အပိုင်း ၁၀၃-၁၀၄
Viewers 20k

Part 103


လင်းလန်အိမ်ပြန်ရောက်သည့်အချိန်တွင် အိမ်တံခါးပွင့်နေကာ အားဝမ်ကအပေါက်ဝ၌ တုတ်တစ်ချောင်းပိုက်ရင်းအိပ်ပျော်နေ လေသည် ။


အနွေးကုတင်ပေါ်၌ မိုင်စွေ့ကဂေါ်ပြားကိုပိုက်ရင်းအိပ်ပျော်နေကာ စန်းဝမ်နှင့်ရှောင်ဝမ်တို့ကတော့ နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်ပျော်နေခဲ့သည် ။


လင်းလန်က ကလေးများကိုကြည့်ကာ ရင်ထဲနွေးထွေးသွားပြီး အားဝမ်ကိုနိူး၍အနွေးကုတင်ပေါ်သို့တင်ပေးကာ ဆက်အိပ်ခိုင်းလိုက်သည် ။ လင်းလန်အသံကြားသည့်အခါ အိပ်ချင်မူးတူးဖြင့် မျက်လုံးများကိုပွတ်ရင်းစကားပြောလာခဲ့သည် ။


" မားမားပြန်လာပြီလား "


" အင်း မားမား ပြန်ရောက်ပြီ စိတ်မပူဘဲစိတ်ချလက်ချအိပ်တော့ "


လက်ထဲတွင်ပိုက်ဆံအများကြီးရှိနေသောကြောင့် ပျော်လွန်း၍ အိပ်မပျော်ခဲ့ပေ ။ နှမြောစရာကောင်းသည်မှာ သတင်းကောင်းအားမျှဝေရန် ဟန်ချင်စုန့်အတူရှိမနေခဲ့ခြင်းဖြစ်သည် ။


အားဝမ်က စိတ်နုသည့်ကလေးဖြစ်သည်ကိုမဆိုထားနှင့် သွေးထွက်သံယိုအဖြစ်အပျက်အား မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသည့်အပြင် သူ့အမေအားစိတ်မချ၍ တံခါးဝ၌ပင်ထိုင်စောင့်နေခဲ့ရသောကြောင့် ပင်ပန်းကာ ချက်ချင်းပင်ပြန်အိပ်ပျော်သွားတော့သည် ။


လင်းလန်က အားဝမ်လက်ထဲမှတုတ်အားယူလိုက်ကာ ရေပတ်တိုက်ပေးပြီးနောက်တွင် သက်တောင့်သက်သာရှိစေမည့်အနေအထားနှင့်ပြောင်းသိပ်ပေးလိုက်သည် ။ အလွန်နှစ်ခြိုက်စွာအိပ်ပျော်နေသောကြောင့် လင်းလန်ဘာလုပ်လုပ်မသိကြတော့ပေ ။


မိုင်စွေ့နှင့် ကျန်သည့်ကလေးများအားလည်းရေပတ်တိုက်ပေးကာ အနွေးကုတင်ပေါ်၌ နေရာတကျသိပ်ပေးလိုက်သည် ။ ထို့နောက်တွင် ကြက်ခြံနှင့်တံခါးများအား သေသေချာချာစစ်ဆေး၍ပိတ်လိုက်ကာ ခြံလုံစေရန်အတွက်ခွေးတစ်ကောင်မွေးရန်စိတ်ကူးမိလေသည် ။


သာမန်ရွာခွေးများအား မည်သူကမျှကြောက်ရွံ့မည်မဟုတ်သောကြောင့် လင်းလန်က အမြင်နှင့်တင်လန့်ပြေးစေနိုင်လောက်မည် ခွေးမျိုးသာလိုချင်ခဲ့သည် ။


သူမ၏အိမ်တွင်ပိုက်ဆံထည့်ရန် သေတ္တာမရှိသောကြောင့် သေသေချာချာထုပ်ပိုးကာ ကလေးများ ရှာမတွေ့နိုင်မည့်နေရာ၌ဖွက်ထားလိုက်သည် ။ ကျေးရွာသမဝါယမအသင်း၌ပိုက်ဆံအပ်ထားနိုင်သော်လည်း သူမမယုံကြည်နိုင်ပေ ။


သမဝါယမအသင်း၌ ထော​က်ပံ့ရေး ၊ အမှတ်စီစစ်ရေးနှင့် ရိက္ခာခွဲဝေရေးဟူ၍ခွဲခြားထားကာ နိုင်ငံတော်၏ပင်မထောက်တိုင်အဖွဲ့အစည်းများဖြစ်ကြသည် ။ ထောက်ပံ့ရေးအဖွဲ့သည် ရိက္ခာထုတ်လုပ်သည့်အလုပ်တာဝန်များကိုခွဲဝေယူကြသည် ။ 


အမှတ်စီစစ်ရေးအဖွဲ့က အလုပ်အပေါ်မူတည်၍ထိုက်တန်သည့်အမှတ်ကိုတွက်ချက်ကြပြီး ရိက္ခာထောက်ပံ့ရေးအဖွဲ့သည် သီးနှံပေါ်ချိန်၌ အိမ်ထောင်စုများအားရိက္ခာခွဲဝေပေးခြင်းကိုဆောင်ရွက်ပေးပြီး ကျေးရွာတိုင်တွင်အာဏာအရှိဆုံးဖြစ်သည် ။


သမဝါယမအသင်းမှ ပိုက်ဆံပမာဏ အများအပြားကို ဘဏ်အကောင့်ဖွင်၍အပ်နိုင်စေရန် ကူညီဆောင်ရွက်ပေးသော်လည်း ပြန်မရနိုင်သည်မျိုးဖြစ်နိုင်ချေရှိသည် ။ ထို့ကြောင့် လင်းလန်က သူမမျက်စိရှေ့တွင်နေ့တိုင်းတွေ့နေရမှစိတ်ချနိုင်မည်ဖြစ်သည် ။


သူမအရမ်းစိတ်လူပ်ရှားနေသောကြောင့် အိပ်မပျော်နိုင်ပဲ တစ်ညလုံးနီးပါးရေနံဆီမီးအိမ်ထွန်းထားရန်စိတ်ကူးမိသည် ။ အရမ်းချမ်းသာနေပြီဖြစ်သောကြောင့်လျော့စျေးဖြင့်ရေနံဆီဝယ်နိုင်ရန် လက်မှတ်များမလိုအပ်တော့ပေ ။ ငွေသားဖြင့်သာတိုက်ရိုက်ပေးချေနိုင်ပေပြီ။ သူဌေးမကြီးဖြစ်နေပြီဖြစ်၍ ရေနံဆီဖိုးအတွက် နည်းနည်းလေးမျှပင်မသမြောပေ ။


သူဌေးဖြစ်နေပြီလေ စိတ်ချမ်းသာဖို့အတွက် ပိုက်ဆံသုံးရမှာပေါ့..... ဟား....ဟား...ဟား ။


.....


ဤခေတ်ကာလ၌ တွက်ခြေကိုက်ဆုံးစီးပွားရေးလုပ်ငန်းမှာ စားသောက်ကုန်များရောင်းချခြင်းဖြစ်သည် ။ သူမအနေဖြင့် ပမာဏများများဝယ်ယူနိုင်ရန် လိုအပ်သည် ။ သို့သော်လည်း သူမစီးပွားရေးလုပ်မည်အား ဟန်ချင်စုန့် သဘောတူ မတူ သူမမသိပေ ။


လူမူအသိုင်းအဝိုင်း၏အယူအဆ အရလည်းအကြီးအကျယ်စီးပွားရေး လုပ်ခဲ့မည်ဆိုလျှင် အရင်းရှင်စနစ်ထောက်ခံသူဟု စွပ်စွဲခံရနိုင်သေးသည် ။


ထို့ကြောင့်သူမတစ်ခုခုလုပ်ချင်ပါက မှောင်ခိုစျေးတွင်တစ်နိုင်ရောင်းချသည်နှင့် သရုပ်မှန်အားဖုံးကွယ်ပြီးတစ်ဆင့်ခံရောင်းချခြင်းမျိုးသာလုပ်နိုင်သည် ။ ထို့သို့လုပ်မည်ဆိုလျှင် ပိုသတိထားရမည်ဖြစ်ကာ ပိုရူပ်ထွေးမည်ဖြစ်သည် ။


အတွေးလွန်ရင်း အိပ်ပျော်သွားသည်မှာ နောက်တစ်နေ့ မနက်မိုးသောက်ချိန်အထိပင်ဖြစ်သည် ။ စန်းဝမ်က အရင်ဆုံးနိုးလာခဲ့ပြီးနောက် သူ့တစ်ကိုယ်လုံးထူးဆန်းစွာသန့်ရှင်းနေသည်အားတွေ့လိုက်ရသည် ။


ခေါင်းထိခိုက်မိထားကာ တစ်ကိုယ်လုံးနာကျင်နေပါသော်လည်း ကြက်ဥသုံးလုံးစားသောက်ကာ အားရပါးရအိပ်စက်ခဲ့ရသည်ဖြစ်၍ တက်ကြွနေခဲ့သည် ။ 


" ကတွတ်....ကတွတ်..."


အားလုံးအတွက်သတင်းကောင်းအနေဖြင့် လင်းလန်ယူလာသည့်ကြက်မများသည် ဥဥထားခဲ့သည် ။


ကြက်မအားမြင်သည့်အခါ စန်းဝမ်က ပျော်ရွှင်စွာအော်ပြောလိုက်သည် ။


" မားမား...မားမား...ကြည့်ပါဦး ဘယ်အိမ်ကကြက်မကသားတို့ခြံထဲမှာဥလာဥတာလဲမသိဘူး "


သူများကောက်သွားမည်စိုး၍ အမြန်ဆင်းပြေးကာ ကြက်ဥအားဖွက်လိုက်သည် ။ အိမ်ထဲပြန်ဝင်လာသည့်အချိန်တွင် ကြမ်းပြင်ပေါ်မှ ခြောက်ကပ်နေပြီဖြစ်သည့်သွေးကွက်အားလက်ညိုးထိုးကာမေးလိုက်သည် ။


" မားမား...အဲ့တာဘယ်သူ့သွေးတွေလဲ "


လင်းလန်က စန်းဝမ်မေးသည်အားကြားလိုက်သည်နှင့် ကလေးများအားအမြန်နိူးလိုက်ကာ ဆက်အိပ်ခွင့်မပေးတော့ချေ ။ 


" မားမား ကြက်ဥတွေကိုကြည့်ပါဦး "


စန်းဝမ်က လင်းလန်အား တလက်လက်တောက်ပနေသည့် မျက်ဝန်းများဖြင့်ကြည့်ကာပြောလိုက်သည် ။ လင်းလန်က ကြက်ဥများကိုကောက်ရင်း စန်းဝမ်အား ကြက်မများရလာသည့်အကြောင်းရင်းမှန်အား လိမ်ပြောလိုက်သည် ။


" သားကထိခိုက်မိထားတာမို့လို့ အာဟာရရှိတာတွေများများစားသင့်တယ် ဆိုပြီး သားရဲ့အဖွားကကြက်သုံးကောင်ပေးထားတာ "


စန်းဝမ်ကထိုအလိမ်အညာအားယုံသည်အထိမတုံးအပေ ။ 


" အဖွားက အဲ့လောက်ထိသဘောကောင်းနိုင်မှာမို့လို့လား "


လင်းလန်က ဘာမှမပြောဘဲရီနေခဲ့ကာ စန်းဝမ်သည်လည်း အားရပါးရရီမောနေခဲ့ပြီး ဒဏ်ရာကိုမတော်တဆထိမိသွားခဲ့သည် ။


" အ...နာလိုက်တာ. "


" အနာမကျက်သေးတော့ သားအရမ်းလှုပ်လို့မရသေးဘူး နေ့လည်အလုပ်နားတာနဲ့ ပတ်တီးလဲပေးဖို့ဆရာဝန်ကို မားမားမေးကြည့်လိုက်မယ် "


သူမက အမာရွတ်ကျန်ခဲ့မည်အားအလွန်စိုးရိမ်နေမိသည်။ ခေတ်သစ်မှကူးပြောင်းလာသူဖြစ်သော်လည်း ဘာမျှမလုပ်ပေးနိုင်ခဲ့ချေ ။


ယခင်အချိန်များကဲ့သို့ အားဝမ်နှင့်မိုင်စွေ့ တို့က အပျင်းကြီးမနေကြဘဲ လင်းလန်အား ဟင်းကူချက်ပေးရန် အလွန်ပင်စိတ်အားထက်သန်နေခဲ့ကြသည် ။


" ပန်ကိတ်တွေကိုအရင်လုပ်ကြတာပေါ့ ပြီးရင်မားမားက ကြက်ဥစွပ်ပြုတ်ချက်ပေးမယ် "


" ရေး....​စွပ်ပြုတ်လုပ်ရအောင် "


ကလေးများကပျော်ရွှင်စွာ ခုန်ပေါက်နေကြသည် ။ မိုင်စွေ့မီးမွှေးနေသည့်အချိန်တွင် အားဝမ်ကစွပ်ပြုတ်ပြုတ်ရန်ရေထည့်ပြီးလေပြီ။ မောင်နှမနှစ်ယောက်အလွန်ပင်အတွဲညီနေကြသည် ။


လင်းလန်က ပန်ကိတ်များပြုလုပ်ပြီးသည့်နောက်တွင် စွပ်ပြုတ်ချက်ပြုတ်ပေးကာ ကလေးများအားခွဲဝေစားသောက်စေခဲ့သည် ။


" စန်းဝမ် သားရဲ့ပတ်တီးတွေကိုရေမစိုစေနဲ့မဟုတ်ရင် အနာထဲကိုပိုးဝင်ပြီး ပိုးကောင်တွေထွက်လာလိမ့်မယ် "


စန်းဝမ်က ပတ်တီးများကိုငုံ့ကြည့်ကာပြောလိုက်သည် ။


" တစ်ခုမှစိုလို့မရဘူးလား မားမား "


မိုင်စွေ့ကရီကာပြောလိုက်သည် ။


" အင်း...တစ်ခုမှစိုလို့မရဘူး....မဟုတ်ရင်နင့်အနာတွေမြန်မြန်မပျောက်ဘဲနဲ့ ရုပ်ဆိုးဆိုးအမာရွတ်ကြီးတွေကျန်ခဲ့လိမ့်မယ် "


" ဒါပေမဲ့ ချွေးထွက်လို့စိုသွားရင်ရော "


အားဝမ်ကပြောလိုက်သည် ။


" ဒီတိုင်းလှဲပြီးချွေးမထွက်အောင် ယပ်ခပ်နေလိုက်လေ "


xxxxx

Part 104


မနက်စာစားသောက်ပြီး အလုပ်သွားသည့်အချိန်တွင် ကျေးလက်ဆရာဝန်က စန်းဝမ်ခုန်ပေါက်နေသည်ကိုကြည့်ကာ ပြုံးပြီးပြောလိုက်သည် ။


" ကလေးတွေက ကိုယ်ခံအားတကယ်ကောင်းတာပဲ တစ်ညလောက်အိပ်လိုက်တာနဲ့တက်ကြွလာကြရော အသက်ကြီးလာလေတစ်ခုခုဆိုပိုခံစားရလေဖြစ်နေတယ် "


ထို့နောက်တွင် ကျေးလက်ဆရာဝန်က ဟန်ကျင်းပေါင် အကြောင်းဆက်ပြောခဲ့သည် ။#wife.     


ဟန်ကျင်းပေါင်၏ ခြေချောင်းများသည်အားပြင်းပြင်းဖြင့်ဖိကြိတ်မိသောကြောင့် မကျိုးခဲ့သော်လည်း နာကျင်မူကတော့တစ်သက်မမေ့နိုင်စရာပင်ဖြစ်သည် ။


ဆေးရုံသို့ရောက်သည့်အချိန်တွင် အနည်းငယ်သက်သာခဲ့သော်လည်း ခံစားရအခက်ဆုံးအပိုင်းမှာ ညအိပ်ချိန်တွင်စလေသည် ။ ညအချိန်တွင် အလွန်အမင်းကိုက်ခဲလာတတ်ကာ ပတ်တီးစည်းထားသောကြောင့် ကုတ်ဖဲ့၍မရပေ ။


တစ်ညလုံးအိပ်မပျော်နိုင်ခဲ့ကာ ဟန်ကျင်းပေါင်၏ အော်ဟစ်ညည်းညူသံအား တစ်ရွာလုံးကြားနေခဲ့ရသည် ။


လင်းလန် ကနာလွန်း၍သေသွားလျှင်ပို၍ပင်ပျော်ရွှင်ဦးမည်ဖြစ်သည် ။ သူမက စန်းဝမ်နှင့်ရှောင်ဝမ်ကို အိမ်တွင်ထားခဲ့ပြီး မိုင်စွေ့နှင့်အားဝမ်တို့က မြက်နုတ်ရန်သွားခဲ့ကြသည် ။ နေ့လည်ခင်းအလုပ်နားချိန်တွင်တော့ နေ့လည်စာချက်ရန်သာရှိသည် ။


မနက်ခင်းတစ်ခုလုံး ဟန်မိသားစုနှင့်လင်းလန်၏ ရန်ပွဲအား လူတိုင်းပြောနေကြသည် ။ မိသားစုတွင်းရန်ပွဲမှ သွေးထွက်သံယိုဖြစ်ခဲ့သည့်အပြင် ခရိုင်ဆေးရုံသို့ပါရောက်ခဲ့လေရာ တစ်ရွာလုံးမသိတာကမှထူးဆန်းနေဦးမည် ။


ရန်ပွဲ၏အဓိကအကြောင်းအရာကို တစ်ယောက်တစ်မျိုးစီ ခန့်မှန်းပြောဆိုနေကြသည် ။ တစ်ခုမှာ လင်းလန်က ဟန်မိသားစု၏ချွေးမများအား သတ်ရန်ကြိုးစားခဲ့သည်ဖြစ်ပြီး တချို့ကတော့ ဆွေမျိုးခန်းဖြတ်ရန်အတွက် သောင်းကျန်းသည်ဟုပြောကြသည် ။


အဖွားကြီးဟန်၏ ကြက်မများမှာ သေလုနီးပါပင်ဖြစ်ခဲ့သည်ဟုလည်း​ပြောဆိုကြာကာ လင်းလန်ကဒေါသတကြီးဖြင့် အိုးကိုလက်သီးနှင့်ထိုးခွဲလိုက်သည်ဟုလည်းပြောဆိုနေခဲ့ကြသည် ။


အကြောင်းအရာ မည်မျှပင်ပြောင်းလဲသွားပါစေ ဇာတ်လိုက်မင်းသမီးမှာတော့လင်းလန်သာဖြစ်နေဆဲဖြစ်သည် ။ အဓိကအချက်မှာ သူမပိုက်ဆံတွေအများကြီး ရခဲ့သည် ။


ယွမ်တစ်ရာ ဒါမှမဟုတ်ယွမ်တစ်ထောင်တောင်ကျော်ဦးမည်!


သို့သော်လည်း ပမာဏအတိအကျကိုမူ မည်သူမှမသိခဲ့ပေ ။ ဟန်ရုံဖန်က ဖုံးဖိထားကာ ဟန်မိသားစုသည်လည်း ထုတ်ပြောရမည်အား အလွန်ရှက်နေခဲ့ကြသည် ။ ထို့ကြောင့်အတင်းတုပ်လိုသူများမှာ ဟန်ကျင်းပေါင်နှင့်ဟန်ကျင်းယုတို့ကိုသာ စပ်စုကြတော့သည် ။


သို့သော်လည်း တစ်ဆင့်စကားတစ်ဆင့်ပြန်ကြားကြသူများအတွက် အကြောင်းအရာ သည်တိတိကျကျမရှိခဲ့တော့ပေ ။ ငွေချေးစာချုပ် ချုပ်ဆိုခဲ့သည့်တစ်ချက်သာ တူညီလေသည် ။


ကျွတ်! ..ကျွတ်!...လင်းလန်က တကယ်အဆိပ်ပြင်းတဲ့မိန်းမဘဲ.... မိန်းမဆိုးဂုဏ်ပုဒ်နဲ့ ထိုက်တန်တယ်!


ထိုအတင်းအဖျင်းပြောတတ်သည့် မိန်းမကြီးတစ်သိုက် နှင့်အရောဝင်ရန် လင်းလန် စိတ်မဝင်စားချေ ။ သူမအားစကားလမ်းကြောင်းစသည့်အချိန်

တိုင်းတွင် မသိချင်ယောင်ဆောင်နေလိုက်သည် ။ တစ်ခါတစ်ရံ ဒေါသထွက်ပြလိုက်လျှင် သူမအားကြောက်လန့်ကာ မည်သူမျှအနားမကပ်ရဲကြတော့ပေ ။


ကျန်းချိုက်ဟုန် နှင့် တုန်ဟျိုင်ဟွ  တို့ကလင်းလန်နှင့် အလွန်ရင်းနှီးလာကြသောကြောင့် အဖွားကြီးဟန်နှင့်အဆင်မပြေသည်ကို ကောင်းစွာသိကြသည် ။ ထို့ကြောင့်လင်းလန်အား တတ်နိုင်သမျှကူညီရန် ဝန်မလေးခဲ့ကြပေ ။


" ငါတို့မိသားစုတွေက ဟင်းရွက်တွေအကုန်မစားနိုင်ကြဘူး မခူးဘဲနေရင်လဲသူတို့ကအမှည့်လွန်ပြီး အလကားဖြစ်သွားကြလိမ့်မယ် ချင်စုန့်ရဲ့ဇနီးလေး အားမနာဘဲခူးလို့ရတယ်နော် "


လင်းလန်က အစားအသောက်ကြိုက်နှစ်သက်သည်မှန်သော်လည်း သူများပိုင်သည့်အရာကို အလကားမယူချင်သောကြောင့်ပြောလိုက်သည် ။ 


" ယောက်မနဲ့အစ်မရဲ့စေတနာကိုအရမ်းကျေးဇူးတင်ပါတယ် ဒါပေမဲ့ ကျွန်မအလကားမယူချင်ဘူး ဒီလိုလုပ်ပါလား ကျွန်မပိုက်ဆံပေးမယ်လေ "


ပိုက်ဆံ၏တန်ဖိုးသည်အရမ်းမြင့်မားသောကြောင့် ဟင်းသီးဟင်းရွက် များအားကိုယ်တိုင်စိုက်ပျိုးစားသောက်ကြသည် ။ ဆင့်အနည်းငယ်ကပင် အသားဝယ်ရန်လုံလောက်နေပြီဖြစ်သောကြောင့် နှစ်ယောက်စလုံးက ငြင်းဆန်ခဲ့ကြသည် ။


" ချင်စုန့်ရဲ့ဇနီးလေး အစ်မတို့ကပိုက်ဆံလိုချင်လို့မဟုတ်ပါဘူး "


" ကျွန်မသိပါတယ် ဒါပေမဲ့တစ်ခုခု မှမပေးရရင်ကျွန်မစိတ်ဖြောင့်လက်ဖြောင့်စားနိုင်မှာမဟုတ်ဘူး "


တုန်ဟျွိုင်ဟွနှင့် ကျန်းချိုက်ဟုန် တို့သည် လင်းလန်၏ အခွင့်အရေးမယူလိုသည့် စကားကြောင့် သူမအရင်လိုမဟုတ်ကြောင်းသတိပြုမိလာကြသည် ။


သူမ အများကြီးကျော်ဖြတ်ပြီးလို့ ရင့်ကျက်လာတာဖြစ်ရမယ်!


လင်းလန်က ဆောင်းကုန်သည်အထိ ဟင်းသီးဟင်းရွက် များခူးဆွတ်ရန် ငါးဆယ်ဆင့်ပေးလိုက်သည် ။


ထိုကာလအတွင်း သူမကိုယ်တိုင်အသီးအနှံတချို့စိုက်ပျိုးနိုင်သေးသည် ။ မုန်လာဥနီနှင့်များနှင့်ဂေါ်ဖီထုပ်များ ခရမ်းသီးများနှင့် ဆလတ်ရွက်များကိုစိုက်ပျိုးထားနိုင်သည် ။ ယွမ်အနည်းငယ်ဖြင့် ဟင်းသီးဟင်းရွက်ခင်းဆယ်ခုလောက်ပင်ဝယ်စား၍ရနိုင်သည် ။


ကျေးလက်ဒေသ၌အသီးအနှံများသည်စျေးပေါပြီး ပိုက်ဆံသည်စုဆောင်းရန်အလွန်ခက်ခဲသည် ။ စားသောက်စရာများအား ကိုယ်တိုင်ရှာကြံနိုင်သော်လည်း ပိုက်ဆံရရန်နည်းလမ်းများများ မရှိချေ ။ 


ဂေါ်ဖီထုပ်အနည်းငယ်အား မြို့ပြ၌ဆင့်အနည်းငယ်ပေးဝယ်ရသော်လည်း ကျေးလက်တွင် ဆင့်အနည်းဖြင့်အခင်းတစ်လုံးစာဝယ်နိုင်သည် ။


  လင်းလန်က မြက်နူတ်နေသည့်အားဝမ်နှင့်မိုင်စွေ့အား ဟင်းသီးဟင်းရွက် ခင်း၌ဟင်းရွက်ခူးရန် သွားခေါ်လိုက်သည် ။ ကလေးများကို ဟင်းရွက်ခင်းတွင် နေ့တိုင်းကြိုက်သလောက်သွားခူးနိုင်သည်ဟု ပြောသည့်အခါတွင် ပျော်လွန်း၍ခုန်ပေါက်နေကြတော့သည် ။


 ဟန်မိသားစု အိမ်ရှေ့မှဖြတ်သွားသည့်အချိန်တွင် အဖွားကြီးဟန်အော်ဟစ်နေသံအားကြားလိုက်ရသည် ။


လင်းလန် "....."


ဟန်အိမ်မှာ နေ့တိုင်း တစ်ယောက်မဟုတ်တစ်ယောက် အော်ဟစ်နေရမှာဖြစ်မှာလား...


" သေစမ်း! သူမခရိုင်ရဲစခန်းမှာသွားတိုင်ရင် ဘယ်လိုလုပ်မလဲ... "


" သွား.! အခုချက်ချင်းသူမကိုသွားရှာစမ်း "


 

xxxxxx