Part 53
အကြီးဆုံးချွေးမက အလျင်အမြန်ဘဲ သူမကို ကူညီပေးလိုက်သည်။
‘‘အမေရယ် ဘာတွေတွေးနေတာလဲ၊ ဘယ်သူကမှ အမေ့အပေါ်က အပြစ်မပုံချနေပါဘူး’’
အဖွားကြီးက ဟန်ချင်စုန့်ကိုကြည့်ကာ ပြောလာလေသည်။
‘‘လောင်စန်း ဒီလိုမျိုးက နင်ဘာကိုဆိုလိုချင်တာလဲ။အခုနင်က နင့်အမေကို အပြစ်ရှာနေပြီပေါ့...ငါ့သားရယ် ၊မင်းက အိမ်မှာမိဘတွေကို ပြုစုစောင့်ရှောက်ဖို့မနေဘဲ စစ်တပ်ထဲဝင်သွားရတာ။ဖြစ်နိုင်တာက စစ်တပ်က မင်းကိုဒီလိုအပြုအမူမျိုးသင်ပေးလိုက်တာလား...သားသမီးတာဝန်မကျေပွန်ဖို့လေ... ’’
ဟန်ချင်စုန့် : ‘‘ကျွန်တော် အမေတို့ကို အိမ်မှာမပြုစုပေးနိုင်တာက ရှင်းရှင်းလေးပါဘဲ၊ ကျွန်တော့်ကစစ်တပ်ထဲမှာအမှုထမ်းရမယ်ဆိုတော့ အခြားရွေးချယ်စရာရှိမနေခဲ့လို့လေ။ကျွန်တော်ရဲ့ ထောက်ပံ့ကြေးတွေနဲ့ လစာတွေကို -တပြားမှမချန်ဘဲ အကုန်လုံးကို ဒီကိုပြန်ပို့လိုက်တယ်၊ တစ်ဝက်က မိဘတွေအတွက်၊ကျန်တဲ့တစ်ဝက်က ကျွန်တော့်ဇနီးနဲ့ ကလေးတွေအတွက်ဆိုပြီး... ’’
အကြီးဆုံးက ဒီအခြေအနေကို တည်ငြိမ်သွားအောင် ဖြေရှင်းလာလေသည်။
‘‘အမေ၊ လောင်စန်းအတွက်လည်း မလွယ်ကူခဲ့ပါဘူး။သူက သူ့မိန်းမနဲ့ ကလေးတွေရဲ့ အဝေးမှာနေခဲ့ရတော့ သူတို့က သူနဲ့တောင် မရင်းနှီးတော့တဲ့အထိတောင် ဖြစ်သွားရတယ်လေ။ အမေက ဒီလိုမျိုးဘဲ ဆက်လုပ်နေရင် တကယ်ဘဲ သူ့ကိုနာကျင်သွားစေလိမ့်မယ်...’’
သို့သော်လည်း ဒုတိယချွေးမကတော့ ဒေါသထွက်နေဆဲဖြစ်သည်။
‘‘ငါပြောမယ် လောင်စန်း...အမေက နင့်ကို စစ်မှုထမ်းစေခဲ့လို့များ နာကျည်းနေတာလား။အဖေနဲ့ အမေနှစ်ယောက်လုံးက အိုနေကြပြီလေ၊ပြီးတော့ နင်က သားသမီးတာဝန်ကျေဖို့ ဘယ်တုန်းကမှ အိမ်ပြန်မလာခဲ့ဘူးဆိုတာလဲ အမှန်ဘဲ။ဒါကြောင့် ဘာမှမဆိုင်တာတွေကို လာတူးဖော်နေဖို့မလိုဘူး...’’
လင်းလန်က သူတို့ကိုကြည့်လိုက်ကာ ပြန်ပြောလာလေ၏။
‘‘ယောက္ခမက သူ့ကိုစစ်မှုထမ်းဖို့ လွှတ်လိုက်တာလေ၊ပြီးတော့ သူရသမျှလစာအကုန်လုံးကို မိသားစုကိုထောက်ပံ့ဖို့ သူ့အတွက်တစ်ပြားတောင်မချန်ဘဲ ပြန်ပို့ပေးခဲ့တာ...အဲ့ဒါက တစ်မိသားစုလုံး ဆက်အသက်ရှင်နေနိုင်အောင် ဖြည့်ဆည်းပေးခဲ့တာလို့တောင် ပြောလို့ရတယ်။ဒါကို နင်တို့တွေက ဘာကိုလာပြီးတွက်ချက်နေကြတာလဲ။တကယ်လို့ အကုန်လုံးကိုသာ ပြန်ထည့်ပြောရမယ်ဆိုရင် အစတည်းက သူ့ကိုစစ်မှုမထမ်းခိုင်းလိုက်သင့်ဘူး၊ ဒီလိုဆိုရင်ကောင်းတယ်လေ မဟုတ်ဘူးလား...အခုသူက အလုပ်အကိုင်ပြောင်းလိုက်ပြီဆိုတော့ နင်တို့မျှော်လင့်နေတဲ့ သားသမီးဝတ္တရားကျေပွန်ဖို့ကို သူလုပ်နိုင်တော့မှာ ဟုတ်တယ်မလား...’’
နင်တို့အားလုံးက အကျင့်မကောင်းရတာကို နေသားကျနေကြပြီမလား။နင်တို့ပါးစပ်က ထွက်လာတဲ့ စကားတွေအတိုင်းဆို ငါတို့က ဘာမှန်တာကိုမှ မလုပ်တတ်တဲ့သူလို့ ပုံဖော်လို့ရနေပြီ...
‘‘ဒါနဲ့ ငါနင့်ကိုပြောဖို့မေ့သွားတယ်。。ဒီအိုးက ငါ့ရဲ့ဟာဘဲ...’’
လင်းလန်က အေးစက်စက်နှာခေါင်းရှူံ့လိုက်ကာ ခြင်းတောင်းကို စန်းဝမ်လက်ထဲတွင် ထားလိုက်သည်။သူမက အဝတ်စုတ်ယူဖို့ အခန်းကြီးထဲကိုပြေးသွားလိုက်ကာ အိုးကိုကောက်မလိုက်လေ၏။
‘‘နင်ဘာလုပ်နေတာလဲ...’’
အဖွားကြီးက တုန်လှုပ်သွားကာ ချက်ချင်းပင် သူမကိုတားဖို့ လုပ်လိုက်သည်။
‘‘တတိယမိသားစု အဲ့ဒါကိုချထားလိုက်စမ်း...’’
ဟန်မိသားစု၏ ဒုတိယချွေးမကလည်း စိုးရိမ်တကြီး ပြောလာလေ၏။
ဒီအိုးက နှစ်ကြိမ်လောက်သာ ဖာထေးထားရတာကြောင့် အလွန်ကိုကောင်းသော အခြေအနေတွင်ရှိနေပေသည်။အရင်တုန်းက သုံးခဲ့သောအိုးများသည် ငါးကြိမ်၊ခြောက်ကြိမ်လောက်ထိ ဖာထေးပြုပြင်ထားရတာကြောင့် ရေသာအများကြီးထည့်လိုက်လျှင် စိမ့်ထွက်လာတတ်ပေသည်။ထို့ကြောင့် လင်းလန်က ဒီအိုးကိုသာ ယူပြီးထွက်ပြေးရမည်ဖြစ်သည်။
လင်းလန်က ဒေါသတကြီးပြောလိုက်လေ၏။
‘‘ငါ့ယောက်ျားက ဒီမိသားစုကိုထောက်ပံ့ဖို့ သူ့ပိုက်ဆံတွေအကုန်လုံးကိုသုံးခဲ့တာ。。。နှစ်သစ်ကူးတုန်းက ယောက္ခမက အခြားသူတွေအတွက်ကို ကြက်မလေး၊ငါးကောင်လောက်ပေးခဲ့ပေမယ့် ကျွန်မတို့မိသားစုကိုဆိုရင်တော့ ပေးချင်စိတ်မရှိဘူးလေ။ကျွန်မရဲ့ ကလေးတွေဆို ဖက်ထုပ်တွေကို ဘယ်တော့မှဗိုက်ဝအောင်မစားခဲ့ရဘူး။ ကျွန်မသမီးကိုလည်း အိမ်ဖော်တစ်ယောက်လိုလုပ်ခိုင်းခဲ့သေးတယ်。。。ကျွန်မရဲ့သားဖျားပြီး ကုသဖို့လိုနေတုန်းကလည်း ပိုက်ဆံတစ်ပြားလေးတောင်ပေးလာခဲ့တာမဟုတ်ဘူး။ဒါကြောင့် ကျွန်မကိုရှင်းပြလေ。。。ရှင်ကကျွန်မတို့အတွက်ဘာလုပ်ပေးခဲ့လို့ ကျွန်မက ဂရုစိုက်ပေးနေရမှာလဲ...’’
အဖွားကြီးက အိုးကို လာတောင်းတုန်းကဆိုလျှင် ခေတ်သစ်နေထိုင်မှုစနစ်ဖြင့် နေသားကျနေသော လင်းလန်က သူမ၏အပြုအမူအားစက်ဆုပ်ရွံ့ရှာမိသွားပေသည်။ဤကဲ့သို့ ကျိုးပဲ့နေသာ အိုးကိုတောင် လာတောင်းရတယ်လို့...ဘယ်လိုတောင် အတ္တကြီးတာလဲ။
နောက်ပိုင်းတွင်မှ လင်းလန်က ဤသံအိုးသည် မိသားစုအတွက် အလွန်အရေးကြီးတာကို သိသွားလေ၏။
အချို့လူများသည် သံအိုးအကျိုးအပဲ့ကိုတောင် မပိုင်ဆိုင်သောကြောင့် ချက်ပြုတ်ရန်အတွက် ရွှံ့အိုးနှင့် ရွှံ့ခွက်များကိုသာ သုံးနိုင်ကြပေသည်။
သူမက ဘာလို့သူတို့အတွက် အခွင့်ကောင်းယူခွင့်ပေးလိုက်ရမှာလဲ။သေချာပေါက်ပင် သူမ ထိုအိုးကို ပြန်ယူမှာဖြစ်သည်။
အဖွားကြီးဟန်က သူမကိုတားချင်နေသော်လည်း ရှည်လျားသော ဟန်ချင်စုန့်၏ပုံရိပ်က သူမ၏ရှေ့တွင် ကာရံထားလေ၏။
‘‘ပထမမိသားစု၊ ဒုတိယမိသားစု。。。အဲ့ကောင်မကို ငါ့အတွက်တားပေးကြ...’’
အဖွားကြီးက ဟန်ချင်စုန့်၏ထိန်းထားတာကို ခံရတာကြောင့် သူမလုံးဝကို လှုပ်လို့မရနေပေ။
အကြီးဆုံးချွေးမက ရှက်ရွံ့သွားတော့သည်။ဒုတိယချွေးမက သွားပြန်လုဖို့ လုပ်လိုက်သော်လည်း လင်းလန်က ဆွဲဆိတ်ပြီးလိမ်လိုက်တာကို ခံလိုက်ရလေသည်။သူမက ကြမ်းပြင်ပေါ်တွင် လူးလှိမ့်ကာ နာနာကျင်ကျင် အော်ငိုလာတော့၏။သူမသမီးနှင့် သားများက ကူညီဖို့လာကြလေသည်။ထို့ကြောင့် စန်းဝမ်နှင့် သူ့မောင်နှမများကလည်း အလျင်အမြန်ပြေးလာကြလေ၏။
အရှုပ်အထွေးက ကြီးကြီးကျယ်ကျယ်ဖြစ်လာတော့မှာကို မြင်လိုက်သောအခါ ဟန်ချင်စုန့်က အော်ပြောလာလေသည်။
‘‘ရပ်လိုက်စမ်း’’
သူ့အသံက အားကောင်းပြီး ဆွဲငင်အားအပြည့်ရှိတာကြောင့် ဒေါသတကြီး အော်ဟောက်လာမည်ဆိုလျှင် ထိုအရာက အမိန့်တစ်ခုလိုပင်ဖြစ်ကာ ခြိမ်းခြောက်မှုတစ်စွန်းတစ်စကိုလည်း သယ်ဆောင်ထားပေ၏။
ကလေးများက ရှေ့ကိုဆက်သွားဖို့အတွက် ကြောက်ရွံ့သွားလေသည်။
လင်းလန်က သူမအားကို ထိန်းထားပြီးပြီဖြစ်တာကြောင့် တစ်ချက်တည်းနှင့်ပင် သူမက အိုးကိုဆွဲယူသွားလိုက်နိုင်၏။
အကြီးဆုံးချွေးမ ပန်ကိတ်မလုပ်ခင်တုန်းက သူမက ရေကိုခပ်ထုတ်လိုက်ကာ နောက်မှသောက်ရန် စွပ်ပြုတ်အိုးထဲတွင် ထည့်ထားလိုက်ပေသည်။သူမက ရေတစ်ချို့ထည့်တော့မည် အချိန်မှာဘဲ လင်းလန်က နံရံပေါ်မှ ခုန်ချကာ ဝင်လာခဲ့ခြင်းဖြစ်သည်။
အခုချိန်တွင် အိုးက အေးစက်လုနီးပါးပင် ဖြစ်နေပြီဖြစ်သည်။လင်းလန်က အိုးအပေါ်တွက် လက်နှီးစုတ်တစ်ခုတင်လိုက်ကာ အားစိုက်ထုတ်စရာမလိုဘဲ ဆွဲထုတ်လိုက်နိုင်ပေသည်။
ပေါင်နှစ်ဆယ်လောက်လေးသော အိုးတစ်လုံးကိုဖြစ်သည်。。。
လင်းလန်က အလွန်ကိုဂုဏ်ယူမိသွားလေ၏။
‘‘ခွေးမ အဲ့ဒါကိုချထားလိုက်စမ်း...’’
အဖွားကြီးက သူမနှလုံးသား ဖောက်ထုတ်ခံလိုက်ရသကဲ့သို့ သေတော့မလို အော်ဟစ်လာလေသည်။
အားဝမ်နှင့် အခြားသူများက သူတို့မာမားအား အိုးကိုမဖို့ကူညီရန် အပြေးလာကြလေ၏။
xxxxxx
Part 54
ထိုအချိန်တွင် တဝမ်က အပြင်ဘက်မှ ပြေးဝင်လာလေသည်။သူက တစ်ခနလောက်ကြောင်အသွားကာ အော်ပြောလိုက်လေသည်။
‘‘မင်းတို့အားလုံး ဘာတွေလုပ်နေကြတာလဲ...’’
သူအရင်ဆုံးတွေးထားမိတာက သူ့အမေက မိသားစုကိုအရှက်ခွဲကာ တစ်ကြိမ်ထပ်ပြီးသေဖို့နည်းလမ်းရှာနေသည်ဟူ၍ဖြစ်သည်။သို့သော်လည်း သူအထဲဝင်လာသောအခါ ပြဇာတ်ခင်းနေသောသူက သူ့အမေမဟုတ်ဘဲ အဖွားဖြစ်နေတာကိုတွေ့လိုက်ရ၏။သူမ၏ ရက်စက်ကြမ်းကြုတ်နေသာ အမူအရာကိုသာ သတိထားမိမည်ဆိုလျှင် ဒီတကြိမ်တွင် ဂုဏ်မောက်နေသူမှာ သူ့အမေဖြစ်သည်ဆိုတာကို တွေ့ရပေလိမ့်မည်။
သူမက တကယ်ဘဲ ‘စိတ်ရှည်မှု ’ ဟူသော စကားလုံးကို လေ့လာသင်ယူနိုင်ခဲ့တာကြောင့် သူကြောင်အသွားမိပေသည်။
စန်းဝမ်က သူ့လက်ထဲသို့ပန်ကိတ်ကို ပြွတ်သိပ်ထည့်ပေးလိုက်ကာ ချဲ့ကားပြောလာလေသည်။
‘‘အကိုကြီး အချိန်မှီရောက်လာတာဘဲ ၊ဒီအိုးက သားတို့မိသားစုပိုင်တယ်ဆိုတာကို အခုဘဲသိသွားတာ...’’
‘‘အဓိပ္ပါယ်မရှိတာတွေ。。。မင်းက အဖွားကိုဒေါသထွက်အောင်လုပ်နေတာဘဲ...’’
တဝမ်က တစ်အိမ်လုံးကို တချက်ဝေ့ကြည့်လိုက်ကာ ဟန်ချင်စုန့်မျက်နှာကို အရင်ကြည့်လိုက်ပြီးနောက် လင်းလန်ကိုကြည့်လိုက်သည်။
သူမက ကြက်ပေါက်စလေးတစ်အုပ်ကို ကာကွယ်ပေးနေသော ကြက်မအိုကြီးလိုပင်ဖြစ်နေပေသည်။အကျည်းတန်ကာ စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်ဟု သူမှတ်ယူထားသော မျက်နှာသည် ဒီနေ့တွင် တစ်ချို့တစ်ဝက်က ကြည့်ရအဆင်ပြေနေသလိုပင်။
‘‘မင်းတို့တွေ တော်တော်လေးလွန်သွားပြီ...’’
တဝမ်က နှာခေါင်းရှုံ့လိုက်ကာ အိုးကိုဆွဲလုဖို့ လုပ်လိုက်သည်။
သူကငယ်ရွယ်နေသေးသော်လည်း သူ့ခွန်အားသည် သက်တူရွယ်တူများထက် အားကောင်းနေကာ အိုးကို သိပ်အားမစိုက်ထုတ်လိုက်ရဘဲ လုလိုက်နိုင်ပေသည်။
‘‘ဟဲ့。。ဒါငါတို့အိမ်က အိုးလေ...’’
လင်းလန်က သူအဖွားကြီးကိုကူညီနေသည်ဟု ထင်လိုက်တာကြောင့် ဒေါသတကြီးဖြစ်လာကာ ဤအသုံးမကျ ကောင်စုတ်လေးကို ကန်ထုတ်ပစ်ချင်လာလေသည်။
သူက အိုးကို ပြန်ပေးလိမ့်မည်ဟု လူတိုင်းကထင်ထားကြတာဖြစ်သည်။ထို့ကြောင့် သူက အိုးကိုခေါင်းပေါ်သို့တင်လိုက်ကာ အဖွားကြီးကို ဤသို့ပြောလာမည်ဟု မထင်ထားခဲ့ကြပေ။
‘‘အဖွားရေ နောက်ကျမှ အိုးကိုလာပြန်ပေးတော့မယ်နော်...’’
ထိုသို့ပြောရင်းဖြင့် သူကမည်းတူးနေသော အိုးကိုသယ်ကာ ပြေးထွက်သွားလေ၏။
ကျန်နေသောလူများကို ဆွံ့အသွားအောင် လုပ်နိုင်ခဲ့ပေသည်။
‘‘ငါ့ရဲ့အိုး 。。。’’
အဖွားကြီးက သူမနှလုံးအိမ်ထဲက နှလုံးသားဆွဲထုတ်ခံလိုက်ရသကဲ့သို့ပင် ဝမ်းနည်းနေသောအသံကိုပြုလာလေသည်။
လင်းလန်ကလည်း အလျင်အမြန်ပင် အကြံပေးလိုက်လေသည်။
‘‘ယောက္ခမ。。。ရှင်က ပိုပြီးကြင်နာတတ်ဖို့နဲ့ ပွင့်ပွင့်လင်းလင်းရှိဖို့ လိုတယ်နော်。。。ရှင်ပိုင်တဲ့အရာက ရှင့်ဟာဘဲ၊ ဒါပေမယ့် ရှင့်ဟာမဟုတ်တဲ့ အရာတွေကိုတော့ လိုချင်နေလို့မရဘူးလေ။ဒီအကြံဉာဏ်မျိုးကို တချိန်တုန်းက ယောက္ခမကိုယ်တိုင်ဘဲ ကျွန်မကိုပေးခဲ့တာမလား...’’
မူလကိုယ်ပိုင်ရှင်က သူမဆီမှ ပိုက်ဆံအချို့လိုချင်သောအခါ အဖွားကြီးက ဤကဲ့သို့တုန့်ပြန်ခဲ့တာဖြစ်သည်။ထိုအချိန်တုန်းက သူမကိုယ်သူမ လောကကြီး၏ထိပ်ဆုံးတွင်ရှိနေတာဟု ထင်ကောင်းထင်နိုင်ခဲ့ပေမည်။
‘‘နင်。。နင် ’’
အကြီးဆုံးချွေးမက ခပ်မြန်မြန်ပင် တိုက်တွန်းလိုက်လေသည်။
‘‘အားလုံးပဲ မပြောကြပါနဲ့တော့ ’’
ဟန်မိသားစု၏ ဒုတိယချွေးမကလည်း ငိုယိုနေကာ နောက်တစ်ကြိမ်ထပ်ပြီး ပွက်လောရိုက်နေအောင် လုပ်လာပြန်သည်။
သူတို့စကားများနေသည့် အချိန်၌ ဟန်မိသားစု၏ အကြီးဆုံးအကိုနှင့် ဒုတိယအကိုတို့ ပြန်ရောက်လာကြလေသည်။
ထိုအချိန်တွင် တဝမ်က နောက်ထပ်အိုးတစ်ခုကိုသယ်ကာ ပြန်လာနေတာဖြစ်သည်။ထိုညီအကိုနှစ်ယောက်က သူ့ကို ခပ်ဝေးဝေးကနေ တွေ့လိုက်ကြပေသည်။ထိုအရာက ခပ်ကြီးကြီးအိုးတစ်လုံးတွင် ခြေထောက်ပေါက်နေသကဲ့သို့ပင် အိုး၏အောက်ခြေတွင် ခြေထောက်လေးနှစ်ချောင်းက လျင်လျင်မြန်မြန်ပြေးနေလေသည်။
ဒုတိယအကိုက သိချင်သွား၏။
‘‘အကိုကြီး အဲဒီအိုးကို တစ်ချက်ကြည့်လိုက်အုန်း အိုးရဲ့အောက်မှာ ခြေထောက်နှစ်ချောင်းတွေ့နေရတာလဲ အတော်လေး စိတ်ဝင်စားဖို့ကောင်းသားဘဲနော် မဟုတ်ဘူးလား’’
အကြီးဆုံးအကိုက မေးလိုက်မိသည်။
‘‘ဒီကလေးက ဘယ်လိုမျိုးပါလိမ့်’’
သူပြောလိုက်တာနှင့် တပြိုင်နက် ခေါင်းပေါ်တွင်အိုးကိုသယ်ကာပြေးနေသော တဝမ်လည်း သူတို့နှစ်ယောက်နှင့်နီးလာတာ ကိုမြင်လိုက်လေသည်။
သူက အံအားသင့်သွားသော အော်သံတစ်ခုပြုလိုက်ကာ အိမ်ဆီသို့ သူ့ခြေလှမ်းများကို ပိုမြန်လိုက်တော့သည်။သူက တံခါးအောက်ခြေဘောင်ကိုတောင် ဂရုမစိုက်နိုင်တော့ဘဲ ခလုတ်တိုက်ကာ အိုးကိုပြုတ်ကျလုနီးပါးပင် ဖြစ်သွားလေ၏။
အကြီးဆုံးအကိုက အော်ပြောလိုက်သည်။
‘‘တံခါးအောက်ခြေဘောင်ကို သတိထားလေ’’
တဝမ်က ကိုယ့်ကိုကိုယ် တည်ငြိမ်အောင်ပြန်ထိန်းလိုက်သည်။
‘‘စိတ်မပူပါနဲ့。。ကျွန်တော် ဒီအိုးကိုပေါက်သွားအောင် မလုပ်ပါဘူး’’
သူက အခြားဘယ်သူမှ၏ အကူအညီကိုမယူဘဲ ပင်မအခန်းဆီသို့ပြန်သွားလိုက်သည်။ထို့နောက် သူ့လက်မောင်းများကိုအသုံးပြုကာ အိုးကိုနေရာပြန်ထားဖို့အတွက် တချက်တည်းနှင့် ကောက်မလိုက်ကာလေသည်မှာ သူ့တကိုယ်လုံးများသို့ အလေးချိန်များအားလုံးကျသွားနီးပါးပင်ဖြစ်သွားလေသည်။ကံကောင်းထောက်မစွာဖြင့် သူက သက်တူရွယ်တူများထက် များစွာသန်မာနေပေသည်။မဟုတ်လျှင် သူကလုံးဝကိုဖိနင်းခံလိုက်ရမှာဖြစ်သည်။
အလုပ်ပြီးသွားပြီးနောက် သူကလက်ခုပ်တီးလိုက်သည်။သူ့မျက်နှာတွင် ပြာမှုန့်အနည်းငယ်ရှိနေကာ ငိုယိုနေသော အဖွားအိုကို ပြောလာလေသည်။
‘‘အဖွားရေ ကျွန်တော် အိုးကို မီးဖိုပေါ်မှာ ပြန်တင်ပေးလိုက်ပြီနော်。。ဒါကြောင့် မငိုပါနဲ့တော့
အဖွားပဲပြောဖူးတယ်မဟုတ်ဘူးလား ၊ တချိန်လုံးငိုယိုနေတတ်တဲ့ အရူးတွေဆိုတာက အသုံးမကျဘဲ အသက်ရှင်နေတာ တန်ဖိုးမရှိတဲ့လူတွေလို့ လေ...’’
ပြောပြစရာပင်လိုမနေတော့ချေ။လင်းလန်က ထိုပြောခံနေရသော အရူးဆိုတာ ဘယ်သူလဲဆိုတာကို သိပေသည်။
လင်းလန် : သတိထားနေ ကောင်စုတ်လေး ငါက အငြိုးထားတတ်တဲ့သူနော်။
ညီအကိုနှစ်ယောက်က ပြန်ရောက်လာပြီး ပွက်လောရိုက်နေသည်ကို မြင်သောအခါ ရှော့ရသွားလေသည်။
‘‘အထဲမှာ ဘာတွေဖြစ်နေကြတာလဲ ’’
ဒုတိယချွေးမက အလျင်အမြန်ပြေးလာပြီး မကျေမနပ်တိုင်တန်းကာ *မီးပုံထဲသို့ လောင်စာတချို့ပင် ထပ်လောင်းထည့်လာလေသည်။*သူမက တတိယချွေးမက အိုးကိုဘယ်လိုလုယူသွားပြီး ဟန်ချင်စုန့်ကို စစ်ထဲဝင်စေကာ အထောက်အပံ့ပေးလာတာမျိုးကို ငိုချင်းချသည့်အကြောင်း ပြောလာလေသည်။
(Tn : **အခြေအနေပိုဆိုးလာအောင် ပိုပိုသာသာပြောလိုက်တာမျိုးပါ)
‘‘သူတို့က အိမ်မှာနေပြီး အဖေနဲ့အမေကိုပြုစုရတာကို အရမ်းကိုလွယ်နေတယ်လို့ ထင်နေကြတာလို့ ငါပြောရဲတယ်...တကယ်တမ်းမှာလဲ စစ်သားတစ်ယောက်အဖြစ် အမှုထမ်းရတာက တကယ့်ကိုကောင်းချီးပေးခံရတာမျိုးဘဲ。。。’’
ထိုအရာကိုမြင်ပြီးနောက် သူမက ဟန်ချင်စုန့်က စကားအပြောမတတ်ကာ ယောက်ျားတစ်ယောက်က မျက်မှောင်ကြုတ်ပြီး မိန်းမတစ်ယောက်နှင့် စကားများနေသည်ဟု အဖြူအမဲကို ပြောင်းပြန်လှန်လိုက်တော့၏။လင်းလန်က ဒီလိုဇာတ်ကွက်ပြောင်းပြန်လှန်နေတာမျိုးကို သည်းမခံနိုင်တော့တာကြောင့် ပြန်လည်ချေပလိုက်လေသည်။
‘‘တစ်ချိန်လုံးမှာ ကျွန်မတို့အတွက် ချက်ပြုတ်ပေးနေတာက အကြီးဆုံးယောင်းမပဲ။နင်က စားတာအပြင် အခြားဘာများသိနေသေးလို့လဲ。。တကယ်လို့ အဲ့လိုဆိုရင်ရော နင်အငမ်းမရမျိုချထားတဲ့ ငါတို့ရဲ့စားစရာခွဲတမ်းကိုရော ပြန်ပေးချင်စိတ်ရှိရဲ့လား။သူကရော အိမ်မှာနေပြီးပြုစုဖို့ကို မလုပ်ချင်ခဲ့ဘူးများထင်နေတာလား။ဒီလိုမှမဟုတ်ရင် သူက ဘယ်လိုလုပ်ပြီး ဒီမိသားစုကိုထောက်ပံ့ဖို့ ပိုက်ဆံရှာနိုင်တော့မှာလဲ...’’
လင်းလန်၏ စကားလုံးများကိုကြားသောအခါ ဒုတိယအကိုက သူမ၏စကားပြောပုံနှင့်ပတ်သက်ပြီး မပျော်မရွှင်ဖြစ်သွားလေသည်။
xxxxxx