အပိုင်း ၉၇-၉၈
Viewers 22k

Part 97


ဒုတိယချွေးမဟန်က သူမကိုယ်သူမ အမွှန်းတင်ရန်လည်းမမေ့ပေ ။


" အမေရဲ့ပိုက်ဆံသေတ္တာကလုံခြုံပါတယ် ကျွန်မရှိသရွေ့ လင်းလန် ယူမသွားနိုင်ပါဘူး ။ ကျွန်မအသည်းအသန် ကာကွယ်ထားလို့ အဲ့ဒီအရူးမ မယူသွားနိုင်တာ "


အဖွားကြီးဟန် ကသူမ၏ပိုက်ဆံများနှင့် လက်မှတ်များအား ဤသေတ္တာလေးအတွင်းသိမ်းထားသည်ကိုသူမသိသည် ။ အဖွားကြီးဟန် ကရုတ်တရက်ပင် ဒုတိယချွေးမအားတွန်းထုတ်ကာ ဗီဒိုထဲသို့အရူးလိုမွှေနှောက်ရှာတော့သည် ။


အဝတ်များက ရူပ်ပွနေခဲ့ပြီးအထဲတွင် ဘာဆိုဘာမျှမကျန်ခဲ့တော့ပေ ။


" ဘုရားရေ... "


အဖွားကြီးဟန် အော်ဟစ်ပြီးသည့်နောက်တွင် ပတ်ဝန်းကျင်တစ်ခုလုံးချာချာလည်ကာ မူးလဲသွားတော့သည် ။


ဒုတိယချွေးမဟန်က မစဥ်းစားတတ်တော့ချေ ။


သူမသေတ္တာကို သေသေချာချာကာကွယ်ထားခဲ့ပါတယ်! 


ဒါတောင်ဘာလို့ အဖွားကြီးကမူးလဲသွားရ​သေး တာလဲ?


သူ့မအခြေအနေကိုဆက်မစဥ်းစားနိုင်တော့ကာ အဖွားကြီးဟန် ထံသို့အမြန်ပြေးပြောလိုက်သည် ။


" အမေ....အမေ..."


အဖိုးကြီးဟန်က အဖွားကြီးဟန်၏ ခိုးဖွက်ထားသည့်ပိုက်ဆံများအခိုးခံ လိုက်ရသောကြောင့် ဒေါသထွက်လွန်ပြီးမူးလဲသွား​သည်ဟုထင်လိုက်သည်  ။သို့သော်လည်း ပထမချွေးသည်နားမလည်နိုင်သေးချေ ။


ပိုက်ဆံသေတ္တာကြီးတစ်ခုလုံးမျက်စိရှေ့မှာရှိနေတာတောင် ဘာလို့မူးလဲသွားရတာလဲ? 


ဟန်ကျင်းယုက ဗီဒိုထဲအားလှမ်းကြည့်လိုက်သည့်အခါ စောင်မရှိတော့ကြောင်းတွေ့လိုက်ရသည် ။ ထိုစောင်များသည် တတိယအစ်ကိုပြန်ယူလာသည်ဖြစ်၍ လင်းလန်ယူသွားနိုင်သည်က အဆန်းမဟုတ်ချေ ။ စောင်တစ်ထည်ကြောင့် သူမ၏အမေ သတိလစ်သွားရသည့်အကြောင်းအရင်းအား သူမလည်းနားမလည်နိုင်ချေ ။


အဖိုးကြီးဟန်က အဖွားကြီးဟန်အား ကုတင်ပေါ်တွဲတင်လိုက်ကာ စိတ်ငြိမ်သွားစေရန် ရင်ဘတ်ကိုအသာပုတ်ပေးနေခဲ့သည် ။ သို့သော်လည်းအဖွားကြီးဟန်က စိတ်မငြိမ်နိုင်သေးကာ ထအော်နေခဲ့သည် ။


" မြန်မြန် လင်းလန်ကို ပြန်ဖမ်းမှရမယ်...သူမကိုသွားဖမ်း...."


အချိန်ခဏအတွင်းမှာပင်အဖွားကြီးဟန်က ဆယ်နှစ်စာမျှပိုအိုစာသွားသည်ဟုထင်ရသည် ။ ဟန်ကျင်းပေါင်က အနွေးကုတင်ပေါ်တွင် လှဲနေရင်း ရိုက်မည်နှက်မည်အော်ဟစ်နေသော်လည်း မည်သူကမျှဂရုမစိုက်ကြချေ ။


အဖိုးကြီးဟန်က ဟန်ရုံဖန်အား ဤကိစ္စကိုဖြေရှင်းခိုင်းမည်ဟု ကတိပေးလိုက်ရသည် ။ဟန်ကျင်းယု ကအဖိုးကြီးဟန်နှင့်အတူ ဟန်ရုံဖန် ၏အိမ်သို့လိုက်လာခဲ့သည် ။ သူတို့ထိုနေရာသို့ရောက်သည်နှင့် လင်းလန်ပါရောက်ရှိနေကြောင်းတွေ့လိုက်ရသည် ။ ငွေဖြတ်ပိုင်းနှင့်ပြေစာများအပြင် လျှော်ကြိုးများကိုပါ စားပွဲပေါ်တွင်တွေ့လိုက်ရသည် ။


ဟန်ရုံဖန်က ဟန်ချင်းယွမ်အား တစ်ခုခုညွှန်ကြားနေပုံရကာ အဖိုးကြီးဟန်တို့အားတွေ့သည်နှင့် အမြန်ပင်ခေါ်လိုက်လေသည် ။


" အချိန်ကိုက်ရောက်လာတာဘဲ ထိုင်ပါဦး ငါတို့သေသေချာချာဆွေးနွေးစရာရှိတယ် "


ဟန်ကျင်းယုက လင်းလန်အားတွေ့သည်နှင့် လက်ညိုးငေါက်ငေါက်ထိုးကာ အော်ဟစ်ပြောဆိုတော့သည် ။


" မြန်မြန်ဦးလေး အဲ့မိန်းမကိုကြိုးတုပ်ထားလိုက်...သူမကအမေ့ရဲ့ပိုက်ဆံတွေအပြင် အိမ်ကကြက်မတွေနဲ့ ကြက်ဥတွေကိုပါခိုးသွားတာ "


သို့သော်လည်း အဖိုးကြီးဟန်က စကားပင်ပြန်မပြောနိုင်တော့ချေ ။ တတိယမိသားစုအိမ်ခွဲခဲ့စဥ်က ယွမ်တစ်ရာသာပေးခဲ့သော်လည်း ယခင်နှစ်များအတွင်း ဟန်ချင်စုန့် ပြန်ပို့ပေးခဲ့သည့်ပိုက်ဆံသည် ယွမ်ထောင်ချီမကပေ ။ 


ငွေပြေစာဖြတ်ပိုင်း၏ အရှည်ပင်လျှင် နည်းနည်းနောနောမဟုတ်ချေ ။ အချုပ်အားဖြင့် ဆို​သော် အိမ်ခွဲရာ၌ ဟန်ချင်စုန့်ထောက်ပံ့ပေးသည့် ပိုက်ဆံပမာဏ၏ ဆယ်ပုံပုံ တစ်ပုံမျှပငင် ဟန်မိသားစုကမပေးခဲ့ကာ ပစ္စည်းတစ်ပုံတပင်အားထည့်တွက်လိုက်လျှင် မတရားဆက်ဆံခဲ့သည်မှာ အထင်အရှားပင်ဖြစ်သည် ။


ဟန်မိသားစု၏ မမျှမတဆက်ဆံမူများမှာဖော်ထုတ်ခံလိုက်ရပြီဖြစ်ကာ အဖိုးကြီးဟန်အနေနှင့်ရှောင်ရှား၍မရတော့ချေ ။ ချွေးစေးများထွက်ကာ အသက်ရူရင်ခက်ခဲလာပြီး မျက်နှာသည်လည်းဖြူဖျော့လာတော့သည် ။


" အဖေ...အဖေ "


ဟန်ကျင်းယု လှမ်းထိလိုက်သည့်အချိန်တွင်ပင် အဖိုးကြီးဟန် ရုတ်တရက်လဲကျသွားတော့သည် ။ ဟန်ကျင်းယုက ထိတ်လန့်သွား၍ အော်ခေါ်နေဆဲဖြစ်ပြီး ဟန်ရုံဖန်က အမြန်ဝင်ပြောလိုက်သည်။


" ဘာကြောင်နေတာလဲ နင့်အဖေကိုမြန်မြန်ထူလေ "


ဟန်ရုံဖန် ၏ဇနီးကအမြန်ပြေးလာကာ အဖိုးကြီးဟန်အား အမြန်သတိလည်လာစေရန် ပြုစု​ပေးလိုက်သည် ။ အချိန်ခဏကြာသည့်အခါမှ အဖိုးကြီးဟန်နိုးလာခဲ့ပြီး အသက်ဝဝရူကာ လင်းလန်ကိုကြည့်ပြီးပြောလိုက်သည် ။


" တတိယလေးရဲ့ဇနီး မင်းရဲ့ယောက္ခ်မတွေအတွက် ဂုဏ်သိက္ခာလေးနည်းနည်းတော့ ချန်ထားပေးပါဦး.. မင်းယူသွားတာတွေအတွက် မိသားစုကဆက်ပြီး​ပြောမှာမဟုတ်တော့ဘူး...မိသားစုအတွင်းရေးတွေကိုထပ်ပြီးလူမသိစေနဲ့တော့ ..."


လင်းလန်ကတော့သူမမှားနေသည်ဟုမထင်ခဲ့ပေ ။


" အဖေ ကျွန်မက အမေနဲ့အဖေ့ကို မျက်နှာပျက်အောင်လုပ်နေတာမဟုတ်ပါဘူး ။ ကျွန်မက ကလေးတွေရဲ့အဖေ ဒီနှစ်တွေအတွင်းပို့ပေးတဲ့ပိုက်ဆံတွေကိုတွက်ချက်ချင်ရုံပါ ပြီးတော့ ကျင်းပေါင်နဲ့ကျင်းယု တို့ဘယ်လောက်သုံးထားလဲဆိုတာပါတွက်ပြီး သေချာပြန်တောင်းရမှာပေါ့ "


" ဘာ..."


ဟန်ကျင်းယု ကလန့်သွားခဲ့သည် ။


" ငါ့တတိယအစ်ကိုရဲ့ ပိုက်ဆံကိုသုံးတာ ဘာလို့နင့်ကိုပြန်ပေးရမှာလဲ... ငါသုံးတဲ့အချိန်တုန်းက နင်တို့မိသားစုခွဲထွက်ရသေးတာမဟုတ်ဘူး ငါ့အမေပိုက်ဆံတွေကိုထိန်းသိမ်းပေးနေရတဲ့အချိန်အတွင်းမှာ သူမကြိုက်တဲ့လူကိုပေးခွင့်ရှိတယ်! "


လင်းလန် ကဟန်မိသားစုတစ်စုလုံး၏ တစ်ဖက်စောင်းနင်းဖြစ်နေမူအားစိတ်ကုန်နေပြီဖြစ်သောကြောင့်ပြောလိုက်သည် ။


" နင်တို့ဘာဘဲပြောပြော အုပ်ချုပ်ရေးမှူးကို သေသေချာချာစုံစမ်းခိုင်းမှာဘဲ မနက်ဖြန်ကျရင် ခရိုင်ရဲစခန်းကိုသွားပြီး ငါတိုင်ချက်ဖွင့်မယ် ။ ဟန်တစ်မိသားစုလုံးက တတိယသား အိမ်ပြန်ပို့တဲ့ ပိုက်ဆံတွေကို ခွဲဝေသုံးစွဲပြီး သူရဲ့ဇနီးနဲ့ကလေးတွေကိုတော့ အငတ်ထားတယ်ဆိုတာရယ် ။ ကလေးတွေကပိုက်ဆံမရှိလို့ဝဝလင်လင်တောင်မစားရဘဲ ကျောင်းတက်ဖို့မတတ်နိုင်ကြတာရယ် ။ အိမ်ခွဲ ပြီးတဲ့နောက်မှာတောင် အငယ်ဆုံးသားက မရီးနဲ့ကလေးတွေဘဲအိမ်မှာကျန်ခဲ့တဲ့ အချိန်မှာ အော်ဟစ်သောင်းကျန်းပြီး တူအရင်းကိုသတ်ဖို့ကြိုးစားတာကို ငါတိုင်ချက်ဖွင့်မယ် "


လင်းလန်က ဟန်ကျင်းယု အား အေးစက်စွာကြည့်ကာပြောလိုက်သည် ။


"  ပိုက်ဆံတွေတစ်ပြားမကျန်ပြန်မပေးနိုင်ဘူးဆိုရင် တစ်မိသားစုလုံးထောင်ထဲဝင်ဖို့ အေးအေးဆေးဆေးထိုင်စောင့်နေလို့ရတယ်နော် ။ပြီးတော့.. နင်...ဟန်ကျင်းယု နင်ကမြို့မှာ သခင်မလေးတစ်ယောက်လိုဝတ်စားနေထိုင်နိုင်နေတာက ငါ့ယောက်ျားရဲ့ပိုက်ဆံတွေကြောင့်ဆိုတာမမေ့နဲ့ ။ ဒါတောင်မှ ငါ့သမီးကိုနင့်ရဲ့အစေခံလိုခိုင်းစားချင်နေသေးတယ် ။ နင်က အဖွားကြီးရဲ့ အချစ်ဆုံးသမီးဆိုတော့ ပိုက်ဆံအများစုကို နင့်ဆီသေချာပေါက်ပို့ပေးခဲ့မှာဘဲ နင်လဲပြေးမလွတ်ဘူးဆိုတာကိုသိထားလိုက် "


xxxxxx

Part 98


လင်းလန်စကားအဆုံး၌ ဟန်ချင်းယွမ်က ထသတ်တော့မလို ဖြစ်နေသော ဟန်ကျင်းယုကို ပြောလိုက်သည်။


" ကျင်းယု နင်နဲ့ကျင်းပေါင်တို့ ရွာမှာရန်ဖြစ်ကြသလိုဘဲဆိုရင်ကိစ္စမရှိပေမဲ့ ခရိုင်ရဲစခန်းမှာဆိုရင်တော့ မတူတဲ့ကိစ္စဖြစ်သွားပြီနော် "


ဟန်ကျင်းယု၏ စိတ်ထဲတွင်တော့ သူမ၏ဆရာတွေပြောပြသည့် အပြစ်ဝန်ခံခြင်းအကြောင်းသာတွေးနေမိသည် ။ ကတုံးတုံးခံထားရပြီး မိမိတို့၏အပြစ်များကို ချရေးကာလည်ပင်း၌ချိတ်ဆွဲထား၍ အရိုက်ခံကြရခြင်းဖြစ်သည် ။ သူမအနေနှင့်ထိုသို့အရှက်ခွဲမူအား ခံနိုင်မည်မဟုတ်ချေ ။


" နင်...နင်...နင် လုပ်ရဲလား "


သူမက အရမ်းတုန်လူပ်နေခဲ့ပြီး ကုတင်စွန်းတွင်ထိုင်နေသည့် ဟန်ရုံဖန်အား အားကိုးတကြီးအကူအညီတောင်းလိုက်သည် ။


" ဦးလေး..ကျွန်မတို့ကို ကူညီပါဦး "


" ငါဒီမှာ အားယားယားကူညီဖို့ထိုင်နေတာမဟုတ်ဘူး "


ဟန်ရုံဖန်က ဟန်မိသားစု၏ ဟန်ချင်စုန်အပေါ် အခွင့်အရေးယူသည်အားမနှစ်မြို့သည်မှာကြာပြီဖြစ်ပြီး အဖွားကြီးဟန် ၏အကျင့်စရိုက်အားလည်း သဘောမကျပေ ။ ထို့အချိန်မှာပင် ဟန်ချင်းယွမ်က အံ့သြတကြီးထအော်လိုက်သည် ။


" ဘုရား...ဘုရား...တကယ်ကိုမယုံနိုင်စရာကြီးဘဲ ပြီးခဲ့တဲ့ဆယ်နှစ်လုံးလုံး အစ်ကို့ရဲ့ အိမ်ပြန်ပို့တဲ့ပိုက်ဆံက 7521 ယွမ်တောင်ရှိတယ် ။ ဒီလောက်ပိုက်ဆံအများကြီးရှိတာ တော်တော်ကံကောင်းတာဘဲ "


လင်းလန်သည်ပင် အနည်းငယ်လန့်သွားခဲ့ရသည် ။ ယွမ်ငါးထောင်နီးပါးသာ ရှိလောက်မည်ဟုထင်သော်လည်း ဤမျှများပြားမည်မှန်း မခန့်မှန်းထားမိခဲ့ချေ ။


သို့ရာတွင် ထိုနှစ်တစ်လျှောက်လုံး၌ ဟန်ချင်စုန့်၏ တရားဝင်လစာအပြင် ဂုဏ်ထူးဆောင်မူများကြောင့် ဆု​​ကြေးငွေများရခဲ့သည်မှာလည်းမနည်းပေ ။ မိမိကိုယ်တိုင် အတွက်သုံးစွဲ ခြင်းမရှိဘဲ ဆယ်စုနှစ်တစ်ခုတိုင်အောင် ရသမျှအကုန်အိမ်သို့သာပြန်ပို့ခဲ့သည် ။


သို့သော်လည်း အဖွားကြီးဟန်နှင့်အငယ်များက လောဘကြီးနေဆဲဖြစ်ပြီး အမြဲတမ်းမလုံလောက်နိုင်ခဲ့ကာ အခွင့်အရေးမှန်သမျှသူတို့သာရသင့်သည်ဟု တွေးနေခဲ့ကြသည် ။ 


တစ်မိသားစုလုံးက အရမ်းရွံဖို့ကောင်းတယ်!


မိသားစုခွဲထွက်ပြီးသည့်နောက်တွင် အတိတ်ကအရာအားလုံးမေ့ကာ အေးအေးချမ်းချမ်းနေပြီး ဟန်ချင်စုန့်နှင့် မိသားစုကြားတွင် အငြင်းပွားစရာအဖြစ်အပျက်များမဖြစ်စေချင်ခဲ့ပေ ။


သို့သော်လည်း ဟန်ချင်စုန့်အိမ်မှာမရှိသည့်အချိန်၌ ဟန်ကျင်းပေါင်က ပြဿနာလာရှာလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ ။ အရှက်မဲ့စွာ လာသောင်းကျန်းခဲ့သည့်အပြင် သူမ၏သွေးသားကိုပါထိခိုက်စေခဲ့သည် ။


သူမ အိမ်မှပစ္စည်းများဖျက်ဆီးသည်အထိသည်းခံနိုင်သေးသော်လည်း သူမ၏ကလေးအား ထိခိုက်အောင်လုပ်ခဲ့သည်ကို ခွင့်မလွှတ်ပေးနိုင်ချေ ။ ရှေ့ဆက် ၍ဟန်ကျင်းပေါင် ကောင်းကောင်းမွန်မွန်မနေရအောင် သေချာပေါက်ပြန်ပေးဆပ်ခိုင်းမည်ဖြစ်သည် ။


အတိတ်မှ ကိစ္စများအားနောက်ကြောင်းမလှန်လိုသော်လည်း သူ၏လက်ရှိပိုင်ဆိုင်မူများကိုပါ ထိခိုက်လာသောကြောင့် ရှေ့လျှောက် သည်းခံမည်မဟုတ်တော့ချေ ။ သူမပိုင်ဆိုင်သင့်သည့်အရာအားလုံး သေချာပေါက် ပြန်အရယူရန်ဆုံးဖြတ်လိုက်ပြီ ဖြစ်သည် ။


သူမမိသားစုအပေါ် အခွင့်ကောင်းယူအနိုင်ကျင့်ခဲ့တာတွေအကုန်လုံး တစ်ခုမကျန်မှတ်ထားတယ်!


သူမရဲ့သားကို နာကျင်စေတာထက် ဆယ်ဆပိုခံစားရအောင် သင်ခန်းစာပေးပြမယ်!


" မိသားစုခွဲထွက်တုန်းက ယွမ်တစ်ရာရခဲ့ပေမဲ့ အရင်နှစ်တွေတုန်းကနင်တို့မိသားစုကပေးတဲ့ပိုက်ဆံကယွမ်သုံးဆယ်တောင်မရှိဘူး ။ ကျွန်မတို့လက်ထပ်တုန်းက သတိုးသမီးတင်တောင်းစရိတ် ယွမ်သုံးရာကိုဆယ်နဲ့ အစားအသောက်စရိတ် အကြီးတွေအတွက်ထောက်ပံ့ပေးတာကိုနုတ်မယ်ဆိုရင်တောင် တတိယမိသားစုက ယွမ်သုံးထောင်အနည်းဆုံးရသင့်တယ် "


လွန်ခဲ့သည့်နှစ်များအတွင်း တစ်နှစ်လုံးမှဆယ်ယွမ်ပြည့်အောင်မသုံးခဲ့ရကာ သူမနှင့်ကလေးများ၏ ဘဝမှာ အလွန်ပင်ဆင်းရဲနိမ့်ကျစွာဖြတ်သန်းခဲ့ရသည် ။


အဖိုးကြီးဟန်က ပိုက်ဆံပမာဏ အားကြားသည့်အခါသွေးအန်မိမလိုပင်ဖြစ်သွားခဲ့သည် ။


" ယွမ်ခုနှစ်ထောင်တောင်လား...  ဘယ်လိုလုပ်အဲ့ဒီလောက်အများကြီး....."


အဖိုးကြီးဟန်က မည်သည့်အခါမျှ ဟန်ချင်စုန့် ပို့ပေးသည့်ငွေပမာကိုမသိခဲ့ချေ ။ ပိုက်ဆံများအားလုံးကို အဖွားကြီးဟန်ကသာ သိမ်းဆည်းထားပြီး မည်မျှရသည်မည်မျှသုံးစွဲသည်အား မသိခဲ့ရပေ ။ အဖိုးကြီးဟန်၏ ခန့်မှန်းတွက်ချက်မူအရ ယွမ်သုံးလေးထောင်သာရှိမည် ဟုထင်ခဲ့သော်လည်း ယွမ်ခုနှစ်ထောင်ဟူသည့်ပမာဏမှာ လန့်သေ သွားစေနိုင်လောက်သည် ။


အဖွားကြီးဟန်က သူမ၏အချစ်ဆုံးသားနှင့်သမီးတွေ ရေလိုသုံးဖြုန်းပေးခဲ့သည့်ပိုက်ဆံများမှာ မည်သည့်နေရာကလာကြောင်းတွေးရန်ပင် မလိုအပ်တော့ချေ ။ တစ်ခါတစ်ရံ၌ သူမ၏မိသားစုဘက်မှသွေးနီးသည့်ဆွေမျိုးများအား ငွေထောက်ပံ့ပေးတတ်သေးသည် ။


အဖိုးကြီးဟန်က လင်းလန် ယွမ်သုံးထောင်တောင်းဆိုသည်အား မည်သို့ဖြေရှင်းပေးရမည်မသိတော့ချေ ။


မိသားစုခွဲမထွက်ခင်တစ်ညအလို၌ အဖွားကြီးဟန်ပိုက်ဆံများရေတွက်နေသည်မှာ အတိအကျပင် ယွမ်တစ်ထောင့်ငါးရာရှိသည် ။ အဖိုးကြီးဟန်က မိသားစုခွဲထွက်သည့်အခါ ယွမ်ငါးရာခန့်ပေးသင့်သည်ဟု အကြံပြုခဲ့သော်လည်း အဖွားကြီးဟန်က လက်မခံခဲ့ပေ ။ လင်းလန်အား လတိုင်းယွမ်နှစ်ဆယ်ပေးသောကြောင့် အများကြီးထပ်ပေးရန်မလိုဟုသာငြင်းဆိုခဲ့သည် ။


အဖွားကြီးဟန်က ယွမ်နှစ်ရာကိုသေတ္တာထဲတွင်ပြန်သိမ်းထားခဲ့ပြီး  လင်းလန်အား ယွမ်တစ်ရာပေးပေးရသည်ကို နှမြောလွန်း၍ အံတကြိတ်ကြိတ်ဖြစ်ခဲ့ရသည် ။ 


ဒါပေမဲ့လည်း အဖွားကြီးဟန်က ယွမ်ခုနှစ်ထောင်လုံးသုံးဖြုန်းထားခဲ့တယ်ဆိုတာ ဘယ်သူထင်မိမှာလဲ...


ဟန်ရုံဖန်က ဟန်မိသားစု၏ လုပ်ရပ်များအား ဝင်မပါချင်ပါသော်လည်း သက်ပြင်းချကာပြောလိုက်သည် ။


" အဲ့ဒီပိုက်ဆံတွေအကုန်လုံးက ဟန်ချင်စုန့် ရဲ့သွေးနဲ့ချွေးနဲ့ရင်းရလာတဲ့ ပိုက်ဆံတွေနော် ။ နောက်ခံမရှိတဲ့လယ်သမားလေးဘဝကနေ ဒီလောက်ထိတောင့်ခံနိုင်ဖို့က သူ့အတွက်မလွယ်ကူဘူးဆိုတာမင်းတို့သိသင့်တယ် ။ အဲ့ဒီပိုက်ဆံတွေက သူ့အနာဂတ်အတွက်အရမ်းအရေးပါတယ် "


လင်းလန်က အံတင်းတင်းကြိတ်ထားခဲ့သည် ။ ယွမ်သုံးထောင်မှတစ်ကျပ်မှလျော့ခဲ့လျှင်တောင် မည်သူမျက်နှာပျက်ပျက်ဂရုမစိုက်တော့ကာ တရားစွဲဆိုမည်ဖြစ်သည် ။


" တတိယလေးရဲ့ဇနီး နင်ကငါတို့လူအိုကြီးတွေကိုသေစေချင်နေတာလား...  ယွမ်သုံးထောင်တောင် ဘယ်ကသွားရှာရမှာလဲ?  ငါတို့လူအိုကြီးတွေရဲ့အရိုးတွေကတောင်ယွမ်ငါးရာမတန်ဘူး  "


( TN / ပြောချင်တာတော့ တစ်မိသားစုလုံးလဲသေလိုက်ကြပါတော့)


လင်းလန်က အေးစက်စွာပြောလိုက်ပြီး သူမ၏လေသံထဲ၌အားနာခြင်းတစ်စက်မျှမပါခဲ့ချေ ။


" အဲ့တာဆိုလဲ အဖွားကြီးဟန် ဖူးဖူးမူတ်ထားတဲ့ အငယ်နှစ်ယောက်ကိုရှာပြီးပြန်ဆပ်ခိုင်းလေ ။ သူတို့နှစ်ယောက်စလုံးက အဆင့်အတန်းမြင့် သူဌေးတွေလို ရုပ်ရှင်ရုံတွေသွား စားသောက်ဆိုင်တွေမှာ စားသောက်ပြီးသုံးဖြုန်းခဲ့ကြတာလေ "


ထိုခေတ်ကာလတွင် အနည်းငယ်ကြပ်တည်းကြသော်လည်း လယ်သမားမိသားစုများမှာ မိမိတို့၏လယ်ထွက်သီးနှံများအား စားသောက်နိုင်ကြသည် ။ စားသောက်ဆိုင်များ၌ စားသောက်ခြင်းသည် အနည်းဆုံးသုံးလေးယွမ်မျှကုန်ကျပြီး ကျေးလက်တွင်နေထိုင်သူများအတွက် ပိုက်ဆံများအားလွှင့်ပစ်နေသကဲ့သို့ ဖြစ်သည် ။


အားဝမ်နှင့်မိုင်စွေ့တို့မြို့သို့ သွားသည်အကြိမ်တိုင်းတွင် ဟန်ကျင်းပေါင်က တစ်ပတ်လျှင်တစ်ကြိမ်ခန့်မျှစားသောက်ဆိုင်၌သွားရောက်စားသောက်လေ့ရှိကြောင်းပြောပြကြသည် ။ တစ်ခါတစ်ရံတွင် စျေးကြီးသောဟင်းပွဲများကိုပါမှာယူစားသောက်လေ့ရှိပြီး လက်မှတ်များမလိုအပ်ဘဲ ငွေသားနှင့်သာပေးချေလေ့ရှိကာ အမျိုးသမီးများအထင်ကြီးစေရန်အတွက် ဟိတ်ဟန်ထုတ်နေလေ့ရှိသည် ။


" တပ်ခွဲမူးဟန်ချင်စုန့် ရဲ့ဇနီးနဲ့ကလေးတွေကအိမ်မှာငတ်ပြတ်နေကြပြီး ပြည်သူ့တပ်သားတစ်ယောက်ရဲ့ ကလေးတွေကကျောင်းတက်ဖို့တောင်ခက်ခဲနေတယ် ။ နိုင်ငံ့ဝန်ထမ်းတစ်ယောက်ရဲ့မိသားစုက ဆင်းရဲနေပြီး ကျန်တဲ့မိသားစုဝင်တွေက အနိုင်ကျင့်နေကြတာကိုသာလူတွေသိရင် ဘယ်လောက်တောင် ဒေါသထွက်လိုက်ကြမလဲ "


ဟန်ချင်းယွမ်ကလည်း လင်းလန်အား အပြည့်အဝထောက်ခံခဲ့သည် ။


" ဟုတ်တယ် ပညာတတ်အသိုင်းအဝိုင်းမှာဆိုရင် ဒီလုပ်ရပ်က လူမဆန်ဘူးလို့ဝေဖန်ခံရလိမ့်မယ် "


ဟန်ကျင်းယုက ကြောက်လန့်လွန်းသောကြောင့် ချွေးစေးများထွက်နေပြီး ခြေထောက်များပျော့ခွေကာ မြေပေါ်သို့ပုံလျှက်လဲကျသွားတော့သည် ။


xxxxxx