အပိုင်း ( ၁ )
စင်မြင့်ပေါ်တွင် ပြသနေသော စနိုးဝှိုက်နှင့် လူပုလေး ခုနှစ်ယောက် ဇာတ်လမ်းသည် ဇာတ်ရှိန် အမြင့်ဆုံး နေရာသို့ ရောက်နေ၏။ စင်ထောင့် တစ်နေရာမှာ သစ်ပင်လေး တစ်ပင်က နောက်ထပ် သစ်ပင်လေး တစ်ပင်ကို သက်ပြင်းချရင်း လှမ်းပြောနေသည်။
“ ငါ မြန်မြန် မျက်ရည်ကျလာတာ ကံကောင်းတယ် ၊ မဟုတ်ရင် ငါ့တင်ပါးလေးက အဖေ ရိုက်တာ ခံရတာနဲ့ ဖူးရောင်နေလောက်ပြီ။ ငါ ငိုချတာနဲ့ ချက်ချင်းပဲ အဖေက ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွားတာ။ ငါက စာမဝောာ်ပေမဲ့ ဝမ်းနည်းနေသလို သရုပ်ဆောင်တဲ့နေရာမှာတော့ တော်သားပဲလို့ ကိုယ့်ကိုယ်ကိုယ် သိလိုက်ရတယ်။ ငါ ငိုနေရင် အဖေ ငါ့ကို ဘာမှ မလုပ်နိုင်တော့ဘူးလေ။ ”
စကားပြောနေတဲ့ သစ်ပင်လေးရဲ့ နာမည်က ရှန်းချူချီပါ။ မနေ့ညတုန်းက သူနှင့် သူ့အဖေ ရေချိုးနေတုန်း သူ သူ့အဖေရဲ့ ဖုန်းလျို့ဝှက်နံပါတ်ကို ဖြည်ကာ အမျိုးသမီး ဓာတ်ပုံနှင့် တွဲရက် မှတ်ထားသော ဖုန်းနံပါတ်တွေ အကုန်လုံးကို “ အစ်မ ၊ နင်က ရှန်းချူချီရဲ့ အမေလား ” လို့ လိုက်ပို့ခဲ့သည်။
သို့သော် ဖုန်းစာအုပ်ထဲမှာ မှတ်ထားတဲ့ ဖုန်းနံပါတ်တွေ များလွန်းသောကြောင့် သူ နံပါတ် အနည်းငယ်ကိုသာ မက်ဆေ့ခ်ျပို့ရသေးချိန်မှာပဲ ရေချိုးခန်းထဲက ထွက်လာတဲ့ သူ့အဖေက သူ မဟုတ်တာ လုပ်နေတာကို ပက်ပင်း မိသွားခဲ့သည်။
ရှန်းချူချီရဲ့ ဘေးက သစ်ပင်လေးရဲ့ နာမည်ကဝောာ့ ချန်လီချီ ဖြစ်သည်။ WeChat က တစ်ဆင့် အမေရှာပုံတော်ဖွင့်နည်းကို ရှန်းချူချီအား သင်ကြားပေးခဲ့တာ သူမလေး ဖြစ်လေသည်။
ချန်လီချီက ရှန်းချူချီရဲ့ ပခုံးလေးကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။ “ နင့်ကိုယ်နင် သရုပ်ဆောင် အရမ်း တော်တယ်လို့ နင် ပြောတယ်နော်။ အဲ့ဒါဆို နင့်အမေက ရုပ်ရှင်မင်းသမီး တစ်ယောက် ဖြစ်ရင် ဖြစ်နေနိုင်တယ်။ ရုပ်ရှင်မင်းသမီးတိုင်းက ငိုတဲ့ နေရာမှာ အရမ်း သရုပ်ဆောင်ကောင်းကြတယ် ၊ မျက်စိတစ်မှိတ်အတွင်း မျက်ရည်တွေ ကျလာအောင်ကို သရုပ်ဆောင်ကြတယ်။ နင့်ရဲ့ သရုပ်ဆောင်စွမ်းရည်ကို နင့်အမေဆီကနေ အမွေရလာတာ ဖြစ်နိုင်တယ်။ ”
ထိုစကားကို ကြားတော့ ရှန်းချူချီရဲ့ မျက်လုံးဝိုင်းလေးတွေ လက်ခနဲ တောက်ပသွားသည်။ “ နင် ပြောတာ တကယ် အဓိပ္ပာယ်ရှိတယ် ချန်လီချီ။ ဘယ်ဘက်မျက်လုံးအောက်မှာ မှည့် ရှိတဲ့ ရုပ်ရှင်မင်းသမီး တစ်ယောက်ယောက်ကို နင် သိလား။ ”
ချန်လီချီ ခေါင်းရှုပ်သွားသည်။ “ ဘာလို့ သူမရဲ့ ဘယ်ဘက်မျက်လုံးအောက်မှာ မှည့်ရှိရမှာလဲ။ ”
“ ဘာလို့ဆို ငါ့ရဲ့ ဘယ်ဘက်မျက်လုံးအောက်မှာလည်း မှည့် ရှိတယ်လေ။ ဒီမှာ .. ဒီနားလေးက ထောင့်မှာ … ” ရှန်းချူချီက ချန်လီချီအား သူ့မှည့်ကို ပြလိုက်သည်။
“ အဖေ တစ်ခါ အရက်မူးလာတုန်းက ငါ့ခန္ဓာကိုယ်ပေါ်မှာ ရှိတဲ့ အစိတ်အပိုင်းတွေထဲမှာ ဒီမှည့်က ငါ့အမေနဲ့ တူတဲ့ တစ်ခုတည်းသော အစိတ်အပိုင်းပဲလို့ ပြောဖူးတယ်။ ”
“ အိုး … ” ချန်လီချီ နားလည်သွားသည်။ “ ငါ အိမ်ပြန်ရောက်ရင် ငါ့အဘွားကို မေးကြည့်လိုက်ပါ့မယ်။ အဘွားက တီဗီကြည့်ရတာ ကြိုက်တော့ ရုပ်ရှင်မင်းသမီးတွေ အများကြီးကို မှတ်မိတယ်။ ရှန်းဆိုတဲ့ မျိုးရိုးနာမည် ရှိတဲ့ ဘယ်ရုပ်ရှင်မင်းသမီးမှာ ညာဘက်မျက်လုံးအောက် မှည့် ရှိလဲ ဆိုတာကို အဘွားကဝောာ့ သေချာပေါက် သိမှာပဲ။ ”
ရှန်းချူချီ နားမလည်နိုင် ဖြစ်သွားသည်။ “ ဘာလို့ အဲ့ဒီ ရုပ်ရှင်မင်းသမီးမှာ ရှန်း ဆိုတဲ့ မျိုးရိုးနာမည် ရှိရမှာလဲ။ ”
ချန်လီချီ ရှင်းပြလိုက်၏။ “ တွေးကြည့်လေ။ နင့်ရဲ့ အဖေနာမည်က လီဖေးဖုန့် ၊ ပြီးတော့ နင့်နာမည်က ရှန်းချူချီ။ နင်က နင့်အဖေရဲ့ မျိုးရိုးနာမည်ကို ယူထားတာ မဟုတ်ဘူးလေ။ အဲ့ဝောာ့ နင်လည်း ငါ့လိုပဲ အမေရဲ့ မျိုးရိုးနာမည်ကို ယူထားတယ် ဆိုတာ သေချာတယ်။ ”
ရှန်းချူချီက ချန်လီချီရဲ့ လက်လေးကို စိတ်လှုပ်ရှားစွာ ဆွဲကိုင်လိုက်သည်။ “ နင် အရမ်း တော်တယ် ချန်လီချီ။ ဒါဆို ငါ့အမေ ဘယ်သူလဲ ဆိုတာကို ငါ မကြာခင် ရှာတွေ့တော့မှာပေါ့နော်။ ”
ချန်လီချီလည်း ရှန်းချူချီအတွက် ဝမ်းသာမိပါသည်။ သူ့အမေကို သူ ရှာနေတာ တော်တော်လေး ကြာလှပြီ ဖြစ်ကာ နောက်ဆုံးမှာဝောာ့ ရှာတွေ့ပါတော့မည်။
ရှန်းချူချီနှင့် ချန်လီချီက မူကြို အတန်းဖော်တွေ ဖြစ်ပြီး အခင်ဆုံး သူငယ်ချင်း နှစ်ယောက် ဆိုလည်း မမှားပါ။ ရှန်းချူချီသည် ရိုးရှင်းသော အကြောင်းပြချက်လေး တစ်ခုကြောင့် ချန်လီချီနှင့် သူငယ်ချင်းကောင်းတွေ ဖြစ်လာရန် ဆုံးဖြတ်ခဲ့တာ ဖြစ်သည်။ အဲ့ဒီ အကြောင်းပြချက်ကဝောာ့ “ တူရာတူရာ စုတယ် ” ဆိုတဲ့ စကားပုံ တစ်ခုကို သူ သိလို့ပါပဲ။ သူနှင့် ချန်လီချီဟာ တူရာတူရာစုခြင်းရဲ့ အကောင်းဆုံး ဥပမာတွေပဲလို့ သူ ခံစားရသည်။ ဘာလို့ဆို ချန်လီချီကို ကျောင်းလာကြိုသော သူမရဲ့ အဖေကို သူ တစ်ခါမှ မမြင်ဖူးသောကြောင့် သူမမှာ အဖေ မရှိဘူးလို့ သူ ယူဆလိုက်လို့ပါ။
သို့သော်လည်း တကယ်တမ်းမှာ ချန်လီချီနှင့် သူက ဝမ်းနည်းစရာ ချို့ယွင်းချက်တွေမှာ သူ ထင်ထားသလောက် ကိုက်ညီမနေဘူး ဆိုတာကိုတော့ ချန်လီချီနှင့် သူငယ်ချင်းကောင်းတွေ ဖြစ်လာပြီးမှ သူ နားလည်သွားတာ ဖြစ်သည်။ သူ့မှာ အမေ မရှိပေမဲ့ ချန်လီချီမှာဝောာ့ အဖေရှစ် ရှိပါသည်။ သူမရဲ့ အဖေရှစ်က ဟိုးအဝေး တစ်နေရာမှာ ရောက်နေတဲ့ တစ်ချက်ဝောာ့ ရှိတာပေါ့လေ … ။
ဒါပေမဲ့ သူမရဲ့ အဖေရှစ်က သူမကို အရသာရှိသော စားစရာတွေနှင့် ချစ်စရာ လက်ဆောင်ပစ္စည်းလေးတွေကို ပုံမှန် ပို့ပေးလေ့ရှိသည်။ သူမမှာ သူမကို အပန်းဖြေ ပန်းခြံတွေဆီ လိုက်ပို့ပြီး ဒါန်းလွှဲပေးမည့် ၊ အိပ်ရာဝင် ပုံပြင်တွေ ပြောပြပေးမည့် အရပ်ရှည်ရှည် ဦးလေး နှစ်ယောက်လည်း ရှိ၏။ သူမမှာ အမေ တစ်ယောက်သာ မရှိပေမဲ့ အဖေကတော့ သုံးယောက်တောင် ရှိနေသလိုပါပဲ။
ပြောရရင် သူတို့ နှစ်ယောက်က နေရာတိုင်းမှာ ကိုက်ညီနေတာ မဟုတ်။
ရှန်းချူချီအရမ်း ပျော်သွားတာကို မြင်ဝောာ့ ချန်လီချီသည် အမေရှာပုံတော်ဖွင့်ရတာက သိပ်တော့ မခက်ဘူးပဲဟု တွေးမိသွားသည်။ သူမလည်း သူမရဲ့ အဖေကို ရှာဖို့ ကြိုးစားသင့်လား။
သို့သော်လည်း သူမမှာ အဖေ လိုအပ်သည်ဟု လုံးဝ မခံစားရပေ။
သူမမှာ အမေ ရှိသည် ၊ အဘိုးအဘွားတွေ ရှိသည် ၊ ဦးလေး နှစ်ယောက် ရှိသည် ၊ ပြီးတော့ အဖေရှစ် ရှိသည်။ စင်မြင့်ပေါ်မှာ စနိုးဝှိုက်အဖြစ် သရုပ်ဆောင်နေသည့် အခင်ဆုံးသူငယ်ချင်း နောက်တစ်ယောက် ဖြစ်တဲ့ ယွင်ချီလည်း ရှိသည်။ အဲ့ဒီတော့ အဖေ မရှိလည်း ဘဝကြီးက ပျော်စရာကောင်းပါတယ်လို့ ပြောလို့ ရသည်။
ယွင်ချီ့အဖေကို ချန်လီချီ မြင်ဖူးသည်။ သူက အလွန့်လွန် ဒေါသကြီးသော လူ တစ်ယောက်ပင်။ လူတွေ အများကြီးရှေ့မှာ ယွင်ချီ့အမေ့ကို ကြမ်းကြမ်းတမ်းတမ်း ပြောကာ ကိုယ့်ဇနီးကို ငိုအောင် လုပ်ခဲ့သည်။
သူမရဲ့ အဖေကို သူမ ရှာတွေ့သွားရင်ရော သူက ယွင်ချီ့အဖေကို ဒေါသကြီးတဲ့ လူမျိုး ဖြစ်နေရင် ဘယ်လို လုပ်မလဲ။ သူမရဲ့ အမေ ချန်ကျင်းလန်ကို မျက်ရည်ကျအောင် လုပ်မယ့် ဘယ်သူ့ကိုမဆို သူမ မလိုချင်။ သို့သော် ချန်ကျင်းလန်ကို စော်ကားတဲ့ လူမှန်သမျှဟာ ချန်ကျင်းလန်ထံမှ ပိုဆိုးတဲ့ တုံ့ပြန်မှုကိုသာ ပြန်ရတာမို့ သူမကို ကြမ်းကြမ်းတမ်းတမ်း ပြောဆိုရဲတဲ့ လူရယ်လို့ တစ်ယောက်မှ မရှိ။
သူမရဲ့ အမေ ချန်ကျင်းလန်က မှုန်နေအောင် လှသော အမျိုးသမီး တစ်ယောက် ဖြစ်သည်။ ဒီကမ္ဘာပေါ်မှာ ချန်ကျင်းလျန်ထက် ပိုလှသော တစ်စုံတစ်ယောက်ကို ညွှန်ပြရမည် ဆိုလျှင် အဲ့ဒါက သူမကိုယ်တိုင်ပဲ ဖြစ်ပါလိမ့်မည်။
စင်မြင့်ပေါ်မှာတော့ စနိုးဝှိုက်က နောက်ဆုံးမှာ မင်းသားလေးနှင့် ပေါင်းဖက်ဆုံစည်းကာ ပြဇာတ်လည်း ဆုံးခန်းတိုင်သွားခဲ့သည်။ သစ်ပင်လေး နှစ်ပင်ဟာလည်း သူတို့ရဲ့ အခန်းကဏ္ဍကို တာဝန်ကျေသွားပြီမို့ တစ်ယောက်လက်ကို တစ်ယောက် ကိုင်ပြီး စင်ပေါ်ကနေ ဆင်းလာခဲ့လိုက်ကြ၏။
ချန်လီချီသည် သူမရဲ့ ယာယီ ပူပန်စရာတွေကို မေ့လျော့နေကာ သူမရဲ့ ဦးလေးကို ရှာပြီး သူမ ဒီနေ့ သစ်ပင်လေးအဖြစ် ကောင်းကောင်း သရုပ်ဆောင်နိုင်ခဲ့လား ဆိုတာကို မေးချင်၍ စိတ်လက်ပေါ့ပါးစွာ ပြေးထွက်လာလိုက်သည်။
ချန်ကျင်းချွမ်က သစ်ပင်လေးကို ပွေ့ချီကာ သူ့ဖုန်းကို ထုတ်လိုက်သည်။ “ မေမေ့ကို နှုတ်ဆက်လိုက်ပါဦး။ ”
ချန်လီကျီက ဖုန်းမျက်နှာပြင်ပေါ်က သူမအမေရဲ့ မျက်နှာကို မြင်သွားပြီး ပျော်ရွှင်စာ လက်ပြနှုတ်ဆက်လိုက်၏။ “ မေမေ ၊ သမီး သရုပ်ဆောင်နေတာကို မေမေ ဖုန်းထဲကနေ တစ်ချိန်လုံး ကြည့်နေတာလားဟင်။ ”
“ ဒါပေါ့ကွယ် ၊ သမီးနဲ့ သမီးရဲ့ ကောင်လေးက သစ်ပင်လေးတွေအဖြစ် ဟာကွက်မရှိ သရုပ်ဆောင်သွားခဲ့ကြတာပဲ။ မေမေ အဲ့မှာ လူကိုယ်တိုင် ရှိမပေးနိုင်တာ တကယ် တောင်းပန်တယ်နော်။ ”
ချန်လီချီသည် ချီးကျူးခံရ၍ ပျော်လည်း ပျော် ၊ နည်းနည်းလေးလည်း ရှက်သွားသည်။ “ တောင်းပန်စရာ မလိုပါဘူး မေမေရယ်။ အလုပ်ကလည်း အရေးကြီးတာပဲကို။ ” ထို့နောက် သူမ ဖုန်းနားသို့ မျက်နှာကပ်ကာ အသံကို နှိမ့်၍ ပြောလိုက်သည်။ “ ရှန်းချူချီက သမီးကောင်လေး မဟုတ်ဘူး အမေ။ လောလောဆယ် သူက သမီးရဲ့ အခင်ဆုံးသူငယ်ချင်းပဲ ဖြစ်သေးတယ်။ ”
ချန်ကျင်းလန် ရယ်မောလိုက်၏။ “ ဟုတ်ပါပြီ။ မေမေ သိပါတယ်။ မေမေ လက်ဆောင်တွေလည်း အများကြီး ဝယ်ထားတယ်။ မေမေ ပြန်ရောက်ရင် အဲ့လက်ဆောင်တွေထဲက တချို့ကို ရွေးပြီး သမီး ခင်တဲ့ သူငယ်ချင်းတွေ ပေးလို့ ရတယ်။ ဟုတ်ပြီလား။ ”
ချန်လီချီက ပျော်ရွှင်စွာ လက်ခုပ်တီးလိုက်သည်။ “ မေမေ ဘယ်အချိန် ပြန်လာမှာလဲဟင်။ ”
ချန်ကျင်းလျန်က ပြန်ပြောသည်။ “ မေမေ အခု လေဆိပ်မှာ ခဏနေ လေယာဉ်ပေါ် တက်ဖို့ စောင့်နေတာ။ သမီး မနက်ဖြန် မျက်လုံး နှစ်လုံး ဖွင့်လိုက်တာနဲ့ မေမေ့ကို အရင်ဆုံး မြင်ရလိမ့်မယ်။ ”
ချန်လီချီရဲ့ မျက်လုံးလေးတွေက ပျော်ရွှင်မှုကြောင့် လခြမ်းကွေးလေးတွေအဖြစ် မှေးပိတ်ကွေးညွှတ်သွားသည်။ “ ဒါဆို မေမေ့ကို မနက်ဖြန် မနက်ကျ စောစောစီးစီး တွေ့နိုင်အောင်လို့ ဒီည စောစောလေး အိပ်ရာလိုက်ဝင်တော့မယ်။ သမီး မေမေ့ကို အရမ်း လွမ်းနေတာ။ ”
ချန်ကျင်းလန်ရဲ့ နှလုံးသားလေး အရည်ပျော်ကျသွားသည်။ “ မေမေလည်း သမီးကို လွမ်းနေတာပါကွယ်။ ”
ထန်ယိချန်းက အချိန်ကို တစ်ချက် ကြည့်ပြီး သူတို့ကို သတိပေးလိုက်၏။ “ လေယာဉ်ပေါ် တက်ရတော့မယ့် အချိန်ရောက်ပါပြီ ဘော့စ်ချန်။ ”
ချန်ကျင်းလန်က သူမ သိသည် ဟူသော သဘောဖြင့် ခေါင်းညိတ်ပြလိုက်၏။ သူမ ချန်လီချီကို နှုတ်ဆက်စကားပြောဖို့ လုပ်နေချိန်မှာပဲ သူတို့နှင့် မျက်နှာချင်းဆိုင်မှာ ထိုင်နေသော တစ်စုံတစ်ယောက်ကို သတိပြုမိသွားကာ သူမရဲ့ အကြည့်က အေးခဲသွားလေသည်။ ထို့နောက် သူမ ထိုလူ့ကို မမြင်ချင်ယောင်ဆောင်နေလိုက်သည်။
ထန်ယိချန်းသည် ဘော့စ်ချန်ရဲ့ ခုနတုန်းကမှ နူးညံ့နေသော မျက်နှာက ချက်ချင်းလက်ငင်း စူးရှတင်းမာသွားသောကြောင့် သိုင်းဇာတ်လမ်းတွဲဟောင်းတွေထဲမှ မဟာရန်သူတော်တွေရဲ့ ရန်ငြိုးရန်စကို ခံစားလိုက်ရသလို အတွေးဝင်လာစေသည်။ လေဟာနယ်ထဲကို တစ်ချက် ကြည့်လိုက်ရုံဖြင့် သစ်ရွက်တွေ ကြွေလွင့်ဝဲပျံသွားနိုင်သော်လည်း ကံမကောင်းစွာဖြင့် သူတို့က သစ်ပင် တစ်ပင်မှ မရှိတဲ့ ဗီအိုင်ဗီ လေဆိပ်မှာ ရောက်နေကြတာ ဖြစ်သည်။
ဘော့စ်ချန်ရဲ့ အကြည့်နောက်ကို ထန်ယိချန်း လိုက်ကြည့်လိုက်တော့ အမျိုးသား တစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်ကို သွားမြင်သည်။ သူတို့က နီးနီးကပ်ကပ် ရပ်နေကြတာတော့ မဟုတ်။ အမျိုးသမီးက တစ်ခုခု ပြောလိုက်တော့ အမျိုးသားရဲ့ နှုတ်ခမ်းထောင့်စွန်းမှာ ခပ်ယဲ့ယဲ့ အပြုံး တစ်ခု ဖြစ်တည်လာသည်။ ထိုအပြုံးကြောင့် သူ့ထံမှ အေးစက်မှု အငွေ့အသက်တွေ ပျောက်ကွယ်သွား၏။
ထိုအမျိုးသားမှာ တကယ့်ကို လှပသော မျက်လုံး တစ်စုံ ရှိသည်။ အဲ့မျက်လုံးတွေကို သူ အရင်တုန်းက တစ်နေရာရာမှာ မြင်ဖူးသလိုပဲ … ။
တစ်စက္ကန့်အတွင်းမှာပဲ ချန်ကျင်းလန်ရဲ့ မျက်လုံးထဲမှ အေးစက်မှုတွေ ပျောက်ကွယ်သွားကာ မူလအတိုင်း ပြန်ပြီး တည်ငြိမ်အေးချမ်းသွားသည်။ သူမ ထိုနှစ်ယောက်ထံမှ အကြည့်လွှဲကာ ချန်လီချီကို အပြုံးလေးဖြင့် နှုတ်ဆက်စကား ပြောပြီးနောက် မတ်တပ်ရပ်လိုက်၏။ “ သွားကြမယ်။ ”
ထန်ယိချန်းသည် ဘော့စ်ချန်ရဲ့ ခပ်သွက်သွက် ခြေလှမ်းကျဲတွေကို ကြည့်ရင်း သူ့ရဲ့ ပင်ပန်းနေသော စိတ်က သူ့ကို အနှောင့်အယှက်ပေးနေသလို ခံစားရသည်။ စောစောတုန်း မြင်ကွင်းသာ သူ စိတ်ကူးယဉ်ကြည့်ဖူးတဲ့ မြင်ကွင်းပါပဲ။ သူ ဘော့စ်ချန်နောက်ကို အမီလိုက်ရင်း ကိုယ့်ကိုယ်ကိုယ် နိုးနိုးကြားကြား ဖြစ်စေရန် ကော်ဖီအေးကို တဂွပ်ဂွပ် မော့သောက်နေရသည်။
“ ယိချန်။ ” ချန်ကျင်းလန်က ခြေလှမ်း မရပ်ဘဲ ဆက်တိုက် သွားနေရင်း သူ့ကို ခေါ်သည်။
ထန်ယိချန်းသည် ရေခဲတုံးကို မျိုချပြီး သူမနား တိုးကပ်သွားလိုက်၏။ “ ကျွန်တော် ဒီမှာပါ ဘော့စ်ချန်။ ”
ချန်ကျင်းလန်က မေးသည်။ “ ခုနတုန်းက ငါ ဖုန်းပြောနေတာကို နင် သေချာ ကြားရလား။ ”
ထန်ယိချန်းက သူ့အလုပ်ရှင် ဖုန်းပြောနေတာကို ဘယ်တော့မှ ခိုးနားထောင်မယ့် လူမျိုး မဟုတ်။ သူ ခေါင်းခါရမ်းလိုက်သည်။ “ အရမ်းကြီး သေချာ မကြားရပါဘူး ဘော့စ်။ ဘော့စ်ရဲ့ အသံက အရမ်း တိုးပါတယ်။ ”
ဘော့စ်ချန်ရဲ့ နေပုံထိုင်ပုံ အမူအရာတွေက တကယ့်ကို အထက်တန်းစားဆန်သည်။ သူမက လူကြားထဲမှာဆို ဘယ်တော့မှ ဖုန်းကို ကျယ်ကျယ် မပြော။
ချန်ကျင်းလန် ဖုန်းပြောတာကို ထန်ယိချန်းတောင် သေချာ မကြားရဘူး ဆိုလျှင် သူတို့နှင့် မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ လူတွေဆို ပိုလို့တောင် ကြားရမှာ မဟုတ်ပါ။ သူတို့ နားစွန်နားဖျား ကြားသွားသည် ဆိုလျှင်တောင် ဘာမှ အရေးကြီးတဲ့ အကြောင်းတွေ ပြောနေတာ မဟုတ်လို့ ကိစ္စမရှိ။ သူမက ချန်လီချီနှင့် တခြား ကလေးလေးတွေ သရုပ်ဆောင်ထားသော မကောင်းမကန်း ပြဇာတ်လေးကို အာရုံစူးစိုက် ကြည့်နေတာမို့ သူတို့ရဲ့ မျက်နှာချင်းဆိုင်မှာ ဟိုလူ ဘယ်အချိန်တုန်းက ဝင်ထိုင်လိုက်တာလဲ ဆိုတာကို သတိမထားမိတာ ဖြစ်သည်။
…
ခုန်ယိချန်းတစ်ယောက် အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ “ ဘာလို့ ယွမ်ကျုံးကျိုးက အခုထိ ပြန်မလာသေးတာလဲ။ သူ ရေချိုးခန်းထဲမှာ ပိတ်မိနေတယ်လို့တော့ ကျွန်မကို မပြောနဲ့နော်။ ” ပါးစပ်က အဲ့လို ပြောနေသော်လည်း သူမဘော့စ်ရဲ့ မျက်နှာပေါ်မှာဝောာ့ အပြုံး တစ်ပွင့် ပွင့်လန်းလာခဲ့သည်။ သူမ သူ့ဆီမှာ အလုပ် စဝင်နေတဲ့ လဝက် ဆိုတဲ့ အချိန်အတွင်း သူ့အပြုံးကို ပထမဆုံး မြင်ဖူးတာပါပဲ။ ဒီအေးစက်စက် မျက်နှာပိုင်ရှင် ကိုစိတ်တိုဟာ မျက်မှောင် ဘယ်လို ကြုတ်ရမယ် ၊ လူတွေကို ဘယ်လို ဆူပူရမယ် ဆိုတာကိုသာ သိတယ်လို့ သူမ ထင်ထားခဲ့တာပင်။
အခု သူမ သေချာ စဉ်းစားကြည့်တော့မှ သူ့လို မျက်လုံး လှလှလေးတွေ ပိုင်ဆိုင်ထားတဲ့ ယောက်ျား တစ်ယောက်က အမြဲတမ်း မျက်နှာတည်နှင့် နေသင့်သည်။
တစ်စွန်းတစ်စ ပြုံးလိုက်သော အပြုံးယဲ့ယဲ့လေးကပင် သူမနှလုံးသားကို ပရမ်းပတာ လှုပ်ခါသွားစေဖို့ လုံလောက်ရဲ့။ သူမသည် ကိုယ့်စိတ်ကိုယ် တည်ငြိမ်စေရန် သူမကလေးရဲ့ အဖေဖြစ်သူ နာမည်ကို တိတ်တဆိတ် ပြန်ရွေရွတ်လိုက်၏။ အကယ်၍ သူသာ နှစ်နှစ်ခြိုက်ခြိုက် အားရပါးရ ပြုံးလိုက်လျှင် ရှောက်ကော်ပိုရေးရှင်း အဆောက်အအုံ တစ်ခုလုံး လေပေါ်မှာ လွင့်ပျံ့သွားလိမ့်မည်ဟု ခုန်ယိချန်း ထင်မိသည်။ ဤဘော့စ် အသစ် ဝင်ရောက်လာချိန်မှာ ဖြစ်သွားကြမယ့် ရှောက်ကော်ပိုရေးရှင်းက ဝန်ထမ်းမိန်းကလေးရဲ့ မြင်ကွင်းကို သူမ ပုံဖော်ကြည့်လို့ ရသည်။ အေးစက်စက် အမူအရာနှင့် ဆိုလျှင်တောင် သူက လူတွေကို ဆွဲဆောင်နိုင်နေဆဲပါပဲ။
ခုန်ယိချန်းသည် သူမရဲ့ ဘော့စ်က အကြမ်းထည် ဟာသတွေကို သဘောကျသည်ဟု ထင်သဖြင့် နောက်ဆို အခြေအနေကြည့်ပြီး အဲ့လို ဟာသတွေ များများ ပြောရမလားဟု တွေးနေမိသည်။ သို့သော်လည်း သူမ ဘယ်ဟာသ ပြောရမလဲ ဆိုတာ မဆုံးဖြတ်ရသေးခင်မှာပဲ သူ့မျက်နှာက ပြန်လည် တည်တင်းသွားသည်။ ခုန်ယိချန်းသည် သူမရဲ့ ပါးစပ်ကို ချက်ချင်း ပိတ်လိုက်ပြီး စက္ကန့်ပိုင်းလောက်သာ ကြာသော အပြုံးလေးကို ပြုံးပြပြီးနောက်မှာ သူမရဲ့ ဘော့စ်က ဘယ်ဝော့မှ အရည်မပျော်နိုင်ဘဲ ထာဝရ အေးခဲနေတော့မည့် ရေခဲမြစ် တစ်စင်းလို အသွင်ပြောင်းသွားသည်ဟု ဘာ့ကြောင့်မှန်းမသိ ခံစားရသည်။ သုံးပေအကွာလောက်မှာ ရပ်နေတာတောင် သူ့ထံမှ ဖြာထွက်နေသော ကျောချမ်းစရာ အရှိန်အဝါကို ခံစားနေရသည်။
ခုန်ယိချန်းသည် တိတ်တဆိတ် နောက်ဆုတ်လိုက်ပြီး ဖုန်းကို နာခံစွာ ထုတ်၍ ယွမ်ကျုံးကျိုးကိုလဖုန်းဆက်ကာ မြန်မြန် ပြန်လာခဲ့ဖို့ ပြောလိုက်ပါသည်။
ယွမ်ကျုံးကျိုးက ရေချိုးခန်းမှာ ပိတ်မိနေတာ မဟုတ်ပေမဲ့ အဲ့ဒီလို အခြေအနေနှင့် ထူးမခြားနားပါပဲ။ မနေ့ညတုန်းက သူငယ်ချင်းတွေက သူ့ကို အပြင်ခေါ်သွားကာ တစ်ညလုံး စားကြ သောက်ကြ ပျော်ကြ ပါးကြရင်း အချိန်ကုန်သွားခဲ့သည်။ မနက်ကျတော့ သူ့အစာအိမ်ထဲမှာ မအီမသာ ခံစားရကာ ဗိုက်မကောင်းသလို ခံစားရပါတော့သည်။ စိတ်ပျက်စရာ လေယာဉ်ကြောင့်သာ မဟုတ်လျှင် သူ ရေချိုးခန်းထဲကနေ ထွက်လာချင်မှာ မဟုတ်။
ပျော့ခွေယိုင်နဲ့နေသော ခြေထောက်တွေကို တရွတ်ဆွဲလျက် သူ လေယာဉ်ပေါ် တက်လယခဲ့လိုက်သည်။ သူ့မှာ လေယာဉ်မယ်လေးရဲ့ ချစ်စဖွယ် အပြုံးလေးကို ပြန်လည် ပြုံးပြချင်စိတ်ပင် မရှိပါ။ ထိုင်ခုံထိ ရောက်အောင် မနည်း အားတင်း၍ သွားပြီး ခြေပစ်လက်ပစ် မှီထိုင်ဖို့ ပြင်နေစဉ်မှာပဲ သူ့နောက်ဘက် ပြတင်းပေါက်ဘေး ထိုင်ခုံမှာ ထိုင်နေတဲ့ အမျိုးသမီးရဲ့ သားရေ ဘွတ်ဖိနပ် စီးထားသော ခြေတံရှည်တွေဆီ အကြည့်ရောက်သွားသည်။ သူသည် မျက်နှာကို မသိမသာ စောင်းငဲ့ရင်း ခြေထောက်မှ တစ်ဆင့် မျက်နှာဆီ အကြည့်ပြောင်းလိုက်လျှင် စိတ်ထဲကနေ ‘ သေလောက်တယ် ’ ဟု အော်လိုက်မိလေသည်။
မိတ်ကပ် မပါသော ပကတိ မျက်နှာလေးနှင့်တောင်မှ လှရက်လိုက်လေခြင်း။ မဟုတ်ဘူး ၊ လှတယ် ဆိုတဲ့ စကားလုံးက သူမရဲ့ အလှကို ဖော်ပြဖို့ မလုံလောက်ဘူး။ ကမ္ဘာပေါ်မှာ ရှိသမျှ အလှတရားတွေ ပေါင်းစုံနေသော ဒီအမျိုးသမီးဟာ ရှားပါး မြင်ကွင်း တစ်ရပ် ဖြစ်သည်ဟု ပြောလျှင် ပိုမှန်လိမ့်မည်။ သူမကို ကြည့်ရင်း ဟောင်ကောင် ရုပ်ရှင်မင်းသမီးဟောင်း တစ်ယောက်ကို သူ ပြန်သတိရမိသည်။
***