Part 57
လင်းလန်က ရှောင်ဝမ်အားခေါ်ကာ အမြန်ပင်ပြန်ခဲ့လိုက်သည်။သူတို့က ဘယ်လိုတောင်မြန်မြန်သွားနေကြတာလဲ။သူမက ပင်ပန်းနွမ်းနယ်လာသော်လည်း အိမ်သို့ပြန်ရောက်လာသောအခါ ပျော်ရွှင်သွားလေသည်။
‘‘မာမား သားတို့ဘာသာ ချက်ပြုတ်စားရအောင်လေ’’
ကလေးများက ပျော်ပျော်ရွှင်ရွှင်ပင် စိတ်အားထက်သန်နေကြလေသည်။
‘‘မင်းတို့ရဲ့ အကိုကြီးကရော ဘယ်ရောက်သွားတာလဲ’’
လင်းလန်က အနီးအနားတဝိုက်ကို ပတ်ကြည့်လိုက်သော်လည်း တဝမ်ကိုမတွေ့မိပေ။
ဤကလေးက ဒီနေ့တွင် သူမကို အံ့အားသင့်သွားစေပေသည်။သူမအရင်တုန်းက တွေးထားမိသည်မှာ ထိုကလေးက သူမအားဝေဖန်ပြောဆိုနေသော အဖွားကြီးကိုကူညီလိမ့်မည်ဟူ၍ဖြစ်သည်။သို့သော် မမျှော်လင့်စွာဘဲ သူက သူမဘက်တွင် ရပ်တည်ပေးခဲ့လေသည်။
စန်းဝမ်က သူထုပ်ပိုးထားခဲ့သော ပန်ကိတ်တချို့ကို မီးဖိုပေါ်သို့တင်လိုက်လေသည်။
‘‘အကိုကြီးက အိုးကိုလည်းချပြီးရော ပန်ကိတ်တစ်ခုကိုယူပြီး မြက်ရိတ်ဖို့ထွက်သွားပြီ။သားလည်း ကျန်တဲ့ပန်ကိတ်အကုန်လုံးကို ယူထားလိုက်တယ်。。ဟီးဟီး’’
လင်းလန် : ဒီကလေးက ပုံမှန်ဆိုရင် အဆော့သန်ပေမယ့် သတိလေးတော့ရှိသားဘဲ။ဒါပေမယ့် တဝမ်က သူတို့နဲ့တွေ့ရမှာ ရှက်နေလို့လား 。。。ဒါမှာမဟုတ်၊ သူက အခုထိ ကောင်းကောင်းပြန်အဆင်ပြေချင်စိတ် မရှိသေးလို့များလား။
သူမက ပြောလိုက်လေသည်။
‘‘ပန်ကိတ်နဲ့ အတူစားဖို့ ဟင်းသီးဟင်းရွက် စွတ်ပြုတ်တချို့လုပ်ရအောင်。。。ညနေကျရင် မင်းတို့အတွက် ပေါင်မုန့်ပြားလုပ်ပေးမယ်’’
‘‘ကောင်းတယ် ၊ကောင်းတယ် ’’
ကလေးများက အလွန်ပင် ပျော်ရွှင်သွားကြ၏။
မိုင်စွေ့က အရင်ဦးဆုံးပင် မီးမွေးဖို့အတွက် မြက်ခြောက်တစ်ချို့ယူလိုက်လေသည်။အားဝမ်က အိုးကိုဆေးကြောလိုက်ကာ ရှောင်ဝမ်ကလည်း သူ့မာမား ခေါက်ဆွဲလုပ်လို့ရစေရန် ယောက်ချိုဇွန်းဖြင့် ရေများကို ခပ်ထုတ်ပေးလာလေသည်။
ဤအချိန်တွင် ဟန်ချင်စုန့်က ခြံထဲသို့ဝင်လာခဲ့လေသည်။သူ့လက်ထဲတွင် ပဲစေ့များ၊သခွားသီးနနှစ်လုံး၊ ခရမ်းချိုသီးတစ်လုံးနှင့် ခရမ်းချဉ်သီးနှစ်လုံးတို့ဖြင့် ပြည့်နေ၏။
သူမက သူပြန်ရောက်လာဖို့ကို မမျှော်လင့်ထားခဲ့ပေ။
လင်းလန်က ထိုသို့တွေးမိလိုက်သောအခါ သူမစိတ်ထဲတွင် နေရထိုင်ရခက်သွားလေသည်။သူက အဖွားကြီးကို ချော့မော့ရန် နေခဲ့လိမ့်မည်ဟု သူမတွေးထားခဲ့တာဖြစ်သည်။သူမက လက်ထဲတွင် ဘူးသီးခြောက်ခွက်တစ်လုံးကို ကိုင်ထားပြီး သူ့ကိုနှုတ်ဆက်လိုက်သည်။
‘‘ရှင်ဒီလောက်အများကြီးယူခဲ့တော့ ရှင့်အမေက ရှင်ကိုမဆူဘူးလား...’’
ဟန်ချင်စုန့်က သူမကိုကြည့်လိုက်လေသည်။
‘‘ဒါက ဒုတိယဦးလေးနဲ့ အဒေါ်တို့က ပေးလိုက်တာ’’
အိုးးး ကြည့်ပါအုံး。。。နာမည်ကြီးခြင်းရဲ့ အကျိုးကျေးဇူးတွေဘဲ။ရုပ်ချောတာကလည်း သူ့နေရာနဲ့သူ အကျိုးတော့ရှိသား။
သူမ ထိုအရာများကို ပျော်ပျော်ကြီးပင် ယူလိုက်ကာ ဟန်ချင်စုန့်ကတော့ တွန့်ဆုတ်နေမိလေသည်။
လင်းလန်က သူရှက်ရွံ့နေတာဖြစ်နိုင်သည်ဟု သိလိုက်သည်။
သူမက အဖွားကြီးသည် သူတို့မိသားစုအပေါ် မမျှမတဆက်ဆံသည်ဟု သူ့ကိုပြောခဲ့သော်လည်း သူက သူမစကားများကိုမယုံခဲ့ပေ။သို့သော်လည်း နောက်ဆုံးတွင် သူ့အမေအပေါ် နားလည်ထားမှုလွဲနေခဲ့ကာ တကယ်တမ်းမှားနေခဲ့သူက သူ့အမေပင်ဖြစ်နေသည်ကို သိသွားလေသည်။သူက အရှက်ရသလို ခံစားနေရပေသည်။အဘယ်ကြောင့်ဆိုသော် သူက မည်သည်ကိုမှ မရိပ်ခဲ့မိသောကြောင့် ဖြစ်သည်။
ယောက်ျားများ၏ ကိုယ့်ကိုကိုယ် အလေးထားမှုက မြင့်မားသည့်အချက်အရ ယောက်ျားအများစုထဲမှ အနည်းငယ်သာ သူတို့၏အမှားများကို ဝန်ခံရဲကြပေသည်။
သူမ၏ မူလရည်ရွယ်ချက်က သူ့ကိုအရှက်ရသွားစေဖို့မဟုတ်ပေ။သူမက ဒီအတိုင်း အမှန်တရားကို သိသွားစေချင်တာဖြစ်သည်။သဘာဝအားဖြင့် သူမက ကျိုးကြောင်းမဆီလျော်တာမျိုးမလုပ်ချင်သလို ခင်ပွန်းနှင့် ဇနီးကြားက အဆင်ပြေမှုကို ပိုပြီးတော့ မပြင်းထန်လာစေချင်ပေ။
ထို့အပြင် ဟန်ချင်စုန့်က ဤကဲ့သို့ အဖွားကြီးကို ဆန့်ကျင်လာလိမ့်မည်လို့ သူမ ဘယ်တော့မှ တွေးမထားမိခဲ့ပေ။သူက သဘာဝအားဖြင့် ဤသို့သော လူမျိုးမဟုတ်ပေ။အခုခေတ်ကာလ အချိန်အခါကလည်း ဒီလိုအပြုအမူမျိုးကို သည်းခံတာမျိုးမရှိတာကြောင့် သူမအား အံ့အားသင့်သွားစေပေသည်။
ပုံမှန်အခြေအနေများတွင် မိဘများအား ဤကဲ့သို့ပြောဆိုခဲ့သူများသည် လူထုရှေ့တွင် အတွင်းရေးမှူးခေါင်းဆောင်၏ ဆိုဆုံးမခြင်းကို ခံရမှာဖြစ်သည်။
‘‘လက်သွားဆေးလိုက်အုံး ပြီးရင် ပန်ကိတ်လာစား...’’
ဟန်ချင်စုန့် : ‘‘အဆင်ပြေပါတယ်၊ ကိုယ်လုပ်လိုက်မယ်’’
သူက အသီးအရွက်များကို ဆေးရန် ဘူးသီးခြောက်ခွက်ကို ယူလိုက်ပြီး လင်းလန်ကိုပေးဖို့ အဆင့်သင့်ဖြစ်သွားသောအခါ သူက ညင်သာစွာပြောလိုက်လေသည်။
‘‘ဒါတွေအားလုံးက ကိုယ့်အမှားကြောင့်ပါ’’
လင်းလန်က ခေါင်းငုံ့ကာ အသီးအရွက်များကို လှီးလိုက်သည်။
‘‘ကျွန်မတို့က ဒီအတိုင်း ဘဝမှာကောင်းကောင်းနေရဖို့ ကြိုးစားနေကြတဲ့ မိသားစုလေးတစ်ခုပါဘဲ။ဒါကြောင့် ဘယ်သူ့အမှားကြောင့်ဆိုပြီး အပြစ်တွေမရှာကြရအောင်။。。。ရှင်က အနာဂတ်မှာ ကလေးတွေအတွက်ကို တွေးပေးပြီး သူတို့ကို ဂရုစိုက်ပေးရင် ကျွန်မလည်းဘဲ ဘယ်သူကမှားတယ်၊မှန်တယ်ဆိုပြီး ပြောနေမှာမဟုတ်ဘူး’’
ဤအဖြစ်အပျက်မတိုင်ခင်ကတည်းက သူမက အိုးကိုအိမ်ပြန်ယူဖို့ နည်းလမ်းရှာနေခဲ့တာဖြစ်သည်။လင်းလန်က ဟန်ချင်စုန့်သည် သူမအားဆန့်ကျင်ကာ ဒေါသထွက်လာလိမ့်မည်ဟု ထင်ထားခဲ့တာဖြစ်သည်။ဘယ်သူကများ သူတို့၏အမေရင်းကို ဒီလိုမျိုး စိတ်ဆိုးလိမ့်မည်ဟု ထင်ထားခဲ့မှာလဲ။
ယခုလိုအနေအထားအရဆိုလျှင် အခြေအနေက အလွန်မျှော်လင့်ချက်မဲ့နေတာတော့ မဟုတ်ပေ။
ဟန်ချင်စုန့်လည်း ခေါင်းညိတ်လိုက်လေသည်။
‘‘ကိုယ် နားလည်ပါပြီ’’
အခုသူပြန်ရောက်လာမှတော့ သူ့ဇနီးနှင့် ကလေးများကို ကာကွယ်စောင့်ရှောက်ရမည်ဟု တွေးလိုက်သည်။သူတို့က အေးချမ်းသောဘဝမျိုးမှာ နေနိုင်ရန်ကို သူ သေချာအောင်လုပ်ရပေမည်။
မိုင်စွေ့က ရေနွေးတည်ထားလိုက်ကာ အဖုံးဖွင့်လိုက်၏။
‘‘မာမား ရေနွေးတည်လို့ပြီးသွားပြီ.."
လင်းလန်က သန်မာကြံ့ခိုင်စေသော ခရမ်းချဉ်သီးစွတ်ပြုတ်လုပ်ရန် အလျင်အမြန်ပင် ခရမ်းချဉ်သီးများကို ပစ်ထည့်လိုက်သည်။ကံမကောင်းစွာဖြင့် အိမ်တွင် ဆီနှင့် ကြက်ဥများတော့ ရှိမနေပေ။
ထို့သို့ဆိုလျှင်တောင်မှ ကလေးများက အလွန်ပင် ပျော်ရွှင်နေကြလေသည်။အကြောင်းမူကား ၎င်းသည် သူတို့ဘာသာချက်ပြုတ်စားနိုင်သော ပထမဆုံးသော အစားအစာပင် ဖြစ်သောကြောင့်ဖြစ်သည်။
စွပ်ပြုတ်အိုးထဲတွင် ခရမ်းချဉ်သီးမှ ထွက်လာသော ရွှေနီရောင် ခရမ်းချဉ်သီးဆီများ ဝေ့တက်လာလေသည်။စွပ်ပြုတ်ထဲတွင် အဖြူရောင်၊အနီရောင်နှင့် အစိမ်းရောင်အရာတချို့လည်းရောယှက်နေကာ ကြက်သွန်နီများလည်း ပါရှိပေသည်။ကြက်ဥများမပါလျှင်တောင်မှ စွပ်ပြုတ်၏အရောင်အဆင်းက အလွန်ပင်လှပနေကာ စားချင်စဖွယ်ပင်ဖြစ်လေသည်။
‘‘အရသာရှိတယ်。。。မာမားချက်တာက စားလို့ကောင်းတယ်’’
‘‘အကြီးဆုံးအဒေါ်ချက်တာထက်တောင် ပိုစားကောင်းတယ်...’’
လင်းလန်က မိခင်တစ်ယောက်၏ ကြင်နာမှုကိုဆင်မြန်းကာ ပြုံးလိုက်လေသည်။
‘‘အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့လေ၊ တကယ်တော့ မင်းတို့အဒေါ်ရဲ့ ဟင်းချက်လက်ရာက အရမ်းကောင်းတာ’’
ဒီအတိုင်း.. သူမက လက်ရာ အစစ်အမှန်ကို ဘယ်တော့မှ ထုတ်မပြခဲ့ရုံသာဖြစ်သည်။
စားသောက်ကြပြီးနောက် အလျင်အမြန်ပင် အလုပ်လုပ်ကြလေ၏။ကလေးများက မြက်ရိတ်ရန်သွားကြကာ သူတို့အိမ်တွင်မွေးထားသော ဘဲပေါက်လေးများလည်း ရှိတာကြောင့် လင်းလန်က သူတို့စားဖို့အတွက် နူးညံ့သော ဟင်းရွက်ရိုင်းတစ်ချို့ကို ရဖို့လိုလေသည်။
xxxxxxx
Part 58
နေ့လယ်ခင်းတွင် လင်းလန်က အလုပ်ကို အပြီးသတ်တော့မည့် အချိန်တွင် အကြီးဆုံးယောင်းမက ရောက်လာကာ လင်းလန်ကို လာရှာလေသည်။
‘‘မောင်လေးနဲ့ ညီမလေးရေ အိမ်ပြန်လာပြီး ငါ့နဲ့ချက်ပြုတ်ရအောင်。。。အဖေက ဒါကို ပြောခိုင်းလိုက်တာ’’
လင်းလန်က သူမ၏ဆန္ဒများကို လွယ်လွယ်လေး သဘောမတူလိုက်နိုင်ပေ။
‘‘ယောင်းမကလည်း ကျွန်မကဘယ်လိုလုပ်ပြီး ချက်လို့ ရပါ့မလဲ ၊မနက်တုန်းကဆို ကလေးတွေအတွက် ဖြူဖပ်ဖြူရော်ဖြစ်နေတဲ့ ခရမ်းချဉ်သီးစွပ်ပြုတ်ကိုဘဲ လုပ်ပေးလိုက်နိုင်တာ။အဲ့ဒါက သေချာပေါက်ကို ကယ်တင်လို့ကိုမရတော့ဘူး’’
‘‘ကောင်းပြီလေ。。。အဲ့ဒါက ငါလုပ်တာထက်တော့ ပိုကောင်းနေပါသေးတယ်။ စိတ်မပူပါနဲ့。。ငါလုပ်နိုင်တဲ့ ပမာဏကိုငါသိပါတယ်။ ဒါဆိုရင် မြန်မြန်လေးသွားပြီးတော့ အချိန်သိပ်မကုန်တဲ့ စားစရာတချို့လုပ်ကြရအောင်’’
မိသားစု၏ အကြီးဆုံးချွေးမအနေဖြင့် သူမသည် မိသားစုအတွင်း မျှခြေတည့်အောင် လုပ်ကာ ရန်ဖြစ်စကားများမှုများကို ညှိနှိုင်းဖြေရှင်းပေးရမည့် တာဝန်ရှိပေသည်။သူမအနေဖြင့် အဖွားကြီးပေးလာသောတာဝန်များကို ရဲရဲဝံ့ဝံ့လုပ်ကိုင်ပေးရုံသာ တတ်နိုင်ပေသည်။
လင်းလန်က လမ်းကြောင်းလွှဲနေဆဲဖြစ်ကာ အပြုံးတစ်ခုနှင့် ပြောလာ၏။
‘‘အကြီးဆုံးယောင်းမ အဲဒါအတွက်စိတ်မပူပါနဲ့။ ကျွန်မမှာ မနက်တည်းက ပြင်ဆင်ထားခဲ့တဲ့ ပြောင်းဆန်မှုန့်တချို့လည်းရှိနေသေးတယ်။ 。。တကယ်လို့ ကျွန်မသာ အခုချိန်မှာ သူတို့ကိုမသုံးလိုက်ဖူးဆိုရင် သိုးသွားမှာ စိုးရတယ်။ဒါကြောင့် ကျွန်မ အဲဒါတွေကို လိုလိုမယ်မယ် ပြန်နွေးထားရမယ်...’’
အကြီးဆုံးချွေးမက သူမအားဆုတ်ကိုင်လိုက်ကာ တောင်းဆိုချက်တစ်ခုနှင့် အသနားခံလာလေသည်။
‘‘ယောင်းမရယ်。。လုပ်ပါနော်။ အမေနဲ့ပြိုင်ပြီး စိတ်ဆိုးမနေပါနဲ့တော့ ငါတောင်းဆိုနေတာပါ ။。。。ဘယ်လိုလုပ်ပြီး လူငယ်တွေက မိဘတွေနဲ့ ယှဉ်ပြီး ဒေါသထွက်ရတာလဲ။* မိသားစုဆိုတာ စကားနှစ်မျိုးမပြောသင့်ဘူး* ဟုတ်တယ်。。ငါတို့အမေက လောကကြီးမှာ အမျှတဆုံး၊ အစစ်မှန်ဆုံးသော လူတော့မဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်လိုဘဲဖြစ်ဖြစ်လေ。。。သူက ငါတို့ထက် အသက်ကြီးတာကြောင့် သူ့အပေါ်စိတ်မဆိုးသင့်ဘူး။တကယ်လို့ အမေကသာ ဒါကိုပွက်လောရိုက်အောင်လုပ်လိုက်ရင် ညီအစ်ကိုသုံးယောက်ရဲ့ ဂုဏ်သတင်းကလည်း ကောင်းတော့မှာ မဟုတ်ဘူး’’
(Tn :**ဆိုလိုချင်တာက မိသားစုဆိုတာ တညီတညွတ်ထဲရှိနေသင့်တယ်။ တမိသားစုထဲမှာ စကားနှစ်မျိုးဆိုတာက တစ်ယောက်က အခြားသူရဲ့ လျို့ဝှက်ရာမှာ တမျိုးပြောနေမယ်ဆိုရင် မိသားစုဝင်အချင်းချင်းစိတ်ဝမ်းကွဲလာလိမ့်မယ်လို့ ပြောချင်တာပါ’’
သူမပြောလာသော ပုံစံသည် ဖြစ်သွားခဲ့သော ဖြစ်ကြောင်းကုန်စင်များကို ပြောင်းလဲတာမျိုးကို ဆိုလိုပေသည်။
လင်းလန် ပြန်ပြောလိုက်၏။
‘‘ယောင်းမ 。。。တချို့အရာတွေနဲ့ ပတ်သက်ပြီး ကျွန်မတကယ်ကို ဒေါသထွက်မိတယ်။ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်မက နာမည်ဆိုးနဲ့ကျော်ကြားတဲ့ မိန်းမယုတ်ဖြစ်နေပြီဆိုမှတော့ ကျွန်မပုံရိပ်ကို ကောင်းအောင်လုပ်ဖို့အတွက်လေးနဲ့ ကျွန်မကိုခံစားရစေတဲ့သူတွေကို ချမ်းသာပေးမှာမဟုတ်ဘူး။ ကျွန်မ တည့်တိုးဘဲ ပြောလိုက်တော့မယ်。。。ကျွန်မက ဒီအတိုင်းဘဲ မိသားစုကနေ ခွဲထွက်ချင်တယ်။ပြီးတော့ အခြားပြသနာတွေ၊ ဘယ်သူမှရဲ့ ကြားဝင်နှောင့်ယှက်တာမျိုးကို မလိုချင်ဘဲ ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ချက်ချချင်တယ်။ ဒီလိုအခွင့်ကောင်းကို ရနေမှတော့ ဘာလို့မယူဘဲနေရမှာလဲ။ ဟုတ်တယ်မလား ယောင်းမ’’
အကြီးဆုံးယောင်းမက ခါးသီးစွာပင် ပြုံးလာလေသည်။
မိသားစုမှ ခွဲထွက်တာနှင့် ပတ်သက်ပြီး သူမက ကောင်းကောင်းသိကာ 。。。ဘယ်သူထက်မဆို သူမက ကာလကြာရှည်စွာ စောင့်မျှော်နေခဲ့ရတာဖြစ်သည်။
သို့သော်လည်း အကြီးဆုံးသားနှင့် ချွေးမအနေဖြင့် လူကြီးများက အထူးတလည်ပင် အငယ်များကို အိမ်မှာထားချင်သောကြောင့် အကြီးများကို ခွဲနေခိုင်းတာကလွဲလျှင် ယေဘုယျအားဖြင့် လက်ရှိဓလေ့ထုံးတမ်းများအရ အကြီးဆုံးလူများသည် မိဘများကို ပြုစုစောင့်ရှောက်ပေးရမည့် တာဝန်ရှိပေသည်။ဘယ်လိုလုပ်ပြီး ဤကဲ့သို့အရာကို သူမက အကြံပေးရဲမှာတဲ့လဲ။
အကယ်၍ သူမသာ ဤကဲ့သို့သော တစ်စုံတစ်ခုပြောလိုက်မည်ဆိုလျှင် ဟန်မိသားစု၏ သားအကြီးဆုံးသည် ချက်ချင်းပင် သူမနှင့် ဆန့်ကျင်ဘက်တွင် ရပ်တည်သွားပေလိမ့်မည်။သူ၏ ရိုးသားသော အပြင်ပန်းပုံစံကြောင့် အရူးလုပ်မခံသင့်ပေ။ တကယ်တမ်းတွင် သူက ကောင်းကောင်းမွန်မွန်ပြုမူတတ်သော လောင်စန်းနှင့် ယှဉ်လျှင် အများကြီးကွာခြားပေသည်။
လင်းလန်က သူမအား လွတ်မြောက်စေချင်ပေသည်။သူတို့မိသားစု ထိုအိမ်ထဲတွင်ချောင်ပိတ်ခံခဲ့ရစဉ်က အကြီးဆုံးယောင်းမသည် သူတို့ကို အများအပြားပင်ကူညီခဲ့ဖူးတာကြောင့် သူမအား ခက်ခဲအောင်မလုပ်ချင်ပေ။
ထို့နောက် ယောင်းမနှင့်အတူ ပြန်လိုက်သွားလိုက်၏။သို့သော် သူတို့မိသားစုထဲတွင် ဆုံးဖြတ်ချက်ချနိုင်သော သူမ၏နေရာကိုတော့ ပြန်လျှော့ချလိုက်ရန် အစီအစဉ်မရှိပေ။
လင်းလန်နှင့် အကြီးဆုံးယောင်းမတို့က အိမ်ထဲသို့ဝင်လာခဲ့ကြသည်။ယောက်ျားသားများက အိမ်သို့ပြန်မရောက်သေးကာ သူတို့၏ဒုတိယယောင်းမက မာကြောကာ ကြမ်းထော်နေသော ပေါင်မုန့်ကြမ်းပိုင်းအား တတိတိကိုက်နေတာကို မြင်လိုက်ရလေသည်။သူမ ပေါင်မုန့်ကြမ်းကို ကိုက်လိုက်တိုင်း မျက်ရည်နှင့် နှာရည်များကစီးကျနေကာ သူမ၏အခုအခြေအနေအပေါ် မကျေမနပ်ဖြစ်နေတာကို ဖော်ပြနေလေ၏။
လင်းလန် ပြုံးလိုက်ကာ ထင်မြင်ချက်ပေးလာလေသည်။
‘‘ဒုတိယယောင်းမ 。。。ရှင်က ပေါင်းထားတဲ့ ပေါင်မုန့်ကြမ်းကို ဒီလောက်တောင် ကြိုက်တယ်ဆိုတာကို ကျွန်မလဲ မသိခဲ့ရပါလား’’
ဤနေ့ရက်များတွင် လင်းလန်က ပေါင်းထားသော ပေါင်မုန့်ကြမ်းကို တစ်ကိုက်လေးတောင်မစားခဲ့ဖူးပေ။ထို့ကြောင့် ဒုတိယယောင်းမ အခုချိန်တွင် ပေါင်မုန့်ကြမ်းများကို အဘယ်ကြောင့်စားနေရသည်ဆိုတာကို သိချင်မိပေသည်။ထိုသူမက သူ့ကို ပိုးသတ်ဆေးအရသာဘယ်လိုလဲဟု မေးခဲ့သည်ကို တွေးလိုက်မိကာ。。သူမကလည်း ရုတ်တရက်ကြီးဘာလို့ ပေါင်မုန့်ကြမ်းတွေကို စားနေရသည်ဆိုတာကို မေးချင်မိတာမျိုးက ရိုင်းပြတာမျိုးမဟုတ်လောက်ပေ။
ဒုတိယယောင်းမက သူမအားဒေါသတကြီး စိုက်ကြည့်လာကာ မျက်စံလှန်လိုက်ပြီး ဘာမှမပြောလာပေ။သူမက ပေါင်မုန့်ကြမ်းကိုသာ တကြွပ်ကြွပ်ဆက်ဝါးနေလေသည်။ထိုအရာက သူမက အသားတစ်ပိုင်းကို တစ်စစီကိုက်ဖြတ်နေသကဲ့သို့ပင် ဖြစ်သည်။
လင်းလန်က ချက်ပြုတ်ရန် မသွားပေ။သူမ၏ ဒီဘဝတွင် သေချာပေါက်ကို အဖွားကြီးအတွက် စစားစရာ ထပ်ချက်ပေးတာမျိုး လုပ်တော့မှာမဟုတ်ပေ။
လင်းလန်က အရှေ့ဘက်အခန်းဆီသို့ တိုက်ရိုက်သွားလိုက်သည်။
အဖွားကြီးက သူမကျောတွင် ဆေးကပ်ခွာတစ်ခုကပ်ထားကာ。。。 သူမဘဝလောက်ဆိုးရွားတာမရှိတော့ပေ。。သားကတာဝန်မသိတတ်ကာ သူ့ချွေးမကလည်း ကြောက်စရာကောင်းသော မိန်းမဖြစ်နေသည်ဟု သက်ပြင်းချနေလေသည်။
လင်းလန်က အဖွားကြီးကို တစ်ချက်ကြည့်လိုက်ကာ ၊သူမ၏လိမ်လည်လှည့်စားနေသော အသွင်ပြင်အား ဗြုန်းစားပင် ထိုးဖောက်ကြည့်လာလေသည်။
‘‘ကျွန်မပြောမယ် အဖွားကြီး。。ရှင်ထပ်ပြီး ဟန်ဆောင်ပြနေဖို့ မလိုတော့ဘူး။ကောင်းကင်ကြီးကို ဖွင့်ပြီး ပွင့်ပွင့်လင်းလင်းဘဲ ပြောကြရအောင်။ ဒီတကြိမ်မှာ ရှင်ဘာပဲ လုပ်လာပါစေ 。。ကျွန်မက ဘယ်တော့မှ သတ်သေပြီး ကိုယ့်ကိုကိုယ်ထိခိုက်အောင်လုပ်ဖို့ နည်းလမ်းရှာတော့မှာ မဟုတ်ဘူး။တကယ်လို့ ရှင်သာကျွန်မကို မပျော်မရွှင်ဖြစ်အောင်လုပ်ရင် ကျွန်မကလည်း ရှင့်ကို တူညီတဲ့အရာကိုဘဲ ပြန်ခံစားစေရလိမ့်မယ်။。。。တကယ်လို့ ကျွန်မက အခက်ခဲတွေကြုံပြီး ရုန်းကန်းနေရရင်တောင်မှ အနည်းဆုံးတော့ ကိုယ့်ဘာသာကိုယ် သက်တောင့်သက်သာစားနိုင်သေးတယ်။ဒါ့အပြင် ကျွန်မရဲ့ မိသားစုက ဘယ်တော့မှ ဗိုက်မပြည့်နိုင်ဘဲ ညဘက်မှာ နွေးနွေးထွေးထွေးမနေရတဲ့ အိမ်မျိုးမှာလဲ မနေရတော့ဘူး။ရှင် မျက်စောင်းထိုးပြီး အကြောင်းရင်းမခိုင်လုံဘဲ ဒေါသထွက်လာတာမျိုးကိုလည်း ဖြေရှင်းနေစရာမလိုတော့ဘူး’’
အဖွားကြီးဟန်က ဒေါသဖြင့် တုန်ရင်လာလေသည်။
‘‘နင်。。。နင်’’
xxxxxxx