အပိုင်း ၈၇-၈၈
Viewers 21k

Part 87


ရွာထဲရှိသာမန်မိသားစုများကဲ့သို့ အမျိုးသားများကအလုပ်လုပ်ကြပြီး ရရှိသည့်ရိက္ခာနှင့်ပိုက်ဆံများအား မိန်းမများထံအပ်နှံကြသည် ။ ယောက်ျားသားများက အိမ်မူကိစ္စများတွင်ဝင်ရောက်စွက်ဖက်ခြင်းမရှိကြဘဲ လင်းမိသားစုအနေဖြင့် သားများနှင့်သမီးများကို ခွဲခြားဆက်ဆံခြင်းမရှိဘဲ တန်တူညီမျှပင်ဖြစ်သည် ။


အစ်ကိုကြီးလင်းသည် ကြင်နာတတ်ကာညီမများအပေါ် အလိုလိုက်ပြီးရိုအသည့်သူဖြစ်ကာ သူ၏ဇနီး ပထမချွေးမသည် နှစ်အနည်းငယ်ကျောင်းတက်ဖူးသည်ဖြစ်၍ စဥ်းစားတွေးခေါ်နိုင်ကာ လင်းမိသားစုသည်လည်း သူမအပေါ်မတရားမဆက်ဆံ၍ ယောက္ခ်မများနှင့်ဆက်ဆံရေးကောင်းမွန်သည် ။


ဒုတိယချွေးမဖြစ်သူ တန်ဟဲဟွ၏ မိသားစုနောက်ခံသည် အခြေအနေမဆိုးသောကြောင့် သူမသည်သူမကိုယ်သူမ တခြားသူများထက်သာလွန်နေသည်ဟု မှတ်ယူထားကာ ဒုတိယအစ်ကိုလင်းမှာ သူမပြောသမျှနာခံရသည့် မိန်းမကြောက်ဖြစ်သည် ။


လင်းလန်အနေဖြင့် လင်းမိသားစု၏အခြေအနေအားအကဲခတ်ပြီးသည့်နောက်တွင် အရမ်းကြီးမဆိုးဝါးသေးသရွေ့ ပုံမှန်တိုင်းနေထိုင်မည်ဖြစ်ကာ သူမအားအနိုင်ကျင့်လာခဲ့မည်ဆိုလျှင်တော့ နူတ်ဆက်ရမည့်အချိန်ရောက်လာမည်ဖြစ်သည် ။


" အမေကသမီးကိုအမြဲတမ်း ကြိုးဆွဲချဖို့နဲ့ မြစ်ထဲခုန်ချဖို့ဘဲပြောနေခဲ့တာ သမီးတကယ်သေသွားရင် ဘယ်လိုလုပ်မလဲအမေတွေးဖူးလား "


မူလလင်းလန် ပိုးသတ်ဆေးသောက်ပြီး သတ်သေဖို့ကြံသည်အား အဖွားကြီးလင်း မသိသေးပေ ။


" နင်ဘာတွေပြောနေတာလဲ ဒီနေ့ကငါ့ရဲ့မွေးနေ့ နမိတ်မကောင်းတာတွေမပြောစမ်းနဲ့ "


လင်းလန်က ဘာမှဆက်မပြောတော့ဘဲ အခန်းထဲသို့သာလျှောက်သွားတော့သည် ။ လင်းအိမ်သည်ဟန်အိမ်ထက်သေးငယ်လေသည် ။ ဟန်မိသားစုအိမ်တွင် အခန်းထဲ၌အနွေးကုတင်ရှိကာ အခန်းသည်လည်းအနည်းငယ်ကျယ်ဝန်း၍ပစ္စည်းပစ္စယများ သိုလှောင်နိုင်ကာ လင်းအိမ်တွင်တော့ အရှေ့ဘက်အခန်းတွင်သာအနွေးကုတင်ရှိပြီး အခန်းများသည်လည်း အသက်ရူချောင်ရုံစာမျှသာဖြစ်သည် ။


ထို့ကြောင့်ပင်မခန်းတွင် အနွေးကုတင်အပြင် ခေါက်ဆွဲထည့်ထားသည့် အိုးတစ်လုံးနှင့် ရေအိုးတို့အပြင် ကျန်ပစ္စည်းအနည်းငယ်နှင့်ပင် အခန်းကပြည့်နေပြီဖြစ်ကာ လင်းလန်၏လက်ရှိအခြေအနေနှင့်ပင် ဆင်တူနေသည် ။


နေ့လည်ခင်းသာရှိသေးသော်လည်း အခန်း၏ပြတင်းပေါက်များကသေးငယ်သောကြောင့် အလင်းရောင်သိပ်မဝင်ဘဲဖြစ်နေကာ အနည်းငယ်မှောင်နေသလိုပင်ဖြစ်သည် ။


လင်းလန်က သကြားလုံးအနည်းငယ်ကို ကလေးများအားခွဲဝေပေးလိုက်သည် ။ လူကြီးများနှင့်အဆင်မပြေသော်လည်း ကလေးများကိုတော့အပြစ်တင်၍မရပေ ။


အကြီးဆုံးချွေးမက လင်းလန်နားကပ်လာကာ တိုးတိုးမေးလိုက်သည် ။


" ကလေးတွေရဲ့အဖေ ပြန်လာပြီလို့ကြားတယ် နင်အဆင်​ပြေရဲ့လား "


အဖွားကြီးလင်းမှလွဲ၍ကျန်မိသားစုဝင်များက လင်းလန်ပိုးသတ်ဆေးသောက်သည့်အကြောင်း သတင်းသဲ့သဲ့ကြားသော်လည်း အဖြစ်အပျက်အစုံအားတစ်ယောက်မှ မသိကြပေ ။ မူလ လင်းလန်သည် တစ်ခုခုတောင်းဆိုချင်သည့်အခါတိုင်း

သတ်သေရန်နည်းပေါင်းစုံနှင့်ကြိုးစားတတ်ကာ မိဘအိမ်သို့ပြန်လာကြွားတတ်သောကြောင့် အကြိမ်ရေများလာသည့်အခါတွင် မည်သူမျှအရေးတယူမရှိကြတော့ပေ ။


လင်းလန်က ပြုံးပြီးပြန်ဖြေလိုက်သည် ။


" သူပြန်ရောက်လာခြင်းဘဲ ကျွန်မတို့အိမ်ခွဲလိုက်ကြတာ တစ်ရက်ကိုရိက္ခာတစ်ကတ်တီဝက်ရတယ် "


" အိုက်ယား.....တစ်ကတ်တီဝက်က ဘယ်လိုလုပ်စားဖို့လောက်မှာလဲ နင်တို့ပင်ပန်းတော့မှာဘဲ "


အကြီးဆုံးချွေးမက တွက်ချက်ပြီးနောက်ဆက်ပြောလိုက်သည် ။


" နင်အသီးနဲ့ဟင်းသီးဟင်းရွက်တွေထည့်ဖို့ အိုးတွေဝယ်ထားပြီး မုန်လာဥနီတွေနဲ့အာလူးတွေကို ဟင်းအစားစားလို့ရတယ် ။ အာလူးခြောက်တွေနဲ့အစေ့အဆံတချို့ ငါ့မိဘတွေမှာရှိတယ် နောက်မှသူတို့နဲ့သေသေချာချာပြောကြည့်ဦးမယ် "


" အကြီးဆုံးယောက်မစိတ်မပူပါနဲ့ အိမ်မှာစားစရာမရှိတော့ရင် ကလေးတွေရဲ့အဖေကနည်းလမ်းရှာပါလိမ့်မယ် "


မိသားစုတိုင်းခက်ခဲနေသည့်အချိန်တွင် ကူညီချင်စိတ်ရှိသည်ကပင် အကောင်းဆုံးလက်ဆောင်ဖြစ်နေပြီး သူများမိသားစုအားဒုက္ခမပေးချင်ပေ ။


" နင်ကငါ့ယောင်းမလေးဘဲ နင်ဒုက္ခရောက်နေတာကိုငါဘေးကရပ်ကြည့်နေနိုင်ပါ့မလား ငါ့ဝမ်းကွဲကိုအငတ်ထားရမှာလား "


အကြီးဆုံးအစ်မလင်းနှင့် ဒုတိယအစ်မလင်းတို့သည်လည်း လင်းလန်အား မိသားစုခွဲထွက်ခြ

င်းမှ ဘာတွေရခဲ့သလဲနှင့် လင်းလန်လိုအပ်သည်များအားမေးမြန်းခဲ့ကြသည် ။ သူမတို့အား လင်းလန်လိုချင်တာရှိရင်ပြောပြရန်ပြောခဲ့ပြီး သူမ၏အိမ်သို့ပို့ပေးမည်ဟုပြောခဲ့ကြသည် ။


သူတို့အနေနှင့် လင်းလန်ပြောင်းလဲလာသည်အားခံစားမိကြ ကာဟန်ချင်စုန့် ပြန်လာခြင်း၏အကျိုးသက်ရောက်မူသည် လင်းလန်အား ပိုကောင်းမွန်စွာပြောင်းလဲပေးခဲ့သည်ဟုယုံကြည်နေကြသည် ။


အဖွားကြီးလင်းက လင်းလန်အားမျက်စောင်းထိုးကာပြောလိုက်သည် ။


" နင့်ကိုယ်နင်တောင်အဆင်ပြေအောင်မနေနိုင်ဘဲ ငါ့မွေးနေ့ကိုလာသေးတယ် ။ နင့်မှာဝါဂွမ်းတွေလုံလုံလောက်လောက်မရှိဘဲနဲ့ ငါ့မြေးတွေကိုနွေးထွေးအောင်ဘယ်လိုထားမလဲ နင့်အမတွေကဝါဂွမ်းချည်လုံးနှစ်ကတ်တီစာလောက်ရှာပေးကြလိမ့်မယ် "


ဝါဂွမ်းချည်လုံးများသည် ချည်မျှင်အဖြစ်ရစ်ပြီးလုံးထားသောကြောင့် ဝါဂွမ်းအပွများလောက်မနွေးထွေးစေပေ ။ ဝါဂွမ်းများမရှိသည့်အခါမှသာ အရံအနေနှင့်အသုံးပြုကြသည်ကများသည် ။


အစ်မကြီးလင်းနှင့် ဒုတိယအစ်မလင်းတို့သည် လက်ထပ်ထားသည်မှာ အချိန်ကြာပြီဖြစ်၍ သူမတို့အနေဖြင့်မိသားစုများအတွင်းတွင် ပြောဆိုခွင့်ရှိနေပြီဖြစ်ကြကာ ရရန်မခက်ခဲပေ ။


အစ်မကြီးလင်းက သူမ၏သမီးအကြီးအတွက်ရည်ရွယ်ကာသိမ်းထားသည့် ဝါဂွမ်းလက်မှတ်ကိုထုတ်ပေးလာပြီး နောက်နှစ်မှပြန်ပေးရန်ပြောခဲ့သော်လည်း လင်းလန်လက်မခံဘဲ ဝါဂွမ်းချည်လုံးများကိုသာ အသုံးပြုရန်ဆုံးဖြတ်ခဲ့သည် ။


ဒုတိယအစ်မလင်းသည်လည်း သူမထံတွင်အသုံးမပြုတော့သည့် ဝါဂွမ်းအနွေးထည်ကြီး ရှိသည်ဟုဆိုကာ ဖောက်ကာလျှော်ဖွပ်ပြီးသည့်နောက်တွင် ဝါဂွမ်းများကို လင်းလန်ထံပို့ပေးမည်ဟုပြောခဲ့သည် ။


ထန်ဟဲဟွ သည်ဝင်ပါရန်စိတ်ကူးမရှိခဲ့ဘဲ သူမထံတွင်ရှိလျှင်တောင်မှပေးမည်မဟုတ်ချေ ။ အကြီးဆုံးချွေးမက အချိန်ခဏအတွင်းမှာပင် ဝါဂွမ်းကတ်တီဝက်ဖြင့်ပြန်ရောက်လာခဲ့ပြီး သူမ၏ခင်ပွန်းအတွက်ဂျာကင်အသစ်ချုပ်ပေးရန်စုထားခဲ့သည် ဟုဆိုသည် ။


xxxxxx

Part 88


" စတုတ္ထညီမလေးက အိမ်ခွဲကာစဆိုတော့ဘာမှရှိသေးမှာမဟုတ်ဘူး ယူသွားပြီး ရှောင်ဝမ် အတွက်အကျီချုပ်ပေးလိုက်ပါ "


အဖွားကြီးလင်းက သူမ၏ချွေးမကြီး၏သဘောထားအားမြင်သည့်အခါ ချက်ချင်းပင်အသုံးပြုပြီးသားဝါဂွမ်းဟောင်း သုံးကတ်တီကိုယူထုတ်လာကာ ကုတင်ပေါ်ပစ်တင်ရင်းပြောလိုက်သည် ။


" ဒါတွေကသေသေချာချာလျှော်ဖွပ်ပြီး သားတွေ မနှစ်ကနင်ငါ့ကိုပေးထားတာ နည်းနည်းသုံးပြီးသွားလို့ဒီလောက်ဘဲကျန်တော့တယ် ယူသွားလိုက် "


လင်းမိသားစု၏ဆက်ဆံပုံအား သူမရင်ထဲကိုနွေးထွေးစေကာ မနေနိုင်ဘဲမျက်ရည်များပင်ဝဲလာတော့သည် ။ အဖွားကြီးလင်းက အကြီးဆုံးချွေးမအား ဝါဂွမ်းများကိုပတ်ရန်ကြိုးရှာခိုင်းလိုက်ကာ ပြောလိုက်သည် ။


" သူမကိုသေချာထုပ်ပေးလိုက်ပြီး ခြင်းတောင်းကိုထားခဲ့ခိုင်းလိုက် ဘာဘဲဖြစ်ဖြစ် နင်တို့အဖေရက်တာထက်သာတယ် "


လင်းမိန်မနေနိုင်ဘဲဝင်ပြောတော့သည် ။


" အမေကသူမဘာမှမယူလာပေးတာတောင် ပစ္စည်းတွေပြန်ပေးသေးတယ်ပေါ့ အနောက်ဘက်ကနေထွက်လာတော့မှာဘဲ "


သူမကပြောနေရင်းနှင့်ပင် အနောက်ဘက်အားကြည့်လိုက်သေးသည် ။ အဖွားကြီးလင်းက ကုတင်ဘေးမှတုတ်ကိုဆွဲကာ လင်းမိန်ဆီယမ်းရင်းပြောလိုက်သည် ။


" နင့်ယောင်းမတွေရှေ့မှာ ငတုံးလိုလုပ်မနေစမ်းနဲ့ ငါကနင့်တို့တွေကို ခိုင်းစားဖို့မွေးထားတယ်များမှတ်နေလား "


" အိုက်ယား....အမေပြောတာကြားတယ်နော် ယောင်းမတို့ နောက်နှစ်ကျရင်အမေ့အတွက် ဘာမှယူမလာခဲ့ကြနဲ့နော် "


" စနောက်နေတာတော်ကြတော့ အဖေတို့ပြန်လာရင် ဗိုက်ဆာလာကြလိမ့်မယ် ယောင်းမတို့နှစ်ယောက် ဟင်းချက်ဖို့မကူညီရင် တကယ်ထမင်းမစားရဘဲနေလိမ့်မယ်နော် "


အကြီးဆုံးချွေးမသည့် အစ်မကြီးလင်းနှင့်သက်တူရွယ်တူဖြစ်သောကြောင့် သူငယ်ချင်းများကဲ့သို့ဆက်ဆံရေးကောင်းမွန်ကာ လင်းလန်တို့အမွှာနှစ်ယောက်သည်လည်း ငယ်စဥ်ကတည်းကတကျက်ကျက်ရန်ဖြစ်တတ်ကြသော်လည်း အစ်မကြီးတစ်ယောက်ကဲ့သို့လေးစား၍ ငြိမ်းချမ်းသည့်ဆက်ဆံရေးမျိုးဖြစ်သည် ။


ယောကျ်ားသားများပြန်လာသည့်အခါ ထမင်းစားသောက်ကြပြီးသည့်နောက်တွင် နေ့လည်ခင်းအနားယူပြီး ဝိုင်းဖွဲ့စကားပြောကြပြီးနောက် အလုပ်ဆင်းရန်ပြန်သွားကြသည် ။


လင်းလန်က ဝါဂွမ်းများနှင့်ချည်လုံးများကိုယူကာပြန်လာခဲ့ပြီး လင်းမိန်သည် သုံးမိုင်ခန့်မျှ ရှောင်ဝမ် ကိုချီကာလိုက်ပို့ပေးခဲ့သည် ။ ဝါဂွမ်းများမှာ အဖွားကြီးလင်းပေးလိုက်သည်ဖြစ်ကာ ချည်လုံးများမှာတော့တတိယအစ်မထံမှဖြစ်သည် ။


အိမ်ပြန်မလွှတ်ခင်အချိန်မှာပင် အဖွားလင်းသည် လင်းလန်အားဆုံးမစကားတစ်သီကြီးပြောဆိုလိုက်သေးသည် ။


" ပြဿနာမရှာနဲ့တော့ ကလေးတွေရဲ့အဖေလဲ

ပြ​န်လာပြီမဟုတ်လား အဆင်ပြေပြေနေကြ "


အဖွားကြီးလင်းက မူလ လင်းလန် အားလိမ္မာစေချင်သော်လည်း သူမကနားမထောင်ခဲ့ပေ ။


" သမီးသိပါတယ် မကြာခင်ပြန်လာတွေ့မယ်နော် "


အချိန်အတန်ကြာသည်အထိ လင်းမိန်ကရှောင်ဝမ်ကိုချီကာလမ်းလျှောက်နေခဲ့သောကြောင့် လင်းလန်ကသူမချီမည်ဟုပြောသော်လည်းလက်မခံခဲ့ပေ ။


" ငါကနင်နဲ့လျှောက်ချင်တယ်များမှတ်နေလား ငါတူငါချီထားတာဘာဖြစ်လဲ "


လင်းမိန်က သူမအိတ်ကပ်ထဲမှ ပိုက်ဆံလိပ်လေးအားယူကာ လင်းလန်ထံသို့ပေးရင်းပြောလိုက်သည် ။


" အမေကနင့်ကိုခိုးပေးခိုင်းလိုက်တာ ငါလဲနည်းနည်းထည့်ထားတယ် "


" တတိယအစ်မ ကျွန်မမှာပိုက်ဆံရှိပါတယ် "


လင်းလန် အံ့သြ သွားခဲ့ရသည် ။ သူမတွင်အမှန်တကယ်ပိုက်ဆံရှိပြီး လင်းမိသားစုတစ်စုလုံးထက်ပင်ချမ်းသာသေးသည် ။


" ပေါက်ကတွေမပြောစမ်းနဲ့! ငယ်ငယ်လေးထဲကငါပြောတာဆိုရင်တစ်ခါမှနားထောင်ခဲ့တာမဟုတ်ဘူး ။ အိမ်လဲခွဲပြီးသွားပြီကောင်းကောင်းမွန်မွန်နေတော့ ။ လိုချင်တာရှိရင်ဝယ်သာဝယ်လိုက် နောက်မှမဝယ်လိုက်ရလို့ခံစားမနေနဲ့ "


ပိုက်ဆံလိပ်အားကိုင်ကာ အချိန်အတော်ကြာ ရပ်နေပြီးသည့်နောက်တွင် ရှောင်ဝမ်၏ခေါင်းလေးအားအသာပွတ်သပ်ပေးလိုက်ကာပြောလိုက်သည် ။


" အဖွားနဲ့တတိယအဒေါ်တို့က အပြောဆိုးပေမဲ့ သဘောကောင်းကြပါတယ် "


ရှောင်ဝမ်က ခေါင်းတဆတ်ဆတ်ငြိမ့်ကာပြောလိုက်သည် ။


" သားတို့ကလဲပြန်ကောင်းပေးရမယ်နော် မားမား " 


အကြောင်းပြချက်ရယ်မရှိဘဲ လင်းလန် မျက်ရည်ဝဲလာခဲ့သည် ။


လင်းလန်သည်ရှောင်ဝမ်ကိုချီသွားချင်သော်လည်း လက်မခံသောကြောင့် ဝါဂွမ်းများနှင့်ချည်လုံးများကိုသာသယ်ကာ လမ်းလျှောက်ပြန်ခဲ့ကြသည် ။ သူအမတို့အိမ်ရောက်သည့်အချိန်တွင် တံခါးအနည်းငယ်ဟနေခဲ့ပြီး အိမ်ထဲတွင်လည်း အလုပ်သွားကြပြီဟုထင်ရကာ မည်သူမှမရှိကြပေ ။


ရှောင်ဝမ် ကလင်းလန် ဝယ်လာသည့်ပုလွေနှင့်ဆော့နေခဲ့ပြီး စားပွဲပေါ်၌ ကြေးနန်းတစ်စောင်အားတွေ့လိုက်ရသည် ။ စစ်တပ်မှပေးပို့သည့်ကြေးနန်းဖြစ်ပြီး လိုရင်းတိုရှင်းအမြန်ပြန်လာရန်သာ ပြောထားသည် ။


တစ်ခုခုများဖြစ်လို့လား...


မူဇာတ်ကြောင်းအရ ဟန်ချင်စုန့်သည် စစ်တပ်မှနူတ်ထွက်ပြီး အိမ်မှာသာနေထိုင်ပြီး ထိုကဲ့သို့ကြေးနန်းမျိုးလည်းရောက်မလာခဲ့ဖူးချေ ။ မူလ လင်းလန်သည် ဟန်ချင်စုန့် သူမ၏နောက်ကွယ်တွင်ဖောက်ပြန်နေသည်ဟုထင်ကာ စစ်တပ်မှထွက်ရန်အတင်းဖိအားပေးခဲ့သောကြောင့် ထွက်ခဲ့ရခြင်းဖြစ်သည် ။


လင်းလန်သည် မူလဇာတ်ကြောင်းအတိုင်းမလိုက်နာခဲ့ဘဲ ဟန်ချင်စုန့်အား မည့်သည့်ဖိအားမှမပေးခဲ့သောကြောင့် ယခုကဲ့သို့ဖြစ်သည်မှာ အံ့သြစရာမရှိဘဲ လိပ်ပြာတောင်ပံအကျိုးသက်ရောက်မူ​ကြောင့်ပင်ဖြစ်သည် ။ ( 1)


ဟန်ချင်စုန့်အားမေးချင်ပါသော်လည်း ပြန်မလာသေးသောကြောင့် ဟင်းအရင်ချက်ရန်သာဆုံးဖြတ်လိုက်သည် ။ သူမက ကလေးတွေအတွက်အရမ်းစားကောင်းစေမည့်တစ်ခုခုချက်ပြုတ်ပေးချင်သောကြောင့် လင်းမိန်ပေးလိုက်သည့် ပေါင်မုန့်တချို့အား ကြက်ဥနှင့်ဆီသုတ်ကာ ပြန်ကြော်ရန်ပြင်ဆင်လိုက်သည် ။


ကံမကောင်းစွာ​ဖြင့် ဆီအလုံအလောက်မရှိသောကြောင့် ရွှေအိုရောင်ခပ်သမ်းသမ်းအထိသာ ကြော်၍ရခဲ့ပြီး ခရမ်းသီးတချို့ကိုလှီးပြီး ပန်ကိတ်ကြားညှပ်ကာ အိမ်လုပ်ဆော့စ်အနည်းငယ်ဖြင့် ဆန်းဒဝှစ်ချ်ပုံစံမျိုးပြုလုပ်ခဲ့သည် ။


ပြောင်းဆံများနှင့် ဂျုံတို့ကောနှောကာ ပြောင်းယာဂုကိုလည်းပြင်ဆင်ခဲ့ပြီး ကလေးများအား အာဟာရပြည့်ဝစွာစားသောက်စေချင်သည် ။ 


" မားမား ဘာတွေချက်နေတာလဲ အရမ်းမွှေးတာဘဲ "


အနံ့ခံကောင်းသည့်နှာခေါင်းရှိသော စန်းဝမ်က ဟင်းနံ့ကြောင့်အရင်အိမ်ပြန်ရောက်လာကာ ပေါင်မုန့်ကြော်အား ယူရန်လက်လှမ်းလိုက်သည် ။ လင်းလန်က အပိုင်းလေးတစ်ပိုင်းဖဲ့ပေးကာမေးလိုက်သည် ။


" မင်းတို့အဖေ ရဲ့အလုပ်ကဘယ်မှာလဲ..."


ပေါင်မုန့်အား စိန်ကျေနပ်စွာစားသောက်ပြီးသည့်နောက်တွင် စန်းဝမ် ကတံတွေးမြိုချကာပြောလိုက်သည် ။


" မားမား ပေါင်မုန့်ကအရမ်းစားကောင်းတာဘဲ အဖေ့အတွက်ရောချန်ထားသေးလားဟင် အဖေ အလောတကြီးအပြင်ထွက်သွားတာတွေ့လိုက်တယ် "


လင်းလန်က ကြေးနန်းစာအားပြကာပြောလိုက်သည် ။


" ဒါကဒီမနက်ရောက်တာလား "


" ဟုတ်...မားမား ခဏစောင့်သား သတင်းသွားစုံစမ်းပေးမယ် "


xxxxx