အပိုင်း ၆၃-၆၄
Viewers 23k

Chapter 63


" တတိယလေး ငါ့အစ်ကိုကြီးက စစ်တပ်ထဲကိုမရောက်ဘူးပေမဲ့လည်း ပိုင်ရိူင် ကိုတော့လိုက်နာ......" ( 1 )


လင်းလန်က အစ်ကိုကြီးဟန်က ဟန်ချင်စုန့် ရဲ့အကိုဖြစ်နေသော်လည်း ညှာတာရန်စိတ်ကူးတစ်စက်မှမရှိပါချေ ။ သူမကမကြာခင် ပြောလာတော့မည့် အသွားထက်သည့်စကားလုံးများကိုရှောင်ရှားရန် သူမကစကားလမ်းကြောင်းပိတ်ပြီးအေးစက်စွာပြောလိုက်သည် ။


" လူစကားမပြောတတ်ရင်လည်း အစကတည်းကပါးစပ်ဖွင့်မလာနဲ့လေ ။ အခုတော့ လာရာလမ်းအတိုင်းပြန်လိုက်ပါတော့ ကျွန်မကရှင်တို့ကို ဧည့်ဂတ်မကျေပွန်နိုင်ပါဘူး "


" တတိယခယ်မလေး မင်းဘယ်လိုပြောလိုက်တာလည်း "


သူတို့ကပြန်သာပြောရသော်လည်း လင်းလန်အမှန်တကယ်ထရိုက်မည်ကိုကြောက်သောကြောင့် ခြေတစ်လှမ်းဆုတ်လိုက်ကြသည် ။ သူမကနုဖတ်နေသည်ဟုမထင်လိုက်ပါနှင့် ဒေါသထွက်လာသည်နှင့် သူမကအမှန်ပင် လူတစ်ယောက်၏အရိုးအားချိုးပစ်နိုင်လေသည် ။


အစ်ကိုကြီးဟန်က ဒုတိယအစ်ကိုဟန် ကိုလှည့်ပြောလိုက်သည် ။


" မင်းအရင်ပြန်လိုက်တော့ ငါတတိယလေးနဲ့စကားပြောလိုက်ဦးမယ် "


ဒုတိယအစ်ကိုဟန် ကမထွက်သွားချင်သေးပေ ။


" ကျွန်တော်လည်း တတိယညီလေးနဲ့ပြောစရာရှိသေးတယ် "


အစ်ကိုကြီးဟန်က ပြောလိုက်သည် ။


" တတိယညီလေး ဒုတိယညီလေးကစိတ်ထဲကောင်းမနေဘူးထင်တယ် "


" အင်း.. သူကစိုးရိမ်လွန်တတ်တာပါ "


အစ်ကိုကြီးဟန်က အိမ်ထဲဝင်ပြီး သူတို့မိသားစုဘာတွေစားနေကြလဲတကယ်သိချင်သည် ။ အားဝမ်က သစ်သားတံခါးနောက်ကနေဖိတ်ခေါ်လိုက်သည် ။


" ဦးလေး နဲ့အန်တီ အိမ်ထဲကိုဝင်ပါဦးလား "


အစ်ကိုကြီးဟန်က အလျှင်အမြန်ဘဲပြောလိုက်သည် ။ 


" အမေကမင်းတို့ အစားအသောက်စားရတာခက်ခဲနေမှာစိုးလို့ငါ့ကို ပန်ကိတ်တချို့ပို့ခိုင်းလိုက်တာ "


လင်းလန်က အဘွားကြီးသည် ပန်ကိတ်တွေအားပို့ခိုင်းလိုက်သည်ဟု မယုံရေးချပင်မယုံချေ ။ ပထမအစ်ကိုကြီးဟန် နှင့် သူ့မိန်းမတို့က ကိုယ်တိုင်ဆုံးဖြတ်ခဲ့ကြဟန်တူသည် ။


ဟန်ချင်စုန့် ကသူတို့အားထမင်းအတူစားရန်ဖိတ်ခေါ်ခဲ့သည် ။ပထမအစ်ကိုကြီးဟန် ကတံခါးဝမှနေ၍အိမ်ထဲကိုလှည့်ပတ်ကြည့်ရူလိုက်သည် ။ အိမ်ရှေ့ခန်းမှာ လူရှစ်ယောက်စာအတွက်စားပွဲတစ်လုံးသာရှိသည် ။


အစ်ကိုကြီးဟန်က ဟန်ချင်စုန့် လက်ထပ်ထားသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ကြောင်းမယုံကြည်နိုင်သေးပေ ။ ကလေးများက ထိုင်ခုံတွင်ထိုင်ရသည်ကိုမကြိုက်သောကြောင့် သစ်သားပြားများပေါ်တွင်ထိုင်ကာ စတင်စားသောက်နေကြသည် ။


ထိုင်ဖို့နေရာလေးတောင်မရှိဘူး အရမ်းခက်ခဲတာဘဲ!


အစ်ကိုကြီးဟန်က အနည်းငယ်စိတ်မကောင်းဖြစ်သွားခဲ့သည် ။


" တတိယလေး သစ်သားအပိုင်းအစတွေနဲ့ သံတချို့ သွားယူလာခဲ့ချည် "


လင်းလန်က ကလေးတွေကို ကြက်ဥမွှေကြော်အား ဦးလေးနှစ်ယောက်နှင့်အတူစားရန်သွားယူလာစေသည် ။ အရာအားလုံးအဆင်ပြေနေသည်မှလွဲ၍ မိုင်စွေ့က ဟင်းအိုးကိုယူလာပြီးအောက်မချခဲ့ချေ ။


ဟင်းသီးဟင်းရွက် တွေနဲ့ ရွှေရောင်ကြက်ဥအနှစ်တွေအပြင် ဆီရွဲရွဲဖြင့်အရမ်းလှပနေကာ သူတို့တစ်သက်တွင် ယခုလိုဟင်းမျိုးမမြင်ဖူးကြပေ ။


အစ်ကိုကြီးဟန်၏ မျက်လုံးတွေက လင်းလက်နေကာ ဟင်းကိုတကယ်စားချင်သော်လည်း အိုးသာယူလာခဲ့ပြီး တူတွေပါမလာခဲ့ချေ ။


တူမပါဘဲ ဘယ်လိုထမင်းစားရမှာလဲ!!!


နောက်တော့သူကပိုပြီး ထိတ်လန့်ဖွယ်ကောင်းသည့်အရာကိုရှာတွေ့သွားခဲ့သည် ။ ကြက်ဥမွှေကြော်သည် ဆီတွေရွဲနစ်နေသည် ။


ကြက်ဥကြော်တစ်ပွဲကအဲ့ဒီလောက်ထိ ဆီသုံးဖို့လိုလို့လား...


အစ်ကိုကြီးဟန်က အရမ်းဖြုန်တီးနေကြသည်ဟုခံစားနေရသည် ။ သူတို့ကအိမ်ခွဲထွက်ကာစဖြစ်သော်လည်း နှစ်ဝက်လောက်ခံမည့်ဆီပမာဏကို ကြက်ဥကြော်တစ်ပွဲအတွက် သုံးပြစ်လိုက်ကြသည် ။


အမေရေ သူဘာဆက်လုပ်ရပါ့မလဲ!


ဒုတိယအစ်ကိုဟန် ကတော့မနာလိုမူဒဏ်ကိုအကြီးအကျယ်ခံစားနေရသည် ။ တတိယမိသားစု ကောင်းမွန်စွာစားသောက်နေကြသော်လည်း သူကတော့ အိမ်ထောင်ဦးစီးတစ်ယောက်အနေဖြင့် ဇနီးနှင့်ကလေးရှိနေသောကြောင့် ဝဝလင်လင်မစားသောက်ရပေ ။


မြင်သာမြင်နေရပြီး မစားရသည့် ဒုတိယအစ်ကိုဟန် ၏ရင်ထဲတွင် တစ်ခုခုက ကုတ်ခြစ်နေသကဲ့သို့ သွေးထွက်မတတ်ခံစားနေရသည် ။


အစ်ကိုကြီးဟန်က သည်းမခံနိုင်တော့ဘဲ လင်းလန်အား အစားအသောက်ချွေတာရန် တသီကြီးသြဝါဒပေးတော့သည် ။ သူတို့ကသူဌေးများ မဟုတ်ကြ၍ အရာရာချွေတာရမည်ဖြစ်ကြောင်း ဆန် ၊ ဆီ ၊ ဆား အရားအားလုံးကစျေးကြီးကြောင်းပြောဆိုနေသည် ။


လင်းလန် ကတော့ဘယ်ဘက်နားကဝင် ညာဘက်နားကထွက်ကာ ဆုံးမစကားအားခေါင်းသာညိမ့်ပြလိုက်သည် ။ လင်းလန်၏နာခံ သည့်အပြုအမူအားတွေ့သည်နှင့် အစ်ကိုကြီးဟန်မှာ အားတက်သွားပြီး မပြီးနိုင်မစီးနိုင်ဆက်ပြောလေသည် ။


သူကအသားနှစ်မျိုး အကြောင်းကိုပါ ဆက်လက်၍ပြောဆိုနေကာ အဘိုကြီးဟန်က ခွဲထွက်သည်အားသဘောမကျဘဲ မိသားစုကမိသားစုပင်ဖြစ်ကာ ဟန်ချင်စုန့် နှင့် လင်းလန်အား မငတ်အောင်ထောက်ပံ့ပေးမည်ဟုဆိုသည် ။


ဟန်ချင်စုန့် က လင်းလန်ကို တစ်ချက်ကြည့်ကာဝင်ပြောလိုက်သည် ။


" အစ်ကိုကြီး စိတ်မပူပါနဲ့ ကျွန်တော်က ကလေးတွေရဲ့အမေကိုပြန်မပို့ပါဘူး ကျွန်တော်တို့ ခွဲထွက်ရတာက ကျွန်တော်တို့မှာ ကျွေးမွေးဖို့ကလေးတစ်သိုက်ကြီးရှိနေသေးလို့ပါ "


အစ်ကိုကြီးဟန်က သူမလိမ်ကြောင်းသိနေသော်လည်း ခွာပြဲစပြုနေသည့်မိသားစု ဆက်ဆံရေးအား ပြန်လည်နီးကပ်လာစေရန် ကြိုးစားစေ့စပ်နေခဲ့သည် ။


" တတိယညီလေး မိသားစုခွဲထွက်ဖို့အတွက် ကိစ္စကလမ်းလယ်ရောက်နေပြီ ငါတို့ဆက်ဆွေးနွေးရအောင် "


ဟန်ချင်စုန့်က ထောက်ခံသည် ။


" မင်းအသက်ကြီးမှ မိသားစုခွဲထွက်တာကအရမ်းစဥ်းစားရမယ် ။ အလုပ်ရမှတ် ၊ စားစရာနဲ့ပိုက်ဆံ အားလုံးကအရမ်းအရေးကြီးတယ် "


ဒုတိယအစ်ကိုဟန် က ဟန်ချင်စုန့် တွင်ပိုက်ဆံအများအပြားရှိနေသေးသည်ဟုတွက်ချက်ထားခဲ့သည် ။ လင်းလန်က ဟန်ချင်စုန့် သဘောတူလိုက်မည်စိုးသောကြောင့် အလျှင်အမြန်ပင်ဝင်ပြောလိုက်သည် ။


" ကျွန်မတို့ကအကြီးတွေကိုသေချာပေါက်စောင့်ရှောက်မှာပါ ။ ဒါပေမဲ့ ကျွန်မရဲ့မိဘတွေကအခုအချိန်ထိကျန်းမာ နေကြဆဲဖြစ်ပြီး မိသားစုခွဲထွက်တာလည်းမရှိသေးဘူး ။ ပြီးတော့လဲ တတိယမိသားစုမှာ ကျွေးမွေးစရာကလေးတစ်ပုံကြီးအတွက်အလုပ်လုပ်ရတာနဲ့တင်အားလပ်ချိန်မရှိဘူး ...အကြီးတွေကိုစောင့်ရှောက်ဖို့က အကြီးဆုံးသားကနေ စပြီးတဖြည်းဖြည်းအိမ်ထောင်စခွဲမှပြောကြတာပေါ့ ..."


သူတို့ကတကယ်ကြီး တာဝန်တွေကို သူမတို့ဆီကိုဘဲ ခွဲပေးချင်နေကြတယ် ။


အိပ်မက်မက်နေလိုက်လေ!


ဟန်ချင်စုန့် ကသူမကိုကြည့်ကာပြောလိုက်သည် ။


" စိတ်မပူပါနဲ့ အစ်ကိုကြီး ကသေချာပေါက် ထိပ်ဆုံးကနေပြုစုပေးဖို့ လာမှာပါ "


အစ်ကိုကြီးဟန်က လင်းလန်ရဲ့စကားတွေကချက်ကောင်းကို ထိနေသော်လည်းဘာမှဆက်မပြောနိုင်ပေ ။ သူက တတိယလေးက အရမ်းပြောင်းလဲသွားသည်ဟုသာတွေးနိုင်သည် ။ 


" အစ်ကိုကြီးကသေချာပေါက် စာရင်းရဲ့ထိပ်ဆုံးမှာရှိနေမှာမို့လို့ အစ်ကို့ရဲ့မိသားစုကိုဘဲ အရင်ဂရုစိုက်လိုက်ပါဦး "


အစ်ကိုကြီးဟန်က လက်မခံပေ ။


" မင်းဘာတွေပြောနေတာလဲ...ငါတို့ကမိသားစုခွဲထွက်မှာမဟုတ်​သေးဘူး ။ အကြီးတွေကိုဂရုစိုက်ရမဲ့အကြောင်းပြောနေကြတာလေ ငါတို့အလုပ်မှတ်တွေနဲ့ ပိုက်ဆံတွေက စုပေါင်းထားတာဘဲ လေ ။ ငါတို့ပိုင်တာကိုမင်းလဲပိုင်တယ် "


" အဲ့တာက အစ်ကိုကြီးဟန်နဲ့ ယောင်းမတို့က စာသင်ကျောင်းမှာ အလုပ်လုပ်နေကြလို့လေ ကိုယ်ပိုင်ဝင်ငွေရှိနေတော့ မိသားစုကခွဲခြမ်းပေးမှာကို စောင့်စရာမလိုတော့ ပြောနိုင်ကြတာပေါ့ "


xxxxx

Chapter 64


မိသားစုခွဲထွက်ပြီးတဲ့နောက်မှ ပိုက်ဆံမရှိရင်အရာရာခက်ခဲလာလိမ့်မယ်!


ဒုတိယအစ်ကိုဟန် ကချောင်းဆိုးလိုက်ပြီး သူကြားဖူးသည့် ပြဇာတ်ထဲကစာသားတချို့ကို ထရွတ်ဆိုလိုက်သည် ။


" အမှန်ဘဲ မိန်းမတွေနဲ့ ဗီလိန်တွေကိုကျွေးမွေးဖို့ကတကယ်ဘဲခက်တယ် "


လင်းလန်က ဒီအကွက်ကိုစောင့်နေခြင်းဖြစ်သည် ။


" မှန်တယ် ။ ကျွန်မက မိန်းမတစ်ယောက်ဆိုပေမဲ့ ဒုတိယအစ်ကိုဟန် ကတော့ဗီလိန်ဘဲ "


ဒုတိယအစ်ကိုဟန် ကစိတ်တိုလွန်း၍ထိုင်ပင်မနေနိုင်တော့ချေ ။


" မင်းဘာတွေပြောနေတာလဲ "


ဟန်ချင်စုန့် က ဒုတိယအစ်ကိုဟန် အား ပြောလိုက်သည် ။


" အရမ်းစိတ်မလူပ်ရှားပါနဲ့ ဒုတိယအစ်ကို "


အချိန်ခဏလေးအတွင်းမှာဘဲ ဒုတိယအစ်ကိုဟန် ရဲ့မျက်နှာက ဒေါသထွက်လွန်း၍ ဖြူဖျော့လာခဲ့သည် ။


" မင်းမိသားစု ခွဲထွက်လိုက်ပြီဆိုတာက ငါတို့အကြီးတွေကို စိတ်ထဲမထည့်ဘူးလို့ဘဲ သတ်မှတ်လိုက်မယ် ။ မင်းစိတ်ကြိုက်သာလုပ်ချည် "


ဒုတိယအစ်ကိုဟန် က ဟန်ချင်စုန့် ပြောသလိုစိတ်အေးအေးမထားနိုင်ဘဲ ပစ္စည်းအနည်းငယ်အား ကန်ထုတ်နေသည် ။ ပထမအစ်ကိုကြီးဟန် က အခြေအနေကိုဖြန်ဖြေရန်အတွက် စကားအနည်းငယ်ဝင်ပြောလိုသည် ။


" စိတ်မပူပါနဲ့ တတိယလေး အိမ်ခွဲထွက်လည်း ငါတို့ကသွေးရင်းညီအစ်ကိုတွေဘဲလေ "


" ကျွန်တော် သိပါတယ် "


ပထမအစ်ကိုကြီးဟန် တို့ကဆုံးမစကားတွေကို အချိန်အကြာကြီးပြောခဲ့ကြသော်လည်း လင်းလန်၏နားထဲသို့တစ်လုံးမျှပင် မဝင်ကြောင်းသူသတိထားမိသည် ။ ဟန်ချင်စုန့်ကလည်း ဘာတွေဘဲဖြစ်လာလာဇနီးနှင့်ကလေးတွေကိုကာကွယ်ရန်အသင့်ဖြစ်နေပြီး လင်းလန်၏လွှမ်းမိုးမူကိုခံထားရသည် ။


ပင်မအိမ်တော် တွင် အချိန်အတန်ကြာဆက်ပြီး ဆူညံနေဦးမည်ဟုထင်သည် ။ ပထမအစ်ကိုကြီးဟန် ကစကားဆက်ပြောသည်။


" တတိယလေး သူတို့ရဲ့စကားတွေကိုအရမ်းကြီးစိတ်ထဲမထားပါနဲ့ ။ ပြီးတော့ နန်းချုံ ကနေမကောင်းဖြစ်နေသေးတယ် အစ်ကိုစိုးရိမ်တာက မင်းစိတ်ခုပြီး ပင်မအိမ်ကိုမလာတော့မှာကိုဘဲ "


" ကျွန်တော် တစ်ကယ်စိတ်ထဲမထားပါဘူး ကိစ္စတွေတိုင်းကို ကျွန်တော်ရှင်းရှင်း လင်းလင်းကြီးကိုသိပါတယ် "


ပထမကတော့ ဟန်ချင်စုန့်က ဒေါသမထွက်သေးပေ သူတကယ်စိတ်ပျက်သွားသည့်အခါကျရင် ပင်မအိမ်မကလို့ ဘယ်သူတွေဘာဖြစ်ဖြစ် စိတ်ထဲမရှိတော့မှာ သိသည့်အတွက် ယခုအခြေအနေက အနည်းငယ်စိတ်ဆိုးနေရုံလောက်ဘဲဖြစ်သည် ။


အခြေအနေကို တိတ်တဆိတ်အကဲခတ်နေသည့် အဖွားကြီးဟန်က ဟန်ချင်စုန့် ခဏတာ စိတ်ဆိုးနေသည်ဖြစ်၍ အချိန်အနည်းပေး၍ကောင်းပြလိုက်လျှင်အဆင်ပြေမည်ဟုထင်နေခဲ့သည် ။


" ကမ္ဘာကြီးထက် မိဘကပိုအရေးကြီးတယ် " ဟူ၍ ဟန်ချင်စုန့် ငယ်ငယ်လေးကတည်းက သင်ကြားခံလာခဲ့ရကာ သူသည်လည်းအရာအားလုံးထက် မိဘတွေကိုအမြဲအလေးပေးခဲ့သော်လည်း ယခုတစ်ခေါက်တွင်တော့ အနည်းငယ်မှားနေသလိုမျိုးထင်ခဲ့သည် ။


ယောကျ်ားတစ်ယောက်အနေနဲ့ မိဘကိုရိုသေဖို့ကအရေးပါပေမဲ့ သူ၏ဇနီးနှင့်ကလေးများကိုကာကွယ်ရန်အတွက်လည်းတာဝန် ရှိသေးသည် ။ သူမ မတရားခံခဲ့ရသည်များအား အစားထိုးပေးရန် ပိုပြီးကောင်းကောင်းမွန်မွန်ဆက်ဆံပေးရမည်ဖြစ်သည် ။


လတ်တလောတွင်တော့ သူ့ဇနီးနှင့်ကလေးများ၏ စားသောက်ရန် ဖူလုံစေဖို့ အရင်ဆောင်ရွက်မည်ဖြစ်ကာ အတိတ်ကလိုမျိုးထပ်ပြီး ခံစားစေမည်မဟုတ်ပေ ။


ဒါပေမဲ့ သူကတခြားအလုပ်များတွင်မကျွမ်းကျင်ပေ စကားနှင့်မဟုတ်ဘဲ အလုပ်နှင့်သက်သေပြချင်ပါသော်လည်း သူသည်တပ်ခွဲမူးတစ်ယောက် မဟုတ်တော့သောကြောင့် မည်သည့်အာဏာမျှမရှိတော့ပေ ။ သူ၏ ကလေးများကလည်း အရွယ်မရောက်ကြသေးသောကြောင့် လမ်းမှန်အတိုင်းပြုစုပျိုးထောင်ပေးချင်သေးသည် ။


အစ်ကိုကြီးဟန်က ဟန်ချင်စုန့် သည်ပင်မအိမ်တွင်ထမင်းလာစားရန် ဖိတ်ခေါ်ချက်ကို အလေးမထားသည်အားသိသာနေသောကြောင့် လင်းလန်ကိုကြည့်လိုက်သည် ။ လင်းလန်က အစ်ကိုကြီးဟန်ကိုပြောလိုက်သည်။


" အစ်ကိုကြီး မိသားစုတွေခွဲ ကပြီဆိုတာနဲ့ အိမ်တိုင်းက ကိုယ့်ဘာသာချက်စားရတော့မှာနော် ။ ယောင်းမကိုဘဲအားကိုးနေလို့မရတောဘူး သူမကလဲနှစ်ပေါင်းများစွာ တစ်မိသားစုလုံးအတွက်ချက်ပြုတ်ပေးလာရတာ အရမ်းကိုပင်ပန်းနေရှာမှာဘဲနော် "


ဟန်ညီအကိုကဘာမှဆက်မပြောနိုင် တော့ဘဲ ပင်မအိမ်ကိုသာပြန်သွားပြီး အကြောင်းအကုန်ပြန်ပြောသည့်အခါ အဖိုးကြီးဟန်က သက်ပြင်းချလိုက်ကာပြောသည် ။


" ဘာဘဲဖြစ်ဖြစ် တတိယလေးက မိသားစုရဲ့သွေးသားဖြစ်တာက ဘာမှပြောင်းလဲမသွားဘူး "


အစ်ကိုကြီးဟန်က ထပ်တလဲလဲ ထောက်ခံနေခဲ့သော်လည်း အဖွားကြီးဟန်ကတော့ လက်မခံနိုင်ဘဲ အရမ်းကိုပေါက်ကွဲနေသည် ။ သူမက အဖိုးကြီးဟန်ကို အကြောင်းစုံပြောပြခဲ့ပါသော်လည်း မယုံခဲ့ပေ ။


" မင်းက တတိယလေးရဲ့ ဇနီးက မင်းကိုခြိမ်းခြောက်ဖို့အတွက်နဲ့ မြစ်ထဲကိုတောင်ခုန်ချဖို့ ကြိုးစားပြီး မင်းကိုလဲကျိန်ဆဲခဲ့တယ်ပေါ့ "


အဖိုးကြီးမပြောနှင့် ဒုတိယအစ်ကိုဟန် တောင်မှ အဖွားကြီးဟန်၏ စကားကိုမယုံကြည်ပေ ။


အဖွားကြီးဟန်သည် စိတ်အေးလာလေ ပိုပြီးမြင်နိုင်လာလေဖြစ်ကာ သူ၏တတိယသားလေးသည် အရင်ကလိုမျိုး နောက်ထပ် သူ့ကို လေးလေးစားစားဆက်ဆံတော့မည်မဟုတ်ကြောင်း သူမသိနေသည် ။ သူမ၏ ထိန်းချုပ်မူအောက်တွင် ရှိမနေနိုင်တော့ သည်က သူမကိုမကျေမနပ်ဖြစ်စေကာ ပိုပြီးထွက်သွားချင်လေ ပိုထိန်းချုပ်ချင်လေဖြစ်နေသည် ။


ဒါကြောင့်မို့ သူ၏သားနှစ်​ယောက်အား ဟန်ချင်စုန့် ကိုဖျောင်းဖျရန်စေလွှတ် လိုက်ရခြင်းဖြစ်ပြီး ဟန်ချင်စုန့် တောင်းပန်ကာ အိမ်ပြန်လာသည့်အချိန်၌ သူ့မိန်းမအား သေသေချာချာမဆုံးမလျှင်သူမအား အမေဟုမသတ်မှတ်နှင့်တော့ဟု ခြိမ်းခြောက်ရန်ဖြစ်သည် ။


နောက်ဆုံးအချိန်ထိ ဟန်ချင်စုန့် ကရောက်မလာခဲ့ပေ ။


အဖွားကြီးဟန်က ပိုပြီးမကျေမနပ်ဖြစ်ကာ ဟန်ချင်စုန့် အားပွဲကြီးပွဲကောင်းတစ်ပွဲ ပြရန်စောင့်ဆိုင်းနေခဲ့သည် ။ ညစာစားပြီးနောက် အဖွားကြီးဟန်သည် အနွေးကုတင်ပေါ်တွင်လှဲလျောင်းနေခဲ့သည် ။


အဲ့ဒီအချိန်တွင်ပင်ခြံဝန်းထဲမှကလေးများ၏ တတိယဦးလေးဟူသည့်ခေါ်သံများအားကြားသည့်အခါ   အဖွားကြီးဟန်သည် ကြက်သွေးထိုးခံလိုက်ရသလို ချက်ချင်းတက်ကြွလာခဲ့သည် ။


 သူမ၏တတိယသားက သူမကိုလာရောက်ချော့မော့ခြင်းဖြစ်သည်ဟုတွေးနေခဲ့သည် ။  ဟန်ချင်စုန့် အဆူခံရသည့်အကြိမ်တိုင်း သူကခဏတာမျှသာမကျေမနပ်ဖြစ်ရုံသာတတ်နိုင်ပြီး ဒေါသတွေကိုမြိုသိပ်ကာ အမြဲလာတောင်းပန်ရသည်ချည်းဖြစ်သည် ။


အဖွားကြီးဟန်က ပြန်တွေးမိသည်နှင့်ကျေနပ်လာကာ သူမကိုယ်သူမလည်းအရမ်း ဂုဏ်ယူလာခဲ့သည် ။ သူမသားက သူမအပိုင်ဖြစ်ကာ သူမပြောသမျှနာခံရပေမည် ။


သို့ဖြစ်၍ အာဏာပြချင်သောအကျင့်မှာ ထိန်းမရကာ   ။ ဟန်ချင်စုန့်အား အထက်စီးဆန်ဆန်ပြောလိုက်သည် ။


" တတိယလေး မင်းက မိဘတွေကိုပြန်လာတွေ့ဖို့တော့ သတိရသေးတယ်ပေါ့ ။ အိမ်ခွဲသွားပြီးကတည်းက ငါတို့ကိုမင်းမေ့သွားပြီထင်တာ မင်းမိန်းမက ဘယ်လိုအပြုအမူတွေလုပ်ခဲ့လဲဆိုတာမင်းသိလား ။ သူမကိုလာကန်တော့ပြီးတောင်းပန်ခိုင်းလိုက်ချေ "


" အမေသူမက အဲ့လိုမိန်းကလေးမျိုးမဟုတ်ပါဘူး ဘယ်လိုလုပ်ပြီး အမေ့ကိုကျိန်ဆဲဖို့တတ်နိုင်မှာလဲ "


xxxxxxx