Part 39
ဟန်ချင်စုန့်က ပေါ့ပေါ့ပါးပါးပင်ပြောလာလေသည်
‘‘အမေရယ် ဘာတွေတွေးနေတာလဲ ’’
အဖွားကြီးဟန်က တတွတ်တွတ်ပြောနေပေမယ့် သူမက တူကိုကိုင်လိုက်ကာ စားပွဲပေါ်ကိုတင်လာပြီးနောက် သူမက ဟင်းချိုဟင်းရည်တစ်ခွက်ကို ယူလိုက်လေ၏ ။
‘‘စားကြတော့လေ ’’
ထိုသို့ပြောပြီးနောက် သူမကနှာမှုတ်လိုက်ပြီး တလုပ်စားလိုက်ကာ ခုနတုန်းကရှုပ်ထွေးအောင်လုပ်နေခဲ့တာက သူမမဟုတ်သလိုပင်။
လင်းလန် ဒီမိသားစုက လူ့အဖွဲ့အစည်းထဲက အငြင်းအခုန်တွေကြားထဲမှာတောင် အပြတ်အသတ် အောင်နိုင်မှုရှိသည်လို့ စဉ်းစားနိုင်ပေသည်။ဒီမှာအခြားမိသားစုများဆီမှ ရယ်မောမှုများကိုလည်း ထည့်တွက်ရပေမည်။
ညစာစားလိုက်ပြီးနောက် အဖွားကြီးဟန်က ဟန်ချင်စုန့်ကို မေးဖို့ကြည့်လာလေသည်။
‘‘အလုပ်အကိုင်ပြောင်းလိုက်ပြီးနောက် စီစဉ်ထားတဲ့အလုပ်ရှိလား၊ ပြောင်းရွေ့လိုက်ရတဲ့အတွက် ပေးလာတဲ့ငွေရောရှိလား ’’
စစ်ထဲကထွက်လာတဲ့သူတွေက ငွေပမာဏတစ်ခုကို ရရှိပေလိမ့်မည်။အဲ့ဒါက သိပ်မများပေမယ့်လည်း သူမ၏သားက တပ်ခွဲမှူးတစ်ယောက်ဖြစ်ခဲ့တာဖြစ်သည်။အဲ့ဒါကြောင့် သူက ပိုပြီးရသင့်ပေသည်။အဲ့ဒါကအနည်းဆုံးတော့ ယွမ်ရာကျော်လိမ့်မယ်လို့ သူမခန့်မှန်းမိပေသည်။
တကယ်လို့သူက လခစားအလုပ်တစ်ခုလုပ်မယ်ဆိုရင် အနာဂတ်တွင် သူ့လစာကို သူမစီစဉ်လို့ရနိုင်တောင် သေသေချာချာလုပ်ထားရပေသည်။
ဟန်ချင်စုန့်အနေဖြင့် ကမ်းလှမ်းစရာစကားတစ်ခွန်းဘဲရှိပေသည်။အဲ့ဒါက သူစီစဉ်တဲ့အတိုင်း သူက လက်ခံပါ့မယ်ဆိုတာပင်ဖြစ်သည်။နောက်ဆုံးမှာတော့ သူတစ်ယောက်တည်း ဒါတွေအားလုံးကို မဆုံးဖြတ်နိုင်သလို ဘယ်လိုစီစဉ်ရမလဲဆိုတာကိုလည်း သိမှာမဟုတ်ပေ။
အဖွားကြီးဟန်က ရုတ်တရက်ပင် သူမအသုံးချနေကျဖြစ်သည့် ဒီဦးနှောက်မရှိသည့်ကောင်လေးက ပြောင်းလဲသွားတာကိုတွေ့သွားပေသည်။သူက ကလေးဘဝတုန်းကဆို သူမနှင့်နီးနီးကပ်ကပ်မရှိခဲ့ပေ။သူက စကားသိပ်မပြောဘဲ အလုပ်ကိုဘဲလုပ်ကာ သူ့အမေပြောသမျှက သူလုပ်သမျှအရာများဘဲဖြစ်သည်။ဒါကြောင့်လည်း သူကငယ်သေးတာတောင်မှ သူ့အကိုအစား စစ်ထဲဝင်ခွင့်တောင်းလာတာကို ခွင့်ပြုပေးလိုက်နိုင်တာဖြစ်သည်။
သူမက ဒီလိုမျက်နှာနှင့် သားလိုမျိုးအတွက် အာဏာမရှိပေ။
ဘာကြောင့်မှန်းတော့မသိပေမယ့် သူမ၏သားက နည်းနည်းလောက်ကွဲပြားသွားတယ်လို့ ခံစားလိုက်ရပေသည်။အတိတ်တုန်းကဆိုရင် သူမ၏စကားများက သူ့အတွက်သေချာပေါက်လိုက်နာရမည့်အရာများပင်ဖြစ်သည်။
ဒါပေမယ့် ဒီတကြိမ်မှာတော့ သူမတခုခုမေးရင်တောင် သူကအကြောင်းအရာတစ်ခုလုံးမပြောပြဘဲ လျို့ဝှက်ထားလောက်တယ်ဆိုသည့် ခံစားချက်မျိုးရနေပေသည်။သူက သူမကိုကြည့်လာရင်တောင်မှ ဓားထက်ထက်တစ်လက်နှင့် ချိန်ထားခံရသလို၊ သူမရင်ထဲသူက ဖောက်မြင်နေသလိုပင် ခံစားရကာ သူမကိုအရမ်းပင် သက်တောင့်သက်သာမရှိစေပေ။
သူမ၏တတိယသားက ဒီထိုးဖောက်နိုင်သည့် အကြည့်တွေကို ရည်ရွယ်ပြီးပြုလုပ်ဖို့အထိ နှလုံးသားမမဲ့လောက်ဘူးလို့ ယုံကြည်ချက်ရှိပေသည်။
ဒါပေမယ့် တကယ်လို့တမင်သက်သက်လုပ်တာမဟုတ်ဘူးဆိုရင် ဘာလို့သူမက ဒီလိုဖိနှိပ်ခံထားရသလိုမျိုး ခံစားနေရတာလဲ။
ဒါကခံစားရတာ ကြောက်စရာကောင်းပေသည်။
အဲ့ဒါက သူမလူအိုကြီးကို လက်ထပ်လိုက်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် သူမကသူ့ကိုမကိုင်တွယ်နိုင်ဘူးဆိုတာသိသွားတုန်းကလိုပင်ဖြစ်သည်။
တကယ်လို့ အဘွားကြီးသာမသေသွားခဲ့ရင် သူမက ဒီလိုမျိုးလုပ်ပိုင်ခွင့် ရနေမှာမဟုတ်ပေ။
သူမပိုပိုပြီးတွေးလေ၊ ပိုပြီးဒေါသထွက်လာတော့သည်။သူမက တူကိုထပ်ပစ်ထုတ်လိုက်ကာ
လူတိုင်းကိုဘာမှားနေတာလဲဟု မေးလာအောင် ဖြစ်သွားစေပေသည်။
သူမက သေတော့မည့်အတိုင်းပင် သရုပ်ဆောင်နေလေသည်။
‘‘အိုးးးအဲ့ဒါကအရမ်းကိုနေရခက်လိုက်တာ၊
ငါ့ရင်ဘတ်က တင်းနေပြီးတော့ အသက်ရှူလို့မရဘူး ’’
အရင်တုန်းကလိုဆိုရင် လောင်စန်းက ချက်ချင်းပင်ပြောလာမှာဖြစ်သည်။
‘‘အမေ ကျွန်တော် ဆရာဝန်သွားရှာလိုက်မယ်’’
‘‘အမေ စည်သွပ်ထားတဲ့ အစားအစာတချို့စားချင်လား ကျွန်တော်သွားဝယ်ပေးမယ်လေ ’’
‘‘အမေ。。。。’’
ယခု ဟန်ချင်စုန့်က စိတ်မဝင်စားသလိုဖြစ်နေလေသည်။ သူက သူမခံစားနေရတာကို မမြင်ရသလို ကြားလည်းမကြားနေရသလိုပင်ဖြစ်သည်။
အဖွားကြီးဟန်က ဟန်ချင်စုန့်ထလာပြီး သူ့ကိုအိမ်ထဲဝင်ဖို့ ကူညီပေးမှာကိုစောင့်နေလေသည်။သူမကိုသူက ‘အမေပြောသမျှအတိုင်းပါဘဲ ’လို့လည်းပြောလာတာကိုလည်း စောင့်နေမိပေသည်။
သူမက ဟန်ချင်စုန့်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေပေမယ့် သူက ဘာမှမဖြစ်နေသလိုပင် ဆက်ပြီးစားနေလေသည်။
အဖွားကြီးက သေချာပေါက်ကို ဒေါသတကြီးဖြစ်သွားလေ၏။
ဟန်ချင်စုန့်က တူကိုချလိုက်ကာ လင်းလန်ကိုစကားပြောလိုက်လေသည်။
‘‘ညစာစားပြီးရင် ဟိုကိုသန့်ရှင်းရေးလုပ်ဖို့ သွားလိုက်အုံး၊ နံရံနဲ့ ခြံဝန်းက နည်းနည်းလေး သန့်ရှင်းရေးလုပ်ဖို့လိုနေတယ် ’’
လင်းလန်က ဟမ်းတချက်ပြုလိုက်ကာ ပြန်ဖြေလိုက်ပြီးနောက် ကလေးတွေကို မြန်မြန်စားဖို့ ပြောလိုက်လေ၏။
‘‘အားဝမ် မနက်ဖြန်ကျ သားရဲ့အကိုကြီးနဲ့ လိုက်လာပြီး ဆူးပင်တချို့ကို ခုတ်လာခဲ့နော်၊ အဲ့ဒါပြီးရင် တင်းကုပ်တစ်ခုလောက်ချည်ကြရအောင် ’’
တင်းကုပ်တစ်ခုနဲ့ ဖုန်လည်းရှင်းရမယ်၊မျက်နှာကျက်- အဲ့လိုအရာတွေအများကြီးပင်ဖြစ်သည်။
ဒီအရာများမရှိဘဲနှင့် အိမ်ကပြီးပြည့်စုံနိုင်မည်မဟုတ်ပေ။
အားဝမ်ကချက်ချင်းပင် ပြန်တုံ့ပြန်လာက။မိုင်စွေ့ကလည်း သူပါလိုက်ချင်တယ်လို့ပြောလာလေသည်။ဒုတိယမိသားစုက ကလေးတစ်ချို့ကလည်း သူတို့ပါလိုက်ချင်တယ်လို့ ပြောလာကြ၏။
တတိယဦးလေးဆီက သကြားလုံးကိုစားပြီးတဲ့နောက်မှာတော့ သဘာဝကျစွာပင် သူတို့ကကူညီရပေမည်။
တဝမ်က သူမပြောတာမကြားသလိုဘဲ ထမင်းဆက်စားနေလေသည်။
ဟန်ချင်စုန့် : ‘‘တဝမ် ’’
တဝမ်က အမှုမထားသလိုပင် ခပ်တည်တည်ပြန်ဖြေလိုက်လေသည်။
‘‘ဘာလဲ ’’
အဖွားကြီးဟန်က သူ့သားက တဝမ်ကို လင်းလန်ပြောတာကို ချက်ချင်းသဘောမတူလာသောကြောင့် အပြစ်တင်နေတာကိုသိပေသည်။သူမသားကို ပညာပေးဖို့အတွက် ချက်ချင်းဘဲ သူမပြသနာတချို့ဖြစ်စေလိုက်ကာ ပြောလာလေ၏။
‘‘မင်းဘာလုပ်နေတာလဲ၊ ဘာလုပ်နေတာလဲလို့ ငါတို့ကမိသားစုညစာစားနေတဲ့အချိန်မှာ ကလေးတွေကိုသင်ကြားဖို့မလုပ်ဘူးလေ ။တဝမ်မှာလည်း သူ့ကိုယ်ပိုင်လုပ်စရာရှိနေမှာဘဲ ဘာလို့မင်းက သူ့ကိုဆူးခြုံတွေခုတ်ခိုင်းဖို့ လိုတာလဲ’’
တဝမ်က သူ့တူကိုချလိုက်ကာ ထွက်သွားလေသည်။သူက စိတ်မရှည်ဖြစ်နေပုံပေါ်ပေသည်။
ဟန်ချင်စုန့်၏ မျက်ခုံးထူထူများက တွန့်ချိုးနေကာ သူကလုံးဝကိုဒေါသပေါက်ကွဲထွက်လာတော့မလိုပင် ဖြစ်လာလေသည်။
လင်းလန်က သူ့ကိုဆွဲလိုက်ကာ သူတို့၏သားကို နောက်မှဖြေးဖြေးချင်း ဆုံးမလို့ရတယ်လို့ပြောကာ ဒေါသမထွက်ဖို့ တားလိုက်လေသည်။သူက ဒီအသက်အရွယ်လောက်ထိရှိနေပြီဆိုမှတော့ မိသားစုတစ်ခုလုံးရှေ့တွင် သူ့ကိုဆူငေါက်တာက ဘာကောင်းတာကိုမှဖြစ်စေမည် မဟုတ်ချေ။
သူမခင်ပွန်းက တူကိုချလိုက်တဲ့အခါ သူမလည်း အလျင်အမြန်ပင် တူကိုချလိုက်ပြီး ထလိုက်လေသည်။အဲ့ဒီနောက် သူမက အိမ်သန့်ရှင်းရေးလုပ်ရန် သွားဖို့လုပ်လိုက်၏။ သူမက သူတို့အိမ်အသစ်ကို စစ်ဆေးဖို့ ဟန်ချင်စုန့်နှင့် လိုက်မသွားခင်တွင် မိုင်စွေ့ကို သူ့မောင်လေးအားအိပ်ရာထဲသိပ်ထားဖို့ ပြောလိုက်လေသည်။
သူတို့ထွက်သွားလိုက်ပြီးနောက် အဖွားကြီးဟန်က သူမ၏တူများနှင့် ညွှန်ပြလိုက်ကာ ဒေါသတကြီးဖြစ်နေလေ၏။
‘‘သူတို့ကိုကြည့် ၊သူတို့ကိုကြည့်ကြပါအုံး ဘယ်လိုတောင်လှောင်ရယ်စရာကောင်းလိုက်တာလဲ။ယောက်ျားနဲ့ မိန်းမက တစ်ယောက်နဲ့တစ်ယောက်ဒီလောက်တောင်နီးကပ်ပြီး ဘာလုပ်နေကြတာလဲ၊ ဒါက အတင်းအဖျင်းပြောဖို့ ခေါင်းစဉ်ဖြစ်မနေဘူးလား ’’
ရွာထဲတွင် ခင်ပွန်းနှင့် ဇနီးများက အပြင်အတူတူထွက်တာကို မြင်ရဖို့ဆိုတာ ရှားပေသည်။ပုံမှန်အားဖြင့် အဲ့ဒါက ယောက်ျားများအချင်းချင်းဘဲအတူတူ အပြင်ထွက်ကြသလို မိန်းမများအချင်းချင်းကသာ အတင်းအဖျင်းပြောရင်း အပြင်တူတူထွက်ကြတာမျိုးဘဲ ရှိပေသည်။ညလယ်ကြီးမှာ ခင်ပွန်းနှင့် ဇနီးအတူတူအပြင်ထွက်တာကတော့ ပြောနေစရာတောင်မလိုတော့ပေ။
အဲ့ဒါကလူနေမှုအဆင့်အတန်းနှင့် မညီဘူးလေ။
အဲ့ဒါက ပုံမှန်မဟုတ်ဘဲ မသင့်လျော်ဘူး။
အဖွားကြီးဟန်၏ နားထင်သွေးကြောများက ထပ်ပြီးထိုးခုန်လာကာ ပေါက်ထွက်လာတော့မည်ဟုပင် ခံစားလိုက်ရပေသည်။
xxxxxx
Part 40
ယခုအချိန်တွင် လကထွက်မလာသေးချေ။ ကြယ်များကသာ တောက်တောက်ပပထွန်းလင်းနေပြီး ပုစဉ်းရင်ကွဲများနှင့် ဖားအော်သံများနှင့်အတူ လေကလည်း တဖြူးဖြူးတိုက်နေကာ ပတ်ဝန်းကျင်ကို သာယာအောင်လုပ်ပေးနေပေသည်။
တကယ်လို့ မင်းသာ တဝီဝီမြည်နေသည့် ခြင်များကို လျစ်လျူရှုလိုက်မယ်ဆိုရင်ပေါ့။
သူတို့ကခြံဝင်းထဲ ထွက်လာပြီးနောက် ဟန်ချင်စုန့်က အရမ်းမြန်မြန်လျှောက်နေတာကြောင့် သူမက အမှီမလိုက်နိုင်တော့ပေ။သူက သူမကိုလည်း စောင့်မည့်ပုံမပေါ်ချေ။ သူက ရှေ့ကိုဘဲခပ်မြန်မြန်လျှောက်နေကာ ခနလေးအတွင်းမှာပင် သူမအရှေ့မှ ပျောက်ကွယ်သွားလေသည်။
သူမက ဒီလိုသာယာနေသောညမျိုးမှာ သူနှင့်ဘဝအကြောင်းစကားပြောချင်နေခဲ့တာလေ... ဒါပေမယ့် ဒီလိုတောင်ဖြစ်သွားရတယ်လို့....ဒီလိုကောင်းမွန်ပြီး ကြယ်စုံနေတဲ့ညလေးကို ဘယ်လိုတောင်ဖြုန်းတီးပစ်ရတာလဲ။
သူတို့တဲအိမ်များဆီသို့ရောက်သောအခါ လင်းလန်က အသက်ရှူလို့တောင် မရတော့တာကြောင့်
မတတ်နိုင်ဘဲ မကျေမနပ်ပြောလိုက်မိလေသည်။
‘‘ရှင်နည်းနည်းလောက် ဖြေးဖြေးလျှောက်ပေးလို့မရဘူးလား ’’
ဟန်ချင်စုန့်က အံ့ဩသွားလေ၏။
‘‘မင်းလိုက်မယ်ဆိုပြီး ဘာလို့ငါ့ကို ကြိုမပြောတာလဲ ’’
လင်းလန် : ‘...’
‘‘ရှင်ဘဲ ကျွန်မကိုလိုက်လာဖို့ ပြောလိုက်တာမဟုတ်ဘူးလား ’’
ဒီယောက်ျားက အရမ်းကိုပျင်းစရာကောင်းလိုက်တာ။
ဟန်ချင်စုန့် :‘‘ကိုယ်က ကိုယ်သန့်ရှင်းလိုက်မယ်လို့ပြောတာ၊ အဲ့ဒါကညစ်ပတ်နေတယ်လေ’’
သူမက သူနှင့်အကျိုးအကြောင်းသင့်ပြောနေတာကို ရပ်လိုက်လေသည်။ဒီယောက်ျားက ဘယ်လိုဆက်သွယ်ပြောဆိုရမလဲဆိုတာကို တကယ့်ကိုမသိတာဘဲလို့ ခံစားလိုက်မိသည်။အဲ့ဒါက လုံးဝကိုသဘာဝအတိုင်းဘဲ ဖြစ်နေတာလား၊ သူကဘဲ သူ့ကိုယ်သူဖော်ပြရာတွင် မတော်လို့လားဆိုတာကို မသိတော့ပေ။
ဟန်ချင်စုန့်က မီးအိမ်ဆီကို မီးညှိလိုက်ကာ မီးအိမ်ထဲတွင်ထည့်လိုက်သည်။သူက သန့်ရှင်းရေးလုပ်ဖို့နှင့် တဲအိမ်ကို ပြန်ပြင်ဆင်ဖို့ကို ဘယ်လိုအစီအစဉ်ချရမလဲဆိုတာ တွေးနေပုံပေါ်ပေသည်။
လင်းလန်က ပတ်ပတ်လည်ကို တစ်ချက်လိုက်ကြည့်လိုက်သည်။သူက တကယ်ဘဲစကားစပြောဖို့ အစီအစဉ်မရှိတာကို တွေ့လိုက်ရတဲ့နောက် သူမကဒီအတိုင်းဘဲ ဟိုကြည့်ဒီကြည့်ဆက်လုပ်နေလိုက်လေ၏။
လင်းလန် : ‘‘ဒီအတိုင်း ပြောလိုက်လေ’’
ဘာလို့စိတ်ထဲမှာဘဲ တတွတ်တွတ်စဉ်းစားနေတာလဲ။
ဟန်ချင်စုန့်က သူမကိုကြည့်လိုက်မိသည်
‘‘မင်းတကယ်ဘဲ ကြားချင်နေတာလား ’’
‘‘ဒါက ကျွန်မနေချင်နေတဲ့ အိမ်တစ်လုံးဘဲလေ သေချာပေါက် ကျွန်မကကြားချင်တာပေါ့ ’’
ရှင့်မိသားစုထဲက ယောက်ျားတွေ ၊မဟုတ်ဘူး တရွာလုံးက ယောက်ျားသားတွေက သူတို့ဇနီးနဲ့ ဆွေးနွေးတိုင်ပင်တတ်တဲ့ အကျင့်မရှိကြဘူးလား။
ဒါက သေချာပေါက်ကို မိသားစုအရေးပါနော်၊ဟုတ်ပြီလား။ဘာလို့ ရှင့်ဘာသာရှင် တစ်ယောက်တည်း တီးတိုးပြောနေရတာလဲ။
ဒါကတကယ့်ကို နယ်ခံယောက်ျားသားတွေရဲ့ အမြဲတမ်းတသမတ်တည်း လုပ်နေတဲ့ပုံစံချည်းဘဲ။ဒါပေမယ့် တကယ့်ကိုဘဲ မိန်းမသားများနှင့် ဆွေးနွေးတိုင်ပင်မျိုးမရှိတာက လုံးဝကို ဖြစ်နေကျပင်ဖြစ်သည်။
သူမက သူထုတ်ပြောလာတာကို ကြားချင်နေလိမ့်မည်ဟု ဟန်ချင်စုန့်မထင်ထားခဲ့ပေ။ဒါကြောင့် သူက ခေါင်မိုးကို တင်းကုပ်တစ်ခုဖြစ်သုံးလို့ရတယ်လို့ သူမကိုပြောပြလိုက်သည်။ မီးဖိုပါသော ရွှံ့စေးကုတင်ကို ဝန်းရံထားသော နံရံကလည်း ပြန်ပြင်ဖို့လိုနေပေသည်။အဲ့လိုမှမဟုတ်ရင် နံရံ၏အသားက စိုစွတ်သွားတာနှင့် ချက်ချင်းပင်ပြိုကျသွားပေလိမ့်မည်။
‘‘ဒီမှာလေဝင်လေထွက်ကောင်းအောင် လုပ်ပေနိုင်တဲ့ မြက်သားနဲ့ လုပ်ထားတဲ့ အစတစ်မျိုးရှိတယ်၊ဒါပေမယ့် အဲ့ဒါက ပိုးကောင်တွေကိုတော့ ဖြတ်ပြီး စိမ့်ဝင်နိုင်ခွင့်ပြုမှာမဟုတ်ဘူး။အဲ့ဒါက ခြင်ထောင်အဖြစ်သုံးလို့ရနိုင်တယ် ’’
လင်းလန်က သူ ခြင်အကြောင်းပြောနေတာကို နားထောင်ရင်းနှင့် သတိမမူမိစွာပင် သူမလည်ပင်းနားက အဖုကိုကုတ်ခြစ်လိုက်မိသည်။ခြင်များက အဖွားကြီးနှင့်တူပေသည်- နှစ်ခုလုံးကတူညီစွာပင် အကြင်နာကင်းမဲ့ကာ အဆုံးမရှိသလိုပင် စိတ်အနှောင့်အယှက်ပေးနေလေသည်။
ခြင်ထောင်သာ ရှိမယ်ဆိုရင် သိပ်ကောင်းမှာဘဲ။
ဟန်မိသားစုတွင် ခြင်ထောင်ကနှစ်လုံးဘဲရှိကာ နှစ်ခုလုံးကို အငယ်ဆုံးအဒေါ်နှင့် ဦးလေးတို့ကိုပေးထားလေသည်။ဒုတိယခန်းထဲတွင်ရှိနေသော ခြင်ထောင်က သူတို့၏ခန်းဝင်ပစ္စည်းများထဲမှ ယူထားခြင်းဖြစ်သည်။မူလကိုယ်ပိုင်ရှင်၏ မိသားစုကအလွန်ဆင်းရဲတာကြောင့် သဘာဝအားဖြင့် သူမအတွက် ဘာခြင်ထောင်ကိုမှ မထောက်ပံ့ပေးနိုင်ပေ။
သူမတွင် ခန်းဝင်ပစ္စည်းမရှိရုံတင်သာမက ခင်ပွန်းဖြစ်သူ၏ဟန်မိသားစုဘက်က ထောက်ပံ့ပေးထားသော အဝတ်များကိုတောင် ဝတ်ဆင်နေရပေသည်။ထိုအဝတ်များက အတော်လေးကို ဟောင်းနွမ်းစုတ်ပြတ်နေပြီဖြစ်သည်။
နောက်ပိုင်းတွင် မူလကိုယ်တွင်လည်း ခြင်ထောင်တစ်ခုရှိလာပေသည်။အဲ့ဒါက ဟန်ချင်စုန့် စစ်တပ်ထဲမှနေ၍ သူမကိုသိုသိပ်စွာပေးလာခဲ့လို့ပင်ဖြစ်သည်။
ဒါပေမယ့်လည်း သူမ၏ တတိယညီမနှင့် ပြိုင်ဆိုင်ပြီး သူမပုံရိပ်ကိုကြွားလုံးထုတ်ဖို့အတွက် မူလကိုယ်ပိုင်ရှင်က ခြင်ထောင်ကို မိဘအိမ်ကိုပြန်ယူသွားလိုက်လေသည်။အဆုံးတွင် သူမနှင့်သူမ၏ကလေးများက ခြင်ထောင်ကို ဘယ်တော့မှ မသုံးခဲ့ရကာ နှစ်တိုင်းနှစ်တိုင်း အကိုက်ခံနေရပေသည်။
‘‘အဲ့ဒါက ကောင်းပါတယ် ’’
လင်းလန်က အလွန်ပင် ပျော်ရွှင်သွား၏။
ဟန်ချင်စုန့်က ဘာမှထပ်ပြီး ပြောမလာတော့ပေ။
ဒီအခန်းကျဉ်းလေးထဲတွင် ပရိဘောဂများမပြင်ဆင်ရသေးပေသော်လည်း နေရာကကျယ်ဝန်းမနေပေ။အခန်းက ခပ်မှိန်မှိန်လေးလင်းနေကာ ထိုသူနှင့်နှစ်ယောက်တည်း အခန်းထဲမှာအတူရှိနေမှာကိုတွေးမိပြီး လင်းလန်က အနည်းငယ်စိတ်လှုပ်ရှားသွားသလို ခံစားလိုက်ရသည်။
သူမက အလျင်အမြန်ပင် စကားပြောဖို့ ခေါင်းစဉ်တစ်ခုကို ရှာလိုက်သည်။
‘‘အဲ့ဒါလေ၊ အာ .....ရှင်တကယ်ဘဲ အလုပ်လမ်းကြောင်းကိုပြောင်းချင်နေတာလား ’’
ဟန်ချင်စုန့်က သူမကိုကြည့်ဖို့ သူ့ခေါင်းကိုလှည့်လာကာ သူ၏နက်မှောင်နေသော မျက်လုံးများက အနက်ရောင်တွင်းနက်ကြီးများကဲ့သို့ပင် အခြားသူများကို ထိတ်လန့်အောင်လုပ်နေပေသည်။
‘‘ငါရဲ့ အလုပ်အကိုင်ကို ပြောင်းလိုက်ဖို့ကို မင်းဘဲ စိတ်အားထက်သန်နေခဲ့တာမဟုတ်ဘူးလား’’
လင်းလန်က ပါးစပ်အပြည့် တံတွေးမြိုချလိုက်ရတော့သည်။ ‘ဟုတ်ပါတယ် ကျွန်မပါ ၊အဲ့ဒါကကျွန်မပါဘဲ ၊ကျွန်မက မူလကိုယ်ပိုင်ရှင်လုပ်ခဲ့သမျှရဲ့ အကျိုးသက်ရောက်မှုတွေကို စုပြုံပြီး သယ်နေရတာပါနော် ’
‘‘ ဒီလိုလေ ရှင့်အလုပ်အကိုင်ကို မပြောင်းလိုက်လို့မရဘူးလား။ကျွန်မထင်တာက....စစ်တပ်ထဲမှာ ဆက်နေနေတာကလည်း ကောင်းတာဘဲ။သူမအသံက အနည်းငယ်လိုဏ်သံပါနေပေသည်။အဆုံးတွင် မူလကိုယ်က သူမလုပ်နိုင်သလောက် အကောင်းဆုံးကို မဆုတ်မနစ်လုပ်ခဲ့တာဖြစ်သည်၊ သူပြန်လာဖို့ကို ခြိမ်းခြောက်ဖို့အတွက်နှင့် သူမ၏သေဆုံးခြင်းကို အသုံးချခဲ့ပေသည်။အဲ့ဒါနှင့်ဆိုလျှင် ဟန်ချင်စုန့်က သူတို့နှစ်ယောက်ကြားက လက်ထပ်မှုကို ဖျက်သိမ်းနိုင်ဖို့က လုံးဝကိုဖြစ်နိုင်တော့မှာ မဟုတ်ပေ။
‘‘အရမ်းနောက်ကျသွားပြီ ’’
ဟန်ချင်စုန့်က ပြောလာလေသည်။
လင်းလန်ရဲ့ ရင်ထဲတွင် တင်းမာသွားလေသည်။သူက သူမကိုအပြစ်တင်နေတာမဟုတ်ပေ။ဒါပေမယ့် သူ၏ အနိမ့်အမြင့်ရှိမနေသော အသံကိုနားထောင်နေရုံနဲ့တင် အဲ့ဒါကစိတ်ပါလက်ပါနှင့် ပြောနေတာမဟုတ်ဘူးဆိုတာ သိနိုင်ပေသည်။မူလဇာတ်ကြောင်းအရဆိုရင် သူက မျှော်လင့်ချက်မဲ့နေမှာဖြစ်သည်။ဒါဆိုရင် ဒါကနောင်တနည်းနည်း စွက်နေတာမျိုးလား။
‘‘ဘာလို့ အရမ်းနောက်ကျသွားရမှာလဲ ရှင်က ထွက်စာကိုတင်လိုက်ပြီလား ခေါင်းဆောင်က ရှင့်ကို အရင်စဉ်းစားကြည့်ဖို့ ပြောထားတယ်လေ၊ ရှင်- ’’
သူမပြောလို့ မပြီးသေးခင်မှာဘဲ လင်းလန်က သူမလျှာကို ကိုက်လိုက်မိသည်။သူမက စိတ်ရှုပ်နေကာ အလျင်စလိုဖြစ်သွားပေသည်၊ဘာကြောင့် မူလဇာတ်ကြောင်းကြီးအတိုင်း သွားပြောလိုက်မိတာလဲလို့။
အဲ့ဒါအကုန်လုံးက သူ၏သန်မာသော ကိုယ်ရောင်ကိုယ်ဝါကြောင့်ပင်ဖြစ်သည်။သူမက သူ့ကြောင့်ဖိနှိပ်ခံထားရသလို ဖြစ်သွားတာ။
သူမ အရမ်းကိုစိတ်ဖိစီးသွားပေသည်။
ဟန်ချင်စုန့်က သူမကိုကြည့်လာကာ သူ့မျက်လုံးများက လှုပ်ရှားမှုတိုင်းတွင် သူမကို စူးစမ်းသလိုဖြစ်နေပေသည်။
xxxxxx