည်မဟုတ်ဘဲ မိုင်စွေ့ကလဲဝင်ပြောလိုက်သည် ။


" ဟုတ်တယ် အဖေ သမီးက ဒုတိယအဒေါ်ကိုတားဖို့ကြိုးစားပေမဲ့ ကောင်းလျန့် ကနောက်ကနေသမီးဆံပင်ကိုဆွဲထားတယ် "


ကောင်းလျန့် က ဒုတိယအစ်ကိုဟန် နှင့် ဒုတိယချွေးမတို့၏သမီးဖြစ်ပြီး မိုင်စွေ့ထက်တစ်နှစ်ပိုကြီးသည် ။ မိုင်စွေ့ က ဟန်ချင်စုန့် ၏အမူအရာကိုတိတ်တဆိတ် အကဲခတ်နေပါသော်လည်း သူ့မျက်နှာကအေးစက်နေဆဲဖစ်ကာပြောင်းလဲမူမရှိချေ ။


မိုင်စွေ့က လင်းလန်ကို အလွန်အမင်းမတရားခံနေရသည့်လေသံလေးနှင့်မေးလိုက်သည် ။


" မားမား သမီးခေါင်းတွေ အရမ်းနာနေတယ် ။ အဲ့တာက ကောင်းလျန့် ဆွဲလိုက်လို့ဖြစ်တယ်လို့ထင်လားဟင် "


အခန်းက အရမ်းမလင်းသည့်အတွက် မိုင်စွေ့ခေါင်းကဒဏ်ရာကိုရှင်းရှင်းလင်းလင်း မမြင်ရပေ ။ 


" နဲနဲလေးတော့ ပွန်နေတယ်ထင်တယ် ဆံပင်ကျွန်သွားတဲ့နေရာတချို့ကနေသွေးတွေထွက်နေတယ် "


ဟန်ချင်စုန့် အနေနှင့် ပထမဆုံးအကြိမ် လင်းလန်က ကျိူးကြောင်းသင့်နေပြီး အေးဆေးပြောတာကိုမြင်ဖူးခြင်းဖြစ်သည် ။ ထိုအချိန်မှာဘဲ ပြတင်းပေါက်အပြင်ကနေ အလွန်ရုပ်ဆိုးသည့်မျက်နှာနှင့် အဖွားကြီးဟန် ပေါ်လာသည် ။


" ဘာလို့ ငါ့သားပြန်ရောက်ရုံနဲ့နင်က ညည်းညူနေရတာလဲ ပိုက်ဆံတွေပြန်ပေးစမ်း "


ဒုတိယအစ်ကိုဟန် နှင့် ဒုတိယချွေးမတို့ကလဲ အချိန်ကိုက်ပင်ရောက်လာကြပြီး ဒုတိယအစ်ကိုဟန် ကလင်းလန်ကို ဝင်ရောက်ဆူပူတော့သည် ။


" တတိယညီလေး မင်းမိန်းမရဲ့လုပ်ရပ်တွေကိုကြည့်စမ်းပါဦး သူမကဘယ်လောက်တောင်မှ နှလုံးသားမဲတဲ့မိန်းမလဲ ငါ့ခေါင်းကိုတုတ်နဲ့ရိုက်တဲ့အပြင် သူမတွန်းလိုက်တာ အုတ်နံရံနဲ့ဆောင့်မိပြီး သွေးတောင်ထွက်တယ် "


xxxxxx

Part 28


ဒုတိယအစ်ကိုဟန် တင်မကဘဲ အဘွားကြီးဟန်က ပါ မီးလောင်ရာလေပင့်ပြီး အရာအားလုံးလင်းလန် ကိုသာပုံချကြသည် ။


" ဒါတင်မကသေးဘူး သူမက ငါ့လိုအကြီးကိုတောင်မှ ပြန်ရိုက်ပြီး တွန်းသေးတယ် ။ တတိယလေး မင်းသာအချိန်မှီမရောက်လာခဲ့ရင် မင်းအမေသေ သွားနိုင်တယ် "


တစ်လျှောက်လုံး လင်းလန်ကညဟန်မိသားစု ၏ မြိုင်မြိုင်ဆိုင်ဆိုင်ကပြနေသည့် ပြဇာတ်ကိုကြည့် ရူနေပြီးနော်က လည်ချောင်းရှင်းလိုက်သည် ။


သူမအလှည့်ရောက်ပြီ! 


သူတို့က ပြဇာတ်ကောင်းတစ်ပုဒ်ကို သူမမပါဘဲ ကပြချင်နေ ကြတာပေါ့လေ ။ တကယ်သရုပ်ဆောင်တယ်ဆိုတာ ဘယ်လိုမျိုးလဲ သူမပြပေးရမှာပေါ့လေ!


သူမက အဖွားကြီးဟန်ကို ကြည့်ကာပြောလိုက်သည် ။ 


" အမလေး အမေရယ် အမေကမှ အေးတဲ့နေရာမှာမတ်တပ်ကြီးရပ်နေပြီး ကျွန်မဆီကို ခေါင်းငိုက်စိုက်ပြီးကျလာတော့ ကျွန်မက အမေသတိလစ်သွားတယ်ထင်ပြီးတော့ ခေါင်းနဲ့နရံနဲ့မရိုက်မိရအောင် တွန်းပေးလိုက်ရတာပါ ။ အမေကအသက်ကြီးပြီ သွေးသာထွက်ခဲ့ရင်မတွေးရဲစရာဘဲနော် ။ လူကောင်းကိုမှားပြီး အပြစ်မတင်ပါနဲ့နော် ။ ကျွန်မကစေတနာနဲ့ပါ ။


ဒုတိယယောင်းမကတော့ ကျွန်မနဲ့ရှင်းစရာရှိတာရှင်းမှဖြစ်မယ် ။ ကလေးတွေရဲ့ အဖေက သူစစ်တပ်ထဲမှာ ရှိကတည်းက ကျွန်မနဲ့ကလေးတွေအတွက် ပိုက်ဆံမှန်မှန်ပို့ပေးပြီးသား ပြီးတော့ကျွန်မကလဲ အလုပ်ရမှတ် တွေအတွက်နေ့တိုင်းအလုပ်လုပ်တယ် ။ ရှင်က ကျွန်မအိမ်မှာ မရှိတာကိုအခွင့်ကောင်းယူပြီး စန်းဝမ် ကိုရိုက်နှက်သေးတယ် ကျွန်မကိုမရှိသလိုသဘောထားပြီး ကျွန်မရဲ့ကလေးတွေကိုလာရိုက်နှက်နေရအောင် ရှင်ကဘာမို့လို့လဲ "


အဖွားကြီးဟန်နဲ့ တခြားလူတွေအကုန်လုံး လင်းလန်၏ အချက်ကျကျထောက်ပြမူများကြောင်ဆွံ့အနေကြသည် ။ ဒုတိယချွေးမကလည်း မှားယွင်းနေသလိုခံစားရသည် လင်းလန် အလုပ်စလုပ်တာအချိန်တောင်မကြာသေးဘဲ သူမကဒီနေ့တစ်နေ့တည်းသာ အလုပ်ပျက်တာဖြစ်သည် ။


အဖွားကြီးဟန်နှင့် ဒုတိယချွေးမတို့က လည်းမိမိကိုယ်ကို ခုခံကာကွယ်ပြောရန် ပါးစပ်ပြင်နေသည့်အချိန်တွင် လင်းလန်က အခွင့်အရေးမပေးဘဲပြောလိုက်သည် ။


" ဒါဆိုရင် ရငွေနဲ့ထွက်ငွေအကြောင်းရှင်တို့ပြောချင်သေးတာလား ။ ကျွန်မသားကိုကျွန်မ ဆေးခန်ပြတာဘာဖြစ်လဲ!  သူက ဟန်ချင်စုန့် ရဲ့သွေးသားဘဲ သူ့အဖေရဲ့ပိုက်ဆံနဲ့ ဆေးခန်းပြတာဘာမှားလို့လဲ!


အဖေရဲ့ပိုက်ဆံကိုသားက သုံးခွင့်မရှိဘူးလား!  ရှင်တို့က ကျွန်မကို ကြိုးတုပ်ပြီးရိုက်နှက်ချင်နေကြတဲ့အပြင်ကိုမှ ကွာရှင်းစေချင်သေးတယ်ပေါ့ ရတယ်လေဒါဆိုရင်လဲ အုပ်ချုပ်ရေးမူးရုံးကိုသွားပြီး မေးကြည့်ကြတာပေါ့ အဖေရဲ့ပိုက်ဆံကိုသားအရင်းကသုံးခွင့်ရှိလားမရှိလား ရှင်းရှင်းလင်းလင်းသိရလိမ့်မယ် ။


ဘာဘဲဖြစ်ဖြစ် ကျွန်မကသုံးပြီးပြီး ဖြစ်တဲ့အတွက်သေအောင်ရိုက်သတ်ရင်တောင်မှ ပြန်မပေးနိုင်ဘူး "


" အရေးမပါတာတွေ!အရေးမပါတာတွေ! "


အခန်းကျဥ်းလေးထံတွင် အဖွားကြီးဟန်၏ မခံမရပ်နိုင်ဖြစ်ကာအော်ဟစ်နေသည့်အသံအပြင် ပထမချွေးမက လည်းညစာစားရန်လာခေါ်ပြီဖြစ်သည် ။ ဟန်ချင်စုန့် ဆူညံနေသည်အား သည်းမခံနိုင်တော့ဘဲ အော်လိုက်သည် ။


" တော်ကြတော့! "


တစ်ယောက်တစ်ပေါက်နှင့် ဆူညံနေမူများမှာ ရုတ်ချည်းတိတ်ဆိတ်သွား​တော့သည် ။ ဘာစကားမှမပြောရဲကတေယ့ဘဲ တစ်ယောက်နှင့်တစ်ယောက်စိုက်ကြည့်နေကြပြီး ဟန်ချင်စုန့် ကအကုန်လုံးကိုအခန်းထဲကထွက်သွားခိုင်းလိုက်သည် ။


လင်းလန်ကိုလည်း အပြင်တွင်စကားပြောကြရန်ပြောပြီးအခန်းထဲကနေထွက်လာသည် ။ မိန်းမများ၏ အလျော့မပေးဘဲ ငြင်းခုန်နေမူမျိုးနှင့်ဆိုလျှင် အခန်းငယ်လေး၏ခေါင်မိုးပွင့်ထွက်သွားမည်ကိုစိုးရိမ်သောကြောင့်ဖြစ်သည် ။


သို့သော် ဟန်ချင်စုန့် အပြင်ရောက်သည်နှင့်တစ်ပြိုက်နက် လင်းလန်က အခန်းတံခါးကိုဆောင့်ပိတ်ချလိုက်သည် ။ ဟန်ချင်စုန့် ၏ မျက်ဝန်းတို့မှာအေးစက်လို့သွား၏ ။


" အဲ့ဒီ့မိန်းမရဲ့အချိုးကဘယ်လိုမျိုးလဲဆိုတာမင်းတွေ့ပြီမဟုတ်လား မြန်မြန်သူမကို မိဘအိမ်ပြန်ပို့လိုက်တော့ "


အဖွားကြီးဟန် ကဟန်ချင်စုန့်၏လက်ကိုဆွဲကာပြောလိုက်သည် ။ ဒုတိယချွေးမကလဲဝင်ပြောသည် ။


" တတိယလေး ဘာမှတွေဝေမနေနဲ့တော့ သူ .ကအမေ့ကိုတောင်မှရိုက်ဖို့လုပ်ခဲ့တာ နော် ..."


ဟန်ချင်စုန့်က ပင်မအိမ်ခန်းထဲတွင်ရှိနေသည့် သူအားလုံးကို တစ်ချက်ဝှေ့ကာကြည့်လိုက်သည် ။ ထိုလူတွေအားလုံးက သူနှင့်လင်းလန်ကို ကွာရှင်းရန်ဖိအားပေးဖို့ အလွန်စိတ်အားထက်သန်နေကြသည် ။


လင်းလန် အနေနှင့် ကတော့တစ်ယောက်ရဲ့မျက်နှာကိုမှကြည့်ချင်စိတ်မရှိသော ကြောင့် ပြတင်းပေါက်အပြင်ကနေသာပြောလိုက်သည် ။


" ကွာရှင်းတာက အဆင်ပြေတယ် ။ ဒါပေမဲ့ ကလေးတွေရဲ့စရိတ်အတွက်အရွယ်မရောက်သေးခင်မှာ တစ်လကိုဆယ့်နှစ်ယွမ်နဲ့ အသက်ကြီးလာရင် တစ်လကိုယွမ်နှစ်ဆယ် ထောက်ပံ့ပေးရမယ် "


ဟန်ချင်စုန့် ကတိတ်ဆိတ်နေဆဲဖြစ်သော်လည်း အဖွားကြီးဟန်ကတော့ ပေါက်ကွဲတော့မည့်မီးတောင်လိုမျိုးတစ်စခန်းထလာပြန်သောကြောင့် အစ်ကိုကြီးဟန် နှင့် သူ့ဇနီးတို့ကဝင်ရောက်ပြောဆိုလိုက်ကြသည် ။


" အမေတတိယလေးက ခရီးအဝေးကြီးကနေပြန်လာရတာ ပင်ပန်းနေမှာပေါ့ သူ့ကိုတစ်ခုခုကျွေးပြီး အနားယူခိုင်းလိုက်တာကောင်းမယ် "


အချိန်ကတော့မိုးချုပ်နေပြီဖြစ်ကာ အဘွားကြီးဟန်က အလျော့မပေးဘဲပြောလိုက်သည် ။


" စစ်တပ်ထဲကအစားအစာတွေက ငါ့တို့ထက်အများကြီးသာတယ် သူကနေ့တိုင်းခေါက်ဆွဲနဲ့အသားစားနေရတာ ဘာကိုစိတ်ပူစရာရှိလဲ "


ပြီးတော့လဲ ဟန်ချင်စုန့် မှာ ပစ္စည်းကောင်းတွေအများကြီးရှိတာဘဲ သူဘာမှမစားရသေးဘူးဆိုတာ ဖြစ်နိုင်ပါ့မလား!


အဖွားကြီးဟန် ၏စိတ်ထဲတွင်တော့ လင်းလန်သုံးလိုက်သည့် ယွမ်ရာကျော်အပေါ်သာစိတ်ရောက်နေပြီး သူမလည်ချောင်းတွင်တစ်နေသည့်ငါးရိုးတစ်ချောင်းလိုဖြစ်နေကာ ဘာမှစားချင်သောက်ချင်စိတ်ရှိမနေပေ ။


ပိုက်ဆံပြန်ရမှ တစ်မိသားစုလုံးလည်း ထမင်းစားရမယ်!


အလင်းရောင်လုံးဝမရှိတော့သည့်အတွက် ပင်မခန်းမတွင်သာ မီးထွန်းထားနိုင်ပြီး အဖွားကြီးဟန်ကတော့ အရေးမပါသည့်လူတစ်ယောက်အတွက် ဖြုန်းတီးနေရသည်ဟု တညည်းတည်းညည်းနေတော့သည် ။


ပထမချွေးမ က ဟန်ချင်စုန့် ကိုကြည့်ပြီးအားနာနေသည် ။ အဖွားကြီးဟန် ကဘယ်လောက်ဘဲဒေါသထွက်နေတယ်ဆိုဦးတော့ သူမရိုင်းရိုင်းစိုင်းစိုင်း.ပြောနေတာက သူမရဲ့သားအရင်းရဲ့မိန်းမဖြန်နေသည်လေ ။ဟန်ချင်စုန့် ရဲ့မျက်နှာကိုဖျတ်ရိုက်နေသလိုဖြစ်နေတယ်ဆိုတာကို အဘွားကြီးဟန် ကသတိပြုမိပုံမပေါ်ပေ ။


ညစာစားချိန်မှာတောင်မှ လင်းလန်အပါအဝင်ကလေးများပါ တစ်ယောက်မှရောက်မလာခဲ့ပေ ။ အဖိုးကြီးဟန် ကဒေါသထွက်စွာပြောလိုက်သည် ။


" ညစာစားချိန်ရောက်နေပြီလဲ သူမကိုဘယ်နှခေါက်တောင်ခေါ်နေရဦးမှာလဲ "


အဖွားကြီးဟန်ကတော့ ဘယ်တော့မှထွက်မစားရင်တောင်ကောင်းမည်ဟု တွေးနေခဲ့သည် ။ ဟန်ချင်စုန့်က ထကာပြောလိုက်သည် ။


" ကျွန်တော်သွားခေါ်လိုက်ပါ့မယ် "


ဟန်ချင်စုန့် ပြတင်းပေါက်နားရောက်သည့်အခါမှာတော့ အခန်းတွင်က စကားတီးတိုးပြောနေမူများမှာ သူရှိသည်ကိုသတိထားမိပုံရပြီးတိတ်ဆိတ်သွားခဲ့သည် ။ သူကပြတင်းပေါက်နားကနေလှမ်းပြောမည့်အစား တံခါးကနေဝင်လာကာပြောလိုက်သည် ။


" အရင်တစ်ခုခုစားကြမယ် "


အခန်းကမှောင်မဲနေကာ သူ၏မေးခွန်းအားလည်းပြန်​ဖြေမည့်သူမရှိပေ ။ အချိန်အနည်းငယ်အကြာတွင် အမှောင်ထဲ၌သူ့မျက်လုံးက ကျင့်သားရလာပြီး နွေးကုတင်ပေါ်တွင် လင်းလန်ကရှောင်ဝမ့် ကို ဖက်ပြီးအိပ်ပျော်နေကာ မိုင်စွေ့နှင့်စန်းဝမ်က တီးတိုးပြောဆိုနေခဲ့ကြခြင်းဖြစ်သည် ။


ဟန်ချင်စုန့် ".............."


xxxxx