အပိုင်း ၄၉-၅၀
Viewers 24k

Part 49


ဟန်ချင်စုန့်က သူ့ခြေထောက်ကို‌ ရေဖြင့်ဆေးကြောနေလေသည်။


‘‘ဘာဖြစ်လို့လဲ ’’


‘‘ ဘာဖြစ်လို့လဲ ဟုတ်လား။ ရှင်သတိထားမိလားတော့ ကျွန်မမသိဘူး၊ အဓိကမိသားစုကြီးကနေထွက်လာပြီးနောက်မှာ ကျွန်မတို့အိမ်ပြန်လာတိုင်း စားစရာတွေက တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးဆိုးရွားလာတယ်。。ဒီနေ့ဆိုရင် အဓိကဟင်းလျာတွေနေရာမှာ အရံဟင်းလျာတွေနဲ့ အစားထိုးလာတယ်လေ’’


ဟန်ချင်စုန့်က ခနလောက်ပြန်တွေးကြည့်လိုက်သည်။


‘‘ပြောင်းပေါင်မုန့်ကြမ်းက နည်းနည်းတော့မာနေတယ်’’


‘‘နည်းနည်းလေးဘဲ မာ‌တာလား’’


လင်းလန်က ဟန်ချင်စုန့်ကို တစ်ချက်ကြည့်လိုက်ကာ အရာအားလုံးကိုဖြေရှင်းပြလာတော့သည်။


‘‘အဲ့ဒီနှစ်တွေတုန်းကတောင် ရှင့်အမေနဲ့ အခြားသူတွေက ဒီလိုပေါင်မုန့်ကြမ်းမျိုးကို ဘယ်တော့မှစားခဲ့ကြတာမဟုတ်ဘူး ’’


မကျေနပ်မှုများဖြင့် ပြည့်နှက်နေသော သူမ၏အသံကိုကြားလိုက်ရပြီးနောက် ဟန်ချင်စုန့်က သူမဘာပြောချင်နေတာလဲဆိုတာကို နားလည်သွားလေသည်။


‘‘အမေက ဒီလိုအစားအစာမျိုးကို တမင်တကာ ချက်ထားတာလို့ မင်းထင်နေတာလား’’


လင်းလန်က နှာခေါင်းရှူံ့လိုက်သည်။

‘‘ဘာလဲ ၊ရှင်က ဒီလိုဟာမျိုးဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှထင်မထားခဲ့ဘူးမလား ’’


ဟန်ချင်စုန့်က သူ့အမေ၏ အပြုအမူများသည်တချို့တလေတွင် လက်မခံနိုင်စရာဖြစ်သည်ဟုတွေးလိုက်မိကာ မျက်မှောင်ကြုတ်လိုက်သည်။သို့သော်လည်း သူ၏အမေသည်ငတ်မွတ်ခေါင်း ပါးမှုဒဏ်ကို သုံးနှစ်တိုင်တိုင်ခံစားနေခဲ့ရတာကြောင့် ဤကဲ့သို့ပြုမူကာ တောင်းရမ်းပြီး ပိုက်ဆံတစ်ပြားကအစ စုထားတာမျိုးကို လုပ်နိုင်သည်လို့ သူခံစားလိုက်မိသည်။


မည်သို့ပင်ဆိုကာမူ နောက်ဆုံးတွင် ထိုနေ့ည၌ ရှောင်ဝမ်သည် ကြက်ဥကိုစားခဲ့ရပေသည်။


‘‘ကျစ်。。’’


လင်းလန်က မျက်စိလှန်လိုက်မိပေသည်။သူ့မိဘများကို ဘယ်သောအခါမှ မေးခွန်းပြန်မထုတ်တတ်သော ရူးရူးမိုက်မိုက် တာဝန်ကျေနေသည့် သားမှလွဲလျှင် အဖွားကြီးက တမင်သက်သက်လုပ်ထားသည် ‌ဆိုတာကို လူတိုင်းကပြောနိုင်ပေသည်။


‘‘ဒီနှစ်တွေအားလုံးမှာ ရှင်ကအိမ်မှာရှိနေခဲ့တာမဟုတ်တော့ အခြေအနေတွေက ဘယ်လိုဖြစ်နေလဲဆိုတာ ရှင်မသိတာကို ကျွန်မအပြစ်မတင်ဘူး。。ရှင်ကိုယ်တိုင်ဘဲ သွားကြည့်လိုက်ပါ’’


အိမ်နှင့် နေ့တိုင်းနီးပါး‌အဝေးမှာနေရတာကြောင့် သူမသာဆိုလျှင်လည်း သူမ၏အမေကို ကျိုးကြောင်းဆီလျော်စွာပြုမူတတ်သည်ဟု တွေးမိနိုင်ပေသည်။ဒီတစ်ကြိမ်တွင်ရော သူမ၏ကိုယ်ကျင့်စရိုက်ကို သူမမြင်ခဲ့ဘူးလား ။


အဖွားကြီးက သူမပိုက်ဆံလိုချင်တဲ့အချိန်က လွဲလို့ ဟန်ချင်စုန့်အကြောင်းကိုမပြောခဲ့ပေ။သူက အလုပ်အကိုင်ပြောင်းလိုက်ပြီဆိုတာကို သူမကြားကြားပြီးချင်းနောက်မှာတော့ ချက်ချင်းပင် မိသားစုဆီမှ ခွဲထွက်ဖို့သဘောတူလိုက်လေ၏။


သူတို့အိမ်ခွဲနေသောအခါ မိသားစုကြီးက ဘာတစ်ခုမှမပေးခဲ့ပေ။ထိုအစား ဟန်ချင်စုန့်က တစ်စုံတစ်ခုရလာတိုင်း သူမက ပထမဆုံးလာလုယူတတ်ပေသည်။


သိမြင်ချင့်ချိန်တတ်သော ဘယ်လိုလူမျိုးမဆို အဖွားကြီးက ရည်ရွယ်ချက်ရှိရှိလုပ်နေတာကို ပြောနိုင်ပေသည်။


အရင်အချိန်တုန်းကဆိုလျှင် မူလပိုင်ရှင်က အားနည်းကာ ကောင်းကောင်းမတွေးနိုင်ပေ။ထို့ကြောင့် သူမက ဤနားလည်မှုရှိသော ယောက္ခမဟူသည့် ပြဇာတ်အောက်တွင် ကစားခံခဲ့ရကာ အဖွားကြီးက သူမအလိုကျအတိုင်း ကွေးညွတ်စေနိုင်ခဲ့ပေသည်။


သူမက ဟန်ချင်စုန့်နှင့် အဖွားကြီးကဆက်ဆံရေးကို ရန်ဆွ‌ချင်တာမျိုးမဟုတ်ပေ။နောက်ဆုံးတွင် သူတို့က သားအမိတွေဖြစ်နေတုန်းပင်ဖြစ်သည်။သူမက ဒီအတိုင်း သူမနှင့်ကလေးများက ဒီမိသားစုထဲတွင် ဘယ်လိုတောင် မမျှမတ ဆက်ဆံခံနေရသည် ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်စေချင်တာဖြစ်သည်။


ထို့အပြင် ဟန်ချင်စုန့်အား သူ့အမေက သူထင်သလို သူတို့အပေါ် မကောင်းနေဘူးဆိုတာကို မြင်စေချင်ပေသည်။


 မည်သို့ပင်ဆိုစေကာမူ ဟန်ချင်စုန့်က သူမတစ်ယောက်တည်းကသာ ‌ကျိုးကြောင်းမဆီလျော်တတ်တဲ့သူလို့မထင်ခင် အနည်းငယ်သတိဝင်လာနိုင်အောင် လုပ်ပေးဖို့စီစဉ်လိုက်သည်။


နောက်တစ်နေ့တွင် လင်းလန်က အားဝမ်၊မိုင်စွေ့နှင့် ရှောင်ဝမ်တို့နှင့်အတူ တီးတိုးပြောကာ သူတို့အဒေါ်ချက်ပြုတ်တာကို ကြည့်နိုင်ဖို့ နည်းလမ်းရှာခိုင်းလိုက်သည်။


သူတို့က ဒီအကြောင်းကို စန်းဝမ်ကိုပေးမသိပေ။သူက ကိစ္စရပ်များကို ဘယ်လိုသိုဝှက်ထားရလဲဆိုတာ မသိသည့်လူမျိုးဖြစ်နေတာကြောင့်ဖြစ်သည်။ထို့အပြင် သူက တချိန်လုံး တဝမ်စကားကိုဘဲနားထောင်နေတတ်ပေသည်။အကြီးဆုံးကလေးက လင်းလန်အပေါ် မလိုမုန်းထားစိတ်ရှိနေတာကြောင့် သူကိုလည်း ဒီအကြောင်းကိုပေးသိစေ၍မရပေ။


ရလဒ်‌အနေဖြင့် အားဝမ်နှင့် မိုင်စွေ့တို့ အကြိမ်အနည်းငယ်လောက် ထိုအိမ်သို့သွားကြသော်လည်း အကြီးဆုံးအဒေါ်က အခြားအစားအစာကို ချက်ပြုတ်နေတာမျိုး မတွေ့ရပေ။သူတို့၏ ပုံမှန်အစားအစာများ တွင်လည်း ပေါင်မုန့်ကြမ်းကို အစားထိုးထားခဲ့ကြပေသည်။

သူတို့က အခြားကလေးများကိုတောင် မေးမြန်းကြည့်လိုက်သေးသည်။သို့သော်လည်း သူတို့ဘာကိုမှ ရှာမတွေ့ခဲ့ပေ။အစာစားချိန်မဟုတ်သော ဘယ်လိုအချိန်တွင်မဆို အဖွားက သူတို့ကိုဆူငေါက်နေပြီး အလုပ်ပွိုင့်များရဖို့အတွက် မြက်ကိုဘယ်လိုရိတ်ရမလဲဆိုတာကို လမ်းညွန်ပေးနေလေသည်။


ကလေးများအားလုံးက လင်းလန်အတွေးလွန်နေတာသာ ဖြစ်လိမ့်မည်လို့ ထင်လာကြလေ၏။နောက်ဆုံးတွင် လူတိုင်းက တူညီသောအစားအစာကိုသာ စားနေကြရတာဖြစ်သည်။


လင်းလန်ကတော့ ထိုကဲ့သို့ မထင်ပေ။အဖွားကြီး၏ အကျင့်စရိုက်အပေါ် သူမနားလည်မှုအရဆိုလျှင် သူမ၏အင်္ကျီလက်အောက်တွင် တစ်စုံတစ်ခုကတော့ ရှိနေလိမ့်မည်။


အရှေ့ဘက်အခန်းရှိ က‌ရားကြီးနှစ်လုံးက အစေ့အဆန်များဖြင့် ပြည့်နေကာ အခြားအစေ့အဆန်များကို ထည့်ထားသော အခန်းငယ်တစ်ခုလည်းရှိသေး၏။အငယ်ဆုံးအဒေါ်က အိမ်တွင်မရှိတာကြောင့် အဖွားကြီးက ထိုနေရာကို သော့ခတ်ထားပေသည်။သူမတစ်ယောက်တည်းက‌သာ သော့ကိုကိုင်ထားတာကြောင့် အခြားမည်သူကမှ ဝင်ခွင့်မရကြချေ။


တတိယမိသားစုက အိမ်တွင်မရှိနေသောကြောင့် အကြီးဆုံးချွေးမသည် ပြောင်းပေါင်မုန့်ကြမ်း နှင့်ပြောင်းဆန်ကိတ်မုန့်များအပြင် အခြားအစားအစာမျိုးကို ချက်ပြုတ်ဖို့ သေချာပေါက် အခွင့်ကောင်းယူလို့ရပေသည်။ကလေးများကတော့ အဖွားကြီးပြုမူပုံအောက်တွင် မည်သူကများ ပြောရဲပါမည်နည်း။


လင်းလန်က ကလေးများသည် အမေးခံရသောအခါ သူတို့ကတူညီသောအစားအစာကိုသာ စားကြသည်ဟုဖြေရန် သင်ထားခံရတာဖြစ်သည်ဟု ‌ခန့်မှန်းမိပေသည်။ထို့ကြောင့် သူမက တစ်ခနလောက်တွေးကြည့်လိုက်ကာ အကြံတစ်ခုပေါ်လာတော့သည်။


သူမက သူတို့၏လက်ရှိအကြံအစည်ကို အမိဖမ်းပြကာ သူတို့ကိုသူတို့ ဘယ်လိုကာကွယ်ပြောနေမလဲဆိုတာကို သိချင်မိပေသည်။


နောက်တစ်နေ့တွင် သူမက နေမထွက်ခင်အိပ်ရာထလိုက်ကာ ဟန်မိသားစုအိမ်သို့သွားရန် ကုတင်‌ပေါ်မှ ခပ်ဖွဖွဆင်းလိုက်သည်။


အိမ်တံခါးများက ပိတ်ထားပေသည်။


အရင်ဆုံး သူမက အိမ်အနောက်ဘက်ကနေ ခိုးဝင်လိုက်သောအခါ ‌သေချာပေါက်ပင် အကြီး‌ဆုံးယောင်းမက မီး မွှေးနေပြီး လေသံဖြင့်တတွတ်တွတ်ပြောနေတာကို ကြားလိုက်ရလေသည်။


ထို့နောက် သူမက အကြီးဆုံးယောင်းမအော်ပြောလိုက်တာကို ကြားလိုက်ရသည်။


‘‘ကောင်းလျန်၊ ရှောင်ဖု မြန်မြန်လုပ်လေ၊ ကုတင်ပေါ်ကဆင်းလာပြီး ပန်ကိတ်လာစားကြ ။နင်တို့တတိယအဒေါ်နဲ့ သူ့မိသားစုရောက်လာရင် ပေါင်မုန့်ကြမ်းကိုဘဲ စားရတော့မှာနော်’’


သေချာပေါက်ပင် သူတို့ကနောက်ကွယ်တွင် လှည့်ကွက်များ ကစားနေကြပေသည်။


xxxxxxx

Part 50


လင်းလန်က ခနလောက်တွေးလိုက်ကာ အလျင်အမြန်အိမ်သို့ ပြန်လိုက်ပြီး အားဝမ်နှင့်မိုင်စွေ့ကို အတူတူလိုက်လာဖို့ သွားပြန်ခေါ်လိုက်သည် ။


ဟန်ချင်စုန့်က ဟင်းသီးဟင်းရွက်များကို ရေလောင်းဖို့ နိုးနေပြီဖြစ်သည်။သူတို့ ခုန်ပေါက်ပြေးလွှားနေတာကို မြင်လိုက်ရသောအခါ သူကမေးလိုက်လေသည်။


‘‘ဘာတွေလုပ်နေကြတာလဲ။ အားလုံးက ဘာလို့ဒီလောက်အလျင်လိုနေကြတာလဲ’’


လင်းလန်က မျက်ခုံးပင့်ပြလိုက်သည်။


‘‘ရှင့်အတွက် သက်သေရဖို့ ကျွန်မရှာပေးနေတာ’’


သူမက ကြောက်ရွံ့ကာ ရှောင်ဖယ်ထားခံရတာနှင့် ထိုက်တန်အောင် သူတို့လျို့ဝှက်‌လုပ်နေစဉ်တွင် အမိဖမ်းပြလိုက်ချင်ပေသည်။


သူတို့ ဟန်မိသားစုအိမ်သို့ ရောက်လာသောအခါ တံခါးမခေါက်လိုက်ပေ။လင်းလန်က တောင်ဘက်ပိုင်းရှိ အနည်းငယ်နိမ့်နေသောခြံဝန်းနံရံဆီသို့ တိုက်ရိုက်သွားလိုက်သည်။သူမက နံရံပေါ်ကို ကျော်တက်နေစဉ်မှာဘဲ ဒုတိယယောင်းမက ကလေးအနည်းငယ်ကို ပန်ကိတ်များဝေပေးကာ ပြောနေသည်ကို ကြားလိုက်ရပေသည်။


‘‘တစ်ယောက်လောက် အိမ်တံခါးကိုသွားစောင့်လိုက်အုန်း ၊ သူတို့ကိုမြင်တာနဲ့ ဒီအတိုင်းအော်သံတစ်ချက်ပေးလိုက် မြန်မြန်စားကြ’’


လင်းလန်က ဘာမပြောညာမပြောနှင့် အော်ဟစ်လိုက်လေသည်။


‘‘နင်တို့အားလုံးက စားသောက်ပွဲကြီးကျင်းပနေကြတာဘဲ’’


သူမက အသံနက်ကြီးဖြင့် အော်လိုက်ကာ ခြံဝင်းထဲတွင် အပြစ်ရှိစိတ်နှင့် ခိုးဝှက်စားနေကြသော မိန်းမများနှင့် ကလေးများကို ကြောက်လန့်သွားစေပေသည်။ရှောင်ဖုဆိုလျှင် သူ၏ပန်ကိတ်ကို ‌ကြမ်းပြင်ပေါ်သို့တောင် ပစ်ချလိုက်မိသည်။


ဒုတိယယောင်းမက ထိတ်လန့်ကာ သူမလက်ထဲရှိ ဆန်ခြင်းကို လွှတ်ပစ်လိုက်မိမလိုပင် ဖြစ်သွားလေသည်။သူမက လင်းလန်ကို ကြည့်ဖို့ခေါင်းလှည့်လိုက်ကာ သူမနှင့်အကြည့်ချင်းဆုံသွားလေ၏။အချိန်အတော်ကြာသည်ထိတိုင်အောင် သူမက သရဲမြင်လိုက်ရသကဲ့သို့ ကြောက်လန့်သွားမိပေသည်။သူမက လင်းလန်ဒီကိုရောက်လာတာကို မယုံကြည်နိုင်ပေ။


လင်းလန်က ဤမိသားစုထဲတွင် ရိုင်းစိုင်းနေမည့်အစား အေးစက်ပြီးတော့ ခြိမ်းခြောက်နိုင်စွမ်းရှိဖို့လိုပေသည်။ထို့ကြောင့် သူမက လှုပ်ရှားဖို့လိုအပ်လာသောအချိန်တွင် မတွန့်ဆုတ်နေဘဲ လုပ်လိုက်သင့်ပေသည်။


သူမက ခုန်ချလာပြီး ပြေးဝင်လာကာ 

ဒုတိယယောင်းမလက်ထဲတွင်ရှိနေသော ဆန်ခြင်းကို လုယူလိုက်သည်။


‘‘ငါပြောလိုက်မယ်。。。နင်တို့အားလုံးက အထင်ကြီးလောက်စရာပါဘဲ’’


ထိုအချိန်တွင် အားဝမ်နှင့် မိုင်စွေ့တို့ကလည်း နံရံကျော်ကာဝင်လာလေသည်။


‘‘ဟမ့် 。。ဘယ်လိုတောင် အရှက်မရှိတာလဲ’’


ဟန်မိသားစု ဒုတိ‌ယချွေးမ၏ ပထမဆုံးသောတုံ့ပြန်မှုက ဆန်ခြင်းတောင်းကို ပြန်လုဖို့သာဖြစ်သည်။အဘယ့်ကြောင့်ဆို သူမက ဘာကိုမှမစားရသေးပေ။သို့သော် ထိုကဲ့သို့သော တုံ့ပြန်မှုကြောင့် သူမမျက်နှာက နီရဲလာသည်အထိ ‌ရှက်ရွံ့သွားမိပေ၏။တစ်ခနလောက် သူမ ဘာပြောရမည်ကိုမသိတော့ဘဲ နှုတ်ခမ်းများကို ဖိကိုက်‌လိုက်မိသည်။


‘‘တတိယမိသားစု。。。လာလေ လာကြ၊ ဒီနေ့ ငါက စားစရာကိုပိုကောင်းအောင်လုပ်ထားတယ်၊ ကလေးတွေကိုတောင် နင်တို့ကို‌သွားခေါ်ဖို့ ငါပြောနေသေးတယ်’’


ဤလို့ ရှက်ရွံ့စရာ အခြေအနေမျိုးကို အဖွားကြီးဟန်တစ်‌ယောက်သာ လုပ်နိုင်မှာဖြစ်သည်။တကယ်လို့ ဟန်ချင်စုန့် နားဆီသို့သာ သတင်းပြန်ရောက်သွားရင် ဘယ်‌လိုကြောက်ရွံ့ဖွယ်ကောင်းသော အခြေအနေဖြစ်လာမလဲဆိုတာကို မသိပေ။


အဓိကအချက်က သူတို့ တတိယမိသားစုအတွက် ပြင်ဆင်ပေးနေသော အစားအစာများသည် လတ်ဆတ်နေသော ကန်စွန်းဥချိုအရွက်များဖြင့် ပြုလုပ်ထားတာမျိုး လုံးဝမဟုတ်ပေ။ပေါင်မုန့်ကြမ်းအများစုက ယမန်နှစ်က လုပ်ထားခြင်းဖြစ်ကာ ထိုအရာက မည်ကဲ့သို့အရသာရှိနေမည်ဆိုတာကို သူတို့မသိကြပေ။တကယ်တမ်းတွင် ငတ်မွတ်ခေါင်းပါးမှုကို ကြုံတွေ့ခဲ့ရသော ထိုသုံးနှစ်အတွင်းမှာတောင် အဖွားအိုကြီးက ဤကဲ့သို့ပေါင်မုန့်ကြမ်းကို မစားချင်ခဲ့ပေ။


ရလဒ်တစ်ခုအနေဖြင့် အဖွားကြီးက ရိုင်းရိုင်းစိုင်းစိုင်းပြောလာသည်မှာ တကယ်လို့ တတိယမိသားစုကိုသာ အမှန်အတိုင်းပြောပြလိုက်မည်ဆိုလျှင် သူမက ဘယ်သူ့ကိုမှ အစာစားခွင့်ပေးတော့မှာ မဟုတ်ပေ၊ ကလေးများလည်း အပါအဝင်ဖြစ်ပေသည်။


ထို့ကြောင့် ဒုတိယယောင်းမလည်း တိတ်တဆိတ်နေရုံသာ တတ်နိုင်တော့သည်။


သို့သော်လည်း တတိယမိသားစုက နှစ်ရက်အတွင်းမှာပင် အကြံအစည်များကို ဖြတ်မြင်သွားနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။


ဘယ်လိုတောင် ရှက်စရာကောင်းတာလဲ။


အဖွားကြီးဟန်က မီးဖိုကုတင်ပေါ်မှာ ထိုင်ရင်းနှင့်ပင် အော်ပြောလာလေသည်။


‘‘ဘာဖြစ်နေကြတာလဲ။ငါက ထောက်ပံ့သမျှအကုန်လုံးကို သုံးပစ်လိုက်တယ်လို့ထင်နေတာလား။ ပိုက်ဆံကို မိသားစုရဲ့ စားနပ်ရိက္ခာနဲ့ ခွဲတမ်းအတွက် သုံးရမှာဘဲမဟုတ်ဘူးလား။ ဒီတစ်ကြိမ်မှာ ငါက ဘာပိုက်ဆံကိုမှ မရလိုက်ဘူးလေ။ဒီတော့ သေချာပေါက်ကို ငါ့မှာစားစရာရှိမနေဘူး ’’


အဖွားကြီးဟန်က ဟန်မိသားစုထဲတွင် လူတိုင်းက ကိုယ့်‌တာဝန်ကိုယ်ယူရမည်ဟု အမြဲပြောလေ့ရှိပေသည်။သို့သော် အိမ်အပြင်ဘက်တွင် အလုပ်လည်းမလုပ်၊ အိမ်ကိုလည်း ဘာငွေကြေးမှ ထောက်ပံ့လာခြင်းမရှိသော ဦးလေးငယ်နှင့် ဒေါ်လေးငယ်တို့ရှိနေသည်ဆိုတာကို သူမ မမေ့သင့်ပေ။သူတို့၏ အစား‌အသောက်များနှင့် နေထိုင်စရိတ်များက အခြားသူများ  အလုပ်ကြိုးစားကာ ကိုယ်ကာယသုံးရသော အလုပ်များဖြင့် ထောက်ပံ့ပေးထားခြင်းဖြစ်ပေသည်။


မည်သို့ပင်ဆိုကာမူ အဖွားကြီးက သူမ ကလေး၁၁ယောက်တောင် ပြုစုပျိုးထောင်ခဲ့ရသည်ဆိုပြီး ထုတ်ဖော်ပြရတာကို သဘောကျနေပုံပေါ်ပေသည်။


လင်းလန်က သူတို့နှင့် စကားများမနေတော့ပေ။


‘‘ဒါဆိုရင်လည်း စားနပ်ရိက္ခာခွဲတမ်းချ‌ပေး ‌လိုက်လေ。。。အနာဂတ်မှာ ကျွန်မတို့ဘာသာ ချက်ပြုတ်စားမယ်’’


စားနပ်ရိက္ခာများကို ခွဲတမ်းချပေးဖို့ ဖြစ်နိုင်ဖို့ကို တွေးထား၍မရပေ။ အဘယ့်ကြောင့်ဆိုသော် အဖွားကြီးက ဘယ်သောအခါမှ သဘောတူမှာမဟုတ်လို့ပင်ဖြစ်သည်။မည်သို့ပင်ဆိုကာမူ ဤဖြစ်ရပ်က သူမ၏အမှားကြောင့်ဖြစ်သော်လည်း တတိယမိသားစုကို မည်သည့်ရွေးချယ်မှုကိုမှ‌မပေးနိုင်ချေ။


‘‘တကယ်လို့ စားနပ်ရိက္ခာတွေကို ခွဲတမ်းချချင်တယ်ဆိုရင် ဆောင်းရာသီအတွက် ခွဲတမ်းတွေထွက်ပြီးနောက်မှ အဲ့ဒီအကြောင်းပြောကြမယ်။အခုတော့ ငါတို့က အပ်ချည်ကြိုးတစ်ခုထဲနဲ့ တွယ်ခံထားရသလိုဘဲ။ဒီတော့ ဖြန့်ဝေတာနဲ့ပတ်သက်ပြီး ဘာပြောစရာမှရှိမနေဘူး’’


ဟန်မိသားစု၏ အကြီးဆုံးချွေးမက အားလုံးအတူတူစားနိုင်ရန်အတွက် ပန်ကိတ်များကို ချပေးလာလေသည်။သူမက ခေါင်းငုံ့ထားကာ လင်းလန်ကို ကြည့်ရန် ရှက်ရွံ့နေမိသည်။သူမက ထပ်ပြီး ရူးသွပ်သွားကာ သတ်သေသွားမှာကို ကြောက်မိပေသည်။ဟန်ချင်စုန့်သာ ဤအရာကိုမြင်သွားလျှင် သူ့ဇနီးသတ်သေဖို့လုပ်ခဲ့တာတွေက သူ့မိသားစုဝင်များ၏ သူတို့အပေါ် ပြုမူဆက်ဆံမှုကြောင့်ဖြစ်သည်ဟု သေချာပေါက်ထင်သွားမှာဖြစ်သည်။


ဒီအချိန်တွင် အဖိုးကြီးဟန်နှင့် အခြားယောက်ျားများကလည်း အိပ်ရာနိုးလာကြလေသည်။သူတို့က တစ်ယောက်ပြီးတစ်ယောက် ရှက်ရွံ့သွားကာ နေရခက်စွာဖြင့် မတ်တပ်ရပ်နေကြလေသည်။သို့သော် သူတို့ဘာမှမသိသလိုပင် ဟန်ဆောင်နေလိုက်ကြသည်။


အဖိုးကြီးဟန်က စကားပြောလာလေသည်။


‘‘သွားပြီး ကိုယ်ပိုင်လယ်မြေတွေကို ထွန်ယက်ရအောင်’’

သူက ဘေးတွင်ရှိနေသော ပစ္စည်းကိရိယာများကို ညွှန်ပြလိုက်ကာ ချက်ထားသောထမင်းစားဖို့အတွက် စိတ်အနှောင့်အယှက်အဖြစ်မခံနေပေ။


အကြီးဆုံးအကိုကလည်း သူ့အဖေနောက်မှ နီးကပ်စွာပင်လိုက်သွားလေသည်။ သူလည်းဘဲ သူ့ဂုဏ်သိက္ခာကို မဆုံးရှူံးချင်ပေ။


လင်းလန် အပြင်ဘက်ကိုကြည့်လိုက်သောအခါ အားဝမ်က သူမအားအမူအရာလုပ်ပြလာတာကိုတွေ့လိုက်ရလေသည်။ထိုအရာကြောင့် ဟန်ချင်စုန့်က ရှောင်ဝမ်‌ကိုခေါ်ပြီး ရောက်လာတော့မည်ဆိုတာကို သိလိုက်ရပေသည်။


xxxxxxx