အပိုင်း ၉၉-၁၀၀
Viewers 23k

Part 99


ဟန်ရုံဖန်က ဤမျှကြီးမားသည့်မိသားစုပြဿနာအား ခေါင်းရူပ်ခံပြီးမဆုံးဖြတ်ချင်ပေ ။ သူသည်လည်းအပြင်လူတစ်ပိုင်းဖြစ်သောကြောင့် ထိုမိသားစုကြားထဲ၌ အမုန်းမခံချင်ကာ နောက်ဆုံးဆုံးဖြတ်ချက်မှာ အလယ်လူဖြစ်သည့်ဟန်ချင်စုန့်နှင့်သာသက်ဆိုင်သည် ။


" ချင်စုန့်ရဲ့ဇနီးလေး ဦးလေးရဲ့မျက်နှာကိုထောက်ထားပြီး နည်းနည်းလောက်ညှာတာပေးလိုက်ပါ ။ ယွမ်သုံးထောင်ဆိုတာကတော့ သူတို့အတွက်ခက်ခဲလွန်းပါတယ် ".


" ဒါဆိုရင် ဦးလေးပြောကြည့် အဲ့ဒီကျေးဇူးမသိတတ်တဲ့လူတွေက ဘယ်လောက်ပြန်ပေးသင့်တယ်လို့ထင်လဲ "


ဟန်ရုံဖန်က စာရင်းကိုကြည့်ကာပြောလိုက်သည် ။


" ဒီလိုဆိုရင်ရော အစ်ကိုကြီးတစ်ယောက်ရဲ့အငယ်တွေအတွက်ထောက်ပံ့ပေးတာလို့ယူဆလိုက်ပြီး ...."


ဟန်ရုံဖန်က စကားစရပ်ထားကာ အဖိုးကြီးဟန်နှင့်ဟန်ကျင်းယု အားကြည့်လိုက်သည် ။ ထိုနှစ်ယောက်ကတစ်ပြားတစ်ချပ်မှပေး ချင်နေပုံမရပေ ။ လင်းလန်ဘက်ကကြည့်လျှင်လည်း သူမမတရားခံရသည်မှာများလွန်းလှပြီး ဟန်ဖန်ရုံအနေနှင့် မီးခဲဖင်ခုထိုင်နေရသလိုဖြစ်နေခဲ့သည် ။


ဟန်ရုံဖန်ကဆက်ပြောလိုက်သည် ။


" တစ်ဝက်ကိုထောက်ပံ့ပေးတယ်လို့တွေးပြီး ယွမ်တစ်ထောင့်ငါးရာဘဲ ယူလိုက်ရင်ရောဘယ်လိုလဲ "


ဟန်ကျင်းယုက လက်မခံနိုင်ကာအော်လိုက်သည် ။


" ဦးလေး! ဒီလိုလုပ်လို့မဖြစ်ဘူးလေ  ယွမ်ထောင့်ငါးရာလောက်ပိုက်ဆံကြီး ကျွန်မတို့ကဘယ်မှာသွားရှာရမှာလဲ "


သူမက အသည်းနှလုံးတွေအနာခံကာ သူမ၏နာရီကိုချွတ်ပြီးစားပွဲပေါ်တင်ရင်းပြောလိုက်သည် ။


" ဒီနာရီကယွမ်တစ်ရာ့ငါးဆယ်တန်တယ် ပြီးတော့ငါ့မှာလက်မှတ်ချို့ရှိသေးတယ် "


" သုံးပြီးသားဖြစ်နေပြီယွမ်တစ်ရာဘဲတန်တယ် "


ဟန်ကျင်းယုက သူမ၏ပုံစံအားဂရုမစိုက်နိုင်တော့ကာ အော်ဟစ်ငိုယိုတော့သည် ။


လင်းလန်က သူမအားအထင်သေးစွာကြည့်ရင်းပြောလိုက်သည် ။


" ကောင်းပြီ ဦးလေးမျက်နှာနဲ့ကျွန်မ နည်းနည်းအလျော့ပေးလိုက်မယ် ။ ဦးလေးက ကျွန်မတို့ွာရဲ့အကြီးအကဲဆိုတော့ ဦးလေးစကားကိုကျွန်မယုံတယ် တစ်ဝက်ဆိုလည်းတစ်ဝက်ပေါ့ ဒါပေမဲ့ ဘယ်လိုနည်းနဲ့ဘဲဖြစ်ဖြစ် ယွမ်တစ်ထောင့်ငါးရာပြည့်အောင်ပြန်ပေးရမယ် ။ စက်ဘီး ၊ နာရီတွေနဲ့လျှပ်စီးပစ္စည်းတွေကိုတော့ တစ်ပတ်ရစ်စျေးအတိုင်းတန်ဖိုးဖြတ်မယ် "


ဟန်ဖန်ရုံက ခေါင်းညိမ့်ကာပြောလိုက်သည် ။


" တကယ်ကိုညှာတာပေးတတ်တဲ့ ချွေးမလေးဘဲ "  


ဟန်ရုံဖန်က ဟန်ကျင်းယုအားကြည့်ကာပြောလိုက်သည် ။


" မြန်မြန်အိမ်ပြန်ပြီးပိုက်ဆံဘယ်လိုပေးရမလဲ တိုင်ပင်တော့လေ ရှိတဲ့ပိုက်ဆံကိုလည်း သုံးဖြုန်းဖို့မစဥ်းစားနဲ့ ဒီလောက်အလျော့ပေးထားတောင်မှ ပြည့်အောင်မပေးနိုင်ရင် နင်တို့တစ်မိသားစုလုံးရဲစခန်းမှာသာသွားရှင်းကြတော့ "


" ပိုက်ဆံနဲ့ပစ္စည်းတွေတန်ဖိုးဖြတ်တာကိုဦးလေးရဲ့ ရှေ့မှာဘဲလုပ်ချင်ပါတယ် ။ ကျွန်မသာအိမ်ပြန်သွားခဲ့ရင်တစ်ယောက်သောအမျိုးသမီးက လူငှားပြီးသတ်ခိုင်းမှာတောင်ကျွန်မကြောက်မိတယ် "


ဟန်ရုံဖန် အနေနှင့် သူ့တစ်ဘဝလုံးစောင့်ထိန်းခဲ့ရသည့် ဂုဏ်သိက္ခာများအကုန် ချနင်းခံရသလို ခံစားလိုက်ရသည် ။


အကယ်၍ ပြဿနာအားအခွင့်အရေးရချိန် အပြီးသတ်မဖြေရှင်းပါက အုပ်ချုပ်ရေးမှူးအပြင် အတွင်းရေးမူးခေါင်းဆောင်တို့ပါ ဆုံးဖြတ်ရန်ပါဝင်လာကြလိမ့်မည် ။ ဟန်ချင်စုန့် အိမ်ပြန်ပို့သည့်ပိုက်ဆံများသည် မိသားစုနှင့် သူ၏ဇနီးအတွက် တစ်ဝက်ဆီရည်ရွယ်ထားခြင်းဖြစ်ကာ ကျင်းယုနှင့်ကျင်းပေါင်တို့သုံးစွဲသည်ကပင် အပြစ်ဖြစ်နေပြီဖြစ်သည် ။


လင်းလန်ထံပို့ပေးသည့်ဝေစုထဲမှ ထိုနှစ်ယောက်သုံးစွဲထားသည့် ငွေပမာဏအတိုင်းသေချာပေါက်ပြန်ပေးသင့်သော်လည်း အတိအကျမတောင်းဆိုသောကြောင့် လင်းလန်ညှာထာထောက်ထားပေးပြီးဖြစ်သည် ။


ဟန်မိသားစုအနေနှင့် ထပ်ပြီးတွယ်ကပ်နေပါက နောက်ဆုံးဖြေရှင်းရာလမ်းမှာ တရားရုံးသာရှိတော့သည် ။ ထိုအခါမှ ရူံးမည်သေချာနေကာ တရားစရိတ်ပါထပ်ကုန်ကျမည်ဖြစ်ပြီး နှစ်ခါနစ်နာမည်ဖြစ်သည် ။


အဖိုးကြီးဟန်အနေဖြင့် နောက်ဆုတ်ရန်လမ်းမရှိတော့ချေ ။ ကျေးရွာအုပ်ချုပ်ရေးပိုင်းအဖွဲ့ဝင်ဖြစ်သည့် ဟန်ရုံဖန်၏ ဆုံးဖြတ်ချက်များသည် မည်သည့်အခါမျှဘက်လိုက်ခြင်းမရှိခဲ့ကာ မျှတကြောင်းစစ်ဆေးရန်ပင်မလိုချေ ။


အဖိုးကြီးဟန်က ပိုက်ဆံမရှိသော်လည်း မရရအောင်ရှာပေးရမည်ဖြစ်ကာ မရှိတော့သည့်ဂုဏ်သိက္ခာအား ထပ်ကျမခံနိုင်တော့ချေ ။ အနည်းနှင့်အများဆိုသလိုပင် သတင်းပျံ့နှံ့သွားမည်ဖြစ်ကာ ချွေးမအား အနိုင်ကျင့်ပြီးယုတ်မာသည့်ယောက္ခမဆိုးအဖြစ်အရှက်မကွဲချင်ပေ ။


လင်းလန်တောင်းဆိုသည့်ပိုက်ဆံအား အပြည့်မပေးနိုင်ခဲ့ပါက ရွာထဲ၌မည်သူ့ကိုမျှမျက်နှာချင်းမဆိုင်ရဲလောက်အောင် ရှက်ရွံ့နေရတော့မည်ဖြစ်သည် ။ အဖိုးကြီးဟန်က မျက်နှာကိုအုပ်ထားပြီးအိမ်သို့အမြန်ပြန်ပြေးသွားကာ ဟန်ကျင်းယုလည်းနောက်မှလိုက်သွားခဲ့သည် ။


အဖိုးကြီးဟန် အိမ်ပြန်ရောက်သည့်အချိန်အထိ ဟန်ကျင်းပေါင်က ဝက်အော်သံဖြင့်ညည်းညူအော်ဟစ်နေဆဲဖြစ်ကာ လင်းလန်အားကျိန်ဆဲနေခဲ့သည် ။ အဖိုးကြီးဟန်အားမြင်သည်နှင့် အဖွားကြီးဟန်က အမြန်ပြေးလာကာမေးတော့သည် ။


" အဖိုးကြီးသူမကိုဖမ်းမိလား... "


အဖိုးကြီးဟန်က စိတ်ပျက်လက်ပြက် သက်ပြင်းချလိုက်ကာ ငိုချင်ရင်တောင်မျက်ရည်မထွက်နိုင်ချေ ။ ပန်ကန်းလုံးအတွင်ဝင်ပုန်းနေ၍ ရလျှင်ကောင်းမည်ဟုတောင်ဆု​​တောင်းမိနေသည်။


အဖိုးကြီးဟန်က လက်ကိုဝှေ့ယမ်းရင်းအဖွားကြီးဟန်အားပြောလိုက်သည် ။


" မြန်မြန်ပိုက်ဆံတွေအကုန်ယူထုတ်လာခဲ့ ငါတို့သူမကိုပြန်ပေးရမယ် "


အဖွားကြီးဟန်က ဘာတွေဖြစ်နေလဲ နားမလည်နိုင်ခဲ့ချေ ။


" ရှင်ရူးသွားပြီလား... "


အဖိုးကြီးဟန်က အဖွားကြီးဟန်အား အလွန်စိတ်ပျက်နေသည့်ပုံစံနှင့်ကြည့်ကာပြောလိုက်သည် ။


" ငါ့ကိုပြောစမ်းပါဦး ယွမ်ခုနှစ်ထောင်ကျော်လုံးကို မင်းဘယ်လိုတောင်သုံးဖြုန်းလိုက်တာလဲ ! "


အစ်ကိုကြီးအပါအဝင်တစ်အိမ်သားလုံး လန့်သွားကြသည် ။


အိမ်မှာဘယ်တုန်းက ယွမ်ထောင်ချီရှိသွားရတာလဲ...


 ဟန်ကျင်းပေါင်က မနေနိုင်တော့ကာထပြောခဲ့သည် ။


" အမေပြောတော့ယွမ်ရှစ်ရာဘဲကျန်တော့တာဆို ကျွန်တော်ယွမ်တစ်ထောင်ဘဲသုံးရသေးတယ် "


" ခွေးသားလေး မင်းပါးစပ်ပိတ်ထားလိုက်တော့ "


အဖိုးကြီးဟန်က ဟန်ကျင်းပေါင်အား လက်ညိုးထိုးထားပြီး ဒေါသထွက်လွန်း၍ စကားပင်ပြောမထွက်တော့ချေ ။

  


ဟန်ရုံဖန်နှင့် အတွင်းရေးမူးခေါင်းဆောင်တို့က စကားဝင်မပြောကြသော်လည်း သူတို့၏စိတ်ခံစားချက်များမှာ မျက်နှာပေါ်တွင်အတိုင်းသားပေါ်နေကြသည် ။ အဖွားကြီးဟန်က ကိုယ့်ဘက်ကိုယ်ယက်ကာ အော်ဟစ်နေဆဲဖြစ်သည် ။


" ဟာသဘဲ ! ဆယ်နှစ်တောင်စားသောက်လာတဲ့စရိတ်မတွက်ကြဘူးလား ရေသောက်ပြီးအသက်ရှင်နေကြတာမို့လို့လား... နေမကောင်းဖြစ်ရင်ဆရာဝန်ပြဖို့ပိုက်ဆံမကုန်ဘူးလား... အိမ်သုံးပစ္စည်းတွေဝယ်ဖို့ပိုက်ဆံမကုန်ဘူးလား..."


အဖွားကြီးဟန်မည်သို့ပင် ညည်းညူနေပါစေ လင်းလန်ကတော့ တစ်အိမ်လုံးခွာချရမည်ဆိုလျှင်တောင် ပိုက်ဆံပြည့်အောင်ယူရမည်ဟု ဆုံးဖြတ်ပြီးဖြစ်သည် ။ 


တရားဆွဲမည်ဟုခြိမ်းခြောက်လိုက်သည်နှင့် အကြောက်ဆုံးသူမှာ ဟန်ကျင်းယုသာဖြစ်ပြီး သူမသည် မကိုက်ဘဲဟိန်းနေသည့် စက္ကူကျားရုပ်လိုပင်ဖြစ်သည် ။ 


အကယ်၍ တရားဆွဲခံရပါက သူမ၏သူငယ်ချင်းများကြား၌ အရှက်ကွဲမည်ဖြစ်ကာ သူမအားလက်ထပ်ယူလိုမည့် အဆင့်တန်းမြင့်ယောကျ်ားများမရှိတော့မည်ကို စိုးရိမ်နေခဲ့သည် ။


xxxxxxxx

Part 100


ဟန်ကျင်းယုက အလွန်ပင်စိတ်ဓာတ်ကျနေခဲ့သည် ။


သူမသုံးခဲ့သမျှတွေအတွက် ဘယ်လိုပြန်ပေးရမှာလဲ...


သူမတွင်အလုပ်ပင် မရှိသေးသလို အမှတ်များရရန်အတွက်လည်း အလုပ်မလုပ်ခဲ့ဖူးပေ ။ 


အဖွားကြီးဟန်က ဟန်ကျင်းယု အားအော်ပြောလိုက်သည်။


" နင်ဘာတွေလုပ်နေတာလဲ အဲ့ဒီ့အဝတ်တွေက အရမ်းစျေးကြီးတယ်လေ "


ဟန်ကျင်းယုက ရေဒီယိုအားယူရန်လက်လှမ်းသည့်အချိန်တွင် ဟန်ကျင်းပေါင်က ထအော်လိုက်သည်။


" ပြန်ချလိုက်... ပြန်ချလိုက်စမ်း     နင်ဘာတွေလုပ်နေတာလဲ "


" လင်းလန်က ပိုက်ဆံတွေပြန်ပေးဖို့ အတွင်းရေးမူးခေါင်းဆောင်ဆီမှာတိုင်ထားတယ် တကယ်လို့ငါတို့ပြန်မပေးနိုင်ရင် မြို့ကရဲစခန်းမှာတရားစွဲမယ်လို့ပြောတယ် ။ ဦးလေးရဲ့မျက်နှာကြောင့်ယွမ်သုံးထောင်ကနေ ထောင့်ငါးရာဆီကိုလျော့ပေးထားတာ အမေ..ပိုက်ဆံတွေနဲ့ လဲလှယ်လို့ရတာတွေ အကုန်ပေးမှဖြစ်မယ် မဟုတ်ရင် ကျွန်မတို့အကုန်ထောင်ကျလိမ့်မယ် "


အဖွားကြီးဟန်က အသက်ရူကြပ်လာခဲ့ပြီး နောက်တစ်ကြိမ်မေ့လဲမလိုတောင်ဖြစ်လာခဲ့သည် ။ ပထမချွေးမဟန်က အဖွားကြီးဟန်မေ့လဲပြီထင်၍အပြေး ကူတွဲထားလိုက်သော်လည်း မေ့မသွားခဲ့ပေ ။ 


ဒုတိယချွေးမဟန်က မကျေနပ်သောကြောင့်ပြောလိုက်သည် ။


" နင်တို့အများကြီးသုံးထားသမျှကို ငါတို့ကရောဘာလို့ကြားထဲကပေးရမှာလဲ... "


ဟန်ကျင်းယုက ဒုတိယချွေးမအားဒေါသတကြီးအော်ပြောလိုက်သည် ။


" မိသားစုသာခွဲမထွက်ခဲ့ဘူးဆိုရင် ငါတို့ပြန်ပေးစရာလိုပါ့မလား "


" သုံးပြီးပြီဘဲလေ ပြန်ပေးဖို့လိုလို့လား "


ဒုတိယချွေးမဟန်က အပြင်းအထန်ငြင်းဆန်နေသကဲ့သို့ အဖွားကြီးဟန်ကလည်း လက်မခံခဲ့ပေ ။


" ငါလဲဘာမှမတတ်နိုင်ဘူးလေ ပြန်မပေးလို့တရားစွဲတဲ့အခါကျ အကုန်လုံးအတူတူထောင်ထဲဝင်ကြမလို့လား "


အဓိပ္ပါယ်မရှိသည့် ငြင်းခုံနေမူများအား သည်းမခံနိုင်တော့သောကြောင့် အဖိုးကြီးဟန်ကထအော်လိုက်သည် ။


" နင်တို့ကိုယ့်ကိုယ်သိက္ခာကိုယ်တန်ဖိုးထားကြသေးရင် ရှိသမျှပိုက်ဆံတွေအကုန်မြန်မြန်ထုတ်ကြစမ်း "


ယွမ်ခုနှစ်ထောင်နဲ့ငါးရာတောင်ကို ဘယ်လိုလုပ်သူရဲ့ဦးနှောက်မရှိတဲ့မိန်းမနဲ့ ကလေးနှစ်ယောကို သုံးခွင့်ပြုခဲ့မိတာပါလိမ့်...


အဖိုးကြီးဟန်နောင်တရလွန်း၍ သွေးများပင်ပြောင်းပြန်စီးသွားသလိုခံစားလိုက်ရသည် ။


အဖိုးကြီးဟန်က ပိုက်ဆံသေတ္တာကိုယူနေသည့်အချိန်တွင် အဖွားကြီးဟန်က အတင်းပြန်လုယူပါသော်လည်း အင်အားခြင်းမမျှတသောကြောင့် အလျော့ပေးလိုက်ရသည် ။


ပိုက်ဆံသေတ္တာအားဖွင့်ကြည့်သည့်အခါတွင် အထဲ၌ယွမ်ရှစ်ဆယ်သာရှိတော့သည် ။ ပိုက်ဆံများလေထဲတွင်ပျောက်သွားသကဲ့သို့ အစအနပင်ရှာမရတော့ချေ ။ အဖိုးကြီးဟန်၏ လက်များသည်ပင်တုန်ရီလာခဲ့သည်။


" ယွမ်တစ်ရာ့ခုနှစ်ဆယ် ကျန်တာမဟုတ်လား....ဘယ်လိုလုပ်...ဘယ်လိုလုပ်ပြီး...မရှိတော့တာလဲ "


အဖွားကြီးဟန်က သူမသမီးအတွက် ယွမ်သုံးဆယ် သားအတွက်ယွမ်လေးဆယ်ပေးခဲ့ကာ သူမ၏သွေးနီးဝမ်းကွဲများအားကူညီရန်အတွက် ယွမ်သုံးဆယ်ကိုပါဖွက်ထားခဲ့သည်။


အဖိုးကြီးဟန်၏အတွေးမှာ လင်းလန်က ယွမ်ထောင့်နှစ်ရာ ယူထားပြီးဖြစ်၍ ယွမ်သုံးရာသာ ထပ်ပေးရန်လိုသည်ဟု ထင်ခဲ့သည် ။ နာရီ ၊ ရေဒီယိုနှင့်စက်ဘီးတို့အပြင် အိမ်တွင်ကျန်သည့် ပိုက်ဆံများအားပေးလိုက်လျှင် လုံလောက်မည်ဟုတွက်ဆထားခဲ့သည် ။


သို့သော်လည်း လက်ကျန်ပိုက်ဆံများပါ ပျောက်ချင်းမလှပျောက်သွားလိမ့်မည်ဟု မထင်ထားခဲ့ချေ ။


" ပိုက်ဆံရော.. ပိုက်ဆံတွေဘယ်ရောက်သွားလဲ "


အဖိုးကြီးဟန်က ရူးသွပ်သွားသကဲ့သို့ ဒေါသတကြီးအော်ဟစ်နေခဲ့ပြီး အဖွားကြီးဟန်နှင့် ဟန်ကျင်းယုတို့က စတင်ငြင်းခုန်ကြပြန်သည် ။ ဟန်ကျင်းပေါင်က ယွမ်တစ်ရာကျန်ရှိသည်ဟုကြားသောအခါ မေးလိုက်သည် ။


" ယွမ်တစ်ရာတောင်ကျန်သေးတာကို အမေက ကျွန်တော့်ကို ယွမ်လေးဆယ်ဘဲပေးပြီးကျန်တာကို ကျင်းယုနဲ့ဝမ်းကွဲတွေအတွက် ချန်ထားတာမဟုတ်လား "


ဟန်ကျင်းယုက သူမထက်ဟန်ကျင်းပေါင်အား ပိုက်ဆံပိုပေးသည့်အကြောင်းကြားသည်နှင့် မကျေမနပ်ဖြစ်ကာ အော်တော့သည် ။


" အမေက ကျင်းပေါင်ကိုယွမ်လေးဆယ်တောင်ပေးပြီး သမီးကိုကျ ယွမ်သုံးဆယ်တည်းပေးတာလား... အမေကသမီးထက်သားကို ပိုအလေးထားတာဘဲ...ဝူး...ဝူး.. သမီးကိုချစ်တယ်လို့ပြောတာတွေကညာနေတာပေါ့ "


ဒုတိယအစ်ကိုဟန်နှင့်ဇနီးတို့က အရမ်းပင်မနာလိုဖြစ်နေကြသည် ။ သူတို့ဘဝတစ်လျှောက်လုံးတွင် ယွမ်သုံးဆယ်ဟူ၍တစ်ခါမျှမသုံးစွဲခဲ့ရပေ။


" မိသားစုကဒီလိုဖြစ်နေတော့လဲ ခွဲထွက်လိုက်ကြတာပေါ့ "


ပိုက်ဆံများအား ပြန်ပေးရမည်ကိုသိသော်လည်း ဤမျှများပြားမည်ဟု မည်သူမျှထင်မထားခဲ့ချေ ။ မိသားစုတွင်း အငြင်းပွားမူများဆက်တိုက်ဖြစ်ပေါ်နေပြီးတရားစွဲမခံရရေးအတွက် ရှိသမျှအကုန်ထုတ်ရောင်းလိုက်ရန်သာ ရှိတော့သည် ။


အဖိုးကြီးဟန်က ဒုတိယအစ်ကိုဟန်အား စက်ဘီးအပါအဝင် တန်ဖိုးရှိမည့်ပစ္စည်းများအားလုံး  လင်းလန်ထံသို့တန်ဖိုးဖြတ်ရန် ပို့ခိုင်းလိုက်သည် ။


ဟန်ကျင်းပေါင်က ခြေထောက်မှအနာကိုပင်ဂရုမစိုက်နိုင်တော့ပဲ ထတားခဲ့သည် ။


"  အစ်ကိုကြီးတို့နဲ့မရီးတို့ရယ် ကျွန်တော်တို့က မိသားစုတွေဘဲမလား ... အဲ့ဒီမိန်းမ လိုချင်တာကိုပေးလိုက်လို့မဖြစ်ဘူးလေ ။ ကျွန်တော် တို့စည်းလုံးရမှာပေါ့ "


ပေးလိုက်ရမည့်ပစ္စည်းအများစုသည် ဟန်ကျင်းယု   ထံမှဖြစ်ကာ သူမတို့နှင့်  ဘာမျှမပက်သက်ချေ ။ ထို့ကြောင့် ပထမချွေးမဟန်က ဂရုမစိုက်ပေ။ သူမ၏ကလေးများကို အိပ်ရာဝင်ခိုင်းလိုက်ပြီး အစ်ကိုကြီးဟန်  ကိုပါ  အိပ်ခိုင်းလိုက်သည် ။


သို့သော်လည်း အစ်ကိုကြီးဟန်က ကူညီချင်နေဆဲဖြစ်သည် ။ ပထမချွေးမဟန်က ထိုမိသားစု အရူပ်တော်ပုံတွင်  ဝင်ပါရန်ပျင်းလွန်းသောကြောင့် ကလေးများနှင့်သာသွားအိပ်တော့သည် ။


လင်းလန်က ဟန်ရုံဖန်၏အိမ်၌စောင့်နေဆဲဖြစ်သည် ။


" ကျွန်မကြောင့်ဦးလေးတို့ပါ အိပ်ရေးပျက်နေရပြီ "


ဟန်ချင်းယွမ်က ပြုံးကာပြောလိုက်သည် ။


" ကိစ္စမရှိပါဘူး လူကြီးတွေစုပြီးညနက်တဲ့အထိပုံမှန်စကားပြောနေကျ "


ဟန်ရုံဖန်က လှမ်းကြည့်လိုက်သောကြောင့်  ဟန်ချင်းယွမ်ခေါင်းငုံ့လိုက်ကာ ဘာမှဆက်မပြောတော့ချေ ။ ဟန်မိသားစု  ရောက်မလာသေးသောကြောင့်  ဟန်ချင်းယွမ်အား သွားကြည့်ခိုင်းလိုက်သည် ။


မကြာခင်မှာပင် အစ်ကိုကြီးဟန်နှင့်ဒုတိယအစ်ကိုဟန်တို့သည် ဟန်ချင်းယွမ်နှင့် ပါလာခဲ့သည် ။ အဖိုးကြီးဟန်နှင့် ဟန်ကျင်းယုတို့က မျက်နှာထပ်ပြရန် ရှက်ရွံ့နေသောကြောင့် သားနှစ်ယောက်အား ဒိုင်းအဖြစ်အသုံးပြုလိုက်ခြင်းဖြစ်သည် ။


လင်းလန်အား တွေ့သည်နှင့် ဒုတိယအစ်ကိုဟန်၏မျက်ဝန်းထဲ၌ ဒေါသမီးများတောက်လောင်လာကာ ထရိုက်ချင်ပါသော်လည်း မလုပ်ရဲခဲ့ပေ ။


" စက်ဘီး ၊ ရေဒီယိုနဲ့နာရီပေါင်းရင် ယွမ်သုံးရာတန်တယ် အခုနင်ကျေနပ်ပြီလား "


လင်းလန်က မျက်စောင်းထိုးကာပြောလိုက်သည် ။


" ရေဒီယိုကအသုံးပြုပြီးဖြစ်နေပြီ ယွမ်ငါးဆယ်ဘဲတန်တော့တယ် မယုံရင်သမဝါယမအသင်းမှာသွားမေးလို့ရတယ် ယွမ်ငါးဆယ်ထက်ပိုမပေးနိုင်ဘူး "


ဒုတိယအစ်ကိုဟန်ပြဿနာထပ်ရှာမည်စိုးသောကြောင့် အစ်ကိုကြီးဟန်က ယွမ်ရှစ်ဆယ်အား စားပွဲပေါ်သို့အမြန်တင်ကာပြောလိုက်သည် ။


" ဒါကိုပါထည့်တွက်လိုက် "


လင်းလန်က ပိုက်ဆံများကိုယူကာပြောလိုက်သည် ။


" အခုဆို ယွမ်330ရှိပြီ ဒါပေမဲ့ 1170 ယွမ်ကျန်သေးတယ် "


xxxxxx