အပိုင်း ၈၁-၈၂
Viewers 25k

part 81


ထို့နောက်တွင်တော့ လင်းမိန်က အမကြီးလုဘက်သို့လှည့်ကာ လင်းလန်ဝယ်သမျှကို တွက်ချက်စေပြီး စျေးနူန်းမေးလိုက်ကာ လင်းလန်ကိုကြည့်ပြီးပြောလိုက်သည် ။


" တော်တော်များများကို ဝယ်ထားတာပဲ "


အဲ့နောက်မှာတော့ အမကြီးလုကိုပြောလိုက်သည် ။


" လင်းလန်က ကျွန်မရဲ့ညီမပါ သူမကိုနည်းနည်းလောက်လျော့ပေးလို့ရမလား "


လင်းမိန်က အမကြီးလုအား တစ်ယွမ်စျေးဆစ်ခဲ့သည် ။ အမကြီးလုသည်လည်း အနည်းငယ်ခံစားရခက်နေကာ သူမအနေနှင့် စျေးနူန်းနှင့်ပက်သက်၍အငြင်းမပွားတတ်သည့်သူတစ်ဦးနှင့် အဆင်ပြေပြေအရောင်းအဝယ် လုပ်နိုင်မည်ဟုထင်ခဲ့သော်လည်း လင်းမိန်သည် သူမတို့အဖွဲ့၏ ခေါင်းဆောင်ဖြစ်သည့်အတွက် မျက်နှာသာပေးရမည်ဖြစ်သည် ။


" ကျွန်မကိုလျော့ပေးဖို့မလိုပါဘူး ။ ဒါပေမဲ့ ဝါဂွမ်းတွေအတွက်ကတော့ အစ်မကိုဘဲ ဒုက္ခပေးရတော့မှာဘဲ ဝါဂွမ်းတွေရပြီဆိုတာနဲ့ ကျွန်မကိုအရင်ဆုံးရောင်းပေးလို့ရမလား "


လင်းလန် ဝါဂွမ်းများ လိုချင်နေသည်အားကြားသည့်အခါတွင် လင်းမိန်က သူမတွင် ဝါဂွမ်းလက်ကျန်ရှိကြောင်းပြောပြလိုက်သည် ။


" ဒါဆိုရင် အမေ့မွေးနေ့ရောက်မှထပ်တွေ့ကြမယ် "


လင်းမိန်က ပြောလိုက်သော်လည်း လင်းလန်အား ​မျက်ခြေ မပြတ်ကြည့်နေကာ ကိစ္စတွေအားလုံးက လင်းလန်အပေါ် မူတည်နေကြောင်းအရိပ်အမြွက်ပြသည့် ပုံစံမျိုးနှင့် ကြည့်နေခဲ့သည် ။ 


လင်းလန်အနေဖြင့် သူမထံမှ ဝါဂွမ်းများလိုချင်လျှင် မွေးနေ့ပွဲတွင် လင်းမိန်အား ပြဿနာရှာ၍မဖြစ်ကြောင်းနှင့် လင်းမိန်အားရူံ့ချသည့်မည်သည့်အပြုအမူမဆို မလုပ်ရန်ဖြစ်ကာမျှတသည့်အပေးအယူဖြစ်သည် ။


လင်းလန်သည် သူ့မအစ်မ၏ဆိုလိုရင်းအား အမှန်ပင်နားလည်သည် ။


" အစ်မသိတဲ့အတိုင်းဘဲ မိသားစုခွဲထွက်ပြီးတဲ့နောက်မှာ ကျွန်မတို့ကို ဘယ်သူကမှရှိတယ်လို့တောင်သဘောမထားကြတော့ဘူး အဲ့ဒီအပြင် စားဖို့သောက်ဖို့လည်း ရုန်းကန်နေရတာကြောင့် အမေ့မွေးနေ့အတွက်သေသေချာချာ စဥ်းစားဖို့လိုတယ် "


" ဒါဆိုဘာလို့ မွေးနေ့ကိုမေ့မရအောင်လုပ်မယ်လို့ နင်ပြောလဲ နင်ဘယ်လောက်ဆင်းရဲကြောင်း ငိုယိုပြပြီး မေ့မရအောင်လုပ်မလို့လား "


လင်းမိန်ကရွဲ့ပြောလိုက်သော်လည်း လင်းလန်ကပြုံးကာပြန်ပြောလိုက်သည် ။


" အံ့သြသွားစေမဲ့ လက်ဆောင်လေးတစ်ခုပါဘဲ တတိယအစ်မမှာ ဝါဂွမ်းတွေရှိတာ ကျွန်မသိပါတယ် ။ ရောင်းပေးလို့မရဘူးလား လက်ရှိရောင်းဝယ်တဲ့စျေးနူန်းအတိုင်းဝယ်ပါ့မယ် တစ်ပြားမှမလျော့စေရဘူးလေ "


လင်းမိန်၏ မျက်လုံးများကသာဓားတွေဆိုလျှင် လင်းလန်ထုတ်ချင်းပေါက်နေသည်မှာ ကြာပြီဖြစ်ကာ လင်းလန်သည်လည်း အန္ဒရာယ်အငွေ့အသက်များအား ခံစားမိသောကြောင့်ဘာမှဆက်မပြောတော့ချေ ။


လင်းလန်က လင်းမိန်အားအလွတ်ပေးရန် ရည်ရွယ်ချက်မရှိကာ တစ်လျှောက်လုံး လင်းလန်နှင့် သမဝါယမရုံးသို့လိုက်လာခဲ့သည် ။ လင်းလန်က သူမဝယ်ယူထားသည့်ပိတ်နှစ်အုပ်ကိုသယ်ပြီး လင်းမိန်ဘေးမှ လျှောက်နေရကာ အရမ်းပင်လေးလံလှသည် ။


" တတိယအစ်မ ပိတ်အုပ်တွေကတစ်ကယ်လေးတယ် ဘာလို့သူတို့ကူပေးတာကို လက်မခံခိုင်းတာလဲ "


" နင်ငါ့ကိုတွေတဲ့အချိန်တုန်းကတောင် အဲ့တာတွေမပြီးထွက်ပြေးသေးတာဘဲ အဲ့တုန်းကမလေးဘဲ အခုမှထလေးနေတာလား "


လင်းမိန် ပိုပြီးတော့တောင် လင်းလန် ၏အတွေးများအားနားမလည်နိုင်တော့ပေ ။


" ဘာတုန်းဟ!  ရေသောက်ရင်တောင်မှ ကိုယ့်ပန်းကန်လုံးနဲ့ကိုယ်သောက်ရမှာလား တစ်ယောက်ကို ပန်းကန်လုံးတစ်လုံးစီက ဖြုန်းတီးတာဘဲ နင်နဲ့ရှောင်ဝမ်က မျှသုံးလို့ရတယ် ပြီးတော့ မိုင်စွေ့နဲ့အားဝမ်လဲ....."


လင်းလန်သည် ထိုခေတ်ကကျေးလက်နေထိုင်မူ ပုံစံအားသိသင့်သလောက်သိနေပြီ ဖြစ်၍ဆက်လက်ကာမငြင်းခုန်ချင်တော့ပေ ။ အလားတူပင် မိသားစုတစ်ခု၌ ဇလုံကြီးတစ်ခုရှိလျှင် လူတိုင်းမျှသုံးကြသည် မျက်နှာသစ်သည်မှစကာ ရေချိုးသည်အဆုံးထိမျှဝေသုံးစွဲတတ်ကြ ကာဟင်းသီးဟင်းရွက်များဆေးကြော လျှင်လည်းထိုဇလုံနှင့်ပင်ဖြစ်ပြီး ရည်ရွယ်ချက်အမျိုးမျိုးအတွက် ခွဲခြားထားရှိခြင်းသည် ဖြုန်းတီးနေသည်ဟုသာမြင်ကြသည် ။


တတိယအစ်မက ပန်းကန်းလုံးတွေကိုတောင်မှ မျှဝေသုံးစွဲဖို့ပြောနေသောကြောင့် လင်းလန်က ကုန်ကျစရိတ်အား တွက်ချက်ပြလိုက်သည် ။


" ပန်းကန်လုံးတစ်လုံးကို ငါးဆင့်ပေးရတယ် ။ ပြီးတော့ပန်းကန်လုံးတွေက ကြွေရည်သုတ်ထားတာမို့လို့ ကျကွဲသွားခဲ့ရင်...."


" နင်ကတကယ်ကို ထူးဆန်းတဲ့မိန်းမဘဲ ဘယ်သူကအလကားနေရင်းပန်းကန်လုံး တွေကိုခွဲမှာလဲပန်းကန်ကွဲရင်ဘယ်သူမှထမင်းမစားရတော့ဘူးလို့ နင့်ကလေးတွေကိုပြောထားလိုက် "


ဒါကမှ ကတ်စေးနှဲ လင်းမိန်ရဲ့ အကျင့်အစစ်ဘဲ!


လင်းလန်က အရင်လိုပြောရဆိုရလက်ပေါက်ကတ်သည့် မူလ လင်းလန်မဟုတ်တော့သော်လည်း လင်းမိန်ကတော့ မခံချင်စိတ်ရှိပြီး ကတ်စေးနှဲဒေါသကြီးသည့် လင်းမိန်ဖြစ်နေဆဲပင်ဖြစ်သည် ။


လင်းလန်က အရင်တုန်းက ကဲ့သို့ကတ်ကတ်လန်အောင်ရန်ပြန်မတွေ့သည့်အခါတွင် လင်းမိန်ပျင်းသလိုပင်ခံစားလာခဲ့ရသည် ။ သူမ လင်းလန် ပြောင်းလဲသွားသည်အားအနည်းငယ်ခံစားမိသည် ။ မူလက လင်းလန်သည် အချိန်မရွေးထပေါက်ကွဲနိုင်သည့် ချိန်ကိုက်ဗုံး တစ်လုံးလိုပင်ဖြစ်ကာ အနည်းငယ်လမ်းကြောင်းပေးလိုက်ရုံဖြင့် အဆက်မပြတ်ပေါက်ကွဲလိမ့်မည်ဖြစ်သည် ။ 


ယခုအချိန်တွင်တော့ လင်းမိန် စကားစ စရာ လမ်းကြောင်းပင်ရှာမရတော့ချေ ။


" ဒါဆိုလဲနေဦး ငါနင့်အတွက် ဝါဂွမ်းနည်းနည်းလောက်သွားယူလာပေးမယ် ဒီမှာဘဲစောင့်နေ "


လင်းမိန်က ပြောပြီးထသွားလိုက်ပြီးမှ ခြေလှမ်းအနည်းငယ်လျှောက်ပြီးသည့် အချိန်တွင် လင်းလန်အားမေးလာခဲ့သည် ။


" တကယ်လို့ နင်ပြန်ယူသွားမယ်ဆိုရင် နင့်ယောက္ခမက လာမလုလောက်ဘူးမလား..."


လင်းလန် ကအချိန်ခဏမျှ အံ့သြသွားပြီးသည့်နောက်မှ လင်းမိန်အား ပြုံးပြီးပြောလိုက်သည် ။


" စိတ်မပူပါနဲ့ တတိယအစ်မ အဖြစ်မခံပါဘူး ကျွန်မတို့ကအိမ်ခွဲပြီးပြီ လေ နည်းနည်းလောက်လေးစားပေးရတာက ကိစ္စမရှိပေမဲ့ အရင်လိုတရားလွန်ကြီး မလုပ်ရဲတော့ပါဘူး "


လင်းမိန်က ခေါင်းတစ်ချက်ငြိမ့်ပြပြီးသည့်နောက်တွင် လေအလျှင်နဲ့ပြေးထွက်သွားတော့သည် ။


လင်းလန် "........."


မကြာခင်မှာပင်စစ်ဝတ်စုံကို ဝတ်ဆင်ထားသော ဟန်ချင်စုန့်က လက်တွန်းလှည်းတစ်စီးကို တွန်းကာရောက်လာခဲ့သည်။ မြင့်မားကြံခိုင်ပြီး ကြွက်သားအပြည့်ဖြင့်ခန္ဓာကိုယ်ကို့ သူ့ဝတ်စုံက ဖုံးကွယ်ထားနိုင်ခြင်းမရှိပေ။ ဟန်ချင်စုန့်သည် ဘယ်လိုနေနေကို ချောမောခန့်ညားနေကာ လူအုပ်ကြီးထဲ၌ထင်းထွက်နေပြီး လူတိုင်းကသူ့အားကြည့်နေကြသည် ။


" ကျွန်မဒီမှာ "


လင်းလန်က မတ်တပ်ရပ်လိုက်ကာ ဟန်ချင်စုန့်မမြင်မည်စိုး၍ လက်ပင်ဝှေ့ယမ်းပြလိုက်သော်လည်း ဟန်ချင်စုန့်က အကြည့်တစ်ချက်နှင့်တင် သူမအားရှာတွေ့ပြီးဖြစ်သည် ။


သမဝါယမရုံးရှေ့၌ ပန်ပင်ပုသေးသေးလေးများနှင့် စက္ကူပန်းပင်များကို အစီအရီစိုက်ပျိုးထားကာ လင်းလန်သည် ထိုသစ်ပင်လေးတစ်ပင်နားတွင်ရပ်နေသည်ဖြစ်ကာ ထင်သာမြင်သာရှိနေပြီး သူမရှေ့ရှိ တောင်တစ်လုံးစာမျှပစ္စည်းများပင်ရှိနေသည့်အခါ မမြင်သည်ကမှထူးဆန်းနေပြီဖြစ်သည် ။


လက်တွန်းလှည်းလေးအား ရပ်လိုက်သည်နှင့် လင်းလန်ကပစ္စည်များကိုစတင်ရွေ့တင်တော့သည် ။


" နေပါ ကိုယ်လုပ်လိုက်မယ် "


ဟန်ချင်စုန့် သည်သူ၏အကျီအိတ်ကပ်လေးထဲမှ လက်ကိုင်ပဝါလေးတစ်ထည်အား ထုတ်လိုက်ကာ လင်းလန်သုတ်ဖို့ပေးလိုက်သည် ။ တောင်ပုံယာပုံ ပစ္စည်းများမှာ ဟန်ချင်စုန်၏ လက်ထဲတွင်အရမ်းပေါ့ပါးနေကာ အချိန်အနည်းငယ်အတွင်းမှာဘဲ အကုန်တင်ပြီးဖြစ်သည် ။


ပုလွေကို မြင်သည့်အချိန်တွင် အံ့သြသွားကာ လင်းလန်အား ဘာမှမပြောခဲ့သော်လည်း လက်တွန်းလှည်းပေါ်တင်လိုက်ပြီး တစ်ချက်ချောင်းကြည့်လိုက်သေးသည် ။


xxxxxx

Part 82


လင်းလန်က ထိုအကြည့်အား ဟန်ချင့်စုန့် တွန်းလှည်းကူတွန်းပေးစေချင်သောကြောင့်ဟုမှတ်ယူလိုက်ကာ အကျီလက်ခေါက်တင်ပြီးဝင်တွန်းရန်ပြင်တော့သည် ။


" နေပါ မတွန်းနဲ့ "


" ရပါတယ် ကျွန်မကူတွန်းပေးနိုင်သေးတယ် "


ဟန်ချင်စုန့် ကလင်းလန်ပြောသည်အား လက်မခံဘဲတုတ်တုတ်မျှမလူပ်ခဲ့ပေ ။


" ဒါဆိုကျွန်မအပေါ်ကတက်လိုက်လို့ရလား "


ဟန်ချင်စုန့် ခေါင်းညိမ့်ကာသဘောတူလိုက်သည့်နှင့် တစ်ပြိုက်နက် လင်းလန်သည် လက်တွန်းလှည်းပေါ်က ပစ္စည်းအပုံကြားထဲသို့ကုတ်တက်သွားတော့သည် ။


သူမအနေဖြင့် မနက်အစောကြီးကတည်းက လမ်းလျှောက်လာခဲ့ရကာ စျေးဝယ်သည့်အချိန်များတွင်လည်း နည်းနည်းလေးမှမနားခဲ့ရပေ သူမ၏ခြေအိတ်တွေသည်ပင် ပေါက်လုနီးနီးဖြစ်နေပြီဖြစ်သည် ။


အိမ်ပြန်ရောက်ရင်တော့အသစ်လဲရမယ်!


လင်းလန်က ပင်ပန်းခံရသည်အားသဘောကျသည့်လူစားမျိူးမဟုတ်ခဲ့သော်လည်း ပိုက်ဆံအများကြီးဖြင့် သူမလိုချင်သမျှအကုန်စုံနေအောင် ပတ်ဝယ်ခဲ့ရသည်ဖြစ်၍ အနည်းငယ်စိတ်ချမ်းသာနေကာ လက်တွန်းလှည်းပေါ်တွင် သီချင်းအေးအေးညည်းနေခဲ့သည် ။ ဟန်ချင်စုန့် သည်သူမကိုခိုးခိုးကြည့်နေသော်လည်း စကားစရန်လမ်းကြောင်းရှာမတွေ့ချေ ။


" ဒါနဲ့ ဒီရက်ပိုင်းအတွင်းမှာ ကျွန်မအမေရဲ့မွေးနေ့ရှိလို့အိမ်ပြန်ရမယ်ထင်တယ် "


လင်းလန်က သူမလင်းမိန်နှင့်တွေ့ခဲ့သည့်အကြောင်းကိုပါ ဟန်ချင်စုန့်အားပြောပြလိုက်သည် ။


" ကိုယ်ပါလိုက်ခဲ့ပေးရမလား "


" ရပါတယ် တစ်ရက်လေးဘဲကိုအလုပ်ပျက်မခံနဲ့ ကျွန်မရှောင်ဝမ်နဲ့ အတူတူသွားလိုက်မယ် "


ဆောင်းတွင်း အခါကြီးရက်ကြီးများတွင် မိဘဆွေမျိုးများနှင့် တွေ့ဆုံနိုင်ရန်အတွက် အားလပ်ရက်ရှည်များရှိသောကြောင့် ကျန်သည့်နေ့ရက်များ၌ အလုပ်ပျက်နေ၍အဆင်မပြေပေ ။ ဒါ့အပြင် ကလေးများသည်ပင်လျှင် အလုပ်ရမှတ်များအတွက် အသည်းအသန်ကြိုးစားကြသည် ။


မူလ လင်းလန်၏အစ်ကိုသည်လည်း သူမ၏ကလေးများကိုကောင်းကောက်းဆက်ဆံမည်မဟုတ်ကာ လင်းလန်အနေဖြင့် အတိတ်အကြောင်းများအပါအဝင်မည်သည့် အရာကိုမဆိုဆားထပ်မဖြူးချင်တော့ပေ ။


ဟန်ချင်စုန့်က လင်းလန်ပြောသမျှငြိမ်ကာနားထောင်နေပြီး ဘာမှဝင်မပြောခဲ့ချေ ။ လင်းလန်က သမဝါယမရုံးတွင်ဖြစ်ျပက်ခဲ့သည်များအား သူမကိုယ်တိုင်အရင်ဦးအောင် ပြောထားသည်ကမှသင့်တော်မည်ဟုထင်မိသည် ။ ထိုနေရာရှိလုပ်ရပ်သည် အနည်းငယ်လူဆိုးဆန်နေကာ ဟန်ချင်စုန့် သူမအားရိုင်းစိုင်းသည့်မိန်းမဟု ထင်နေမည်အား စိုးရိမ်နေသည်လည်းပါသည် ။ မည်သို့ပင်ဖြစ်စေ လူအများအပြားရှိခဲ့၍ သေချာပေါက်တစ်ယောက်ယောက်ကတော့ ဟန်ချင်စုန့်အား လာပြောပြလိမ့်မည်ဖြစ်သည် ။


သူမက ဟန်ချင်စုန့်အား အကြောင်းစုံကို ပိုပိုလိုလိုသူမဘက်ယက်ကာပြောပြလိုက်သည် ။ ထိုအခါမှ သူမနစ်နာသည်ဟုခံစားမိကာ ဟန်ချင်စုန့် ဒေါသမထွက်မည်ဖြစ်သည် ။ အစ်မကြီးလုထံမှ ပိတ်နှစ်အုပ်ဝယ်သည့်အကြောင်းသည်လည်း သေချာပေါက်ပင်ကျ​န်ရစ်မနေခဲ့ပေ ။


" ချည်တွေနဲ့ပိတ်တွေအကုန်လုံးက သူတို့ကိုယ်တိုက်ရက်တာတဲ့ ကျွန်မအကုန်လုံးဝယ်ခဲ့ပေမဲ့ စျေးပေါပါတယ် "


သူမက ဟန်ချင်စုန့် သူမကိုဖြုန်းတီးသည့်မိန်းမဟုထင်နေမှာကို စိုးရိမ်နေပြီး ဟန်ချင်စုန့် သူမအပေါ်၌ မည်သည့်မကောင်းသည့်မှတ်ချက်မျိုးမှမထားစေချင်ပေ ။ နောက်ဆုံးမှာတော့ ဟန်ချင်စုန့် စကားပြောလာခဲ့သည် ။


" အဆင်ပြေပါတယ် "


သူနည်းနည်းလေးတောင်မှ မကျေမနပ်မဖြစ်ဘူးလား...


မည်သို့ပင်ဖြစ်စေ ဟန်ချင်စုန့် ထံမှစကားလုံးအနည်းငယ်ထွက်လာဖို့ပင် မနည်းညှစ်ထုတ်ရမည်ဖြစ်ကာ ယောက်ျားသားတစ်ယောက်အနေဖြင့် စျေးဝယ်ခြင်း၏အနှစ်သာရအား မည်သို့မှနားလည်နိုင်မည်မဟုတ်ချေ ။


ဟန်ချင်စုန့် သည်တစ်လမ်းလုံးတစ်ခါမှနားရန်မပြောခဲ့ဘဲ ပြန်လာသောကြောင့် ရွာသို့ခန့်မှန့်သည်ထက် ပိုစော၍ရောက်လာကြသည် ။ သူတိူ့နှစ်ဦးရွာထဲသို့ ဝင်သည့်အချိန်မှာတွင် အလုပ်နားပြန်လာကြသည့် လူတိုင်းက ဟန်ချင်စုန့်သည် သူ့မိန်းမအား တွန်းလှည်းပေါ်တွင်ထိုင်လိုက်လာခိုင်းကြောင်းတွေ့လိုက်ကြရသည် ။


လူတိုင်းရီမောမိသွားကာ လူငယ်တချို့ကအချင်ချင်းပင်နောက်ပြောင်နေကြသေးသည် ။


" ဟန်ချင်စုန့် သူ့မိန်းမကို ဘယ်လောက်တောင်အလိုလိုက်လဲကြည့်စမ်းပါဦး "


" ဟုတ်တယ်.. မြင်လား သူမကကလေးငါးယောက်မွေးပြီးတာတောင် နုပျိုနေတုန်းဘဲ "


" သူ့ဆီကနေ မိန်းမကိုဘယ်လိုဂရုစိုက်ရမလဲ သင်ယူကြစမ်းပါ "


လင်းလန် သည်ထိုစကားများကြောင့်ရှက်ရွံ့နေကာ ဟန်ချင်စုန့် စိတ်အနှောက်အယှက်ဖြစ်သွားမည်အားလည်းစိုးရိမ်နေသည် ။ သူမက လက်တွန်းလှည်းမရပ်သေးခင်မှာ တင်ခုန်ဆင်းကာပြောလိုက်သည် ။


" နောက်တစ်ခါဆိုရင် ကျွန်မလမ်းလျှောက်မယ် "


" အဆင်ပြေပါတယ် "


ဟန်ချင်စုန့် ကလက်တွန်းလှည်းကိုရပ်လိုက်ကာ ပြောလိုက်သည် ။ ဟန်ချင်စုန့် ၏စကားသံအားကြားသည်နှင့် အားဝမ် ၊ မိုင်စွေ့နှင့်ရှောင်ဝမ်တို့သည် အိမ်ထဲမှပျော်ရွှင်စွာပြေးထွက်လာကြသည် ။


" မားမားပြန်လာပြီ! မားမားပြန်လာပြီ! "


လင်းလန်က သူမရဲ့ဘေးလွယ်အိတ်ကြီးထဲမှ သကြားလုံးတချို့ကိုယူလိုက်ကာ ကလေးများအားတစ်ယောက်ချင်းဆီခွဲဝေပေးခဲ့သည် ။ အမှန်တွင် လင်းလန်က သကြားလုံးများကို ဝယ်ခဲ့သူမဟုတ်ဘဲ ဟန်ချင်စုန့်က ဝယ်လာခဲ့ပြီး လင်းလန်အားပေးထားခဲ့ခြင်းဖြစ်သည် ။


သူမဝယ်ယူထားသည့်ပစ္စည်းများ အိမ်ထဲသို့ရွေ့ပြောင်းနေသည်အားကြည့်ကာ လင်းလန်အလွန်ပင် ကျေနပ်နေခဲ့သည် ။ အဖွားကြီးဟန် အိမ်သို့လာမလာသိချင်သည့်အတွက် ရှောင်ဝမ်အား အသံတိုးတိုးလေးဖြင့်မေးလိုက်သည် ။


" မင်းတို့အဖွားလာသေးလား "


" အဖွားဖျားနေတယ် မားမား "


" ဖျားနေတာလား..."


ရှောင်ဝမ်က သူ့ရင်ဘတ်လေးကို အဘွားကြီးဟန်ကဲ့သို့ ပုတ်ပြကာ သက်ပြင်းချလိုက်ပြီး လေသံကိုပါအတုခိုးပြီးပြောလိုက်သည် ။


" အာယိုး.....အသက်ရှင်ရတာ နာကျင်ရတာဘဲ.... နာကျင်ရတယ် "


လင်းလန် မနေနိုင်တော့ဘဲ ပါးစပ်အုပ်ကာအားရပါးရရီမောမိပြီး အားဝမ်နှင့်မိုင်စွေ့တို့သည်လည်း ရီမောနေကြသည် ။ ထိုအချိန်တွင် လင်းလန်ဆီသို့ပစ္စည်းပို့ရန်ရောက်လာသည့် ဆိုင်ရှင်သားအဖမှာရွာထိပ်သို့ပင်ရောက်နေပြီဖြစ်သည် ။


ရွာသားများသည် ပစ္စည်းအပုံလိုက်ကိုကြည့်ကာ ကျေးလက်ဘက်သို့စျေးဆင်းရောင်းလေ့ရှိသည့် အရောင်းသမားများဟုထင်ခဲ့သော်လည်း နောက်ဆုံးတွင်တော့ ထိုပစ္စည်းများသည် လင်းလန်ဆီသို့လာပို့သည်ဖြစ်ကြောင်းသိလိုက် ကြရသည် ။


အရမ်းများလွန်းတယ်!


သတင်းကြားသည်နှင့်တစ်ပြိုင်နက် ဖျားနေသည့်အဖွားကြီးဟန်သည် အိပ်ရာထဲမှအလောတကြီးထလာကာ ထိုပစ္စည်းများထဲမှတစ်ချို့ကို သူမအတွက်ယူရန်ပြေးသွားခဲ့သည် ။


xxxxxxxx