Chapter 75
အဒေါ်ကြီးနှစ်ယောက်က စတင်၍အတင်းတုပ်တော့သည် ။
" အဲ့ဒီလိုမျိုး အကျင့်စရိုက်ကိုကြည့်ပါလား ။ သူမကသေချာပေါက်ပိုက်ဆံတွေအကုန်လုံးကို ဖြုန်းပစ်တော့မှာဘဲ ။ ဘာလို့ချင်စုန့်ကအဲ့ဒီမိန်းမကို မကွာရှင်းခဲ့လဲမသိပါဘူးဟယ် "
" ဒါပေမဲ့ သူမကသားရော သမီးရောမွေးပေးထားတာလေ ဘယ်လိုလုပ်ကွာရှင်းလို့ရမှာလဲ "
အစကတော့ထိုတစ်သိုက်က လင်းလန်နောက်
ကိုမှီအောင်လိုက်ချင်သော်လည်း တဖြည်းဖြည်းနှင့် အချိန်ယူအတင်းတုပ်လမ်းလျှောက် ခြင်းကသာသူမတို့၏ စရိုက်ဖြစ်သောသောကြောင့် လင်းလန်နောက်လိုက်မည့်အစီအစဥ်အားလက်လျော့လိုက်ကြသည် ။
မကြာခင်မှာဘဲ လင်းလန်၏ နောက်ကျောလေးကိုတောင်မှမမြင်ကြရတော့ပေ ။ တစ်ဖက်ကလင်းလန်အတွက် လည်းနည်းနည်းလေးမှလွယ်ကူမနေခဲ့ကာ မိုင်အနည်းငယ်သာဖြစ်သော်လည်း သူမသေမတတ်ပင်ပန်းနေပြီဖြစ်ကာ ထိုစပ်စပ်စုစုအဒေါ်ကြီးတစ်သိုက်ထက်စာရင်တော့ ပင်ပန်းတာကမှခံသာသေးသည်ဟု သူမတွေးမိသည် ။
လမ်းမကြီးပေါ်သို့ရောက်သည့်အချိန်မှာတော့ မြို့သို့သွားနေသည့် တခြားကွန်မြူနတီ အဖွဲ့ဝင်များနှင့်တွေ့ခဲ့ရပြီး သူမကိုအတူသွားရန်ဖိတ်ခေါ်ကြသောကြောင့် ဟန်မဆောင်တော့ဘဲအတူလိုက်လာခဲ့ကာ စျေးရှေ့ရောက်သည်နှင့် အသီးသီးလူစုခွဲသွားကြသည် ။
လင်းလန်ကတော့ စျေးဝင်ပေါက်ရှေ့တွင် မတ်တပ်ရပ်နေရင်း အနည်းငယ်ဝေခွဲမရဖြစ်နေခဲ့သည် ။ မူလကိုယ်တွင် အချိန်မရှိတာနှင့် ပိုက်ဆံမရှိတာတို့ကြောင့် စျေးကိုရောက်ဖူးပုံမပေါ်ကာ ဘယ်သွား၍ဘာလုပ်ရမည်ကိုလည်း သူမ၏မှတ်ဥာဏ်ထဲတွင်ရှာမတွေ့ပေ ။
သူမကစျေးကို အချိန်အတန်ကြာပတ်ကြည့်ပြီးသည့်နောက်တွင်မှ တစ်ဆိုင်နှင့်တစ်ဆိုင်စျေးနူန်းများကိုနိူင်းယှဥ်ကာ သက်သာသည့်ဆိုင်မှသာဝယ်ယူခဲ့သည် ။
အစေ့အဆံများထည့်ရန် ပုံးအကြီးနှစ်ပုံးနှင့် ကရားနှစ်လုံးအပြင် ဒယ်အိုးနှစ်စုံနှင့်ဇလုံအနည်းငယ်ကိုလည်းဝယ်ယူခဲ့သေးသည် ။ အိုးတွေကတစ်ခုချင်းဆီအတွက် သုံးဆယ်ဆင့်ကုန်ကျကာ ကရားအသေးလေးတွေက ခုနှစ်ဆယ်ဆင့်ကုန်ကျပြီး မြင်ရုံနဲ့တင်အရည်အသွေးကောင်းမှန်းသိသာနိုင်သည့် ကရားအကြီးကြီးကတော့ တစ်ယွမ်နှင့်နှစ်ဆယ့်တစ်ဆင့်ကုန်ကျသည် ။
လင်းလန်ကတော့ ပူပန်ခြင်းမရှိဘဲသူမစိတ်ကြိုက်သာ ဝယ်ယူနေကာ ရေနွေးအိုးနှစ်လုံးပင် လက်ဆောင်ရခဲ့သေးသည် ။
ဟိုဟာလဲဝယ်မယ်!
ဒီဟာလဲဝယ်မယ်!
စျေးရောင်းပေးတဲ့ သားအဖမှာတော့ အံ့သြလွန်း၍ ပါးစပ်ပင်မစိနိုင်ကြတော့ပေ ။
သူမမှာငွေတွေ မကုန်နိုင်တော့ဘူးလား...
ပစ္စည်းတွေအရမ်းများသောကြောင့် အိတ်ထုပ်တွေအရမ်းဖောင်းကားနေကာ အိမ်ပြန်သယ်သွားမည်ဆိုလျှင်တောင် လမ်းမှာတွေ့တဲ့လူတိုင်းလန့်သေ သွားနိုင်သည် ။
လင်းလန်ဝယ်ယူခဲ့သည့် ကြွေကရားများမှာ ကျေးလက်ဒေသတွင်တော်ရုံတန်ရုံ အသုံးမပြုကြပေ ။ပျက်စီးလွယ့်ကာ အရမ်းဂရုစိုက်ရသောကြောင့်ဖြစ်သည် ။
ကျေးလက်တွင်နေထိုင်ကြသူများသည် သမဝါယမအသင်းများမှဖြန့်ဝေသည့် ကြမ်းတမ်းသောစတီး အိုးခွက်များနှင့် အကြမ်းထည်ပစ္စည်းများကိုသာအသုံးပြုန်ုင်ကြပြီး လင်းလန် အနေနှင့် ကော်မတီမှဝယ်ယူမည်ဆိုလျှင် အရည်အသွေးနိမ့်များကိုသာရရှိနိုင်လိမ့်မည် ။
လင်းလန် ကအချိန်အတော်အတန်ကြာမှသာ သူမဝယ်ယူထားသည်က အလွန်များပြားကြောင်းသတိပြုမိလာပုံရသည် ။ ဟန်ချင်စုန့် ဒါတွေအကုန်လုံးကို အိမ်ပြန်သယ်နိုင်မလားသူမ စိုးရိမ်လာခဲ့သောကြောင့် စျေးရောင်းသည့် သားအဖနှစ်ယောက်နှင့်တိုင်ပင်လိုက်သည် ။
" ဦးလေး မြင်တဲ့အတိုင်းဘဲ ကျွန်မကပစ္စည်းတွေအများကြီးဝယ်ထားတာ ကျွန်မယောကျ်ားက အကုန်လုံးသယ်နိုင်မှာမဟုတ်ဘူး ။ ကျွန်မရဲ့အိမ်ကမဝေးပါဘူး ဦးလေးတို့လာပို့ပေးလို့ရမလားဟင် "
ဆိုင်ရှင်ဦးလေးကြီးတွင် သားနှစ်ယောက်ရှိကာ အကုန်လုံးက အားရဝမ်းသာပင်သဘောတူညီခဲ့ကြသည် ။ လင်းလန်က အမှန်ပင် ပစ္စည်းအများကြီးဝယ်ယူခဲ့ကာ သူမထံမှရသောအမြတ်သည်ပင် တစ်လစာအမြတ်နှင့်ညီမျှနေလု နီးနီးဖြစ်သောကြောင့် လိုက်ပို့ပေးလိုက်ရတာက နည်းနည်းလေးမျှအပန်းမကြီးပေ ။
ဆွေးနွေးပြီးသည့်နောက်တွင် ပို့ဆောင်ရန်အဆင်ပြေပြီဖြစ်သောကြောင့် ပစ္စည်းအနည်းငယ် ထပ်မံဝယ်ယူခဲ့သည် ။ ကြိမ်ခြင်းအချို့နှင့် သစ်သားသေတ္တာများ ကောက်ရိုးခြင်းများသာမကဘဲ အဖုံးတစ်ချို့နှင့် မီးခွက်များပါဝယ်ယူခဲ့သည် ။ နောက်ထပ် အရောင်တင်ထားသည့် သစ်သားချောင်းများနှင့် ထုပ်တန်းသစ်များ သံများနှင့် တံခါးပတ္တာများကိုပါဝယ်ယူပြီးသည့်နောက်တွင် လိုသမျှစုံလောက်ပြီဖြစ်သည် ။
လင်းလန် ကအမှန်ပင်တစ်စျေးလုံးနီးပါးကို ပတ်မွှေခဲ့ကာ သူမဝယ်ယူခဲ့သည့် ပစ္စည်းများသည်အမှန်ပင်တွေ့သည့်လူတိုင်း လန့်သွားစေလောက်သည် ။ သို့ရာတွင် လင်းလန်၏ အာရုံကောင်းမူကြောင့် ပိုက်ဆံအများကြီး မကုန်ခဲ့ကာ အရည်သွေးကောင်းမွန်ပြီး စျေးအသင့်အတင့်ရှိသည်များကို ရွေးချယ်ဝယ်ယူခဲ့ခြင်းဖြစ်သည် ။
ပိုက်တွေကစျေးသက်သာကာ တစ်ဆင့်နှစ်ဆင့်မျှသာကုန်ကျသော်လည်း ခြင်းတောင်းများကတော့အမှန်ပင်စျေးကြီးလှသည် ။
သူမက ဝယ်ပြီးရင်း ...ဝယ်ပြီးရင်း.....ဝယ်နေခဲ့သည် ။ သူမဆိုင်တစ်ဆိုင်တွင်စျေးဝယ်ပြီးပြန်ထွက် လာသည့်အချိန်တိုင်း ဆိုင်ရှင်များမှာ ပါးစပ်အဟောင်းသားနှင့်ပင် ကျန်ရစ်ခဲ့ကြရသည် ။
ဒီမိန်းမက ဘယ်လောက်တောင်ချမ်းသာနေတာလဲ...
ဆိုင်ရှင်များက အမြန်ပင်အရင်ကရောင်းမထွက်သည့် ခြင်းတောင်းကြီးကြီးသေးသေးအကုန်ထုတ်ယူလာပြတော့သည် ။ လင်းလန်က သူတို့၏ရည်ရွယ်ချက်ကို သတိထားမိသော်လည်း ဘာမှမပြောခဲ့ချေ ။ သူမသည်လည်း လိုအပ်တာရမည်ဖြစ်ကာ ရောင်းသူဘက်လည်းအဆင်ပြေသည်ဖြစ်သောကြောင့် နှစ်ဖက်လုံးအတွက် အကျိုးရှိသည့်အခြေအနေကို မဖျက်စီးချင်ပေ ။
သူမက သူမကိုယ်သူမသတိမထားမိသော်လည်း စျေးထဲတွင်တော့အချိန်တိုအတွင်းမှာတင်ဘဲ သူမအကြောင်းကပျံ့နှံ့နေပြီးဖြစ်ကာ သစ်နှင့်လုပ်သည့်ပစ္စည်းတွေအကုန် သိမ်းကျုံးဝယ်နေသည့် မိန်းမတစ်ယောက်ရှိသည်ဟု၍ နမည်ကြီးနေတော့သည် ။
နောက်ကျမှရောက်သည့် အဒေါ်ကြီးတစ်သိုက်မှာတော့ သတင်းကြားသည်နှင့် လင်းလန်ကိုသာပြေးမြင်ကြတော့သည် ။
တကယ်ကြီးလား!
မဟုတ်လောက်ပါဘူးနော်!
" ဘာလို့မဖြစ်နိုင်ရမှာလဲ သူမမှာ ယွမ်ရာချီရှိနေတာဘဲလေ "
" သူမပိုက်ဆံတွေအကုန်သုံးပစ်လိုက်ဖို့ ဟန်ချင်စုန့် ကတကယ်ကြီးခွင့်ပြုပေးထားတာလား "
ထိုအဒေါ် ကြီးများမှာ အခုအချိန်အထိမိသားစုဝင်ငွေကို ယောက္ခ်မများကထိန်းချုပ်ထားနေကြဆဲ ဖြစ်ကာမည်သူကမှမလိုအပ်ဘဲသုံးခွင့်မပေးဘဲ လိုချင်သည့်အရာရှိလျှင်လည်းမြိုသိပ်နေကြရကာ လင်းလန်ကဲ့သို့ မိမိကိုယ်တိုင်ကိုင်တွယ်ရန် မည်သူမျှမတတ်နိုင်ကြသေးပေ ။
" သူမကအသုံးအဖြုန်းကြီးရုံတင်မဟုတ်ဘူး ဘာမှအသုံးမကျဘူး ဘယ်အိမ်ကလူက ကိုယ့်ဘာသာခြင်းတောင်းမရက်တက်လို့လဲ "
" အေးလေ သူမမို့လို့ ပိုက်ဆံကုန်ခံပြီးဝယ်တယ်.. ငါကိုသာအဲ့ဝယ်လိုက်တဲ့ပိုက်ဆံတွေလာပေးစမ်းပါ ငါတောင်ခြင်းရက်ပေးလို့ရတယ် "
အဒေါ်ကြီးများအနေနှင့် လင်းလန်၏သုံးစွဲပုံအား မကျေနပ်ကြသကဲ့သို့ မနာလိုဖြစ်နေကြသည်မှာလည်း အရမ်းသိသာလွန်းလှသည် ။
xxxxxx
Part 76
အဒေါ်ကြီးတစ်သိုက်အတင်းတုပ်နေသည့် အကြောင်းအရာအား ဖြတ်သွားဖြတ်လာအမျိုးသမီးတစ်ဦးက ကြားသည့်အခါ သူမတို့အားလာမေးခဲ့သည် ။
" ယောင်းမတို့ပြောနေတာ ဟန်မိသားစုရဲ့ တတိယမြောက်ချွေးမမလား "
" ဟုတ်တယ်လေ "
" သူမရဲ့မျိုးရိုး ကလင်းလား "
" ဟုတ်တယ်...ဟုတ်တယ်...သူမကိုသိလို့လား "
" သိတယ်...သိတယ်.."
ထိုအမျိုးသမီးက ပြောရင်းနှင့်ပင် ခြင်းတောင်းတစ်ခုကို ခေါင်းပေါ်တွင်ထမ်းကာ အမြန်ပြေးသွားလိုက်သည် ။
ထိုအချိန်တွင် လင်းလန်က ချွေးသံတရွဲရွဲဖြင့် စျေးဆက်ပတ်နေဆဲဖြစ်သည် ။ ဒီတစ်ခေါက်မှာတော့ သူမကယွမ်တစ်ရာဘဲသယ်လာခဲ့ကာ ဒီဘက်ခေတ်၏ငွေကြေးအသုံးပြုမူတန်ဖိုးကို မတွက်ချက်နိုင်သောကြောင့် သူမ၏ပုံစံမှာ အသုံးအဖြုန်းကြီးသည့် သူဌေးမတစ်ဦးပုံပေါ်နေသည် ။
ဒါကလူတစ်ယောက်ကပစ္စည်းတွေကိုကြည့်ပြီး ဘာကိုရွေးရမလဲမဆုံးဖြတ်တတ်တာနဲ့ အကုန်လုံးသိမ်းကျုံးဝယ်ယူလိုက်တာနှင့် တူသည် ။ သူမ၏စျေးဝယ်နူန်းအပေါ် ဆိုင်ရှင်သားအဖ၏ ပါးစပ်မစိနိုင်အောင် အံ့သြနေမူအားကြည့်ပြီး လင်းလန် အရမ်းပင်ရီချင်နေခဲ့သည် ။
ရွာသူများ၏ဝတ်စားပုံနှင့် ကျစ်ဆံမှီးတိုတိုကျစ်ထားကာ လက်တစ်ဖက်တွင် အဝတ်အိတ်အကြီးကြီးကို သိုင်းလွယ်ထားပြီး ကောက်ရိုးခမောက်ဆောင်းထားသော်လည်း အနည်းငယ်မျှမိမိကိုယ်ကို သိမ်ငယ်စိတ်မရှိဘဲ မော်ဒယ်လျှောက်လမ်းတွင် လျှောက်နေသကဲ့သို့ ယုံကြည့်ချက်အပြည့်နှင့်လျှောက်နေခဲ့သည် ။
ကြည့်ပါဦး!
သူမ ဘယ်လောက်တောင်မှမိုက်လိုက်လဲ!
ထောက်ပံ့ရေးနဲ့ ဖြန့်ဝေရေးသမဝါယမ အသင်းရှေ့သို့ရောက်သည့်အချိန်အထိ မော်ဒယ်တစ်ယောက်လို လမ်းလျောက်လာခဲ့သည် ။ အခန်းတွဲသုံးခန်းတွဲနှင့်ဖွင့်လှစ်ထားပါသော်လည်း သမဝါယမအသင်းသည် အရမ်းအကျယ်ကြီးတော့မဟုတ်ဘဲ တောင်ဘက်နံရံတွင် ဆောင်ပုဒ်စာတန်းများတစ်သီကြီးချိတ်ဆွဲထားသည် ။
(ခေါင်းဆောင်ကြီးအား အဆုံးမဲ့တဲ့ကောင်းချီးတွေဆောင်ယူရရှိပါစေ )
(ငါတို့ဟာ လူနေမူအဆင့်အတန်းကို ညီမျှစေပြီး တန်းတူဖြစ်စေရမည် )
(ဖြုန်းတီးမူကိုအားမပေးပါ)
ကောင်တာသုံးခုဖြင့်ခင်းကျင်းပြသထားပြီး ဘယ်ဘက်ကကောင်တာတွင် ပိတ်စများ ခြေအိတ်များနှင့် ရူးဖိနပ်များကိုခင်းကျင်းပြသထားသည် ။ ကံမကောင်းစွာနဲ့ အသင့်ချုပ်လုပ်ပြီး အဝတ်အထည်များတော့မရှိပေ ။
လက်မှတ်ရှိသည့်အခါ လိုချင်သည့်ပစ္စည်းမရှိကာ လိုချင်သည့်ပစ္စည်းရှိသည့်အချိန်တွင် လက်မှတ်မရှိသည့်အခြေအနေဖြစ်သည် ။
ဂါးးးးး...ဘယ်လောက်စိတ်တိုဖို့ကောင်းလိုက်လဲ!
သူမရဲ့အကြံက အဝတ်တွေနဲ့ဝါဂွမ်းကို လက်မှတ်ရှိသမျှနှင့်အကုန်ဝယ်ရန်ဖြစ်သည် ။ သူမရှေ့တွင်ဝယ်ယူမည့် လူအများအပြားရပ်စောင့်နေကြ ကာလင်းလန် သည်လည်းရွေးချယ်စရာမရှိဘဲ နောက်တွင်တန်းစီနေရင်းဖြင့်သာ သူမအလှည့်မြန်မြန်ရောက်ရန် ဆုတောင်းနေရသည် ။
အိမ်သုံးသတ္ထုပစ္စည်းများကို ဝယ်ယူရန် အိမ်ထောင်စုစာရင်းပြဖို့လိုအပ်ကာ သံဒယ်အိုးများ ၊ စတီးပစ္စည်းများနှင့် မီးဖိုချောင်သုံးဓား အပြင် သတ္ထုဖြင့်ပြုလုပ်ထားသော အိမ်သုံးပစ္စည်းများပါဝင်သည် ။ သံထည်ပစ္စည်းများက အရမ်းလေးလံသောကြောင့် သူမမသယ်နိုင်ပေ ။ ထို့ကြောင့်အရောင်းဝန်ထမ်းအား ခဏမျှထားခဲ့မည်ဖြစ်ကာ နောက်မှလူနှင့်လာသယ်မည်ဖြစ်ကြောင်း ပြောပြရာအဆင်ပြေခဲ့သည် ။
သူမက ကြွေရေသုတ်ပန်းကန်လုံးကြီးနှစ်လုံးနှင့် ထမင်းစားပန်ကန်လုံးအသေးဆယ်လုံးတို့ကိုဝယ်ယူခဲ့သည် ။ သူမအနေနှင့်စတီးဘေစင်တစ်လုံးနှင့် စတီးပုံးတို့ကိုပါဝယ်ယူချင်ခဲ့သော်လည်း ထိုအရာများက အထူးလက်မှတ်များလိုအပ်မည် ဖြစ်သည် ။
သူမတွင်ထိုလက်မှတ်များမရှိသောကြောင့် လက်လျော့လိုက်ကာ မှန်တစ်ချပ်နှင့် ခေါင်းစည်းကြိုးတချို့အပြင် ဆံညှပ်ကလေးများကိုထပ်မံဝယ်ယူခဲ့ကာ ထိုအရာများက လက်မှတ်မလိုအပ်ပေ ။
လင်းလန်က တစ်ဆိုင်လုံးကို လှည့်ပတ်မွှေနှောက်နေခဲ့ကာ ကောင်တာတစ်ခု၏ချောင်ထဲတွင် ပလွေတစ်ချောင်းအားတွေ့လိုက်ရသဖြင့် လက်မှတ်တချို့နှင့်လဲလှယ်၍ရနိုင်မလားမေးခဲ့သည် ။
ကျေးလက်ဒေသတွင် စားသောက်နေထိုင်ဖို့ကသာ အဓိကဖြစ်ပြီး မည်သူမျှတူရိယာကဲ့သို့ စားမရသည့်ဇိမ်ခံပစ္စည်းများအား မဝယ်ယူချင်ကြဘဲ ချောင်ထဲတွင်ဖုန်တက်နေသည်မှာ မည်မျှကြပြီလဲမသိနိုင်တော့ပေ ။
လင်းလန်က ထိုပုလွေအား ဝယ်ယူချင်သည်ဟုကြားသောအခါ အရောင်းဝန်ထမ်းက သူမအားကျောင်းတစ်ကျောင်းမှ ဂီတဆရာမလားဟုပင်ထင်ခဲ့သည် ။ သူမက သိုလှောင်ရန် ပုစွန်ခြောက်ကဲ့သို့သော ကုန်စည်များကို ဝယ်ယူလိုသော်လည်း ထိုအရာများအတွက် သီးသန့်အစားသောက်လက်မှတ်လိုအပ်သေးကာ သူမတွင်ထိုလက်မှတ်မရှိပေ ။
စိတ်ရှိတိုင်းသာလုပ်ရလျှင် ယွမ်တစ်ရာအားကောင်တာပေါ်ပစ်တင်၍ ကောင်တာအားဗြန်းခနဲ လက်နှင့်ရိုက်ကာ ' ယွမ်တစ်ရာနဲ့တစ်ဆိုင်လုံးတောင် ဝယ်ပစ်လိုက်လို့ရတယ် ' ဟုပြောချင်သော်လည်း ထိုအတွေးအားအမြန်မောင်းထုတ်လိုက်ရသည် ။
လင်းလန်က သူမ၏နောက်ဆုံးလက်ကျန် စိတ်ရှည်မူများဖြင့် အတတ်နိုင်ဆုံးအသံကိုချိုသာကာပြောလိုက်သည် ။
" စိုက်ပျိုးတဲ့သူက နောက်ဆုံးမှာအကျိုးအမြတ်ကို ခံစားရမှာဘဲ ရဲဘော်တွေကအရမ်းချစ်ဖို့ကောင်းကြပါတယ် ။ ကျွန်မကို တရုတ်ဆီးသီးနီ ငါးပေါင်လောက်ရောင်းပေးလို့ရမလား..."
အရောင်းစာရေးကခဏမျှ မှင်သက်သွားကာပြန်ပြောလိုက်သည် ။
" အနောက်အရပ်ကနေထွက်လာမယ်ဆိုရင်တောင်မှ လက်မှတ်မပါရင် ဝယ်ဖို့မဖြစ်နိုင်ဘူး "
လင်းလန်က သူမကိုယ်သူမအတတ်နိုင်ဆုံး ရုပ်မပျက်အောင်ပြုံးထားရကာ အရောင်းစာရေးကလက်ခါကာထပ်ပြောလိုက်သည် ။
" မင်းရွာက အသင်းမှာအရင်ဆုံးလက်မှတ်တွေအတွက်မေးကြည့်သင့်တယ် "
လင်းလန်က သူမအသင်းသို့သွားမည်ဆိုလျှင်တောင်မှ ဘာမှထူးခြားမည်မဟုတ်မှန်းသိနေသည် ထိုကဲ့သို့အထူးလက်မှတ်များကို အသင်းသားများအားခွဲဝေပေးလေ့မရှိပေ ။
" ကျွန်မကဆင်းရဲတဲ့ တတိယတန်းစားမိသားစုကပါ ဒါပေမဲ့ကျွန်မယောက်ျားက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က တပ်သားတစ်ယောက်ပါ ။ ကျေးဇူးပြု ပြီးပေါင်အနည်းငယ်လောက်ဘဲ ကျွန်မကိုရောင်းပေးပါ "
အရောင်းစာရေးက တဖြည်းဖြည်းနဲ့ပိုပြီး လင်းလန်ကကျောင်းဆရာမတစ်ယောက်ဆိုတာယုံချင်လာခဲ့သည် ။ ထို့ကြောင့် သူကအမြန်ဘဲ အိမ်ထောင်စုစာရင်းကိုယူကာစစ်ဆေးကြည့်လိုက်ပြီး ထိုတွင်ဘာတံဆိပ်မှမတွေ့ရဘဲ ကျေးရွာမှအိမ်ထောင်စုစာရင်းတစ်ခုသာဖြစ်သည် ။
သူခဏမျှတွေဝေသွားပြီးဘာဆက်ပြောရမလဲ မသိတော့ချေ ။ တိုင်းပြည်ကပြန်လည်တည်ထောင်နေဆဲဖြစ်ကာ မြို့ကြီးများ၌ ပညာရေးမူဝါဒများနှင့်အတူ စာသင်ကြားမူကြောင့် လူတိုင်းနီးပါး စာတတ်ကြသော်လည်း ကျေးရွာများနှင့်တော့ကွဲပြားသည် ။
စားဝတ်နေရေးအတွက် ရုန်းကန်နေရမူများနှင့် စာသင်ကြားရန် စိတ်ပါဝင်စားမူမရှိသောကြောင့် ကျေးလက်များတွင် အသိပညာဆိုင်ရာအားနည်းကာ အတွက်အချက်များနှင့်ပက်သက်လာလျှင် ကျေးလတ်မှလူများမှာလှည့်စားခံရရန်အလွန်ပင်လွယ်ကူလေသည် ။
ထို့အပြင် နိုင်ငံရေးဆောင်ပုဒ်များဆိုရင် ပို၍တောင်သိကြရန်ခက်ခဲနေကြပြီး အလွတ်ရွတ်ဆိုပြရန်မဖြစ်နိုင်ပေ ။ ထို့ကြောင့် အရောင်းစာရေးက လင်းလန်ရွတ်ပြလိုက်သည့်ဆောင်ပုဒ်ကြောင့် အံ့အားသင့်နေရသည် ။
သူမကဘယ်လိုလုပ်သိနေရတာလဲ...
။
xxxxxx