အပိုင်း ၅၉-၆၀
Viewers 20k

Part 59


အဖွားကြီးက သူမနှင့် ပြန်ငြင်းခုံချင်သော်လည်း အခွင့်ရေးရှာ၍မရပေ ။


သဘာဝကျစွာပင် လင်းလန်၏ နည်းလမ်းကျကာ တိကျပြတ်သားသော ငြင်းခုန်ချက်များက မျက်စောင်းထိုးကာ သားသမီးဝတ္တရား မကျေပွန်ဟုသာ နင်း ပြောနေတတ်သော အဖွားကြီးနှင့်ကွာခြားပေသည်။သူမကဆက်ပြောလိုက်၏ ။


‘‘မိသားစုထဲက ခွဲထွက်ပြီးသွားပြီဆိုမှတော့ အမှတ်ပွိုင့်တွေကိုလည်း ရှင်းလင်းပြတ်သားတဲ့နည်းနဲ့ ဖြေရှင်းသင့်ပြီ။ဟင်းရွက်ခွဲတမ်းတွေ၊ အစေ့အဆန်‌၊ အိမ်သုံးပစ္စည်း၊ ပြီးတော့ မိသားစုရဲ့ စုဆောင်းငွေရောဘဲ။အိုးးးနောက်ပြီးတော့ ကျွန်မတို့ရဲ့ ဝေစုတွေကိုလည်း သေချာပေါက်ပြန်ယူရလိမ့်မယ်။ တကယ်လို့ကျွန်မတို့သာ ဒါကိုမရလာဘူးဆိုရင်  ရှင်က ဆောင်းရာသီ‌ရိတ်သိမ်းပြီးရင် ဒီထက်ပိုများတဲ့ ပမာဏကိုပေးရလိမ့်မယ်’’


‘‘နင်。。。နင်က လူကြီးကိုတောင်ဂရုမစိုက်တော့ဘူး’’

အဖွားကြီးက ပြင်းထန်စွာ အော်ပြောလိုက်လေသည်။


သဘာဝကျစွာဘဲ လင်းလန်က သူမ၏ တည်ငြိမ်နေသာ အရှိန်ဟုန်ကို အဖွားကြီးအားနှောင့်ယှက်ခွင့်ပေးလာမှာ မဟုတ်ပေ။ထို့ကြောင့် သူမက ဆက်ပြောလိုက်လေသည်။


‘‘ပြီးတော့ ကျွန်မကလေးတွေရဲ့ အဖေဆီက ထောက်ပံ့လာတာတွေရောဘဲ။ရှင့်မှာ အနည်းဆုံးတော့ ဒေါ်လာ ၁၈၀၀လောက်တော့ ကျန်နေဦးမယ်လို့ ခန့်မှန်းရတာဘဲ။ အငယ်ဆုံးဦးလေးနဲ့ အဒေါ်တို့ ကျောင်းတက်ဖို့ အတွက်ပေးလိုက်ရတယ်လို့တော့ မပြောလာနဲ့။ ဂရုကိုမစိုက်ဘူး。。。ကျွန်မတို့မှာ လူကြီးနှစ်ယောက်ကို စောင့်ရှောက်ဖို့ဘဲ တာဝန်ရှိတာ。。。အသုံးမဝင်တဲ့ သောက်ကလေးနှစ်ကောင်ရဲ့ နေထိုင်စားသောက်စရိတ်တွေကို ထောက်ပံ့ပေးဖို့မလိုဘူး။ကျွန်မတို့မှာ ပိုက်ဆံမရှိလို့ ကိုယ့်ကလေးအရင်းတွေက ဗိုက်မဝခဲ့သလို နွေးနွေးထွေးထွေးလည်း မနေခဲ့ရဘူး。。。ကျောင်းလည်း မတက်ဖူးသလို နေမကောင်းရင်တောင် ဘယ်တုန်းကမှ ဆရာဝန်ပြခွင့်မရခဲ့ကြဘူး။ဒါဆိုရင် ဘာကြောင့် အခြားသူတွေရဲ့ ကလေးကို ဂရုစိုက်ပေးနေရမှာလဲ။အနည်းဆုံးတော့ ရှင့်လက်ထဲမှာရှိနေတဲ့ထဲက ၃၀၀လောက်ကိုတော့ ပေးရမယ်’’


‘‘အိပ်မက်မက်နေလိုက်။ ထွက်သွား。。ထွက်သွားစမ်း’’


အဖွားကြီးက ရူးသွားတော့မလိုပင် ဖြစ်လာလေသည်။


ဒုတိယချွေးမက ပေါင်မုန့်ကြမ်းကို ကိုင်ထားရင်း ဆွံ့အနေမိလေသည်။အစက သူမလင်းလန်ကို ရိုင်းရိုင်းစိုင်းစိုင်းပြောလိုက်ချင်သော်လည်း အဲ့ဒီတတိယချွေးမက စကားကိုအထစ်အငေါ့မရှိပြောသွားတာကို မြင်လိုက်ရသောအခါ ဝင်ပြောဖို့ မေ့သွားလေသည်။ဘုရားရေ。。。ဒီမိန်းမပျက်က မြေအောက်လောကဘုရင်နဲ့ ပါးစပ်ချင်းလဲလာတာဘဲ ဖြစ်ရမယ်။


ဟန်မိသားစု၏ ဒုတိယချွေးမက ဘေးဘက်တွင် ‌တိတ်တဆိတ်အတွေးလွန်နေလေ၏။မူလက သူမပါးစပ်ဖွင့်ကာ လင်းလန်ပြောလာသမျှကို အတိုက်အခံ ပြန်ပြောချင်သော်လည်း ရုတ်တရက်ပင် သူမစိတ်က အလုပ်မလုပ်တော့ကာ ဘာပြောရမှန်းလဲ မသိတော့ပေ။


ပုံမှန်ဆိုလျှင် မိန်းမပျက်၏ ပါးစပ်မှ စကားလုံးများက ဖြစ်ကတတ်ဆန်းနိုင်ပေသည်။ထို့ကြောင့် သူမက လျှာစောင်းထက်လာကာ သူမဝန်းကျင်မှ လူများအားလုံးကို အနိုင်ယူလိုက်သည်မှာ ထိတ်လန့်စရာကောင်းပေသည်။


သူမပြောသွားသော စကားလုံးများကို နားထောင်ကြည့်လိုက်သောအခါ ပြောသမျှအားလုံးသည် အချိန်အကြာကြီးကတည်းက ဒုတိယချွေးမတွေးနေခဲ့ကာ သူမ၏ အ‌နေအထားကြောင့် မပြောခဲ့ရသည်များပင်ဖြစ်ပေသည်။


သူမက ဘာပြောရမလဲဆိုတာ ဘယ်လိုသိတော့မှာလဲ။


စကားလုံးတိုင်းသည် သူမရင်ထဲတွင် ပြောခဲ့ဖူးသည်များဖြစ်သည်။


အဲ့ဒါအမှန်ဘဲ။ငါတို့က ဘာလို့အသုံးမဝင်တဲ့ အဲ့ဒီသောက်ကလေးနှစ်ကောင်ကို ဂရုစိုက်ပေးရမှာလဲ။


အငယ်ဆုံးဦးလေးနှင့် အဒေါ်တို့သည် ကျောင်းတက်နေကြသည်ဟူ၍ အယောင်ဆောင်မှုအောက်တွင် အမြဲတမ်းပုန်းကွယ်နေတတ်ကြပေသည်။သို့သော် ဤအရာသည် ဆင်ခြေဆင်လက်ပေးသော အဓိပ္ပါယ်မရှိသည့် စကားများသာဖြစ်သည်။အကယ်၍ သူတို့က ကျောင်းစာမှာ မတော်ဘူးဆိုရင် ဘာလို့လေ့လာနေအုန်းမှာလဲ။


‘‘တကယ်လို့ ‌ရှင်သဘောမတူဘူးဆိုရင်。。အတွင်းရေးမှူးခေါင်းဆောင်ကို စီရင်ပေးဖို့ တောင်းဆိုလိုက်မယ်။ သူက ကျွန်မတို့ကိုလွန်ခဲ့တဲ့နှစ်အနည်းငယ်က ဖြစ်ခဲ့သမျှအဖြစ်အပျက်တစ်ခုချင်းဆီကို သေချာပြန်ရှင်းပြခိုင်းလိမ့်မယ်။ 。。。တစ်ခုပြီးတစ်ခု အသေးစိတ်ကျကျ အားလုံးကို ရေတွက်ကြည့်ရအောင်。。 ရှင်ဘယ်လို ‌လွတ်အောင်ရှောင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့။ ရှင့်ကလေးတွေကို ပြုစုပျိုးထောင်ချင်တယ်မလား၊ ဘာအခွင့်အရေးမှ မရစေရဘူး။ ကျွန်မမှာ အခုထိကောင်းကောင်း မကျွေးမွေးမစောင့်ရှောက်ရသေးတဲ့ ကလေးငါးယောက်တောင်ရှိနေသေးတယ်’’


အဖွားကြီးက သူမရင်ဘတ်ကို စတင်ထုရိုက်လာကာ သူမနှလုံးသားက အလွန်ပင် ထိုးခုန်နေသည်ဟု ခံစားလာရ၏။


လူတိုင်းက သူမ၏ဤသို့သော အပြုအမူကို ရေတွက်နိုင်သည်ထက်ပိုကာ မြင်ခဲ့ဖူးပေသည်။အဖွားကြီးက သူ့ပြိုင်ဘက်ကို ယုတ္တိကျကျ 

အနိုင်မယူနိုင်တော့သောအခါ သူမက အမှန်တကယ်ပင် ဒေါသထွက်နေသကဲ့သို့ပင် ဤနည်းလမ်းမျိုးကို လုပ်ပြလာလိမ့်မည်ဖြစ်သည်။


လင်းလန်က စိတ်အနှောင့်အယှက်ဖြစ်မသွားပေ။

‘‘ကျွန်မပြောစရာ တစ်ခုကျန်သေးတယ်။ မိသားစုခွဲလိုက်ပြီဆိုမှတော့ ကျွန်မတို့က လူကြီးတွေကို ပြုစုစောင့်ရှောက်ပေးရမယ့် တာဝန်ကို ငြင်းဆန်မှာမဟုတ်ဘူး။ဒါပေမယ့်စေ့စေ့စပ်စပ် ဆွေးနွေးကြည့်ရမယ်ဆိုရင်。。。ဘယ်အရွယ်လောက်မှာ ကျွန်မတို့စပြုစုသင့်တာလဲ။ညီအကိုလေးယောက်က ရှင့်ကို ဘယ်လိုစောင့်ရှောက်ကြမှာလဲ။。。。သူတို့က တစ်ယောက်တစ်လှည့် ကိုယ်စားပြုပြီးစောင့်ရှောက်ကြမှာလား။ ဒါပေမယ့်လည်း အခြားညီအကိုတွေ အိမ်မခွဲခင်တုန်းက ကျွန်မတို့က ပိုက်ဆံတစ်ပြား၊ အစေ့အဆန်တစ်ခုလောက်တောင် ရခဲ့တာမဟုတ်ဘူး။နောက်ဆုံးမှာတော့ ကျွန်မတို့က အဲ့ဒါမျိုးကို လူကြီးတွေကို ပြုစုစောင့်ရှောက်တယ်လို့ ယူဆလို့ရသလားမသိနိုင်ဘူးနော်။ သိကြလား’’


လင်းလန်က သူမကိုဒေါသဖြစ်စေသော တရားခံကို စိုက်ကြည့်လိုက်သည်။


အငယ်ဆုံးဦးလေးနှင့် အဒေါ်တို့သည် သူတို့တတိယအကို၏ပိုက်ဆံများကို လွတ်လွတ်လပ်လပ်ပင် သုံးနေခဲ့ကြလေသည်။သို့သော်လည်း အဆုံးကျဘာဖြစ်သွားသလဲ။ သူတို့က ကျေးဇူးမတင်ရုံတင်မကဘဲ သူတို့ကိုထောက်ပံ့တာက ဖြစ်သင့်သည်ဟူ၍ပါ မှတ်ယူသွားကြလေသည်။တတိယအကို အလုပ်ပြောင်းကာ သူတို့၏နေထိုင်စရိတ်များကို မထောက်ပံ့တော့သောအခါ သူ့ကိုညံ့ဖျင်းကာ အရည်အချင်းမရှိဟုဆိုကာ ချက်ချင်းပင် မကျေမနပ်ဖြစ်သွားကြလေသည်။


ဤအရာများအားလုံးသည် သွေးကြောထဲအထိ တူနေကြတာမျိုးဖြစ်သည်။


မူလဇာတ်ကြောင်းအရဆိုလျှင် အငယ်ဆုံးအဒေါ်က မိုင်စွေ့အား အခိုင်းအစေတစ်ယောက်လို အသုံးပြုခဲ့ပြီး စိတ်ကြီးဝင်ကာ လှည့်ဖျားတတ်ဖို့ သင်ပေးခဲ့လေသည်။မူလကိုယ်ပိုင်ရှင်က နားမလည်နိုင်ဘဲ ဒါကကောင်းသောအရာလားဆိုတာတောင် မသိပေ။ထို့နောက် တဝမ်ကလည်း သူ မနာလိုဖြစ်သောဘဝမျိုးတွင်နေရသော သူ့ဦးလေးနောက်ကိုလိုက်သွားလေသည်။သူက စက်ဘီးစီးကာ စစ်စိမ်းရောင်ယူနီဖောင်းကိုဝတ်ပြီး သူ့ကိုယ်သူ အဓိကမင်းသားကဲ့သို့ မှတ်ယူထားလေသည်။သို့သော်လည်း နောက်ဆုံးတွင်ဖြစ်လာသည်မှာ သူက မသိမိုက်မဲစွာပင် ရန်ပွဲများထဲသို့ ပါသွားလေသည်။


ဤသို့သာမဟုတ်လျှင်  အရည်အချင်းမရှိသော တောသူမတစ်ယောက်ဖြစ်သည့် မူလကိုယ်သည်  ဘယ်လိုလုပ်ပြီး သူ့ကလေးများကို ထိုသို့ဖြစ်အောင် သင်နိုင်ပါ့မလဲ။


ရွာထဲရှိ အလိုလိုက်ကာ အချစ်ခံရသော ကလေးများသည် အလုပ်ကို လေးလေးနက်နက် မလုပ်တတ်ဘဲ ပျင်းရိနေဖို့ နည်းလမ်းရှာတတ်ကြလေသည်။ဒီလိုကလေးများက သူတို့လောကကြီးကိုမြင်နိုင်သော မြို့ပေါ်သို့ရောက်သွားသည်နှင့် အခြားသူများကြောင့် လမ်းမှားရောက်ကာ မလိမ့်တပတ်လုပ်တတ်သော လူအများစု ဖြစ်လာကြ၏။


xxxxxx

Chapter 60


ယခုကိစ္စမတိုင်မှီက လင်းလန်သည် မူလကိုယ်၏ကလေးတွေနှင့် ရင်းနှီးမူမရှိသေးဘဲ သူမရှင်သန်နိုင်ဖို့အရေးသာလုံးပန်းနေခဲ့ရသည် ။ ယခုမူ  အဖွားကြီးဟန်၏ ဘက်လိုက်ကာမမျှတမူတွေက အရမ်းလွန်လွန်းနေသောကြောင့် လင်းလန်အရမ်းဒေါသထွက်နေသည် ။ 


သူမကသေချာပေါက်ကို အနာဂတ်အတွက်တိုက်ခိုက်ရမည်သာမက အတိတ်ကရပိုင်ခွင့်များကိုပါသေချာပေါက် ပြန်လည်ရယူရမည်ဖြစ်သည် ။


အဖွားကြီးဟန်အား အားရပါးရပြန်လည်ပြောဆိုပြီးသည့်နောက်တွင် လင်းလန်သည် ရေပူစမ်းတွင်စိမ်နေရသကဲ့သို့ ပေါ့ပါးနေကာ အရမ်းကိုအားရကျေနပ်နေတော့သည် ။ 


အဖွားကြီးဟန်က  ပြစ်တင်ပြောဆိုကာ ကျိန်ဆိုနေပါသော်လည်း လင်းလန်က နည်းနည်းလေးမျှပင်ဂရုမစိုက်ချေ ။ သူမက သီချင်းလေးပင်ခပ်တိုးတိုးညည်းနေပြီး လက်ပြကာထွက်သွားလေသည် ။


အဖွားကြီးဟန်က ဒေါသထွက်လွန်း၍ အနွေးအိပ်ရာပေါ်မှာတောင် ထိုင်မနေနိုင်တော့ဘဲ လန်လင်းကိုလက်ညိုးထိုးကာကျိန်ဆဲနေတော့သည် ။


လန်လင်းက ဒုတိယချွေးမကို ပြုံးပြီးကြည့်ကာပြောလိုက်သည် ။


" ဖြည်းဖြည်းစားနော်ယောင်းမ နင်နေပါဦးမယ်..

 "


သူမအိမ်တံခါးဝသို့ရောက်သည့်အခါမှာတော့ အားဝမ်က တံခါးဝကနေအိမ်ထဲကို စပ်စုစွာခေါင်းပြူကြည့်နေပြီး မိုင်စွေ့က အားဝမ်နဲ့နှင့်အတူ ခြံဝန်းထဲတွင်ဆော့ကစားနေခဲ့သည် ။ သူမအပြင်ထွက်လာသည်နှင့် ကလေးအားလုံးက သူမကို တစ်ပြိုင်နက်တည်းကြည့်နေကြသည် ။


ဝါး.....တကယ်ကြီး အဖွား ကိုဆူနိုင်တဲ့သူရှိသေးတာဘဲ!


လန်လင်းက သူမကလေးတွေရဲ့ သူမအပေါ်အထင်ကြီးနေမူကိုမြင်လိုက်ရသောကြောင့် ရင်ထဲနွေးသွားကာပြောလိုက်သည် ။


" အဆင်ပြေသွားပါပြီ လာကြ အိမ်ပြန်ပြီးပန်ကိတ်စားကြရအောင်... "


လင်းလန်က ကလေးတွေကို သူမနှင့်အတူအိမ်ပြန်ခေါ်သွားသည်အား ဟန်ချင်းစုန့် သိလျှင်သူမကို ရန်လာတွေ့မည်လောသိချင်မိသည် ။


ထားလိုက်ပါ တော့!  သူ့ကို လွှတ်ထားတာဘဲကောင်းတယ်!


သူမဘာသာအေးဆေးနေသရွေ့ ဟန်ချင်းစုန့် ရဲ့ လျှာစောင်းထက်မူကြီးက သူမအားမထိခိုက်စေနိုင်ပေ ။


အားဝမ်က ကောက်ရိုးပုံနောက်တွင် ပုန်းနေသည့်တဝမ်အားတွေ့ကာ အော်ပြောလိုက်သည် ။


" အစ်ကိုကြီး ဘာလို့ ပုန်းနေတာလဲ "


တဝမ် ကျိန်ဆဲလိုက်မိသည် ။


ငါဘာမှမမြင်ရဘူး ၊ ငါပုန်းနေတာ ၊ ငါဘယ်ရောက်နေတာလဲ ၊ ငါ့ကိုမိသွားပြီ ..


လင်းလန်  " ..."


သူမက သစ်ပင်နောက်တွင်ပုန်းနေသည့် တဝမ် အားအော်ပြောလိုက်သည် ။


" တဝမ် အိမ်ပြန်ပြီးထမင်းစားကြမယ် "


သစ်ပင်နောက်မှ သဘောတူလား မတူလား မသဲကွဲသည့်အသံလေးသာထွက်ပေါ်လာခဲ့သည် ။ လင်းလန်က သူမရဲ့ကလေးတွေအား အတင်းတွန်းအားမပေးချင်ပေ ။


" စန်းဝမ်ဘယ်မှာလဲ ။ သူမြစ်ဘက်ကိုထပ်သွားပြန်ပြီးလား ။ တဝမ် သူ့ကိုလိုက်ရှာပြီး ပြန်ခေါ်လာခဲ့ချည် နောက်ထပ်လဲလျှောက်မသွားဖို့ သေချာစောင့်ကြည့်ထား.. " 


စန်းဝမ်က ရေနှင့်ဆော့နေရရင် အပျော်လွန်နေပြီး အရာအားလုံးမေ့သွားကာ အိမ်ပြန်ရောက်ရင်တော့ဘယ်လို ဖြေရှင်းရမလဲမသိပေ ။


အိမ်ပြန်လမ်းတွင် မိုင်စွေ့က အပြုံးလေးဖြင့်ပြောလာသည်။


" မားမား သမီးအရမ်းရှက်တာဘဲ "


အားဝမ် ကလဲသူ့နူတ်ခမ်းကိုသပ်ကာ ပြန်ပြောသည် ။


" သူ့မှာ ကိုယ့်ကိုယ်ကို ယုံကြည်မူမရှိဘဲ အားငယ်နေတတ်တယ် "


" မင်းတို့ရဲ့ အကိုကြီးကိုအဲ့လိုမပြောရဘူး မင်းတို့အကိုကအရမ်းကို လိမ္မာတဲ့ကလေးဘဲ သူက အိမ်ကိုအိုးတစ်လုံးတောင်ပြန်ယူလာနိုင်တယ် ။


ရှောင်ဝမ် ကလည်းအားရပါးရထောက်ခံပြောဆိုသည် ။


" ဆန်ခေါက်ဆွဲတွေလဲ ပါသေးတယ် "


တဝမ်က သူမရဲ့ပြောင်းလဲမူကိုတိတ်တဆိတ်စောင့်ကြည့်နေတာကို လင်းလန် သိသည့်အခါ အံ့သြသွားရသည် ။


ဒီကလေးကတော့လေ!


သူမအိမ်ပြန်ရောက်တဲ့အခါ မီးဖိုထဲတွင် ဆီပုလင်း ၊ ကြက်ဥနှစ်လုံး နှင့် ဟင်းသီးဟင်းရွက် တစ်ခြင်းကိုတွေ့လိုက်ရသည် ။ အိမ်ပြင်ဘက်သို့လှမ်းကြည့်သည့်အခါ ဘယ်သူ့ကိုမှမတွေ့ရသော်လည်း ဟန်ချင်းစုန့် လာထားသွားတာဖြစ်ကြောင်းသိပြီးဖြစ်သည် ။ 


" ပန်ကိတ်တွေ " 


ကလေးများက အစားအသောက်ကြောင့်ပျော်ရွှင်ကာ ကခုန်နေကြသည် ။ လင်းလန်က ကလေးတွေကို ပြုံးကာပြောလိုက်သည် ။


" ဒီနေ့ကြက်ဥမွှေကြော်စားကြမယ် ပန်ကိတ်တွေ ကတော့ အရံအနေနဲ့ဘဲစားရမယ် "


လင်းလန်ရဲ့ ဟင်းချက်လက်ရာက အရမ်းအကောင်းကြီးမဟုတ်သော်လည်း ကလေးတွေအတွက် အရသာရှိတဲ့အဆာပြေမုန့်တွေလုပ်ရာမှာတော့အရမ်းကျွမ်းကျင်သည် ။


သူမကကြက်ဥ နှစ်လုံးကိုခွဲကာ ဆားနှင့် ဟင်းခတ်အမွှေးအကြိုင်အနည်းငယ်တို့ဖြင့်ခေါက်လိုက်ပြီး ဆီတစ်စွန်းထည့်ကာ ဒယ်အိုးကိုအပူပေးပြီး စတင်ကြော်ခဲ့သည် ။


ဒါပေမဲ့ အိုးအောက်ခြေမှာ ဆီအရမ်းနည်းနေတာကိုတွေ့သည်နှင့် လင်းလန်က ဆီပုလင်းကိုယူကာ ပုလင်းလိုက်လောင်းထည့်တော့သည် ။


ကလေးများ "..."


ကလေးတွေအားလုံးက အံ့သြလွန်း၍ ပါးစပ်ပင်မစိနိုင်တော့ပေ ။


ရှောင်ဝမ်က မီးဖိုနားသို့ ကုတ်တက်လာကာ အိုးထဲငုံ့ကြည့်ပြီး ပြောလိုက်သည် ။


" ဆီတွေကများလွန်းလို့ မှန်တောင်ကြည့်လို့ရတော့မယ် " 


ရှောင်ဝမ်ကအရိပ်ထင်နေသည်အားကြည့်ကာ သွားများကိုဖြဲလိုက်စိလိုက်လုပ်နေသည် ။ တဝမ်က ရှောင်ဝမ် အားမီးဖိုပေါ်ကဆွဲချကာပြောလိုက်သည် ။


" မင်းသရေတွေ ဟင်းအိုးထဲကျကုန်တော့မှာဘဲ "


" မားမား ဒီဆီလောက်ဆိုရင် အဒေါ်နှစ်ဝက်လောက်ဟင်းချက်လို့ရတယ် "


ညီမဟန်က ဟင်းချက်ရင်ဘယ်တော့မှဆီအများကြီးမသုံးပေ ။ သူမက ဆီစက်အနည်းငယ်နှင့်ချက်ပြုတ်ရန် ဆားရည်ကိုသာသုံးသည် ။ 


လင်းလန် ကအနည်းငယ်ရှက်သွားသည် ။ သူမကပါဝင်ပစ္စည်းများကိုဖောဖောသီသီသုံးတာ အကျင့်ဖြစ်နေပြီး လွယ်လွယ်နှင့်ပြောင်းလဲ၍မရချေ ။


" ကြက်ဥမွှေကြော်က ဆီနည်းနည်းလေးနဲ့ဆိုရင် ကောင်းကောင်းမကျက်ဘူး ။ အရသာမရှိတဲ့ဟင်းအများကြီးစားရတာထက်စာရင် အရသာရှိရှိနဲ့တစ်နပ်စားရတာက အများကြီးပိုကောင်းတယ် "


ကလေးအားလုံးက သူမပြောတာကိုထောက်ခံကြကာ အနံ့နဲ့တင် သဘောတူညီပြီးဖြစ်သည် ။ 


အားဝမ်က တော့သူ့ရဲ့ အနာဂတ်အတွက်တွေးပူနေခဲ့သည် ။ သူမိသားစုအတွက် ဆီအနည်းငယ်ကိုသာစုဆောင်း ပေးနိုင်မယ်ဆိုရင် အားလုံးကသူ့ကိုချီးကျူးကာတန်ဖိုးထားကြလိမ့်မည် ။


သူကတွေးရင်းနှင့်အလွန်ပျော်ရွှင်ကာ လင်းလန် အားပြောလိုက်သည် ။


" မားမား ဟင်းချက်တာကိုသားကူညီချင်တယ် "


မိုင်စွေ့ က အားဝမ် ဟင်းချက်ချင်ရခြင်းအကြောင်းအရင်းသည် ဟင်းခိုးစားချင်နေလို့ဟုထင်ကာ အပြင်းအထန်ကိုကန့်ကွက်တော့သည် ။


" နင်တို့ယောက်ျားလေးတွေက ဘယ်လိုလုပ်ဟင်းချက်တတ်မှာလဲ ဟင်းချက်တာကငါတို့မိန်ကလေးတွေလုပ်ရမှာ "


လင်းလန်က သူမရဲ့အရင်ဘဝကနှင့်တစ်ထပ်တည်းတူညီနေသည့် အတွေးအခေါ်တို့ကြောင့် ခေါင်းကိုက်သွားရလေသည် ။


" မိန်းကလေးတွေက စာကိုအရမ်းကြိုးစားပြီး ကိုယ့်ကိုယ်ကိုအားကိုးနိုင်အောင်လုပ်ရမယ် အရေးအကြီးဆုံးက ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့ဘဲ "


မိုင်စွေ့က သူမပြောတာကိုသေသေချာချာ နားမလည်ပေ ။


" ဒါပေမဲ့ ရွာထဲကမိန်မတွေအကုန်လုံးကဟင်းချက်ကြတာပဲကို "


အားဝမ်က သူမကိုစနောက်ပြီးပြောလိုက်သည် ။


" ရှောင်ရူကပြောတယ် အပျင်းထူတဲ့ မိန်းကလေးကို ဘယ်ယောက္ခ်မကမှ လိုချင်မှာ မဟုတ်ဘူးတဲ့ "


လန်လင်းကဖြတ်ပြောလိုက်သည် ။


" မင်းရဲ့အမက တခြားသူတွေအားလုံးထက်ကိုပိုပျင်းတယ် ။ ငါ့ကို သူမလိုချင်တဲ့အိမ်ပုံစံနဲ့ သူမရနိုင်မဲ့ဟာကိုပြောစမ်းပါဦး "


မိုင်စွေ့ ကရီမောပြီးပြောလိုက်သည် ။


" ဒါဆိုရင်သမီးက မကုန်နိုင်တဲ့ ခေါက်ဆွဲတွေ ၊ မကုန်နိုင်တဲ့ ဆန်တွေဆီတွေနဲ့ မကုန်နိုင်တဲ့ လက်မှတ်တွေရှိတဲ့ အိမ်မျိုးကိုရှာမယ် "


xxxxx