အပိုင်း ၇၃-၇၄
Viewers 23k

Chapter 73


သို့သော်လည်း အကြီးနှစ်ယောက်အားအခြေ ခံ၍ပြောရလျှင် ငယ်စဥ်ကမမျှတမူများခံစားခဲ့ရသည့်အခါတွင် စိတ်သဘောထားကွဲလွဲမူသည်ပို၍ပင် ကြီးမားလာနိုင်သည် ။


ကလေးအရွယ်တုန်းကခွဲ ခြားဆက်ဆံခံရသည့်အချိန်တိုင်း မိဘအားခံမပြောဘဲနာခံကြသော်လည်း အသက်ကြီး၍ မိမိကိုယ်တိုင် ရပ်တည်လာနိုင်သည့်အချိန်ရောက်လျှင် မိဘတို့၏ ဆက်ဆံမူများနှင့် လက်ရှိအခြေအနေကို နိူင်းယှဥ်လာမည်ဖြစ်ပြီး မည်သူကအရေးပေးဆက်ဆံခံရ၍ မည်သူကအလုပ်ပိုလုပ်သင့်သည်ဟူ၍ အငြင်းပွားမူများသေချာပေါက် ဖြစ်လာမည်ဖြစ်သည် ။ 


လင်းလန်အား ပိုက်ဆံနှင့်ရိက္ခာများအပြင် သူမတောင်းဆိုသမျှပေးလိုက်ခြင်းက ဟန်ချင်စုန့် အားမျက်နှာသာပေးလိုက်ခြင်းဖြစ်သည်ဟု ယူဆ၍ရနိုင်ပြီး အပေါ်ယံတွင်တော့ အိမ်ခွဲသည်ကအကြောင်းပြချက်တစ်ခုသာဖြစ်ပြီး အဖိုးကြီးဟန် သည်သူ၏နောင်ရေးအတွက် သေချာအောင်စီမံနေခြင်းဖြစ်သည် ။


အဖိုးကြီးဟန် အနေဖြင့် အလုပ်မလုပ်နိုင်တော့သည့်အချိန်ရောက်လာလျှင် ဟန်ချင်စုန့် ကသူ့အားကောင်းကောင်းမွန်မွန် ဆက်ဆံပေးရန်မျော်လင့်နေသည် ။


ပိုက်ဆံတွေကသေချာပေါက်ပင် ဟန်ချင်စုန့် နှင့်ထိုက်တန်သော်လည်း လင်းလန် ၏အရင်အချိန်က ဆိုးသွမ်းမူများက မိသားစု၏အမြင်ပေါ်တွင် သက်ရောက်နေဆဲ ဖြစ်သည် ။


တတိယမိသားစု စတင်ခွဲထွက်မည်ဟု စီစဥ်ကြသည့်အချိန်ကတည်းက အဖွားကြီးဟန် သည်နားထင်ကပ် ပလာစတာကိုနေ့တိုင်းကပ်ကာ သေတော့မတတ်ညည်းညူအော်ဟစ် နေတတ်ကာ တတိယအိမ်၏ ပစ္စည်းဥစ္စာများကိုသာ အချိန်တိုင်းမျက်စိကျနေတတ်သည် ။


" ရှင်က သားတိုင်းကိုတန်းတူ ဆက်ဆံတယ်သာပြောနေတာ ရှင်ဘက်လိုက်နေတာအသိသာကြီး! ဒီနှစ်မှာ ကျွန်မက ကျင်းယုအတွက် ဝါဂွမ်းနဲ့ချည်မျှင်လက်မှတ်တွေကိုသုံးပြီး ကုတ်အကျီဝယ်ပေးဖို့စဥ်းစားထားတာ ။ ကောင်းရော! အခုပိုက်ဆံတွေမရှိတော့ဘူး ဘယ်ကဟာနဲ့သွားဝယ်ကြမလဲ "


" မင်းသိတာဘာရှိလဲ....ငါကမင်းကောင်းဖို့အတွက် ပြောနေတာ "


အဖိုးကြီးဟန်က ဆေးပြင်းလိပ်သောက်နေရင်း ပြောလိုက်သည် ။


အဖိုးကြီးဟန် အသက်ရှင်နေသေးသရွေ့ အဖွားကြီးဟန် ၏မမျှတစွာဆက်ဆံမူများအား သားသမီးများက အတွန့်တက်ရဲမည်မဟုတ်သော်လည်း သူသာသေဆုံးသွားခဲ့လျှင် အဖွားကြီးဟန်၏စရိုက်မျိုးနှင့် သားသမီးများနှင့်အတူနေရင် အလွန်ခက်ခဲလိမ့်မည် ။


ဒါ့ကြောင့် အဖိုးကြီးဟန်က တတ်နိုင်သမျှ အမြင်ကြည်ရန်ကြိုးစားပေးနေခြင်းဖြစ်သည် ။ သူလောကကြီးမှ ထွက်ခွာသွားမည့်အချိန်တွင် သူ့မျက်နှာအားထောက်ထား၍ အဖွားကြီးဟန်အား ကောင်းကောင်းမွန်မွန်ဆက်ဆံ ကြလိမ့်မည်ဟုမျှော်လင့်မိသည် ။


ဒီရက်တွေအတွင်းတွင် အဖိုးကြီးဟန်နှင့် ရွယ်တူဖြစ်သည့် အသက်ခြောက်ဆယ်ပတ်လည် သူငယ်ချင်းအများအပြား သေဆုံးကုန်ကြပြီဖြစ်ကာ အဖိုးကြီးဟန် အနေနှင့် အသက်ခုနစ်ဆယ် ရှစ်ဆယ်အထိ ဆက်လက်နေထိုင်ရန်မလိုအပ်ဟုပင်တွေးမိသည် ။


သို့သော်လည်း အဖွားကြီးဟန် သည်အနာဂတ်ကိုကြိုမတွေးနိုင်ဘဲ တစ်ကိုယ်ကောင်းဆန်နေဆဲ ဖြစ်ကာ သူမ၏အချစ်ဆုံးသားနှင့်သမီးမှာ လင်းလန်ကြောင့်နစ်နာရသည်ဟူ၍သာ ပြစ်တင်ပြောဆိုနေခဲ့သည် ။


တတိယမိသားစုကို ပေးလိုက်သည့်ပိုက်ဆံတွေ အကုန်ပြန်ရဖို့ဆိုရင် နှစ်ပေါင်းများစွာ အစာငတ်ခံရလိမ့်မယ် ! ယွမ်ရာချီတယ်!


အဖွားကြီးဟန်က အထည်နှင့်ချည်မျှင်လက်မှတ်များကို လင်းလန် အသုံးမပြုရသေးခင် သွားပြန်ယူဖို့စဥ်းစားနေသည် ။


" ကျင်းပေါင်နဲ့ကျင်းယု ကဘာလို့အခုအချိန်ထိပြန်မလာကြသေးတာလဲ...ငါဒုတိယသားကို စာပို့ခိုင်းလိုက်ပါတယ် ။ ဒုတိယသားကမနာလိုဖြစ်ပြီး ငါ့ကလေးနှစ်ယောက်ဆီများ စာမပို့တာလား... "


ဒုတိယအစ်ကိုက အခန်းထဲမှ အဖွားကြီးဟန် ၏ပြစ်တင်ပြောဆိုသံအား ကြားသည့်အခါတွင် အရမ်းကြီးစိတ်ထဲမထားမိဘဲ ဒီလိုဖြစ်မယ် မျှော်လင့်ထားပြီးဖြစ်သည် ။


မိသားစုရိက္ခာတွေက တတိယမိသားစုအားခွဲဝေပေးလိုက်ရသည်ဖြစ်ကာ တစ်မိသားစုလုံးစားသောက်ဖို့အတွက် မည်သို့မျှမလောက်ငှဘဲ အလုပ်ပိုလုပ်ရမည့်တာဝန်သည် သူတို့၏ခေါင်းပေါ်သို့ကျလာခဲ့သည် ။ ဒါတောင်မှအဖွားကြီးဟန်က အိမ်ကိုပြန်မကြည့်သည့် သားနှင့်သမီးအားတမ်းတနေဆဲဖြစ်သည် ။


ဒုတိယအစ်ကိုဟန် သည်ဘာစကားမှမပြောတော့ဘဲ ခြံဝန်းတံခါးအားခြေထောက်နှင့်ကန်ဖွင့်ကာ အပြင်ထွက်သွားတော့သည် ။


ပင်မအိမ်တွင် တိမ်မဲများနှင့် မုန်တိုင်းတိုက်နေသော်လည်း လင်းလန်၏ တတိယအိမ်တွင်တော့ လေပြေလေညှင်းလေးများ တိုက်ခတ်ကာ နွေဦးကာလလေးလို သာယာနေခဲ့သည် ။


လင်းလန်က ပျော်ပျော်ပါးပါး မြောက်စွမြောက်စွလုပ်နေရင်းနှင့်ပင် ဟန်ချင်စုန့် နှင့်ကလေးများအား ခွဲဝေထားသည့် ပစ္စည်းများကို အိမ်သို့သယ်လာခိုင်းပြီး နေရာချကာပျော်ရွှင်နေလေသည် ။


" ဆန်ထည့်ပုံးကတော့....အင်း...နည်းနည်းသေးတော့အိမ်ထဲမှာထားလို့အဆင်ပြေတယ်...ကြွက်ဖောက်တာကနေရှောင်ရှားဖို့ ပလက်စတစ်စနဲ့တော့အုပ်ထားရမယ် "


" ဒီနားမှာ ဘေစင်တစ်ခုထားရင်ကောင်းမှာ......အခုထိဘာမှမရှိသေးဘူး...အာ...ကြည့်ပါဦးမယ် "


" အင်း....ဒါတွေကတော့ ကုတင်ဘေးမှာထားလို့ရတယ်...."


ဟန်မိသားစုက ရိက္ခာထည့်ရန် စည်ပိုင်းအကြီးတစ်ခုနှင့် အလတ်တစ်ခုပေးခဲ့သော်လည်း အမှန်တကယ်ထည့်ထားမည်ဆိုလျှင် စည်ပိုင်းအကြီးနှစ်ခုစာမျှရှိသောကြောင့် မလုံလောက်ပေ ။


အဲ့ဒီအပြင် သူမတို့ကဇလုံတစ်ချို့အပြင် ရေထည့်ရန်စည်ပိုင်းကြီးတစ်လုံးကိုလည်း ဝယ်ရဦးမည်ဖြစ်သည် ။


ကုန်ကုန်ပြောရရင် လင်းလန်က တစ်အိမ်လုံးစာအတွက် အိမ်သုံးပစ္စည်းများဝယ်ယူရန် အရမ်းကိုစိတ်အားထက်သန်နေခဲ့သည် ။


ဟန်ချင်စုန့်က လင်းလန် တစ်ယောက်ထဲ တွက်ချက်ပျာယာခတ်ကာ အလုပ်ရူပ်နေပုံကိုဘေးကနေသာ ပြုံးပြီးကြည့်နေခဲ့ပြီး သူမက ဝယ်ယူရန်ကိစ္စတွင်သာ နစ်မြောနေပုံရကာ မျက်ဝန်းနက်နက်ကလေးများသည် အင်မန်မှတောက်ပနေခဲ့သည် ။


ဟန်ချင်စုန့် ကိုယ်တိုင်လည်း သူ၏နှလုံးသားက လင်းလန်နှင့် ပက်သက်လာလျှင်ထူးခြားစွာတုံ့ပြန်ပုံ အားအနည်းငယ်ဝေခွဲမရဖြစ်နေခဲ့သည် ။


လင်းလန်က ရုတ်တရက်ပင် ဟန်ချင်စုန့် ဘက်သို့လှည့်ကာ သူ့မျက်လုံးများထဲစေ့စေ့ကြည့်ပြီး ပြုံးကာပြောလိုက်သည် ။


" သဘက်ခါကျရင် ကျွန်မတို့အိမ်သုံး ပစ္စည်းတွေသွားဝယ်ကြရအောင် "


သူမက အရမ်းတောက်ပစွာပြုံးနေခဲ့ပြီး ဟန်ချင့်စုန့်အား ပထမဆုံးအကြိမ် ငြင်သာနွေးထွေးစွာပြုံးပြခဲ့ခြင်းဖြစ်သည် ။


ဟန်ချင်စုန့်က အရမ်းပင်လည်ချောင်းခြောက်လာသောကြောင့် ရေတစ်ခွက်အမြန်ယူသောက်လိုက်ရသည် ။


" ကျွန်မ အထည်လက်မှတ်တွေနဲ့ ချည်မျှင်လက်မှတ်တွေ စုဆောင်းဖို့လိုနေသေးတယ် ။ ကလေးတွေရဲ့ အကျီတွေကသူတို့နဲ့ကျပ်နေပြီ ။ တဝမ်ရဲ့ ဘောင်းဘီတွေဆိုရင် အရပ်ရှည်လာတာကြောင့် တိုနေပြီ အဝတ်သစ်တွေချုပ်လိုက်မယ်ဆိုရက် တဝမ် မတော်တော့တဲ့အချိန်ကျ စန်းဝမ်နဲ့အားဝမ်တို့က ဆက်ဝတ်လို့ရလိမ့်မယ် "


ဟန်ချင်စုန့် အနေနှင့် လင်းလန်နှင့် လက်ထပ်ပြီးကတည်းက အချိန်အနည်းသာ အတူဖြတ်သန်းရသေးပြီး ယခုလို ကိစ္စအသေးအဖွဲလေးများကအစ သူ့အားပြောပြနေသည်ကိုနေသားမကျသေးပေ ။


နောက်တစ်နေ့မနက် အလုပ်သွားသည့်အချိန်တွင်တော့ လင်းလန်က အုပ်ချုပ်ရေးမူး၏မိန်းမဆီသို့သွားကာ နှစ်ကုန်၌သူမတို့မိသားစုအားခွဲဝေပေးမည့် လက်မှတ်များအား အထည်နှင့်ချည်မျှင်လက်မှတ်များ ဖြင့်လဲလှယ်ပေးနိုင်မလားမေးခဲ့သည် ။


" ကျွန်မတခြားအရာတွေကိုမစိုးရိမ်ပါဘူး ဒါပေမဲ့ ကလေးတွေရဲ့ အကျီတွေကသူတို့နဲ့မတော်တော့ဘူး အခုမှအသစ်မချုပ်ထားရင် ဆောင်းဝင်တဲ့အခါကျ သူတို့အတွက်အရမ်းဒုက္ခရောက်လိမ့်မယ် ။ ကျွန်မကိုလက်မှတ်တွေပေးမဲ့လူရှိရင် သေချာပေါက် နှစ်ကုန်ကျရင် ကျွန်မပြန်ပေးပါ့မယ် "


လင်းလန်က သူမရဲ့ဆိုးသွမ်းတဲ့မိန်းမပုံရိပ်ကြောင့် ရွာထဲရှိမည်သူကမှချေးငှားရန် ဆန္ဒမရှိမည်ကိုသိသော်လည်း မတတ်သာ၍သာဖွင့်ပြောခဲ့ရခြင်းဖြစ်သည် ။


xxxxxx

Chapter 74


အုပ်ချုပ်ရေးမူး၏မိန်းမက လင်းလန် ပြောင်းလဲလာပုံများအားမျက်မြင်ကိုယ်တွေ့ပင်ဖြစ်ကာ သူမအားလည်းယုံကြည်မူရှိကာ လင်းလန်ပြောဆိုပုံမှာလည်း ပညာတတ်ဆန်ကာယဥ်ကျေးသောကြောင့် အာမခံကာပြောလိုက်သည် ။


" ချင်စုန့်ရဲ့ မိန်းမလေးမပူပါနဲ့ အဝတ်ပိတ်စလေးတွေလောက်တော့ ငါစီမံနိုင်ပါသေးတယ် "


" ကျေးဇူးအများကြီးတင်ပါတယ်ရှင် "


လင်းလန်က အမြန်ပင်ကျေးဇူးတင်လိုက်သည် ။ အရင်နှစ်များထက်စာလျှင် တိုင်းပြည်၏စီးပွားရေးက တဖြည်းဖြည်းတိုးတက်လာပြီဖြစ်ကာ အရင်က ငါးကိုက်သာရသော ခွဲဝေမူမှသည် လူတစ်ယောက်အတွက် ပိတ်ကိုက် တစ်ကျန့်အထိရရှိလာပြီဖြစ်ကာ မိသားစုများက အသုံးပြုပြီးပိုလျှံသည်များအား သိမ်းဆည်းထားတတ်ကြသည် ။


( TN/ တစ်ကျန့်က 3.3မီတာအရှည်နဲ့ညီပါတယ်)


လင်းလန်တို့မိသားစုတွင် လူခုနှစ်ယောက်ရှိပြီး လင်းလန်နှင့် ဟန်ချင်စုန့်ကအရွယ်ရောက်ပြီးလူကြီးဖြစ်၍ ပိတ်စတစ်ကျန့်စီရမည်ဖြစ်ပြီး အရွယ်မရောက်သေးသည့်ကလေးနှစ်ဦးက 7.5 ပေဆီရမည်ဖြစ်ပြီး စန်းဝမ်နှင့်ရှောင်ဝမ်တို့က ငါးပေဆီရရှိမည်ဖြစ်သည် ။


ဝါဂွမ်းခွဲဝေမူတွင်လည်း တစ်နှစ်လျှင်လူကြီးတစ်ဦးသည် 2.5 ကတ်တီဆီရမည်ဖြစ်ပြီး ကလေးတစ်ယောက်သည် 1.5 ကတ်တီဆီရမည်ဖြစ်သည် ။


ကံကောင်းစွာနဲ့ လူကြီးများ၏အနွေးဝါဂွမ်းကုတ်များမှာ နှစ်တိုင်းအသစ်ပြုလုပ်ရန်မလိုအပ်ဘဲ နှစ်အတော်ကြာဝတ်နိုင်ကာ ကလေးများအတွက်အသာ ကြီးထွားမူအလိုက်ထပ်ချုပ်ရန်လိုအပ်သည် ။


ထိုညတွင်မှာဘဲ တုန့်ဟျိုက်ဟွား က လက်မှတ်များကို ယူကာသူမဆီရောက်လာခဲ့သည် ။


" ချင်စုန့်ရဲ့ဇနီးလေး နှစ်ကုန်ဝါဂွမ်းလက်မှတ်တွေရတဲ့အခါကျရင် ငါ့ကိုလာပေးနော် တခြားဘယ်သူ့ကိုမှမပေးနဲ့ "


သူမက လင်းလန်မိဘအိမ်သို့ အကုန်ပြန်ပို့လိုက်မှာကို စိုးရိမ်နေခဲ့သည် ။ လင်းလန်ကပြုံးကာပြောလိုက်သည် ။ 


" မပူပါနဲ့ ခွဲဝေမဲ့အချိန်ရောက်တာနဲ့ ကျွန်မဆီကနေ ချေးပေးထားတဲ့အရေအတွက်အတိုင်းလာပြန်ယူနိုင်ပါတယ် ။ အရေးကြီးတဲ့အချိန်မှာ ကူညီပေးလို့ ကျွန်မဘက်ကသာကျေးဇူးတင်ရမှာပါ "


လက်မှတ်တွေက နှစ်ကုန်ပိုင်းမှသာခွဲဝေပေးမည်ဖြစ်ကာ လင်းလန်အနေနှင့်ထိုအချိန်ထိစောင့်ရမည်ဆိုလျှင် ကလေးများ၏အဝတ်များချုပ်ရန် အချိန်မှီတော့မည်မဟုတ်ပေ ။


တုန့်ဟျိိုက်ဟွား က လင်းလန်၏သဘောထားကြောင့်အရမ်းကျေနပ်သွားကာ သူမနှင့်စကားကြာကြာပြောလေ လင်းလန်အား ပို၍သဘောကျလာလေဖြစ်သည် ။ တချို့လူတွေ ကတော့စကားပြောရာတွင်ပညာတတ်ပုံပေါ်စေရန် အတင်းလုပ်ယူနေကြသော်လည်း လင်းလန်ကတော့ လုပ်ယူစရာမလိုဘဲ သူမ၏အပြုအမူများကပင် သိမ်မွေ့ကာ အထက်တန်းကျနေသည် ။


ညနေစာစားပြီးသည့်အချိန်မှာတော့ လင်းလန်က ဘာမှမလုပ်တော့ဘဲ အပျင်းတစ်ကာ အနွေးအိပ်ရာပေါ်တွင်သာ လှဲနေတော့သည် ။ ဟန်ချင်စုန့်က အုပ်ချုပ်ရေးမူးအိမ်မှ တံခါးပတ္တာဟောင်းတချို့နှင့် အသုံးပြုပြီးသားသံတချို့ကို တောင်းယူလာခဲ့သည် ။


တဝမ် ၊ အားဝမ် နှင့် စန်းဝမ် တို့က ဟန်ချင်စုန့်အား ကူညီနေကြပြီး မိုင်စွေ့နှင့်ရှောင်ဝမ်တို့ကတော့ လင်းလန်ဘေးတွင်လှဲနေကာ အတူတကွအပျင်းတစ်နေကြသည် ။


" မနက်ကျရင် မင်းကလိုချင်တာတွေသာ အကုန်ဝယ်လိုက် သယ်ဖို့ခက်ခဲတဲ့ပစ္စည်းတွေဆိုရင် သယ်ဖို့အတွက် ကိုယ်လှည်းငှားလိုက်မယ် "


လင်းလန်က ပြုံးပြကာခေါင်းညိမ့်လိုက်သည် ။


" ကောင်းပြီလေ "


သူမကရှောင်ဝမ်နှင့်မိုင်စွေ့ကို ပြုံးကာမှာရန်လည်းမမေ့ပေ။


" အပြင်မှာ အကြာကြီးလျှောက်ဆော့မနေကြနဲ့ရှောင်ဝမ်သာကူညီပေးရင် နေ့လည်စာမြန်မြန်ချက်လို့ပြီးလိမ့်မယ် "


" ဟုတ်ကဲ့ မားမား "


ရှောင်ဝမ်နှင့်မိုင်စွေ့ နှစ်ယောက်စလုံးက ပျော်ရွှင်စွာပြောလိုက်ကြသည် ။


" စန်းဝမ်လည်း တောင်ဘက်မြစ်မှာသွားမဆော့နဲ့ အရှေ့ကမြစ်မှာဘဲဆော့ချည် "


စန်းဝမ်က ပြုံးနေပါသော်လည်း သေချာတဲ့အဖြေတစ်ခုတော့ပြန်မပေးချေ ။


" တဝမ် "


လင်းလန်က တဝမ်ကို စိတ်ရူပ်ထွေးစွာကြည့်လိူက်သည် အရွယ်ရောက်စပြုလာပြီဖြစ်သည့် ကြည့်ကောင်းသောကောင်လေးက သူမအားစကားစတင်မပြောဖူးသောကြောင့် သူမဘက်ကလဲ ဘယ်နားကနေစပြောရမလဲမသိချေ ။ ဟန်ချင်စုန့်က တဝမ်ကိုကြည့်ကာမေးလိုက်သည် ။


" တဝမ် မင်းကြီးလာရင်မင်းအမေနဲ့အတူအလုပ်လိုက်လုပ်မှာလား "


" ဘာကိုအလုပ်လုပ်ရမှာလဲ သူကငယ်သေးတယ်သေချာပေါက်ကျောင်းတက်ရမှာပေါ့ "


လင်းလန်က ဟန်ချင်စုန့်၏ စကားအားအမြန်ပင်တားလိုက်သည် ။


" ဒါကသတ်မှတ်ပြီးသားဘဲ "


ဟန်ချင်စုန့် ၏အသံကအနည်းငယ်တင်းမာ နေခဲ့ကာ တဝမ်က မလေးစားသည့်အမူအရာနှင်ဖြစ်သော်လည်းဘာမှတော့ ပြန်မပြောခဲ့ချေ ။


လင်းလန်က တစ်ခုခုဝင်ပြောချင်နေခဲ့သည် ။ သူမ၏မိသားစုတွင် ကလေးများစွာရှိပြီး ယောက်ျားလေးများ၏ သဘာဝအရဂျစ်ကန်ကန်နိုင်ကာ ပြောရဆိုရခက်သောကြောင့် ရှေ့လျှောက်တွင် စန်းဝမ်နှင့်တဝမ်တို့သည် ဟန်ချင်စုန့်နှင့် သဘောထားကွဲလွဲမူများဆက်တိုက်ဆိုသလို ဖြစ်နေကြဦးမည်အား သူမတွေးမိကာခေါင်းပင်ကိုက်ချင်လာခဲ့သည် ။


လင်းလန်သည် ကလေးများအား အမြဲတမ်းဆူဆုံးမနေရသည်အား မနှစ်သက်ချေ ။ သူမသည်ကလေးများအား အတတ်နိုင်ဆုံးငြင်သာစွာဖြောင်းဖျမည်ဖြစ်ပြီး တခြားသောမိခင်များနှင့်မတူဟုခံစားရအောင်လုပ်မည်ဖြစ်သည် ။


လင်းလန်က ရှောင်ဝမ်အား ဖက်ထားကာ သီချင်းလေးညည်း၍ချော့သိပ်နေခဲ့သည် ။ ရှောင်ဝမ်ကတဖြည်းဖြည်းနှင့် လင်းလန်ရဲ့ ရင်ခွင်ထဲခေါင်းလေးတိုးဝင်လာခဲ့ကာ သူ၏ခြေထောက်သေးသေးလေးများကလဲ ရေဘဝဲလို လင်းလန်အား ဖက်တွယ်ထားခဲ့သည် ။


" မားမား ရဲ့အသံကပိုပိုပြီးတော့နားထောင်လို့ကောင်းလာတယ် "


ရှောင်ဝမ်က တိုးတိုးလေးရေရွတ်ကာ အိပ်ပျော်သွားတော့သည် ။ 


.....


လင်းလန် စျေးသွားသည့်လမ်းတွင် သူမကဲ့သို့ စျေးသွားဝယ်မည့်ပုံရသည့် အဒေါ်ကြီးခြောက်ယောက်ခုနှစ်ယောက်ခန့်ပါ သည့်အုပ်စုတစ်ခုကိုတွေ့လိုက်ရသည် ။ 


လင်းရွာသည် စီရင်စုနှင့်မဝေးသော်လည်း အလုပ်မှတ်များအတွက် လူတိုင်းရုန်းကန်နေကြရသည့်အတွက် မြို့ကိုသွားရန်သက်သက်ဖြင့်မည်သူမျှတော့ တစ်ရက်တာအလုပ်မပျက်ချင်ကြသော်လည်း မိမိတို့၏အိမ်တွင်လိုအပ်သည့်အရာများအား ရွာ၌ချေးငှားအသုံးမပြုနိုင်ကြသောကြောင့် ရွေးချယ်စရာမရှိဘဲ အလုပ်ပျက်ကွက်ကြရလေ့ရှိသည် ။


အဒေါ်ကြီးအုပ်စုထဲမှတစ်ယောက်က လင်းလန်သည်လည်း မြို့သို့သွားမည်ဟုထင်သောကြောင့် သူမတို့နှင့်အတူလိုက်ရန် ဖိတ်ခေါ်ခဲ့သည် ။


" ချင်စုန့်ရဲ့ဇနီးလေး အတူတူသွားကြမလား... "


လင်းလန်က အဒေါ်ကြီးတစ်သိုက်နှင့်အတူတူမသွားချင်ပေ ။ သူမသည်ထိုတစ်သိုက်နှင့် မရင်းနှိးသည့်အပြင် မူလကိုယ်သည်လည်း ထိုအုပ်စုထဲမှတချို့နှင့်ဆက်ဆံရေးမကောင်းကာ ပိုးသတ်ဆေးသောက်ကာ သောင်းကျန်းပြီးနောက်တွင် လင်းလန်၏ပြောင်းလဲလာမူများနှင့် အိမ်ခွဲထွက်သည့်ကိစ္စကို တစ်လမ်းလုံးစပ်စုချင်နေကြသောကြောင့်သာ သူမအား ခေါ်နေခြင်းဖြစ်သည် ။ 


လင်းလန်က ခေါင်းခါကာငြင်းဆိုလိုက်သည် ။


" ကျွန်မသွားဖို့အလျင်လိုနေလို့ လမ်းမြန်မြန်လျှောက်ရမှာမို့လို့ပါ "


ပြောပြီးသည်နှင့်လေအလျှင်လို ထိုအဒေါ်ကြီးတစ်သိုက်နှင့်ဝေးရာအား ခပ်မြန်မြန်ပင်လျှောက်သွားတော့သည် ။ 


xxxxx