Chapter 71
အဖွားကြီးဟန်သည် အိမ်မူကိစ္စများအားအရေးမစိုက်သည်ကို အဘိုးကြီးဟန် သိသည် ။ ဒီနှစ်များအတွင်းတွင် သူမသည် ဟန်ချင်စုန့် ပို့ပေးသည့်ငွေများပေါ်တွင် သာမှိခိုနေခဲ့သော်လည်း ထိုပိုက်ဆံများသည် အိမ်အတွက်အသုံးပြုသည်မဟုတ်ဘဲ သူမ၏ အငယ်ဆုံးသားနှင့်သမီးထံသို့သာရောက်ရှိသွားခဲ့သည် ။
ဥပမာ ပြောရလျှင် မိသားစုအတွင်းတစ်ယောက်မျှ ဒီနှစ်အတွက်အကျီအသစ်မချုပ်ရသေးချေ ။
အဖွားကြီးဟန်က ပိုက်ဆံများကိုဘဏ်တွင်သွားအပ်လျှင်လူအများ သတိထားမိမည်စိုးရိမ်သောကြောင့် သေတ္တာငယ်လေးအတွင်းမှာသာ သော့ခတ်သိမ်းထားလေ့ရှိသည် ။
" ယွမ်တစ်ရာ့ငါးဆယ်ကိုယူပြီး တတိယလေးတို့အတွက် အိမ်သုံးပစ္စည်းတွေဝယ်ဖို့အတွက်ပေးလိုက်ချည် ။ မဟုတ်ရင်ပိုက်ဆံအပိုကုန်ရပြီး သူတို့အတွက်ခက်ခဲသွားလိမ့်မယ် "
အဖိုးကြီးဟန်သည် ဟန်ချင်စုန့် အားချစ်သော်လည်း အလေးပေးသည့်အမူအရာကို မပြသခဲ့ချေ ။
ထိုအချက်ကို သူ့အဖေသင်ပေးခြင်းဖြစ်ကာ သားသမီးများအကြား အငြင်းပွားမူမဖြစ်စေရန်နှင့် အကြောင်းပြချက်ရှာ၍ ပြောမရနိုင်စေရန် ဖြစ်သည် ။
အဖွားကြီးဟန် သည်သတိလစ်ချင်ယောင်ဆောင်မိမတတ်ပင်ဖြစ်ကာ အရင်က ကလေးတွေကို ဘယ်လိုပျိုးထောင်ပါစေ အဘိုးကြီးဟန်ဝက်ရောက် မစွက်ဖက်ခဲ့ဘဲ အခုမှသားကိုထောက်ပံ့ပေးဖို့ ပိုက်ဆံတောင်းနေချေသည် ။
ဘာလို့ သူမက အရင်တုန်းကလို အရာရာကိုဆုံးဖြတ်နိုင်တဲ့ အာဏာမရှိရတော့တာလဲ...
အဖွားကြီးဟန်က တတိယမိသားစုအတွက် ပိုက်ဆံတစ်ပြားမှထုတ်မပေးချင်သော်လည်း အနာဂတ်မှာ ဟန်ချင်စုန့်ကသူမကို ထောက်ပံ့ပေးတာကိုလိုချင်နေသေးတာလား!
ဟာသဘဲလေနော်...
ယွမ်တစ်ရာ့ငါးဆယ်လေးကိုတောင် ထုတ်ဖို့တွန့်ဆုတ်နေတာ ဒီနှစ်တွေအတွင်းမှာ ဟန်ချင်စုန်က သူမတို့တစ်မိသားစုလုံးကိုပို့ခဲ့တာ ယွမ်ထောင်ချီမကပေ ။
" ညည်းညူနေတာကို ရပ်လိုက်စမ်းပါ ..မင်းဘာသိလို့လဲ မင်းခေါင်းကဆံပင်ပေါက်ဖို့အတွက်ဘဲ အသုံးဝင်တာလား..ငါပြောနေတာမင်းကောင်းဖို့အတွက်ဘဲ "
အဖိုးကြီးဟန် အမှန်ပင်စိတ်မရှည်တော့ချေ ။
" ဟုတ်တယ်...ကျွန်မကရှင့်လောက်ဦးနှောက်မရှိဘူး... ရှင်ဒီလောက်တောင် ဥာဏ်ကောင်းနေရင်လဲ တတိယမိသားစုနဲ့သာသွားနေချည် "
ဘေးတွင် ပွဲကြည့်နေသည့် အုပ်စုထဲက စန်းဝမ် ကထပြောလိုက်သည် ။
" အဖွား အကုန်အိမ်ခွဲ ပြီးသွားရင် အဘိုးကိုကျွန်တော်တို့ကစောင့်ရှောက်မှာပါ ဒါပေမဲ့ အဖွားရဲ့တစ်ကိုယ်ကောင်းဆန်တဲ့ပုံစံနဲ့က တစ်ယောက်ထဲသေ သွားမှာကိုဘဲစိုးရိမ်တယ် "
စန်းဝမ် သည်သူပြောတာမှားသည်ဟုမထင်မိပေ ။ အဖွားကြီးဟန်က အရာအားလုံးလူတိုင်းနှင့်အပြိုင် တွယ်ကပ်နေတတ်သောကြောင့် သူမအားဂရုစိုက်မည့်သူ မရှိမှာကို စိုးရိမ်ပေးခြင်းကကောင်းသည်ဟုသာထင်နေသည် ။
" အာ.....ငါအသက်မရှင်ချင်တော့ဘူး "
အဖွားကြီးဟန်က အော်ဟစ်ကာ သူမ၏အခန်းထဲသို့ပြေးသွားပြီး အနွေးကုတင်ပေါ်သို့ပစ်လှဲချကာစတင်ငိုယိုတော့သည် ။ စန်းဝမ်က သူ့ဂုတ်ပိုးအားပွတ်သပ်ကာပြောလိုက်သည် ။
" သားပြောတာ မှားသွားလို့လားဟင် "
လင်းလန်က စန်းဝမ် ၏နားနားသို့ငုံ့ကိုင်းကာ တိုးတိုးလေးပြောလိုက်သည် ။
" သားပြောတာမမှားဘူး..ဒါပေမဲ့အမှန်တရားတွေကို အကျယ်ကြီး မပြောနဲ့လေနော် "
အဖိုးကြီးဟန် ကတော့ အခန်းထဲထိလိုက်သွားကာ အဘွားကြီးဟန်အား ပိုက်ဆံတွေယူထုတ်လာရန် ဆက်တိုက်ဖြောင်းဖျနေခဲ့သည် ။
" ကိုယ့်ကိုယ်ကို အရူးမလုပ်ချင်စမ်းပါနဲ့ ။ အဲ့ဒီပိုက်ဆံတွေက တတိယလေးပို့ပေးတာမို့လို့ သူပြန်လာရင်ပြန်ပေးရမယ်လို့ မင်းပဲပြောခဲ့တာ မဟုတ်ဘူးလား... ဘာလို့အခုစိတ်ပြောင်းသွားရတာလဲ..မင်းဘာတွေကြံစည်နေတာလဲ "
" အဲ့တာက စကားအဖြစ်ပြောတာလေ အတည်ယူလို့ရလို့လား "
အဖွားကြီးဟန်က ပို၍ပင်စိတ်တိုလာခဲ့သည် ။
သူမရဲ့လက်ထဲရောက်လာတဲ့အရာကို သူမရဲ့ပိုင်ဆိုင်မူလို့ သတ်မှတ်လို့မရဘူးလား...
မိခင်တစ်ယောက်အနေနဲ့ ကလေးရဲ့အနာဂတ်အတွက် ပိုက်ဆံစုထားတာက သဘာဝကျသော်လည်းအဖွားကြီးဟန် အတွက်ကတော့ ထိုအချက်ကိုသာ လူကြားကောင်းအောင်ပြောဆိုနေခဲ့သည် ။
သူမမှာကလေးအများကြီး ရှိသည့်အတွက် သူတို့၏အရေးပေါ်ကိစ္စများအတွက် ပိုက်ဆံသိမ်းထားရမည်ဟု တွေးထားပြီး သူတို့၏ဇနီးများ မဖြုန်းတီးနိုင်ရန်အတွက် သူမ၏နောက်ဆုံးထွက်သက်အထိသိမ်းထားသွားမည်ဖြစ်သည် ။
သူမသေဆုံးသွားသည့်အခါ သားများအတွက်ခွဲဝေပေးနိုင်ခဲ့သော်လည်း ခန့်မှန်းချက်တစ်ခုမျှသာဖြစ်သည် ။ ဘာဘဲဖြစ်ဖြစ် သူမက စကားအနေနဲ့သာ ပြောဆိုခြင်းဖြစ်ပြီး အဖိုးကြီးဟန်ကအတည်မှတ်ယူထားမည်ဟု မထင်ခဲ့ချေ ။
လွတ်မြောက်ရန် လမ်းမရှိတော့သောကြောင့် အဖွားကြီးက သူမ၏သေတ္တာကိုဖွင့်ကာ တစ်ယွမ်ခြင်း တဖြည်းဖြည်းထုတ်ယူနေခဲ့ကာ ငါးဆယ်ယွမ်ထုတ်ပြီးသည့်နောက်မှာတော့ ပိုက်ဆံတွေနှင့်အဖိုးကြီးဟန် အားပစ်ပေါက်ကာအော်ပြောလိုက်သည် ။
" မရှိတော့ဘူး "
အဖိုးကြီးဟန်က နောက်ထပ် ယွမ်ငါးဆယ်ထပ်ယူလိုက်သောကြောင့် အဘွားကြီးဟန် သည်သူ၏နှလုံးပင် အပြင်ခုန်ထွက်တော့မည်ဟုထင်ရကာ ရင်ဘတ်ကိုဖိပြီး အနွေးကုတင်ပေါ်သို့ပြန်လှဲချလိုက်ပြီး အလွန်တရာမှ ဝမ်းနည်းကြေကွဲနေသည့် လေသံနှင့်ငိုကာပြောလိုက်သည် ။
" အိမ်မှာ ပိုက်ဆံမရှိတော့ဘူး "
နောက်ဆုံးမှာတော့ လင်းလန်က အဖိုးကြီးဟန်ထံမှ ယွမ်တစ်ရာရရှိခဲ့ပြီး ရွာ၏ခွဲဝေမူထုံးစံအတိုင်း ရိက္ခာများကိုလည်းရရှိခဲ့သည် ။ အဖိုးကြီးဟန်က လင်းလန်အား ပိုက်ဆံပေးသည့်အခါ အလွန်စိတ်လေးနေခဲ့သည် ။
" တတိယချွေးမလေး ပိုက်ဆံတွေကလွယ်လွယ်နဲ့ရလာတာမဟုတ်ဘူး အရေးမပါတဲ့နေရာတွေမှာမသုံးနဲ့ "
ကျေးဇူးပြုပြီး မင်းရဲ့မသိတတ်တဲ့မိဘအိမ်ကို ပြန်မပေးလိုက်စမ်းပါနဲ့!
လင်းလန်က ပြုံးပြီးအဖိုးကြီးဟန်အားပြောလိုက်သည် ။
" စိတ်မပူပါနဲ့ ကျွန်မပိုက်ဆံတွေကိုကောင်းကောင်းသုံးမှာပါ "
သူမက အရည်အသွေးကောင်းသည့် အထည်စများနှင့် တခြားလိုအပ်တာတွေကိုဝယ်ယူ ရဦးမည်ဖြစ်ကာ ယွမ်တစ်ရာကအပေါ်ယံတွင်များပြားပုံရသော်လည်း မလောက်ငှသေးပေ ။
သူမကသာ ယွမ်တစ်ရာကိုအထင်မကြီးသော်လည်း တခြားသူများကတော့မနာလိုလို့သေ၍ပင်ရနေပြီဖြစ်သည် ။ အိမ်ထောင်စုခွဲလျှင် အများဆုံးဆယ်ယွမ်သာရကြ ကာ လင်းလန်၏ကံကောင်းမူကြီးအား သက်ပြင်းချကြ၍မဆုံးပေ ။
ထပ်ပေါင်းပြောရလျှင် အဖွားကြီးဟန်၏ ကပ်စေနှဲပုံမျိုးနှင့် တောင်မှ ယွမ်တစ်ရာထွက်လာသေးလျှင်နောက်ထပ် ယွမ်ရှစ်ရာ ကိုးရာမကရှိမှာသေချာသည် ။
လင်းလန်အား ပိုက်ဆံကမ်းပေးနေသော အဖိုးကြီးဟန် သည်သူ၏လက်ထဲမှပိုက်ဆံအား လင်းလန် ဆွဲထုတ်၍မရသေးကာ အဘိုးကြီးဟန် လုံးဝစိတ်မချသေးကြောင်းသူမသိလိုက်သည် ။
" စိတ်မပူပါနဲ့ ကျွန်မ မိဘအိမ်ကို ပြန်မပို့ပါဘူး "
အဖိုးကြီးဟန် လက်လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် လင်းလန်ကအမြန်ပင် သူမ၏အိတ်ထဲသို့ထိုးထည့်လိုက်သည် ။
လူတိုင်းက သူမ၏အိတ်ကိုလှမ်းမ ကြည့်ဘဲမနေနိုင်ကြချေ ။
ရိက္ခာများအား ခွဲခြမ်းပြီးနောက်တွင် အိမ်ထောင်စုများအားခွဲဝေပေးလိုက် ပြီး လင်းလန်အား ပန်းကန်လုံးအနည်းငယ်နှင့်တူတချို့အပြင် သံချေးတက်နေသည့် ဒယ်အိုးတစ်လုံးကဲ့သို့ အရေးမပါသည့်ပစ္စည်းများသာပေးတော့သည် ။
လင်းလန် မျက်လုံးလှိမ့်ကာပြောလိုက်သည် ။
" ကျွန်မတို့ သစ်ပင်တစ်ပင်လောက်စိုက်သင့်လား...ကြည့်ပါဦး ကျွန်မလက်ထပ်ပြီးကဘာမှမရှိသေးပေမဲ့ အခုတော့ကလေးတစ်ပြုံဲကြီးရှိနေပြီလေ.. ကျွန်မတို့ သစ်ပင်တစ်ပင်ဒါမှမဟုတ် တခြားဘာရသင့်တယ်လို့ထင်လဲ ..."
xxxxx
Chapter 72
ပွဲကြည့်နေသူများအတွက်ကတော့ သူမကစာကြည့်စားပွဲ ဒါမှမဟုတ် ထိုင်ခုံကဲ့သို့သော အသုံးအဆောင်မျိုး ပြုလုပ်ချင်ခဲ့သောကြောင့်ဟုထင်ကြသော်လည်း အဖိုးကြီးဟန်က လင်းလန် ဤမျှလောက်ဥာဏ်မကောင်းဟုထင်ကာ ဟန်ချင်စုန့် သူမအားပြောထားသောကြောင့်ဟုထင်နေသည် ။
ဟန်ချင်စုန့် ကမိသားစုအားအများကြီးထောက်ထားခဲ့သည်အား တွေးကာ အဖိုးကြီးဟန်က စဥ်းပင်မစဥ်းစားတော့ဘဲ ချက်ချင်းသဘောတူလိုက်သည် ။
" ကောင်းပြီ "
အခန်းထဲက အဖွားကြီးဟန် ကြားသည့်အခါ ချက်ချင်းပင်ပြေးထွက်လာသည် ။
" အိမ်မှာရှိတဲ့သစ်ပင်က ကျန်းယုနဲ့ ကျန်းပေါင်တို့လက်ထပ်တဲ့အခါကျ သုံးဖို့!"
အစ်ကိုကြီးဟန်နှင့် သူဇနီးကဘာစကားမှဝင်မပြောခဲ့ကြသော်လည်း သိပ်ပြီးသဘောမကျနေခဲ့ပေ ။ အဖိုးကြီးဟန်က သူ့အချစ်ဆုံးသားကို လူသိသာအောင်မပြဘဲ အကုန်လုံးပေါ်တွင် တန်းတူဆက်ဆံသော်လည်း အဖွားကြီးဟန်ကတော့ ဘယ်သူ့မျက်လုံးအောက်ကမှဖုံးကွယ်မထားဘဲ အတိအလင်းကိုဖော်ပြထားသည် ။
အဖိုးကြီးဟန်က အဖွားကြီးဟန် အရမ်းလွန်နေသည်ကိုသိသောကြောင့် ဘာမှဆက်မပြောရန်တားလိုက်သည် ။ ဟန်ချင်စုန့် ကသူ့အဖေစိတ်ဆင်းရဲနေသည်အား မမြင်ချင်ပါသော်လည်း လင်းလန်၏တောင်းဆိုချက်ကိုကြားသည့်အခါ ဆက်ပြီးသာ ပါးစပ်ပိတ်နေလိုက်သည် ။
လင်းလန်တို့အား ပိုက်ဆံ ၊ ရိက္ခာနှင့်သစ်ပင်တို့အားပေးလိုက်ပြီးနောက် မိသားစုတွင်တောင်းဆိုနိုင်မည့်အရာ ဘာမှပင်မကျန်တော့ချေ ။
အားလုံးပြီးဆုံးပြီးနောက် အုပ်ချုပ်ရေးမူးက ခွဲဝေထားသည့် ပစ္စည်းများအား စာရင်းမှတ်ထားလိုက်သည် ။
" အုပ်ချုပ်ရေးမှူးကြီး အကြီးတွေကိုစောင့်ရှောက်ဖို့အတွက်ကိုရော ဘယ်လိုဆုံးဖြတ်ကြမလဲ ပုံမှန်ဆိုရင်မိသားစုရဲ့ အကြီးဆုံးသားကသာ စောင့်ရှောက်ရတာမဟုတ်လား အဲ့တာကိုလည်း သေချာရှင်းလင်းအောင်လုပ်မှဖြစ်မယ် "
အခုရော မရှင်းလင်းသေးလို့လား!
အဖွားကြီးက အမြန်ပင် သူမ၏သားအကြီးဆုံးအားချောင်းဟန့်ကာ အချက်ပြလိုက်သည် ။
အဖွားကြီးဟန်အနေနှင့် သူမ၏မွေးနေ့တွင် သားများထံမှ ဆန်နှင့်ပိုက်ဆံကိုတောင်းလိမ့်မည် ။ နှစ်သစ်ကူးတွင်လည်း ဆန်နှင့်ပိုက်ဆံကိုပင်ထပ်တောင်းလိမ့်မည် ဖြစ်ကာ အငယ်ဆုံးသူမ၏ကလေးနှစ်ယောက်အတွက် အရမ်းစုဆောင်းပေးနေသည်မှာ ဘေးလူများပင်သိသည် ။
အရင်က လင်းလန်တွင်ကောင်းသည့် အရာတစ်ခုခုရှိလာလျှင် သေချာပေါက် အဖွားကြီးဟန်က လာရောက်ယူသွားလိမ့်မည်ဖြစ်ကာ ဟန်ချင်စုန့် လုံးဝမသိခဲ့ရချေ ။
အခုအချိန်မှာတော့ အရာအားလုံးကိုပြတ်ပြတ်သားသား လုပ်ကာ အဖွားကြီးဟန်အား ပြန်လည်တိုက်ခိုက်ရန် အချိန်ရောက်ချေပြီ ။
ဒီအလှည့်အပြောင်းကသေချာပေါက် အဖွားကြီးဟန်၏ကောင်းကောင်းမွန်မွန်မောက်မာခဲ့ရသည့်နေရက်များအား အဆုံးသတ်ပေးနိုင်မည်ဖြစ်ပြီး ဟန်ချင်စုန့် ၏ထောက်ပံ့ငွေမရှိဘဲနှင့် အဖွားကြီးဘယ်လို နေထိုင်မလဲသိချင်ကာ အိမ်တွင်းရှိမြေခွေးများ၏ မျက်နှာဖုံးများ ဘယ်လိုကွာကျလာမလဲဆိုတာလဲ သူမ သိချင်သေး၍ဖြစ်သည် ။
လင်းလန်က တခြားသူများ၏အမြင်တွင် ဆိုးသွမ်းသည့်မိန်းမတစ်ယောက်ဖြစ်နေပြီးဖြစ်ကာ ဆက်ပြီးဆိုးသွမ်းလိုက်၍လည်း ဘာမှမထူးတော့ပေ ။
ဆိုးသွမ်းတဲ့ မိန်းမတစ်ယောက်က ဘယ်လိုလုပ်အကျိုးကြောင်းသင့်ပြောလို့ရနိုင်မှာလဲနော်...
အဖိုးကြီးဟန်က လင်းလန်၏ စကားအားအပြည့်အဝထောက်ခံလေသည် ။ ရွာထဲတွင် အိမ်ထောင်စုခွဲထွက်သည့် မိသားစုအမြားအပြားရှိသော်လည်း အကြီးများကိုစောင့်ရှောက်မည့် တာဝန်များနှင့်ပက်သက်၍ အခုထိရှင်းရှင်းလင်းလင်းခွဲ ခြားတာဝန်ယူခြင်းမရှိကြသေးကာ ညီအစ်ကိုတွေပင် ထိုကိစ္စအတွက်ကြောင့်နှင့် ရန်ဖြစ်ကာကွဲကွာတတ်ကြသည် ။
အဖိုးကြီးဟန်က သူအသက်ရှိသရွေ့ သူ့သားများ၏ရန်ပွဲကို မမြင်ချင်ဆုံးဖြစ်ကာ သေချာဆုံးဖြတ်ထားသည်က ကောင်းသည့်အကြံဟုထင်မိသည် ။
ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အကြီးဆုံးမိသားစုဝင်တချို့က သူတို့၏အကြံများကို ထုတ်ပြောလာကြသည် ။ အကြီးများအနေနှင့် အသက်ခြောက်ဆယ်သို့ရောက်ပြီဆိုသည်နှင့် စတင်၍အစောင့်ရှောက်ခံနိုင်ပြီဖြစ်ကာ အလုပ်လုပ်ရန်မလိုတော့သော်လည်း ရိက္ခာခွဲဝေမူတွင်တော့ သူတို့ပါနေဆဲဖြစ်ပြီး စောင့်ရှောက်ပေးမည့်မိသားစု အနေနှင့်ထိုရိက္ခာနှင့်ပိုက်ဆံတချို့ကိုရရှိနိုင်သည် ။
အဖွားကြီးဟန်က ပြတင်းပေါက်ကနေ တီးတိုးဆွေးနွေးနေသည့် လူအုပ်ကြီးအားအော်ပြောလိုက်သည် ။
" ငါ့ရဲ့ ကျင်းယု နဲ့ကျင်းပေါင်လေးတို့က လက်မထပ်ရသေးဘူး "
အဖိုးကြီးဟန်ကပြောလိုက်သည် ။
" လက်ထပ်ပြီးအိမ်ထောင်ခွဲတာနဲ့ အကုန်လုံးကညီတူညီမျှရကြမှာဘဲ မိသားစုလေးယောက်ဆိုရင်လေးပုံခွဲဝေပေးမယ် "
သဘာဝအားဖြင့် အမွေခွဲဝေသည့်အခါ ကျေးလက်ဒေသနည်းလမ်းများကိုအသုံးပြုလေ့ရှိပြီး အကြီးဆုံးသားနှင့်အငယ်ဆုံးသားက အများအားဖြင့်ပိုရလေ့ရှိကာ ဒုတိယနှင့်အလတ်များအတွက်ကတော့ အနည်းငယ်လျော့နည်းသည် ။
အကြီးဆုံးသားများများရရသည့် အကြောင်းအရင်းမှာ ရိုးရာဓလေ့အရ အကြီးဆုံးသားကမိဘများကိုစောင့်ရှောက်ပေးရသည့်အတွက်ဖြစ်သည် ။
အကြီးဆုံးချွေးမက အကြီးတွေကိုမည်သို့စောင့်ရှောက်ကြမည်အားမေးသောအခါ အဘိုးကြီးဟန်က အငယ်ဆုံးသားလက်ထပ်ပြီးသည့်အချိန်မှသာ ထပ်မံဆုံးဖြတ်ကြမည်ဟုပြောလိုက်သည် ။
ဒုတိယချွေးမအနေဖြင့် အမှန်တကယ်ကိုစိုးရိမ်နေကာ မပျော်တော့ပေ ။ တတိယမိသားစုအိမ်ခွဲထွက်သည့်အတွက် ပိုက်ဆံတွေကိုခွဲဝေပြီးဖြစ်ကာ အကြီးဆုံးနှင့် အငယ်တို့ပါ ထပ်ပြီးခွဲဝေပေးရမည်ဆိုလျှင် သူမတို့ဒုတိယအိမ် အတွက်ဘာမှကျန်တော့မည်မဟုတ်ချေ ။
ပထမချွေးမက အဖိုးကြီးဟန် ဘာကြောင့် ဟန်ချင်စုန့်အား အလိုလိုက်ချင်ရသလဲသူမကောင်းကောင်းကြီးသိသည် ။ အိမ်ခွဲထွက်ရာတွင်ပေးလိုက်ရသည့် ယွမ်တစ်ရာသည် ဟန်ချင်စုန့် လစဥ်ပြန်ပို့နေသည့် ပြီးခဲ့သည့်နှစ်များအတွင်းက ပိုက်ဆံများနှင့်ယှဥ်လိုက်လျှင် ရေကန်ကြီးထဲမှ ရေတစ်စက်မျှသာဖြစ်သည် ။
တစ်မိသားစုလုံးကို နှစ်တွေအကြာကြီး ဟန်ချင်စုန့်ကထောက်ပံ့ပေးခဲ့တာ ဖြစ်သည် ။ ဟန်ချင်စုန့် အနေနှင့်မိန်းမမယူခဲ့လျှင် အဆင်ပြေသော်လည်း သူ့တွင်မိသားစု ရှိနေပြီဖြစ်သည့်အတွက် ပိုက်ဆံအားအဖွားကြီးဟန် ဆက်လက်သိမ်းထားခြင်းသည် အလွန်ပင်တရားလွန်နေခဲ့ပြီဖြစ်ကာ သူမကထိုပိုက်ဆံများကို သူမ၏အငယ်ဆုံးကလေးနှစ်ယောက် အတွက်သာအသုံးပြုခဲ့ပြီး လင်းလန်တို့မိသားစုအားပစ်ထားခဲ့သည် ။
ယခုအချိန်တွင်ပိုင်ရှင်အစစ်ထံသို့ပြန်ပေးရသည်မှာ သဘာဝကျကျပင်ဖြစ်သည် ။ အဖိုးကြီးဟန်၏ ဆုံးဖြတ်ချက်များတွင် အမြဲတမ်းအရန်အစီအစဥ်ရှိသည် ။ သူ၏အငယ်ဆုံးကလေးနှစ်ယောက်အားနှစ်သက်ပါသော်လည်း ဘယ်တော့မှအလွန်အကျွံမဖြစ်စေဘဲ ဆုံးဖြတ်ချက်ချရမည့်အချိန်တွင်ပြတ်ပြတ်သားသားပြုလုပ်မည်ဖြစ်သည် ။
အဖိုးကြီးဟန်၏ အဘိုးနှင့်အဖေတို့၏ သင်ကြားမူများအရ သားများကိုညီတူညီမျှဆက်ဆံမှသာလျှင့် အလုပ်တာဝန်များ၌ ခိုကပ်ခြင်းမရှိကြဘဲ ဘယ်သူကပိုအရေးပေးခံရလို့ ဘယ်သူကပိုလုပ်သင့်တယ်ဟူ၍ရှိမလာမှာဖြစ်သည် ။
အချိန်ကြာလာသည်နှင့်အမျှလုပ်ပိုင်ခွင့်များမှာ တဖြည်းဖြည်းနှင့် လူငယ်များထံသို့လက်ဆင့်ကမ်းသွားမည်ဖြစ်ကာ လူကြီးများအနေဖြင့် အိုဇာတာကောင်းရေးအတွက် သေသေချာချာစီစဥ်ခဲ့ဖို့လိုလေသည် ။
အစိုးရကတောင်မှ သက်ကြီးစောင့်ရှောက်ရေးနှင့်ပက်သက်၍တင်းကျပ်သည့် စည်းမျည်းများရှိကာ မိသားစုဝင်များအနေဖြင့်သေချာပေါက်လိုက်နာရမည်ဖြစ်သည် ။
အကြီးများအားလေးစားစောင့်ရှောက်ခြင်းသည် မျိုးဆက်တစ်ခုမှတစ်ခုသို့ လက်ဆင့်ကမ်းလာသည်ဖြစ်ပြီး ဘယ်တော့မှပျောက်သွားမှာလဲမဟုတ်ပေ ။
အဖွားကြီးဟန် အနေနှင့် ဒီ့ထက်ပိုပြီး တစ်ဖက်စောင်းနင်းလုပ်ရပ်တွေမလုပ်သရွေ့ သူမသည်ငြိမ်ငြိမ်းချမ်းချမ်း သားသမီးများ၏ပြုစုစောင့်ရှောက်မူကိုခံယူကာအသက်ကြီးသွားနိုင်သည် ။
xxxxx