အပိုင်း ၁၀၁-၁၀၂
Viewers 20k

Part 101


" ခယ်မလေး အဖေတို့က ပြောတယ် ဗီဒိုထဲမှာယွမ်ထောင့်နှစ်ရာရှိတယ်တဲ့ အဲ့တာတွေကိုနင်...."


အစ်ကိုကြီးဟန်က ဆက်ပြောရမည်အား ရှက်လာခဲ့သည် ။ လင်းလန်က ဘာမျှမသိနားမလည်သည့်ပုံစံလေးနှင့်ကြည့်ကာ မေးလိုက်သည် ။


" ဟမ်....ဗီဒိုထဲမှာပိုက်ဆံတွေရှိလို့လား... ဘာလို့ကျွန်မမတွေ့ရတာလဲ... ပိုက်ဆံအဲ့လောက်အများကြီးရှိတယ်ဆိုရင် ဘာဖြစ်လို့မိသားစုခွဲထွက်တုန်းက ယွမ်တစ်ရာဘဲပေးရတာလဲ...ယွမ်ထောင်ကျော်ရဲ့တစ်ပုံစာတောင်မရှိဘူး ကျွန်မတို့ကိုအနိုင်ကျင့်ခဲ့တာဘဲ "


ဒုတိယအစ်ကိုဟန်က ထအော်တော့သည် ။


" တတိယမိသားစု နင်တို့တစ်မိသားစုလုံးအရှက်မရှိကြဘူးလား... "


အစ်ကိုကြီးဟန်က ဒုတိယအစ်ကိုဟန်၏ပါးစပ်အား ဆွဲပိတ်ကာ လင်းလန်ကို တောင်းတောင်းပန်ပန်ပြောလိုက်သည် ။


" ဒုတိယညီလေး ပါးစပ်ပိတ်ထားစမ်း! တတိယလေးရဲ့ဇနီး နင်လဲ ငါတို့အမေရဲ့အကျင့်ကိုသိတာပဲမလား "


အဖွားကြီးဟန်က လက်ထဲတွင်ယွမ်ထောင်ချီရှိနေပါစေ တစ်ပြားမှပေးချင်သည့်သူမျိုးမဟုတ်ပေ ။ အဖိုးကြီးဟန် အတင်းပြောဆို၍သာ ယွမ်တစ်ရာကို မိကျောင်းမျက်ရည်ခင်းပြပြီး ထုတ်ပေးခဲ့ခြင်းဖြစ်သည် ။


လင်းလန်ကပြုံးကာပြောလိုက်သည်  ။


" ဒါဆိုရင်ဒီလိုလုပ်ကြရအောင် ယွမ်1170 ကိုသုံးခဲ့တဲ့လူနှစ်ယောက်ကို ငွေချေးစာချုပ်ရေးခိုင်းလိုက်လေ။ ဒါဆိုရင် စာချုပ်အရ အဲ့ဒီနှစ်ယောက်ကသာကျွန်မကိုပိုက်ဆံဆပ်ရမှာ အဖွားကြီးဟန်ရဲ့ ပိုက်ဆံကတော့ ကျွန်မမသိသလို ယူလည်းမယူခဲ့ဘူး "


ဘေးမှရပ်ကြည့်နေသည့် ဟန်ရုံဖန်ပင်လျှင် ထိုကလိမ်ကကျစ်မိသားစု၏ အလိမ်အညာများကြားမှ ဟာကွက်တစ်ပုံတစ်ပင်အားတွေ့နေရသည် ။ ဗီဒိုထဲတွင် ယွမ်တစ်ထောင်ကျော်ရှိသည်ဟုဆိုသော်လည်း မည်သူမျှမမြင်ဖူးပေ ။ ထို့ကြောင့် အဖွားကြီးဟန်က ယွမ်တစ်သောင်းရှိသည်ဟုပြောလျှင်တောင် ယုံရမည်ဖြစ်သည် ။


နောက်ဆုံး၌ ဟန်မိသားစုအရူပ်တော်ပုံ၏ အဓိကတရားခံမှာ အဖွားကြီးဟန်သာဖြစ်သည် ။ အစ်ကိုကြီးဟန်သည်ဤအမှန်တရားအားမြင်နိုင်လေသည် ။ လင်းလန်ကအပြစ်တင်ခံသင့်သူ မဟုတ်ပဲနစ်နာသူသာဖြစ်သည် ။


ဒုတိယအစ်ကိုဟန်က ယခုအချိန်အထိ နစ်နာသူပုံစံမျိုးဖြင့်တစ်ဖက်သတ်ပြောဆိုနေဆဲဖြစ်သည် ။


" မိသားစုသာခွဲမထွက်ခဲ့ဘူးဆိုရင် ဘယ်လိုလုပ်နင့်ပိုက်ဆံတွေဖြစ်လာမှာလဲ "


လင်းလန်က အေးစက်စွာစိုက်ကြည့်ရင်းပြောလိုက်သည် ။


" ယွမ်ခုနှစ်ထောင့်ငါးရာလေ ရှင်တို့တစ်မိသားစုလုံးသေအောင်အလုပ်လုပ်ရင်တောင် ယွမ်တစ်ထောင်မစုနိုင်ဘူး ခွေးစကားတွေလာမပြောစမ်းပါနဲ့ ....မိသားစုခွဲထွက်တဲ့အချိန်မှာ ယွမ်ငါးထောင်ထက်ပိုပြီး ရပိုင်ခွင့်ရှိတယ် ...ကျွန်မယွမ်သုံးထောင်တောင်းခဲ့ပေမဲ့ ဦးလေးရဲ့မျက်နှာကြောင့် ယွမ်ထောင့်ငါးရာအထိအလျော့ပေးခဲ့ပြီးပြီ...ဒါကိုမှမပေးနိုင်ရင် မနက်ဖြန်ခရိုင်ရဲစခန်းကိုသွားပြီးတရားစွဲမယ်......နိုင်ငံ့ဝန်ထမ်းတစ်ယောက်ရဲ့ဇနီးနဲ့ကလေးတွေက ငတ်ပြတ်နေရပြီး မိသားစုအတွက်ရည်ရွယ်ပြီးပို့ပေးတဲ့ပိုက်ဆံတွေကို ညီနဲ့ညီမကစိတ်ကြိုက်သုံးဖြုန်းနေကြတဲ့အပြင် ကလေးတွေကိုလည်းကျွန်လိုခိုင်းစားကြသေးတယ်... စစ်သားတစ်ယောက်ရဲ့မိသားစုက ပြောင်းမူန့်တွေဘဲစားနေရတဲ့အချိန်မှာ ဆန်ကုန်မြေလေးမောင်နှမက အထက်တန်းစားလို့ဝတ်စားပြီးစားသောက်ဆိုင်ကြီးတွေမှာဝင်ထွက်စားသောက်နေကြတယ် ....စစ်သားတစ်ယောက်ရဲ့ ကလေးတွေကအဝတ်စုတ်တွေဝတ်နေရတဲ့အချိန်မှာ အဲ့ဒီလူတွေက ဇိမ်ခံပစ္စည်းတွေကိုဝယ်ယူသုံးစွဲနေကြတယ်....

ကလေးတွေမှာ ပိုက်ဆံမရှိလို့ကျောင်းတောင်မတက်နိုင်ဘူး...ဒါတောင်မှ အစ်ကိုအိမ်မှာမရှိတာကိုအခွင့်ကောင်းယူပြီး မရီးနဲ့ကလေးတွေကို ခြိမ်းခြောက်နှိပ်စက်ပြီးပစ္စည်းတွေကိုဖျက်ဆီးခဲ့သေးတယ်...တူအရင်းကိုတောင်သတ်မိတော့မလို့ .... ကျွန်မသေချာပေါက်တစ်ခုမကျန်တရားရုံးမှာအကုန်ထွက်ဆိုပစ်မှာ ရှင်တို့တွေဘယ်လိုမျက်နှာမျိုးနဲ့ထောင်ထဲဝင်ကြရမလဲ သိချင်စမ်းပါရဲ့ ..."


ဟန်ချင်းယွမ်ကလည်းဝင်ပြောလိုက်သည် ။


" ဟုတ်တယ် အစ်ကိုကြီးတို့ နိုင်ငံ့ဝန်ထမ်းတစ်ယောက်ရဲ့ ပိုက်ဆံကိုအလွဲသုံးစားလုပ်တာကပြစ်မူမြောက်တယ် ပါဝင်ပတ်သက်တဲ့လူတွေအကုန်လုံးဆယ်နှစ်ကျော် လောက်တော့ထောင်ကျနိုင်တယ် "


" ဒါ....ဒါ....တကယ်လား "


" ဟုတ်တယ် မြို့ပေါ်မှာ အဲ့ဒီအကြောင်းကိုမသိတဲ့လူမရှိဘူး....ထောင်ကျတဲ့အပြင် အမည်ပျက်စာရင်းလဲသွင်းခံရဦးမှာ မျိုးဆက်တွေတောင် ဝန်ထမ်းလုပ်လို့မရတာမျိုး ဖြစ်သွားနိုင်တယ် "


အစ်ကိုကြီးဟန်က ထောင်ကျမည့်နှစ်အရေအတွက်အားကြားသည့်အချိန်ကတည်းကပင် ကြောက်လန့်နေပြီးဖြစ်သည် ။ ဟန်ရုံဖန်သည် စစ်မူထမ်းဟောင်းတစ်ဦးဖြစ်သည့်အပြင် ရွာ၏အမူကိစ္စများအားလုံး၌ ယုံကြည်စိတ်ချရသူဖြစ်သည် ။ ဟန်ချင်းယွမ်ကလည်း သူအဖေကဲ့သို့သူမျိုးဖြစ်ကာ မြို့တွင်စာသင်ကြားနေသည်ဖြစ်သောကြောင့် လိမ်ညာမည့်သူများမဟုတ်ပေ ။


" တတိယလေးရဲ့ဇနီး တရားမစွဲလိုက်ပါနဲ့ အကုန်ဒုက္ခရောက်ကုန်လိမ့်မယ် "


"  တကယ်တော့ အစ်ကိုကြီးကိုယ်တိုင်လာကတည်းက ကျွန်မစဥ်းစားထားပြီးသားပါ အစ်ကိုကြီးနဲ့ယောင်းမတို့ရဲ့မျက်နှာကိုထောက်ပြီး ယွမ်တစ်ရာကျော်ကိုကျွန်မမယူတော့ပါဘူး ... ဒါပေမဲ့

ဟန်ကျင်းယု နဲ့ဟန်ကျင်းပေါင်ကတော့ ယွမ်တစ်ထောင်ကိုတစ်ယောက်ငါးရာဆီ ပြည့်အောင်ဆပ်ရမယ်..... မဟုတ်လို့ကတော့ ထောင်ဘဲကျကျ အရှက်ဘဲကွဲကွဲ ကျွန်မဂရုမစိုက်တော့ဘူး ...ဘာဘဲဖြစ်ဖြစ် ကျွန်မလက်ထဲကိုယွမ်တစ်ထောင်ပြည့်အောင်ပေးကိုပေးရမယ် "


အစ်ကိုကြီးဟန်က သူ၏အငယ်နှစ်ယောက်အတွက်ငွေချေးစာချုပ်ကို ကိုယ်စားရေးပေးချင်နေသောကြောင့် လင်းလန်သက်ပြင်းချမိသည် ။


အစ်ကိုကြီးကရိုးသားလွန်းတယ်!


" အစ်ကိုကြီးက ကိုယ်စားရေးလိုက်ပြီးမှ ဟိုနှစ်ယောက်ကမဆပ်တော့ရင်ဘယ်လိုလုပ်မလဲ... အစ်ကိုကြီးသူတို့အစားဆပ်ပေးမလို့လား... အစ်ကိုကြီးမှာ ပိုက်ဆံရှိတာလဲမဟုတ်ဘဲနဲ့ ယောင်းမစိတ်ဆင်းရဲပြီးဆွဲကြိုးချလိုက်မှာကိုမြင်ချင်နေတာလား "


အစ်ကိုကြီးဟန်က ခဏမျှစဥ်းစားပြီးနောက် မိသားစုနှင့်တိုင်ပင်ရန် အိမ်သို့ပြန်သွားခဲ့သည် ။ အဖွားကြီးဟန်ကအကြောင်းစုံကြားသည်နှင့် ဟန်ကျင်းယုနှင့် ဟန်ကျင်းပေါင်တို့အား ငွေချေးစာချုပ်ချုပ်ဆိုရန် ချက်ချင်းတိုက်တွန်းတော့သည် ။


အငယ်နှစ်ယောက်က တုံ့ဆိုင်းနေသောကြောင့် စိတ်မရှည်ဖြစ်လာ သူမကိုယ်တိုင်ရေးရန်လုပ်နေခဲ့သည် ။


" ငါအရိုးပြာကိုတောင်မှအဲ့ဒီမိန်းမကိုပေးမယ် မြန်မြန်နင်တို့ရဲ့တတိယညီလေးကိုခေါ်ပြီး ငါ့အရိုးလာကောက်ခိုင်းချည် "


" ပြဿနာထပ်မရှာစမ်းပါနဲ့အမေရယ် "


အစ်ကိုကြီးဟန်က ထိန်းမထားနိုင်တော့ကာ ပြောဆိုတော့သည် ။


" သူ့ဘာသာနေနေတဲ့လူကို အိမ်အထိသွားသောင်းကျန်းခဲ့တာဘယ်သူမို့လို့လဲ... သူများသားသမီးကိုသွေးထွက်သံယိုဖြစ်အောင်သွားလုပ်ခဲ့တာဘယ်သူမို့လို့လဲ...အခုသူမကလက်စားချေနေပြီလေ ကျွန်တော်တို့ဘာဆက်လုပ်နိုင်ဦးမှာလဲ ကျွန်တော်တို့ဘက်ကမှန်ခဲ့တာတစ်ခုမှမရှိဘူး... "


အကယ်၍ ဟန်ချင်စုန့်သာ အိမ်တွင်ရှိခဲ့လျှင် ဤမျှထိပြဿနာကြီးသွားစရာ အကြောင်းမရှိပေ ။ ဟန်ကျင်းပေါင်သည်လည်း ကြောင်မရှိကြွက်ထသည့်လုပ်ရပ်မျိုး မလုပ်နိုင်တော့ပဲ အရာအားလုံးတည်ငြိမ်နေပေလိမ့်မည် ။ 


ကောင်းရော! အခုတော့အငယ်နှစ်ယောက်ကဘတစ်သက်လုံးတတိယမိသားစုကို လုပ်ကျွေးရတော့မယ်!


အဖွားကြီးဟန်လက်ချက်ဆိုတာ ဘယ်သူမသိလို့လဲ!


မြို့ကိုအပြေးသွားပြီးမောင်နှမနှစ်ယောက်စလုံးကို ခေါ်လာသည့်အချိန်ကတည်းက ရည်ရွယ်ချက်အားခန့်မှန်းရန်ပင်မလိုတော့ချေ ။


ဒါကိုဘယ်လိုခေါ်တာပါလိမ့်...


ကိုယ့်ရှုးကိုယ်ပြန်ပတ်တယ်ဆိုတာမျိုးပေါ့!


xxxxxx

Part 102


ပထမချွေးမဟန်က ဆူညံသံများ​ကြောင့်အိပ်မရပဲ ငြင်းခုန်နေကြသည်ကိုသာ ထိုင်နားထောင်နေခဲ့သည် ။


ဟန်ကျင်းယုက အဖွားကြီးသည် သားနှင့်သမီးခွဲခြား၍ ပိုက်ဆံပေးခဲ့သောကိစ္စအား မပြီးနိုင်မစီးနိုင်ခံစားငိုယိုနေဆဲဖြစ်သည် ။


" ကျင်းပေါင်က အများဆုံးသုံးခဲ့တာကို သမီးကဘာလို့ ယွမ်ငါးရာတောင်ပြန်ပေးရမှာလဲ "


ဟန်ကျင်းပေါင်က ရိုင်းစိုင်းစွာပြောလိုက်သည် ။


" ငါသူ့လည်ပင်းကိုဓားနဲ့ထောက်ပြီးခြိမ်းခြောက်လိုက်မယ် ....အဲ့ဒီမိန်းမသူ့အသက်နဲ့ယှဥ်လာရင် ဘာကိုမှအလေးထားတော့မှာမဟုတ်ဘူး "


အစ်ကိုကြီးဟန်က ဟန်ကျင်းပေါင်၏စကားကြောင့် ဒေါသထွက်စွာပြောလိုက်သည် ။


" ပါးစပ်ပိတ်ထားစမ်း...မင်းသာအရင်သေသွားလိမ့်မယ် "


ဟန်ချင်းယွမ် အတည်ပြုချက်အားစတင်စကားပါးသည့်အချိန်တွင်မှ အတောမသတ်သည့်ငြင်းခုန်မူများမှာ အဆုံးသတ်သွားခဲ့လေသည် ။ အနီရောင်စာချုပ်တစ်ခုကိုယူဆောင်လာခဲ့သည်။ ထိုစာချုပ်မှာ အလွန်ကိုအထက်တန်းကျသည့်ပုံစံဖြစ်ကာ မြေရှင်စနစ်မှ အတိုးပေးစားသူများကိုပင်အမှတ်ရသွားစေနိုင်လောက်သည် ။


" တစ်ကယ်လို့ အစ်ကိုချင်စုန့်ရဲ့ ဇနီးသာခရိုင်ရဲစခန်းမှာ တရားစွဲဆိုခဲ့မယ်ဆိုရင် နင်တို့နှစ်ယောက်ကအမည်ပျက်စာရင်းသွင်းခံလိုက်ရပြီး ဘွဲ့တောင်ရနိုင်တော့မှာမဟုတ်ဘူး... နိုင်ငံ့ဝန်ထမ်းတစ်ယောက်ရဲ့ ပိုက်ဆံကိုအလွဲသုံးစားလုပ်တာက အရှက်ရစရာဖြစ်တဲ့အတွက် မြို့ပေါ်မှာအလုပ်ရှာဖို့တောင်ခက်ခဲလိမ့်မယ် "


အဖွားကြီးဟန်သာမက အဖိုးကြီးဟန်ပါ ကြောက်ရွံ့လာကာ အငယ်နှစ်ယောက်အားငွေချေးစာချုပ်ရေးရန်တိုက်တွန်းတော့သည် ။ ဟန်ကျင်းပေါင်က လက်နာနေသည်ဟုဆိုကာ ဟန်ကျင်းယုကို သူ့အတွက်ပါရေးခိုင်းခဲ့သည် ။


သို့သော်လည်း ဟန်ကျင်းယုသည် အကြောက်လွန်၍တုန်ရီနေသောကြောင့် ဘောပင်ကိုပင်ကောင်းကောင်းမကိုင်နိုင်တော့ကာ ကြောင်ကုတ်သည့်လက်ရေးပုံစံသာထွက်လာခဲ့သည် ။


ဟန်ယွမ်ချင်းက ကြည့်မနေနိုင်တော့ဘဲ ပြောကာကူညီလိုက်သည် ။


" ကြည့်ရတာတော့နင်မြို့မှာ စာရေးမလေ့ကျင့်ခဲ့ပုံဘဲ နင်လက်ရေးကဘယ်လိုလုပ်ပြီးဒီလောက်ဆိုးဝါးနေရတာလဲ "


သူက ဟန်ကျင်းယုအား စာဆက်ရေးနိုင်ရန်ကူညီပေးလိုက်ကာ ဟန်ကျင်းပေါင်အားလည်း ကူးရေးစေသည် ။ ထို့နောက်တွင်စာချုပ်ပေါ်၌ မှင်နီဖြင့် နှစ်ယောက်စလုံး၏လက်ဗွေရာခတ်နှိပ်ခိုင်းခဲ့သည် ။


ဟန်ချင်းယွမ်က ပြောလိုက်သည် ။


" ထပ်ပြီးပြဿနာရှာဖို့မစဥ်းစားကြနဲ့တော့ .....မင်းတို့ကိုလျော့ပေးဖို့ အဖေကမနည်းနားချထားရတာ စာချုပ်လည်းချုပ်ဆိုပြီးပြီ ငွေဖြတ်ပိုင်းတွေကသူမလက်ထဲမှာရှိနေတုန်းဘဲ နင်တို့မမှန်မကန်တစ်ခုခုလုပ်တာနဲ့ အချိန်မရွေးတရားစွဲလို့ရတယ် ။ နင်တို့ကမြို့ပေါ်မှာ ဘယ်လိုသုံးဖြုန်းနေထိုင်လာလဲဆိုတာ နင်တို့ဆရာတွေနဲ့သူငယ်ချင်းတွေကသိမှာဘဲ မျက်နှာပြောင်တိုက်ပြီးငြင်းချင်ရင်တောင်ငြင်းလို့မရဘူး... "


ဟန်ကျင်းယုက တရားစွဲဆိုခြင်းနှင့်သက်သေများ ဟူသည့်အကြောင်းအရာများကိုနားမလည်သော်လည်း အရှက်ကွဲရမည်ဟုတွေးမိရုံနှင့်တင် ကြောက်လန့်နေပြီဖြစ်သည် ။


ဟန်ကျင်းပေါင်က သေသေချာချာနားမလည်သော်လည်း မြို့ပေါ်တွင်အနေကြာပြီဖြစ်၍ ထောင်ထဲ၌မည်မျှခက်ခဲကြောင်းနှင့် ထောင်ထွက်များအားမည်သို့ဆက်ဆံသည်ကို သူကောင်းကောင်းသိသည် ။ ထောင်ထွက်တစ်ဦးဖြစ်လာလျှင် သူ့အားမည်သူမျှပေါင်းသင်းတော့မည်မဟုတ်ပေ ။


ဟန်ချင်းယွမ် ပြန်သွားသည်နှင့် ဟန်မိသားစုတစ်စုလုံးငိုကြတော့သည် ။ ဒုတိယအစ်ကိုဟန်နှင့်ဒုတိယချွေးမဟန်တို့က သူတို့၏ဘဝတွင်တစ်ခါမျှမသုံးခဲ့ရဖူးသည့်ငွေပမာဏ အားဆုံးရူံးလိုက်ရသောကြောင့်ငိုသည် ။ ကလေးများက ကြက်ဥနှင့်သကြားလုံးများအပါအဝင် အစားအသောက်ကောင်းများမစားရတော့သောကြောင့်ငိုကြသည် ။


ဟန်ကျင်းပေါင်နှင့် ဟန်ကျင်းယုလည်း ငိုယိုနေဆဲဖြစ်ကာ အဖိုးကြီးဟန်ကတော့ အသိစိတ်လွတ်နေသည့်ပုံစံဖြင့် ကုတင်ပေါ်၌ထိုင်နေခဲ့သည် ။


အဖွားကြီးဟန်က သတိလစ်မတတ်ငိုနေသောကြောင့် အစ်ကိုကြီးဟန်က ဘေးမှနေ၍စိုးရိမ်တကြီးကြည့်နေခဲ့ရသည် ။ 


ထိုညသည်ကား မျက်ရည်အပြည့်ဖြင့် ညတာရှည်လျားခဲ့လေသည် ။


အဖိုးကြီးဟန်နိုးလာသည့်အချိန်တွင် တစ်မိသားစုလုံးဆာလောင်နေသည်အားတွေ့လိုက်ရကာ သူ၏အကြည့်များသည် ဗလာသက်သက်ဖြစ်နေပြီး ချက်ချင်းပင် အသက်ရူရပ်တော့မည့်ပုံစံမျိုးဖြစ်နေခဲ့သည် ။ အစ်ကိုကြီးဟန်က စိုးရိမ်လွန်း၍ဆရာဝန်ပြေးခေါ်လိုက်သည် ။


ဟန်ကျင်းပေါင်က မကိုက်သည့်ခွေးဟောင်နေဆဲဖြစ်ကာ ပြော၍မဆုံးနိုင်သေးပေ ။


" အဲ့ဒီမိန်းမကြောင့် အဖေ ဒီလိုဖြစ်နေရတာ တစ်မိသားစုလုံးကို ဘယ်လောက်တောင်ဒုက္ခပေးတဲ့ဟာမလဲ "


ဟန်ကျင်းပေါင်နှင့်ဟန်ကျင်းယုတို့က အဖိုးကြီးဟန် လေဖြတ်မလို ဖြစ်ခဲ့ရခြင်းသည် လင်းလန်ကြောင့်ဟုဆိုကာ စွပ်စွဲပြောဆိုနေကြသည် ။ အစ်ကိုကြီးဟန်က ထိုပုစွန်ဦးနှောက်သာရှိသည့်နှစ်ကောင်အား ထအော်လိုက်သည် ။


" ပေါက်ကတွေပြောနေတာရပ်ကြစမ်း! နင်တို့လုပ်မှအဖေတကယ်သေတော့မှာ "


....


လင်းလန်ကတော့ လေပြည်လေးများတိုက်ခတ်နေသည့် နေဦးကာလကဲ့သိုပင် ပျော်ရွှင်သာယာနေသည် ။ ငွေသားချည်းယွမ်တစ်ထောင်ရဦးမည်အားတွေးကာ ထပင်ကလိုက်ချင်သေးသည် ။


ကိုးဆယ်ရာခိုင်နူန်းအသစ်စက်စက် စက်ဘီးတစ်စီး!


ကိုးဆယ်ရာခိုင်နူန်း အသစ်စက်စက် ရေဒီယိုတစ်လုံး! 


ကိုးဆယ်ရာခိုင်နူန်းအသစ်စက်စက် နာရီတောင်ရခဲ့သေးတယ်!


သူမက ဟန်ရုံဖန်အားကျေးဇူးတင်ရန်လည်းမမေ့ပေ ။


" ဒါတွေပြန်ရတာဦးလေးကြောင့်ပါ ဦးလေးသာမဆုံးဖြတ်ပေးခဲ့ရင် ဘယ်လိုနည်းနဲ့မှသူတို့မိသားစုကပေးမှာမဟုတ်ဘူး... ကျွန်မအနေနဲ့တရားစွဲဖို့သာတတ်နိုင်တော့မှာ "


" ချင်စုန့်ရဲ့ဇနီးလေး အဲ့တာကငါ့ကြောင့်ချည်းဘဲမဟုတ်ဘူး ဟန်ချင်စုန့်ရသင့်တာဘဲလေ ငါကသူပိုင်သင့်တာကိုပြန်ရအောင်တွန်းအားပေးခဲ့ရုံတင်ပါ အမှားလုပ်ထားတာသူတို့ဘက်ကလေ မင်းမမှားသရွေ့ကြောက်စရာမလိုပါဘူး "


" ဦးလေးကိုတကယ်ကျေးဇူးတင်ပါတယ် "


လင်းလန်ဘယ်လောက်ကျေးဇူးတင်ပါစေ ဟန်ရုံဖန်က ထိုက်တန်သည်ဟုလက်ခံမည်မဟုတ်ပေ ။ သူမကလူကြီးများအားနူတ်ဆက်လိုက်ကာ ပစ္စည်းများကိုယူပြီး စက်ဘီးစီကာအိမ်ပြန်ရန်ပြင်ခဲ့သည် ။ ဟန်ရုံဖန်ကသူ၏လုပ်ရပ်အတွက် တစ်စုံတစ်ရာတောင်းဆိုမည်မဟုတ်သောကြောင့် အခါအခွင့်သင့်သည်နှင့် ကူညီပေးရန် လင်းလန်ဆုံးဖြတ်ချက်ချခဲ့သည် ။


ဟန်ချင်းယွမ်ကပြောလိုက်သည် ။


" ကျွန်တော်အိမ်လိုက်ပို့ပေးရမလား "


ဟန်ရုံဖန်က ချောင်းဟန့်လိုက်သည့်အချိန်တွင် ဟန်ချင်းယွမ် နားမလည်စွာဖြင့် သူ့ခေါင်းကိုကုတ်လိုက်မိသည်။ လင်းလန် ပြုံးကာပြောလိုက်သည် ။


" ရပါတယ် အိမ်ကိုတစ်ယောက်ထဲပြန်ဖို့တော့ ရွာကလုံခြုံပါသေးတယ် စိတ်မပူပါနဲ့ "


အိမ်ပြန်သည့်လမ်းကလေးပေါ်သို့ ငွေမူန်လေးများကြဲထားသကဲ့သို့ လရောင်သည်တောက်ပနေလေသည် ။ တန်ဖိုးကြီးဇိမ်ခံပစ္စည်းများအပြင် သူမ၏အိတ်ကပ်ထဲ၌ယွမ်ထောင်ချီရှိနေသေးသည် ။ ရုတ်တရက် ပင်ကံကောင်းခြင်းနတ်သူငယ်လေးများက သူမဘေးတွင်ဝန်းရံကခုန်နေကြသည်ဟု ခံစားနေရပြီးခြေလှမ်းများသည် ပျံသန်းနေရသကဲ့သို့ပေါ့ပါးနေလေသည် ။


" ပျော်ရွှင်မူနဲ့ ကံကောင်းခြင်းတို့ရဲ့နတ်သမီး ရဲ့ရောင်ဝါက ကမ္ဘာမြေပေါ်မှာတောက်ပပေးနေတယ်.....လာ...လာ..လာ.."


xxxxxx