အပိုင်း ၅၅-၅၆
Viewers 23k

Part 55


‘‘ငါပြောမယ် တတိယမိသားစု。。。နင်တို့က ဘယ်လိုလုပ်ပြီး အဲ့လိုပြောရက်ရတာလဲ၊ နင်ပြောတဲ့အတိုင်းဆို အိမ်မှာနေပြီး အ‌ဖေနဲ့အမေကို စောင့်ရှောက်နေခဲ့တဲ့ ငါနဲ့ အကိုကြီးကမှားနေတယ်လို့ ဆိုလိုတာလား’’


လင်းလန် ပြန်ပြောလိုက်လေ၏။


‘‘ရှင်တို့အကုန်လုံးက မှန်ပါတယ်၊ ကျွန်မတို့ကဘဲမှားတာပါ ဟုတ်ပြီလား။သူက စစ်ထဲမဝင်သွားသင့်ဘူး。。。အိမ်မှာဘဲ လူကြီးတွေကို ပြုစုစောင့်ရှောက်နေသင့်တာ ။ဒီလိုမှသာ သူက ဒီလို‌ဗလာသက်သက် အမုန်းခံနေစရာ လိုတော့မှာမဟုတ်ဘူး’’


ဒီလို‌ဖြစ်နေတာကို ကြည့်ရပုံအရ အားလုံးက ဟန်ချင်စုန့် စစ်ထဲဝင်သွားရတာနှင့် ပတ်သက်ပြီး မကျေမနပ်ဖြစ်နေကြပုံပေါ်ပေသည်။သူတို့အားလုံးက သူအိမ်မှာနေပြီးအလုပ်မလုပ်ကာ တာဝန်ကျေပွန်ခြင်းမရှိဘဲ အကြီးတွေကို မပြုစုတာနှင့် ပတ်သက်ပြီး ဝေဖန်ပြောဆိုနေကြပေသည်။အရေးကြီးဆုံးကတော့ အဖွားကြီးပါးစပ်ကနေ ထွက်လာသည် ညစ်ညစ်ညမ်းညမ်းကျိန်ဆဲသော စကားများကို ကြားနေစရာတောင်မလိုတော့ချေ။


သို့သော် သူက သူ့အကိုများ၏ ကိုယ်စား စစ်မှုထမ်းသွားခဲ့ရသည်ဆိုတာကို လူတိုင်းက ဘာလို့ထုတ်မပြောလာကြတာလဲ။


သူကဒီမှာမရှိနေနိုင်တာက ဒီမိသားစုအသက်ဆက်ရှင်ရန် ထောက်ပံ့ဖို့အတွက် လုပ်အား‌ခတွေစုနေခဲ့ရတာကြောင့်ဆိုတာကိုရော ဘာလို့ ထုတ်ဖော်ပြီးမပြောလာရတာလဲ။


အကြီးဆုံးအကိုက ဤစကားကြောကို ဖျက်ဖို့ ကြိုးစားနေသော်လည်း ဘာကြောင့်မှန်းမသိ သူက အချိန်ကောင်းကိုရှာလို့မရနေပေ။ထို့ကြောင့် လင်းလန်ရပ်လိုက်သောအခါ သူကအလျင်အမြန်ပင် ဖြတ်ပြောလိုက်၏။


‘‘ငါတို့က ဘာလို့ဒါတွေပြောနေကြတာလဲ။ငါတို့က မိသားစုတစ်ခုထဲက ညီအစ်ကိုတွေလေ。。。ဘာလို့ဒီလိုအချင်းချင်း ထိခိုက်စေမယ့် စကားတွေကိုပြောနေကြရတာလဲ’’


‘‘ဘာတွေဖြစ်နေကြတာလဲ ’’


အတွင်းရေးမှူးခေါင်းဆောင်ဖြစ်သော ဟန်ရုန်ဖန်း၏ အသံက အပြင်ဘက်မှ ထွက်ပေါ်လာလေသည်။သူက အစေ့အဆန်အပြည့်ထည့်ထားသော အိတ်တစ်ခုနှင့် ရောက်လာခဲ့ခြင်းဖြစ်သည်။


‘‘အရင်တစ်ခါတုန်းက ချင်စုန့်က သူ့မိသားစုမှာ အစေ့အဆန်တွေပြတ်လပ်နေတယ်ဆိုလို့လေ၊。。。သူ့မိသားစုအတွက် ဆန်တစ်အိတ်လောက်ကို ဆောင်းဝင်တဲ့အထိ ချေးဖို့လိုတယ်ဆိုလို့ ငါယူလာပေးတာ’’


ဟန်ချင်စုန့်က ဟန်ရုန်ဖန်းကို ခေါင်းငြိမ့်ပြလိုက်၏။


‘‘ကျေးဇူးတင်ပါတယ် ဆရာ’’ 


သူက ပြောင်းဆန်အိတ်ကို ယူလိုက်လေသည်။အခြားသူများကို မကြည့်ဘဲ သူကလင်းလန်ကို ပြောလိုက်သည်။


‘‘လာလေ 。。。သွားရအောင်၊ အိမ်ပြန်ပြီးချက်ပြုတ်စားကြမယ်’’


‘‘နင်ဘာလုပ်နေတာလဲ。。。နင်ဘာလုပ်နေတာလဲလို့ နင်ငါတို့ကို ဆန့်ကျင်နေတာမလား ဟုတ်လား...’’


အဖွားကြီးဟန်က ပြင်းထန်စွာအော်ဟစ်လိုက်လေသည်။


အကြီးဆုံးအကိုနှင့် ဒုတိယအကိုတို့လည်း ကြောင်အသွားကြလေသည်။


ဟန်မိသားစု၏ ဒုတိယသားက ဟန်ချင်စုန့်ကို တားလိုက်၏။


‘‘လောင်စန်း。。。မင်းဘာတွေပြောနေတာလဲ၊ ငါတို့ဆောင်းရာသီရိတ်သိမ်းပြီးမှ ဝေစုခွဲမယ်လို့ အမေပြောထားတယ်မဟုတ်ဘူးလား။。。ဘာလို့ အခုတည်းက ‌ခွဲနေကြတာလဲ၊ ဒီလိုနည်းလမ်းနဲ့ အမေ့ရင်ကို ခွဲလိုက်တာလား။သားတစ်ယောက်‌အနေနဲ့ မင်းကဘယ်လိုလုပ်ရက်ရတာလဲ...’’


မိသားစုမှ ခွဲထွက်ခြင်းသည် အလွန်အရေးကြီးသော်လည်း သူတို့က ထိုသို့လုပ်ရန်ဆန္ဒရှိပေသည်။အဘယ်ကြောင့်ဆိုသော် အဖွားကြီးဟန်က ထိုမိန်းမယုတ်အား မိသားစုထဲတွင်မထားချင်သောကြောင့်ဖြစ်သည်။ လောင်စန်း၏ အမုန်းတရားများနှင့် သူ့မိသားစုအရင်းအပေါ်ဦးတည်လာ‌နေသော ဒေါသများကြောင့် ခွဲထုတ်တာမျိုးတော့မဟုတ်ပေ။


(Tn : တကယ်တမ်း အဲ့ဒါက သိပ်မရှင်းဘူး၊ သူတို့အိမ်ခွဲနေသင့်တာက အဖွားကြီးရဲ့ ဆန္ဒကြောင့် ။ဒါပေမယ့် တကယ်တမ်းအိမ်ခွဲလိုက်တာက သူမဆန္ဒကြောင့်မဟုတ်ဘူး။အဲဒါက ဟန်ချင်စုန့်က သူမအပေါ် စိတ်ကုန်သွားလို့ -အကြောင်းရင်းက အရေးကြီးတယ်)


ထိုအကြောင်းရင်းနှစ်ခုလုံးသည် သိသိသာသာပင် ကွာခြားနေပေသည်။အကယ်၍ ကောလဟလများသာ ပြန့်သွားမည်ဆိုလျှင် ဤစကားလုံးများ၏ အရေးပါမှုကလည်း အလွန်ပင် အတိမ်းအစောင်းခံလိုက်လို့မရပေ။


ဘယ်သူကများ သူတို့၏ ဂုဏ်သိက္ခာကို မထိန်းသိမ်းချင်ဘဲနေပါ့မလဲ။ဘာဖြစ်လို့ သူတို့၏အမည်များကို ဒီအတိုင်း ဖျက်စီးခံနိုင်ပါ့မလဲ။


အကြီးဆုံးအကိုကလည်း ထို့နည်းတူပင်ပြောလာ၏။


‘‘လောင်စန်း 。。ဒီလိုမျိုး မလုပ်နဲ့လေ။ မြင်မကောင်းဘူး。。အခြားသူတွေမြင်ရင် ငါတို့ကိုလှောင်ရယ်ကြလိမ့်မယ်。。အတွင်းရေးမှူးခေါင်းဆောင်လည်း ဒီမှာရှိနေတယ်လေ.. ’’


ဟန်ရုန်ဖန်းက ပြောလာလေသည်။


‘‘ငါလုပ်စရာလေးတွေရှိသေးလို့ ငါအရင်ပြန်နှင့်ပြီနော်’’


သူက အံ့အားသင့်ဖွယ်ရောက်လာပြီး အလျင်အမြန်ပင် ပြန်သွားလေသည်။ပြောင်းဆန်အိတ် တစ်အိတ်ကို လာပေးတာကလွဲလို့ သူက ဟန်အိမ်ကို ဘယ်တုန်းကမှ မရောက်ဖူးသလိုပင်ဖြစ်သည်။


ဟန်ချင်စုန့် ပြောလာလေသည်။


‘‘အခု ဟိုမှာ အိုးရှိသွားပြီဆိုတော့ ငါတို့ဘာသာချက်ပြုတ်လို့ရပြီ’’


လင်းလန် သူ့ဆီမှ ပြောင်းဆန်ကို ယူလိုက်၏။ဤအရာသည် သူချေးယူလာသော အရာဖြစ်တာကြောင့် သူအကြွေးဆပ်ရမည့်အရာကို လူတိုင်းက အခွင့်ကောင်းယူကာ လုယူလာတာမျိုးကို ဖြစ်စေ၍မရပေ။


သူမ မသိလိုက်ခင်မှာဘဲ၊ တဝမ်က သူမဆီမှ ပြောင်းဆန်အိတ်ကို ယူလိုက်လေသည်။သူမ ဘာမှမပြောနိုင်သေးခင်မှာဘဲ တဝမ်က အိမ်ကိုအပြေးပြန်သွား၏။အားဝမ်နှင့် မိုင်စွေ့တို့ကလည်း အလျင်အမြန်ပင် သူ့နောက်မှ တကောက်ကောက်လိုက်သွားကြလေသည်။


လင်းလန် ‘‘。。。’’


စန်းဝမ်က ထပ်ပြီးငို‌မနေတော့ပေ။သူ့မျက်နှာမှ မျက်ရည်များကို အင်္ကျီစဖြင့် သုတ်လိုက်ကာ ခြင်းတောင်းထဲရှိ နှစ်ထပ်ပန်ကိတ်များကို ခပ်မြန်မြန်ပင် ထုတ်ပိုးလိုက်သည်။ဤအရသာရှိသော စားကောင်းသောက်ဖွယ်များကို သူ့အင်္ကျီခေါက်လေးထဲတွင် ထည့်လိုက်ကာ အလျင်အမြန်ပင် အကြီးဆုံးအကိုနောက်သို့ လိုက်သွား၏။


လင်းလန်က ရှောင်ဝမ်ကိုခေါ်ထုတ်လာကာ အဖိုးကြီးဟန်နှင့် ဆုံသွားလေ၏။


စင်စစ်အားဖြင့် အဖိုးကြီးပြန်ရောက်နေသည်မှာ တစ်ခနလောက်ကြာနေပြီဖြစ်သည်။သို့သော်သူက အရှက်ရသလိုခံစားနေရတာကြောင့် အပြင်ဘက်တွင်သာ ရပ်နေလိုက်ကာ သူတို့အကြောင်းပြချက်များ ပေးနေကြသောအချိန်တွင် ပေါ်မလာခဲ့ပေ။ထို့အပြင် သူအပြင်မှာရပ်နေသောကြောင့်လည်း ပွစိပွစိလုပ်တတ်သော အိမ်နီးချင်းများကလည်း ဒီကိုလာကာ ပွက်လောရိုက်နေတာကို စောင့်ကြည့်နေတာမျိုးကိုလည်း မလုပ်ရဲကြပေ။


အခုသူက လင်းလန် စားစရာကိုသယ်ပြီး အပြင်ထွက်လာတာကို တွေ့လိုက်သောအခါ သူ့မျက်နှာကို ပြရတော့မည်ဖြစ်သည်။သူက အင်မတန်ဒေါသထွက်နေကာ မကြာမီတွင် တစ်စုံတစ်ယောက်ကို ထရိုက်တော့မည့်ပုံမျိုးပေါက်နေပေသည်။


ဟန်ချင်စုန့်က ထိုနေရာသို့ နှစ်လှမ်း၊သုံးလှမ်းနှင့်ပင် ရောက်လာလေ၏။


အဖိုးကြီးက မည်သူ့ကိုမှ မရိုက်လာပေ။သူက စီးကရက်ဆေးတံကို ခဲထားကာ ဒေါသတကြီးပြောလာလေသည်။


‘‘ဒီလောက်‌ဆို တော်သင့်ပြီ။ ငါတို့မိသားစုကို လှောင်ရယ်စရာမဖြစ်စေနဲ့ 。。。ငါတို့အကုန်လုံးက  တစ်မိသားစုထဲဘဲ၊ ဒီလိုမျိုးတွေက ဘာလုပ်ဖို့လဲ။အနာဂတ်မှာ တတိယမိသားစုကလည်း ငါတို့နဲ့အတူ ချက်ပြုတ်နေပါစေ...’’


အတူတကွ ချက်ပြုတ်မည်ဆိုတာက သိုဝှက်ကာ မသိမသာ တောင်းပန်လိုက်ခြင်းပင်ဖြစ်သည်။အနာဂတ်တွင် လူတိုင်းက တူညီသော အစားအစာကိုသာစားကာ ဒုတိယအစားအစာဟူ၍ ရှိလာမည်မဟုတ်ပေ။မည်သို့ပင် ဆိုကာမူ အကယ်၍ မှားယွင်းနေသောသူများသည် မိဘ‌များဖြစ်နေရင်တောင်မှ သူတို့က ဘယ်တော့မှ သူတို့ကလေးများကို တောင်းပန်ကာ အမှားဝန်ခံရသည့် အခြေအနေထိတော့ လုပ်ကြမှာမဟုတ်ပေ။


xxxxxxx

Part 56


လင်းလန်က အဖိုးကြီး၏ မှောင်မှိုင်းအိုစာနေသော မျက်နှာကိုကြည့်လိုက်သည်။ထိုအရာက အချိန်ကာလတစ်ခုကို ဖြတ်ကျော်လာရသကဲ့သို့ပင်ဖြစ်သည်။ ‌ဘယ်လိုဘဲဖြစ်ဖြစ် သူမတွင် အဖိုးကြီးဟန်နှင့် ပတ်သက်၍ ဆန့်ကျင်ချက်များရှိမနေပေ။ သူက အရည်အချင်းပြည့်ဝသော ရွာသူကြီးဟောင်းတစ်ယောက်ဖြစ်ကာ စကားကိုလည်း များများစားစားမပြောတတ်ပေ။သူက လုံ့လဝီရိယရှိကာ စွမ်းဆောင်ရည်ရှိပေသည်။ထို့အပြင် သူက ကြင်နာတတ်သော လူတစ်ယောက်လည်းဖြစ်၏။ သူကောင်းကောင်းမလုပ်နိုင်ခဲ့သော တစ်ခုတည်းသောအရာမှာ အဖွားကြီးအား  မထိန်းနိုင်ခဲ့တာပင်ဖြစ်သည်။。。。မှန်ပေသည်၊ ထိုအရာကို သူ့မိန်းမကို အရမ်းချစ်ခဲ့လို့ဟူ၍ ပြောင်းပြန်မှတ်ယူ၍လည်း ရပေသည်။


လင်းလန်က အဖိုးကြီး၏ ‌သဘောဆန္ဒအတိုင်း မျောပါလိုက်ပေးတော့အချိန်မှာဘဲ အဖွားကြီးက  အကြီးအကျယ် မှားယွင်းခံထားရသကဲ့သို့ပင် အိမ်ထဲမှာ ပြေးထွက်လာလေသည်။


‘‘ကျွန်မက ‌ယောက္ခမတွေကို ပြုစုလုပ်ကျွေးရတဲ့ ချွေးမဘဝမှာတုန်းက ကျွန်မလည်းပဲ နေ့တိုင်းလိုလို ခံစားရခဲ့တာပါ。。。အဲဒီတော့ရော၊ ဘာဖြစ်လဲ ကျွန်မက ရှင့်ကို တစ်ခုခုကိုမကျေမနပ် လာညည်းညူခဲ့ဖူးလို့လား။ အမယ်လေးတော်。。。’’


ဤသို့ဖြင့် လင်းလန်က ဒီအကျပ်အတည်းမှာ ချောင်ပိတ်မိတာကို ဖြတ်တောက်လို့ရမှာမဟုတ်သေးဘူးလို့ တွေးလိုက်မိကာ သူမက ညင်သာစွာပင်ပြောလိုက်လေ၏။


‘‘အဖေ ပြန်ရောက်လာပြီပဲ。。အခုဘဲ သမီးက ကလေးတွေစားဖို့အတွက် သွားလုပ်တော့မလို့၊ ပြီးရင်လည်း အလုပ်သွားလုပ်ဖို့လိုသေးတယ်。。’’


ထိုသို့ပြောပြီးနောက် လင်းလန်က ရှောင်ဝမ်ကို ခေါ်ကာ ထွက်သွားလေသည်။


သူတို့အားလုံး သွားကြပြီဆိုတာကို မြင်လိုက်ရပြီးနောက် ဟန်ချင်စုန့်လည်း သူ့‌အဖေကို နှုတ်ဆက်လိုက်ကာ အိမ်ပြန်ဖို့လုပ်လိုက်လေသည်။


ဟန်မိသားစု၏အကြီးဆုံးအကိုက သူတို့အဖေမျက်နှာသည် တဖြည်းဖြည်း ပိုပိုပြီး မသာမယာဖြစ်လာသည်ကို မြင်လိုက်ရသောအခါ သူ့ညီအား မိသားစု၏ ဂုဏ်သိက္ခာကို ဂရုစိုက်ရန် သိမ်းသွင်းဖို့ ကြိုးစားလိုက်လေသည်။ဘယ်လိုဘဲဖြစ်ဖြစ် သူတို့ကဒီလိုကြီးသာ ထွက်သွားကြမည်ဆိုလျှင် ဤမိသားစုအတွက် အမှန်တကယ်ပင် အရှက်ရစရာဖြစ်သွားနိုင်ပေသည်။


ဟန်ချင်စုန့်က စိတ်ဓာတ်ခိုင်မာနေသော သူ့မိန်းမနှင့် ကလေးများ၏ နောက်ကျောကိုကြည့်လိုက်ကာ ပြတ်ပြတ်သားသားပင် ပြောလိုက်လေ၏ ။


‘‘အကိုကြီး 。。。ကျွန်တော်လည်း အိမ်ပြန်ပြီး ချက်ပြုတ်လိုက်အုန်းမယ်’’


ထို့နောက်သူလည်း သူ့မိန်းမနှင့် ကလေးများ၏ ပုံရိပ်နောက်သို့ လိုက်သွားလေ၏။


လောင်စန်းက မိန်းမတစ်ယောက်ကို လက်ထပ်လိုက်ပြီးနောက် သူ့မိဘများ၏ ဂုဏ်သိက္ခာကို တောင် ဂရုမစိုက်ဘဲ နေနိုင်သွားမည်ဟု မထင်ထားခဲ့ချေ။အဖွားကြီးက သူမပေါင်ကိုရိုက်လိုက်ကာ အော်ဟစ်ဆူဆဲလိုက်လေသည်။


‘‘သားတစ်ယောက်မွေးထားတာ ဘာသုံးစားလို့ရလဲ。。。လူတွေပြောနေကြတာကတော့ ကလေးတစ်ယောက်မွေးလိုက်တာက လူကို အဖော်ရှိလာစေတယ်တဲ့။ကောင်းပြီလေ。。ငါထင်တာကတော့ အဲ့ဒါကငါ့ကို မြန်မြန်သေသွားအောင်ဘဲ လုပ်လိမ့်မယ်။မိန်းမရသွားတဲ့ မျက်လုံးဖြူဝံပုလွေက အခုတော့ သူ့အမေကိုမေ့သွားပြီပေါ့ သူကငါ့အတွက် အိုးကိုတောင် မထားသွားပေးဘူး。。。’’


‘‘ကောင်းပြီ၊တော်လောက်ပြီ。。。မင်းပြောလို့ပြီးပြီလား’’


အဖိုးကြီးဟန်၏ မျက်နှာက ညှိုးကျနေကာ ကျယ်ကျယ်လောင်လောင် ပြောလာလေသည်။


‘‘တကယ်လို့ မင်းချွေးမကိုသာ မင်းရဲ့မြေးတွေရှေ့မှာ တချိန်လုံး ဒီလိုဟာမျိုးတွေ မပြောစေချင်ရင် ငါမင်းကို ရပ်တန်းကရပ်လိုက်ဖို့ဘဲအကြံပေးလိုက်မယ်。。。’’


သူက ဤသို့ပြောပြီးနောက် ဆေးလိပ်သောက်ရန်အတွက် ပင်မအခန်းကြီးဆီသို့ အလျင်အမြန်ပင် ဝင်သွားလိုက်လေသည်။


အဖိုးကြီးဟန်၏ မိခင်ဆုံးသွားပြီးကတည်းက  သူက သူမအား မည်သည့်အရာကိုမှ ပြင်းပြင်းထန်ထန်ပြောလာခြင်းမရှိတာကြောင့် သူမက အိမ်တွင်ဖြစ်နေသမျှအရာအားလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်ခွင့်ရှိပေသည်။အခုချိန်ကျမှ အဖိုးကြီးက ရုတ်တရက် ခေါင်းမာလာသည်မှာ အဖွားကြီးအား တုန်လှုပ်သွားစေကာ နောက်သို့ဆုတ်သွားစေလေသည်။သို့သော် သူမက အမှားယွင်းခံနေရသလိုပင် ခံစားနေရပေသည်။


အကြီးဆုံးချွေးမက အလွန်ပင် ရှက်ရွံ့သွားကာ သူမ၏ယောက္ခမများကို စကားမများအောင် စည်းရုံးသိမ်းသွင်းနေရင်းဖြင့် အလုပ်များနေလေသည်။


ဒုတိယအကိုနှင့် သူ့မိန်းမတို့က လင်းလန်ကို ကြိမ်းမောင်းလိုက်လေသည်။


‘‘တတိယမိသားစုက ဒီမိန်းမနဲ့ဆိုရင် ဘယ်တော့မှ အေးအေးချမ်းချမ်းကို မနေရဘူး။သူက လောင်စန်းပြန်‌‌လာဖို့ကို ပြင်းပြင်းထန်ထန်လိုချင်နေခဲ့တာ。。အခု သူပြန်ရောက်လာတော့လည်း ငါတို့မိသားစုကနေ ခွဲထွက်သွားတဲ့အထိ သူ့ကိုစိတ်အနှောင့်အယှက် ပေးနေပြန်ပြီ။ဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုရင် ဒီမှာ ရုန်းရင်းဆန်ခတ်တွေ ဖြစ်လာတော့မှာဘဲ ’’


‘‘ငါသိသားပဲ ဟုတ်တယ်မလား 。。အဲ့ကောင်မက ငါ‌တို့အိမ်က အိုးကိုတောင် လုသွားသေးတယ်။ကြည့်ရတာ သူက အမေ့ကို အိုးတွေလဲသွားလို့ အငြိုးထားနေတဲ့ပုံဘဲ’’


‘‘ပြီးတော့ တဝမ်。。အဲ့ဒီ မျက်လုံးဖြူဝံပုလွေလေး。。အမေက သူ့အ‌ပေါ်ဒီလောက်ကောင်းကောင်းဆက်ဆံခဲ့တာတွေက ဘာမှ မဟုတ်တော့ဘူး’’


အကြီးဆုံးအကိုက ပြောလာလေ၏။


‘‘တော်သင့်ပြီ ’’


ဘယ်လိုဘဲဖြစ်ဖြစ် သူတို့အတွက် စားစရာတွေကို လုံးဝခွဲခြားခွဲခြား လုပ်ခဲ့တာကတင် အတော်လေး လွန်နေပြီ။


သူ့အဖေက ပုံရိပ်ကောင်းကို ထိန်းထားချင်တာကို သိတာကြောင့် သူဘဲပြောလိုက်လေသည်။


‘‘ငါတို့စားလို့ပြီးရင် လောင်စန်းအိမ်ကိုသွားပြီးတော့ သူတို့ကို နားလည်မှုမလွဲဖို့ သွားပြောလိုက်ဦးမယ်။。。。မိဘဆိုတာ ကလေးတိုင်းကို မျှမျှတတဘဲဆက်ဆံတာ၊ ငါတို့အားလုံးကလည်း တစ်မိသားစုထဲဘဲ ဘာဖြစ်လို့ စားသောက်ဖို့ကို နှစ်မျိုးလုပ်ရမှာလဲ ’’


ဒုတိယချွေးမ ဟမ့်ခနဲလုပ်ကာ ပြောလာ၏။


‘‘အကိုကြီးက ကျွန်‌မတို့တွေကို လူဆိုးဖြစ်အောင်လုပ်ပြီး လူကောင်းဟန်ဆောင်နေတာလား။မှားတဲ့လူက အဲ့ကောင်မဘဲလေ。。。သူ့ဒုက္ခကို သူရှာလိုက်တာဘဲ’’


အဖိုးကြီးက အခန်းထဲမှနေ၍ သူ့အသံကို မြှင့်ပြောလာလေသည်။


‘‘မိသားစုတစ်ခုလုံးမှာ စားစရာနှစ်မျိုးချက်ဖို့ဆိုပြီး ဒီလိုရူးမိုက်တဲ့အကြံမျိုးကို ဘယ်သူကရလာတာလဲ။ဟမ်。。。ဘယ်သူကများ သူတို့ဝါးနိုင်တာထက် ပိုပြီး စားချင်နေကြတာလဲ...’’


ချွေးမနှစ်ယောက်လုံးက တိတ်သွားကြလေသည်။သိသာစွာပင် ဤအကြံကို ပြုလုပ်ခဲ့သူမှာ အဖွားကြီးသာဖြစ်ပေသည်။


အဖွားကြီးကလည်း အဖိုးကြီးက သူမအပေါ်အပြစ်တင်နေတာကို သိလိုက်ရတာကြောင့် စိတ်မကျေမနပ်နှင့်ပင် သူမပေါင်ကိုရိုက်ချလိုက်သည်။


‘‘ဒုတိယမိသားစု ဒါတွေအကုန် နင်တို့အပြစ်ဘဲ၊ တကယ်လို့ နင်တို့မှာသာ ဒီလိုရူးကြောင်ကြောင် အကြံမျိုးမရှိလာခဲ့ဘူးဆိုရင်。。。’’


‘‘အမေ。。。’’ 


ဟန်မိသားစု၏ ဒုတိယချွေးမက အလွန်ပင် မကျေမနပ်ဖြစ်သွားလေသည်။ဘာလို့ သူမ‌အပေါ်ကိုဘဲ အပြစ်အားလုံးကို ပုံချလိုက်ရတာလဲ။တတိယမိသားစုက ကောင်းကောင်းမွန်မွန်နေရလို့ မကျေမနပ်ညည်းညူနေခဲ့တာက အဖွားကြီးဟန်ဘဲမဟုတ်ဘူးလား。。。သူမကဒီအတိုင်း အဖွားကြီးကို ထောက်ခံပေးပြီး တူညီတဲ့ ဝေဖန်မှုကို ပေးလိုက်ရုံလေးကို。。。


အဲဒါကို ဘာကြောင့် သူမအပေါ်ကိုဘဲ အပြစ်တင်လာရတာလဲ။


‘‘ဟုတ်တယ် အဲ့ဒါကနင်ပဲ。。。ငါက အမေတစ်ယောက်၊ အဖွားတစ်ယောက်လည်းဖြစ်တယ် ဘယ်လိုလုပ်ပြီး ငါ့ကလေးတွေကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံရက်မှာလဲ။。。。ဒီလို ရူးမိုက်တဲ့အကြံဉာဏ်ကိုပေးခဲ့တာ နင်ပဲ... ထားလိုက်ပါ့တော့ ပြသနာရှာမနေတော့နဲ့။ အိမ်မှာစားလို့မကုန်သေးတဲ့ ပြောင်းပေါင်မုန့်ကြမ်းတွေ ရှိသေးသားဘဲ။ အဲ့ဒါတွေအားလုံးကို ဒုတိယမိသားစုကိုဘဲ အပြီးသတ်ခိုင်းလိုက်ပါ ’’


ဒုတိယချွေးမက ကောင်းကင်ကြီးဆီသို့ မျက်နှာမူကာ နှာခေါင်းရှူံ့လိုက်ပြီး အ‌ရှေ့ဘက်ခြံဝင်းဆီသို့ ငိုယိုရန် အပြေးပြန်သွားလေသည်။


xxxxxxx