အပိုင်း ၉၅-၉၆
Viewers 20k

Part 95


မိသားစုခွဲထွက်ကြစဥ်က သူမ ကြက်များမလိုချင်ခဲ့သော်လည်း ယခုမူယူနိုင်သည့်အခွင့်အရေးရှိလာပြီဖြစ်၍သေချာပေါက်ကိုယူမည်ဖြစ်သည် ။ ခြင်းအားအိမ်တံခါးအပြင်တွင်ချထားခဲ့ပြီး  အိမ်ထဲပြန်ဝင်လာခဲ့သည် ။


ကြက်များလန့်သည့်အသံကြားသောအခါတွင် အိမ်ထဲရှိလူတိုင်းထွက်လာကည အခြေအနေကိုစပ်စုကြလေသည် ။


 ဟန်ကျင်းယု ထွက်လာသည့်အခါတွင် လင်းလန်က သူ၏ပါးအားခပ်ပြင်းပြင်းတစ်ချက်ရိုက်ချရင်းပြောလိုက်သည် ။


" နင်ကမှကျေးဇူးမသိတတ်တဲ့မြေခွေးမ ငါ့ယောက်ျားရဲ့ပိုက်ဆံတွေကိုလဲ နင်တို့တစ်မိသားစုလုံး ကသုံးသေးတယ် ငါ့အကြောင်းကိုလည်းနောက်ကွယ်မှာမကောင်းပြောနေသေးတယ် နင်တို့တစ်မိသားစုလုံးကမှမြေခွေးတွေ "


" နင်...နင် ငါ့ကိုရိုက်ရဲတယ် "


ဟန်ကျင်းယု ကလင်းလန်ကို ပြန်ရိုက်ရန်ကြိုးစားခဲ့သော်လည်း လင်းလန်၏ပြိုင်ဘက်မဟုတ်ခဲ့ပေ ။ ပထမချွေးမဟန်က ဝင်ကူညီမလိုမကူညီရမလိုနှင့်တွန့်ဆုတ်နေခဲ့ကာ ကလေးများကတော့ သူမ၏နောက်တွင်ဝင်ပုန်းနေခဲ့ကြသည် ။


လင်းလန်က ကျင်းယု အားစိတ်ကြိုက်ရိုက်နှက်ပြီးသည့်နောက်တွင် ခြင်းအားဆွဲကာ ကြက်ဥများယူရန်ဝင်သွားတော့သည် ။ 


" မိသားစုခွဲတုန်းက ကြက်တွေနဲ့ကြက်ဥတွေကို မိသားစုတွေစားဖို့အတွက် ငါယူဖို့မတောင်းဆိုခဲ့ဘူး ဒါပေမဲ့ ငါ့သားကိုတောင်ရိုက်ရလောက်တဲ့အထိ စတုတ္ထလေးက ငါတို့မိသားစုကိုအလွတ်မပေးနိုင်သေးဘူး ငါ့လမ်းကိုလာပိတ်နေတဲ့လူဆိုရင် သေတာထက်ဆိုးအောင်ခံစားရမယ်လို့ ငါပြောထားပြီးသား "


ကြက်များအားယူပြီးသော်လည်း လင်းလန်သည်ဒေါသမပြေသေးဘဲ နံရံပေါ်တွင်ချိတ်ထားသည့် ပုဆိန်အား တွေ့သွားခဲ့သည်  ။


" တတိယလေးရဲ့ဇနီး... "


ဒုတိယချွေးမဟန်က အိုးများအားလိုက်ခွဲလိုက်မည်ကို အလွန်လန့်နေခဲ့သည်။ သူမကိုယ်တိုင်လည်း ဝင်မတားရဲသောကြောင့် ပထမချွေးမအားပြောလိုက်သည် ။


" အစ်မကြီး သူမကိုတားပါဦး စားစရာတွေပျက်ဆီးသွားရင် တစ်မိသားစုလုံးငတ်ကုန်လိမ့်မယ် "


ပထမချွေးမဟန်သည် လင်းလန်အားလုံးဝပင်အပြစ်မတင်သလို ဝင်တားရန်လဲအစီအစဥ်မရှိခဲ့ချေ ။


မြင်သည့်သူတိုင်း လန့်သွားစေနိုင်သည့် သူမ၏သားအရင်းထံမှ သွေးကွက်ကြီးပင်လျှင်မခြောက်သေးပေ။


တစ်အိမ်လုံးကို လာမသတ်တာဘဲ ကံကောင်း!


ဟန်ကျင်းယုက လမ်းမပေါ်သို့အော်ဟစ်ကာပြေးထွက်သွားတော့သည် ။


" အား......လာကြပါဦး......လင်းလန်လူသတ်နေပါတယ် "


လင်းလန် ဟန်ကျင်းယုအားတစ်စက်ကလေးမျှပင် ဂရုမစိုက်ဘဲ အခန်းထဲသို့ဝင်သွားကာ ကြေးနီသော့ဖြင့်ခတ်ထားသည့် ဗီဒိုသော့အားပုဆိန်နှင့်ခုတ်ကာ ဖျက်ဆီးလိုက်ပြီး အထဲရှိဟန်ချင်စုန့်၏ အကျီဟောင်းများနှင့် ပေးဖူးခဲ့သည့်ပစ္စည်းအားလုံးကို ထုတ်ယူလိုက်သည် ။ ဖိနပ်တစ်ရံထဲမှပိုက်ဆံတစ်လိပ်ထွက်လာသောကြောင့် သူမ၏အိပ်ကပ်ထဲသို့ကောက်ထည့်လိုက်သည် ။


သူမရဲ့ယောက်ျားကျွေးမွေးသည့်ပိုက်ဆံဖြင့် ကျောင်းတက်နေရသော​ ကောင်က အိမ်ထိလာပြီး သူမရဲ့သားကိုတောင်ရိုက်ရဲမှတော့ သူမလည်းမလုပ်နိုင်သည့်အရာဘာမှမရှိတော့ပေ ။


တစ်အိမ်လုံး ဟန်ချင်စုန်၏ပိုက်ဆံကြောင့်သာ သက်သက်သာသာသောက်စားနေထိုင်နိုင်ကြခြင်းဖြစ်သည်။ အမှတ်များမှစားစရာလဲလှယ်၍ရနိုင်သည်ဆိုသော်လည်း လူဦးရေအရမ်းများသည့်မိသားစုကြီးအတွက်မလောက်ငှသည့်အပြင် အလုပ်မလုပ်သည့်လူပိုနှစ်ယောက်ပါရှိနေသေးသည် ။


သစ်သားဗီဒိုကြီးထဲတွင် သော့ခတ်ထားသည့်သေတ္တာငယ်လေးတစ်လုံးရှိသေးသောကြောင့် လင်းလန်ထုတ်ယူလိုက်သည် ။


ဒုတိယချွေးမဟန်က အမြန်ပြေးလာကာ လင်းလန်အားတားလိုက်သည် ။


" အဲ့တာအမေ့ရဲ့ပိုက်ဆံသေတ္တာ နင်ထိလို့မရဘူး "


လင်းလန်က ဒုတိယချွေးမဟန်အား လှည့်ကြည့်ကာ ပြုံးပြီးပြောလိုက်သည် ။


" ဒီထဲမှာပိုက်ဆံအများကြီးရှိတယ်လို့ငါမထင်ဘူး ရှိခဲ့ရင်လဲဘာဖြစ်တုန်း အကုန်လုံးက ကလေးတွေရဲ့အဖေပို့ပေးထားတာဘဲလေ  "


သူမက ငွေလွဲဲဖြတ်ပိုင်းများကိုဝှေ့ယမ်းကာဆက်ပြောလိုက်သည် ။


" တွေ့လား ကလေးတွေရဲ့အဖေအိမ်ကိုပြန်ပို့သမျှပိုက်ဆံတွေရဲ့ ဖြတ်ပိုင်းတွေကသက်သေဘဲ "


အဘွားကြီးဟန်၏အကျင့်စရိုက်အရ ပိုက်ဆံအများစုကိုသေချာပေါက်ပင်ဖွက်ထားလိမ့်မည် ။မိသားစုခွဲထွက်သည့်နေတွင် သူမကသေတ္တာထဲ၌ယွမ်နှစ်ရာခန့်မျှသာထည့်ထားလိမ့်မည်ဖြစ်ကာ အဖိုးကြီးဟန်နှင့်လူများအားလှည့်စားလိမ့်မည် ။


သို့သော်လည်း ဟန်ကျင်းယု ၏အဝတ်အစားများအပြင်သားရေဖိနပ်အသစ်အားကြည့်သည်နှင့် အဖွားကြီးဟန်သည် ယွမ်တစ်ရာမကဖွက်ထားခဲ့လောက်သည် ။ 


သေတ္တာထဲမှပိုက်ဆံအနည်းငယ်သည် အဖွားကြီးဟန်အိုစာမင်းစာ စုထားခဲ့ခြင်းမျှသာဖြစ်မည်ဟုသူမတွေးမိသော်လည်း ဥာဏ်များလိုသောကြောင့်ပြုံးမိလေသည် ။


ဟန်ချင်စုန့် အိမ်သို့ပိုက်ဆံပြန်ပို့သည့်အချိန်၌ အဖွားကြီးဟန် ကချိုသာစွာပြောလေသည် ။


" သားလက်ထပ်ရင်သုံးဖို့အတွက်အမေစုထားပေးမယ် "


လက်ထပ်ပြီးသည့်အချိန်တွင်လည်း ထပ်ကာပြောပြန်သည် ။


" သားရဲ့အနာဂတ်အတွက် အမေသိမ်းထားပေးမယ် "


အဖွားကြီးဟန်သည် ပိုက်ဆံများအားပြန်မပေးချင်၍ ဆက်တိုက်ဆိုသလို အရည်မရအဖတ်မရများသာပြောနေခဲ့သည် ။ လင်းလန်သည် ပစ္စည်းများကိုအကုန်ယူခဲ့ကာ ကြက်ဥခြင်းကိုဆွဲပြီးထွက်လာခဲ့သည် ။ ခြံဝတွင် ကြက်ထည့်ထားသည့်ခြင်းတစ်ခြင်းရှိသေးသော်လည်း သူမသယ်ရန်လက်မအားတော့ပေ ။


ထိုအချိန်တွင် အမှောင်ထဲမှကလေးတစ်ယောက်၏အသံပေါ်ထွက်လာခဲ့သည် ။


" မားမား အဆင်ပြေရဲ့လား "


လင်းလန် ကအမြန်ပင်ပြောလိုက်သည် ။


"အားဝမ်လား ဟိုခြင်းတောင်းကိုသယ်ပြီးမြန်မြန်အိမ်ပြန်ကြရအောင် "


အားဝမ်က ကြက်သုံးကောင်ထည့်ထားသည့်ခြင်းအား အံ့သြစွာကြည့်နေသောကြောင့် လင်းလန်ကပြုံးပြကာပြောလိုက်သည် ။


" မားမားတို့အိမ်ပြန်ကြမယ်လေ အဆင်ပြေပါတယ် "


အိမ်သို့ရောက်သည့်အခါတွင် အားဝမ်အားကြက် များကို ကြက်ခြံထဲသို့ထည့်ခိုင်းလိုက်သည် ။ အဖွားကြီးဟန်က အတောင်များကိုညှပ်ထားပြီးဖြစ်၍ပျံမပြေးနိုင်ပေ ။ မိုင်စွေ့အားမီးမွှေးခိုင်းလိုက်ကာ ကြက်ဥများကိုယူလာခဲ့သည် ။


ကြက်ဥများကိုတွေ့သည့်အခါ မိုင်စွေ့လည်းမအံ့သြဘဲမနေနိုင်ခဲ့ချေ ။


" မားမား "


" မီးမွှေးလိုက် မားမားတို့ ကြက်ဥကြော်လုပ်စားကြမယ် "


လူငါးယောက်ရှိသည့်အတွက်ကြက်ဥဆယ်လုံးကြော်လိုက်ကာထိုကြက်ဥများသည် ကျင်းပေါင်နှင့်ကျင်းယုတို့အားပို့ပေးခဲ့သည့် ကြက်ဥများထက်ပင်ပိုကြီးလေသည် ။


မိုင်စွေ့နှင့်ကလေးတစ်သိုက်သည် လင်းလန်အား အံ့သြတကြီးသာကြည့်နေခဲ့ကြသည် ။


" ဘာမှစိတ်မပူကြနဲ့ မင်းတို့အဖွားကသူမရဲ့ အငယ်ဆုံးကလေးနှစ်ယောက်ကို အရမ်းကောင်းကောင်းမွန်မွန်ထားသလိုမျိုး မားမားကလည်းမင်းတိုကို သူတို့ထက်သာအောင်ထားပေးမယ် ပိုက်ဆံတွေအများကြီးရှာပြီး တို့မိသားစုကောင်းကောင်းစား ကောင်းကောင်းဝတ်ကြမယ် "


ကလေးများအာလုံးမျက်ရည်ဝဲလာကာ တစ်ပြိုင်တည်းပြောလိုက်ကြသည် ။


" မားမား "


ကြက်ဥကြော်ရန်အချိန်အကြာကြီးမယူခဲ့ရပေ ။ တစ်ဦးအတွက်ကြက်ဥနှစ်လုံးကြော်ခဲ့သော်လည်း ကလေးများက အစာစားချင်စိတ်ရှိပြီး အစာချေမြန်သောကြောင့် ရင်ပြည့်မှာစိတ်မပူရပေ ။


စားသောက်နေစဥ်အတွင်းတွင်ကလေးများအား သူမအုပ်ချုပ်ရေးမူးအိမ်သို့သွားမည်ဖြစ်၍ တံခါးသေချာပိတ်ထားရန်ကလေးများအားမှာခဲ့သည် ။ ထိအချိန်တွင် အားဝမ်က စန်းဝမ် ကဲ့သို့စိတ်ဓာတ်မျိုးဖြစ်နေကာ တုတ်တစ်ချောင်းကိုကိုင်ကာ ကာကွယ်ရန်အသင့်အနေအထားနှင့်ပြောလိုက်သည် ။


" မားမားကိုကာကွယ်ပေးဖို့ သားလိုက်ခဲ့မယ် "


လင်းလန်က ခေါင်းလေးကိုပုတ်ပေးရင်းပြောလိုက်သည် ။


" သားကအိမ်မှာဘဲနေခဲ့ပြီး ညီလေးတို့ကို ကာကွယ်ပေးလိုက်နော် "


သူမ ဟန်ရုံဖန်၏အိမ်သို့ငွေပြေစာဖြတ်ပိုင်းများယူသွားသည့်အချိန်တွင် ကလေးများအား စိတ်ပူစရာမလိုဘဲကောင်းကောင်းအိပ်ရန်သာမှာခဲ့သည် ။


xxxxxx

Part 96


အုပ်ချုပ်ရေးမှူးအိမ်နှင့်ကောင်စီခေါင်းဆောင်၏အိမ်တို့သည် အနီးအနားတွင်ရှိကာ သုံးလေးမိနစ်ခန့်မျှသာလမ်းလျှောက်ရသည် ။ ရွာအတွင်းရှိအုပ်ချုပ်ရေးနှင့် လူမူရေးကိစ္စအဝဝကို အုပ်ချုပ်ရေးမှူးကတာဝန်ယူစီမံကာ ကောင်စီခေါင်းဆောင်သည် အလုပ်များခွဲဝေပေးခြင်းနှင့်ရိက္ခာခွဲဝေပေးခြင်းများကိုတာဝန်ယူထားသည် ။


စာရေးအနေဖြင့် ရိက္ခာခွဲတမ်းကိုတွက်ချက်ပေးရကာ စာရင်းများထိန်းသိမ်းခြင်းကိုဆောင်ရွက်ပေးသည် ။ အကျဥ်းချုပ်အားဖြင့် တခြားရွာများကဲ့သို့ပင် အုပ်ချုပ်မူပုံစံအတူတူပင်ဖြစ်ကာ ယဥ်ကျေးမူတော်လှန်ရေးအတွင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည့်စစ်သားတချို့အား အငြိမ်းစားပေးပြီး မိမိတို့၏ကျေးရွာများ၌တာဝန်ထမ်းဆောင်ခိုင်းလေ့ရှိသည် ။


ကျေးရွာများမှ အခြေခံလူတန်းစားတချို့သည်လည်း အုပ်ချုပ်ရေးအသင်းအဖွဲ့များတွင်ပါဝင်ကူညီလာနိုင်ကြ ကာအနည်းနှင့်အများဆုံးဖြတ်ပိုင်ခွင့်ရှိသူများဖြစ်လာကြသည် ။ ဟန်ရုံဖန်သည်လည်း ရွာ၏ကျော်ကြားသည့်ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ကာ အရင်အချိန်များတွင်း ဝံပုလွေကြီး ဟုသည့်အမည်ပြောင်ပင်ရှိခဲ့သည် ။


သူသည် တော်လှန်ရေးကွန်မြူနတီတွင်စာရင်းမပေးရသေးခင်အချိန်ကတည်းကပင် ဟန်ရုံဖန်သည် ကြမ်းတမ်းသည့်သူမျိုးဖြစ်ကာ ရွာပြင်တွင်အလုပ်လုပ်သည့်အချိန်တိုင်းဝံပုလွေများနှင့် မကြာခဏတိုက်ခိုက်လေ့ရှိသည် ။ တပ်ထဲသို့ဝင်ရောက်သွားသည့်အခါတွင်တော့ ပြင်းထန်သည့်လေ့ကျင့်မူများတွင်းပို၍အရိုင်းဆန်လာခဲ့ပြီး အနာဂတ်ကောင်းရှိခဲ့သော်လည်း ဒဏ်ရာရခဲ့၍ စောစီးစွာအနားယူခဲ့ရသည် ။


အနားယူပြီးသည့်နောက်တွင် အုပ်ချုပ်ရေးမူးအဖြစ်စတင်တာဝန်ယူခဲ့ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်နှစ်တာကုန်လွန်သွားခဲ့ပြီး ရွာ၏လူကြီးပိုင်းအဖွဲ့ဝင်အနေနှင့်သာ နေထိုင်ခဲ့သော်လည်း လူငယ်များက အနစ်နာခံအုပ်ချုပ်မူများအတွက် လေးစားဆဲဖြစ်သည် ။ ထို့ကြောင့်ကြီးကြီးငယ်ငယ် ဆုံးဖြတ်ရမည့်ကိစ္စတချို့၌ ဟန်ရုံဖန်၏ဆုံးဖြတ်ချက်ကိုလည်း အလေးထားကြသည် ။


တစ်ရွာလုံးကဖြောင့်မတ်မှန်ကန်သည့် ဟန်ရုံဖန်အားအလွန်လေးစားကြပြီး သူ၏ဘဝတွင်လည်း ဘက်လိုက်သည့်အပြုအမူတစ်ခါမျှမပြုလုပ်ခဲ့ဖူးသောကြောင့် စကားပြောဆိုရလွယ်ကူမည်ဟု လင်းလန် ထင်သည် ။ 


မူလလင်းလန်က ပြဿနာပေါင်းစုံရှာတတ်သည်ဖြစ်သော်လည်း ဟန်ရုံဖန်က တစ်ခါမျှအထင်သေးစွာ မဆက်ဆံခဲ့ဖူးသလို အဖွားကြီးဟန်အားလည်း တတိယမိသားစုအပေါ်တွင် အခွင့်ကောင်းမယူရန်ဆုံးမလေ့ရှိသည် ။ အကြိမ်ပေါင်းများစွာလည်း သူမတို့အား တိတ်တဆိတ်ကူညီလေ့ရှိသောကြောင့် ဟန်ရုံဖန်ကို အားကိုး၍ရနိုင်မည်ဟုထင်သည် ။


ပင်မအိမ်နားကဖြတ်သွားသည့်အခါတွင် အိမ်ထဲမှာဆူဆူညံညံအော်ဟစ်သံများကြားရသည်။ အဖွားကြီးဟန်ပြန်ရောက်နေပေပြီ။ သူမတံခါးရှေ့ရောက်သည့်အချိန်တွင်တော့ သေခါနီးဝက်လိုအော်သံဖြင့် အဖွားကြီးဟန်ဒေါသတကြီးပြောနေသည်အား ကြားလိုက်ရသည် ။


" သွားစမ်း...အုပ်ချုပ်ရေးမူးကိုသွားခေါ်ပြီး ဒီကိစ္စကိုတိုင်ရမယ်..ငါအိမ်မှာမရှိခင်ကြက်တွေလာခိုးသွားတာ...သူကသူခိုးမဘဲ... ရဲခေါ်ပြီးဖမ်းခိုင်းရမယ်..ငါလုံးဝမကျေနပ်ဘူး..."


သူမက ထပ်မံပြီး ပထမချွေးမနှင့်ဒုတိယချွေးမတို့ဘက်လှည့်ကာ အော်တော့သည် ။


" နင်တို့နှစ်ယောက်စလုံးကသေနေလို့ သူ့ကိုမတားကြတာလား!  "


ဒုတိယချွေးမက အဖွားကြီးဟန်အား အကြောင်းပြချက်ပေးရန်ကြိုးစားခဲ့သည် ။


" အမေ သူ့လက်ထဲမှာပုဆိန်ကြီးတကားကားနဲ့ကို ကျွန်မတို့က ဘယ်လိုလုပ်တားရဲမှာလဲ "


အဖွားကြီးဟန်အိမ်ပြန်ရောက်သည့်အချိန်တွင် သူမ၏အဖိုးတန်သမီးလေးက ငိုကြွေးနေပြီး ပစ္စည်းများလည်း ရူပ်ပွနေသောကြောင့် သူခိုးဝင်ခိုးသွားသည်ဟုပင်ထင်ခဲ့သည် ။ ချွေးမများပြောပြသည့်အခါမှ လင်းလန်ကြောင့်ဖြစ်ပြီး ပုဆိန်တစ်လက်ကိုကိုင်ကာ အချိန်မရွေးလူသတ်တော့မည့် ပုံစံမျိုးနှင့်အကုန်လုံးကိုဖျက်ဆီးသွားသည်ဟုသိလိုက်ရသည် ။


ဟန်ကျင်းယုက တရားမျှတအောင်လုပ်ပေးဟုအော်ဟစ်နေသည့် အချိန်တွင် ဟန်ရုံဖန်နှင့်လူကြီးတချို့သည် ဆူညံသံများအားဂရုမစိုက်ပဲ သူတို့ခြံဝန်းအတွင်း၌ ရေနွေးသောက်နေကြသည်။


 လင်းလန်သည် မိမိကိုယ်ကို သတ်သေမည်ဟုခြိမ်းခြောက်သည့်အကြိမ်တိုင်း သူမလိုချင်သည့်အရာတချို့အတွက်သာဖြစ်ပြီး အဖွားကြီးဟန်တို့အား နစ်နာအောင်မလုပ်ခဲ့ဖူးချေ ။ အဖွားကြီးဟန်တို့တစ်အိမ်သားလုံးကသာ ဟန်ချင်စုန့် ၏ပိုက်ဆံဖြင့်ထိုင်စားနေကြပြီး တတိယမိသားစုအားမမျှမတဆက်ဆံနေကြခြင်းဖြစ်သည် ။


ယခင်အချိန်များကဲ့သို့ လင်းလန်က အဖွားကြီးဟန်၏အုပ်ချုပ်မူအောက်တွင်မရှိတော့ကာ ဟန်ကျင်းပေါင် ၏လုပ်ရပ်သည်လည်းလွန်လွန်းလှသည်ဖြစ်၍ လင်းလန်က တစ်အိမ်လုံးမီးမရိူ့တာကမှထူးဆန်းနေလိမ့်ဦးမည် ။


ဟန်ချင်းယွင် ကမနေနိုင်တော့ဘဲပြောလိုက်သည် ။


" အဖေတစ်ချက်လောက်သွားကြည့်ကြရအောင်လား"


ဟန်ရုံဖန်က ဝိုင်အနည်းငယ်ထပ်သောက်ကာပြောလိုက်သည် ။


" ငါအဲ့ဒီကိုနေ့တိုင်းသွားရလွန်းလို့ ပင်ပန်းနေပြီ သူတို့ဘာသာဖြေရှင်းရအောင်လွှတ်ထားလိုက် "


" တကယ်လို့ ပိုးသတ်ဆေးတွေထပ်သောက်ကြရင် ဘယ်လိုလုပ်မလဲ "


" သူတို့ဘာသာ ဘာသောက်သောက် မင်းအပူလား သူ့တို့အိမ်တွင်းရေးကိစ္စတွေဝင်ပါရတာပင်ပန်းတယ် ။ သူတို့ဘာသာဖြေရှင်းပလေ့စေ အချိန်တန်လို့ငါတို့ကိုခေါ်မှသွားမယ် ။ အဲ့အိမ်ကပြဿနာမတက်တဲ့နေ့ကိုမရှိဘူး "


ပိုးသတ်ဆေးသောက်သည့် ကိစ္စပြီးသည့်အချိန်တည်းက လင်းလန်ပြောင်းလဲလာကာ ပြဿနာများအား အေးဆေးတည်ငြိမ်စွာဖြေရှင်းနေခဲ့ပြီး သူမ၏ကလေးများအားလည်း အလေးထားဂရုစိုက်လာကာ မျက်လုံးပါသည့်မည်သူမဆို သူမအေးအေးဆေးဆေးသာနေချင်ကြောင်းမြင်

နိုင်သည် ။


ဟန်ကျင်းပေါင်က သူမအိမ်ထဲထိဝင်၍ သူမ၏သားကို သွေးအိုင်ထွန်းသည်အထိ ရိုက်နှက်ခဲ့​သောကြောင့် ဟန်တစ်အိမ်လုံးအား ပုဆိန်နှင့် ပိုင်းပစ်မည်ဆိုရင်တောင်မှ သူမစိတ်ကြိုက်လုပ်ခွင့်ပေးထားလိုက်ကာ ဝင်ပါမည်မဟုတ်ပေ ။


ဟန်ရုံဖန်သွားမကြည့်၍ ကျန်လူကြီးများကလည်း မသွားရဲကြပေ ။ မည်သူမျှရောက်မလာခဲ့သောကြောင့် အဖွားကြီးဟန် အဆုတ်ကွဲမတတ်အော်ဟစ်ကာ သူမ၏သားနှစ်ယောက်အား လင်းလန်ကိုကြိုးတုပ်ပြီးခေါ်လာရန် အော်နေခဲ့သည် ။


သို့သော်လည်း အစ်ကိုကြီးဟန်ကလက်မခံခဲ့ပေ ။


" အမေစဥ်းစားကြည့်လေ ကျင်းပေါင်က သူမအိမ်ကပစ္စည်းတွေကိုဖျက်ဆီးတဲ့အပြင် စန်းဝမ်ကိုလည်း ဒဏ်ရာရအောင်လုပ်ထားတာလေ ဒီလောက်ကဒေါသဖြေသလောက်သလောက်ဘဲရှိတာပါ အမေကိုယ်ချင်းစာကြည့်ပေါ့ "


" အသုံးမကျတဲ့ဆန်ကုန်မြေလေးကောင် "


တစ်ပြိုက်နက် ပင်အစ်ကိုကြီးဟန်၏ ပါးပေါ်သို့ပြင်းထန်သည့်ရိုက်ချက်တစ်ချက်ကျရောက်လာကာ ခြံဝန်းထဲရှိလူတိုင်း အံ့အားသင့်သွားကြရသည် ။ အဖိုးကြီးဟန်က ငယ်စဥ်ကတည်းက လိမ္မာသည့်သူ၏သားအား လက်ဖြင့်ပြင်မရွယ်ဖူးခဲ့ပေ ။ ပထမချွေးမသည်လည်း ငို၍ အဖွားကြီးဟန်အား မေးခွန်းထုတ်ခဲ့သည် ။


" ဘာအတွက်လဲ... ဒီလိုရိုက်တာကဘာအတွက်လဲ... အလုပ်ကြိုးစားပြီးမိသားစုကို ထောက်ပံ့ပေးနေတာတောင်မှ ဒီလိုအရိုက်ခံရတာတန်လို့လား "


အဖွားကြီးဟန်က ​​မည်သို့ပင်ဖြစ်စေ ကြက်ဥများအား ပြန်ယူလာရမည်ဟုပြောခဲ့ကာ ဒေါသတကြီးအခန်းထဲဝင်သွားခဲ့သည် ။ ထိုအချိန်တွင် သူမ၏ဗီဒိုသော့ ပျက်ဆီးနေခဲ့သည်ကိုတွေ့လိုက်ရသည် ။


" အား....."


အဖွားကြီးဟန်ကငယ်သံပါ​ေငေ်အော်ရင်း ဗီဒိုကိုဆွဲဖွင့်ကာကြည့်လိုက်သည် ။


xxxxxx