အပိုင်း ၉၁-၉၂
Viewers 21k

Chapter 91


 တတိယအစ်ကို ဘာလို့အခုမှညီမကိုလာတွေ့ရတာလဲ... အစ်ကိုပြန်ရောက်နေတာ ရက်ပိုင်းလောက်ရှိနေပြီမဟုတ်လား...  မြန်မြန် ညီမကို သမဝါယမဆိုင်မှာ ရေဒီယိုတစ်လုံးလောက်လိုက်ဝယ်ပေး..." 


ဟန်ကျင်းယု ကတစ်ချက်ကလေးမှပင်မနားဘဲ ဟန်ချင်စုန့်၏ လက်မောင်းကိုတွဲကာဆက်ပြောခဲ့သည် ။ 


" တတိယအစ်ကိုက အရာရှိဆိုတော့ လက်မှတ်မလိုပဲဝယ်နိုင်တယ်မဟုတ်လားဟင်.. နှစ်ကူးတုန်းက ကျင်းပေါင် ရေဒီယိုဝယ်လိုက်တော့ ညီမလေးအရမ်းစိတ်ဆိုးသွားရတာ အစ်ကိုဝယ်ပေးမယ်မလားဟင် "


" နှစ်ကူးတုန်းက အမေနင်တို့ကို စာပို့လိုက်တယ်လေ အိမ်မပြန်ကြဘူးလား "ဟန်ချင်စုန့်မေးလိုက်သည့်အခါတွင် ကျင်းယုက ပြုံးကာပြန်ပြောလိုက်သည် ။


" တတိယအစ်ကို့ကို လာမတွေ့လို့ညီမလေးကို စိတ်ဆိုးနေတာတော့မဟုတ်ဘူးမလားဟင်... ညီမလေးလာမတွေ့တာက အစ်ကိုကောင်းဖို့အတွက်ပါ

အမေနဲ့ယောင်းမတို့ကအကြီးအကျယ် ရန်ဖြစ်ကြတယ်လို့ ပြောလို့အိမ်ပြန်ရမှာ ရှက်တာနဲ့သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းရင်းပြန်မလာဖြစ်တော့တာ တတိယအစ်ကိုမို့လို့ ညီမလေးလာတွေ့တာ တခြားသူတွေ ဆိုရင်ထွက်တောင်တွေ့မှာ မဟုတ်ဘူး ညီမလေးကအလုပ်အရမ်းများတာနော် "


" တဝမ်ဘယ်မှာလဲ မနေ့ကနင့်ဆီပစ္စည်းလာပို့တယ်ပြောပြီး အခုထိအိမ်ပြန်မလာသေးဘူး "


" အဲ့ဒီ့ကလေးလား မသိဘူးလေ.. အမေကဘာလို့မိုင်စွေ့ကိုမလွှတ်လိုက်တာလဲ ညီမလေးရဲ့အဝတ်တွေလျော်ရဦးမယ် "


" မိုင်စွေ့က ကိုးနှစ်ဘဲရှိသေးတာ နင့်ထက်အများကြီးငယ်တယ်နော်! "


" အဲ့ဒါဘာဖြစ်လဲ! သူမကလုပ်ပေးနေရတာကိုပျော်နေတာပဲ မဟုတ်ဘူးလား...ဒီဖိနပ်ပျက်သွားရင် သူမကိုပေးလိုက်မှာဘဲဟာကို... ဒါနဲ့အမေ ညီမလေးကိုဖိနပ်အသစ်ဝယ်ဖို့ ပိုက်ဆံပို့ပေးထားတယ် ဒါပေမဲ့ သွားဝယ်ဖို့မအားတာနဲ့မသုံးရသေးဘူး...ညီမလေးသားမွှေးကုတ်လေးဝယ်ချင်ပေမဲ့ အဲ့တာကယွမ်တစ်ရာကျော်တောင်မှ...."


ဟန်ချင်စုန့် မျက်နှာမကောင်းသည်အား သတိမပြုမိဘဲ သူမ၏စိတ်ကူးထဲ၌နစ်မြုပ်နေဆဲဖြစ်သည် ။


" တဝမ်ဘယ်မှာလဲ "


" ကျင်းပေါင်နဲ့သွားဆော့နေတာနေမှာပေါ့ အဲ့ကလေးကအရမ်းရိုင်းတာဘဲ ညီမလေးကအဝတ်လျှော်ပေးဖို့ပြောတာကို မိန်းမတွေလုပ်တဲ့အလုပ်ကိုမလုပ်နိုင်ဘူးလို့ပြောသွားတယ်လေ အစ်ကိုသူ့ကိုသေသေချာချာဆုံးမရမယ်နော် "


" ဒါဆိုကျင်းပေါင်ကဘယ်မှာလဲ... "


" ကျောင်းထိပ်ကစားသောက်ဆိုင်မှာမရှိရင် သူ့သူငယ်ချင်းတွေနဲ့ သွားသောက်နေတာဖြစ်လိမ့်မယ် "


ဟန်ချင်စုန့်က နောက်မှအော်ခေါ်နေသည့် ကျင်းယုအားလျှစ်လျှူရူကာ ပြန်လှည့်မကြည့်ဘဲထွက်သွားတော့သည် ။


" တတိယအစ်ကိုကဘာဖြစ်သွားတာလဲ... ဟိုမိန်းမသွေးထိုးလိုက်တာဘဲဖြစ်ရမယ် "


....


စားသောက်ဆိုင်ထဲတွင်. ငယ်ရွယ်သည့် လူငယ်လေးတစ်သိုက်သည် ခွက်များမြှောက်ကာတစ်စုံတစ်ရာအား ဂုဏ်ပြုနေခဲ့ကြသည် ။ ကျင်းပေါင်က အရက်ခွက်ကိုမြှောက်ကာပြောလိုက်သည် ။


" ဒုတိယအစ်ကိုကြီး စက်ရုံမှာ အလုပ်ရသွားလို့ဂုဏ်ယူပါတယ်နော် "


" ဟေ့ မသေချာသေးဘဲနဲ့ကိုကွာ ဒီအစ်ကိုကြီးကောင်းစားရင်မင်းကိုသေချာပေါက်မမေ့ဘူး "


" ကျေးဇူးတင်ပါတယ်အစ်ကိုကြီး "


သုံးခွက်ခန်မျှသောက်ပြီးသည့်နောက်တွင် အရက်အရှိန်ကလေးနှင့်ကျင်းပေါင် စတင်ကာကြွားလုံးထုတ်တော့သည် ။ အရာရှိတစ်ယောက်ဖြစ်သော်လည်း အဖွားကြီးဟန်ပြောသမျှအမြဲနာခံတတ်သည့် ဟန်ချင်စုန့် ကြောင့် ယုံကြည်ချက်အပြည့်ရှိနေကာ ပြောသင့်သည့်စကားနှင့်မပြောသင့်သည့်စကားမခွဲခြားတတ်ပေ ။


" ကျွန်တော်ပြောမယ်...အေ့...ကျွန်တော့အစ်ကို ဗိုလ်ကြီးဖြစ်လာတဲ့အခါကျရင်... "


" သူကသူ့သားထက်တောင် ကျွန်တော့်ကိုပိုချစ်သေးတာ ...သူရဲ့ငတုံးသားလေးတဝမ်ကိုလည်း အစ်ကိုတို့သိကြတာဘဲ တူဆိုပေမဲ့ စိတ်ပျက်လွန်းလို့ကြည့်တောင်မကြည့်ချင်ဘူး....."


" အစ်ကိုလျို ဘာလို့ လျိုလင်ကိုခေါ်မလာတာလဲ ကျွန်တော်.တို့ရုပ်ရှင်သွားကြည့်ကြမယ်လေ "


ရုတ်တရက်ပင် အခန်းတံခါးမှာ အပြင်ဘက်မှဆောင့်ကန်ဖွင့်ခံလိုက်ရပြီး လူတစ်ယောက်ဝင်လာခဲ့သည် ။ ထိုသူ၏မျက်နှာထားမှာ အေးစက်ခက်ထန်နေကာ အတွေ့အကြုံမရှိသည့်လူငယ်လေးများအား ကြောက်လန့်မှင်သက်သွားစေခဲ့သည် ။


" ပြည်သူ့တပ်မတော်က အရာရှိတစ်ယောက်ဘဲ ဘယ်သူကိုရှာနေတာလဲမသိဘူး..."


လူငယ်လေးများက လေးစားစွာမတ်တပ်ရပ်ပြီးမေးလိုက်သည် ။ ဟန်ချင်စုန့်အား မြင်သည်နှင့် ကျင်းပေါင်သည် အမူသမားတစ်ယောက်၏ အာလေးလျှာလေး လေသံနှင့်ပြောတော့သည် ။


" ကျွန်တော်အခုဘဲ တတိယအစ်ကိုရဲ့အကြောင်းပြောနေတာ...အေ့..."


ကျင်းပေါင်သည် အမူးသမားအပြုံးဖြင့် ပြုံးကာဆက်ပြောလိုက်သေးသည် ။


" အစ်ကိုက ဘာလို့ ကျွန်တော့်ကိုလာရှာတာလဲ... "


သူက လက်ကိုဆန့်ထုတ်လာကာ ဟန်ချင်စုန့်၏ပခုံးကို ကိုင်ရန်ပြင်လိုက်သော်လည်း ဟန်ချင်စုန့် ကလျှင်မြန်စွာပင် လက်ကိုလိမ်ချိုးကာ စားပွဲပေါ်တွင်ဖိထားလိုက်တော့သည် ။


" အ..နာတယ်......တတိယအစ်ကို....နာတယ်..."


ကျင်းပေါင်အား လွှတ်ပေးကာတွန်းထုတ်လိုက်ပြီး လူသတ်ချင်နေသည့်လေသံနှင့်မေးလိုက်သည် ။


" တဝမ်ဘယ်မှာလဲ "


"တ...တ...တဝမ်လား "


" ငါထပ်မေးမယ် တဝမ်ဘယ်မှာလဲ "


ဟန်ချင်စုန့်၏ အကြည့်များသည်ဓားတစ်လက်လိုထက်ရှနေသောကြောင့် ကျင်းပေါင်သည် ကြောက်ရွံ့သည်မှလွဲ၍ဘာမှမသိတော့ပေ ။


" သူအိမ်ပြန်သွားပြီလေ "


ကျင်ပေါင်အားမေးပြီးနောက်တွင် အခန်းထဲရှိလူအားလုံးကို လှည့်ပတ်ကြည့်လိုက်သည် ။ လေထုအခြေအနေသည် ပြောမပြနိုင်လောက်အောင်မွန်းကြပ်နေပြီး ဟန်ချင်စုန့် ၏အကြည့်တစ်ချက်ကြောင့်နှင့် အသားများပဲ့ကျလာမလားပင်စိုးရိမ်နေကြသည် ။


သူတို့ရှေ့ရှိ ထိုလူသည် သားကောင်အား အချိန်မရွေးအမဲဖျက်တော့မည့် တောဝံပုလွေရိုင်းတစ်ကောင်ကဲ့သို့ခံစားနေကြရသည် ။ အရာရှိတံဆိပ်အားမြင်ကြသည့်အခါမှ တပ်ခွဲမှူးတစ်ဦးမှန်းသတိထားမိသွားကြပြီး လေးလေးစားစားဦးညွှတ်ကာပြောကြသည် ။


" တဝမ်က တကယ်အိမ်ပြန်သွားတာပါ "


" မြို့ကအရမ်းမကျယ်ပါဘူး ကလေးကိုရှာပြီးငါ့ဆီခေါ်လာခဲ့ကြ "


လူတိုင်းကအမြန်ပြေးလွှားရှာဖွေကြပြီး အချိန်ခဏအတွင်းမှာပင် တဝမ်ကိုခေါ်ကာပြန်ရောက်လာကြသည် ။ ထိုကောင်လေးသည် အိမ်မပြန်ခဲ့ဘဲ ဝိုင်စက်ရုံနောက်တွင် ကလေးတစ်သိုက်နှင့်ရှိနေခဲ့သည် ။


" မင်းမြို့ကိုမလာခင် မင်းအမေကိုပြောခဲ့လား "


တဝမ်ကမဖြေချင်ဖြေချင်နှင့်ပြောလိုက်သည် ။


" အဖွားက ဦးလေးနဲ့အဒေါ်ဆီပစ္စည်းလာပို့ခိုင်းတာ "


" မင်းတစ်ခုခုကိုလာပို့မယ်ဆိုရင်တောင် မင်းအမေကိုတော့ပြောခဲ့ရမယ်လေ "


တဝမ်က ခေါင်းငုံ့ထားကာဘာမှပြန်မပြောပေ ။


" နောက်တစ်ခါ အပြင်ထွက်ရင် မင်းအမေကိုမပြောသွားလို့ကတော့ ငါကိုယ်တိုင်ကောင်းကောင်းဆုံးမပေးမယ် "


တဝမ်၏အတွေးထဲတွင် သူ့အပေါ်ထိန်ချုပ် ကန့်သတ်ထားချင်နေသည်ဟုသာမြင်နေခဲ့ပြီး ဟန်ချင်စုန့်အား အရွဲ့တိုက်ချင်စိတ်များဖြင့်သာ ပြည့်နေခဲ့သည် ။


" တတိယအစ်ကို ကျွန်တော့်ကိုအပြစ်တင်နေတာလား "


ဟန်ချင်စုန့်အနေဖြင့် တဝမ်အား ကစားရန်ခွင့်ပြုပေးခဲ့သူမှာ ကျင်းပေါင်ဖြစ်မယ်မှန်းသိပြီးဖြစ်ကာ စကားပင်မပြောချင်တော့ချေ ။ ကလေးများအားလူကုန်ကူးကာ ရောင်းချသည့်အဖြစ်အပျက်များမှာ မကြာခဏဆိုသလိုဖြစ်နေတတ်သောကြောင့် တဝမ်အား အရမ်းစိတ်ပူနေမိ.သည် ။ 


ရထားဘူတာသို့မသွားမှီ မြို့နယ်ရဲစခန်းသို့သွားကာ ရဲသားတစ်ဦးအားအကူအညီတောင်းပြီး တဝမ်ကို ရွာသို့ပြန်ပို့ပေးရန်တောင်းဆိုခဲ့သည် ။


" သားကိုယ်တိုင်အိမ်ပြန်တတ်တယ်.. သားခဏခဏ လာဖူးတာသားကိုပြန်ပို့ပေးဖို့ လူမလိုပါဘူး "


ရဲအရာရှိလျိုကပြုံးကာပြောလိုက်သည် ။ 


" ကလေး မကောင်းတဲ့ကောင်တွေနဲ့မပေါင်းစမ်းပါနဲ့ မင်းကအခုမှငယ်ငယ်လေးရှိပါသေးတယ် "


ဟန်ချင်စုန့် ရထားဘူတာသို့ရောက်သည့်အချိန်တွင် ရထားထွက်ရန်အချိန်မှီလေးပင်ဖြစ်သည် ။ ဟန်ချင်စုန့် ထွက်သွားသည်နှင့် ဟန်ကျင်းပေါင်က ဟန်ကျင်းယုအားသွားရှာတော့သည် ။


" တတိယအစ်ကိုကရူးသွားပြီလား..."


ဟန်ကျင်းယုက စိတ်ဆိုးစွာပြန်ပြောလိုက်သည် ။


" သူငါ့ကိုစကားပြောတဲ့လေသံကိုနင်မကြားသေးလို့ မသိရင်ဘဲငါကသူ့ဆီကပိုက်ဆံချေးထားလို့လာပြန်တောင်းနေတဲ့ပုံနဲ့ "


xxxxxx

Part 92


ဟန်ကျင်းပေါင်ကပြောလိုက်သည် ။


" တတိယအစ်ကိုတို့က မိသားစုခွဲထွက်တော့မယ်လို့ အမေပြောတယ်မလား...သေချာပေါက်ပစ္စည်းတွေ့လဲခွဲဝေပေးရမှာဘဲ သူတို့မိသားစုဆီကနေအမြတ်မထုတ်နိုင်အောင်လို့ ငါတို့ပြန်ကြည့်ရမယ်  တတိယအစ်ကိုက အရင်လိုမဟုတ်တော့တာာ ဟိုမိန်းမသွေးထိုးလို့ဖြစ်ရမယ် "


ပြောလေဒေါသထွက်လာလေဖြစ်ကာ သူ၏သူငယ်ချင်းများရှေ့၌ မျက်နှာမပေးခဲ့သည့် ဟန်ချင်စုန့်၏အပြုအမူအား မကျေမနပ်ဖြစ်နေခဲ့သည် ။ မောင်နှမနှစ်ယောက်တိုင်ပင်ပြီးသည့်နောက်တွင် စတင်ထုပ်ပိုးခဲ့ကြ ပြီးလျှော်ဖွပ်ရမည့်အဝတ်များကိုလည်း အိတ်အပြည့်ယူသွားရန်မမေ့ခဲ့ကြပေ ။


သို့ရာတွင် သူတို့အိမ်မပြန်ခင်မှာပင် အဖွားကြီးဟန်ရောက်လာခဲ့သည် ။ ဒုတိယအစ်ကိုဟန်က စက်ဘီးငှားကာအဖွားကြီးဟန်အား လိုက်ပို့ခဲ့ခြင်း

ဖြစ်ကာ ဟန်ချင်စုန့်ထွက်သွားသည်နှင့်တစ်ပြိုင်နက် သူမ၏အချစ်ဆုံးသားနှင့်သမီးအားတွေ့ရန် အပြေးလာခဲ့ခြင်းဖြစ်သည် ။ ကျင်းပေါင်နှင့်ကျင်းယုတို့အားတွေ့သည်နှင့် အော်ငိုတော့သည် ။


" အိုက်ယား....ကျန်းပေါင်နဲ့ကျန်းယု နင်တို့ရဲ့တတိယအစ်ကိုက အိမ်မှာရှိသမျှပိုက်ဆံတွေအကုန်ပြန်ယူသွားတယ် "


" ဘာ..."


" ဘာတွေဖြစ်ကုန်တာလဲ " 


ကျင်းပေါင်အံ့သြနေဆဲဖြစ် သည့်အချိန်တွင် အဖွားကြီးဟန် ကသူတို့နှစ်ယောက်အားစတင်ဆူပူတော့သည် ။ 


" မိသားစုခွဲထွက်တဲ့နေ့မှာပြန်လာဖို့ ငါနင့်တို့ရဲ့ဒုတိယအစ်ကိုနဲ့ စာထည့်ပေးလိုက်သားဘဲ နင်တို့သာပြန်လာခဲ့ရင် ပိုက်ဆံတွေပေးလိုက်ရပါ့မလား "


ဒုတိယအစ်ကိုကအမြန်ပင်ဝင်ပြောလိုက်သည် ။


" အဲ့ဒီ့နေ့ ကျွန်တော်လာပြီးကျင်းပေါင်ကိုပြောတော့ သူကလုပ်စရာရှိလို့မလာနိုင်ဘူးပြောတယ် ကျင်းယုနဲ့တော့မတွေ့ခဲ့ရဘူး "


သူမ၏အချစ်ဆုံးကလေးနှစ်ယောက်အား ဖက်ကာ ပိုက်ဆံများပေးလိုက်ရ၍ဘယ်လောက်နစ်နာသွာကြောင်းကို ငိုယိုပြောဆိုပြန်သည် ။ ကျင်းယုနှင့်ကျင်းပေါင်တို့က စိတ်ရူပ်လာကြသော်လည်း ယွမ်တစ်ရာကျော်ပိုက်ဆံဖြစ်၍သည်းခံနေကြသည် ။


ယွမ်တစ်ရာတောင်လေ!


" အမေငိုနေလို့ရော ဘာထူးလာမှာမို့လို့လဲ "


သူမရဲ့ကုတ်အကျီလေးတော့ သွားပါပြီ!


မြို့တွင်အနေကြာလှပြီဖြစ်၍ လူတွေ၏သဘောထားများအား ခန့်မှန်းနိုင်ကာလှည့်ကွက်တချို့ကိုလည်း လုပ်ဆောင်နိုင်နေပြီဖြစ်သည် ။ ဟန်ကျင်းပေါင်က အဖွားကြီးဟန် သည်သူတို့အားရွာသို့ပြန်ကာ လင်းလန်ထံမှပိုက်ဆံများအားပြန်ယူစေချင်နေသည်မှာ အရမ်းသိသာလှသည် ။


ဟန်ချင်စုန့် အိမ်တွင်မရှိသည်ဖြစ်၍ ယခုအ​ခြေအနေသည်အကောင်းပင်ဖြစ်သည် ။ ကျင်းပေါင်၏စက်ဘီးနောက်တွင်ကျင်းယုကိုတင်၍ ဒုတိယအစ်ကိုဟန်နှင့် အဖွားကြီးဟန်တို့အတူရွာသို့ပြန်လာခဲ့ကြသည် ။


နေ့လည်ခင်းအလုပ်နားချိန်၌ ထုတ်လုပ်ရေးအသင်းခေါင်းဆောင်က တဝမ်အား မြို့နယ်ရုံးမှရဲတစ်ဦးကလာပို့ကြောင်းပြောသည်နှင့်တစ်ပြိုင်နက်လင်းလန် အမြန်ပင်အိမ်သို့ပြန်ပြေးလာခဲ့သည် ။ သူမအိမ်ရှေ့ရောက်သည့်အချိန်တွင် ယူနီဖောင်းအပြည့်အစုံနှင့်ရဲတစ်ဦး၏ ဘေးတွင် စိတ်ညစ်နေသည့်မျက်နှာနှင့်ရပ်နေသည့်ဝမ်အားတွေ့လိုက်ရသည် ။


လင်းလန်အမြန်ပြောလာကာ အပြုံးလေးနှင့်ပြောလိုက်သည် ။


" ကလေးကို ပြန်ပေးပို့ပေးလို့အများကြီးကျေးဇူးတင်ပါတယ်နော် ရဲအရာရှိကြီး သူလမ်းမှာအရမ်းဒုက္ခမပေးခဲ့ဘူးမလား "


လင်းလန်က ပြောရင်းနှင့်ပင် တဝမ်အားတစ်ချက်လှမ်းပုတ်လိုက်သေးသည် ။


" မြို့ပေါ်ကိုတစ်ယောက်ထဲမသွားပါနဲ့လို့ပြောသားဘဲ အခုဘာဖြစ်လို့ရဲတောင်ပါလာရတာလဲ "


တဝမ်က အကြည့်လွှဲထားပြီးဘာမှပြန်မဖြေခဲ့ချေ ။ အရာရှိလုကပြုံးကာပြောလိုက်သည် ။


" ကလေးကဘာမှမလုပ်ပါဘူး ရဲဘော်ရဲ့ယောက်ျားကသူ့ကို အိမ်ပြန်ပို့ပေးဖို့အကူအညီတောင်းခဲ့တာပါ "


ဟန်ချင်စုန့်ကလား...


ဟန်ချင်စုန့် အနေဖြင့်တဝမ်အားလိုက်ရှာရန် အချိန်ရှိမည်ဟု လင်းလန်မမျှော်လင့်ခဲ့မိပေ ။ သူမကအမြန်ပင် ရဲအရာရှိအားကျေးဇူးတင်ကာပြောလိုက်သည် ။


" ကျေးဇူးတင်ပါတယ် အရာရှိကြီး ရှင့်ရဲ့မျိုးရိုးအမည်ကိုများပြောပြလို့ရမလားရှင် "


အရာရှိလျိုသည် တောသူတစ်ယောက်ကဤမျှထိယဥ်ကျေးစွာပြောဆိုပြုမူတတ်မည်မထင်ခဲ့သော်လည်း လင်းလန်အားအထင်ကြီးသွားကာပြောလိုက်သည် ။


" ကျွန်တော့်ရဲ့မျိုးရိုးအမည်က လျှို ပါ "


" အရာရှိလျို ကျွန်မတို့အိမ်မှာ အနားယူပြီး ထမင်းစားသွားပါလား နေအရမ်းပူတော့ ကောင်းကောင်းအနားယူပြီးမှပြန်ပါ "


" ရပါတယ် ရဲဘော် လုပ်စရာတွေရှိသေးလို့ ပြန်မှဖြစ်မှာမို့လို့ အားနာပါတယ် "


အရာရှိလျို ကစက်ဘီးပေါ်တက်ရင်း လက်ပြနူတ်ဆက်ခဲ့သည် ။ လင်းလန်လည်း အမြန်ပင်ပြန်နူတ်ဆက်လိုက်သည် ။ တဝမ်က ဘာစကားမှမပြောဘဲ ဟိုကြည့်ဒီကြည့်လုပ်နေဆဲဖြစ်ပြီး သူ့အမှားကိုသဘောမပေါက်သေးသောကြောင့် လင်းလန်ဒေါသထွက်လာကာ တစ်ချက်ထပ်ရိုက်လိုက်သည် ။


" လူဆိုးကောင်လေး အပြင်သွားမယ်ဆိုရင် မားမားကိုပြောသွားရမှာမသိဘူးလား "


အရင်တုန်းက သူဘယ်ကိုဘဲသွားပါစေတစ်ချက်မေးလေ့မရှိဘဲ ယခုမူ အလွန်အကျွံဂရုစိုက်လာသောကြောင့် တဝမ် စိတ်ထဲမှလှောင်ပြောင်နေခဲ့သည် ။ 


" နင်တို့ပါးပါးပြန်လာရင် အကုန်သိရမှာဘဲ သွားအိမ်ထဲဝင်ပြီးဆေးကြောတော့ "


တဝမ်ကချက်ချင်းလှည့်ထွက်ကာ လင်းလန်ဒေါသထွက်ပြီး ထပ်မရိုက်နိုင်ခင်မှာတင်အော်ပြီးထွက်ပြေးသွားတော့သည် ။ 


" သား စပါးခင်းမှာမြက်သွားနူတ်မလို့ "


လင်းလန်က သူမတို့ခြံဝန်းထဲရှိ ဟင်းရွက်စိုက်ခင်းလေးထဲသို့သွားကာ အနည်းငယ်ခူးဆွတ်ပြီးသည့်နောက်တွင် ချက်ပြုတ်ရန်ပြင်ဆင်ခဲ့သည် ။


အိမ်ခွဲထွက်ပြီးသည့်နောက်တွင် လင်းလန်က သူမ၏ခြံဝန်းလေးထဲ၌ အသီးအရွက်တစ်ချို့ကိုစိုက်ပျိုးထားခဲ့ကာ မကြာမှီအချိန်အတွင်းမှာပင် ဆောင်းဝင်တော့မည်ဖြစ်၍ ရာသီကုန်တော့မည်ဖြစ်သည် ။


သူမကခရမ်းချဥ်သီးတချို့ကို ခူးကာ ကတက်ဥနှင့်ရောပြီးချက်ပြုတ်ရန်စဥ်းစားထားခဲ့သည် ။ ကလေးများသည်ရွာထဲကအိမ်များတွင်မြက်လိုက်နူတ်ကြ ကာလုပ်အားခအဖြစ်ကြက်ဥများနှင့်လဲလှယ်ခဲ့ကြသည် ။


ခရမ်းသီးနှင့်ပဲတို့ကိုရောပြီးစတူးဟင်းချက်ရန်အတွက် ခရမ်းသီးများကိုလည်း ခူးယူခဲ့သည် ။ ဟင်းပွဲများ ချက်ပြုတ်ရန်လုံလောက်သည်အထိ ခူးယူခဲ့ပြီးသည့်အချိန်တွင် သူမတစ်ခုခုကိုသတိထားမိသွားသည်။


စိုက်ခင်းမှာဘာလို့ နည်းနည်းလေးဘဲရှိရတာလဲ...


တခြားကလေးတွေများလာခိုးခူးကြလို့လား...


သို့သော်လည်း အိမ်နီးနားချင်းများ၏စိုက်ခင်းများတွင် ထိုကဲ့သို့တစ်ခါမှမဖြစ်ခဲ့ကာ ပုံမှန်ပင်ဖြစ်သည် ။ ထိုအချိန်တွင် ဟန်ယုံရွှင်း၏ ဒုတိယချွေးမဖြစ်သည့် ကျန်းချိုက်ဟုန်သည် လင်းလန်အားမြင်သည်နှင့် ပြုံးကာစကားလာပြောခဲ့သည် ။


" ယောင်းမရဲ့ ဒုတိယယောင်းမက ဟိုတလောက အသီးအရွက်တွေအများကြီးယူလာပေးတာ ကျွန်မတို့တစ်အိမ်လုံးတောင်စားလို့မကုန်ဘူး ဒါတွေကယောင်းမကိုကျေးဇူးတင်လို့ပေးတာပါ "


လင်းလန်က သူမအပေါ်ကလေးအကွက်များလာအသုံးချသည်အား သေချာပေါက်ငြိမ်ခံမည်မဟုတ်ပေ ။


" ကျေးဇူးတင်ပါတယ် ချိုင်ဟုန်ရယ် ဒါပေမဲ့ ဒုတိယယောင်းမကခူးပေးခဲ့တာဆိုတော့ သူ့ဆီလဲယူသွားပြသင့်တယ်လေ "


xxxxx