အပိုင်း ၆၉-၇၀
Viewers 23k

Chapter 69


အဖွားကြီးဟန် နှင့် ဟန်တန်အာ တို့၏လုပ်ကြံပြောဆိုနေမူများကို အားဝမ်ကသည်းမခံနိုင်တော့ပေ ။


" လူလိမ်တွေ သားမှာ အန်တီတို့လိုဆွေမျိုးတွေမရှိဘူး ။ အိမ်ထိလာပြီးသားမားမားကို အနိုင်ကျင့်တဲ့အပြင် ရှောင်ဝမ် ကိုပါသေစေချင်နေကြတယ် ။ မကောင်းတဲ့မိန်းမကြီးတွေ! "


အိမ်ထဲမှ ရှောင်ဝမ်က အားဝမ်၏အော်ဟစ်နေသံကိုကြားကာ ထငိုလာခဲ့ပြီး ဟန်ချင်စုန့် သည်အဖွားကြီးဟန်နှင့် ဟန်တန်အာ တို့အားတစ်ချက်မျှပင်လှည့်မကြည့် ဘဲအိမ်ထဲသို့ဝင်သွားခဲ့သည် ။


" နင်....နင် မသိတတ်တဲ့ သားမိုက် "


မည်သို့ပင်ဖြစ်စေ ဟန်ချင်စုန့် လှည့်မကြည့်ခဲ့ပေ ။ အိမ်ထဲသို့ဝင်ပြီး ဘာမေးခွန်းမှမမေးရသေးခင်မှာဘဲ လင်းလန်ကပြောလာခဲ့သည် ။


" အစကတော့ အိမ်ခွဲလိုက်ပြီး အရာအားလုံးကိုပြတ်ပြတ်သားသားလုပ်လိုက်နိုင်တာနဲ့ အဆင်ပြေသွားပြီထင်ခဲ့တာ... အရင်က အစားအသောက်ဆိုရင်လဲကျွန်မတို့က သူတို့ကျန်မှစားရတယ် ၊ ရှင်ပို့တဲ့ငွေတွေတောင်မှ ကျွန်မတို့မသုံးခဲ့ရဘူး ကျွန်မကိုဘယ်လောက်အနိုင်ကျင့်ကျင့် အဆင်ပြေပေမဲ့ ကျွန်မကလေးတွေကိုပါ သူတို့တန်းတူဆက်ဆံကြတာမဟုတ်ဘူး ဒါတောင်မှ ကွာရှင်းစေချင်ကြသေးတယ် ။ ကွာရှင်းလိုက်ရင် ကျွန်မရဲ့ကလေးတွေကို ဘယ်သူကစောင့်ရှောက်ပေးမှာလဲ ပထမယောင်းမလား ဒါမှမဟုတ် ဒုတိယယောင်းမလား ။ သူတို့ကိုယ်ပိုင်ကလေးကိုဘဲ အရေးပေးမှာအသိသာကြီး..... "


ဒီအိမ်ထဲမှာ စေတနာနဲ့သူများကလေးကို ထိန်းသိမ်းပေးမဲ့လူတစ်ယောက်ကလေးတောင်မှမရှိဘူး!


အဓိကအချက်ကတော့ အဖွားကြီးဟန်၏ အငယ်ဆုံးသားနှင့်သမီးက ကျောင်းတက်နေဆဲဖြစ်ကာ အခုအချိန်ထိအလုပ်မရှာနိုင်ကြသေးပေ ။ သူတို့ယောက်သည် ရည်မှန်းချက်ကြီးသူများဖြစ်ကြ ကာ ရွာသို့ပြန်လာပြီးလယ်စိုက်သည့်အလုပ်ကို သေချာပေါက်လုပ်မည်မဟုတ်ကာ ကျောင်းဆက်တက်ရန်အတွက် ဟန်ချင်စုန့်၏ ငွေအားမှီခိုရဦးမည်ဖြစ်သည် ။


အရှက်မရှိချက်ဘဲနော်!


" ကျွန်မတစ်ကယ်ကို စိတ်ပျက်နေပြီ "


ပြောပြီးနောက် လင်းလန်က ဟန်ချင်စုန့် အားဒေါသမျက်လုံးများဖြင့်စိုက်ကြည့်လိုက်သည် ။


ဒေါသထွက်လာသည့် ဟန်ချင်စုန့် "...."


လင်းလန် ကသူမ၏အသံကိုချုပ်ထိန်းမထားသောကြောင့် အဖွားကြီးဟန်နှင့် ဖြစ်သည့်ရန်ပွဲအား ခြံဝန်းတွင်းမှာသာမကဘဲ လမ်းမပေါ်ကလူများကပါ အတိုင်းသားကြားနေရပြီး ဘာတွေဖြစ်နေလဲသိချင်နေကြသည်။


" သူမပိုးသတ်ဆေးသောက်ပြီး သေကြောင်းကြံပြန်ပြီလား "


ဒီတစ်ခေါက်တွင်လဲ လင်းလန် ဘယ်လိုနည်းနှင့်သေကြောင်းကြံမလဲ အကုန်လုံးကဝိုင်းစပ်စုနေကြပြီး အမျိုးမျိုးထင်ကြေးပေးနေကြသည် ။ အချိန်အတန်ကြာသည်အထိ ဘာထူးထူးခြားခြားကိစ္စမှဖြစ်မလာဘဲ လင်းလန် ၏ အဖွားကြီးဟန် အားချက်ကျလက်ကျ ပြန်လည်ပြောဆိုနေသံများကိုသာကြားရသည် ။


ရန်ပွဲအားလာရောက်နားထောင်နေကြသည့် လူအများစုမှာလင်းလန် အားအနည်းနှင့်အများ အထင်ကြီးလာကြသည်မှာတော့အမှန်ပင်ဖြစ်သည် ။


ရွာထဲရှိမိန်းမများရန်ဖြစ်ကြသည့် အခါတွင် အမျိုးမျိုးဆဲရေးတိုင်းထွာကြကာ ခြေပါလက်ပါပြုမူတတ်ကြသော်လည်း လင်းလန်လို ပညာပါပါပြန်လည် ချေပတတ်သူဟု၍မရှိသလောက်ပင်ဖြစ်သည် ။


သေချာပေါက်ကို လင်းလန် လောက် စကားပြောကောင်းသူမရှိပေ ။


ဒီမိန်းမက အရမ်းအံ့သြဖို့ကောင်းတာဘဲ !


လင်းလန် အရမ်းဒေါသထွက်နေပါသော်လည်း သူမ၏ လှည့်စားလိုသည့်အကျင့်လေး ကျန်ရှိနေဆဲဖြစ်သည် ။


ရေဆိုးတွေကို သူမအပေါ်လောင်းချချင်တယ်ပေါ့ !


ဆုတောင်းလေ!


ဘယ်သူကမြောင်းထဲပြုတ်ကျမလဲကြည့်ကြရသေးတာပေါ့!


စန်းဝမ်နှင့်ကလေးများ မြစ်ထဲတွင်ငါးဖမ်းနေကြသည့်အချိန်တွင် ကျူးဇီက အလန့်တကြားပြေးလာကာအော်ပြောခဲ့သည် ။


" မကောင်းတော့ဘူး.....မကောင်းတော့ဘူး....သူတို့တွေရန်ဖြစ်နေကြပြီ..... "


တဝမ်က ခေါင်းကိုမော့ကာမေးလိုက်သည် ။


" ဘယ်သူတွေလဲ "


" မင်းရဲ့အမေက မင်းအဖွား

နဲ့အဒေါ်အကြီးဆုံးနဲ့ ရန်ဖြစ်နေကြတာ....ရေနွေးတွေနဲ့တောင်ပက်ကြတယ်ဆိုဘဲ...အိုက်ယား..တော်တော်ဆိုးမဲ့ပုံဘဲ "


တဝမ်က ငါးဆက်ဖမ်းချင်ယောင်ဆောင်ကာ ဘာမှမကြားသလိုပြုမူနေသလိုသော်လည်း စန်းဝမ်က ငါးဖမ်းရင်းခေါင်းမော့ကာပြောလိုက်သည် ။


" သေချာပေါက်ငါ့မားမားပဲနိုင်မှာပေါ့ "


တဝမ်က အရေးမစိုက်၍ စန်းဝမ်သည်လည်း ဟာသအဖြစ်ပြောနေသော်လည်း ကမ်းစပ်တွင် ငါးထည့်သည့်ဇကာအပေါက်ကို ကိုင်ကာထိုင်နေသည့်မိုင်စွေ့က ဇကာကိုပစ်ချကာ ချက်ချင်းပင်အိမ်ပြန်ပြေးတော့သည် ။


" မမ အကိုကြီးနဲ့ငါက ငါးကင်စားတော့မလို့လေ နင်မစားတော့ဘူးလား! "


စန်းဝမ်က အော်ပြောလိုက်သောကြောင့် မိုင်စွေ့

သည်လည်းပြေးနေရင်း ပြန်ပြောလိုက်သည် ။


" နင့်ခေါင်းထဲမှာ ရေတွေနဲ့ပြည့်နေတာလား ငါတို့မရှိဘူးဆိုရင် ဘယ်သူကမားမားကို ကာကွယ်ပေးမှာလဲ "


သူမအိပ်ပြန်ရောက်သည်နှင့် မုန်တိုင်းတိုက်တော့မလို မဲမှောင်နေသည့်သူမ အဖေ၏ မျက်နှာထားအရ ကောင်းမကောင်းတာတစ်ခုခု ဖြစ်ခဲ့သည်ဟုသေချာပေါက်သိနေသည် ။ 


" ဘာတွေဖြစ်ကြတာလဲ "


လင်းလန်က မိုင်စွေ့ရဲ့ ခေါင်းလေးကို အသာပုတ်ပေးကာပြောလိုက်သည် ။


" အဆင်ပြေပါတယ် သမီးက အဖေနဲ့ နေချင်လား အမေနဲ့နေချင်လားရွေးရတော့မယ် "


" ထမင်းစားဖို့လက်ဆေးတော့ "


ဟန်ချင်စုန်က သူ့လက်ထဲကငါးတွေကိုအားဝမ်ဆီပစ်ပေးကာ ပြောလိုက်သည် ။


လင်းလန်က ဟန်ချင်စုန့် ကိုမသိမသာလေးတစ်ချက်ခိုးကြည့်လိုက်သည် ။ 


ကွာရှင်းတာက တော့သေချာပေါက် ဟန်ချင်စုန့် အပေါ်အလုပ်ဖြစ်ပုံပဲ!


အဲ့ဒီအချိန်မှာဘဲ ဟန်ချင်စုန့် ကလှည့်ကြည့်လာသောကြောင့် သူမတို့နှစ်ယောက်အကြည့်ချင်းဆုံသွားကာ လင်းလန်က ချက်ချင်းပင် ကောင်းကင်ကြီးကိုမော့ကြည့်လိုက်ကာ ဟန်ချင်စုန့် အမြင်တွင်တော့ သူ့အားမျက်လုံးလှိမ့်ပြလိုက်သည်ဟုသာထင်သည် ။


ဟန်ချင်စုန့် "...."


" ဒေါသထွက်နေတဲ့အချိန်မှာ စကားမပြောနဲ့ လေသံ မာမာနဲ့ပြောတာက ကလေးအတွက်မကောင်းဘူး "


လင်းလန် "   စားစရာရှိတာသာစားစမ်းပါ "


ထိုအချိန်မှာဘဲ တဝမ်နှင့်စန်းဝမ် အိမ်ပြန်မလာသည်အား တွေးမိသွားသောကြောင့် သူမ မြစ်ဘက်သို့လှည့်ကာအော်ခေါ်လိုက်သည် ။


" တဝမ် ၊ အားဝမ်....ထမင်းစားကြမယ် ပြန်လာခဲ့တော့! "


သူမအနေနှင့်လည်း သူမ၏အသံသည် တစ်ခါတစ်ရံတွင်မနူးညံ့ကြောင်းသိသော်လည်း ပြောင်းလဲ၍မရပေ ကလေးတွေအပေါ်အရမ်းနူးညံ့လွန်းနေရင် သူမဘယ်လိုဆက်ထိန်းသိမ်းရမလဲ ။


ထမင်းစားစားပွဲတွင်ဟင်းများ ချပြီးသော်လည်း ထိုနှစ်ယောက်ကပြန်မလာကြသေးပေ ။ လင်းလန်က တုတ်ကောက်ကာ နောက်ကလိုက်သွားမည့်အချိန်တွင် ဟန်ချင်စုန့်ကသူမကို တားလာသည် ။


" အရင်စားကြရအောင် "


" မရဘူး သူတို့ကိုဒီလိုလွှတ်ထားရင်ပိုဆိုးလာလိမ့်မယ် "


" ဒါဆိုကိုယ်သွားလိုက်မယ် "


ဟန်ချင်စုန့်က ကလေးနှစ်ယောက်ကို ခေါ်ရန်ထွက်သွားခဲ့ပြီးမကြာခင်မှာဘဲ ထိုနှစ်ယောက်က ခေါင်းငိုက်စိုက်ချကာ ဟန်ချင်စုန့်နောက်က ပြန်ပါလာခဲ့သည် ။


လင်းလန်က သူတို့နှစ်ယောက်ဆီက ငါးကင်နံ့ကိုရလိုက်သောကြောင့် အသေအချာပင်ဆူပူတော့သည် ။


" နေ့လည်ခင်းအလုပ်မဆင်းခင်မှာ ထမင်းစားကြရမယ် အလုပ်ပြီးသွားရင် မင်းတို့အဖိုးအိမ်မှာ အစားအသောက်ဝေစုကိုသွားယူရမယ်.. လူတိုင်းအတူတူရှိနေမယ် တစ်ယောက်မှပျက်ကွက်လို့မရဘူး.. "


တဝမ်က မျက်နှာကိုလွှဲထားကာ အွန်းဟုသာအသံပြုသည်  ။ လူစုံပြီဖြစ်သောကြောင့် အဖိုးကြီးတို့အိမ်ထံသွားရန်ပြင်ဆင်ကြတော့သည် ။


xxxxx

Chapter 70


အဖွားကြီးဟန် ဘက်ကရပ်တည်ရန် ရောက်လာသည့် ဟန်တန်အာကတော့ လင်းလန် ၏စကားများနှင့်အနိုင်ယူခြင်းခံလိုက်ရပြီး ဟန်ကျင်းပေါင် နှင့် ဟန်ကျင်းယု တို့နှစ်ယောက်ကတော့ အိမ်သို့ပြန်မရောက်ကြသေးပေ ။


ဒုတိယအစ်ကိုဟန် ၏ပြောစကားအရ ဟန်ကျင်းယု ကိုသွားခေါ်သည့်အခါတွင် ပြန်လာမည်ဟုပြောခဲ့သော်လည်း ကျင်းပေါင်နှင့်တော့ တွေ့ပင်မတွေ့ခဲ့ရချေ ။


အခုအချိန်ထိ တစ်ယောက်မှပြန်မလာကြသေးကာ ဒုတိယအစ်ကိုဟန် သည်လည်းဘာကြောင့်မှန်းမသိပေ ။


နားထင်ကပ်ပလာစတာ ကပ်ထားရသည့်အဖွားကြီးဟန်က အရမ်းဒေါသထွက်နေပြီး သူမ၏အချစ်ဆုံးကလေးနှစ်ယောက်ပြန်မလာသောကြောင့် သူမ၏တစ်ကိုယ်တော်ပြဇာတ်အား ထောက်ခံမည့်သူအရေအတွက် နည်းနေမည်ကိုစိုးရိမ်နေသည် ။


ဟန်ရုံဖန်က အဖွားကြီးဟန်၏ အကြောင်းကြားချက်ကိုရပြီး သူမဆီသို့ကူညီရန်လာခဲ့သည် ။ ပုံမှန်ဆိုလျှင်ဘာကိစ္စဘဲ ဖြစ်ဖြစ်သူဂရုစိုက်မှာ မဟုတ်သော်လည်း အဖွားကြီးဟန်က သူ့အားတလေးတစားပြုကာ ဖိတ်ခေါ်ခဲ့သောကြောင့် အကြီးတစ်ယောက်အနေနှင့် ကူညီဖို့စိတ်ကူးရသွားခြင်းဖြစ်သည် ။


" တတိယအစ်ကို ကျွန်မတို့မိသားစုမှာ ဆန်တွေအများကြီးမရှိဘူး ။ တကယ်လို့ ခွဲဝေပေးလိုက်ရမယ်ဆိုရင် ဆောင်းတွင်းမှာ ကျွန်မတို့တစ်မိသားစုလုံးအငတ်နေကြရလိမ့်မယ် "


" စိတ်မပူပါနဲ့ နည်းလမ်းရှိတယ် "


သူတို့နှစ်ယောက် စကားပြောနေသည့်အချိန်မှာဘဲ အုပ်ချုပ်ရေးမူးကရောက်လာပြီ ဖြစ်ကာပြောလိုက်သည် ။


" အိမ်ခန်းက သုံးခန်းဘဲရှိတာကြောင့် သားလေးယောက်အတွက်ခွဲဝေပေးဖို့ဆိုတာကမဖြစ်နိုင်ဘူး ဒါကို ဟန်ချင်စုန့် ကသိတတ်တဲ့အတွက် ခွဲဝေတဲ့အခါမှာ အိမ်မယူဘူးလို့ပြောထားတယ် ။ 


ဒီအချက်က သူ့အတွက်သိတတ်မူကိုပြတာဖြစ်တဲ့အတွက် မိဘအိမ်က ကုန်ကျမူသက်သာပြီး စားနပ်ရိက္ခာခွဲဝေတဲ့အခါကျ သူ့ကိုပိုပေးဖို့ဆုံးဖြတ်ထားတယ် ။ ခွဲဝေမူကတော့ ရွာရဲ့ထုံးစံအရအသက်အရွယ်အတိုင်းခွဲဝေမယ် ။ အရွယ်ရောက်ပြီးသားသူတစ်ယောက်က 440 ကတ်တီရှိတဲ့အစားအစာတွေနဲ့ ကလေးတစ်ယောက်က 360 ကတ်တီဆီရလိမ့်မယ် ။ 


ပိုလျှံတဲ့ခွဲဝေမူတွေကိုတော့ ခင်ဗျားတို့ရဲ့ မိသားစုဆုံးဖြတ်ချက်အတိုင်းပါဘဲ "


အိမ် ၊ အစားအစာနဲ့ ပိုက်ဆံတွေက အစကတည်းကနည်းနည်းဘဲ ရှိတာ ဘာကိုထပ်ပြီးခွဲဝေရဦးမှာလဲ?


ဟန်ချင်စုန့် ကသူ့အမေ၏မျက်နှာကို ကြည့်ရန်ထိန်းချုပ်နိုင်ခဲ့ပေ ။ သူဘာမှမပြောရသေးခင်မှာဘဲ လင်းလန်က အမြန်ဝင်ပြောလာခဲ့သည် ။


" ဒါက ကျွန်မတို့ကို ဘာမှမပေးဘဲနှင်ထုတ်တာထက်စာရင်တော့ သာပါသေးတယ် ။ ကျွန်မတို့လူကြီးတွေက ချွေတာလို့ရပေမဲ့ အခုမှဖွံ့ဖြိုးဆဲဖြစ်တဲ့ကလေးတွေ အတွက်ကတော့ကောင်းကောင်းစားရဖို့လိုတယ်လေ ။ သူတို့အတွက်ဘာတွေရနိုင်မလဲ ကြည့်ရအောင် "


လင်းလန်ပြော တာကြားပြီးနောက် ဟန်ချင်စုန့် သူ၏စကားများကို ခဏပြန်လည်မြိုချထားလိုက်ရသည် ။


နောက်မှပြောလဲနောက်မကျလောက်ပါဘူးလေ!


အုပ်ချုပ်ရေးမှူးက ခေါင်းညိမ့်ကာထောက်ခံလိုက်သည် ။


" မှန်တယ် "


စာရင်းစစ်က မျက်တောင်တစ်ခတ်အတွင်းမှာဘဲ အချိုးအစားကို တွက်ချက်ပြီးပြီဖြစ်ကာ လူကြီးနှစ်ယောက်၏ အကူအညီနှင့်အတူ ရိက္ခာများကို စတင်ခွဲဝေတော့သည် ။


ဒုတိယအစ်ကိုဟန် နှင့်သူ့မိန်းမက ခွဲဝေနေသည်ကိုကြည့်ကာ စိုးရိမ်နေကြသည် ။


" ဒီလောက်နည်းနည်းလေးနဲ့ ကျွန်မတို့စားလို့လောက်ပါ့မလား...ကိုယ့်ဘာသာဝင်ချိန်ရင်ကောင်းမလား "


အုပ်ချုပ်ရေးမူးကပြောလိုက်သည် ။


" လူတိုင်းကိုယ့်ဝေစုနဲ့ကိုယ်စားသောက်ပြီး ဆောင်းဦးရိက္ခာခွဲဝေချိန်အထိ တောင့်ခံထားနိုင်ဖို့ပဲလိုတယ်... "


ရိက္ခာထဲတွင် ပြောင်းဖူး ၊ ပဲအမျိုးအစားနှင့်အဓိကအားဖြင့် အားလူးတို့ပါဝင်သည် ။ ရိက္ခာခွဲဝေချိန်များတွင် ကျေးရွာကော်မတီအဖွဲ့ဝင်များက ရိက္ခာတွေပိုရလေ့ရှိပြီး ဝန်ထမ်းဦးရေကိုသာလျော့ချလိုက်မည်ဆိုလျှင် ရိက္ခာအနည်းငယ်ပိုလျှံလာမည်ဖြစ်ကာ ရှင်းရှင်းပြောရလျှင် ရွာသားများအတွက်ရိက္ခာပိုရနိုင်မည်ဖြစ်သည် ။


အုပ်ချုပ်ရေးမှူးက စကားပြောပြီးနောက် ဒုတိယအစ်ကိုဟန်  နှင့်သူ၏ဇနီးက မကျေနပ်မူများကိုမြိုသိပ်ထားရန်သာတတ်နိုင်ပြီး ဘယ်သူကမှ တစ်ရွာလုံး၏ရှေ့တွင် အရှက်ကွဲခံမည်မဟုတ်ချေ ။


ရိက္ခာများကို ခွဲဝေပြီးသည့်နောက်တွင် ပိုက်ဆံခွဲဝေရမည့်အလှည့်ကို ရောက်လာလေပြီ ။


အဖွားကြီးဟန် ၏နှလုံးသားကသွေးစိမ်းရှင်ရှင်ပန်းနေသလိုခံစားရသော်လည်း မသောင်းကျန်းရဲချေ ။ 


ပိုက်ဆံတစ်ယွမ်ကအစ သူမအပိုင်ဖြစ်သည် !


သူမနှင့် ကျင်းပေါင်၊ကျင်းယုတို့၏ အပိုင်ဖြစ်သည်!


ဟန်ချင်စုန့် သူမတို့မိသားစုအား ပိုက်ဆံဆက်လက်ထောက်ပံ့မပေးတော့မည်အား အရင်ကတည်းက လက်မခံနိုင်ဖြစ်ကာ ဟန်ချင်စုန့် အနေ နှင့်သူမကိုသတ်သွားသည်ကမှကောင်းသေးသည် ဟုတွေးမိနေသည် ။


" ငါ့မှာ ပိုက်ဆံတစ်ပြားမှ မရှိတော့ဘူး ။ အကုန်လုံးသုံးပစ်လိုက်ပြီ "


အဖွားကြီးဟန်သည် လုံးဝဇွဲမလျော့ပါချေ ။ ဟန်ရုံဖန်က အဖိုးကြီးဟန်ကိုကြည့်ကာပြောလိုက်သည် ။


" မင်းတို့မိသားစု ဘာသာအရင်ဆွေးနွေးကြပါလား "


ပိုက်ဆံတွေက ဟန်ချင်စုန့် ထောက်ပံ့ပေးထားတာကို တခြားသူတွေမသိရင်နေမယ် ဟန်ရုံဖန်ကတော့ ကောင်းကောင်းကြီးကိုသိသည် ။


လူတိုင်းက အလုပ်မှတ်တွေဖြင့် ရိက္ခာတွေကို အလုအယက်လဲလှယ်နေကြ ကာ ဟန်ရုံချန်း အနေနှင့် အမှတ်များဖြင့် ရိက္ခာလာလဲလှယ်သည်အား သူတွေ့ဖူးပါသော်လည်း အဖွားကြီးဟန်ကတော့ဘယ်တုန်းကမှ ရောက်မလာခဲ့ဖူးချေ ။


သူမကအရာအားလုံးကို ပိုက်ဆံဖြင့်သာဝယ်ယူသုံးစွဲလေ့ရှိပြီး ဘယ်ကရသလဲဆိုတာကိုလဲ ခန့်မှန်း၍ သိနိုင်လေသည် ။ ဟန်ရုံဖန် အနေနှင့်အဖွားကြီးဟန် မည်မျှသုံးစွဲခဲ့ပြီးဖြစ်သလဲ မသိသော်လည်း အများအပြားကျန်နေသေးသည်ဆိုတာတော့ သေချာသည် ။


အခုတော့ မိသားစုခွဲထွက်ကြပြီဖြစ်၍ အရာအားလုံးကိုမျှမျှတတ ခွဲခြားကြရမည်ဖြစ်ကာ ဘက်လိုက်၍မဖြစ်ပေ ။ ဟန်ဖန်ရုံအနေနှင့်လည်း ကော်မတီအဖွဲ့ဝင်ဟူသောရာထူးအား ဘက်လိုက်မူကြောင့် လူအများမေးခွန်းထုတ်မှာကိုမလိုချင်ပေ ။


ကုန်ကုန်ပြောရရင် ဟန်ချင်စုန့်က မိသားစုထံမှ အိမ်မတောင်းဆိုခဲ့သောကြောင့် တခြားအရာများ၌ပိုရဖို့ထိုက်တန်သည်မှာ အများအမြင်ပင်ဖြစ်သည် ။ အဘိုးကြီးဟန်သည်လည်းတစ်ရွာလုံးရှေ့တွင် အရှက်မကွဲချင်သောကြောင့် အံကြိတ်ကာပြောလိုက်သည် ။


" ငါတို့စုထားတာ ယွမ်နှစ်ရာသုံးရာလောက်ရှိတယ်မလား ...ထုတ်လာခဲ့ "


" ဘာယွမ်နှစ်ရာလဲ...ယွမ်နှစ်ရာကိုဘယ်ကရမှာလဲ..တောင်းစားရမှာလား..ဓားပြတိုက်ရမှာလား..အရင်ကတတိယလေးရဲ့ထောက်ပံ့ငွေရလို့ရှိပေမဲ့ ဒီလမှာသူပိုက်ဆံမပေးတော့မရှိဘူး...ကျွန်မမှာ ယွမ်နှစ်ရာမပြောနဲ့ယွမ်သုံးဆယ်တောင်မရှိဘူး "


အဖိုးကြီးဟန် စကားစပြီးကတည်းက ပြန်ရုတ်သိမ်းလိုက်မည်ဆိုလျှင် တစ်ရွာလုံးကအထင်သေးသွားကြလိမ့်မည်ဖြစ်သည် ။ ဒါ့အပြင် အဖွားကြီးဟန်တွင် သိမ်းထားသည့်ငွေ ယွမ်တစ်ထောင်ခန့်မျှရှိသည်ကို သိသော်လည်း လူကြားကောင်းစေရန် ယွမ်နှစ်ရာတောင်းခဲ့ခြင်းသာဖြစ်သည် ။


xxxxx