အပိုင်း ၃၅-၃၆
Viewers 21k

Part 35


ဒါကိုမြင်လိုက်ရပြီးနောက် အကြီးဆုံးယောင်းမက လင်းလန်ကိုပြောလာကာ သူမလေသံထဲတွင်သတိမမူမိလောက်အောင် မနာလိုမှုများပါနေပေသည်။


‘‘တဝမ်ရဲ့အမေ အရမ်းကြီးဒေါသမထွက်နေနဲ့တော့ ၊တကယ်တော့နင်လည်းမြင်တဲ့အတိုင်းဘဲလေ တတိယမောင်လေးကအခုထိ အတော်လေးကို ကြင်နာတတ်နေတုန်းပါဘဲ ။‌နေဖို့အတွက်အိမ်ရှာပြီးတဲ့နောက် သူကနင်ရဲ့ထင်မြင်ချက်ကိုမေးလာပြီး မျက်မှန်တွေကိုတောင်ပြ‌င်ပေးလိုက်သေးတယ်လေ’’


အိမ်မှာ သူမ မပျော်နေတာကိုသိတာကြောင့် သူကပင် အရင်ဦးဆုံး အိမ်ခွဲနေဖို့ အကြံပေးလာကာ နေရာတစ်ခုရှာဖို့တောင် ပထမဆုံးလှုပ်ရှားလာခဲ့ပေသည်။


အခြားယောက်ျားတွေသာဆိုရင် ဘယ်လိုဆုံးဖြတ်ချက်မျိုးကို လုပ်ရမှာဘဲဖြစ်ဖြစ် သူတို့စိတ်တိုင်းကျသာ ဆုံးဖြတ်သွားတာချည်းဖြစ်သည်။မိန်းမတွေက ဒီလိုဆွေးနွေးတိုင်ပင်မှုမျိုးမှာ ပါဝင်ရဖို့ဆိုတာ အရမ်းကိုရှားပါးပေသည်။


ယောက်ျားအများစုက သူတို့အလုပ်ကိစ္စတွေအပြင် အခြားအရာများကိုဆွေးနွေးတိုင်ပင်ရသည့် ညလိုအချိန်မျိုးမှာတောင် ဘာမှမပြောပြကြပေ။


သူတို့အမြင်တွင် သူတို့မိန်းမတွေနှင့် အတင်းအဖျင်းလိုကိစ္စများ မပြောခြင်းကသာ သူတို့ကိုယောက်ျားဆန်စေတယ်လို့ မှတ်ယူကြပေသည်။


လင်းလန်က ပြုံးပြလိုက်ကာ ဘာမှမပြောလာပေ။


သူမမျက်နှာကို သစ်လိုက်ပြီးနောက် အခန်းထဲသို့ ပြန်သွားကာ ရှောင်ဝမ်ကို နှိုးလိုက်လေသည်။အဲ့ဒီနောက် သူ့အတွက် မျက်မှန်တပ်ပေးလိုက်၏။


‘‘ဝါးးး သားမျက်မှန်လေး ’’

ရှောင်ဝမ်က အရမ်းကိုပျော်သွားပေသည်။


လင်းလန်က ရှောင်ဝမ်မျက်နှာကို သပတ်တစ်ခုနှင့် ပွတ်ပေးလိုက်သည်။

‘‘သားအဖေက အဲ့ဒါကပြန်ပြင်ပေးလာတာလေ၊သူ့ကိုကျေးဇူးတင်ဖို့သတိရနော် ’’


ရှောင်ဝမ်က နှုတ်ခမ်းစူလိုက်ကာ ဘာမှမပြောလာပေ။


လင်းလန်က အရင်တုန်းကလိုမျိုး သူ့ကိုလုပ်ဖို့ ဖိအားမပေးနေတော့ပေ။သူမက သူ့နားကိုတီးတိုးပြောလိုက်လေသည်

‘‘သားအဖေက အမေတို့ပြောင်းပြီးနေလို့ရမယ် အိမ်တစ်လုံးရှာတွေ့ထားတယ်တဲ့ သွားပြီးတော့ တစ်ချက်ကြည့်ကြည့်ရအောင်’’


သူမက သကြားလုံးနှစ်ခုကို ရှောင်ဝမ်ရဲ့အိတ်ကပ်ထဲထည့်ပေးလိုက်ကာ သူ့ကို အိမ်ကြည့်ဖို့ခေါ်သွားတော့သည်။


ရှောင်ဝမ်က ဟန်ချင်စုန့်ကို အရမ်းတော့သဘောမကျသေးပေမယ့် သူတို့အိမ်ပြောင်းလို့ရပြီဆိုသည်ကိုကြားတဲ့အခါ အရမ်းပင်စိတ်လှုပ်ရှားသွားလေသည်။


ထိုအိမ်နှစ်လုံးက တစ်ချိန်တုန်းက တပ်မဟာရဲ့ ဌာနချုပ်ရုံးစိုက်ရာနေရာထဲ ပါဝင်ခဲ့ပေသည်။နောက်ပိုင်းတွင် တပ်မဟာက ခြံဝန်းကျယ်အဖြစ်တိုးချဲ့ခံလိုက်ရကာ ထိုအိမ်နှစ်လုံးကိုတော့ တိုလီမုတ်စတွေကို သိမ်းဆည်းဖို့အသုံးပြုခဲ့ကြပေသည် ။


အိမ်ကအနည်းငယ်တော့ ပျက်စီးယိုယွင်းနေပြီဆိုပေမယ့်လည်း နံရံနှင့်ယက်မများက အကောင်းအတိုင်းရှိနေသေးပေသည်။အိမ်ခေါင်မိုးပေါ်တွင် မြက်ခြောက်များဖြင့် မွန်းမံထားကာ ‌အလုံပိတ်‌ဖို့အတွက် အပေါ်မှထပ်၍ ရွံ့ဝါများဖြင့် ထပ်တင်လိုက်လေသည်။


အခြားအစိတ်အပိုင်းများက တံခါးနှင့် ပြတင်းပေါက်များဖြစ်သည်။ထိုထဲက တချို့ကို အစားထိုးလဲဖို့ လိုနေကာ ပြုပြင်ဖို့လိုတဲ့အရာများကိုလည်း ပြုပြင်ရပေမည်။ထို့နောက်မှာတော့ သူတို့က အုတ်မီးဖိုကုတင်ကို ပြုလုပ်နိုင်ပြီဖြစ်သည်။


ဟန်ချင်စုန့်က လူတချို့နှင့် အလုပ်လုပ်နေရင်း အလုပ်များနေပေသည်။အားဝမ်က ကူညီနေတာတင်မကဘဲ တဝမ်နဲ့ စန်းဝမ်ကလည်း ကူနေကြကာ မိသားစုထဲမှာ ယောက်ျားလေးအနည်းငယ်လည်း ရှိနေကြပေသည် ။


သဘာဝကျစွာဘဲ သူတို့ကို တိတ်တဆိတ်လက်ညှိုးထိုးကာ တိုးတက်လာမှုကို စောင့်ကြည့်နေကြသော လူတစ်စုလည်းရှိနေကြလေသည်။


‘‘ကြည့်စမ်း လောင်စန်းကတော့ ပြန်ရောက်လာချင်းချင်းဘဲ အိမ်ခွဲနေဖို့လုပ်နေပြီ၊သူတို့က ဘယ်တစ်ခုကိုများ ရသွားမှာပါလိမ့်’’


‘‘သူက အပေါက်ဆိုးတဲ့ဟိုမိန်းမဆီကနေ ချောင်ပိတ်‌မိနေလို့များ သေဖို့နည်းလမ်းကို အဆက်မပြတ်ရှာနေတာများလား ’’


‘‘နင်တို့ကလည်း ဒီအတိုင်းသူက အဖွားကြီးမောင်းထုတ်တာခံလိုက်ရတယ်ဆိုပြီးဘဲ ဒဲ့ပြောလိုက်ပါလား ’’


အများအားဖြင့် မိသားစုများက သူတို့နေထိုင်ရာကို ခွဲတဲ့အခါ အခြေခံအားဖြင့် မူလခြံဝင်းထဲမှာဘဲ အိမ်တစ်လုံးဆောက်ကြပေလိမ့်မည်။တကယ်လို့သူတို့က အိမ်ဆောက်လို့မရနိုင်ရင် တဲလိုပုံစံမျိုးဘဲဆောက်ရင်ဆောက်၊ မဟုတ်ရင် အိမ်နီးနားချင်းအိမ်များတွင် ညအိပ်နေဖို့သွားကြပေလိမ့်မည်။သူတို့ထဲက အလွန်နည်းသောလူနည်းစုကသာ ဝေးလံသောနေရာကို ပြောင်းရွေ့ကြမှာဖြစ်သည်။


အတွင်းရေးမှုးခေါင်းဆောင်အဟောင်းဖြစ်သည့် ဟန်ရုန်ဖန်က ဝေဖန်ပြော‌ဆိုနေမှုများကို ကြားလိုက်ရတာကြောင့် ပြောလာရပေသည်။


‘‘မင်းတို့တွေက ဘာတွေကိုများ တတွတ်တွတ်လာပြောနေကြတာလဲ၊ ဘာလဲ နင်တို့မှာ အဓိပ္ပါယ်မရှိတာတွေကို ပန်းထုတ်သလိုပြောဖို့များ လျှာအရှည်ကြီးရှိနေတာလား ။....သူတို့မိသားစုမှာက သားလေးယောက်ရှိတာ အ‌ရှေ့ပိုင်းလေးမှာ အဓိကအခန်းက သုံးခန်းဘဲရှိတာလေ။....အကြီးဆုံးနဲ့ ဒုတိယသားတွေက တစ်ယောက်တစ်ခန်းဆီ နေနေကြပြီ။အနာဂတ်ကျရင် စတုတ္ထသားကလည်း လက်ထပ်လာမှာလေ၊ နင်တို့က သူတို့အကုန်လုံးကို ဘယ်လိုနေကြဖို့များ မျှော်လင့်နေတာလဲ ’’


ဟန်ရုန်ဖန်ပြောလာတဲ့အခါ သူကချက်ချင်းဘဲ လူအတော်များများရဲ့ ပါးစပ်ပေါက်တွေကို ပိတ်လိုက်နိုင်ပေသည်။အထူးသဖြင့် အခုလိုတူညီတဲ့အခြေအနေကို ကြုံခဲ့ရဖူးတဲ့သူများပင်ဖြစ်သည်။


သို့သော် လည်း ဟန်ချင်စုန့်ရဲ့ ဂုဏ်သတင်းကို မနာလိုဖြစ်နေကြတဲ့ လူတချို့လည်းရှိနေပေ၏။သူတို့က အတွင်းရေးမှူးခေါင်းဆောင်က ဟန်ချင်စုန့်ကိုနေဖို့အတွက် အိမ်နှစ်လုံးပေးလိုက်​ခြင်းနှင့် ပတ်သက်ပြီး မနာလိုဖြစ်နေကြပေသည်။


ရွာထဲက မိသားစုအတော်များများက ထိုအိမ်နှစ်လုံးကို ငှားရမ်းချင်ပါသည်ဟု ပြောခဲ့ကြပေမယ့် အတွင်းရေးမှူးခေါင်းဆောင်က လိုချင်တဲ့သူတွေက အရမ်းများနေတာကြောင့် ဘယ်သူ့ကိုပေးရမလဲမသိဘူးလို့သာ ပြန်ပြောလာလေသည်။


အဆုံးမှာတော့ ဘယ်သူကမှ ဒီအိမ်များကို မရခဲ့ကြပေ။


ဒါပေမယ့်အခုကျတော့ သူက ဟန်ချင်စုန့်ကို ပေးနေလိုက်ရတဲ့အထိ အရမ်းကိုသဘောထားကောင်းနေပါလား...


‘‘လက်ဆောင်တွေဘာတွေ ပေးလို့များဖြစ်မှာပေါ့’’


‘‘ဘယ်သူသိနိုင်မှာလဲ၊ သူကအရာရှိတစ်ယောက်လေ အဲ့‌ဒါကြောင့် သဘာဝအားဖြင့် သူက အလျှော့ပေးလိုက်ဖို့ကို တွန့်ဆုတ်နေမှာမဟုတ်ဘူး ’’


‘‘လောင်စန်းက ဟိုအပေါက်ဆိုးတဲ့မိန်းမနဲ့ ကွာရှင်းဖို့ လုပ်နေရမှာမဟုတ်ဘူးလား။ဒါဆိုဘာလို့ သူတို့က အခုချိန်မှာ အိမ်ပြောင်းဖို့လုပ်နေကြတာလဲ၊တကယ်ဘဲ အဲ့ဒီမိသားစုက ဘာတွေဖြစ်နေတာလဲ ’’


‘‘ဘာဖြစ်နေလဲဆိုတာကို ငါကဘယ်လိုလုပ်သိမှာလဲဟ၊ ငါကသူတို့မိသားစုရဲ့ အကြီးအကဲလည်းမဟုတ်ဘူး ’’


‘‘ဟေးးးအဖွားကြီးအကြောင်းပြောနေကာမှဘဲ၊ သူမကဘယ်မှာလဲ ’’


‘‘အမှန်အတိုင်းပြောရရင် ဟန်ချင်စုန့်က တကယ်ကိုကောင်းတဲ့ လူငယ်လေးတစ်ယောက်ပါ၊ဟေးးးအဲ့ဒါကြောင့်သာမဟုတ်ရင် ချွမ်ရှန်းက သူ့ကိုလက်ထပ်လိုက်လောက်ပြီ ’’


‘‘ချီးတဲ့မှ၊ မင်းက ဘယ်လိုအဓိပ္ပါယ်မရှိတာတွေကိုလာပြောနေတာလဲ ’’


。。。。

ဟန်ချင်စုန့်က ခပ်မြန်မြန်ဘဲလှုပ်ရှားလိုက်ကာ အခန်းနှစ်ခန်းအတွက် ပစ္စည်းတွေကို နေ့တစ်ဝက်အတွင်း ပြင်ဆင်လိုက်လေသည်။အဲ့‌ဒီနောက် အုတ်မီးဖိုကုတင်လုပ်ဖို့အတွက် ဌာနချုပ်မှာအသင့်ရှိနေတဲ့ အဆောက်အအုံဆောက်သောနေကျက်ရွှံ့တွေကို ချေးငှားလိုက်သည်။


ကံကောင်းစွာနဲ့ဘဲ ဌာနချုပ်တွင် ရွှံ့များက အလုံအလောက်ရှိနေပေသည်။


တဲအိမ်နှစ်ခုထဲက တစ်ခုရဲ့တစ်ဝက်ကို အဓိကအခန်းအဖြစ်ချန်ထားလိုက်ကာ အခြားတစ်ဝက်ကိုတော့ သူတို့ရဲ့အိပ်ခန်းအတွက်ချန်ထားလိုက်သည်။ထိုထဲတွင် ရှည်လျားတဲ့ အုတ်မီးဖိုကုတင်ကို တပ်ဆင်ထားကာ စတုဂံပုံစံသေတ္တာလောက်ရှိတဲ့အပေါက်ကို အလယ်တွင် ကွေးညွတ်ပြုလုပ်ထားကာ ကန်စွန်းဥနှင့် အာလူးတို့ကိုသိမ်းဆည်းနိုင်ပေသည်။ အဲ့ဒါက နေရာနှစ်ဖက်ခွဲဖို့လည်း လုပ်ဆောင်နိုင်ကာ လိင်အမျိုးအစားအရလည်းခွဲခြားနေနိုင်ပေသည်။အနာဂတ်မှာ ကလေးတွေအရွယ်ရောက်လာခဲ့ရင် သူတို့အားလုံးအတွက်လည်း ပိုပြီးတော့အဆင်ပြေသွားပေလိမ့်မည်။


ယခုခေတ်တွင် လူအတော်များများက အုတ်မီးဖိုကုတင်ကို ယောက်ျားအတွက်၊ မိန်းမအတွက်ဆိုပြီး သီးသန့်ခွဲခြားပေးထားခြင်းမရှိပေ။ပုံမှန်အားဖြင့် မိသားစုတစ်ခုလုံးက မီးဖိုကုတင်ပေါ်မှာဘဲ အတူတူအိပ်ကြကာ သူတို့အရွယ်ရောက်လာခဲ့ရင်တောင်မှ ကလေးတွေက အဲ့အပေါ်မှာတိုးဝှေ့ပြီး အိပ်နေကြဆဲဖြစ်သည်။


ထို့အပြင် အိမ်ထောင်ကျသွားသော ကလေးတချို့သာ သူတို့လက်တွဲဖော်နှင့် သီးသန့်ကုတင်တွင် အိပ်နိုင်ကြပေသည်။


ဒါကြောင့်မို့လို့ ဟန်ချင်စုန့်ရဲ့ ကုတင်ဒီဇိုင်းက အခြားသူများကို မီးပွင့်ထွက်လောက်အောင် မနာလိုဖြစ်စေဖို့အထိ လုံလောက်နေပြီဖြစ်သည်။


xxxx

Part 36


လင်းလန်က သူမအလုပ်မသွားခင် မနက်စာတစ်ကိုက်နှစ်ကိုက်လောက် သွားမစားရသေးခင်အချိန်ထိ စောင့်ကြည့်နေခဲ့ပေသည်။သူမလက်မောင်းကနာကျင်မှုကြောင့် ပေါင်းသင်ဖို့ တူးရွှင်းပြားကြီးကို မ မနိုင်ပေ။ထို့ကြောင့် ဝါဂွမ်းခင်းဆီသို့သွားကာ ခရင်းခွဖြင့် ပိုးကောင်ကောက်ဖို့ သွား‌လိုက်‌၏။


ထိုနေရာတွင် ဆေးဖျန်းနေသည့် လူတချို့ရှိနေသေးကာ 1605ဆေးပြားအနံ့က ဆယ်မိုင်အကွာလောက်ကတောင် အနံ့ရနေပေသည်။ထိုအနံ့ကို လင်းလန်မကြိုက်တာကြောင့် သူမစိတ်ထဲ မသက်မသာခံစားလိုက်ရသည်။ထို့ကြောင့် သူမကိုယ်သူမ နေ့လယ်နေပူကြီးထဲတွင် အလုပ်မြန်မြန်ပြီး‌ဖို့ တွန်းအားပေးလိုက်ကာ အလုပ်ပြီးသောအချိန်တွင် သူမက ပေါက်ကွဲလုနီးပါး ခေါင်းတစ်ခြမ်းကိုက်လာတာကြောင့် အလျင်အမြန်ဘဲ ဝါခင်းထဲကနေ ထွက်သွားလိုက်လေ၏။


(Tn: 1605ဆေးပြားဆိုတာက ဆေးဘက်အသုံးအနှုန်းတစ်ခုပါ၊ butalbital , acetaminophenနဲ့ caffeine ဆေးပြားတွေကို ခေါ်ဝေါ်တဲ့ အသုံးအနှုန်းပါ )


သူမပြန်လာတဲ့အချိန်တွင် တဲတွေဆီသို့သွားကာ ဘယ်လိုအခြေအနေရှိလဲ တစ်ချက်သွားကြည့်လိုက်လေသည်။ထိုနေရာတွင် ဟန်ချင်စုန့်က ခေါင်မိုးပေါ်တွင် ဆောင့်ကြောင့်ထိုင်နေကာ ရွှံ့စေးဝါများ ပစ်နေတာကိုတွေ့လိုက်ရပေသည်။


သူက စွပ်ကျယ်အင်္ကျီကိုဝတ်ထားပေသည်၊  သူ့ချွေးစက်များက  နေရောင်အောက်တွင် ဆီလိမ်းထားသကဲ့ပင်ဖြစ်နေကာသူရဲ့ သန်မာသော လက်မောင်းကြွက်သားတွေကို ဖော်ပြနေလေ၏။


သူက ခေါင်မိုးပေါ်မှနေ လင်းလန်ကိုတစ်ချက်ကြည့်လိုက်လေသည်။ထို့နောက် သူက  လျှောချလာပြီး  သွက်လက်ကျွမ်းကျင်စွာ ခုန်ချလိုက်လေသည်။


လင်းလန်က သူ့ကြောင့် ရင်သပ်ရှူမောသွားကာ သူမနှလုံးသားက ရင်ဘတ်ထဲကနေ ပါးစပ်က ထွက်လာတော့မလိုပင် ခံစားလိုက်ရလေသည်။

ဒီလိုခုန်ချလိုက်လို့ သူ့ရဲ့ဒဏ်ရာဟောင်းတွေက ပြန်ပွင့်ထွက်လာရင် ဘယ်လိုလုပ်မလဲ။


ဟန်ချင်စုန့်က သူမဆီသို့ ခြေလှမ်းသုံးလှမ်းလောက်ဖြင့်သာ ရောက်လာလေသည်။


‘‘နေ့လည်စာအတွက် စားစရာကို ဒီကိုဘဲယူခဲ့လိုက်တော့၊ ကိုယ် လာပြန်စားမှာမဟုတ်ဘူး’’


လင်းလန်က သေချာချိန်ဆပြီး တွေးလိုက်မိသည်။သူမပြန်ရောက်သွားတာနဲ့ အဖွားကြီး မေးခွန်းတွေ အဆက်မပြတ်မေးလာလိမ့်မယ်၊ အဲ့ဒါကြောင့် သူမအလုပ်တွေကို ကြိုပြီးပြီးအောင် လုပ်ထားရပေမည်။


‘‘ကောင်းပါပြီ ’’


ဟန်ချင်စုန့်က သူမကိုတစ်ချက်ကြည့်လိုက်လေသည်။

‘‘မင်းလက်မောင်းက အဆင်ပြေရဲ့လား ’’


လင်းလန်က လက်မောင်းကိုပွတ်လိုက်ကာ

‘‘အဲ့ဒါက နည်းနည်းတော့ နာနေသေးတယ်’’


‘‘နာ‌နေတယ်ဆိုရင်လည်း ဘာလို့မင်းက ဖျားနာခွင့်မယူလိုက်တာလဲ ’’


ဟန်ချင်စုန့်ကလည်း သူမရဲ့အကျင့်စရိုက်အရဆို 

သူမဒဏ်ရရသွားတာနဲ့ သေချာပေါက် ခွင့်ယူလိုက်ကာ ထွက်သွားလာမှာဟု တွေးမိပေသည်။သူမကတကယ်ဘဲ ပျက်ကွက်လို့ရတဲ့အခွင့်အရေးကို လက်လွှတ်နိုင်မယ်လို့ သူ ဘယ်တုန်းကမှမတွေးမိခဲ့ပေ။ထို့ကြောင့် သူမေးကြည့်လာတာဖြစ်သည်။


လင်းလန် : ‘‘တကယ်လို့ ကျွန်မသာအလုပ်မလုပ်ဘူးဆိုရင် ဘာနဲ့သွားစားရမှာလဲ၊ အလုပ်ပွိုင့်တွေကိုလည်း စုဖို့လိုသေးတယ်လေ ’’


‘‘အနာဂတ်မှာ မင်းအလုပ်ပွိုင့်တွေစုဖို့ မလိုတော့ပါဘူး’’ 


ဟန်ချင်စုန့်က ထိုသို့ပြောပြီးနောက် အလုပ်ပြန်သွားလုပ်လေသည် ။


သူက ငါ့ကိုဂရုစိုက်နေတာလား 


လင်းလန်က ထိုစကားလုံးတွေကို တွေးကြည့်လိုက်မိသည်။အခုကစပြီး သူမက ကိုယ်လက်လှုပ်ရှားရတဲ့ ဘယ်အလုပ်ကိုမှ လုပ်ဖို့မလိုတော့ဘူးလား ။


ကြည့်ရတာ ဟန်ချင်စုန့်ရဲ့စိတ်နေသဘောထား က ‌မပြောင်းလဲပုံပေါ်ပေသည်၊သူထွက်ပေါ်လာသည့် စာအုပ်ထဲက ပုံစံနှင့်တူညီနေတုန်းပင်ဖြစ်သည်။သူက တာဝန်ယူမှုအပြည့်ရှိပြီး ဂုဏ်ရှိသောယောက်ျား‌တစ်ယောက် ဖြစ်သည်။သူပြန်လာဖို့ ဆုံးဖြတ်လိုက်ပြီဆိုမှတော့ ခင်ပွန်းတစ်ယောက်အနေနဲ့‌ရော၊ ဖခင်တစ်ယောက်အနေနဲ့ပါ သူ့တာဝန်ဝတ္တရားတွေကို ဖြည့်ဆည်းပေးမှာဖြစ်သည်။


ဒီအတိုင်း သူအရင်တုန်းက အရမ်းကိုမျက်စိကန်းနေခဲ့တယ်လို့သာ ခံစားမိ‌သည်။သူက အိမ်မှာတချိန်လုံး ရှိမနေနိုင်ပေ။ အဲ့ဒါကြောင့် အိမ်ကိုအဆက်မပြတ်ပင် ကျိုးပျက်သွားစေသည်အထိ ဖြစ်စေသော သဘောထားကွဲလွဲမှုများကို သတိမထားမိခဲ့ပေ။အဲ့ဒါက သူ့ဇနီးက အကြီးဆုံးမရီးနဲ့ အမေတို့ကို ဒီလိုမျိုး ရန်တွေ့နေရတဲ့ ပမာဏအထိပင်ဖြစ်သည်။


ကြည့်ရတာ သူ့မှာ အရမ်းနိမ့်နေသော EQအဆင့် ရှိနေပုံပေါ်ပေသည်။


အရင်ဆုံးလင်းလန်က မြက်ရိတ်ပြီးနောက် ကူညီပေးဖို့ရောက်လာသည့်  ကလေးတစ်အုပ်ကို‌ကြည့်လိုက်သည်။ရှောင်ဝမ်က မိုင်စွေ့နောက်မှလိုက်လာကာ  မိုးမခအကိုင်းအခက်များနှင့် လုပ်ထားသောဦးထုပ်တစ်ခုကို ဆောင်းထားလေသည်။မိုးမခပင်အရွက်တချို့ကို ကိုင်ထားကာ သူ့ပါးဖောင်းဖောင်းလေးများနှင့်  အဆက်မပြတ်မှုတ်နေပေသည်။သူကလေချွန်သံတစ်ခုမှုတ်နိုင်ဖို့ အရမ်းကိုစိတ်အားထက်သန်နေ‌လေ၏။


မိုင်စွေ့က လင်းလန်ကိုပြောလာလေသည်။


‘‘အမေ ရှောင်ဝမ်က မျက်မှန်ရှိသွားတော့ စန်းဝမ်လိုမျိုး လျှောက်ပတ်ပြေးနေပြီ၊ သူက ခနလေးဆိုတာနဲ့ ဝှစ်ခနဲပျောက်သွားတော့တာဘဲ’’


‘‘ဘယ်လိုဖြစ်လို့ သူက တစ်ယောက်တည်းလျှောက်ပြေးနေရတာလဲ’’


‘‘ဘယ်သူသိမှာလဲ ၊သူ့ကိုရေနားသွားဖို့ခွင့်မပြုတဲ့အချိန်ကျ မြက်ခင်းပေါ်မှာထိုင်‌နေထိုင်၊မဟုတ်ရင် လှဲချနေရော။ ဒီနေ့တောင် သူက ယုန်အသိုက်ဘေးက ကုန်းမြင့်တစ်ခုဆီမှာ လှဲပြီးတော့ အဲ့ဒါကိုတူးချင်နေသေးတာ ၊အထဲမှာလှုပ်‌ရှားနေတာလေးတွေရှိတယ်ဆိုပြီးပြောနေတော့တာဘဲ’’


‘‘ဒါဆိုရင်လည်း တခုခုရှိလို့နေမှာပါ’’

လင်းလန် ပြန်ပြောလိုက်လေသည်။


မိုင်စွေ့ : ‘‘အမေတွေက... အမြဲတမ်းသူတို့ရဲ့အငယ်ဆုံးသားကို အလိုလိုက်နေတော့တာဘဲနော်..."


 ၊ဟုတ်ပါပြီ။


လင်းလန်က သူမနဲ့ အားဝမ်ကို ပြန်သွားပြီး သူတို့အတွက် စားစရာတွေသယ်ခိုင်းလိုက်ကာ ဒီမှာလာပြီး သူတို့အဖေနဲ့တူတူစားဖို့ ပြောလိုက်လေသည်။

 

နေ့လယ်ချိန်တွင် အဖွားအိုဟန်က မီးဖိုကုတင်ကနေ မထရသေးပေ။ဒါပေမယ့် သူက အရှေ့ဘက်က ကုတင်တွင်သာ ထိုင်နေပေသည်။


‘‘တကယ်လို့ ငါသေတော့မယ်ဆိုရင်တောင် သူကငါ့ကို လာမတွေ့တော့ဘူးမလား ’’


လောင်စန်းက သားသမီးတာဝန်ကျေတယ်လို့ သူမသေချာသိနေပေသည်။သူမဒီပေါ်မှာလှဲနေလိုက်တာနဲ့ သေချာပေါက်သူက တောင်းပန်ဖို့လာကာ သူ့အမှားတွေကို ဝန်ခံပေလိမ့်မည်။ပြီးတော့ အနာဂတ်မှာ သူက နာနာခံခံရှိတော့ပါမယ်လို့ ပြောလာမှာဖြစ်သည်။


အဲ့ဒါက ဒီလိုဘဲဖြစ်နေခဲ့ရမှာဖြစ်သည်။


မိသားစုဝင်တွေကလည်း တိတ်ဆိတ်နေလေသည်။


အကြီးဆုံးယောင်းမက လင်းလန်ကိုတချက်ကြည့်လိုက်ကာ‌ ခေါင်းညိတ်ပြလိုက်သည်။


သူမက ပန်ကိတ်တစ်ခုကိုယူလိုက်ကာ ဘေးနားတွင် ဟင်းသီးဟင်းရွက် တစ်ပန်းကန်ကိုထားလိုက်ကာ သူမရဲ့တူဖြင့် ဆားရည်စိမ်များကို နည်းနည်းခပ်လိုက်သည်။


သူမထွက်သွားတော့မယ့် အချိန်မှာဘဲ အဖွား‌အိုဟန်က အခန်းထဲကနေ အော်ခေါ်လာတော့သည်။


‘‘တတိယမိသားစု...တတိယမိသားစုရော အားး’’


လင်းလန်ကထွက်ပြေးဖို့လုပ်ပေမယ့် အကြီးဆုံးယောင်းမတားတာကို ခံလိုက်ရလေသည်။


‘‘အမေက နင့်ကိုမေးနေတယ်လေ မြန်မြန်လေး’’


လင်းလန်က တုံးအနေသလို ဟန်ဆောင်လိုက်ပေသည်။

‘‘သူက ကျွန်မကိုခေါ်နေတာလား ’’


‘‘နင်က တတိယမိသားစုက မဟုတ်ဘူးလား’’

သူမကပြောရင်းနဲ့ လင်းလန်ရဲ့ ပန်းကန်ကိုပြန်ဆွဲယူလိုက်ကာ အခန်းထဲသို့မြန်မြန်သွားဖို့ပြောလိုက်လေသည်။


လင်းလန်က တွန့်ဆုတ်စွာနဲ့ဘဲ အခန်းထဲသို့ ဝင်သွားလိုက်ရသည်။


အဖွားအိုဟန်က ကုတင်ရဲ့ခေါင်းရင်း‌တွင် လှဲနေပေသည်။စောင်ကို သူမအပေါ်မှခြုံထားကာ သူမရဲ့နားထင်တွင် လက်သည်းခွံတစ်ခုစာလောက်ရှိတဲ့ ဝိုင်းနေတဲ့လိမ်းဆေးကပ်ခွာတစ်ခုကို ကပ်ထား၏။


လင်းလန်က အဖွားကြီးက သူမဆီကနေဘာလိုချင်နေလဲဆိုတာ မပြောနိုင်ပေ။ဒါပေမယ့် အဖွားကြီးက နှစ်အနည်းလောက် ပိုအိုစာသွားပုံပေါ်ပေသည်။သူမမျက်လုံးတွေက ချောင်ကျနေကာ စိတ်ပင်ပန်းနေပေသည်။အဲ့ဒါကြောင့် မနေ့ညက အဖွားကြီးက ကောင်းကောင်းအိပ်ခဲ့ရမှာမဟုတ်ဘူးလို့ သူမတွေးလိုက်မိသည်။


‘‘တတိယမိသားစုက နင့်မှာ မကျေနပ်ချက်တွေရှိတာငါသိပါတယ်’’


အဖွားအိုဟန်က အရင်ဆုံးပြောလာလိုက်သည်။


လင်းလန်က သူမဆီကနေအမည်တပ်မခံချင်ပေ။

‘‘အဖွားအို၊ ကျွန်မက အကြောင်းအရင်းမရှိဘဲ ပြသနာ‌တက်အောင်မလုပ်တတ်ဘူး ’’


ရှင်တို့အကုန်လုံးက ကျွန်မကိုဖိအားပေးခဲ့တာ။


တကယ်လို့အဲ့ဒါကသာ အစကတည်းကနေ သူမ‘အနှစ်သက်ဆုံးကိုဘဲ ကစားမယ်’ ဆိုပြီး မူလကိုယ်ကို အပြင်လူအဖြစ်မဆက်ဆံခဲ့ဘူးဆိုရင် ဒီလိုမျိုးဖြစ်မှာမဟုတ်ပေ။တကယ်လို့အဖွားအိုကသာ မူလကိုယ်ပိုင်ရှင်ကို ဟန်ချင်စုန့်ထောက်ပံ့လာတာရဲ့ တချို့တဝက်ကိုသာ ပေးလာမယ်ဆိုရင် အရာအားလုံးက ပိုပြီးကောင်းသွားမှာဖြစ်သည်။

နောက်ဆုံးမှာတော့ ဒါတွေအားလုံးက မူလကိုယ် ရရှိသင့်တဲ့ အရာများသာဖြစ်ပေသည်။


xxxxx