အပိုင်း ၆၅-၆၆
Viewers 23k

Chapter 65


" မင်းက ကိုယ့်ရဲ့အမေအရင်းကိုတောင်မယုံဘူးလား "


အဖွားကြီးဟန်က သူမရဲ့လက်ကိုဆန့်ထုတ်ကာ ဟန်ချင်စုန့်ကို ရိုက်ရန်ရွယ်လိုက်ပါသော်လည်း ဟန်ချင်စုန့် ကသူမရဲ့လက်ကိုထိန်းပြီး အနွေးကုတင်ပေါ်တွင်ပြန်ထိုင်ရန်ကူညီပေးလိုက်သည် ။


" အမေက အသက်ကြီးပြီ အရိုးတွေကိုဂရုစိုက်ရမယ်လေ "


အဖိုးကြီးဟန် ကလဲ သူ့မိန်းမအားဆက်မသောင်းကျန်းရန် ပြောလိုက်ပြီး ဖြစ်ပျက်နေသည့်ကိစ္စများအားအတည်တကျစတင်ဆွေးနွေးကြတော့သည် ။


အရင်အချိန်များက အဖွားကြီးဟန်သည် ဟန်ချင်စုန့်အား ထိန်းချုပ်ရန် လင်းလန်ကိုအသုံးချလေ့ရှိသော်လည်း ယခုမူ လင်းလန်နှင့်သူမသည် ရန်သူများနီးနီးဖြစ်နေသောကြောင့် ဆက်လက်ထိန်းချုပ်၍မရတော့ပေ ။ သူမထိန်းချုပ်မူကလွတ်လေ သူမဆက်ပြီးထိန်းချုပ်ချင်လေဖြစ်နေသည် ။


အဖိုးကြီးဟန် ကအကြီးဆုံးအစ်ကိုဟန်ထံမှ မိသားစုခွဲထွက်သည့်ကိစ္စနှင့်ပက်သက်၍ အနည်းနှင့်အများကြားထားသော်လည်း မယုံကြည်နိုင်ခဲ့ပေ ။ ဟန်ချင်စုန့် ၏အကျင့်စရိုက်အရ မိဘစကားတစ်ခွန်းသာဖြစ်သည် ။


မိသားစုခွဲထွက်သည့်ကိစ္စတွင် အဖိုးကြီးဟန်သည် ဟန်ချင်စုန့် အားနစ်နာစေမည်မဟုတ်ဘဲ အဘွားကြီးက ရိက္ခာနှင့် ငွေကြေးများကို မပေးလိုသည့်အခါတွင်လည်း ဟန်ချင်စုန့် အတွက်တိုက်ခိုက်ပေးမည်ဖြစ်သည် ။


သို့သော်လည်း အဖိုးကြီးဟန် မထင်ထားခဲ့သည်က ဟန်ချင်းစုန့် သည် အုပ်ချုပ်ရေးမူးရုံးသို့သွားကာ ခွဲထွက်ရန်သွားရောက်ပြောဆိုခဲ့ခြင်းပင်ဖြစ်သည် ။


ဟမ့်! အရွယ်ရောက်လာတဲ့သားတွေက တကယ့်ကို ထိန်းချုပ်လို့မရတော့ဘူးဘဲ!


အဖိုးကြီးဟန် ကဟန်ချင်စုန့် ရဲ့ ရာထူးမှအနားယူပြီး အိမ်သို့ပြန်လာကာ မိန်းမနှင့်ကလေးများနှင့်အတူ နေထိုင်ရန် ပြန်လာသည်က သင့်လျှော်သည်ဟုတွေးမိသော်လည်း ဤမျှလောက်ထိမိန်းမစကားနားထောင်မည်ဟုမထင်ခဲ့ပေ ။


အဖိုးကြီးဟန် သည် ဟန်ချင်စုန့် အမှန်တကယ်ပြောင်းလဲသွားမှန်းလက်ခံ လိုက်ရပေသည် ။ တတိယချွေးမသည် လည်းအရင်တုန်းကလို သတ်သေမည်တကဲကဲဖြစ်မနေတော့ကာ ကလေးများအားကောင်းကောင်းမွန်မွန် ဂရုစိုက်တတ်လာသောကြောင့် ဟန်ချင်စုန့် ပြောင်းလဲလာသည်မှာလည်း သဘာဝကျပေသည် ။


" မိသားစုခွဲထွက်လိုက်တယ် ဆိုပေမဲ့လည်း မင်းအကိုတွေနဲ့က အမြဲတမ်းသွေးရင်းတယ်ဆိုတာမှတ်ထားပြီး တစ်ယောက်နဲ့တစ်​ယောက်ကူညီရမယ်နော် "


" ကျွန်တော်သိပါပြီ "


ဒုတိယအစ်ကိုဟန် ကလင်းလန်ရဲ့ ဆီနစ်နေတဲ့ ကြက်ဥမွှေကြော်နှင့် ပင်မမိသားစုအပေါ်သဘောထားများကို တစ်ဆိတ်ကိုတစ်အိတ်ပင် ပုံကြီးချဲ့ကာပြောဆိုခဲ့သောကြောင့် အဖိုးကြီးဟန် ၏ ဟန်ချင်စုန့် အစီအစဥ်များအားလက်ခံချင်းသည် အဖွားကြီးဟန်ကို တိုက်ရိုက်ဆန့်ကျင်နေခြင်းဖြစ်သည်ဟု သူမကထင်နေသည် ။


သူမကအံကြိတ်ထားရလွန်း၍ သွားများပင်ကျိုးလိုနီးနီးဖြစ်နေသည် ။


အဖွားကြီးဟန်သည် ဟန်ချင်စုန့်က သူမစကားအား နားမထောင်သောကြောင့် သရဲပူးခံထားသည်ဟုပင်ထင်နေမိသည်။ 

ဟန်ချင်စုန့် ကသူမအားအလေးမထားသောကြောင့် ရှေ့ဆက်နေ့ရက်များက ခက်ခဲတော့မည်ကို သူမသိနေသည် ။


"ဟမ့် သူမလိုဂြိုလ်မွှေတဲ့ မိန်းမရှိနေသရွေ့ မိသားစုကဘယ်တော့မှ အေးချမ်းရမှာမဟုတ်ဘူး "


" အမေ မိသားစုခွဲထွက်ပြီးသွားတဲ့အတွက် သူမသောင်းကျန်းရင်တောင်မှ ပင်မမိသားစုမှာမဟုတ်တော့ဘူးလေ "


အဖွားကြီးဟန်က ထပြီးသောင်းကျန်းတော့မည့်အရိပ်အယောင်မြင်နေ သောကြောင့် ဒုတိယချွေးမက အမြန်ပင်စကားဝင်ပြောလိုက်သည် ။


" အမေ မိသားစုခွဲထွက်တာက ရိက္ခာခွဲဝေမူနဲ့ အလုပ်မှတ်တွေပေါ်မှာ သက်ရောက်မူမရှိဘူးလေ ။ တတိယမတ်လေးက သူ့အလုပ်မှတ်တွေကို သူကိုယ်တိုင်အတွက်အသုံးပြုမယ်ဆိုရင်တောင်မှ သမီးတို့အမှတ်တွေရှိပါသေးတယ် ..."


ဟန်ချင်စုန့် ကလက်မခံခဲ့ပေ ။ 


ဒုတိယချွေးမ၏ စကားများသည် ဟန်ချင်စုန့် တို့အနေဖြင့် မိသားစုခွဲထွက်ထားပါသော်လည်း အလုပ်ရမှတ်နှင့် ရိက္ခာများမှာ အဖွားကြီးဟန်ကသာ လက်ဝါးကြီးအုပ်ထားမည့်သဘောဖြစ်သည် ။


" အမှတ်နဲ့ ရိက္ခာတွေအတွက် စည်းမျဥ်းတွေအရ ကတော့ အုပ်ချုပ်ရေးမှူးက ကြည့်လုပ်ပေးပါလိမ့်မယ် "


" ဘာစည်းမျဥ်းတွေလဲ ၊ ငါ့အိမ်မှာငါပြောတာက စည်းမျည်းဘဲ မိသားစုခွဲထွက်ခွင့်ပေးထားတာတောင် လွန်လွန်းလှပြီ နင်ကထပ်လိုချင်သေးတယ် အရှက်မရှိဘူးလား "


အဖွားကြီးဟန်က ဟန်ချင်စုန့် ၏အိမ်ပြန်ပို့သည့်လစာများကို လက်ဝါးကြီးအုပ်ထားခဲ့ကာ နေသားကျနေသောလုပ်ပိုင်ခွင့်ကို စွန့်လွှတ်ရန် အသည်းအသန်ငြင်းဆန်နေခြင်းက သူမ၏လောဘကိုဖော်ပြနေသလိုဖြစ်နေသည် ။


ဟန်ချင်စုန့် ကဆက်ပြီးဆွေးနွေးလို့ရမည့်လမ်းစ မမြင်သောကြောင့် အိမ်ပြန်ရန်သာပြင်လိုက်သည် ။


" အဖေ အုပ်ချုပ်ရေးမှူးက စကားပြောချင်နေတယ် ကျွန်တော်အိမ်ပြန်ပြီး ခြံဝန်းကိုလှည်းကျင်းရဦးမယ် "


ခြံဝန်းအား ကာရံထားသည့်အုပ်တံတိုင်းရှိသော်လည်း ထပ်ပြီးရှင်းလင်းပြင်ဆင်ရ ဦးမည်ဖြစ်ကာ ခိုင်ခံ့အောင်ပြုလုပ်ရဦးမည် ။


ဟန်ချင်စုန့် ထွက်သွားသည်နှင့် အဖွားကြီးဟန်သည် သူ့သားကမိဘအားမသိတတ်ဟုဆိုကာ အော်ဟစ်ငိုယိုတော့သည် ။ အဖိုးကြီးဟန် ကတကယ်ပင် စိတ်မရှည်တော့ချေ ။ 


" မင်းဘာဖြစ်နေတာလဲ တတိယလေးမှာလဲ ကျွေးမွေးဖို့မိသားစုရှိသေးတယ်လေ ။ သူ့လုပ်တာမှန်တယ် "


" ဒါဆိုရင်ဘာလို့ အကြီးတွေကိုကျခွဲမပေးလဲ သူဘာသာသူဘာဘဲရှိရှိ မိဘကိုထောက်ပံ့ပေးရမှာဘဲ "


အဖွားကြီးဟန်က ကျိုးကြောင်းသင့်မစဥ်းစားနိုင်ဘဲ ဆက်လက်ခေါင်းမာနေသည် ။ အဖိုးကြီးဟန် သည် သူမပြောသည်အား နားမထောင်တော့ပေ ။


" နောက်မှဆက်ပြောကြတာပေါ့ ကလေးငါးယောက်နဲ့ ဇနီးအတွက် သူ့ကျွေးမွေးနိုင်ဖို့ ရိက္ခာတွေကို သူတို့ကိုယ်တိုင်စီမံနိုင်ဖို့လိုတယ် "


ပင်မမိသားစုနှင့်သာ ငွေကြေးအရဆက်လက်ဆက်နွယ်နေရမည် ဆိုလျှင် တတိယမိသားစု အနေဖြင့် ကလေးငါးယောက်ကို ကျွေးမွေးရန် ခက်ခဲမည်ဖြစ်ကာ လင်းလန်၏ ကလေးများအားကျောင်းပို့ချင်သည့် ဆန္ဒမှာလည်းဖြစ်မြောက်မည်မဟုတ်ပေ ။


ကလေးငါးယောက်မပြောနှင့် အခုခေတ်ကာလတွင် ကလေးတစ်ယောက်ကိုကျောင်းထားရန်ပင် အလွန်ခက်ခဲနေပြီဖြစ်သည် ။


အဖိုးကြီးဟန်က ကလေးများအားကျောင်းထားရန် အစီအစဥ်ကိုသဘောမကျသော်လည်း ကြားထဲတွင်တော့ ဝင်၍ဘာမှမပြောချေ ။ ကိစ္စတွေအားသဘာဝအတိုင်းဖြစ်ပျက်စေလိုက်ပြီး တတိယမိသားစုအနေနှင့် ကလေးများအားကျောင်းထားသောကြောင့်တစ်ခါ ငတ်သွားလျှင်အမှတ်ရှိသွား လိမ့်မည်ဟုထင်သည် ။


တခြားတစ်ဖက်တွင်တော့ ပညာသင်ကြားခြင်းသည် ကလေးများအတွက် အရမ်းအရေးကြီးပြီး ပညတတ်ဖြစ်မှ ဘဝတိုးတက်မည်ဆိုသည်ကိုလည်း အဖိုးကြီးဟန် လက်ခံသော်လည်း အဖွားကြီးက နားမလည်ပေ ။


" ငါတို့မိသားစုက အငယ်လေးနှစ်ယောက်ကကျောင်းတက်နေကြတုန်းဘဲ သူတို့အတွက်ပိုက်ဆံလိုအပ်တယ် "


အဖိုးကြီးဟန်က ပြောလိုက်သည် ။


" သူတို့နှစ်ယောက် ဘွဲ့ရသွားပြီး အလုပ်လုပ်တဲ့အခါကျရင် ပိုက်ဆံကုန်တော့မှာမဟုတ်ပါဘူး "


" သူတို့အတွက် ဘယ်လိုလုပ်ပိုက်ဆံမကုန်ဘဲနေမှာလဲ အဝတ်အစားတွေ စာအုပ်တွေနဲ့စားသောက်နေထိုင်ဖို့အတွက် ပိုက်ဆံလိုတယ် ။ အလုပ်ရှာရင်လဲ အဆက်အသွယ်ရဖို့အတွက်ပိုက်ဆံ သုံးရမှာဘဲ "


အဖွားကြီးဟန် အားရပါးရပြောနေသော်လည်း အဖိုးကြီးဟန် မျက်နှာပျက်နေသည်ကို သတိမထားမိပေ ။


" မိသားစုဝင်တွေအကုန်လုံးက ချွေတာစားသောက်ပြီး နေနေကြတာကို မင်းက သူတို့အတွက်အဝတ်အစားတွေတောင် ထောက်ပံ့ပေးသေးတယ်ပေါ့ ။ ငါတို့မိသားစုမှာ အငယ်တွေကချွေတာပြီး နေနေခဲ့ရတာ ။ တတိယလေးရဲ့ ကလေးတွေကိုမင်းကောင်းကောင်းမွန်မွန်ဆက်ဆံပေးဖူးလား မင်းကသူတို့ဆီက အကျိုးမြတ်တွေကိုဘဲ ညှစ်ယူဖို့စဥ်းစားနေတာက မိသားစုဝင်အချင်းချင်းဆက်ဆံရမဲ့ ပုံစံလား "


အဖွားကြီးဟန်သာ ဤမျှလောက်လောဘမကြီးလျှင် ဟန်ချင်စုန့် ၏မိသားစုအပေါ် သဘောထားက ပြောင်းပြန်လှန်လိုက်သလိုပြောင်းလဲ သွားမည်မဟုတ်ပေ ။ 


xxxxx

Chapter 66


ဟန်ချင်စုန့် ကအဖွားကြီးဟန်၏ သူ့ကလေးများအပေါ်ဆက်ဆံပုံကြောင့် စိတ်ပျက်သွားရခြင်းဖြစ်သည် ။ သို့သော်လည်း ဟန်ချင်စုန့် သည်သူ၏ခံစားချက်များကို နှလုံးသားထဲ၌သိမ်းဆည်းထားတတ်တာ နောက်ဆုံးစည်းမရောက်သည်အထိ ဖွင့်ထုတ်မည်မဟုတ်မှန်း အဖိူးကြီးဟန်သိနေသည် ။


အဖိုးကြီးဟန် ကအနွေးအိပ်ရာပေါ်ကနေထလိုက်ပြီး ပြောလိုက်သည် ။


" ငါအုပ်ချုပ်ရေးမှူးရဲ့အိမ်ကိုသွားပြီး မနက်ဖြန်ဘယ်လိုဆုံးဖြတ်ကြမလဲ သွားဆွေးနွေးလိုက်ဦးမယ် "


ခွဲဝေမူအတွက် အုပ်ချုပ်ရေးမှူးက သင့်တော်သလိုတွက်ချက်၍ ရစေရန် ပိုင်ဆိုင်မူများကို တင်ပြကာ  အဖိုးကြီးဟန် သည်လည်း သူ့ကိုယ်သူစိတ်ပိုင်းဆိုင်ရာပြင်ဆင်ဖို့လိုအပ်သေးသည် ။


အဖိုးကြီးဟန်က အစ်ကိုကြီးဟန်ကို ပြန်လွှတ်လိုက်သော်လည်း အဖွားကြီးဟန်က ပြဿနာရှာချင်နေဆဲဖြစ်ကာ ဒုတိယအစ်ကိုဟန် ကိုပြောလိုက်သည် ။


" မဖြစ်ဘူး တကယ်လို့ပစ္စည်းဥစ္စာတွေကို ခွဲဝေကြရင် မင်းတို့အကုန်လုံးရသင့်တာဆိုတော့ သွား မင်းကျင်းပေါင်ကို ဒီအကြောင်းပြောပြပြီး ရအောင်ခေါ်ခဲ့ချည် သူလည်းဘဲ ဝေစုတွေရသင့်တယ် "


သူတို့နှစ်ယောက် ဟာ အပြင်ဘက်ကောင်းကင်ကိုကြည့်မိပြီး သက်ပြင်းချလိုက်ကြသည် ။


" အမေသွားခေါ်စေချင်တယ်ဆိုရက်တောင်မနက်မှ ရလိမ့်မယ် အခုကအပြင်မှာမှောင်နေပြီ "


အဖွားကြီးဟန် ကနှာမူတ်ပြီးပြောလိုက်သည် ။


" မင်းတို့တစ်ယောက်မှ သုံးစားလို့ကိုမရဘူး ။  ငါအားကိုးလို့ရနိုင်တာဆိုလို့ ကျင်းပေါင်နဲ့ ကျင်းယုဘဲရှိတယ် "


အဖွားကြီးဟန် ရဲ့အငယ်ဆုံးသားကို ကျင်းပေါင် လို့ခေါ်ပေမဲ့ သူ့နမည်က ဟန်ချင်ဟွ ဖြစ်ပြီး အငယ်ဆုံးသမီးရဲ့နမည်က ကျင်းယုဖြစ်ကာ အဖွားကြီးဟန်က သူတို့နှစ်ယောက် ကိုအချစ်ဆုံးဖြစ်သည် ။


( TN/ သားနမည် ' ကျင်းပေါင် ' က သန့်စင်ပြီးတန်ဖိုးကြီးရွှေဖြစ်ပြီး သမီးနမည် ' ကျင်းယု ' က ရွှေရောင်ကျောက်စိမ်းဆိုတော့ကာ အဖွားကြီးကသူတို့နှစ်ယောက်ကို ရတနာလေးလိုတန်ဖိုးထားပါတယ်)


အဖွားကြီးဟန် ၏မပြီးနိုင်မစီးနိုင် ညည်းညူမည်အားကြိုမြင်သောကြောင့် ဒုတိယသားနှင့် သူ၏ဇနီးတို့သည် အတတ်နိုင်ဆုံး ကိုယ်နေပျော် သလိုနေလိုက်ကြသည် ။ ထိုမှသာ အဖွားကြီး၏ ပြစ်တင်ငြူဆူခြင်းက သူတို့ဘက်ရောက်မလာမှာဖြစ်သည် ။


အခန်းထဲတွင် ဘယ်သူမှမကျန်တော့သည့်အခါ အဖွားကြီးဟန်သည် ကုတင်ပေါ်ကအမြန်ထပြီး တံခါးပြေးပိတ်လိုက် ကာ သူမဖွက်ထားသောကြေးနီသော့ကိုယူထုတ်ပြီး အနွေးကုတင်အနီးက ဗီဒိုထဲမှ သစ်သားဘူးလေးတစ်ခုကိုထုတ်ယူလိုက်သည် ။


ပိုက်ဆံတချို့ကိုလက်ကိုင်ပဝါနှင့် ပတ်ပြီး ဘူးလေးအတွင်းသိမ်းထားခြင်းဖြစ်သည် ။ အဖွားကြီးဟန်က ငွေတချို့ကိုယူပြီး သူမ၏ဖိနပ်အောက်ခံပြားအောက်တွင် ဖွက်လိုက်ပြီး မလုံလောက်သေးဟုထင်၍ထပ်ယူကာ အောက်ခံအကျီအတွင်းသို့ ထည့်ဖွက်လိုက်ကည ဘူးလေးအားပြန်ပိတ်၍ အနွေးကုတင်ခေါင်းရင်းတွင်ဖွက်လိုက်သည် ။


နောက်တစ်နေ့မနက်တွင် အဖွားကြီးဟန်က ဒုတိယအစ်ကိုဟန် ကိုစက်ဘီးတစ်စီးငှားရန်ပြောခဲ့ပြီး သူမတို့ရွာနှင် ခြောက်မိုင်အကွာတွင်ရှိနေသော သမီးအကြီးဆုံးထံစာအရင်ပို့ခိုင်းခဲ့သည် ။


ဟန်တန်အာ သည် အဖွားကြီးဟန်၏ အကြီးဆုံးသမီးဖြစ်ကာ ပထမအစ်ကိုကြီးဟန် နှင့်အသက် နှစ်နှစ်ကွာသည် ။ သူမသည်မိသားစုတွင် အရေးပေးမခံရကာ အတူနေစဥ်ကမိသားစုအတွက် ပင်ပန်းစွာအလုပ်လုပ်ခဲ့ရသည် ။


သို့သော်လည်း သူမသည်ခံမပြောနားမထောင်ပင်ဖြစ်ကာ အဖွားကြီးဟန်၏ စကားများအားနားထောင်ချင်မှနားထောင်သည် ။ သူမလက်ထပ်ပြီး ကလေးမရသေးသည့်အချိန်များတွင် ခက်ခဲခဲ့သော်လည်း သားနှစ်ယောက်မွေးပြီးသည့်အခါတွင် အရေးပေးခံလာရပြီး သူမအားအလေးမထားသည့်အမေအား ပြန်လှည့်မကြည့်တော့ပေ ။


သူမသည် သူမ၏အမေအား သူမဘယ်လောက်ကောင်းကောင်းနေရကြောင်းကြွားဝါရာတွင်တော့ အရမ်းကိုစိတ်အားထက်သန်ကာ ပွဲတော်ရက်များတွက်အိမ်ပြန်လာသည့် အကြိမ်တိုင်းသူမသာ အဓိကလူပုံစံပြုမူနေတတ်ပြီး လင်းလန်အားလည်း အဖွားကြီးဟန် နှင့်ပေါင်းကာ အာဏာပြလေ့ရှိသည် ။


ဟန်ချင်စုန့် ရှိနေလျှင်အနည်းငယ် ထိန်းထိန်းသိမ်းသိမ်းပြုမူနေတတ်သော်လည်း ဟန်ချင်စုန့် မရှိသည့်အခါများတွင် လင်းလန် အားအမျိုးသမီးများ၏ကျင့်ဝတ် ၊ စည်ကမ်းတွေကိုလိုက်နာတာနှင့် ယောက္ခ်မအား နာခံခြင်း နှင့် သူမကိုလေးစားရန် မမောမချင်းထိုင်ပြောနေတတ်သည် ။


ဟန်တန်အာ က လင်းလန်ရဲ့ မိန်းမနှင့်ချွေးမဟူသည့် နေရာအားဖိနင်းက အမြဲလိုလို ဆုံးမသည့်ပုံနှင့် အာဏာပြလေ့ရှိသောကြောင့် လင်းလန်ကလုံးဝကိုသဘောမကျပေ ။


ဖြစ်နိုင်ရင် တစ်သက်လုံးမတွေ့ရတော့ရင်တောင်ကောင်းဦးမယ်!


မိသားစုခွဲထွက်ပြီးပြီ ဖြစ်၍သူမ၏လုပ်အားမှာ သူမမိသားစု အတွက်ဘဲဖြစ်သောကြောင့် လင်းလန်က အလုပ်လုပ်ရာတွင်အရမ်းတက်ကြွနေသည် ။ 


လင်းလန် အလုပ်ပြီးသည့်အချိန်တွင် ဟန်ချင်စုန့် ကအိမ်ထောင်စုစာရင်းကိုယူကာ အိမ်ပြန်ရောက်နှင့်နေပြီးဖြစ်သည် ။ လင်းလန်သည် ပျော်လွန်း၍ အတောင်ပေါက်ပြီး ပျံသန်းနိုင်တော့မည်ပင် ခံစားနေရသည် ။


အိမ်ထောင်စုစာရင်းအသစ်ရပြီးသည့်အတွက် ရိက္ခာခွဲဝေမူတွင် ပါဝင်သည့် အရာအားလုံးသည် သူမမိသားစု၏ကိုယ်ပိုင်သာ ဖြစ်ပြီးအဘွားကြီးဟန်အား ဆက်လက်ခယစရာ မလိုတော့ပေ ။


အိုက်ယိုး........အိမ်ထောင်မခွဲရသေးတဲ့ ချွေးမထောင်ပေါင်းများစွာက သူမကိုမနာလိုနေကြတော့မှာဘဲ နော်!


လင်းလန် ကပျော်လွန်း၍ အိမ်ထောင်စုစာရင်းကို ကိုင်ကာ အိမ်နှစ်ပတ်ပတ်ပြီးပါသော်လည်း လုံလောက်သည်ဟုမထင်သေးပေ ။ သူမသည်စိတ်လွတ်ကိုယ်လွတ် ပျော်မြူးနေရင်း ဟန်ချင်စုန့် အားနမ်းလိုက်မိသည် ။


သေစမ်း!  သူမဘာလုပ်လိုက်မိတာလဲ!


သူမကိုယ်တိုင် ဟန်ချင်စုန့် အားနမ်းလိုက်မိသည်ဟု သဘောပေါက်သွားသည့်အချိန်တွင် နမ်းပြီးပြီ ဖြစ်ကာ ရှက်လွန်း၍ ခြေမခိုင်တော့ကာ ချော်လဲမလိုတောင်ဖြစ်သွားသည် ။


သူမအား ဟန်ချင်စုန့် ကဖမ်းထိန်းထားကာ လင်းလန်သည် သူမနှလုံးတွေ ပေါက်ထွက်မတတ်ခုန်နေသောကြောင့် အမြန်ပင် စကားလမ်း​ကြောင်း လွှဲလိုက်ရပေသည် ။


" ကျွန်......ကျွန်မက စိတ်လူပ်ရှားလွန်းလို့ဖြစ်သွားတာပါ ။ ရှင်လျှောက်မတွေးနဲ့ "


ဟန်ချင်စုန့် "..........."


အမှန်တော့ သူသည်ဘာကိုမှလျှောက် တွေးမနေပေ ။ သူမသည်သူ၏ ဇနီးဖြစ်သည့်အတွက် နမ်းတာမပြောနှင့် ဒီ့ထက်ပိုလျှင်တောင်မှ သူ့အနေနှင့်မကျေနပ်စရာ အကြောင်းမရှိပေ ။


လင်းလန်က အိမ်နောက်ဖေးတွင် ဒန့်ဒလွန်ပင်များ အကြီးမြန်စေရန် သီချင်းဆိုပြနေသည့် ရှောင်ဝမ့်ကိုပါ နမ်းလိုက်သည် ။ ရှောင်ဝမ်က သူမလက်တွင်ကိုင်ထားသည့် စာအုပ်ကိုကြည့်ကာမေးလိုက်သည် ။


" အမေ အဲ့တာဘာလဲဟင် "


" အခုမင်းအမေရဲ့ လက်ထဲမှာ အိမ်ထောင်စုစာအုပ်ရှိပြီ ဒါ့ကြောင့်မားမား ကတရားဝင်လုပ်ပိုင်ခွင့်ရှိတဲ့လူဘဲ "


လင်းလန်က ရှောင်ဝမ် ရဲ့ခေါင်းလေးကိုပွတ်ကာ ဆက်ပြောလိုက်သည် ။


" မားမား ကမင်းတို့ကောင်းကောင်းစား ၊ ကောင်းကောင်းဝတ်ပေးပြီး ကျောင်းလဲထားမယ် "


ရှောင်ဝမ်ရူပ်ထွေးနေခဲ့သည် ။


ညစာစားချိန်တွင် အားဝမ်က လင်းလန် ကိုကူညီရန် အပြေးလာကာ ပြောခဲ့သည် ။


" စန်းဝမ်က မြစ်ထဲကနေ ကျိုးနေတဲ့ ဇကာနဲ့ကောက်ရခဲ့ပြီး အဲ့တာနဲ့ငါးဖမ်း ဖို့လုပ်နေတယ် "


တခြားသူတွေ ကမြစ်ထဲမှာငါးဖမ်းဖို့ ခက်ခက်ခဲခဲကြိုးစား ကြရမည်ဖြစ်သော်လည်း လင်းလန်ကတော့ သူ့သားကထိုနေရာတွင် သူမတူမှန်း သိပြီးဖြစ်သည် ။ နောက်ဆုံးတွင် ဒါက ရေထဲမှာတစ်နေကုန်စိမ်နေတတ်သည့်အကျင့်၏ ရလဒ်ဖြစ်နိုင်သည် ။


ငါးနံ့ရသည်နှင့် ကလေးတွေကအသားစားဖို့သာစိတ်အား ထက်သန်နေကြသောကြောင့် လင်းလန်က အသီးအရွက်နှင့်မျှတစွာစားရန်သတိပေးနေရသေးသည် ။


xxxxx