အပိုင်း ၆၇-၆၈
Viewers 23k

Part 67


ရှောင်ဝမ် တစ်နေကုန်ပျော်ပျော်ရွှင်ရွှင် ကစားနေသည်အားကြည့်ကာ လင်းလန်စိတ်ချသွားရသည် ။ အရင်ကရှောင်ဝမ် သည် တစ်ယောက်ထဲနေတတ်ကာ မည်သူကိုမျှစကားစပြောလေ့မရှိပေ ။ ယခုမူပျော်ရွှင်တက်ကြွလာကာ သူ့ဘက်ကပင်စကားအများကြီးစပြောနေတတ် ပြီဖြစ်ကာ ပုံမှန်ကလေးများလိုဖြစ်လာပြီဖြစ်သည် ။


လင်းလန်က ငါးကိုခုတ်ချင်ပါသော်လည်း ငါးကမသေသေး၍ အသက်တစ်ချောင်းကို လက်စတုံးပစ်ရန်ခက်ခဲနေလေသည် ။


ဟန်ချင်စုန့်က သူမတွေဝေနေသည်ကိုမြင်သောအခါ ငါးကိုဆွဲယူပြီး တစ်ချက်ထုလိုက်ကာ ကြေးခွံချွတ်ပြီး ဗိုက်ခွဲ ကလီစာများကိုလွှတ်ပစ်လိုက်သည် ။ ဘေးကကြည့်နေရသည့် လင်းလန်အတွက်တော့ အလွန်ခက်ခဲသည့်တိုက်ပွဲပင် ။


ငါးက​လှုပ် နေသေးတယ်လေ!


အင်း.....ဟင်းချက်တာကလဲတိုက်ပွဲဘဲ!


ဟန်ချင်စုန့်က အားဝမ်ကိုခေါ်လိုက်သည် ။


" ဒီကိုလာခဲ့ "


အားဝမ်က သူ့အဖေရဲ့ တင်းမာနေသည့်မျက်နှာကို မြင်သည့်အခါ အနည်းငယ်ကြောက်နေသော်လည်း တစ်ခါမှသူ့အဖေရိုက်တာ မခံဖူးသောကြောင့် အားတင်းကာသွားပြီးမေးလိုက်သည် ။


" ဘာဖြစ်လို့လဲ "


ဟန်ချင်စုန့် ကအားဝမ်ဆီဓားကမ်းပေးပြီးပြောလိုက်သည် ။


" ငါမင်းကို ငါးဘယ်လိုသတ်ရမလဲသင်ပေးမယ် "


" စန်းဝမ် ကိုသင်ပေးတာက ပိုကောင်း....." 


အားဝမ်သည် ဟန်ချင်စုန့် ၏မျက်နှာအားကြည့်ကာ ငြင်းဆန်ချင်ပါသော်လည်းဆက်ပြောမထွက်တော့ပေ ။


" ပထမဆုံး ငါးကိုဘယ်လက်နဲ့ သေချာဖိထားပြီး ညာလက်ကဓားကိုကိုင်ထား...."


" နောက်တော့......"


အရသာရှိသည့် ဟင်းများကိုချက်ပြုတ် ရမည်ဖြစ်သည့်အတွက် အားဝမ် တဖြည်းဖြည်းစိတ်ဝင်စားလာကာ သေသေချာချာ လေ့လာနေခဲ့သည် ။ လင်းဝမ်က သူတို့နှစ်ယောက်ကိုကြည့်ကာ အရမ်းအပေးအယူမျှနေသည်ကိုတွေ့လိုက်ရသည် ။


စားဖိုမှူးကြီး အားဝမ်ရေ မာမားတော့မင်းကို အနာဂတ်မှာအားကိုးရတော့မှာပဲ!


လင်းလန် ကအားဝမ် ၏နဖူးကိုနမ်းကာပြောလိုက်သည် ။


" အားဝမ်ကတော်လိုက်တာ ဒီနေ့မားတို့ငါးစွပ်ပြုတ်ချက်စားကြမယ် "


လင်းလန်က သူမသိုလှောင်ထားသည့် ပဲငံပြာရည်အား သွားယူကာ တခြားဟင်းခတ်အမွှေးအကြိူင်အနည်းငယ်နှင့် ချက်ပြုတ်ရန်စတင်ပြင်ဆင်တော့သည် ။ သူမကငါးကိုအရင်ဆီသတ်ကြော်လိုက်ကာ ငံပြာရည်အနည်းငယ်နှင့် အမွှေးအကြိုင်တို့ထည့်ပြီး ဆန်ခေါက်ဆွဲအနည်းငယ်နှင့် ကကြက်ဥကြော်ထားသည်အားလည်းရောထည့်ကာ မီးအေးအေးနှင့် ပြုတ်ထားလိုက်သည် ။


မိနစ်နှစ်ဆယ်ခန့်ကြာပြီးနောက် ဟင်းအိုးကဆူပွက်လာပြီဖြစ်ကာ ထင်းကိုဖြုန်းတီးရာမရောက်စေရန် ဆက်ပြီးအပူပေးထားခဲ့သည် ။ အဖုံးဖွင့်လိုက်သည်နှင့်ငါးဟင်းအနံ့ ကအလွန်ဆွဲဆောင်မူရှိစွာပေါ်ထွက်လာလေသည် ။


အိမ်ထဲတွင်သာမက လမ်းမပေါ်သို့ပါ ဟင်းအနံ့ကသင်းပျံ့နေကာ အလုပ်ပြီးနောက် လမ်းပေါ်တွင်စကားစမြည်ပြောနေသည့် လူများသည်ပို၍ပင်အနံ့ရကြသည် ။


" ဘယ်အိမ်ကဟင်းနံ့ လဲ အရမ်းမွှေးတာဘဲ "


ဘယ်လိုလူမျိုးက ဒီလိုအခြေအနေမှာ ငါးဟင်းကိုပုံမှန်လိုစားနေနိုင်တာလဲ!


" အဲ့တာက ခွဲထွက်သွားတဲ့ ဟန်အိမ်ကမဟုတ်လား "


မဖြစ်နိုင်တာ!


" နင်တို့လဲ ဖျားနာတာကိုကုဖို့ အိမ်ခွဲထွက်သင့်တယ်ထင်တယ်နော် "


အမျိုးသမီးများက အတင်းအဖျင်းပြောနေစဥ်တွင် ဟန်တန်အာက အဖွားကြီးဟန် ၏စာကြောင့်ပြန်ရောက်နေပြီဖြစ်သည် ။


လင်းလန် ပိုးသတ်ဆေးသောက်ကာ သတ်သေရန်ကြိုစားခဲ့သည့် လွန်ခဲ့သည့်ရက်တွေတုန်းက သူမရောက်လာပြီး ဆုံးမချင်ပါသော်လည်း အချိန်မရှိသောကြောင့်မလာဖြစ်ခဲ့ပေ ။ သူမရောက်လာသည့်အချိန်တွင်တော့ ဟန်ချင်စုန့် ပြန်ရောက်လာပြီးသူ၏ဇနီးအတွက် အဖွားကြီးဟန်ကို ဆန့်ကျင်သည့်သတင်းကိုသာကြားရသည် ။


သူမ၏အိမ်က အရူပ်များကိုရှင်းပြီးနောက်တွင်မှ အနည်းငယ်အနားယူချိန်ရကာ ဒုတိယအစ်ကိုဟန် ကအဖွားကြီးဟန် ပို့ခိုင်းလိုက်သည့်စာကိုရသည်နှင့်တစ်ပြိုင်နက် ယောက္ခမအိမ်မှအလုပ်များကိုပစ်ချပြီး ဒုတိယအစ်ကိုဟန် နှင့်တစ်ခါတည်းလိုက်လာခဲ့သည် ။


သူမအိမ်ပြန်ရောက်သည်နှင့် အဖွားကြီးဟန်က လင်းလန်နှင့် ဟန်ချင်စုန့် တို့အား ဆူပူနေသည်ကို နှစ်နာရီမျှနားထောင်ပြီးမှ အဖွားကြီးဟန် မောသွားကာ ဟန်ချင်စုန့် ဘာနှင့်စားသောက်ကြမလဲ စပ်စုရန်သွားကြလေသည် ။


" အိမ်ထောင်စုခွဲထွက်ဖို့ကို စဥ်းတောင်မစဥ်းစားနဲ့ သူကငါမွေးထားတဲ့ငါ့သားပဲ ငါ့ကိုစောင့်ရှောက်ဖို့သူ့မှာတာဝန်ရှိတယ် ။ နောက်ကျရင်နေ့တိုင်းထမင်းဖြူစားပြီး သုံးရက်တစ်ခါငါအသားစားပြမယ် "


ဟန်တန်အာ ကအဖွားကြီးဟန်ပြောသမျှကို စိတ်ထဲထားမနေဘဲ လင်းလန်တို့အိမ်သို့သာလမ်းလျှောက်ရန်တွဲကူပေးလိုက်သည် ။ လင်းလန်တို့အခန်းရှေ့ရောက်သည့်အခါ အလွန်မွှေ့ပျံ့သည့်ငါးကြော်နံ့ ပေါ်ထွက်လာသောကြောင့် အဖွားကြီးဟန်က သွေးတက်နေကာခြေဆောင့်လိုက်သည် ။


" တွေ့လား.....တွေ့လား...သူတို့ကငါ့ကို မရှိသလိုသဘောထားနေကြတာ နင့်မောင်က ငါ့ကိုမျက်လုံးထဲမှာလုံးဝမရှိတော့ဘူး ။ သူတို့ကအိမ်ခွဲကြမှာဆိုပြီး အရသာရှိတာတွေကိုစားသောက်နေကြပြီး ငါတို့ကိုတောင်သတိမရကြဘူး "


အိမ်ထဲတွင် ငါးကြော်နှင့် ငါးစွပ်ပြုတ်ချက်နေသော်လည်း သူမဆီဟင်းတစ်ခွက်မှမပို့တာက အဖွားကြီးဟန်၏မျက်နှာကို ဖျတ်ရိုက်လိုက်သလိုပင်ခံစားနေရသည် ။ ဟန်တန်အာက အဖွားကြီးဟန်၏ မျက်နှာအမူအရာကိုဆက်တိုက်စောင့်ကြည့်နေကာပြောလိုက်သည် ။


" တတိယလေးတို့မိသားစုကတော့ ပိုပြီးထူးဆန်းလာတာဘဲ ပိုးသတ်ဆေးသောက်ပြီးသတ်သေဖို့ကြံတဲ့မိန်းမက ဒီလောက်ကြီးမြန်မြန်ပြန်ကောင်းလာတယ်လား "


" ဒါတောင် အရင်ရက်ကကိစ္စတွေအများကြီးဖြစ်သွားသေးတယ် "


အဖွားကြီးဟန် ကဖြစ်သမျှအကြောင်းအစုံအလင်ကို သူမသမီးဆီဖောက်သည်ချကာပြောမဆုံးနိုင်ဖြစ်နေသည် ။ ဟန်တန်အာသည် အရင်က အဖွားကြီးဟန် ၏အလေးပေးခြင်းကိုမခံခဲ့ရပေ ။


သို့သော်လည်း သူမလက်ထပ်ပြီးသည့်နောက်တွင် ချွေးမများနှင့်အဆင်မပြေမူများကို အဖွားကြီးဟန်က ဆက်တိုက်ရင်ဖွင့်လာခဲ့ကာ သူမအနေနှင့်တဖြည်းဖြည်း အိမ်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်လာနိုင်ခဲ့သည် ။


" ဒါကမဖြစ်နိုင်တာ...သမီး တတိယလေးနဲ့သေချာပေါက်စကားပြောရတော့မယ် မပူနဲ့ အလုပ်အမှတ်နဲ့ ပိုက်ဆံတွေကို အမေပဲထိန်းသိမ်းလို့ရအောင်သေချာပြောရမယ် ။ သူ့ရဲ့အသုံးမကျတဲ့ မိန်းမက မိသားစုကိုဖျက်ဆီးပစ်မှာမျိုးအဖြစ်မခံနိုင်ဘူး "


အခန်းသေးသေးလေးထဲမှာတော့ လင်းလန်ကပင်မအိမ်သို့ ပို့ရန်ငါးဟင်းကို ပန်းကန်လုံးထဲခပ်ထည့်နေခဲ့သည် ။ သူမစိတ်တိုင်းကျသာဆိုရင် ငါးအရိုးတောင်ပေးမကိုက်စေချင်ပေ ။


သို့သော်လည်း အိမ်ထောင်စု ခွဲထွက်ပြီးသည့်နောက်တွင် သူမဘယ်လောက် ကောင်းကောင်းစား ကောင်းကောင်းနေရကြောင်းကြွားရန် သေချာပေါက်ကိုပို့ရမည့်အပြင့် ဟန်ချင်စုန့်က သူမအားမသိတတ်သူဟု အထွန့်မတက်နိုင်စေရန်ဖြစ်သည် ။


ဟန်ချင်စုန့်က ငါးကိုသတ်ပြီးကတည်းက အပြင်ထွက်သွားသည်ဖြစ်ရာ ဟင်းပို့ခိုင်းရန် အချိန်အတန်ကြာစောင့်နေခဲ့သော်လည်း ပြန်မလာသေးသောကြောင့် လင်းလန်ကအားဝမ် ကိုအော်ခေါ်လိုက်သည် ။


" အားဝမ် လာခဲ့ဦး..သားရဲ့ အဖွား...အဲလေ သားအဖိုးဆီကိုဟင်းသွားပို့ချည် "


အားဝမ် ကလည်းသူအမေ၏ စိတ်ကိုကောင်းကောင်းသိသောကြောင့် ရီကာပြောလိုက်သည် ။


" မားမား မပို့ချင်ရင်လည်းဘာမှမဖြစ်ပါဘူး သားတို့တောင်စားလို့မလောက်ဘဲနဲ့ကို "


လင်းလန် က အားဝမ် ၏စကားကြောင့်ရီမောလိုက်ကာ သူမ၏အသံနှင့်အမူအရာကို အဖွားကြီးဟန် ကဲ့သို့အတုခိုးကာပြောလိုက်သည် ။


" သား မင်းအသက်ကြီးလို့မိန်းမယူရင် မှတ်မိရမှာက မိဘတွေကိုလဲ ချမ်းသာတဲ့အရသာကိုခံစားခိုင်းရမယ် "


ရုတ်တရက်ဘဲ ရှောင်ဝမ်က လင်းလန်ကိုပြေးဖက်ကာအော်ပြောတော့သည် ။


" မားမား သားမိန်းမ မလိုချင်ဘူး သား မားမားကိုပဲလိုချင်တာ..မားမား.. နဲ့ပဲနေမယ် "


ရှောင်ဝမ် ၏ကလေးဆန်သည့်စကားတွေက သူမတို့အကုန်လုံးကိုရီမောစေခဲ့သည် ။


xxxxx

Chapter 68


" အခုချက်ချင်းသွားပို့လိုက်စမ်းပါ "


မဟုတ်ရင် ငါစိတ်ပြောင်းသွားလိမ့်မယ်နော် !


" လမ်းမှာ စန်းဝမ်တို့ကိုပါ ထမင်းပြန်စားဖို့ပြောလိုက်အုံး "


စန်းဝမ် ငါးသွားဖမ်းရာတွင် မိုင်စွေ့လိုက်သွားခဲ့သော်လည်း နှစ်ယောက်လုံးအခုထိ အိမ်ပြန်မရောက်သေးပေ ။ ငါးစွပ်ပြုတ်က ​ပူနေဆဲဖြစ်သောကြောင့် အားဝမ်က ပန်းကန်လုံးကို ပြုတ်ကျမသွားရအောင် သေသေချာချာကိုင်ထားရပြီး အခန်းထဲကထွက်လိုက်သည့်အချိန်တွင် အဖွားကြီးဟန်နှင့် ဟန်တန်အာတို့ နှစ်ယောက်က ဒေါသတကြီး လာနေသည်ကိုတွေ့လိုက်ရသည် ။


" တတိယမိသားစု "


ဟန်တန်အာ ၏ အသံက ကျယ်လောင်နေကာ ချုပ်တည်းထားခြင်းမရှိပေ သူတို့နှစ်ယောက်၏ လာခြင်းက ကောင်းသောလာခြင်း မဟုတ်ကြောင်းကို လင်းလန် သေချာပေါက်ပြောနိုင်သည် ။


ဘယ်လိုအခြေအနေကြီးတုန်း!


အားဝမ်က အိမ်ထဲအမြန်ဝင်ကာ ငါးစွပ်ပြုတ်ပန်းကန်ကို စားပွဲပေါ်တင်ထားလိုက် သည် ။ လင်းလန်က အဖွားကြီးဟန်တို့အိမ်ထဲ ဝင်မလာနိုင်ရန် တံခါးဝတွင်ပိတ်ရပ်ကာ ပြောလိုက်သည် ။


" ထူးထူးဆန်းဆန်း လာလည်နေလို့ပါ့လား ဒီပုံစံက မယ်တော်ကြီးကို တိုင်းခန်းလှည့်ဖို့အကူအညီပေးနေတဲ့ချွေးမတော်နဲ့ တော်တော် ဆင်တူနေတဲ့မြင်ကွင်းဘဲ "


" နင် မသိတတ်တဲ့ ချွေးမ စကားပြောတာရိုင်းစိုင်းလိုက်တာ "


ဟန်တန်အာက တစ်ဖက်ကအဖွားကြီးဟန်ကို ထိန်းကိုင်ပေးထားကာ တစ်ဖက်က လည်းအဖွားကြီးဟန်က လင်းလန်ကိုလှမ်းရိုက်နေတာကိုလည်းတားနေရသေးသည် ။


" မှားလို့ အမကြီးကို ချွေးမတော်လို့ပြောတာ သိပ်မသင့်တော်သလိုဘဲ ဒေါသကြီးတဲ့ဘုရင်နေရာကမှ ပိုသင့်တော်သေးတယ်နော်... နူတ်ဆက်ပါတယ် ဘုရင်ဟန်ရှင့် "


လင်းလန်က အမူအရာအပြည့်ဖြင့် မျက်နှာပြောင်တိုက်သရုပ်ဆောင်လိုက်ကာ ဒူးညွတ်၍ပင်ဂါရဝပြုလိုက်သေးသည် ။ 


ဟန်တန်အာ နှင့်အဖွားကြီးဟန် တို့၏မူလရည်ရွယ်ချက်က လင်းလန်ကို ဖိအားပေးဖို့ဖြစ်သော်လည်း မထင်မှတ်ဘဲ တံခါးဝမှာတင် လင်းလန်၏ လှောင်ပြောင်သရော်ခြင်းကိုခံရကာ သူမတို့ဘာဆက်လုပ်ရမလဲမသိတော့ချေ ။


" နင်တို့က မိသားစုခွဲထွက်ထားတယ်ဆိုပေမဲ့လဲ မိဘတွေကိုစောင့်ရှောက်ဖို့ တာဝန်ရှိတယ်ဆိုတာမမေ့နဲ့ "


လင်းလန် မျက်လုံးမလှိမ့်ဘဲမနေနိုင်တော့ချေ ။


" အဖွားကြီး ရှင်က မိဘကိုစောင့်ရှောက်ဖို့လိုချင်နေတယ်ပေါ့ ။ ရတယ်လေ ပထမအစ်ကိုနဲ့ ဒုတိယအစ်ကိုကြီးတို့ကလဲ အရင်ကတည်းကအိမ်ခွဲဖို့စိတ်ကူးထားကြပြီးသား အကုန်လုံးအိမ်ခွဲထွက်ပြီးသွားရင် သားတွေရဲ့အိမ်မှာ လအနည်းငယ်ဆီလှည့်နေပေါ့ ဒါဆိုရင် အလုပ်ရမှတ်တွေအတွက်ရော အစားအသောက်အတွက်ပါ စိတ်ပူဖို့မလိုတော့ဘူးနော် "


" နင်...နင် "


အဖွားကြီးဟန်က လက်တစ်ဖက်က လင်းလန်ကို လက်ညိုးထိုးနေပြီး တစ်ဖက်ကသူမ၏ ရင်ဘတ်ကိုဖိထားက အသက်ရူနေပုံမှာ ရေပေါ်ပစ်တင်ထားသည့်ငါးလိုဖြစ်နေသည် ။ လင်းလန်က ရေတစ်ခွက်အမြန်ခပ်ပေးကာ ပြောလိုက်သည် ။


" မြန်မြန် ရေမြန်မြန်သောက်လိုက် "


" ထွက်သွားစမ်းပါ "


အဖွားကြီးဟန်က လင်းလန် ကမ်းပေးလာသည့် လက်ကိုပုတ်ထုတ်လိုက်သောကြောင့် ကြွေခွက်ကလွင့်ကာကျကွဲသွားခဲ့သည် ။ လင်းလန်နောက်တွင် ရပ်ကြည့်နေသည့် ရှောင်ဝမ်က မှတ်ဥာဏ်ဆိုးတစ်ချို့ကို ပြန်သတိရမိသွား၍ စတင်အော်ငိုလာကာ သူ၏ခန္ဓာကိုယ်လေးသည်လည်း တုန်ယင်နေပြီး အဖွားကြီးဟန်တို့အားအော်လေသည် ။


" မကောင်းတဲ့မိန်းမကြီးတွေ.....မကောင်းတဲ့မိန်းမကြီးတွေ...."


ရှောင်ဝမ် ၏ ပြင်းထန်သောတုံ့ပြန်မူကို လင်းလန် မမျှော်လင့်ထားခဲ့မိသောကြောင့် အမြန်ပင် သူ့ကိုပွေ့ဖက်ကာ နှစ်သိမ့်ပေးလိုက်သည် ။


" ဘာမှမဖြစ်ဘူးနော်....ဘာမှမဖြစ်ဘူး.....မားမားရှိတယ်နော်..သားကိုကာကွယ်ပေးဖို့မားမားရှိတယ်.... ဘာမှမဖြစ်ဘူး...မားမားရှိတယ်နော် ...မားမားရဲ့ ဝမ်ဝမ်လေးကို ဘယ်သူမှအနိုင်မကျင့်စေရဘူးနော် "


ရှောင်ဝမ် အားနှစ်သိမ့်ပေးနေသည့်အပြင် သူမကသားချော့တေးတစ်ပုဒ်ကိုလည်း ရှောင်ဝမ်စိတ်ငြိမ်အောင် ခပ်တိုးတိုးသီဆိုပေးနေသည် ။ ဟန်တန်အာက လင်းလန်၏ အပြုအမူအားသည်းမခံတော့ဘဲ အော်ဟစ်ကာပြောလိုက်သည် ။


" ငါပြောမယ် နင်တို့တတိယမိသားစုက ယဥ်ကျေးမူတစ်စက်မှကိုမရှိဘူး ဒါနင့်ရဲ့ယောက္ခမကို ဆက်ဆံတဲ့ပုံစံလား "


လင်းလန်က ရိူက်နေဆဲဖြစ်သည့်ရှောင်ဝမ်အား အားဝမ်ဆီသို့လှမ်းပေးကာ ဟန်တန်အာကို အေးစက်စွာကြည့်လိုက်ပြီး ပြောလိုက်သည် ။


" ကျွန်မဘာမှားနေလို့လဲ... ရှင်ကရော ရှင့်အမေအရင်းကိုဆက်ဆံသလိုမျိုး ယောက္ခ်မကိုဆက်ဆံနိုင်လို့လား! ရှင့်အမေအရင်းလို သဘောထားလို့လား ဒါတောင်မှရှင်က သိတတ်တဲ့ သမီးဆိုတဲ့ ဇာတ်လာခင်းချင်နေသေးတယ်ပေါ့လေ ။ ရှင့်ရဲ့ကံမကောင်းတဲ့ အိမ်ထောင်ရေးကြီးနဲ့ ယောက္ခမအိမ်မှာ ပြောချင်တိုင်းပြောလို့မရလို့ ကျွန်မကိုလာပြီးဆူပူမနေနဲ့ ရှင့်ယောက္ခမက မိဘအိမ်ထိလိုက်လာပြီး ရှင့်ကို မသိတတ်တဲ့ချွေးမလို့ပြောတဲ့အခါမှ ရှင်ဘယ်မျက်နှာနဲ့နေမလဲကြည့်ချင်သေးတယ်..."


ဟန်တန်အာ သည် လင်းလန်က သူမအားယခုလိုပြန်ပြောမည်ဟုမထင်သောကြောင့် ဒေါသထွက်ကာ မျက်နှာတွင်သွေးတောင်မရှိတော့ပေ ။ 


" အမေ... အမေ..သူမကိုကြည့်ပါဦး... "


" အဲ့ဒီမိန်းမ ဘယ်လောက်ဆိုးလဲ ငါကတစ်နေ့တစ်မျိုးမရိုးရအောင်မြင်ဖူးပြီးသား နင်မပြောနဲ့ "


အဖွားကြီးဟန် ကဒေါသထွက်လွန်း၍လင်းလန် တို့ဘာစားကြမည်လဲကိုတောင် စပ်စုချင်စိတ်မရှိတော့ကာ ထိုနေရာတွင်လည်း တစ်မိနစ်တောင်မနေချင်တော့ပေ ။ ဟန်တန်အာ ကအဖွားကြီးဟန်အား အမြန်လိုက်ကူတွဲကာပြောလိုက်သည် ။


" အမေ လင်းလန်က မကောင်းဆိုးဝါးဝင်ပူးနေတာလားမသိဘူးနော် တခြားလူတစ်ယောက်လိုလုံးဝကို ပြောင်းလဲသွားတာ "


လင်းလန်က တီးတိုးပြောသွားသည့် ဟန်တန်အာ အားအော်ပြောလိုက်သည် ။


" ဟုတ်တယ် သေမင်းက ကျွန်မကို အကျင့်မကောင်းတဲ့ နှလုံးသားမဲညစ်နေတဲ့လူတွေကိုဆုံးမဖို့ ခန္ဓာကိုယ်အသစ်တစ်ခုပေးလိုက်တာ ။ ကျွန်မကအရင် လင်းလန် မဟုတ်တော့ဘူး တခြားတစ်ယောက်ဘဲ ဒါကြောင့် ကျွန်မအိမ်ကိုလာပြီး ဆူညံသောင်းကျန်းမယ်ဆိုရင် ကျွန်မညှာတာတော့မှာမဟုတ်ဘူး "


အဖွားကြီးဟန်က ခပ်မြန်မြန်လျှောက်နေသောကြောင့် သူမခြေလှမ်းများပင်ယိမ်းယိုင်နေကာ မနည်းတည့်အောင်ထိန်းနေရသည် ။ သူတို့နှစ်ယောက်အိမ်ပြင်သို့ရောက်သည့်အချိန်မှာတင်ဘဲ ဟန်ချင်စုန့် ကအိမ်ဘက်သို့အချိန်အတန်ကြာ ရပ်ကြည့်နေပုံရကြောင်းကိုတွေ့လိုက်ရသည် ။


" တ....တတိယလေး...."


ဟန်ချင်စုန့်က လင်းလန်အား ငါးကိုင်ပေးပြီးနောက် စန်းဝမ် ကိုခေါ်ရန်မြစ်ဘက်သို့သွားကာ ငါးအချို့ကိုလည်းထပ်ဖမ်းခဲ့သေးပြီး အိမ်ရှေ့လမ်းကိုခင်းရန် ကျောက်ခဲကောက်နေသေးကာ အားဝမ် အော်ငိုနေသည့်အချိန်တွင် ကွက်တိပြန်ရောက်လာခဲ့ခြင်းဖြစ်သည် ။


ရန်ဖြစ်နေကြသကဲ့သို့အသံတွေအပြင် ကလေးသည်လည်းအရမ်းငိုယိုနေသောကြောင့် လက်ထဲရှိသမျှအကုန်ပစ်ချကာ အိမ်သို့အမြန်ပြေးလာခဲ့ခြင်းဖြစ်သည် ။ 


" အမေ... အမ "


ဟန်ချင်စုန်၏ မျက်နှာသည် ဟန်မဆောင်နိုင်လောက်အောင်ပင်မဲမှောင်နေသည် ။ အဖွားကြီးဟန်က သူ၏စိတ်ပျက်နေသည့် အမူအရာကိုမြင်ပြီး ပို၍ပင်မသက်မသာဖြစ်ကာ ဒေါသထွက်လာတော့သည် ။


" တတိယလေး မင်းရဲ့မိန်းမကစိတ်ကောင်းရှိတဲ့သူ မဟုတ်ဘူး ငါနဲ့မင်းအမက မင်းဘယ်လို့နေမလဲစိတ်ပူလို့ လာကြည့်ခဲ့ပေမဲ့ မင်းမိန်းမက ငါ့ကိုမကောင်းကြံပြီး ရေနွေးနဲ့တောင်ပက်တော့မလို့ "


ဟန်တန်အာ ကလည်းဝင်ပြောလိုက်သည် ။


" အမေပြောတာမှန်တယ် မင်းမိန်းမက ငါ့ကိုတောင်မှစော်ကားပြောဆိုပြီး နောက်ထပ်မလာနဲ့လို့တောင်နှင်ထုတ်သေးတယ် ။ ဒါအကြီးတွေကိုဆက်ဆံရမယ့်ပုံစံလား "


xxxxx