အပိုင်း ၇၉-၈၀
Viewers 21k

Part 79


ပိတ်နှစ်အုပ်ပေါင်းစာအတွက် အလွန်ဆုံးမှ ရှစ်ယွမ်သာကျသင့်မည်ဖြစ်သည် ။ အရင်ဘဝမှစျေးနူန်းများနှင့်ယှဥ်လျှင်အရမ်းကို စျေးပေါလွန်းသည်ဟုခံစားနေရသော်လည်း စျေးဝယ်သည့် ဝါသနာက သက်သက်ပင်ဖြစ်ကာ သူမဝယ်ယူသည့်အချိန်တိုင်းစျေး အနည်းဆုံးကိုသာ နိူင်းယှဥ်ဝယ်ယူလေ့ရှိသည် ။


ထိုအချိန်၌ အစ်မကြီးလုက သူမ၏ပိတ်စများအား လင်းလန် အကြိုက်မတွေ့၍ မဝယ်တော့မည်အား အလွန်ပင်စိုးရိမ်နေကာ သူမ၏လက်များကိုတင်းကျပ်စွာ ဆုပ်ကိုင်ထားပုံအား လင်းလန်အသေအချာတွေ့လိုက်ရသည် ။ အရင်အချိန်များလိုမဟုတ်ဘဲ ချည်မျှင်များမှတစ်ဆင့် အထည်တစ်ထည်ဖြစ်လာရန် အလွန်ပင် ခက်ခက်ခဲခဲရက်လုပ်ရမည်အား သူမနားလည်သည် ။


ဝါပင်များကို စိုက်ပျိုးထားပြီး ဝါကောက်ချိန်မရောက်သေးသည်အထိ လပေါင်းများစွာဂရုစိုက်ရမည်ဖြစ်ကာ ရိတ်သိမ်းပြီးသည့်နောက်တွင် ဝါစေ့များကိုဖယ်ထုတ်ခြင်းအပြင် သန့်စင်ခြင်း ဗိုင်းငယ်သည့်လုပ်ငန်းစဥ်များအပြင် ပိတ်တစ်စရရန် အတွက်အဆင့်ပေါင်းများစွာဖြတ်ကျော်ကြရသည် ။


၎င်းကအရမ်းကို ရူပ်ထွေးပြီး ဗိုင်းငင်ပြီး ချည်များဖြင့် ပိတ်စဖြစ်လာရန်အတွက် ရက်ကန်းရက်ရဦးမည်ဖြစ်ကာ ပိတ်တစ်အုပ်အတွက် နာရီပေါင်းများစွာကြာမြင့်ပြီး အာရုံစူးစိုက်လုပ်ရသည့်အတွက် အစ်မကြီးလု၏ ကျောများကျိုးမတတ်နာကျင်ရပြီး အမြင်အာရုံများလည်းဝေ ဝါးလာတတ်သည် ။


အလွန် အလုပ်ကြိုးစားရသောကြောင့် စျေးအနည်းငယ်ကြီးသော်လည်း သုံးစွဲဖို့သင့်သည်ဟု လင်းလန်ခံစားလိုက်ရသည် ။ သူမအနေဖြင့် ခေတ်ကာလပတ်ဝန်းကျင်နှင့် ကျင့်သားမရသေးသော်လည်း ခက်ခဲသည့်အချိန်တွင်ကြိုးကြိုးစားစား ရုန်းကန်နေကြသည့် သူများအားအမှန်ပင်လေးစားလေသည် ။


သူမအနေဖြင့် ထိုသူတို့၏ဘဝမှာ အလွန်ခက်ခဲသည်ဟုခံစားရပြီး မိသားစုအားကျွေးမွေးရန် ဆင့်အနည်းငယ်ကပင် အသက်တမျှအရေးကြီးသည်အား သူမသဘောပေါက်စပြုလာပြီဖြစ်သည် ။


ယခုခေတ်ကာလတွင် တစ်ပဲနိက မြက်ခြောက်များစွာဝယ်ယူ၍ ရနိုင်ပြီး ရှစ်ဆင့်ဖြင့် သစ်သားထင်း ပေါင်များစွာဝယ်ယူနိုင်သောကြောင့် လင်းလန်က ငွေပေးချေရာတွင် အနည်းငယ်ရင်နာနေခဲ့ရသည် ။ ငွေရှာရန် အလွန်ခက်ခဲသည်အားလည်းတွေးမိကာ သူမနေနှင့်အသင်းတွင် အလုပ်ခုနှစ်ခုရှစ်ခုလောက်ဆက်တိုက်လုပ်မည် ဆိုလျှင်တောင်မှ ခုနှစ်ဆင့် ရှစ်ဆင့်သာရရှိနိုင်မည်ဖြစ်သည် ။


" အစ်မကြီးလု ကျွန်မစျေးတော့မဆစ်ပါဘူး ဒါပေမဲ့အမမှာ ပန်ဖွားလေးတွေရောင်းဖို့ရှိသေးမယ်ဆိုရင် ကျွန်မဝယ်ချင်ပါတယ် "


အစ်မကြီးလု ကညှိနိူင်းရလွယ်သည့်လူမျိုးဖြစ်သည် ။


" ရတာပေါ့ ရောင်းဖို့ချန်ထားတာ သုံးခုရှိသေးတယ် အစ်မမှာ ပိတ်စအပိုင်းအစလေးတွေလည်း အများကြီးရှိတယ် စိတ်မရှိဘူးဆိုရင် အစ်မပေးပါ့မယ် "


လင်းလန် အနေနှင့် သဘောမကျစရာအကြောင်းမရှိချေ ။ အစ်မကြီးလုက သူမအားပြုံးပြကာပြောလာခဲ့သည် ။


" အစ်မက အရမ်းဥာဏ်ကောင်းတာဘဲနော် အတွက်အချက်ကောင်းပြီး ပစ္စည်းဝယ်တာလဲထူးချွန်တယ် "


လင်းလန်က ရီမောမိကာ အစ်မကြီးလုအားပြောလိုက်သည် ။


" အစ်မကြီးလုကသာ စျေးရောင်းတဲ့နေရာမှာတော်တာပါ ။ အစ်မဆီကသာလာမဝယ်မိရင် ပိုက်ဆံတွေ အလကားကုန်တော့မလို့ "


အစ်မကြီးလုက လင်းလန်ရဲ့ အပြောချိုချိုလေးတွေအောက်မှာ နစ်မြောသွားသည့်အပြင် လင်းလန်က ပထမဦးဆုံး သူမဆီမှအထည်နှစ်လိပ်တောင် ဝယ်ယူသည့်သူဖြစ်သည် ။ အထည်နှစ်လိပ်စာသည် လင်းလန်သယ်ရန် လေးမည်စိုးသောကြောင့် အစ်မကြီးလန်က သူမ၏သားကို ကူသယ်၍ လိုက်ပို့ခိုင်းလိုက်သည် ။


ထိုအချိန်၌ အမျိုးသမီးတစ်ဦးက လင်းလန် ရှိနေသည့် တောင်ကြားလေးဘက်သို့ပြေးလာကာ အော်ပြောလိုက်သည် ။


" နောက်ဆုံးတော့ ငါနင့်ကိုရှာတွေ့ပြီ "


လင်းလန် ကသမဝါယမအသင်းမှ တာဝန်ခံဟုထင်သောကြောင့် အထည်အုပ်များကို မကာပြေးတော့မည့် ဆဲဆဲတွင် ထိုမိန်းမက ထပ်မံအော်ဟစ်လိုက်သည် ။


" ရပ်လိုက်စမ်း အရူးမနင်က ပိုက်ဆံတွေဖြုန်းနေတာပဲ ပစ္စည်းကောင်းတွေကိုဘယ်လို ဝယ်ရမလဲမသိဘူးလား ကောင်မရဲ့ "


လင်းလန်အတွက် ထိုအသံက ရင်ထဲကနေရင်းနှီးနေသောကြောင့် ခဏစဥ်းစားလိုက်ရုံနဲ့ ဘယ်သူဆိုတာမှတ်မိသွားခဲ့သည် ။


အဲ့တာက လင်းမိန် ဘဲ!


ဒါနဲ့ လင်းမိန် ကဘယ်သူလဲ...


အော်....


လင်းမိန်က လင်းအိမ်ရဲ့တတိယမြောက် သမီးဖြစ်ပြီး လင်းလန်ရဲ့ အမွှာအစ်မလဲဖြစ်သည် ။ လင်းလန်ရဲ့ ခန့်မှန်းချက်အရ လင်းမိန်သည် မူလ လင်းလန်လောက်မချောမောကာ အမွှာတွေဖြစ်သော်လည်း မီးနှင့်ရေလိုဆန့်ကျင်ဘက်ဖြစ်သည် ။


လင်းမိန်က ဒေါသထွက်လာသည့်အချိန်တိုင်းတွင် အော်ဟစ်သောင်းကျန်းတတ်ကာ အပြောအဆိုကြမ်းတမ်းပြီး သူတစ်ပါးအားထိခိုက်အောင်လုပ်ရန်ဝန်မလေးသော်လည်း မူလ လင်းလန်ကတော့ မိမိကိုယ်ကိုကိုသာထိခိုက်အောင်လုပ် တတ်သည့်သူမျိုးဖြစ်သည် ။


သူမ၏မှတ်ဥာဏ်များထဲမှ လင်းမိန်၏အကြောင်းကို စဥ်းစားလိုက်သည်အခါ လင်းမိန်ကအမှန်ပင် မိန်းမကြမ်းတစ်ဦးဖြစ်ကာ ကိုယ့်ကိုယ်ကိုသာအားကိုးသည့် သူမျိုးလည်းဖြစ်သေးသည် ။


လင်းလန်က ယောက္ခမ အိမ်ကနေ လက်ဖြန့်တောင်းပြီး ရှိသမျှအကုန်ပြန်ပို့တတ်သော်လည်း ထိုအချိန်တွင် လင်းမိန်ကတော့သူမကိုယ်တိုင် အလုပ်လုပ်ကာဝင်ငွေရှာနေခြင်းဖြစ်သည် ။ ကျေးလက်မှာသာမက မြို့တွင်မှာပါ အလုပ်ပေါင်းစုံလုပ်ပြီး နည်းနည်းလေးမှသိမ်ငယ်စိတ်မရှိပေ ။


သူမက အရမ်းကိုသန်မာလွန်သည်!


သို့ရာတွင် ကမ္ဘာပေါ်၌ပြီးပြည့်စုံနေသည့် သူဟူ၍မရှိဘဲ ထိုကဲ့သို့သန်မာကြမ်းတမ်းသည့် အမျိုးသမီးအား ဘယ်ယောကျ်ားသားကမှ လက်ထပ်ပြီး သူမ၏လွှမ်းမိုးမူအောက်တွင် မနေလိုကြပေ ။ 


နှစ်ပေါင်းများစွာ ညီမတွေကြားကရန်ပွဲများ၌ လင်းမိန်ထက် လင်းလန်သာသည့်အချက်တစ်ချက်မှာ သူမ၏ရုပ်ရည်နှင့် ဟန်ချင်စုန့်လို ခင်ပွန်းမျိုးသာဖြစ်သည် ။


မူလ လင်းလန်မိဘအိမ်သို့ပြန် သည့်အချိန်တိုင်းတွင် လက်ဆောင်ပစ္စည်းများ တပြုံကြီးမချလာတတ်ကာ လင်းမိန်ထက်သူမဘယ်လောက်တောင် သာလွန်ကြောင်း ယှဥ်ပြိုင်ရခြင်းအား အလွန်ပင်နှစ်သက်လေသည် ။ လင်းမိန်အား လင်းလန် ကြည့်သည့်အကြည့်များထဲတွင် သိုဝှက်ထားသည့်ဓားသွားများ ပါဝင်နေတတ်ကာ ယှဥ်ပြိုင်လိုသည့်ဆန္ဒကို ဘယ်တော့မှမဖုံးကွယ်ခဲ့ပေ ။


' အလုပ်လုပ်နိုင်တော့ရော ဘာဖြစ်လဲ အမယောက်ျားထက် ကျွန်မရဲ့ယောက်ျားက ကျွန်မပြောတာကိုနာခံပြီး အလုပ်ကောင်းကောင်းရှိတယ်လေ '


လင်းလန် ဘက်ကမကြွားဝါနိုင်သည့် အချိန်များတွင်လည်း သူမ၏အတွေးထဲတွင်တော့ လင်းမိန်ထက် အစစအရာရာ သာလွန်သည်ဟု တထစ်ချမှတ်ယူထားပြီးဖြစ်သည် ။


xxxxxxxxx

Part 80


လင်းလန် ဘာမျှမပြောရသေးခင်မှာပင် အစ်မကြီးလုက လင်းမိန် ထံသို့လျှောက်သွားပြီဖြစ်သည် ။ ထို့နောက်သူမက လင်းမိန်၏ လက်ကိုဆွဲကာ ဝမ်းသာအားရပြောလိုက်သည် ။ 


" ခေါင်းဆောင်အစ်မရောက်လာတာအတော်ဘဲ ပိတ်အုပ်တွေအကုန်နီးပါးရောက်ထွက်သွားပြီ ဒီမိန်းကလေးကဝယ်ခဲ့တာ "


လင်းလန်  '.... အစ်မတို့က အလုပ်အတူတူလုပ်နေကြတာလား? '


အမ်...အစ်မကြီးလုနဲ့ လင်းမိန်ကမှ တကယ့်ညီအစ်မတွေပုံစံနဲ့တူနေသေးတယ်... သူတို့ကတကယ်ကို အတွဲညီကြတာဘဲ...


လင်းမိန် ကလင်းလန်အား ကြည့်ကာ ပြောလိုက်သည် ။


" နင်တော်တော်ပိုက်ဆံရှိကြောင်း ကြွားချင်နေတာလား...ဟမ်...ရွာထဲမှာနင်ယွမ်တစ်ရာရတဲ့ကိစ္စကို လူတိုင်းပြောနေကြတာ နင်ချမ်းသာတယ်ဆိုတာကို တစ်လောကလုံးသိစေချင်နေတာလား "


လင်းလန်က ပြုံးရင်းပြန်ပြောလိုက်သည် ။


" ဘာဖြစ်လို့လဲ...မနာလိုနေတာလား... တတိယအစ်မကျွန်မက အိမ်ခွဲပြီးသွားပြီလေ...အဲ့ဒီတော့ အစ်မအနွေးကုတင်ကိုအပူပေးဖို့ မကူညီချင်ဘူးလား "


အနွေးကုတင်ကိုအပူပေးခြင်းက မိသားစုအတွက်နွေးထွေးပျော်ရွှင်သော ဘဝအားရစေရန်ဆုတောင်းပေးခြင်းဖြစ်ကာ စီးပွားရေးကောင်မွန်စေရန်နှင့် ငွေဝင်စေရန်ဆုတောင်းပေးခြင်းဖြစ်သည် ။


လင်းမိန်က နူတ်ခမ်းကိုက်ရင်းပြောလိုက်သည် ။


" နင့်ဘာသာနင် အပူပေးဖို့မတတ်နိုင်လို့လား... နင်အမေ့ကိုပစ္စည်းတွေဝယ်ပြီးဖားယား ဦးမှာမလား...ပိုတဲ့ပိုက်ဆံတွေကိုလဲ အမြင်ကောင်းရဖို့ နင်ပေးဦးမှာဘဲလေ "


" စိတ်မပူပါနဲ့ တတိယအစ်မရယ် အစ်မမှာသာပိုက်ဆံအများကြီးရှိမယ်ဆိုရင်တောင် ကျွန်မအစ်မကိုမနိုင်ပါဘူး ..."


လင်းလန်က ရန်မတွေ့ဘဲ ပြုံးပြုံးလေးဖြင့်သာပြောနေသောကြောင့် လင်းမိန်လန့်လာခဲ့သည် ။


" နင်အဲ့လောက်ထိငါကို ပြုံးပြနေစရာမလိုပါဘူး ပစ္စည်းတွေအများကြီးလဲဝယ်သေးတယ် ပိုက်ဆံတွေလဲရှိသေးတယ် နင့်ယောက္ခမကနင့်ဆီက ပြန်လာလုမှာမကြောက်ဘူးလား "


လင်းလန်က လန့်သွားခဲ့သည် ။ သူမအိမ်ခွဲပြီးတာမှ မကြာသေးဘူး...တကယ်ပြန်လာလုမှာတော့မဟုတ်လောက်ပါဘူးနော်...


" တတိယအစ်မမသိလို့ ကျွန်မတို့အိမ်ကသေးသေးလေး အခန်းထဲမှာလဲ ပစ္စည်းပစ္စယတွေအပြည့်နဲ့ အနွေးကုတင်လေးတစ်လုံးထဲမှာ တစ်မိသားစုလုံးအိပ်နေရတာ "


လင်းမိန်က လင်းလန်အား မျက်စောင်းထိုးလိုက်သည် ။ 


" နင့်မှာပိုက်ဆံရှိနေတာဘဲ အိမ်တစ်လုံးထပ်ဆောက်လိုက်ပေါ့ ဘာများခက်ခဲနေလို့လဲ "


လင်းလန်က မူလလင်းလန်၏ လေသံအတိုင်းမာမာထန်ထန်ပြောလိုက်သည် ။


" အုတ်ခဲတွေကလေနဲ့လွင့်လာမှာမို့လို့လား အုတ်မရှိဘူး သစ်သားမရှိဘူးလေ တတိယအစ်မထောက်ပံ့ပေးမှာမို့လို့လား "


" နင့်မှာ အဲ့တာတွေဝယ်ဖို့ပိုက်ဆံရှိနေတာဘဲလေ ဘာလို့အရေးမပါတာတွေလျှောက်ဝယ်နေတာလဲ "


" ငါမျှမျှတတသုံးနေတာဘဲလေ ကျန်တဲ့ပိုက်ဆံတွေနဲ့ခြံစည်းရိုးကိုပြန်ပြင်မလို့ "


လင်းမိန်က မျက်လုံးသာလှိမ့်မိတော့သည် ။ လင်းလန်၏စကားကိုယုံမိလျှင် အမှားကြီးမှားပေလိမ့်မည် ။ နောက်ဆုံး၌ သူမကကြွားဝါရန်အတွက်သာ ဝယ်ခြမ်းသုံးစွဲပြနေလိမ့်မည် ။


ရက်အနည်းငယ်အတွင်းတွင် အဖွားကြီးလင်း၏မွေးနေ့ရှိသောကြောင့် သူမတို့အားလုံးလက်ဆောင်များပေးကြရလိမ့်မည် ။ လင်းလန်က အိမ်ခွဲခြင်းမှရသည့်ပိုက်ဆံများအားလုံးကို ထိုမွေးနေ့ပွဲအတွက် သုံးစွဲပစ်လိုက်မည်မှာ ဖြစ်နိုင်ချေရှိဆုံးပင်ဖြစ်သည် ။


လက်ရှိလူနေမူပုံစံအရ မွေးနေ့ပွဲတွင် ရိုးရာမုန့်တချို့နှင့် အသားအပါအဝင် ဟင်းသီးဟင်းရွက်တို့ဖြင့် ဟင်းပွဲတချို့ပြင်ဆင်နိုင်ကာ မွေးနေ့လက်ဆောင်တို့သည်လည်း အရမ်းကြီးစျေးကြီးနေရန်မလိုအပ်ဘဲ နေ့စဥ်သုံးပစ္စည်းများဆိုလျှင်ပို၍ တောင်သင့်တော်သေးသည် ။


ဒါပေမဲ့ ဒီတစ်ခေါက်တွင်တော့ စတုတ္ထညီမက ကြီးကြီးမားမားတစ်ခု စီစဥ်နေသည်မှာတော့ မှားမည်မဟုတ်ချေ ။ 


အခြေအနေနှင့် လိုက်လျောညီထွေမူရှိစေရန်အပြင် သူမအားလည်း သံသယမဝင်စေရန်အတွက် လေသံမာမာနှင့် အကျယ်ကြီးပြန်အော်ပြောလိုက်လေသည် ။


" တတိယအစ်မ အိမ်ပြန်ရောက်ရင် အမေ့ရဲ့မွေးနေ့ကို ကျွန်မသေချာပေါက်လာမယ်ဆိုတာပြောဖြစ်အောင်ပြောလိုက်နော် ....သေချာပေါက် သူမတစ်သက်မှာ မမေ့နိုင်ဆုံးမွေးနေ့ဖြစ်အောင်ကျွန်မလုပ်ပေးမှာ "


ယခုအချိန်တွင်တော့ လင်းမိန်က လင်းလန်သည်သူမတွင်ရှိသမျှပိုက်ဆံအကုန်ဖြင့် သူမတို့အမေ၏မွေးနေ့အား ကျင်းပပေးတော့မည်အား သေချာသလောက်ရှိသွားပြီဖြစ်သည် ။


လင်းမိန် ချဥ်စုပ်စုပ်မျက်နှာပေး ဖြစ်နေသည်အား ကြည့်ကာ ပြောလိုက်သည် ။


" တတိယအစ်မ ကျွန်မကိုဆယ်ယွမ်လောက်ချေးခဲ့ပါလား "


လင်းမိန်က အရမ်းလန့်ဖျပ်သွားပြီး သရဲတွေ့လိုက်ရသကဲ့သို့ ခြေနှစ်လှမ်းဆုတ်လိုက်ကာ လင်းလန်အား မယုံကြည်နိုင်စွာကြည့်နေခဲ့သည် ။


စတုတ္ထညီမ ကရူးသွားပြီးလား...


အရင်အချိန်များတွင် လင်းလန်က ဘယ်လောက်ဘဲအိမ်ကိုပြန်ကြည့်ပါစေ ဘယ်တော့မှအိမ်ကတစ်ခုခုပြန်တောင်းဆိုရန်အတွက် တစ်ခါမှပါးစပ်မဟခဲ့ဖူးချေ ။


အခုတော့ သူမမှာ ယွမ်တစ်ရာ ကြီးများတောင်ရှိတာတောင်မှ ငါ့ဆီကပိုက်ဆံချေးနေသေးတယ်ပေါ့...


တစ်ခုခုမှားနေတာဘဲ ဖြစ်ရမယ်!


မူလ လင်းလန် ၏အမြဲတစေထေ့ငေါ့နေတတ်သည့် အမူအကျင့်များ​ကြောင့် သူမဘက်ကဘယ်လောက်ဘဲလွန်လာသည်ဖြစ်စေ ဘယ်သူပြန်အတွန့်မရဲကာဲ လင်းမိန် သည်လည်းချွင်းချက်မဟုတ်ပေ ။ ပထမဆုံးအနေဖြင့် မူလ လင်းလန်၏ မိန်းမဆိုးစရိုက်အား အမှန်ပင်ကျေးဇူးတင်မိသွားသည် ။


ရုတ်တရက်ကြီး ပိုက်ဆံချေးလိုက်တာကာ လင်းလန်အနေနှင့် သူမတွင်ရှိသည့် ယွမ်တစ်ရာလုံး အကုန်သုံးစွဲပစ်လိုက် ခြင်းကြောင့်ဟု လင်းမိန်ထင်သွားခဲ့သည် ။


တကယ်ကြီး ယွမ်တစ်ရာလုံးကိုသုံးပစ်လိုက်တာလား...


" နင်....နင် အသုံးမကျတဲ့ မိန်းမ ယွမ်တစ်ရာဆိုတဲ့ပိုက်ဆံက နည်းနည်းနောနောလားဟဲ့ ... ငါတစ်သက်လုံးသုံးရင်တောင် ယွမ်တစ်ရာမသုံးနိုင်ဘူးဟဲ့ "


လင်းလန်က အရမ်းစိတ်ညစ်နေသည့် အမူအရာဖြင့် သက်ပြင်းချကာပြောလိုက်သည် ။


" ဒါပေမဲ့ ကျွန်မလိုချင်တာတွေအများကြီးဘဲလေ ။ အိမ်အတွက်လည်း ဝယ်စရာတွေအများကြီးရယ် အမသိလား အိမ်ခွဲတာက အရမ်းအလုပ်များတာနော် ဒါတောင်မှ ကျွန်မစိတ်တိုင်းကျ ဝယ်ဖို့လိုနေတာတွေအများကြီး ရှိသေးတယ် "


" တော်တော့...တော်တော့ ဆက်မပြောနဲ့တော့ "


လင်းမိန်က သူမထံတွင် ဆယ်ယွမ်ရှိသည်ကို လင်းလန်အားမပြောပြဘဲ စကားလမ်းကြောင်းလွှဲရန် ကြိုးစားလိုက်သည် ။


" နင်ကယွမ်တစ်ရာလုံး ကိုတောင်မှ မျက်တောင်မခတ်ဘဲသုံးနိုင်သေးတာဘဲ ဆယ်ယွမ်လောက်က နင့်အတွက်ဘာမှအသုံးမဝင်ဘူးမလား "


လင်းလန် ဆက်ပြီး ပေါက်ကရစကားတွေမပြော ချင်တော့ပေ ။


" တတိယအစ်မ ကျွန်မအိမ်ကို လိုက်လည်ပါအုံးလား "


သူမတို့အမြွှာနှစ်ယောက်သည် ငယ်ငယ်စဥ်အချိန်ကတည်းက တစ်ယောက်နှင့်တစ်ယောက် ထေ့ငေါ့ပြောဆိုကာနေထိုင်ခဲ့ပါသော်လည်း လင်းလန်အနေနှင့်တော့ သွေးရင်းညီမတွေဖြစ်သည့်အတွက် အနည်းလောက်ပင်ပို၍နီးစပ်ချင်သည် ။


ဒါ့အပြင် လင်းမိန် သည်သူမကိုယ်တိုင်ကသာ လင်းလန်နှင့် အမြဲတစေရန်ဖြစ်နေတတ်ပါသော်လည်း တခြားသူများက လင်းလန်အား အနိုင်ကျင့်ခြင်းကို တော့အဖြစ်မခံခဲ့ပေ ။သို့သော်လည်း ညီအစ်မနှစ်ယောက်ကတော့ နေ့တိုင်းပင်ရန်ဖြစ်တတ်ကြသည် ။


" ထားလိုက်တော့.. ငါအိမ်မှာလုပ်စရာတွေအများကြီး ရှိသေးတယ် "


xxxxxx