အပိုင်း ၃၃-၃၄
Viewers 21k

Part 33


ဒုတိယချွေးမက ပင်မအခန်းမှာသော်လည်းကောင်း အရှေ့ဘက်အခန်းမှာသော်လည်းကောင်းအိပ်ခွင့်မရှိ ဘဲ သူမတို့မိသားစုကာတောင်နှင့်မြောက်ဘက်စွန်းက အခန်းကျဥ်းလေးတွေမှာ ကျဥ်းကျပ်စွာနေထိုင်ရသည်ကို ကိုလုံးဝမနှစ်မြို့ပေ ။ လင်းလန်နှင့် ကလေးများနေထိုင်သည့် အရှေ့ဘက်ခြံဝန်းတွင်သာ သူမတို့နေထိုင်သင့်သည်ဟု တစ်ထစ်ချယုံကြည့်နေ​ခြင်း ဖြစ်သည် ။


အဖွားကြီးဟန်ကထအော်လိုက်သည် ။


" ထွက်သွား!  ထွက်သွား အိမ်ခွဲနေချင်နေကြတဲ့ဟာတွေအကုန်ထွက်သွားကြ နင်တို့အဖေနဲ့ငါ သေသေရှင်ရှင်ဂရုမစိုက်ကြနဲ့တော့ "


အဖွားကြီးဟန် ကတစ်နေကုန်ဒေါသထွက်ပြီးအော်ဟစ်နေသောကြောင့် သွေးတက်​သေ သွားမှာစိုးရိမ်၍ မည်သူကမှသူမကိုဆန့်ကျင်သည့် အရိပ်အယောင်မပြရဲ့ကြတော့ပေ ။


အတိတ်နေ့ရက်များက စစ်သားများသည် မိမိတို့မိသားစုအတွက် ဂုဏ်ဆောင်နိုင်ခြင်းမရှိခဲ့ဘဲအရေးမပါခဲ့ပေ ။ ယဥ်ကျေးမူတော်လှန်ရေးနှင့် ဂျပန်တို့အားဆန့်ကျင်သည့်စစ်ပွဲများသည် စစ်သားများအား အနည့်နှင့်အများ လုထုကိုသတိပြုမိလာစေသည် ။ 


1950-1960 ခုနှစ်များ၌ လူငယ်အများအပြားစစ်တပ်သို့ဝင်ရောက်ခဲ့ကြပြီး အမေရိကန်နှင့်ကိုရီးယား ကျွန်ဆွယ်ဆန့်ကျင်ရေး၌ ပါဝင်လာကြပြီး စစ်ဗိုလ်လေးများနှင့် အရာရှိများစွာပေါ်ထွက်ခဲ့သောကြောင့် အဖွားကြီးဟန်သည် ထိုအချိန်ကအထင်မကြီးခဲ့ပေ ။


ထိုနည်းတူ စစ်ပွဲတွင်း၌ကျဆုံးသည့် စစ်သားအရေအတွက်များပြားကာ ထိခိုက်ဒဏ်ရာရှိနိုင်သည်မှာလည်း ရာနူန်းပြည့်ဖြစ်သောကြောင့် ဘယ်မိသားစုကမှ သူတို့၏သမီးများကိုစစ်သားများနှင့်လက်ထပ်မပေးချင်ဘဲ သားများကိုလည်း စစ်ထဲသို့မဝင်စေချင်ကြပေ ။


ယခုတွင်တော့ အခြေအနေတွေအားလုံးပြောင်းပြန်ဖြစ်ကုန်ကာ စစ်သားများသည်ပြည်သူများကြား၌အလွန် လေးစားဖွယ်ရာဖြစ်လာခဲ့သည် ။


သူမ၏အငယ်ဆုံးသားသည်ပင်လျှင် ကျောင်းပြီးသည့်အခါ စစ်တပ်ထဲသို့ဝင်ပြီး သူအကိုနှင့်အတူတာဝန်ထမ်းဆောင်ချင်သည်ဟုပင်ပြောနေခဲ့သည် ။ 


ဟန်ချင်စုန့်က အခုအချိန်မှာ အရမ်းကောင်းတဲ့အလုပ်ကို စွန့်လွှတ်ပြီး ဘာဆက်လုပ်မှာတဲ့လဲ...


စစ်တပ်ကအနားပေးလိုက်၍ အိမ်ပြန်လာကြသူများကိုလည်းသူမတွေ့ဖူးခဲ့ပြီး အနားယူသည့်အခါ ပိုက်ဆံတချို့အပြင် တချို့အား အုပ်ချူပ်ရေးမူး ၊ စီမံခန့်ခွဲရေးမူးကဲ့သို့သော ရာထူးများကိုခန့်အပ်ပေးလေ့ရှိသော်လည်း ရှားပါးသည့်အခွင့်အရေးဖြစ်ကာ တပ်ထဲတွင်ရှိစဥ်ကလောက် လစာလည်းမကောင်းပေ ။


သူမက အရာရှိတစ်ဦး၏ အမေဘဝဖြင့်ဂုဏ်ရှိစွာနေထိုင်ခဲ့ပြီး နေသားကျနေသည့်မာနကို လုံးဝအောက်မချနိုင်ပေ ။ အဖွားကြီးဟန်က ဆောက်တည်ရာမရဖြစ်ကာ ရှင်းလင်းစွာမေးချင်ခဲ့သော်လည်း ဟန်ချင်စုန့်က ထွက်ပြေးသွားခဲ့သည် ။ 


သူမက ဆို့နင်နေကာမည်သူကိုအပြစ်ပုံချရမလဲမသိပေ ။ သားနှစ်ယောက်နှင့်ချွေးမတို့ကလည်း ပြန်သွားပြီးဖြစ်၍ သူမနှင့်ကျန်ခဲ့သည့်အဖိုးကြီးဟန် ကိုသာညည်းညူးပြောဆိုနေရန်တတ်နိုင်လေသည်။ သို့သော် အဖိုးကြီးက ဂရုမစိုက်စွာဖြင့်ကျယ်လောက်စွာဟောက်နေလေပြီ။


ဒုတိယချွေးမဟန်က ပထမချွေးမနှင့်အတူ အခန်းသို့ပြန်သည့်လမ်းတစ်လျှောက်လုံး အတွန့်တက်၍မပြီးပေ ။ အကိုကြီးဟန်နှင့် ဒုတိယအစ်ကိုဟန်တို့ကတော့ အရမ်းအိပ်ချင်နေသောကြောင့်မြောက်ဘက်အခန်းသို့အတူတူသွားကြသည် ။


ဟန်ချင်စုန့် အခန်းသို့ပြန်ရောက်သည့်အချိန်တွင် ရေနံဆီမီးအိမ်ကို မီးငြိမ်းပြီးဖြစ်ကာ ကုတင်ပေါ်မှကလေးများ၏ အသက်ရူသံဖျော့ဖျော့ကိုကြားရသည် ။ 


လရောင်အောက်တွင် အနွေးကုတင်ပေါ်၌ လင်းလန်က ရှောင်ဝမ်ကိုဖက်ထားကာ အိပ်ပျော်နေပြီး ဘေးတွင်တော့ အားဝမ်နှင့်မိုင်စွေ့တို့ရှိကာ ဟန်ချင်စုန့် အိပ်ရန်နေရာမှာ ကုတင်အစွန်းတွင်သာရှိသည် ။


သူတို့ရွာ၏ ဓလေ့အရ အနွေးကုတင်၏ထိပ်ပိုင်းသည်အကောင်းဆုံးနေရာသာဖြစ်ပြီး အိမ်ထောင်ဦးစီးယောကျ်ားကနေရာယူလေ့ရှိကာ နောက်မှ ဇနီးနှင့်ကလေးများလာမည်ဖြစ်သည် ။ 


ကုတင်ပေါ်တွင်အိပ်နေသည့် လင်းလန်ကို အတွေးများစွဖြင့်ငေးကြည့်နေမိသည် ။ ရာသီဥတုကပူအိုက်သောကြောင့် ချွေးထွက်နေကာ လင်းလန်မျက်မှောင်ကြုတ် မိလေသည် ။ လေဝင်လေထွက်ရှိစေရန် ပြတင်းပေါက်များကိုဖွင့်ထားကာ ခန်းဆီးတချို့ဖြင့်ကာဆီးထားသော်လည်း အဓိကပြဿနာမှာခြင်ကိုက်ခြင်းဖြစ်သည် ။ 


လင်းလန် ကောင်းကောင်းအိပ်မပျော်နိုင်ပေ ။


ဟန်ချင်စုန့် သူမအားရပ်ကြည့်နေသောကြောင့် ဟန်ချင်စုန့် ၏ကိုယ်ငွေ့အားခံစား၍ရသည် ။ လင်းလန် ခဏမျှလန့်သွားပြီး လှုပ်ရမလား ထလိုက်ရမလား ဆက်အိပ်ရမလားမသဲကွဲတော့ပေ ။


သူမလူပ်မိတော့မည့်အချိန်မှာဘဲ ဟန်လျင်စုန့်က ကုတင်စွန်းတွင် လှဲချလာခဲ့သည် ။ လင်းလန် စိတ်ချလက်ချဖြစ်သွားပြီး နှစ်နှစ်ခြိုက်ခြိုက်ဆက်အိပ်ခဲ့သည်မှာ မိုးလင်းသည်အထိပင်ဖြစ်သည် ။


နေရောင်လာ၍ လင်းလန်ထသည့်အချိန်တွင် ဟန်ချင်စုန့်ကရှိမနေတော့ပေ ။ သူမသည်လည်းကလေး တွေကိုနိူးရန် အလျှင်လိုခြင်းမရှိပေ ။ ကလေးများသည်ငယ်ရွယ်သေးကာ အိပ်ရေးဝ ဝအိပ်စက်ဖို့လိုသောကြောင့် အချိန်အနည်းငယ် ဆက်အိပ်ခိုင်းလိုက်သည်က ကိစ္စကြီးမဟုတ်ပေ ။


လယ်တဲတွင် ခြင်တွေအများကြီးရှိကာ သူမကတစ်ညတည်းဖြင့် လည်ပင်းနှင့်လက်များတွင်အကိုက်ခံခဲ့ရကာ ကလေးများအားဆက်စစ်ဆေးသည့်အချိန်တွင် ရှောင်ဝမ်က အကိုက်ခံရဆုံးဖြစ်နေသည် ။ သူမက ရှားစောင်းလက်ပပ်ပင်နှင့်ဆေးဖက်ဝင် အရွက်တချို့ကိုရောကာ လိမ်းဆေးလုပ်လိုက်ပြီး ယားယံတာကိုအနည်းငယ်သက်သာစေလိမ့်မည်ဖြစ်သည် ။ 


ညကဟန်ချင်စုန့် လိမ်းပေးသည့်ဆေးကြောင့် အိပ်ရာထချိန်တွက်သိပ်ပြီးမသက်မသာမခံစားရဘဲ နာကျင်မူသိပ်မရှိပေ ။ သူမလက်သည် ပုံမှန်အားဖြင့်အဆင်ပြေနေသော်လည်း အားသုံးရသည့်အခါတွင်ပိုဆိုးသွားနိုင်သောကြောင့်ခွင့်တစ်ရက်ယူရန်ဆုံးဖြတ်လိုက်သည် ။ 


လွန်ခဲ့သည့်ရက်များက ဝါခင်းတွင်သူမအလုပ်လုပ်ခဲ့ရသည့်အချိန်များတွင် သေမလောက်ပင်ပန်းခဲ့ကာ သူမကိုယ်တိုင်ကလည်း ပျော့လွန်းသည်ဟုထင်နေသည် ။ လယ်ကွင်းတွင်မြက်နူတ်ရသည့်အချိန်တွင်လည်း သူမခါးတွေကိုက်ခဲနေတတ်သည်။ မနက်ကိုးနာရီကျော်လာပြီဆိုသည်နှင့် လူတစ်ကိုယ်လုံးကိုကင်ထားသလိုခံစားရနေပြီဖြစ်သော်လည်း ကလေးများစားသောက်နိုင်ရန်အတွက် သည်းခံနေခဲ့ရခြင်းဖြစ်သည် ။


ဘာအလုပ်မှပင်ပင်ပန်းပန်းမလုပ်ခဲ့ဘူးသည့် လင်းလန် အနေဖြင့် ယခုကဲ့သို့အလုပ်များသည်အရမ်းပင်ပန်းသောကြောင့် ဟန်ချင်စုန့် အားအလုပ်အကုန်ကိုသာခိုင်းစားချင်တော့သည် ။ အလုပ်ရမှတ် အတွက်အလုပ်လုပ်ရသည်မှာ ခွဲဝေပေးခြင်းဖြစ်ကာ အလုပ်ရွေးရန်မလွယ်ကူပေ ။


xxxxxx

Part 34


နောက်ဆုံးမှာတော့ လင်းလန် တစ်ဦးတည်းကလေးများကို စောင့်ရှောက်ရန်မဖြစ်နိုင်ကာ ဟန်ချင်စုန့်အား သူမတို့အားကိုးရမည်ဖြစ်သည် ။


ဟန်ချင်စုန့် အလုပ်မထွက်ဖို့ တတ်နိုင်သလောက်ဖြောင်းဖြရမယ်!


မူရင်းဇာတ်ကြောင်းအရ ဟန်ချင်စုန့် အလုပ်ပြောင်းရသည့်အကြောင်းအရင်းမှာ မူလကိုယ်ကသောင်းကျန်းနေကာ အလုပ်တွင်အနှောင့်အယှက်ဖြစ်စေသည့်အပြင် ရာထူးလုသည့်တိုက်ပွဲများအတွင်း၌ ကြားညပ်ကာ ဖြေရှင်းမရတော့ခြင်းဖြစ်သည် ။ 


အဖွားကြီးဟန် စိုးရိမ်သည်က ဟန်ချင်စုန့် သူမအတွက် ပိုက်ဆံမပေးနိုင်တော့မှာကိုသာဖြစ်ပြီး မူလ လင်းလန်ကတော့ သူမနှင့် ဟန်ချင်စုန့် ကွာရှင်းပြီးသည့်နောက်တွင် ဟန်ချင်စုန့် ကတခြားမိန်းမနှင့်လက်ထပ်မည်ကို စိုးရိမ်ကာ သူမ၏ယောက်ျားကို အပိုင်သိမ်းထားလိုခြင်းဖြစ်သည် ။


ဒါပေမဲ့ သူမကတော့ မူလ လင်းလန်နှင့်ကွာခြားကာ ဟန်ချင်စုန့် ၏ဆုံးဖြတ်ချက်ကိုလေးစားပေးပြီး အပြည့်အဝထောက်ခံမည်ဖြစ်ကာ သူမတို့နှစ်ယောက်သေသေချာချာဆွေးနွေးကြရန်လိုအပ်သည် ။ 


သူမပင်မအိမ်သို့သွားသည့်အခါတွင် ထူးဆန်းစွာနှင့်ဘဲ အဖွားကြီးဟန် အိပ်ရာမထသေးသောကြောင့် သူမ တစ်အိမ်လုံးကိုပတ်နိူးခဲ့သည် ။ သူမ သန့်စင်ခန်းသုံးပြီးထွက်လာသည့်အချိန်တွင် တစ်အိမ်သားလုံး၏ မျက်လုံးများသည်ပန်ဒါများ ကဲ့သို့မဲနက်နေကာ ညပေါင်းများစွာမအိပ်စက်ခဲ့ရသလိုဖြစ်နေကြသည် ။


ကျစ် သနားဖို့ကောင်းလိုက်တာ!


ဒုတိယချွေးမဟန်တွင် မနေ့ကရန်ပွဲကြောင့်ရခဲ့သည့် ဘုတစ်ခုရှိနေပြီး သူမက ပုံကြီးချဲ့ကာတစ်ခေါင်းလုံးကို ပဝါနှင့်ထုပ်ထားသည်မှာ ပူမှာမကြောက်သည့်အတိုင်းပင် ။


" အမလေး....ငါ့ခေါင်းကနာလိုက်တာ... ငါအလုပ်မလုပ်နိုင်ဘူး "


" မားမား ဘာလို့အပြင်ထွက်လာတာလဲ ဟင် "


အားဝမ်က အပြင်သို့​ပြေးထွက်လာပြီး တစ်ကိုယ်တော်ဇာတ်တိုက်နေသည့် ဒုတိယချွေးမအားနည်းနည်း လေးမှနောက်ကျမခံပေ ။


" မားမား လက်တွေကအရမ်းထိခိုက်ထားတာ အပြင်ထွက်လို့မရဘူးလေ ။ ခဏနေရင်အဖေပြန်လာတော့မှာ "


အားဝမ်က လင်းလန်အား အဖွားကြီးဟန် ကွာရှင်းခိုင်းသည်ကို ဟန်ချင်စုန့်သဘောမတူသောကြောင့် အလွန်ကျေနပ်နေကာ သူ့တွင်အဖေရှိပြီဖြစ်၍ လူတိုင်းအနိုင်ကျင့်၍မရတော့ကြောင်းဂုဏ်ယူစွာပြသလိုသည် ။


သူတို့ကိုလှောင်ပြောင်ပြီး သူ့ရဲ့အမေကိုနှင်ထုတ်ချင်နေတဲ့လူတွေ.... ဟမ့်....ကြည့်နေလိုက်!


ဒုတိယချွေးမက ဟန်ချင်စုန့် ၏နောက်ခံရှိနေသည့်အတွက် အရင်လိုစိတ်လွှတ်ပြီးမပြုမူရဲတော့ဘဲ ခြေဆောင့်ကာ သူမအခန်းသို့ပြန်သွားတော့သည် ။


အကြီးဆုံးချွေးမက ဟင်းချက်ရန်ပြင်ဆင်ပြီးသည့်နောက်တွင် ကလေးများအား အလုပ်ရမှတ်တချို့အတွက် မြက်နူတ်ကြရန်ခေါ်လိုက်သည် ။ အားဝမ် ၊ မိုင်စွေ့ နှင့် စန်းဝမ်တို့ကမြက်အတူတူနူတ်ရမည်ဖြစ်သော်လည်း မိုင်စွေ့က လိုက်မသွားချင်သောကြောင့် လင်းလန်အား အမူအရာတချို့ပြနေသော်လည်း လင်းလန်က မသိချင်ယောင်သာဆောင်နေလိုက်သည် ။


မြက်နူတ်တာက လွယ်ကူတဲ့အလုပ်ဖြစ်ပြီး မိုင်စွေ့ကတခြားကလေးတွေနှင့်အတူ လိုက်သွားရမည်ဖြစ်သည် ။ ထိုအချိန်မှာဘဲ ဟန်ချင်စုန့် ကရေခပ်ကာပြန်ရောက်လာပြီး ဘေစင်အကွဲ ကြီးအားအူကြောင်ကြောင်နှင့်စိုက်ကြည့်နေသောလင်းလန် အားတွေ့လိုက်ရသည် ။


ဟန်ချင်စုန့်က ရေအိုးထဲသို့ရေလောင်းထည့်လိုက်ပြီး လင်းလန်ကိုကြည့်ကာပြောလိုက်သည် ။


" လယ်ကွင်းတွေဘက်မှာ အိမ်အလွတ်နှစ်လုံးရှိတယ်လို့ကြားတယ် မင်းစိတ်မရှိရင်အတူတူ သွားကြည့်ကြမလား "


လင်းလန်က ချက်ချင်းပင်ပြောလိုက်သည် ။


" သေချာပေါက်ကို စိတ်မရှိပါဘူး "


ဘယ်လောက်မကောင်းတဲ့ အိမ်ဖြစ်ပါစေ ဒီနေရာထက်တော့သာမှာဘဲ ။ လင်းလန် အလွယ်တကူသဘောတူလိုက်မည်ဟု ဟန်ချင်စုန့် မမျှော်လင့်ထားခဲ့ချေ ။ သူမ သူ့အပေါ်ပိုပြီးအမြင်ကြည်လာစေရန် ပိုက်ဆံနည်းနည်းပါးပါး သုံးပြီးဖြည့်ဆည်းပေးရမည်ဟုတွေးမိသည် ။


ဟန်ချင်စုန့်က လင်းလန်အား မျက်မှန်ဘူးကိုကမ်းပေးကာပြောလိုက်သည် ။


" ဘောင်တွေက ကွေးကုန်ပြီဆိုပေမဲ့ မှန်ကတော့အသုံးပြုလို့ရသေးတယ် "


သူကပြောပြီးသည်နှင့် ရေပုံးကိုဆွဲကာထပ်ထွက်သွားတော့သည် ။


xxxxxx