အပိုင်း ၄၇-၄၈
Viewers 23k

Part 47


သူမက ပြောင်းပေါင်မုန့်တစ်ခုကို စမ်းစားကြည့်လိုက်သည်။သေချာပေါက်ပင် ဒီအရာက လူများစားဖို့အတွက်မဖြစ်နိုင်ပေ။ဤအရာက ဂျုံမှုန့်ကို ကန်စွန်းဥရွက်များနှင့် ဝက်များကိုသာကျွေးသော ကြမ်းထော်နေသည့်ပင်စည်များနှင့် ရောစပ်ထားခြင်းတောင် ဖြစ်နိုင်ပေသည်။ဤအရာကိုစားရသည်မှာ ဖွဲနုများကိုစားနေရသလိုပင် ဖြစ်ပေသည်။


သူတို့က မိသားစုကြီးဆီမှ ခွဲထွက်လာသည်မှာ နှစ်ရက်‌မျှသာရှိသေးသော်လည်း အစားအစာများက ဒီလိုကြောက်မက်ဖွယ်ကောင်းသော အခြေအနေထိတောင် ထိုးကျသွားခဲ့လေသည်။ဖြစ်နိုင်တာက သူတို့ကို အိမ်ကိုလာပြီးမစားစေချင်တော့တာများလား။ဒါမှမဟုတ် အခြားတခုခုများလား။


ပြီးလျှင် ဒီအစားအစာတွင် ချက်ပြုတ်ခြင်းဆိုင်ရာ အခြေခံနည်းပညာများက နည်းနည်းလေးတောင်ပါဝင်မနေပေ။မနက်စာအတွက် သူတို့က ပြောင်းဆန်ဖြင့်ပြုလုပ်ထားသော ကိတ်မုန့်များ၊ ကောင်းမွန်သော ပြောင်း‌ဆန်ပေါင်မုန့်များအပြင် တစ်ခါတစ်လေတွင် ကန်စွန်းဥအချိုများပါ ပါဝင်တတ်ပေသည်။နေ့လည်စာအတွက်  ဆန်ပြုတ်တစ်ခုသာရှိနေလျှင်တောင်မှ ပြောင်းဆန်ကိတ်မုန့်များသည် ညစာအထိတောင် အခြားဟင်းသီးဟင်းရွက်များဖြင့် ထပ်ပေါင်းစားလို့ရနိုင်ပေသည်။အနည်းဆုံးတော့ ဤနေရာတွင် ဆန်ပြုတ်တစ်ချို့တော့ လုပ်ထားသင့်ပေသည်။


လင်းလန် သူမ၏အရင်ဘဝတုန်းက မချက်ပြုတ်ခဲ့ရရင်တောင်မှ ဒီအစားအစာများအားလုံးတွင် ချက်ပြုတ်ခြင်းဆိုင်ရာ အခြေခံနည်းစနစ်များ မပါဝင်နေတာကို ပြောနိုင်ပေသည်။


သို့သော်...ဘာလို့ အကြီးဆုံးယောင်းမ၏ ဟင်းလျာများက စားဖို့ခက်ခဲနေရတာလဲ။


၎င်းက ဒီအတိုင်းအရသာမကောင်းရုံတင်မဟုတ်ပေ။ဒီရက်ပိုင်းအတွင်းတွင် မိသားစုကခွဲထွက်လာပြီးနောက် အိမ်မှာရှိသော အစားအစာများက တကယ်ပင် တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးဆိုးရွားလာတာကို တွေ့လိုက်ရပေသည်။သူမ အခုမှ ဤအရာများကို စန်းဝမ်ပြောခဲ့ဖူးသော အရာတစ်ချို့နှင့် ဆက်စပ်သွားနိုင်တော့သည်။သူပြောခဲ့ဖူးတာက ဒီလိုမျိုးဖြစ်သည်။


‘‘ကန်စွန်းဥချိုလည်းမရှိဘူး၊ ထမင်းနဲ့ ကန်စွန်းဥစွပ်ပြုတ်ရောဘဲ၊ တစ်နေ့လုံးအတွက် ထမင်းသုံးနပ်က ဘယ်တော့မှ ပြန်ကျော့နေမှာမဟုတ်ဘူး’’*


(Tn: ဆိုလိုချင်တာက သူတို့ဗိုက်ဖြည့်ဖို့အတွက် ဘယ်တော့မှ အစားအစာရှိမှာမဟုတ်ဘူး၊ဖြစ်မလာနိုင်သော အိပ်မက်တစ်ခုလိုဘဲ ဘယ်တော့မှ ပုံစံလုပ်ရိုးထုံးစံလို ဖြစ်လာမှာမဟုတ်ပါဘူးတဲ့)


ဤကြမ်းထော်နေသည့် ပေါင်မုန့်က တစ်ချက်ပစ်လိုက်ရုံဖြင့်တင် ခွေးတစ်ကောင်ကိုသေ‌သွားစေနိုင်ပေသည်။


ဒီလိုအစိုင်အခဲကြီးမျိုးက ကန်စွန်းဥရွက်များနှင့် ပင်စည်များကို ရောစပ်ထားတာဖြစ်နိုင်ကာ ဤအရာကို ငတ်မွတ်ခေါင်းပါးမှုသုံးနှစ်ကြုံခဲ့ရစဉ်က ကြံရမရဖြစ်ကာအရဲစွန့်ပြီး ကစီဓာတ်နေရာတွင် အစားထိုးအစားအစာအဖြစ် သုံးခဲ့ကြတာဖြစ်သည်။သို့သော်လည်း ၎င်းကိုစားသုံးသောသူများသည် ဝမ်းချုပ်ခြင်းပြသနာနှင့် ရင်ဆိုင်ရကာ ပို၍ဆိုးရွားသောအခြေအနေများတွင် အစာအိမ်ကအဆုံးမရှိသလိုပင် ဖောင်းကားလာကာ ခန္ဓာကိုယ်တစ်ခုလုံး ဖောယောင်လာတတ်ပေသည်။


ဟန်မိသားစုက သူတို့တိုင်းပြည်လွတ်မြောက်ရေးမရခင်တုန်းက နေ့ညများ၏အ‌ခြေအနေသို့နောက်ကြောင်း ပြန်သွားနေတာမျိုး နီးပါးပင်ဖြစ်နေပေသည်။


လင်းလန်က ဒေါသထွက်လာတော့သည်။-ဒီလိုဟာမျိုးကို လူကြီးတွေတောင်မစားနိုင်တာ အစာအိမ်မကောင်းသော ကလေးငယ်ဆိုလျှင်တော့ ပြောနေစရာမလိုတော့ချေ။ရှောင်ဝမ်က နေမကောင်းလည်းဖြစ်နေကာ သူ၏အကောင်းဆုံးအခြေအနေတွင် ရှိမနေပေ။


လင်းလန် အဖွားကြီးကိုတစ်ချက်ကြည့်လိုက်ကာ  သူမက စားချင်စိတ်သိပ်မရှိဘူးလို့ ပြောလိုက်သည်။


သို့သော်လည်း ယောက်ျားများကတော့ ဘာမှမပြောလာပေ။ဟန်မိသားစု၏ အကြီးဆုံးချွေးမကလည်း တိတ်တဆိတ်စားနေလေသည်။သို့သော်လည်း ဒုတိယချွေးမကတော့ စေးကပ်နေသောဟင်းချိုကို သောက်တယ်ဆိုရုံလောက်မျှသာ တစ်ငုံ၊နှစ်ငုံသောက်လိုက်ပြီး သူမ၏ပြောင်းပေါင်မုန့်ကြမ်းကို မထိဘဲထားခဲ့လိုက်လေသည်။


ကလေးများတွင် သူတို့ထဲမှအများစုက စေးကပ်နေသောဟင်းချိုကိုသောက်နေကြကာ တဝမ်တစ်ယောက်သာ စားရခက်သော ပေါင်မုန့်ကြမ်းကို တတိတိကိုက်ဝါးနေလေသည်။ဤကလေးက ခေါင်းမာကာ စကားပြောရတာကိုမကြိုက်ပေ။သူက အရမ်းကိုသုန်မှုန်နေတတ်သော်လည်း ဘယ်တော့မှ မကျေမနပ်ညည်းညူတာမျိုးမလုပ်တတ်ဘဲ အစားလည်းမရွေးတတ်ပေ။သူမ၏အတိတ်ဘဝကို တွေးလိုက်မိသောအခါ သူကနောက်ပိုင်းတွင် မကောင်းသောအရှိန်အဝါများဖြင့် ရောနှောခံလိုက်ရကာ သေနတ်ဖြင့်ပစ်သတ်ခံလိုက်ပေသည်။....လင်းလန်ကတွေးကြည့်လိုက်မိရုံဖြင့်တင် သူမ၏ရင်ကတချက်လောက်ဒိန်းခနဲခုန်သွားမိသည်။


အားဝမ်နှင့် မိုင်စွေ့တို့က ပေါင်မုန့်ကြမ်းကို နှစ်ကိုက်လောက်ကိုက်ကာ လည်ချောင်းထဲမြိုချဖို့ ဖိအားပေးလိုက်သည်။အဆုံးတွင်သူတို့မစားချင်တော့တာကြောင့်‌ ကျန်နေသောပေါင်မုန့်ပိုင်းများကို ဒီအတိုင်းထားလိုက်ကြလေသည်။


မိုင်စွေ့က ပေါင်မုန့်ကြမ်းကို အောက်ချလိုက်တာနှင့် အဖွားကြီးဟန်က တချက်ကြည့်လာကာ ချက်ချင်းပင်ဆူငေါက်လာလေသည်။


‘‘နင်ဘာလို့ အစားအစာကိုဖြုန်းတီးနေတာလဲ၊ 

နင်ကဒါကိုမကောင်းဘူးလို့ ထင်နေတ‌ယ်မလား။....ငါကနင်တို့ကို အငတ်ထားနေတာမဟုတ်ဘူး ငါလုပ်နေလို့လား။....ငါတို့သေရေးရှင်ရေးတမျှဖြစ်ခဲ့ရတဲ့ အဲ့ဒီသုံးနှစ်ကို ငါပြန်တွေးကြည့်လိုက်တော့ ငါတို့ကဒီလိုအရာမျိုးကိုစားခဲ့ရတာ...

အပြင်ဘက်မှာဆို သူတို့ကိုယ်သူတို့အငတ်ခံနေရတဲ့သူတွေနဲ့ ဒီထက်ပိုဆိုးရွားနေတဲ့အရာကိုတောင် စားနေရတဲ့သူတွေရှိခဲ့တယ်...အခုတော့ နင်က‌ ရထားတဲ့အစားအစာအပေါ်ကို ကျေးဇူးကန်းပြီး အဲ့ဒါကမကောင်းဘူးဆိုပြီး တိတ်တဆိတ်မကျေမနပ်ဖြစ်နေရလား’’


စန်းဝမ်က နှုတ်ခမ်းစူလာလေသည်။


‘‘အဖွားကလည်း... ဒါက သိသိသာသာကိုစားလို့မရနေတာချည်းကို။ ရွာထဲက အဆင်းရဲဆုံးနဲ့ အပျင်းထူဆုံးလူတွေကတောင် ဒီလိုဟာမျိုးကို စားရမှာမဟုတ်ဘူး’’


ဒါက လုံးဝကိုဝက်တွေအတွက် အစာဘဲလေ၊မဟုတ်ဘူးလား။


သူက သူ့လက်ကပေါင်မုန့်ကို ပါးစပ်အပြည့်နှစ်ကိုက် ကိုက်လိုက်ကာ သူ့အိတ်ကပ်ထဲသို့ ထည့်ဖို့လုပ်လိုက်လေသည်။ဤအရာကို ဘဲပေါက်လေးများကို ကျွေးဖို့အတွက် ရည်ရွယ်လိုက်သည်။


အဖွားကြီးဟန်က ဒေါသတကြီးပြောလာ၏။

‘‘နင်တို့တွေက ဒီမှာမနေတော့ဘူးဆိုပေမယ့် ထင်းတွေ၊ထမင်း၊ဆီနဲ့ ဆားတွေက ဈေးကြီးတယ်ဆိုတာ နင်တို့မသိကြဘူးလား...နင်တို့က စားဖို့အပြင် အခြားဘာများသိကြလို့လဲ။မိသားစုက ဖရိုဖရဲဖြစ်နေပြီ....အဲ့ဒါကိုရော နင်တို့သတိထားမိကြရဲ့လား’’


ဤကဲ့သို့ ဆူပူငန်းငေါက်ပြီးနောက်တွင် ဘယ်သူကမှစကားမပြောလာကြပေ။


လင်းလန်က ခြံထဲသို့ဝင်လာသော ဟန်ချင်စုန့်၏ခြေသံကို ကြားလိုက်ရသည့်အခါတွင် သူမက အဖွားကြီးကိုမေးလိုက်သည်။


‘‘အမေ၊ ရှောင်ဝမ်က ပြီးခဲ့တဲ့နှစ်ရက်အတွင်း ဝမ်းတွေသွားနေခဲ့တာ။...ကျွန်မ သူ့အတွက် ခေါက်ဆွဲပြုတ်တစ်ချို့ လုပ်ချင်လို့ရမလား’’


အဖွားကြီးဟန်က သူမ၏ထမင်းစားတူများကို စားပွဲပေါ်သို့ အကြမ်းပတမ်းပင် ရိုက်ချလာလေသည်။


‘‘နင်တို့က ဘာလို့ဒီလောက်တောင် ပြသနာတွေများနေရတာလဲ...နင်တို့ရဲ့နေထိုင်မှုပုံစံအတိုင်း ဘာလို့မနေကြရတာလဲ။..ငါတို့အကုန်လုံးက ဆင်းရဲပြီးတော့ အောက်ခြေလူတန်းစားဖြစ်တဲ့ တောင်သူလယ်သမားတွေလေ။ဘာလို့ ချမ်းသာတဲ့မြေပိုင်ရှင်တွေလိုမျိုး စားရဖို့ ကြိုးစားနေရတာလဲ’’


လင်းလန်က မကျေမနပ်ဖြစ်နေဟန်ဆောင်လိုက်ကာ ပြောလာလေသည်။


‘‘ကျွန်မက ဒါကိုနေ့တိုင်းအတွက်တောင်းဆိုနေတာမျိုးမဟုတ်ပါဘူး။...သူနေမကောင်းဖြစ်နေတဲ့အချိန်မလို့ ဒီလိုမျိုးစားစေချင်တာပါ...သူက အစာအိမ်‌မကောင်းဘဲနဲ့ ပေါင်မုန့်ကြမ်းကိုအစာခြေလို့ရမှာမဟုတ်ဘူးလေ’’


ဟန်ချင်စုန့်က အထဲသို့ဝင်လာကာ လက်ဆေးလိုက်ပြီးနောက် စားရန်ရောက်လာလေသည်။သူက ဤအရာကိုကြားလိုက်တာနှင့် တပြိုင်နက် ဘာဖြစ်နေတာလဲဆိုတာ သိသွားပေသည်။


သူက အားဝမ်ကိုမေးလိုက်သည်။

‘‘အဲ့ဒီအကြောင်း မင်းအဖွားကိုမပြောလိုက်ဘူးလား’’


အားဝမ်က နှုတ်ခမ်းစူလိုက်ကာ မကျေမနပ်ပြောလာလေသည်။

‘‘ဒါပေါ့၊ သားပြောခဲ့တယ်။...ပြောတာမှ ထပ်ခါထပ်ခါဘဲ အကြိမ်အနည်းငယ်လောက်ပြောခဲ့တာ ’’


အဖွားကြီးဟန်က ဒေါသတကြီးပြောလိုက်လေသည်။


‘‘အဲ့ဒီတော့ နင်တို့က အကြိမ်အများကြီးပြောလိုက်ရုံနဲ့ လောကကြီးက ‌နင်တို့အလိုအတိုင်း ကွေးညွတ်လာမယ်လို့ ထင်နေတာလား...ဒီမှာ ဘာခေါက်ဆွဲမှမရှိဘူး....နတ်ဘုရားတောင်မှ နင်တို့ကိုကယ်တင်နိုင်မှာမဟုတ်ဘူး။တကယ်လို့ အဲ့ဒါကိုသာစားချင်ရင် နောက်ပိုင်းမှငါတို့စကားပြောကြမယ်’’


xxxxx

Part 48


ဂျုံပင်က နွေရာသီတွင်သာ ဖြစ်ထွန်းပေသည်။ထို့ကြောင့် မည်သည့်ဂျုံကောင်းကောင်းမှ ရှိမနေဘူးလို့ပြောတာက မဖြစ်နိုင်ပေ။


ဟန်ချင်စုန့် : ‘‘တကယ်လို့ အမေတို့မှာ ခေါက်ဆွဲမရှိဘူးဆိုရင်လည်း。。。ကြက်ဥနဲ့လုပ်လို့ရတယ်လေ။ထားလိုက်ပါတော့。。。ကျွန်တော်ဘဲလုပ်လိုက်မယ်’’


‘‘နင်ဘာလုပ်ဖို့ ကြိုးစားနေတာလဲ’’


အဖွားကြီးဟန်က ဒေါသထွက်လာလေသည်။


‘‘ဒီမှာစုစုပေါင်းဆိုလို့ ကြက်ကောင်ရေနည်းနည်းဘဲရှိတာ。。。သူတို့ထဲက တစ်ဝက်လောက်ကလည်း ဥမဥသေးဘူး။အခုနင်က ဘာပိုက်ဆံမှာစုဆောင်းနေတာမဟုတ်ဘူး。。。ပြီးတော့ အိမ်မှာက ဘာဝင်ငွေမှလည်းရှိမနေဘူး။အဲ့ဒါကြောင့် ကြက်ဥတွေကလွဲလို့ ငါတို့ကိုဘာနဲ့အသက်ဆက်ရှင်ဖို့ နင်တွေးထားတာလဲ။တကယ်လို့ နင်ကသာ အခုဘဲကြက်ဥတွေကိုစားလိုက်ရင် ငါက ရေနံဆီနဲ့ ဆားကို ဘာနဲ့သွားလဲရတော့မှာလဲ။’’


အားဝမ်က နှုတ်ခမ်းစူလိုက်ကာ တီးတိုးပြောလိုက်လေသည်။


‘‘ဒီအတိုင်း အငယ်ဆုံးဦးလေးနဲ့ အဒေါ်အတွက် ချန်ထားပေးတာကိုများ... ’’


ဟန်ချင်စုန့်က ညစာစားပွဲကို တစ်ချက်ကြည့်လိုက်သည်။ရှောင်ဝမ်က နုံးခွေနွမ်းလျနေကာ  ကောင်မငယ်လေး မိုင်စွေ့က မည်းတူးကာ မာကျောနေသော ပေါင်မုန့်ကြမ်းအား မကျေမနပ်ဖြင့် တတိတိကိုက်ဝါးနေလေသည်။လင်းလန်က သိသိသာသာပင် အပေါက်အဖာများရှိနေသော အဝတ်ကိုဝတ်ထားကာ မရေမတွက်နိုင်လောက်အောင် ဖာထေးပြုပြင်ထားရတာကြောင့်

သူမ၏ မျက်စောင်းထိုးတွင် ထိုင်နေသော ဒုတိယချွေးမ၏ အဝတ်နဲ့ယှဉ်လျှင် အလွန်ပင်စုတ်နွမ်းနေလေသည်။


သူ၏ရင်ထဲတွင် ဖော်ပြ၍မရနိုင်သော ခံစားချက်တစ်ခုထိုးထွက်လာလေသည်။。。。ထိုအရာက ချဉ်စုတ်ပြီး တစစ်စစ်ခံစားနေရကာ သူ၏ရင်ဘတ်ထဲတွင် မွန်းကြပ်နေသလိုပင်ဖြစ်သည် ။


‘‘ကြက်ဥတစ်လုံးက သုံးပြား၊လေးပြားလောက်ဘဲရှိတယ် ’’

ဟန်ချင်စုန့်က ပြန်ခုခံပြောလာလေသည်။


‘‘ဘာဖြစ်တာလဲ၊။နင်က နင့်အမေနဲ့ စာရင်းရှင်းချင်နေပြီလား။。。。နင်ပိုက်ဆံရှာနေတုန်းက တချိန်လုံးအိမ်နဲ့အဝေးမှာရှိနေခဲ့တာ။အခုနင်က အိမ်ပြန်ရောက်လာတော့ နင့်မိဘကို သားသမီးဝတ္တရားအတိုင်း မပြုစုနိုင်ဘဲ အလုပ်လက်မဲ့တောင်ဖြစ်လာသေးတယ်။နင်ငါ့အိမ်အရိပ်အောက်မှာ နေတုန်းက ငွေကြေးအရထောက်ပံ့လာတာမျိုးကိုတောင် ရခဲ့တာမဟုတ်ဘူး 。。。

နင်က ဒီကာလအတွင်း ပိုက်ဆံတစ်ပြားတောင်ပြန်မရလာဘဲနဲ့ ကြက်ဥတွေကို စားချင်နေသေးတာလား။ငါကဘယ်နေရာမှာများ နင့်လို ကျေးဇူးကန်းးး_ ’’


‘‘တော်လောက်ပြီ။ဒီအတိုင်း ကြက်ဥလေးတစ်လုံးဘဲလေ’’


အဖိုးကြီးဟန် တစ်ချိန်လုံး  မည်သည်ကိုမှ မပြောလာခဲ့သော်လည်း သူကဆက်ပြီးတော့ သည်းမခံနိုင်တော့ပေ။


‘‘ကလေးအတွက် တစ်ခုလုပ်ပေးလိုက်ပါ。。。သူက နေမကောင်းဖြစ်နေတာလေ၊ အဲ့ဒိပိန်လှီနေပြီး သေးငယ်နေတဲ့ ပုံလေးကိုလည်း ကြည့်လိုက်ပါအုံး’’


ဟန်ချင်စုန့်က အိမ်ထဲသို့ဝင်သွားကာ လင်းလန်ကလည်း သူ့နောက်မှလိုက်လာခဲ့လေသည်။အကြီးဆုံးချွေးမက အလျင်အမြန်ပင် သူတို့နောက်မှလိုက်လာပြီး ဇွတ်အတင်းပင် ပြောလာလေသည်။


‘‘ငါလုပ်လိုက်ပါ့မယ်。。ငါလုပ်ပေးမယ်’’


ဟန်ချင်စုန့်က အိမ်တွင်ရှိမနေခဲ့ပေ။ထို့ကြောင့် တချိန်လုံးတွင် ဘာတွေဖြစ်နေခဲ့သည်ဆိုတာကို သူမသိပေ။


သို့သော် လင်းလန်ကတော့ သိနေပေသည်။


သူမက အလျင်အမြန်ပင်လှုပ်ရှားလိုက်ကာ ကြက်ဥများ‌ထားနေကျဖြစ်သော အဝကျဉ်းအိုးလေးကို တွေ့လိုက်လေသည်။ထိုအရာက ကြက်ဥများဖြင့် ပြည့်နှက်နေကာ ခေါက်ဆွဲကရားများကလည်း နှစ်ခုတောင်ရှိနေပေသည်။


အဖွားကြီးက ပန်ကိတ်များကို မကြာခဏ ပြုလုပ်ကာ သူမ၏သားနှင့် သမီးအတွက် ကောင်စီ၏အဓိကစီရင်စုဖြစ်သောခရိုင်မြို့ကြီး ဆီသို့ ယူသွားလေ့ရှိပေသည်။မိသားစုတစ်ခုလုံးက အစေ့အဆန်များကိုသာ‌စားကြကာ ပိုကောင်းသော အစေ့အဆန်များကိုတော့ သူမ၏အဖိုးတန်သားနှင့် သမီးအတွက် စုဆောင်းထားလေသည်။


အကြီးဆုံးချွေးမက ခြေတစ်လှမ်းနောက်ကျသွားဆဲဖြစ်ပေသည်။သူမက ကြက်ဥတစ်လုံးကို ကိုင်လိုက်လျက်ပင် နေရခက်စွာပြုံးပြလာလေသည်။


လင်းလန်က အခြေအနေကို အခွင့်ကောင်းယူလိုက်ကာ ကြက်ဥနောက်တစ်လုံးထပ်ယူလိုက်၏။ဘယ်လိုဘဲဖြစ်ဖြစ် သူမက တစ်ခုလုပ်ပြီဆိုမှတော့ ဘာလို့သူဗိုက်ပြည့်တာ သေချာအောင် မလုပ်လိုက်ရမှာလဲ။


ဟန်ချင်စုန့်က ပြောလာလေသည်။


‘‘အကြီးဆုံးမရီး 。。。ပြန်သွားပြီး သွားစားလိုက်ပါ။ဒီက ကိစ္စတွေကို ကျွန်တော်ဘဲလုပ်လိုက်ပါ့မယ်’’


ကြက်ဥများကို ပြုလုပ်ဖို့အတွက် အချိန်သိပ်မယူရပေ။သူက အိုး၏အောက်ခြေနားတွင် ရေတစ်ခွက်ဆူအောင်တည်လိုက်ကာ ထိုထဲသို့ ကြက်ဥခွဲထည့်လိုက်လေသည်။မိနစ်အနည်းလောက် ပြုတ်ထားလိုက်ပြီးနောက် ကြက်ဥများ ကျက်သွားပြီဖြစ်သည်။သူက စွပ်ပြုတ်ရည်ကို ခပ်လိုက်ကာ ထိုအထဲသို့ ဆားအနည်းဖြူးလိုက်သည်။


သူတို့၏ဒေါသကို မထိပါးစေဖို့အတွက် လင်းလန်က အပြင်မထွက်လာခဲ့ပေ။အပြင်ထွက်လာမည့်အစား ရှောင်ဝမ်ကို အထဲသို့ခေါ်လိုက်ကာ ကျွေးနေလိုက်သည်။


 ရှောင်ဝမ်က အလွန်ကို ချင့်ချိန်စဉ်းစာတတ်စွာဖြင့် တီးတိုးပြောလာလေသည်။


‘‘မာမားက တစ်ခုစားလိုက် ၊ သားကတစ်ခုစားမယ်’’


လင်းလန်က သူမစားတယ်ဆိုရုံလောက်လေးဖြစ်အောင် တငုံလောက်ခပ်သောက်လိုက်ကာ ကျန်သည့်အရာအားလုံးကို ရှောင်ဝမ်ကိုပေးလိုက်လေသည်။


အပြင်ဘက်တွင်ရှိနေသော အဖွားကြီးက မနာလိုမှုများဖြင့် ချဉ်စုတ်လာလေ၏။


‘‘သူက သူ့အမေကို ဘယ်လိုကျွေးရမယ်ဆိုတာတော့သိသား。。。ဒါပေမယ့် သူ့အဖွားကိုကျဂရုမစိုက်ဘူး’’


ရှောင်ဝမ်ကို ကျွေးလိုက်ပြီးနောက် လင်းလန်က စားဖို့ ပြန်လာလိုက်သည်။


သူမက စေးကပ်ကပ်စွပ်ပြုတ်ထဲတွင် ရှိနေသော ပေါင်မုန့်ကြမ်းအပေါ်တွင်သာ စိတ်နှစ်နေလိုက်သည်။အားဝမ်နှင့် မိုင်စွေ့တို့က သူတို့၏ဝေစုများကို မစားနိုင်တော့သော်လည်း အဖွားကြီး၏အထက်စီးဆန်ဆန် ဖိအားပေးခံနေရ သည်ကို မြင်လိုက်ရသောအခါ သူမ သူတို့အားမျက်‌စိမှိတ်ပြလိုက်ကာ သူတို့အဖေကို စားဖို့ပေးလိုက်ဖို့အတွက် ကိုယ်ဟန်ပြလိုက်သည်။


သူမ၏လှည့်စားတတ်သော အကြည့်‌က ဟန်ချင်စုန့်၏မျက်လုံးထဲသို့ ရောက်သွားကာ သူကတစ်ခနလောက် ထိုအရာကိုကြည့်နေလိုက်မိသည် ။အားဝမ်က မိုင်စွေ့၏ဝေစုကိုလည်း လက်လွှဲယူလိုက်ကာ ဟန်ချင်စုန့်လက်ထဲသို့ တိတ်တဆိတ်ထည့်ပေးလိုက်လေသည်။


ဟန်ချင်စုန့်က လင်းလန်ကိုထပ်ပြီးကြည့်လိုက်သော်လည်း သူကတိတ်တဆိတ်ပင်ယူကာ စားနေလိုက်သည်။


ညစာစားပြီးနောက် ယောက်ျားသားများက အပြင်သို့သွားကြရမည်ဖြစ်ကာ မိန်းမသားများကလည်း အိမ်မှုကိစ္စများနှင့် ကလေးများကို ဂရုစိုက်နေခဲ့ရပေသည်။လင်းလန်က ကလေးများကို အိမ်ပြန်ခေါ်လာလိုက်သည်။လမ်းတွင် သူမက အားဝမ်နှင့်မိုင်စွေ့တို့အား သူတို့၏အကြီးဆုံးအဒေါ် ဘယ်လိုချက်ပြုတ်နေတာလဲ ဆိုသည်ကိုကြည့်ရဖို့ အခွင့်အရေးတစ်ခုရှာခိုင်းလိုက်ပေသည်။


အားဝမ်က ရုတ်တရက်ပင် သူမ၏ရည်ရွယ်ချက်များကို နားလည်သွား၏။


‘‘မား 。。အကြီးဆုံးအဒေါ်က ကျွန်တော်တို့စားဖို့အတွက် မကောင်းတဲ့စားစရာတွေကို တမင်သက်သက်ချက်ပြုတ်ပေးနေတာလို့ တွေးနေတာလား ’’


လင်းလန်က လက်ပြလိုက်ကာ အသံတိုးတိုးဖြင့်ပြောလာလေသည်။


‘‘အဲ့ဒါ နင့်အဒေါ်မဟုတ်ဘူး。。နင့်အဖွားဘဲဖြစ်ရမယ်။ငါထင်တာတော့ သူက ငါတို့အိမ်ခွဲနေတာကိုဒေါသထွက်နေလို့ ငါတို့အတွက်‌စားစရာဝေစုကို ဆက်ပြီးမပေးချင်တော့ဘူးနေမှာ ’’


‘‘တကယ်ကြီးလား 。。အဖွားကအရမ်းဆိုးတာဘဲ’’


စန်းဝမ်က ဘေးကနေ သူတို့၏စကားဝိုင်းထဲသို့ တိုးဝင်လာလေသည်။


‘‘သား တစ်ချက်လောက်သွားကြည့်လိုက်မယ်’’


သူက ခေါင်းလှည့်ကာ ပြေးသွားဖို့ လုပ်လိုက်စဉ် တဝမ်ကနောက်မှဆွဲတာကို ခံလိုက်ရပေသည်။

‘‘အိမ်တံခါးတွေတောင် ပိတ်ပြီးသွားပြီလေ။ဘာလုပ်ဖို့ကြိုးစားနေတာလဲ’’


သူတို့အပြင်ထွက်လာသောအခါ ဒုတိယအန်တီက တံခါးများကို ပိတ်နေပြီဖြစ်သည်။


ထို့နောက် တဝမ်က စန်းဝမ်နှင့်အတူ ထွက်သွားဖို့လုပ်လိုက်သည်။


သူတို့အိမ်သို့ ပြန်ရောက်လာသောအခါ လင်းလန်က ကလေးများအား ကိုယ်လက်ဆေးကြောပေး ရန် လုပ်လိုက်‌သည်။ထို့နောက်သူမက ခြင်ပြေးစေသော အပင်ကိုယူလိုက်ကာ တံခါးနားတွင်ထားလိုက်လေသည်။


သူမက ကလေးများကို အိမ်ထဲသို့ဝင်ရန် ‌ပြောလိုက်ပြီးနောက် ဟန်ချင်စုန့်နှင့် နှစ်ယောက်တည်းစကားပြောနိုင်မည့် အခွင့်အရေးကိုတွေ့လိုက်လေသည်။


‘‘ဒီနှစ်ရက်အတောအတွင်းမှာ စားစရာတွေကဘယ်လိုဆိုတာကို ရှင်တွေ့ပြီးပြီမလား’’


xxxxx