အပိုင်း ၆၁-၆၂
Viewers 24k

Chapter 61


အားဝမ်ကပြောလိုက်သည် ။


" မရှက်ဘူးလား တခြားသူအိမ်မှာဆိုရင်လဲ ကိုယ့်ကိုယ်ကို လဲအားကိုးရမှာဘဲကို "


" အဲ့ဒါက သိပ်မမှန်ဘူး "


လင်းလန်က ဆက်ပြောသည် ။


" မင်းကတစ်ယောက်ယောက်ကို လိုချင်တယ်ဆိုရင် အရင်ဆုံးမင်းက ဘယ်လိုလူမျိုးလဲဆိုတာသေချာဖို့လိုတယ် ။ ဥပမာ မင်းက ဟင်းမချက်ချင်ဘူး ဒါပေမဲ့ စားရတာကြိုက်တယ် ဒါဆိုရင် မင်းက အရသာရှိတာတွေချက်ကျွေးမဲ့လူမျိုးကိုရှာရမယ် ။ ဒါပေမဲ့ စာမကြိုးစားဘူးဆိုရင် ဒီရွာသေးသေးလေးမှာဘဲနေရပြီး ဒီလိုအသိုင်းအဝိုင်းကလူနဲ့ညားပြီး ဆီနဲ့ဆန်အတွက်ချွေတာပြီး ပူပန်နေရလိမ့်မယ် ။ တကယ်လို့စာကြိုးစားပြီး တက္ကသိုလ်ကောင်းကောင်းမာ တက်နိုင်

ရင် မင်းတို့အနာဂတ်မှာ ပေါင်းသင်းဆက်ဆံရမဲ့လူတွေက ဒီနေကလူတွေထက်အပုံကြီးသာနေပြီး ဆန်ဆီနဲ့ခေါက်ဆွဲတွေက စကားထဲထည့်ပြောဖို့တောင်မတန်တော့ဘူး "


လင်းလန်က မိုင်စွေ့ ရဲ့နှာခေါင်းလေးကိုလက်နှင့်တို့ကာပြောလိုက်သည် ။


" ဥပမာ သမီးကျောင်းတက်ရရင်လှလှပပလေးဝတ်စားနိုင်ပြီး သမီးအပေါ်ကိုသူများတွေသုံးလာမဲ့လှည့်ကွက်တွေကိုလဲ မြင်နိုင်လာလိမ့်မယ် "


" မားမားက ဝမ်းကွဲအကြောင်းကိုပြောနေတာလား "


လင်းလန်! သေချာပေါက်ကို သမီးအကြောင်းပြောနေတာလေ!


ရှောင်ဝမ်က ရုတ်တရက်ဘဲ ထပြောလိုက်သည် ။ 


" မားမား...သားက ကမ္ဘာပေါ်မှာ အကောင်းဆုံးအသံကိုကြားချင်တယ် "


လင်းလန်က သူ့နဖူးလေးကိုရီပြီးနမ်းလိုက်ကာပြောလိုက်သည် ။


" ဒါဆိုရငိအဲ့ဒီအသံကိုနားထောင်ဖို့သားရဲ့ နားတွေကိုအရင်လေ့ကျင့်မှရမယ် "


" မားမားကနောက်နေတာဘဲ "


အချိန်အနည်းငယ်အကြာမှာတော့ ကြက်ဥမွှေကြော်က ကျက်သွားပြီဖြစ်ကာ အရသာရှိသည့်ရနံ့တို့ထွက်ပေါ်လာသည် ။ 


လင်းလန်က ကလေးတွေကို အဆာခံစေဖို့ကကြက်ဥ ကြော်ကိုအနည်းငယ်ကျွေးတာကာ ပြောင်းဖူးပန်ကိတ်ကိုပြင်ဆင်နေခဲ့ပြီး အိမ်လုပ်ဆော့စ်အချို့နှင့်ဟင်းသီးဟင်းရွက်တွေကို သုပ်ပေးခဲ့သည် ။


ရှောင်ဝမ်က ပန်ကိတ်ကိုအရမ်းနှစ်သက်ကာ အများကြီးစားခဲ့သည် ။ လင်းလန်က သူမရဲ့ကလေးတွေကိုကြည့်ကာ နောင်အနာဂတ်၌ အသားများများကျွေးရမည်ဟု ဆုံးဖြတ်ထားလိုက်သည် ။


ကလေးတွေအတွက်ကြက်စွပ်ပြုတ်တစ်ပွဲလည်းရှိသေးကာ ပန်ကိတ်များနှင့်အတူ ထမင်းစားစားပွဲက အရမ်းကိုပြီးပြည့်စုံနေသည် ။ 


" မားမား အရသာရှိတဲ့အနံ့ကဘာတွေလဲ အိမ်ပြင်ကနေတောင်မှ အရမ်းမွှေးနေတာဘဲ "


စန်းဝမ်က အပြင်ကပြန်လာပြီဖြစ်ကာ သစ်ချောင်းတစ်ချောင်းကို ကိုင်လာပြီး အကျီကလဲတစ်ထပ်တည်းသာဝတ်ဆင်ထားသည် ။ အရသာရှိသော အနံ့များကြောင့်ဆွဲဆောင်ခံလိုက်ရကာ ထမင်းစားစာပွဲပေါ်သို့ လက်လှမ်းလာသည် ။


အားဝမ် ကသူ့လက်ကို လှမ်းဖမ်းကာပြောလိုက်သည် ။


" မင်းရေထဲမှာ တစ်နေကုန်နေလာတာ ငါးများများရသင့်တယ် "


စန်းဝမ်က သူ့ရင်ဘတ်ကိုပုတ်ပြီး အာမခံကာပြောလိုက်သည် ။


" စိတ်မပူနဲ့ ခဏနေ ငါပြန်သွားပြီးဖမ်းဦးမှာ "


လင်းလန်က စန်းဝမ်ကို တားလိုက်သည် ။


" ရေထဲမှာ ဘယ်လောက်အန္ဒရာယ်များလဲသိလား ။ တစ်နေကုန်ရေစိမ်နေတာက ခန္ဓာကိုယ်အတွက်လဲမကောင်းဘူး ။ ရေထဲမှာမျော့တွေရှိတယ် ။ အဲ့ဒီမျှော့တွေက အသားထဲဖောက်ဝင်လာရင်ဘယ်လိုလုပ်မလဲ "


စန်းဝမ်ကသဘောမတူပေ ။


" မဖြစ်နိုင်ပါဘူး "


" မဖြစ်လဲမသွားရတော့ဘူး အိမ်မှာဘဲနေပြီး မောင်နှမတွေနဲ့ဆော့ချည် ထပ်မသွားနဲ့တော့ "


မြစ်ရေရဲ့အနက်က ကန်ထဲကရေသေနှင့်မတူညီဘဲ ပိုပြီးခန့်မှန်းရခက်ကာ အန္ဒရာယ်များသည် ။


ဟန်ချင်စုန့် အပြင်ကပြန်လာသည့်အချိန်အထိ စန်းဝမ်က ပြန်လည်ငြင်းခုန်ချင်နေဆဲဖြစ်သည် ။  စန်းဝမ်က သူ့အဖေအားမြင်သည်နှင့် ဖားယားကာနူတ်ဆက်တော့သည် ။


" အဖေမြန်မြန်လာပြီး ကြက်ဥမွှေကြော်နဲ့ ထမင်းလာစားကြည့်အရမ်းအရသာရှိတယ် "


မစားရသေးပင်မဲ့လည်းအရသာကှိမှန်းကြည့်ရုံနဲ့တင်သိနိုင်တယ်!


ဟန်ချင်းစုန့် ကအိမ်ထဲဝင်လာပြီး မီးဖိုထဲကြည့် လိုက်သည့်အခါ သူထားခဲ့သည့်ဆီပုလင်းက သုံးပြီးသွား တာကိုတွေ့သည်နှင့်ပြောလိုက်သည် ။ 


" နောက်ကျရင်အိမ်ရှေ့မှာ မြေပဲစိုက်ရအောင် "


မြေပဲကနေ မြေပဲဆီကြိတ်၍ရနိုင်ပြီး သူတို့အနေနှင့်စိုက်ပျိုးပြီး ရိတ်သိမ်းဖို့စောင့်ရန်သာလိုသည် ။ 


ကျေးလက်ဒေသကမြို့ပြနှင့်မတူဘဲ အရာရာကိုဝယ်ယူလို့မရဘဲ ကိုယ်တိုင်သာစိုက်ပျိုးနိုင်သည် ။ လင်းလန်က သူ့ရဲ့အမူအရာကိုအကဲခတ်ကာကြည့်နေခဲ့သည် ။ အဘွားကြီးဟန်က သူ့ကိုတိုက်ရိုက်လာမပြောရင်တောင်မှ တခြားသူတွေ ပြောတာကနေတစ်ဆင့်မိသားစုခွဲထွက်မည့်အကြောင်းကြားနိုင်သည် ။


ဟန်ချင်းစုန့် အဆင်ပြေနေသေးတာက သူဘာမှကိုမသိသေးလို့ဖြစ်မည် ။ လင်းလန်က အဲ့ဒီအကြောင်းကိုဆက်မတွေးနိုင်တော့ဘဲ ဟန်ချင်းစုန့် အားတိုးတိုးကပ်ပြောသည် ။


" အဲ့ဒီအပင်တွေကိုကျွန်မတစ်ယောက်ထဲ မစိုက်နိုင်ဘူး ရိတ်သိမ်းချိန်မတိုင်ခင် ဆီကုန်သွားရင်ဘယ်လိုလုပ်မလဲ အလုပ်မှတ်နဲ့ အစားအသောက်လက်မှတ်တွေရှိရင်တောင်မှ ဝယ်ချင်တိုင်းဝယ်လို့မရနိုင်ဘူး ။


သူမပြောလိုက်သည်နှင် ဟန်ချင်းစုန့် ကဒေါသထွက်သွားမည်ဟုထင်လိုက်သော်လည်း သူကဒေါသမထွက်ဘဲ အေးအေးဆေးဆေးပြန်ပြောခဲ့သည် ။


" ကိုယ်နည်းလမ်းရှာကြည့်ပါ့မယ် "


အလုပ်မှတ်တွေကအသုံးဝင်ပါသော်လည်း မိသားစုကြီးတစ်ခုအတွက်တော့ လောက်ငှအောင်စားသောက်ရန်မဖြစ်နိုင်ပေ ။ မိသားစုမခွဲထွက်ရသေးသည့်အချိန်တွင် အဘွားကြီးဟန် ကသူမကလေးတွေ အတွက်အစာလောက်ရဲ့လား ဂရုစိုက်မှာမဟုတ်ပေ ။ ထို့ကြောင့် သူမမိသားစုမှခွဲထွက်ပြီးသည့်အခါ တွင်သူမ၏ကလေးများအား အာဟာရပြည့်ဝစွာကျွေးမွေးမည်ဖြစ်သည် ။ 


ပြီးတော့ ပင်မအိမ်တွင်ပြဿနာအိုးများအားချန်ထားခဲ့မည့်ဖြစ်ကာ မည်သို့ဖြတ်သန်းကြမည်နည်းဟု သူမကြည့်ချင်သေးသည် ။ ပင်မအိမ်တော် တွင်အလုပ်မလုပ်ဘဲထိုင်စားနေသည့် အပိုလူနှစ်ယောက်ရှိကာ သူတို့ကသာရှိသမျှအကုန်စားသောက်နေကြသောကြောင့် လင်းလန်ရဲ့ကလေးများသူမကိုအမြဲမေးကြသည့်စကားက 


' မားမား ဗိုက်ဆာတယ် ဘာစားစရာရှိလဲ! !!' ဟူ၍ပင်ဖြစ်သည် ။


မိသားစုကိုခွဲထွက်ပြီး သည်နှင့် ဟန်ချင်စုန့်ရဲ့ ရည်မှန်းချက်ကလည်း သူ့ဇနီးနှင့်ကလေးများကို ဗိုက်ပြည့်အောင်ကျွေးမွေးဖို့သာဖြစ်သည် ။


ဟန်ချင်းစုန့် ရဲ့ကတိစကားကို လင်းလန် ကြားသည့်အခါ ဝမ်းသာသွားသလို အံ့သြသွားရသည် ။ လူတိုင်းက ဟန်ချင်စုန့်သည်သူမအားအိမ်ခွဲထွက်သည့်ကိစ္စနှင့်ပက်သက်၍ ဆုံးမမည်ဟုထင်သော်လည်း အမှန်ကသူမကိုအပြည့်အဝထောက်ခံပေးကာ ကာကွယ်ပေးရန်လဲကြိုးစားခဲ့သည် ။ 


ဟန်ချင်စုန့် စိတ်ကောင်းဝင်နေသည်အား အခွင့်ကောင်းယူကာ သူမဘက်သို့ သံပူတုန်း ထုထားရန်လိုအပ်သည် ။ 


" မိသားစုခွဲထွက်ပြီဆိုတာနဲ့ ကျွန်မတို့က ဝင်ငွေနဲ့ ငွေကြေးသုံးစွဲတာကိုပါ ခွဲခြားပစ်ရလိမ့်မယ် "


xxxxx

Chapter 62


အဘွားအိုဟန်က အိမ်ခွဲပေးမည်ဟုဆိုသော်လည်း သူမကပိုင်ဆိုင်မူတွေကိုခွဲဝေမပေးခဲ့လျှင် စားသောက်ကုန်များသည်သူမတို့မိသားစု အလှည့်ရောက်လာမည်မဟုတ်ကာ ခွဲထွက်သည့်နာမည်သာရှိပြီး အမှန်တကယ်ခွဲထွက်သည့်သဘောမျိုးမဟုတ်ဘဲ သူမအတွက်ဘာမှအကျိုးမရှိပေ ။


အဘွားအိုဟန်က အိမ်ရဲ့အလုပ်အမှတ်စာအုပ်ကို ကိုင်ထားဆဲဖြစ်ကာ ဆောင်းဦး ရိက္ခာများခွဲဝေချိန်၌ သူမတို့မိသားစုသည် အလုပ်လုပ်ခဲ့ရသော်လည်း အကျိုးခံစားရမည် မဟုတ်ဘဲ အရာအားလုံးကို ပိုင်းခြားထားနိုင်မှသာ အဆင်ပြေမည်ဖြစ်သည် ။ 


တကယ်လို့ ဟန်ချင်စုန့် ကနောက်မှဟုပြောလာလျှင်တောင် သူမဘာသာရအောင်အကောင်အထည်ဖော်ရမည် ။ မမျှော်လင့်စွာနဲ့ ဟန်ချင်စုန့် ကညစားစားပြီး ဆက်ဆွေးနွေးမည်ဟုပြောခဲ့သည် ။


လင်းလန်ရဲ့ ပြောင်းလဲမူကြောင့်အနည်းငယ်အံ့သြသော်လည်း ဟန်ချင်စုန့် ကသူ့ဇနီးကို အမှန်ပင်ယုံကြည်ပေးခဲ့သည် ။ 


လင်းလန်က အပြင်ကိုကြည့်လိုက်သော်လည်း တဝမ်​ ပြန်မလာသည်ကိုမတွေ့ သေးပေ ။ သူမမေးကြည့်သည့်အခါ စန်းဝမ်က တဝမ်သည် ရူအိမ်မှ ကိတ်အပိုင်းအစအချို့ကို ယူလာခဲ့ပြီး နောက်တောထဲသို့ထွက်သွားသည်ဟုပြောခဲ့သည် ။ စန်းဝမ်က သူ့အကိုကိုသစ္စာဖောက်ဖို့ တစ်ချက်ကလေးမှမတုံ့ဆိုင်းခဲ့ပေ ။


လင်းလန်က ဟန်ချင်စုန့် ကိုပြောခဲ့သည် ။


" တဝမ်က တစ်နေကုန်အပြင်ထွက်နေ တာကအကြောင်းမဟုတ်သော်လည်း မူဝါဒအသစ်အရ ကလေးတိုင်းကျောင်းတက်ရမယ်လေ "


စန်းဝမ် သည်ကျောင်းတက်ရမည့်အကြောင်းကြားသည်နှင့် မကျေမနပ်ဖြစ်နေတော့သည် ။ 


ဟန်ချင်စုန့် ကသူ့ကလေးတွေသည် ကျောင်းတက်ရန် စိတ်မဝင်စားကြောင်းတွေ့လိုက်ရသည် ။ လင်းလန်က သူမအရင်ကနေမကောင်းသောကြောင့် ကျောင်းမတက်နိုင်ခဲ့သော်လည်း သူမကလေးတွေအတွက်တော့ အလှည့်အပြောင်း တစ်ခု ရရှိလာပြီဖြစ်ပြီး ကလေးများကဆန့်ကျင်ကြမည်ကိုသူမစိုးရိမ်သည် ။


ဟန်ချင်စုန့် ကပြောလိုက်သည် ။


" နောက်မှစဥ်းစား ၊ ထမင်းအရင်စား "


ဟန်ချင်စုန့် ကစကားအများကြီးမပြောတတ်ဘဲ ပြုံးရယ်ခြင်းသိပ်မရှိသော်လည်း ကလေးများ၏ပျော်ရွှင်မူကိုတော့အရမ်းအလေးထားသည် ။ သူတို့ကမိသားစုခွဲထွက်ထားသည်ဖြစ်သောကြောင့် ကိုယ်တိုင်ချက်စားကြ ကာ ကလေးများကိုလည်းအလွန်ပင် ကောင်းကောင်းမွန်မွန်ကျွေးမွေးခဲ့သည် ။


" ပန်ကိတ်တွေက နှစ်ကူးပွဲမှာသာစားရရင်ပိုပြီးအရသာရှိမှာဘဲ "


စန်းဝမ်က သွားဖြူဖြူလေးများပေါ်သည်အထိရီကာပြောလိုက်သည် ။ မိုင်စွေ့ကလည်းဘဲ ထောက်ခံလိုက်သည် ။


" ဖက်ထုပ်တွေစားရတာထက်ပိုကောင်းတယ် "


စန်းဝမ်က သူ့လက်ငါးချောင်းကိုမြှောက်လိုက်ပြီး ဝမ်းသာအားရပြောလိုက်သည် ။


" ဒါပေါ့ ငါက ဖက်ထုပ်ငါးခုတောင်စားနိုင်တယ် ။ မားမားလုပ်ထားတဲ့ပန်ကိတ်တွေနဲ့ ကြက်ဥမွှေကြော်က ဘယ်မှာလဲ "


အားဝမ်က စန်းဝမ်ကို လက်ညိုးထိုးကာပြောလိုက်သည် ။ 


" မင်း မိသားစုရဲ့ဆောစ့်တွေကိုအမြဲတမ်းခိုးစားနေလို့ အဖွားက

ကမင်းကို ထပ်မကျွေးတော့တာဘဲ " 


စန်းဝမ် အစားအသောက်တွေကိုခိုးစားသည့်အကြိမ်တိုင်း အဖွားကြီးဟန်က ဆူဆဲနေ့လေ့ရှိကာ စန်းဝမ်ကိုနောက်ထပ်စားစရာမပေးတော့ပေ ။


ရှောင်ဝမ်က မုန့်အစလေးကိုယူပြီး စန်းဝမ်ရဲ့မျက်နှာတွင်ပေနေသည့် ဆော့စ်နှင့်သုတ်လိုက်သောကြောင့် လင်းလန်က အလျှင်အမြန်တားလိုက်ရသည် ။ 


" ပန်းကန်ထဲကဆော့စ်နဲ့စားလေ ညစ်ပတ်တယ် "


" မားမားက ဘာလို့သားကိုညစ်ပတ်တယ်လို့ထင်ရတာလဲ သားကနေ့တိုင်းလက်ဆေးတယ် သားကိုယ်ပေါ်မှာဘာမှမကျန်အောင်ရေနဲ့သေချာဆေးပါတယ် "


ဒီအချိန်မှာတော့ဘဲပေါက်လေးနှစ်ကောင်ဟာ တဂတ်ဂတ်အော်နေကြရင်း သူတို့မှာသာနူတ်သီးတွေရှိမယ်ဆိုရင် တစ်ယောက်နှင့်တစ်ယောက်ခေါင်းပေါက်အောင်တောင်ထဆိတ်ကြလိမ့်မည်။


လင်းလန်က စကားစပြောလိုက်သည် ။


" ဒါပေမဲ့ သူတို့ကနေတိုင်းဆပ်ပြာနဲ့တိုက်ကြတာလေ "


စန်းဝမ်က သူ့ပါးမှာပေနေသည့်ဆောစ့် တွေကိုလက်ညိုးနှင့်သုတ်ယူကာ ကိုယ်တိုင်ပြန်စားလိုက်သည် ။ အခုဆိုရင် တော့ မိုင်စွေ့က ပိုလို့တောင်မှ သူညစ်ပတ်တာကိုယုံသွားပြီဖြစ်သည် ။


အကုန်လုံးက စန်းဝမ်ကို ဆပ်ပြာနှင့်မျက်နှာသစ်ရန် ဖိအားပေးလာကြပြီး အခန်းကဆူညံနေကာ အရမ်းကိုသက်ဝင်လူပ်ရှားနေခဲ့သည် ။


ဟန်ချင်စုန့် ကအခန်းထဲကမြင်ကွင်းကိုတိတ်တဆိတ်သာကြည့်ရူနေသည် ။ 


ခဏအကြာတွင်တော့ အစ်ကိုဟန် နှင့်ညီငယ်ဟန်တို့က တံခါးဝကနေဝင်လာခဲ့သော်ကြောင့် ဟန်ချင်စုန့်က သူတို့ကိုစကားစပြောလိုက်သည် ။


" ငါအခု ထမင်းစားနေတာ "


အစ်ကိုကြီးဟန်က မရိုးသားသည့်အပြုံးတစ်ခုနှင့််စပြောသည် ။ 


" တတိယညီလေး ဘာအရသာရှိတာတွေစားနေတာလဲ ။ အစားအသောက်တစ်ခုခုရှိရင် ပင်မအိမ်ကိုတစ်ခွက်စာပို့ပေးရမယ်လေ "


လင်းလန်က ရုတ်တရက်ကြီးသူတို့နှစ်ယောက်ရောက်လာသောကြောင့်စိတ်ထဲမကောင်းတော့ပေ ။ 


သူတို့က အဘွားကြီး ရန်ဖြစ်ဖို့လွှတ်လိုက်တာတော့မဟုတ်ဘူးမလား...


အစ်ကိုကြီးဟန်က အခုအချိန်မှာ အရမ်းမနာလိုဖြစ်နေသည် ။ သူနှင့် ဒုတိယအစ်ကိုဟန်တို့က အိမ်ရှေ့မှာရောက်နေကတည်းက အိမ်ထဲကပျော်ရွှင်တဲ့ရီမောသံတွေကိုကြားနေရတာ သူ့နှလုံးသားထဲကနေ ပြီးတောင်မှ သဘောမကျချေ ။


ပြီးခဲ့တဲ့ရက်တွေအတွင်းမှာ သူကချောက်ကမ်းပါးကနေပြုတ်ကျနေသလို ခံစားနေရပြီး အခုတွင် ဒီခွဲထွက်သွားသည့်အကိုင်းအခက်မိသားစုက အရမ်းကိုပျော်ရွှင်နေကြသည်အားကြည့်ကား ခါးသက်သက်ခံစားနေရသည် ။


ဒါပေမဲ့ တတိယမြောက်တစ်ချက်ကတော့အရမ်းကိုကွာခြားလွန်းသည် ။ အတိတ်မှာတုန်းက လင်းလန် ကမျက်နှာကိုချီထားကာ အမြဲတမ်းကျိန်ဆဲတာတွေသာပြုလုပ်နေလေ့ရှိပြီး ဘယ်တော့မှမပြုံးခဲ့ချေ ။


ဒီနေ့မှာတော့ ကလေးတွေကို ခေါ်ပြီးပျော်ရွှင်နေကြသည် ။ ဒါကသေချာပေါက်ကိုကောင်းသည့်ပြောင်းလဲမူတစ်ခုဖြစ်ကာ လင်နှင့်မယားကိုအချိန်အကြာကြီးခွဲမထားသင့်ဟူသည့်စကားသည် အရမ်းကိုမှန်သည် ။


တတိယညီလေး ကစစ်သားတစ်ယောက်ဖြစ်ပြီး သူတို့မိသားစုရဲ့ဂုဏ်ယူစရာပင်ဖြစ်ကာ အခုပြန်လာခဲ့သော်လည်းသူသည်မိသားစု၏ ဂုဏ်ယူစရာလေးဖြစ်နေဆဲပင်ဖြစ်သော်လည်း အခွင့်ကောင်းကို လက်လွှတ်ခဲ့ရတာသေချာနေသည် ကိုတွေးမိကာ အကိုကြီးဟန်၏ စိတ်ထဲတွင်အနည်းငယ်သက်သာရာ ရနေခဲ့သည်။


တကယ်လို့ ဟန်ချင်းစုန့် ကအလုပ်​ပြောင်းချင်တယ်ဆိုရင်သူက သေချာပေါက်ကို အားတက်သရော ကူညီပေးမှာ ဖြစ်သည် ။


လင်းလန်က ဟန်ချင်စုန့် ထသွားသည်နှင့်နောက်က အမြန်ပင်လိုက်လာခဲ့သည် ။ သူမက အကိုကြီးဟန်၏ လက်ထဲတွင်ပန်ကိတ်အနည်းငယ် ပါသည့်ခြင်းအားကိုင်ထားသည်ကိုတွေ့လိုက်ရကာ ဒါကအဘွားကြီးဟန်၏ နည်းလမ်းမဟုတ်ဟုတွေးလိုက်သော်လည်း ဒုတိယအစ်ကိုဟန် ၏ချဥ်တူးနေသည့်မျက်နှာပေးကိုတွေ့လိုက်ရသောကြောင့် သတိလက်လွတ်မပြုမူခဲ့ပေ ။


အတိတ်မှာတုန်းက သူတို့က ဟန်ချင်စုန့် ၏ အကူအညီကိုမှီခိုနေခဲ့ကြပြီး မိသားစုခွဲထွက်လိုသည့်ဆန္ဒမရှိခဲ့သော်လည်း ယခုတွင်မူ အကိုကြီးဟန်က ထိပ်ဆုံးကနေခွဲထွက်ချင်သည့်သူ ဖြစ်နေသည် ။


နှစ်ပေါင်းများစွာ အစ်ကိုကြီးဟန်နဲ့ သူ့မိန်းမတို့က အဘွားကြီးဟန်အမြင် ကြည်စေရန်အတွက်ကြိုးစားခဲ့ရသမျှက အရာမထင်ခဲ့သောကြောင့် သူတို့အား အလွန်ပင်မတရားသလို ခံစားနေကြရကာ တတိယဟန်၏ မိသားစုခွဲထွက်မူက သူတို့၏မျက်နှာအားထပ်ဆင့်ရိုက်ချလိုက်သလိုပင် ဖြစ်သည် ။


အဘွားကြီးဟန်က အစ်ကိုကြီးဟန်အပေါ် ရှောင်စီလောက်မကောင်းကာ သူကိုလက်ညိုးထိုးပြီး သေစေဖို့ကျိန်ဆဲလေ့ရှိတာကို တွေးလေ သူ မကျေနပ်လေဖြစ်သည် ။ 


အစ်ကိုကြီးဟန်က တတိယအိမ်တွင် စားစရာမရှိ၍ခံစားနေကြရသည်အားကြည့်ချင်၍ စားစရာအချို့ယူကာလာခဲ့သော်လည်း တကယ့်အခြေအနေက သူ့ကိုအရမ်းရှက်သွားရစေသည် ။


တတိယမိသားစုက ပျော်ပျော်ရွှင်ရွှင်ရီမောနေကြကာ သူ့ကိုဒေါသထွက်ကာမနာလိုဖြစ်စေသည် ။

ပိုဆိုးတာက တတိယမိသားစုက အရမ်းကိုကောင်းကောင်းမွန်မွန် စားသောက်နေကြသည်အားလာကြည့်နေရ၍ဖြစ်သည် ။


xxxxx