အပိုင်း ၇၇-၇၈
Viewers 21k

Part 77


" ရဲဘော်ကျွန်မတကယ်ပြောနေတာပါ ။ ကျွန်မယောက်ျားကတာဝန်ကြောင့် တစ်နှစ်ပတ်လုံးအိမ်မှာမရှိနိုင်ဘဲ ကျွန်မတစ်ယောက်ထဲ ကလေးငါးယောက်နဲ့ရုန်းကန်နေရတာပါ တစ်ခါတစ်လေဆိုရင်ကျွန်မကိုယ်တိုင်တောင် ဝဝလင်လင်မစားနိုင်ဘူး ။ ကလေးတွေကလဲ အာဟာရချို့တဲ့တာကြောင့်ပိန်လှီနေပြီး အသားတွေကလဲဝါကျင်ကျင်ဖြစ်နေကြပြီ ။ ဒါ့ကြောင့်မို့လို့ သူတို့အတွက် အာဟာရရှိရှိလေးစားစေချင်လို့ တရုတ်ဆီးသီးတချိူ့နဲ့ ပုစွန်ခြောက်လေးတွေဝယ်ချင်တာပါ "


" ကောင်စီကထောက်ပံ့ပေးတဲ့လက်မှတ်သာမရှိရင် ရောင်းလို့မရပါဘူး "


" ဘာလို့ကျွန်မကိုမရောင်းပေးချင်ရတာလဲ! ကျွန်မရဲ့ယောက်ျားက တပ်မတော်ကဖြစ်ပြီး ကျွန်မကလည်း နိုင်ငံတော်ဆီကနေဘာမှမတောင်းဆိုရပါဘူး ။ ကျွန်မရဲ့ကိုယ်ပိုင်ပိုက်ဆံနဲ့ ကလေးတွေအတွက်ဝယ်ပေးချင်တာတောင်မှ ဘာလို့မရရတာလဲ... "


" သူမကိုရောင်းပေးလိုက်ပါ စစ်သားမိသားစုတွေအတွက်နေထိုင်ရတာလွယ်ကူတာမဟုတ်ဘူး သူမတစ်ယောက်ထဲကလေးတွေကိုပျိုးထောင်နေရတာ ရောင်းပေးသင့်ပါတယ် "


အထည်ဝယ်ရန် ရပ်စောင့်နေသည့် လူတန်းကြီးထဲမှ လူတစ်ယောက်ကအော်ပြောလိုက်သည် ။ ကောင်စီအဖွဲဝင်များက ထိုကဲ့သို့သောအရာမျိုးတွေကို များများစားစားဝယ်ယူလေ့မရှိကြ ကာ အနည်းငယ်ရောင်းပေးလိုက်၍လည်းအဆင်ပြေသည် ။


နောက်ဆုံးမှာတော့ အရောင်းစာရေးက တာဝန်ခံအားသွားရောက်ခေါ်လာခဲ့သည် ။ တာဝန်ခံအနေနှင့် အိမ်ထောင်စုစာရင်းအားကြည့်လိုက်သည့်အခါ ဟန်ချင်စုန့် ၏နာမည်ကိုသတိထားမိသွားသည် ။ နောက်ဆုံးတွင် ကောင်စီသေးသေးလေးထဲမှ အရာရှိနာမည်မှာ လက်တစ်ဆုပ်သာရှိသည်


တာဝန်ခံက လင်းလန်၏ အခြေအနေကိုထပ်မံမေးမြန်းပြီးသည့်နောက်တွင် သူမလိုချင်သည့် တရုတ်ဆီးသီးခြောက်များနှင့်ပုစွန်များကိုရောင်းချပေးခဲ့သည် ။


လင်းလန်အနေနှင့် ထိုနည်းလမ်းအားအသုံးဝင်မလားဟု စမ်းသပ်ကြည့်ရုံသာဖြစ်ပြီး အမှန်တကယ်အလုပ်ဖြစ်လိမ့်မည်ဟုမထင်ခဲ့ကာ ပျော်ရွှင်စွာဘဲငွေချေပေးလိုက်ပြီး ဟန်ချင်စုန့် လာခေါ်မည်အား လိမ်လိမ်မာမာဖြင့်သာစောင့်နေတော့သည် ။


သူမကနောက်ထပ် ပိတ်စတချို့အတွက် မေးမြန်းချင်ခဲ့ပါသော်လည်း လူတန်းထဲမှအော်သံတစ်ချို့ထွက်ပေါ်လာခဲ့သည် ။


" ငါတို့အတွက် ဒီကိုလာရတာကလွယ်တာမဟုတ်ဘူး ။ အထည်အထုပ်လိုက်ကြီးက ဘာလို့မြန်မြန်ကုန်သွားရတာလဲ တနေ့ကလေးတင်လက်ကျန်ရှိသေးတယ်လို့​ပြောခဲ့တယ်မဟုတ်ဘူးလား "


" ငါမနက်စောစောလာတုန်းကတောင်မှ ပစ္စည်းပို့တဲ့ကားလာတာတွေ့သေးတယ် ။ ကုန်သွားတယ်ဆိုတာမဖြစ်နိုင်ဘူး "


" ဒီထဲမှာ မသမာတာတစ်ခုခုတော့ရှိမှာဘဲ ။ အခုထုတ်မရောင်းပဲနဲ့ သူတို့က ပိတ်ရက်တွေကျမှစျေးတင်ပြီးရောင်းချင်နေတာလား "


အဲ့ဒီ့အချိန်တွေတုန်းက လက်မှတ်နှင့်ပိုက်ဆံတို့ဖြင့်ဝယ်ယူရသော်လည်း အခါကြီးရက်ကြီးပိတ်ရက်များတွင်တော့ ပစ္စည်းများ၏ဝယ်လိုအားလည်းတက်လာသောကြောင့် စျေးနူန်းများသည်လည်းတက်သွားလေ့ရှိသည် ။ 


လင်းလန် ကဝင်မပါနိုင်သော်လည်း အနည်းငယ်စပ်စုချင်သွားခဲ့သည် ။


ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...


လင်းလန်က ကောင်တာပေါ်လက်တင်ကာအတွင်းသို့ အနည်းငယ်ချောင်းကြည့်လိုက်သည် ။ နှစ်ကူးချိန်မရောက်သေး၍ ပစ္စည်းအနည်းငယ်တော့ လက်ကျန်ရှိကောင်းရှိနိုင်သည် ။ အတွင်းဘက်တွင် အရောင်းစာရေးဝတ်စုံဝတ်ထားသည့် မိန်းမတစ်ဦးက လင်းလန်အား အထင်သေးစွာကြည့်လိုက်ပြီး စိတ်မရှည်သည့်လေသံနှင့်အော်လိုက်သည် ။


" လာကြည့်မနေစမ်းနဲ့ နင်တို့တတ်နိုင်တာတွေမဟုတ်ဘူး "


ဟေ့..ဟေ့...ဒီအမကြီးကို အလကားနေရင်းအထင်သေးတဲ့ လေသံနဲ့လာမပြောနဲ့လေ!


ထိုအရောင်းစာရေးမက ကောင်တာပေါ်တင်ထားသည့် လင်းလန်၏လက်အား ဖုန့်သုတ်အဝတ်ဖြင့်ခါကာပြောလိုက်သည် ။


" နောက်ဆုတ်စမ်းပါ ညစ်ပတ်သွားရင်ဘယ်လိုလုပ်မလဲ "


တကယ်ကြီး ငါကို အဲ့ဒီ့အဝတ်နဲ့ခါလိုက်တာလား!


လင်းလန်က သူမ၏အဝတ်အစားများအားပြန်ငုံ့ကြည့်လိုက်သည် ။ မသပ်မရပ်ဖြစ်နေတာမျိုးမရှိသလိုညစ်ပတ်နေတာမျိုးလည်းမတွေ့ရပေ ။ အဲ့ဒီမိန်းမရဲ့ဘယ်မျက်လုံးကနေ ငါ့ကိုညစ်ပတ်တယ်လို့မြင်နေတာလဲ ။ လင်းလန် ကဒေါသထွက်သွားကာ ကောင်တာပေါ်လက်ထပ်ထောက်ချကာပြောလိုက်သည် ။


" ငါဝါဂွမ်းနဲ့ အထည်စတွေလိုချင်တယ် ။ ငါ့ကိုတော့မရှိဘူးဆိုပြီး လာလှည့်စားဖို့မကြံနဲ့ "


သူမက ရွာရဲ့နံပါတ်တစ် ဆိုးသွမ်းတဲ့မိန်းမဆိုတာကို မမေ့လိုက်နဲ့!


ဆရာကျတဲ့ ဆိုးသွမ်းတဲ့ မိန်းမဆိုတာဘယ်အချိန်ဘယ်နေရာမှာ ဘာအကြောင်းပြချက်နဲ့ဘဲ ဖြစ်ဖြစ်ထသောင်းကျန်းနိုင်ရမယ်လေ ။ ဒါပေါ့ အခုအချိန်ကတော့ အမှန်တကယ်မုဒ်ဝင်သွားပြီဖြစ်ကာ ဘယ်သူမှတားမရနိုင်တော့ပေ ။


လူတန်းထဲကလူတစ်ချို့ကလည်း လင်းလန်ဘေးတွင်လာရပ်ကာပြောကြတော့သည် ။


" ဟုတ်တယ် ငါတို့အချိန်အကြာကြီး စောင့်ခဲ့တာတောင်မှ ဘာလို့ဝယ်လို့မရရတာလဲ "


" ငါတို့ကို ရောင်းပေးရမယ် "


လင်းလန် "......."


အရောင်းစာရေးမအနေနှင့် လင်းလန်၏တုံ့ပြန်ပုံအား မမျှော်လင့်ထားခဲ့ချေ ။ သူမနည်းနည်းလောက်ဟောက်လိုက်တာနှင့် ရှက်ရွံ့ပြီးထွက်သွားမည်တောသူမ ဟုသာထင်ခဲ့တာဖြစ်ပြီး ယုခုလိုလူတချို့အားဒေါသထွက်အောင် ဆွဲဆောင်သွားလိမ့်နည်မထင်ခဲ့ချေ ။ 


ထိုအရောင်းစာရေးမတွင် လူများ၏အပြောအဆိုကိုခံနိုင်ရည်မရှိကာ သူမ၏လက်များပင်တုန်ရီလာတော့သည် ။ လင်းလန်က သူမ၏အခြေအနေကို ရှင်းရှင်းလင်းလင်းပင်မြင်နိုင်ပြီး ပြုံးကာပြောလိုက်သည် ။


" ကျွန်မပြောမယ် မိန်းကလေး ရှင်လဲအရောင်းစာရေးတစ်ယောက်ဘဲ ပြဿနာတွေပိုပြီးကြီးလာမယ်ဆိုရင် ရှင်ရှင်းနိုင်ပါ့မလား...  ဒီတော့ ရှင့်ရဲ့တာဝန်ခံကိုသွားပြောပြီး သိုလှောင်ရုံထဲကလက်ကျန်တွေကိုထုတ်လာပြီး ကျွန်မတို့ကိုရောင်းပေးဖို့ပြောချင်တယ် ။ ကျွန်မတို့လူနည်းစုလေးက ဘယ်လောက်များများဝယ်နိုင်မှာမို့လို့လဲ ။ မြန်မြန်ဝယ်ပြီးတာနဲ့ကျွန်မတို့က ထွက်သွားမှာဘဲ တကယ်လို့ ဒီတိုင်းဆက်သွားမယ်ဆိုရင် လူတွေပိုများပြီး တချို့ကတော့ ကောင်းကောင်းမွန်မွန်ပြောဆိုလို့ ရလိမ့်မယ်လို့ ကျွန်မမထင်ဘူးနော် "


အရောင်းစာရေးမက တုန်တုန်ရီရီဖြင့်သူမ၏နူတ်ခမ်းကိုကိုက်ထားကာ အကြောင်းတချို့ကြောင့် လင်းလန်၏မျက်ဝန်းနက်တစ်စုံ ကလူတွေရဲ့စိတ်တွင်းထိ ထိုးဖောက်မြင်နိုင်သည်ဟု သူမခံစားနေရသည် ။


" သို....သိုလှောင်ရုံထဲမှာ အဝတ်လက်ကျန်တစ်ချို့ရှိပေမဲ့ ဝါဂွမ်းတွေကတော့ ကျွန်မတို့မှာတကယ်မရှိတော့ဘူး "


xxxxx

Part 78


အရောင်းစာရေးမပြောတာကြားပြီးသည့်နောက်တွင် လင်းလန်က သူမသည် ကြောက်တတ်သည့်သာမန်အမျိုးသမီးတစ်ယောက်ပင်ဖြစ်ကာ ဆက်တိုက်မလိမ်ညာနိုင်ဘဲ တစ်ချက်ထဲတွန်းပါးပေး ရုံနှင့်အကုန်ပြောထွက်မည့်သူမျိုးဖြစ်ကြောင်းသိလိုက်ရသည် ။


" ကောင်းပြီ လေ ကျွန်မတို့ကိုရှိတာတွေဘဲ ရောင်းပေးပါ "


ဘေးမှရပ်ကြည့်နေသည့် အရောင်းစာရေးကလည်း အခုမှသက်ပြင်းချနိုင်သွားကာ ပိတ်ရက်များတွက်စျေးတင်ရောင်းရန် သိမ်းထားသည့်အကျီများအား ရင်နာနာနှင့်ထုတ်ယူလာခဲ့သည် ။ လှည့်စားရန်ကြိုးစားခဲ့ကြသော အရောင်းဝန်ထမ်းများသည် လင်းလန်၏ စကားတစ်ခွန်းနှင့်တင် ထုတ်ဖော်ခံလိုက်ကြရသည် ။


မကြာခင်မှာဘဲ လူများကအကျီတွေကို ဝယ်ယူရန်တိုးဝှေ့လာကြသည် ။ လင်းလန်တွင် အထည်လက်မှတ်အများအပြားရှိသောကြောင့် အနာဂတ်တွက်အသုံးပြုလို့မရတော့မည့်အတူတူ သိမ်းမထားတော့ဘဲ အထည်စများများနှင့်လဲလှယ်လိုက်သည် ။


အဆုံးတွင် အကျီနှင့်အထည်များသည်လည်း များများစားစား မကျန်ရှိတော့ကာ ဝယ်ယူရန်စောင့်ဆိုင်းနေသည့် လူအများကျန်ရှိသေးသောကြောင့် အကန့်အသတ်နှင့်သာ ဝယ်ယူရနိုင်သည် ။ အဝတ်များအပြင်အထည်များကိုပါ အလွယ်တကူပင်ယူထုတ်လာသောကြောင့် လူများက အရောင်းဝန်ထမ်းများ၏မသမာမူများကို ပို၍ပင်လက်ခံလာခဲ့သည် ။


ပို၍ဆိုးသည်က အရောင်းစာရေးမသည် တွက်ချက်ရာ၌ပါအမှားတွေပြုလုပ်နေကာ ပို၍တွက်ချက်မိသာတာရှိသော်လည်း လို၍လျော့တွက်လိုက်ခြင်းမျိုးမရှိခဲ့ပေ ။


ဘယ်လောက်တောင်မှ အံ့သြစရာကောင်းလိုက်သလဲနော်!


ထို့အပြင် ထိုသူတို့သည် စျေးဝယ်သူများအားကျေးလက်တောရွာများမှ လာသောသူများဟုအထင်သေးနေခဲ့ကာ ဖော်ဖော်ရွေရွေဆက်ဆံခြင်းလဲမရှိပေ ။ အမြဲတစေအထင်သေးသည့် အကြည့်များဖြင့်ကြည့်နေတတ်ပြီး စကားလုံးများဖြင့်လည်းနှိမ့်ချကာ ရူံ့ချပြောဆိုတတ်သေးသည် ။


လူအုပ်ကြီးအတွက်ကတော့ အရောင်းစာရေးကိုပင် ပြန်၍မေးခွန်းထုတ်ကာ လိုရာကိုရအောင် ပြောဆိုနိုင်သည့် လင်းလန်အား ပို၍ပင်အားကိုးလာကာ သူမအနားတွင်ရုံးစုရုံးစုဖြစ်နေကြသည် ။


အဒေါ်ကြီးတစ်ယောက်က အရောင်းစာရေးများအားမယုံကြည်တော့သော်လည်းသူမကိုယ်တိုင်မတွက်ချက်တတ်သည်ဖြစ်၍ လင်းလန်အား ကူညီတွက်ချက်ပေးရန် အကူအညီတောင်းလာခဲ့သည် ။

လင်းလန်ကသေချာတွက်ချက်ပြီး အဒေါ်ကြီးအားပြောပြသည့်အခါ အဒေါ်ကြီးက သူမအားပြုံးပြကာပြောလာခဲ့သည် ။


" အမပြောတာကိုယုံပါတယ် အကုန်မှန်မှာပါ "


အန်တီကြီး ကျွန်မကို အမလို့မခေါ်ပါနဲ့ အန်တီ့ထက်ကျွန်မက အများကြီးပိုငယ်ပါတယ်နော်!


ဖြစ်ရပ်တစ်ခုလုံးကို ကောင်တာဘေးတွင်ရပ်ကြည့်နေသည့်တာဝန်ခံ ကသူ့ဘေးတွင်လာရပ်သည့် အရောင်းစာရေးအားပြုံးပြကာပြောလိုက်သည် ။


" အဲ့ဒီမိန်းကလေးက ဥာဏ်ကောင်းရုံတင်မဟုတ်ဘဲ အတွက်အချက်လဲအရမ်းတော်တယ် သူမကစီးပွားရေးသမားတစ်ယောက် ဖြစ်ဖို့အရမ်းသင့်တော်နေတယ် "


" ဘာကိုဆိုလိုတာလဲ တာဝန်ခံကြီး "


အရောင်းစာရေးက သူရာထူးပြုတ်တော့မည့် အနံ့တစ်ခုခုကို သတိထားမိသွားပုံရကာ မေးလိုက်သော်လည်း တာဝန်ခံကခေါင်းကိုယမ်းပြီးတော့သာပြန်ဖြေလိုက်သည် ။


" ကောင်းကောင်းကြိုးစားပြီး ပြည်သူတွေကိုအကျိုးပြုစမ်းပါ "


လင်းလန်က ပိတ်စအများအပြားကိုရရှိခဲ့သော်လည်း ဝါဂွမ်းတွေမရခဲ့သည့်အတွက်အနည်းငယ်စိတ်ပူပန်နေဆဲဖြစ် ကာ မွန်းတည့်ချိန်ပင်ရောက်တော့မည်ဖြစ်၍ အသားစျေးသို့သွားပြီး အသားတချို့ဝယ်ယူရန် ဆိုင်ထဲမှထွက်လာသည့်အချိန်တွင် အဒေါ်ကြီးတစ်ယောက်က သူမကိုလှမ်းဆွဲထားပြီး နားနားကပ်ကာပြောလာခဲ့သည် ။


" အမကြီး ကျွန်မမှာ အဝတ်တချို့ရှိတယ် ရှင်လိုချင်လား "


လင်းလန်က အဒေါ်ကြီးနှင့်စကားပြောရန် လမ်းကြားလေးတစ်ခုထဲသို့ဆွဲခေါ်သွားလိုက်သည် ။


" အမကြီး ဘယ်လောက်လိုချင်လဲ "


အရေးအကြောင်းများဖြင့်ပြည့်နေသည့် မျက်နှာဖြင့်အဒေါ်ကြီးအား လင်းလန်အမကြီး ဟုခေါ်ရန်အနည်းငယ်တွန့်ဆုတ်နေခဲ့သည် ။ 63 နှစ်ကြာပြီးသည့်နောက်တွင် ပြည်သူများ၏လူနေမူဘဝမှာ အနည်းငယ်အဆင်ပြေလာပြီဖြစ်သည် ။ ဟန်မိသားစုအိမ်ရှိ ဝါဂွမ်းများမှာ ကျင်းပေါင်နှင့်ကျင်းယု တို့အသုံးပြုရန်အတွက်အဘွားကြီးဟန် စုဆောင်းထားခြင်းဖြစ်ပြီး မြစ်နှင့်မလှမ်းမကမ်းတွင် ဝါခင်းတစ်ခုကိုလည်းစိုက်ပျိုးထားကာ ဝါကောက်သည့်အချိန်၌ သူတို့စိတ်ကြိုက်အဝတ်များပြုလုပ်ဝတ်ဆင်နိုင်ရန်အတွက်ဖြစ်သည် ။


" ငါ့ကို အမကြီးလုလို့ခေါ်လို့ရပါတယ် ။ ငါတို့ဘက်ကမြေဆီလွှာတွေက အရမ်းစိုက်ပျိုးလို့ဖြစ်ထွန်းပြီး တခြားဒေသတွေထင် ပိုပြီး ဝါတွေအများကြီးထွက်လေ့ရှိတယ် "


" အမကြီးလု ဒါဆိုရင် ပစ္စည်းတွေကဘယ်မှာလဲ "


" တောင်ကြားထဲမှာ ဖွက်ထားခဲ့တယ် တကယ်လို့မင်းယူမယ်ဆိုရင် လူမသိအောင်ခွဲသယ်လို့ရတယ်... ငါလဲ လူတွေသတိထားမိသွားမှာကိုမလိုလားဘူး "


လင်းလန်အနေဖြင့် အမကြီးလု၏သဘောထားအားအပြည့်အဝနားလည်ပေးနိုင်သည် ။ စားသောက်ကုန်အချင်းချင်းလဲလှယ်တာကို သဘာဝအားဖြင့်လှစ်လျူရူကာ အရေးယူခြင်းရှားပါးသော်လည်း စက်ရုံကုန်ကြမ်းများနှင့်စက်ရုံထုတ်ပစ္စည်းများအတွက်မူ မတူညီသည့်ကိစ္စဖြစ်သည် ။


တချို့ပစ္စည်းများဆိုလျှင် ဆိုင်ကြီးတွေမှာတောင်တင်၍ရောင်းချခွင့်မရှိသောကြောင့် အရည်အသွေးကောင်းသည့် အထည်စများနှင့် ဝါဂွမ်းများအတွက်မူ မိမိကိုယ်တိုင်လျို့ဝှက်သိမ်းထားသည်ကအများကြီးသင့်တော်သည် ။


လင်းလန်က အမကြီးလုနှင့်တောင်ကြားလေးကြားလိုက်သွားကြည့်သည့်အခါတွင် ကားအနီး၌ ရိုးသားပုံရသည့်အမျိုးသားတစ်ဦးက ပစ္စည်းများကိုစောင့်ကြပ်နေကြောင်းတွေ့လိုက်ရသည် ။ အမကြီးလုက လင်းလန်အားအထည်စတချို့နှင့် လွန်းတင်ပြီးချည်မျှင်တချို့ကိုပါပြသပေးခဲ့သည် ။


တစ်စမှာမဲနယ်ရောင် ချည်စဖြစ်ပြီး နောက်တစ်စမှာ သုံးရောင်စပ်ပိတ်စတစ်စဖြစ်ကာ လွန်းအကန့်အသတ်ကြောင့် အနံတစ်ပေသာရှိပြီး အလျားကလေးပေရှိသည် ။ အိမ်ချုပ်အထည်များက သမဝါယမဆိုင်မှ အထည်များကဲ့သို့လှပခြင်းမရှိသလို ဖက်ရှင်ကျခြင်းလဲမရှိချေ ။


ကျေးလက်နေသူများက ကိုယ်တိုင်ရက်အထည်များသို့မဟုတ် အကန့်အသတ်နှင့်ရောင်းချသည့် စက်ရုံထုတ်အထည်များကိုသာ ဝယ်ယူဝတ်ဆင်လိုကြသည် ။


လင်းလန်ကတော့ ဒီပိတ်စတွေက အိပ်ရာခင်းလုပ်ဖို့အတွက်အရမ်းကို သင့်တော်သည်ဟုတွေးမိသည် အပူဒဏ်ကိုလျော့ချပေးနိုင်ပြီး ချွေးများကိုလည်း စုပ်ယူပေးနိုင်မည်ဖြစ်ကာ အလွန်အဆင်ပြေသည် ။


စျေးနူန်းလေးကလဲ အရမ်းကိုပင်လှပလေသည်!


သမဝါယမအသင်းမှ ချည်ထည်များသည် လေးပေလျှင် အသက်သာဆုံးနှစ်ဆယ့်ရှစ်ဆင့်မှ လေးငါးဆယ်ဆင့်အထိပေးရကာ လက်ရှိငွေပေါက်စျေးနှင့်ဆိုလျှင်ပင်စျေးကြီးနေပြီဖြစ်သည် ။ သဘာဝအရောင်နှင့်ချည်ထည်မှာတော့ တစ်​ေပအတွက်တစ်ဆင့်လောက်သာကျသင့်ပြီး ပတ်တစ်အုပ်စာအတွက် သုံးယွမ်မှငါးယွမ်ကျသင့်သည် ။


အရောင်ဆိုးပြီးသားပိတ်တစ်အုပ်အတွက်စျေးမှာ လေးယွမ်ကနေငါးယွမ်အထိကျသင့်ပြီး ကုန်ကျစရိတ်အား အလွယ်တကူပင်တွက်ချက်နိုင်လေသည် ။


xxxxxx