Part 37
‘‘အဓိပ္ပါယ်မရှိတာတွေ လာပြောမနေနဲ့၊ နင်ဘဲ လောင်စန်းကို သူ့ရဲ့အသက်မွေးဝမ်းကြောင်းကို ပြောင်းဖို့ မရပ်မနားအနှောင့်ယှက်ပေးနေခဲ့တာ မဟုတ်ဘူးလား။သူ့ရဲ့ခေါင်းဆောင်ကို တိုင်တန်းပြီးသွားပြောဖို့ နင်ဘဲဖိအားပေးခဲ့တာမလား ’’
အဖွားကြီးက တညလုံးဒါကိုစဉ်းစားနေခဲ့တာဖြစ်သည်။နောက်ဆုံးတွင်တော့ သူ့သားကို စစ်တပ်ကပြန်လွှတ်လိုက်မှာမဟုတ်ဘူးလို့ ခံစားမိပေသည်။ဒါပေမယ့် သူကိုယ်တိုင်ကလည်း သူ့ကိုယ်ပိုင်ခွင့်နှင့် ပြန်လာတဲ့ပုံမပေါ်ပေ။
သူမ၏အမြင်တွင် လောင်စန်းက ငယ်ငယ်ကတည်းက အနည်းငယ်ထူအသောကလေးဖြစ်ပေမယ့် သူကသားသမီးတို့ရဲ့ တာဝန်ကျေကာ သူမနှင့် တိုင်ပင်ခြင်းမရှိဘဲနှင့် သူတို့၏ငွေဝင်တဲ့လမ်းကြောင်းကို ဖြတ်တောက်ပစ်မှာမဟုတ်ပေ။
ဒီလိုဆိုမှတော့ ဒီလုပ်ဆောင်ချက်က တတိယမိသားစုက အခြားတစ်ယောက်၏ လုပ်ဆောင်ချက်လို့သာ ပြောနိုင်ပေသည်။
လင်းလန်က ခေါင်းခါလိုက်သည်
‘‘အဲ့ဒါကျွန်မမဟုတ်ဘူး၊ ဒါပေမယ့် တစ်စုံတစ်ယောက်က အသက်ကြီးလာပြီဆိုရင်တော့ သူတို့ရဲ့အသက်မွေးလမ်းကြောင်းကို ပြောင်းလဲရမှာဘဲလေ ’’
ဒါပေမယ့် သူမကတခုခုကိုတွေးမိသွားသလိုမျိုး ကြက်သေသေသွားလေသည်။
တကယ်လို့အဖွားကြီးသာ သူမကိုသတိမပေးလာဘူးဆိုရင် သူမလည်းဒီအကြောင်းကိုတွေးမိမှာမဟုတ်ပေ။
လင်းလန်ရဲ့ ပုံစံကိုကြည့်လိုက်ရင် သူမကတကယ်ဘဲ ဘာမှမသိနေတဲ့ ပုံစံပေါ်နေကာ အဖွားကြီးလည်း အခုထိနလပိန်းတုံးလို့ ဆက်လုပ်နေတာက ဖြစ်နိုင်ခြေမရှိဘူးလို့တွေးလိုက်မိသည်။
အခုတော့ ဒီအပေါက်ဆိုးတဲ့မိန်းမကတောင် အခြားလူတွေကို အရူးလုပ်တတ်နေပြီပေါ့။
အတိတ်မှာတုန်းကဆိုရင် ဝုန်းဒိုင်းကြဲထပေါက်ကွဲတာမျိုးကလွဲပြီးတော့ ဒီမိန်းမက လိမ်ထားမျိုးကိုမလုပ်တတ်သည့်အပြင် အခြားသူတွေကို ဘယ်လိုသိုဝှက်ထားရမလဲဆိုတာကိုလည်း မသိပေ။
အဖွားကြီးက ဘာမှပြောစရာမရှိတော့သည်ကို တွေ့လိုက်တဲ့အခါ လင်းလန်အလျင်အမြန်ဘဲ အခန်းထဲက ထွက်လာလိုက်သည်။ကြည့်ရတာ အဖွားကြီးက ဟန်ချင်စုန့်ရဲ့ အသက်မွေးလမ်းကြောင်းအလုပ်ပြောင်းလဲသွားတာနှင့် ပတ်သက်ပြီး အရမ်းစိုးရိမ်ပူပန်နေပုံရပေသည်။
နေ့လယ်ခင်းတွင် သူမအလုပ်သို့သွားဖို့မလိုတော့ ချေ။ထို့ကြောင့် သူမက တဲတွေဆီသို့ သန့်ရှင်းဖို့ ပြန်သွားလိုက်သည်။ဒီလိုမှသာ ပြင်ဆင်မှုတွေပြီးသွားတာနှင့် တန်းပြီးအိမ်ပြောင်းလာနိုင်မှာဖြစ်သည်။
သူတို့မှာ ယူစရာပစ္စည်းတွေဘာမှသိပ်ရှိမနေပေ။ သူတို့မိသားစုရဲ့ စုတ်ပြတ်နေတဲ့အဝတ်တွေက သစ်သားသေတ္တာသေးသေးလေးတစ်ခုထဲနဲ့ ဆံ့ကာ ခြင်းတောင်းကလည်း ကျန်တဲ့ သူတို့ပစ္စည်းတွေကိုထည့်ပြီး ယူလာဖို့ကပိုသင့်တော်ပေသည်။
သို့သော် အနာဂတ်တွင် သူမကချက်ပြုတ်ကာ စားစရာတချို့ကိုထုပ်ပိုးထားမှဖြစ်မည်။မီးဖိုချောင်သုံး ပစ္စည်းတချို့ကိုလည်း ဝယ်ရပေမည်။
လူအများစုက သူတို့မိသားစုနဲ့ခွဲနေရတာကို မကြိုက်ကြပေမယ့် တကယ်လို့ခွဲနေရတော့မယ်ဆိုရင် သူတို့မှာ အရာအားလုံးကိုနှစ်ခုဆီပွားထားတာရှိကြပေသည်။ထို့အပြင် ယခုအချိန်တွင် သံအိုးများ၊ခေါက်ဆွဲကရားများနှင့် အစေ့အဆံအိုးများက ကြီးမားတဲ့ ကုန်ကျစရိတ်များဖြစ်ကြသည်။
တချို့လူတွေက နှစ်အများကြီး စုဆောင်းပြီးတာတောင် သူတို့မိသားစုက ခွဲထွက်ဖို့ မလုပ်နိုင်ကြပေ။ထို့ကြောင့် သူတို့တွေက တကယ်ကို အကူအညီမဲ့နေကြပေသည်။
ဒါက ဟန်ချင်စုန့်ရဲ့ လစာပမာဏနှင့် သူ့မိသားစုအတွက် ထောက်ပံ့လာတဲ့စရိတ်က အရမ်းကြီးမားတဲ့ ပမာဏဖြစ်နေတာကို ပြနေပေသည်။
လင်းလန်က တပ်မဟာဆီသို့သွားကာ တဲအိမ်များကို တချက်ကြည့်ဖို့လုပ်လိုက်တဲ့အခါ အံ့အားသင့်စရာကောင်းလောက်အောင် မီးဖိုပါတဲ့ကုတင်က ပြီးစီးနေတာကိုတွေ့လိုက်ရပေသည်။ရက်အနည်းငယ်လောက်ကြာပြီးတာနှင့် သူတို့ကဒီမှာအိပ်နိုင်တော့မှာဖြစ်သည်။
‘‘အမေ ဒါကိုသဘောကျလား ’’ရှောင်ဝမ်က လက်တဖက်ကမျက်မှန်ကိုကိုင်ထားကာ သူ့လက်မောင်းတွင် မိုးမခကိုင်းတစ်ခုနှင့် ခုန်စွခုန်စွ ပြေးလာလေသည်။
လင်းလန်က ခေါင်းညိတ်ပြလိုက်သည်
‘‘အမေဒါကိုသဘောကျပါတယ်၊နောက်ဆုံးမှာတော့ ရွှေတွင်းငွေတွင်းတွေက ကိုယ်ပိုင်ခွေးလှောင်အိမ်လောက် မကောင်းဘူးလေ ’’
(Tn : ဘယ်လိုဇိမ်ခံချမ်းသာတဲ့ နေရာမှာဘဲနေနေပါစေ၊ ကိုယ်ပိုင်မဟုတ်တဲ့အတွက်ကြောင့် အဲ့ဒါကိုသတိရနေမိမှာလို့ အပြောတစ်ခုပါ အကျဉ်းချုပ်ကတော့ ကိုယ့်အိမ်နဲ့ တူတဲ့နေရာ မရှိပါဘူးတဲ့ )
လူတစ်ယောက်က လက်ထပ်သွားပြီဆိုရင် မိသားစုထဲမှာ ဇနီးတစ်ယောက်ရှိလာပြီဆိုတာနဲ့ သူတို့က အိမ်ခွဲနေသင့်ပေသည်။တကယ်လို့အိမ်ရှင်မက နှစ်ယောက်ရှိလာရင် မတော်တဆများဖြစ်နိုင်ပေသည်။
တဝမ်ဒီမှာရှိနေတာကို မြင်လိုက်ရတဲ့အခါ သူမက သူ့ဆီသွားလိုက်ကာ စကားတချို့ပြောဖို့ ရည်ရွယ်လိုက်သည်။သို့သော် တဝမ်က သူမအကြည့်ကိုတွေ့လိုက်တာနဲ့ ချက်ချင်းဘဲထွက်သွားမည်ဟု မထင်ထားခဲ့မိပေ။
စန်းဝမ်က ရှက်ရွံ့စွာပြောလာလေသည်
‘‘အမေ အကြီးဆုံးအကိုက တခုခုလုပ်စရာရှိလို့နေမှာပါ ’’
ရှောင်ဝမ် : ‘‘အကြီးဆုံးအကိုက သားတို့သူ့ကိုသကြားလုံးမပေးလို့ စိတ်ဆိုးသွားတာလား ’’
စန်းဝမ် : ‘‘ဟာ မင်းတို့သကြားလုံးစားပြီးသွားပြီလား ’’
အားဝမ်က သူ့ကိုခပ်ဖွဖွလေး ရိုက်လိုက်လေသည်
‘‘သူ့မှာက ဘယ်လိုလုပ်စရာမျိုးရှိနေမှာတဲ့လဲ ၊ဒီအတိုင်းသူက အဖွားကိုစိတ်ကျေနပ်အောင်လုပ်ဖို့ စိတ်အားထက်သန်နေတာဘဲနေမှာ ’’
လင်းလန်က အားဝမ်ပြောနေတာကိုရပ်ခိုင်းလိုက်လေသည်
‘‘အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့ မင်းရဲ့အကိုကြီးက အဲ့လိုလူမျိုးမဟုတ်ဘူး။ဒီတိုင်းသူက စကားပြောရတာမကြိုက်ရုံဘဲ ’’
သူမအိတ်ကပ်ထဲမှ သကြားလုံးနှစ်ခုကိုယူလိုက်ကာ စန်းဝမ်ကိုထုတ်ပေးလိုက်ပြီးနောက် တစ်ခုထပ်ထုတ်လိုက်ကာ အားဝမ်နဲ့ရှောင်ဝမ်တို့ မျှစားဖို့ပေးလိုက်လေသည်။
အဲ့ဒီအချိန်တွင် ဟန်ချင်စုန့်က အနောက်ဘက်မှပြန်လာခဲ့ပေသည်။သူမက ကလေးတွေကိုသွားကစားဖို့ပြောလိုက်ကာ သူ့ကိုလက်သွားဆေးဖို့ မပြောခင် ရေတချို့တိုက်ဖို့ သွားလိုက်လေ၏။
ဟန်ချင်စုန့်က ရွှံ့ပေနေသည့် သူ့စွပ်ကျယ်အင်္ကျီကို ချွတ်လိုက်ကာ သန်မာလှသည့် သူ့အပေါ်ပိုင်းကိုယ်ထည်ကို ပြနေပေသည်။လင်းလန်က အပြစ်ပြောစရာမရှိတဲ့ ဝတ်စလစ်ကိုယ်ကြောင့် အနည်းငယ်အထင်ကြီးသွားမိပေသည်။
သူမရဲ့ ပထမဆုံးတုံ့ပြန်မှုက အကြည့်လွှဲလိုက်ဖို့ဖြစ်ပေမယ့် သူ့ကိုယ်ပေါ်တွင် တစ်ခုထက်ပိုသော အမာရွတ်များကို တွေ့လိုက်ရပေသည်။အဲ့ဒါက ဓားထိုးရာ၊သေနတ်ဒဏ်ရာတို့ပါနေကာ အရမ်းကိုကြောက်ဖို့ကောင်းပေသည်။ သူ့ကျောပြင်ပေါ်တွင် အချိုင့်တစ်ခုတောင်ရှိနေကာ အဲ့ဒါကသေနတ်ပစ်ခံထားရတဲ့ ဒဏ်ရာနှင့်တူ၏။အဲ့ဒါက သေစေနိုင်တာကြောင့် သူအသက်ရှင်နေတာကပင် အမှန်တကယ်ကို ရှားပါးသောထူးခြားဆန်းကြယ်မှု ကြောင့်ပင်ဖြစ်ပေလိမ့်မည်။
သူမ ရေတစ်ခွက်လောက်ခပ်လိုက်ကာ အရင်ဆုံးဟန်ချင်စုန့်ကို လက်ဆေးပြီးတော့ ရွှံ့တွေညစ်ပတ်နေတာကို ဆေးကြောနိုင်အောင် ကူပေးလိုက်သည်။
သူ့လက်တွေကို ဆေးကြောဖို့ကူလိုက်ပြီးနောက် လင်းလန်က မြေကြီးနှင့်လုပ်ထားသော အင်တုံခွက်ထဲသို့ ရေလောင်းထည့်ပေးလိုက်ကာ ကောင်းကောင်းဆေးဖို့ပြောလိုက်လေ၏။
သို့သော် ဟန်ချင်စုန့်က ခါးကိုင်းလိုက်ကာ သူ့ကျောပေါ်ကိုရေလောင်းပေးပြီး ဆေးကြောတာကို ကူပေးဖို့ လက်ဟန်ပြလိုက်သည်။
လင်းလန် :‘‘ဒါက ရေတွင်းထဲကရေနော်၊ အေးနေတယ် ’’
‘‘အဆင်ပြေတယ် ’’
လင်းလန် : ‘‘ဒီလိုမှမဟုတ်ရင်လည်း တဝမ်နဲ့အခြားသူတွေကို မြစ်ထဲကရေသွားခပ်ပေးဖို့ပြောလိုက်မယ် ’’
မြစ်ရေက ကောင်းပြီးပူနေမှာဖြစ်သည် ။
‘‘အဆင်ပြေပါတယ်၊ဒီအတိုင်းလောင်းလိုက် ’’
သူ့အသံက နိမ့်ပြီးဆွဲငင်မှုရှိနေကာ ခုခံလို့မရနိုင်သော ဖိအားတစ်ခုကကပ်ပါနေလေ၏။ထူးဆန်းသောနည်းဖြင့် လင်းလန်က ရေတပွက်ကိုလောင်းချလိုက်မိကာ သူမလောင်းလို့မပြီးခင်မှာ သူမနဲ့ပတ်သက်ပြီးတခုခုမှားနေတယ်လို့ ခံစားလိုက်ရပေသည်။
သူမကထိန်းချုပ်ခံလိုက်ရသည်ဟု ခံစားလိုက်ရသည်-
ဘယ်လိုဖြစ်ပြီး သူမကဒီလောက်နာခံတတ်သွားရတာလဲ။
xxxx
Part 38
ရေတွင်းထဲက ရေအေးက သူ့ကိုယ်ပေါ်ကိုကျလာကာ ချက်ချင်းဘဲ သူ့ကျောကုန်းပေါ်တွင် ကြက်သီးများတစီတတန်းကြီးထလာလေသည်။
သို့သော် ၎င်းက မထင်ထားရလောက်အောင် လန်းဆန်းသွားစေလေသည်။
အကြိမ်အနည်းငယ်လောက် ထိုသို့လုပ်လိုက်ပြီးနောက် ဟန်ချင်စုန့်က သူ့စွပ်ကျယ်ကိုထပ်လျှော်လိုက်ကာ ခြောက်အောင်လှန်းဖို့ သစ်ပင်လေးတစ်ခုမှာချိတ်လိုက်လေသည်။သူကတော့ အပေါ်ပိုင်းဗလာဖြင့်သာရှိနေပေသည်။
လင်းလန်က သူ့ကိုစကားပြောနေတဲ့အချိန်မှာ သူမမျက်လုံးတွေက အနည်းငယ်ရွေ့သွားကာ သူ့အသားအရေက ဒီလောက်တောင် ဖြူနေမယ်လို့မမျှော်လင့်ထားမိပေ။သူ့မျက်နှာနဲ့ ခြေလက်များက နေလောင်ထားပေမယ့်လည်း သူစွပ်ကျယ်ဝတ်ထားခဲ့သောနေရာက အရမ်းကိုဖြူလတ်နေပေသည်။
ဒါကတကယ့်ကို....ကောင်းချီးပေးခံထားရတာဘဲ။
သူမက သတိမမူမိစွာပင် သူမနှုတ်ခမ်းများကို မြှင့်လိုက်မိသည်။
ဟန်ချင်စုန့်ကလည်း တချက်ကြည့်လိုက်သောအခါ သူမမျက်လွှာချကြည့်နေတာကို မြင်လိုက်ရပေသည်။၎င်းက သူမတစ်ခုခုအားခိုးကြောင်ခိုးဝှက်လုပ်နေပုံ ပေါ်နေစေပေသည်။သူက ပဟေဠိဖြစ်သလိုခံစားလိုက်ရတော့သည်။
သူက သူ့မှတ်ဉာဏ်တွေကများ မှားနေသလား၊အခြားတခုခုကဘဲ မှားနေတာလားဆိုတာ မသိတော့ပေ။ဒါပေမယ့် သူမက လူတိုင်းပြောနေကြသလို အပေါက်ဆိုးတဲ့မိန်းမဖြစ်နေပုံမပေါ်ပေ။
ဖြစ်နိုင်တာက သူမသင်ခန်းစာရသွားပြီးတဲ့နောက် ရုတ်တရက် နည်းလမ်းပြောင်းလိုက်တာများလား။
.....
ညစာစားချိန်တွင် အဖွားကြီးဟန်က အခန်းထဲမှထွက်လာခဲ့လေသည်။ သူမမျက်လုံးများက အနည်းငယ်ကြောက်စရာကောင်းနေပေသည်၊အထူးသဖြင့် ဟန်ချင်စုန့်နှင့် လင်းလန်တို့ကိုကြည့်သည့်အချိန်မျိုးပင်ဖြစ်သည်။
သူမ၏နားထင်ပေါ်တွင် ကပ်ခွာတချို့ရှိနေသေးကာ တိုးညှင်းစွာပြောလာလေသည်။
‘‘အဲ့ဒီအချိန်တုန်းက ငါပြောခဲ့တာက တတိယမိသားစုက လက်ထပ်ပွဲအတွက် အချိန်ကောင်းကိုစောင့်ရလိမ့်မယ်လို့၊ ဒါပေမယ့် နင်တို့အားလုံးက နားမထောင်ကြဘဲ သူတို့က *နဂါးခေါင်းကိုတောင် ခြေတစ်လှမ်းတက်နင်းလိုက်သေးတယ်။ ကောင်းလိုက်တာ အခုတော့ကြည့်စမ်း တက်နင်းမိတဲ့သူက ငါဘဲဖြစ်သွားတယ် ။တစ်နေ့လုံး ငါ့ခေါင်းကကိုက်ခဲနေပြီး ငါ့တစ်ကိုယ်လုံးကလည်း မြင်းခွာနဲ့ အပေါက်ခံထားရသလိုဘဲ ’’
(Tn : ‘‘ပုံမှန်အားဖြင့် တရုတ်လူမျိုးများက လက်ထပ်ဖို့အတွက်ဆို လူနာပြက္ခဒိန်ကနေ နေ့ရက်ကောင်းကို ရွေးကြပါတယ်၊နဂါးက တရုတ်လူမျိုးများ၏ သန့်စင်မွန်မြတ်ပြီး အသက်ရှည်ခြင်းကိုကိုယ်စားပြုသော သတ္တဝါများထဲမှ တစ်ကောင်ဖြစ်ပါတယ်။ဆက်စပ်ပြောရမယ်ဆို နေ့ရက်ကောင်းရွေးရတဲ့ ရိုးရာအစဉ်အလာကို မလိုက်နာတဲ့ ဆုံစည်းမှုက ကံဆိုးမှုကိုဘဲ ယူဆောင်လာလိမ့်မယ်လို့ ပြောချင်တာပါ )
ထိုအပြော မျိုးက နှစ်တွေအများကြီး ဖြစ်နေခဲ့တာဖြစ်သည်။
သူမစိတ်ဆိုးတာဘဲဖြစ်ဖြစ်၊ ခေါင်းကိုက်နေတာဘဲဖြစ်ဖြစ် သူမက အစမှအဆုံး ဒီပုံပြင်ကိုပြန်ပြောပေလိမ့်မည်။ သူမခေါင်းကိုက်တာ၊ ခြေထောက်နာတာနှင့် ဝမ်းချုပ်ရင်တောင်မှ အရာအားလုံးကို သူမရဲ့တတိယချွေးမက မိသားစုထဲကို လကောင်းမှာလက်ထပ်မဝင်ခဲ့တာကြောင့်ဆိုပြီး ဆက်စပ်ပြောဆိုလေသည်။
လူတိုင်းက တိတ်ဆိတ်မြဲတိတ်ဆိတ်နေကြကာ သူတို့က ဂရုစိုက်နေကြပုံမပေါ်ချေ။
အဘယ်ကြောင့်ဆိုသော် သူမရဲ့တူကို မလှုပ်ရသေးတာကြောင့် အခြားသူများက မစားရဲသေးခြင်းဖြစ်သည်။
အဖိုးကြီးဟန်က ဗိုက်ဆာနေပြီဖြစ်သည်။
‘‘စားကြရအောင် ’’
အဖွားကြီးက အသက်ပြင်းပြင်းရှူလိုက်ကာ ပြောလာလေသည်
‘‘တတိယ....’’
ဟန်ချင်စုန့်က ပြန်တုံ့ပြန်လိုက်သည်
‘‘အမေ ဘာကိစ္စရှိလို့လဲ ’’
‘‘နင်တကယ်ဘဲ အလုပ်ပြောင်းချင်တာလား..."
"အဲ့ဒါက စစ်တပ်ရဲ့စီစဉ်မှုအပေါ်ဘဲ မူတည်တယ်..."
" လောင်စန်း မင်းအမေ့အပေါ်မှာများ မကျေနပ်ချက်တွေရှိနေတာလား ’’
‘‘မြန်မြန်စားရအောင်လေ ’’
အဖိုးကြီးဟန်က အဖွားကြီးကသူ့ကို တစ်မိသားစုလုံးရှေ့မှာ နားပူနားဆာလုပ်တော့မှာကို မြင်နေတဲ့အတွက် ကြားဖြတ်ပြောလိုက်လေ၏။
အဖွားကြီးဟန်က ရုတ်တရက်ဘဲ ထပေါက်ကွဲထွက်လာတော့သည်။
‘‘ဘာဖြစ်နေတာလဲ၊ ဘာဖြစ်နေတာလဲလို့ ရှင်က ကျွန်မကို ထပ်ပြီးတော့ မပြောစေချင်တော့ဘူးလား... ဒီလိုဘဲ နှစ်အများကြီးဖြစ်နေခဲ့တာချည်းဘဲ။အဲ့ဒီတုန်းက ကျွန်မက အဖွာအိုကြီးနဲ့ အဘဖိုးကြီးတို့ကို အလုပ်အကျွေးပြုခဲ့ရတာ၊ ကျွန်မက သတိရှိပြီးဂရုစိုက်တာမျိုးကို ဘယ်တုန်းကမလုပ်ခဲ့ဖူးလို့လဲ။ ကျွန်မလက်ထပ်လာတုန်းကဆို ဒီနေရာကအရမ်းကို ဆင်းရဲမွဲတေနေတာ- ကျွန်မက နွေးစေတဲ့ အဝတ်အစားကိုတောင် ဝတ်ခွင့်ရခဲ့တာမဟုတ်ဘူး။အဲ့ဒါကြောင့် အဖွားအိုကြီးက ကျွန်မကို စုတ်ပြဲနေတဲ့ အနွေးထည်တစ်ခုပေးလာပြီး ချုပ်လိုက်ဖို့ပြောလာတယ်လေ။ အဲ့ဒီအနွေးထည်က စုတ်လွန်းလို့ အပိုင်းပိုင်းအစစတောင်ဖြစ်တော့မလိုဘဲ အထည်စကလည်း ဆွေးမြည့်နေပြီး ဖရိုဖရဲတောင်ဖြစ်နေပြီလေ......ကျွန်မရှင့်ကိုမေးမယ် အဲ့ဒါကချုပ်လို့ရအုံးမယ်တဲ့လား ချုပ်လို့ရသေးလားလို့ ’’
(Tn : အဘွားအိုကြီးဆိုတာက အဖိုးအိုဟန်ရဲ့အမေ )
‘‘မင်း - မဆိုင်တဲ့အရာတစ်ချို့ကို ပြန်ဆွဲယူလာပြီး မင်းက ဘာကိုပြောချင်နေတာလဲ ’’
အဖိုးကြီးဟန်က လူတိုင်းရဲ့ရှေ့တွင် သူပြက်ရယ်ပြုခံနေရသည့် အချက်ကိုသဘောမကျပေ။
‘‘ကျွန်မက ချွေးမတစ်ယောက်ဖြစ်နေခဲ့တုန်းက ဘာလို့ဂရုတစိုက်ရှိဖို့ လိုခဲ့တာလဲ။အခုတော့ နောက်ဆုံးမှာ ကျွန်မကယောက္ခမ နေရာရောက်လာပြီလေ ၊ကျွန်မရဲ့ချွေးမက အရှုပ်ထုပ်လုပ်နေတာကို ခွင့်ပြုထားရမှာလား ...
ကျွန်မနဲ့ပတ်သက်ပြီး ဘာမှားနေတာရှိလို့လဲ။အဖွားတစ်ယောက်အနေနဲ့ ကျွန်မက သက်တောင့်သက်သာဘဲ လှဲနေသင့်တာမဟုတ်ဘူးလား။မဟုတ်ရင် ကျွန်မက ရှင့်အတွက်လည်း အလုပ်လုပ်ပေးနေရမှာလား ’’
လူတိုင်းက အဖွားကြီးသည် အတိတ်ကသူမကြုံခဲ့ရသော အခက်အခဲများ၏ စိတ်ပျက်ဖွယ်ရာများကို ကျယ်လောင်စွာပြောပြီး ဒီအကြောင်းအရာခေါင်းစဉ်ကို အသုံးချနေတာကိုသိကြပေသည်။ဒီစကားလုံးတွေက သူတို့ငယ်ငယ်ကတည်းက ဘယ်နှစ်ကြိမ်လောက်ကြားခဲ့ရပြီလဲဆိုတာတောင် မသိနိုင်တော့ပေ။သူတို့အားလုံးက သူမ၏အကြိမ်ပေါင်းများစွာ ပြောဆိုနေခဲ့မှုကြောင့် နားရည်ဝပြီး စိတ်ခံစားချက်များတောင် ကင်းမဲ့နေပြီဖြစ်ကာ တရားမျှတတာကိုဘဲ လိုအပ်ပေသည်။
‘‘အမေ အရင်ဆုံး ညစာစားရအောင်လေ၊ညစာစားပြီးရင် ကျွန်တော်တို့ဆွေးနွေးကြမယ် ဟုတ်ပြီလား ’’
အကြီးဆုံးအကိုဟန်က ကိစ္စရပ်များကို ချောမွေ့သွားစေရန် လုပ်လိုက်လေသည်။
အဖွားကြီး စပြီးတော့မျက်ရည်များကိုသုတ်လာလေ၏။
‘‘နင်တို့စကားများတုန်းကကျဘာလို့ ဘယ်သူကမှလာနှောင့်ယှက်တာကို မခံရတာလဲ။ နင်တို့က ကလေးတွေက အရှုပ်တွေ လိုက်လုပ်မှာကိုလည်း မစိုးရိမ်ဘူး။ဒါပေမယ့် ငါဆိုရင်တော့ နင်တို့က ငါ့နဲ့ပတ်သက်သမျှအကုန်လုံးကို ကြောက်နေတော့တာဘဲမလား ’’
ဟန်ချင်စုန့်ကပြောလိုက်လေ၏။
‘‘အမေ ကျွန်တော်က ရည်ရွယ်ချက်ရှိရှိနဲ့ အလုပ်လမ်းကြောင်းကိုပြောင်းလိုက်တာ မဟုတ်ပါဘူး။ ဒါတွေအကုန်လုံးက စစ်တပ်ကဘဲစီစဉ်ပေးတာလေ ။အမေလည်းသိပါတယ်၊ ကျွန်တော်တို့ရွာက လူတွေက ကံသိပ်မကောင်းကြဘူးလေ၊ ကျွန်တော့်အသက်အရွယ်နဲ့ဆို အပိုပိုက်ဆံတွေကို နှစ်တွေအများကြီးယူခဲ့ပြီးပါပြီ ’’
အဲ့ဒါကမမှားပေ။ သူနှင့်အတူ စစ်မှုထမ်းရန် ဥပဒေအရခေါ်သွင်းခံရသည့်သူ အများကြီးရှိသော်လည်း သူတို့ထဲကအများစုက စစ်မှုထမ်းထွက်ခွာခွင့် ရပြီးကြပြီဖြစ်သည်။ဒီရွာထဲက တောင်သူလယ်သမား ယောက်ျားတွေထဲမှာ သူက အလားအလာအကောင်းဆုံးလူပင်ဖြစ်ပေသည်။
သို့သော်လည်း ၎င်းက လမ်းတဝက်မှာတင်ရပ်သွားခြင်းက အမှန်တရားဖြစ်ကာ သူတို့အနေဖြင့် ၎င်းကိုလက်ခံရပေမည်။
အကြီးဆုံးအကိုနှင့် ဒုတိယအကိုက စုံစမ်းကြည့်ထားပြီးသားဖြစ်တာကြောင့် တတိညီက လိမ်နေတာမဟုတ်ဘူးလို့ ခံစားမိပေသည်။
ဒါပေါ့ ၊ဟန်ချင်စုန့်က သူတို့ကိုဇာတ်လမ်းတစ်ခုလုံးကို မပြောပြခဲ့ပေ။
အဖွားကြီးဟန်က သူ့ကိုစိုက်ကြည့်လာလေသည်
‘‘စစ်တပ်က မင်းရဲ့အလုပ်အကိုင်ကိုပြောင်းဖို့ စီစဉ်လိုက်တာလား၊ မင်းကိုယ်တိုင်ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမဟုတ်ဘူးပေါ့ ’’
အဲ့ဒါကသူ့ကို သူ့ချွေးမကခြိမ်းခြောက်ထားလို့မဟုတ်သလို သူ့ချွေးမရဲ့စိတ်ညှို့တာကို ခံထားရလို့လည်းမဟုတ်ဘူးပေါ့။
xxxx