အပိုင်း ၁၁၁-၁၁၂
Viewers 20k

Part 111


လင်းလန်က ဟန်မိသားစုမှရခဲ့သည့် ပိုက်ဆံများအကြောင်းတွေးမိသည် ။ မနာလိုဖြစ်နေသည့် သူမှမဟုတ်လျှင် ပိုက်ဆံခိုးမည့် လုပ်ရပ်အားလုပ်နိုင်မည့်သူမရှိပေ ။


ယခုအချိန်များတွင် အိမ်တိုင်းလိုလို လမ်းမကြီးနှင့် နီးသည်ဖြစ်စေဝေးသည်ဖြစ်စေ တံခါးသော့ခတ်လေ့မရှိပေ ။ ဆင်းရဲလွန်းသောကြောင့် ဆယ်အိမ်ပေါင်းလျှင်တောင် ဆယ်ယွမ်ရရန်မဖြစ်နိုင်ပေ ။


ရိက္ခာများကိုသာ သေသေချာချာသိမ်းဆည်းထားတတ်ကြသည် ။ မည်သို့ပင်ဖြစ်စေ လင်းလန်က စိတ်အေးလက်အေးမနေနိုင်ချေ ။ နေ့လည်ခင်းအလုပ်ဆင်းချိန်တွင် ရွာ၏လုံခြုံရေးခေါင်းဆောင်ထံသို့သွားကာ သတင်းပို့ရန်ပြင်ခဲ့သည် ။


လုံခြုံရေးအဖွဲ့က ရွာတိုင်းလိုလိုတွင်ရှိကြပြီး သီးနှံရိတ်သိမ်းချိန်၌ အခိုးမခံရအောင်စောင့်ကြည့်ကြသည့်အပြင် ရွာလုံခြုံရေးအတွက်လည်းတာဝန်ရှိသည် ။

 


လင်းလန်၏ တိုင်ကြားချက်အား ပေါ့ပေါ့ဆဆမတွေးရဲကြချေ ။ အိမ်တစ်အိမ်သာ ဖောက်ထွင်းခံရမည်ဆိုလျှင် လုံခြုံရေးအားနည်းကြောင်းသက်သေပြလိုက်သလိုဖြစ်ကာ လုံခြုံရေးကင်းအဖွဲ့၏ မျက်နှာအားဖြတ်ရိုက်လိုက်သလိုပင်ဖြစ်သည် ။


" ဒီရက်တွေအတွင်းမှာ လူတိုင်းကအလုပ်ထဲရောက်နေကြလို့ နေ့လည်ခင်းတွေမှာအိမ်မှာလူမရှိတတ်ကြဘူး ။ ညဘက်ဆိုရင်လဲ ပင်ပန်းပြီးအနားယူနေကြတဲ့အတွက် ကိစ္စတစ်ခုခုဖြစ်လာခဲ့ရင်သိလိုက်ကြမှာမဟုတ်ဘူး ဒါ့ကြောင့် အချိန်အပိုင်းအခြားနဲ့ကင်းလှည့်တာ ကောင်းမယ်လို့ကျွန်မထင်တယ် "


လုံခြုံရေးခေါင်းဆောင်၏ ညွှန်ကြားမူအရ ကင်းလှည့်နေကြသည့်နေ့ရက်များအတွင်းတွင် အရာအားလုံးပုံမှန်ပြန်ဖြစ်သွား​ကြောင်း လင်းလန်သတိထားမိခဲ့သည် ။


သို့သော်လည်း သူမစိတ်မချဆဲဖြစ်ကာ ကလေးများအားပြောပြခဲ့သည် ။ အထူးသဖြင့် တဝမ်နှင့်အားဝမ်ကို သတိထားစောင့်ကြည့်ခိုင်းခဲ့သည် ။ ရွာထဲတွင်လည်း ခွေးရှိသည့်အိမ်များ၌ ခွေးမွေးရန်လိုက်ရှာနေခဲ့သည် ။


ခွေးသေးသေးကြီးကြီး ဟောင်ဖော်ဟောင်ဖက်ရသရွေ့အဆင်ပြေသည် ။ 


မိမိ၏ဝမ်းကိုပင် နပ်မှန်အောင်မနည်းကျောင်းနေကြရသည်ဖြစ်၍ ရွာထဲ၌ခွေးမွေးထားသည့်အိမ်မှာရှားသည် ။ ခွေးရှိသည့်အိမ်များတွင်လည်း အထီးများသာဖြစ်သောကြောင့် သူမအားပေးရန်မဖြစ်နိုင်ပေ ။


ရိက္ခာထုတ်လုပ်ရေးအသင်းတွင်တော့ သူခိုးစောင့်သည့်ခွေးများရှိသော်လည်း အသက်ကြီးနေပြီဖြစ်သည် ။ ထို့ကြောင့်အသင်းခေါင်းဆောင်က သူမအားတခြားရွာမှ ခွေးပေါက်လေးတစ်ကောင်ဖမ်းလာပေးခဲ့သည် ။


ထိုခွေးလေးမှာ တရုတ်ခွေးအမျိုးအစားဖြစ်ပြီး လယ်ခွေးဟုလည်းခေါ်သည် ။ ထိုခွေးလေး၏ မျက်ဝန်းနက်ကြီးများမှာ ဝိုင်းစက်နေကာအမွှေးဖွာဖွာလေးဖြင့်အရမ်းချစ်ဖို့ကောင်းသည် ။ ရှောင်ဝမ် နှင့်မိုင်စွေ့က ထိုခွေးလေးအားအရမ်းသဘောကျနေကြသည် ။


ထိုခွေးလေးကငယ်လွန်း၍ မွေးမြူရန်မသင့်ဟုသူမတွေးမိသော်လည်း ကလေးများကအရမ်းသဘောကျနေသည်ဖြစ်သောကြောင့် မွေးထားရန်ဆုံးဖြတ်လိုက်သည် ။ အိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်ရှိခြင်းက သူတို့အားအဖော်ရစေပြီး ချစ်တတ်စေမည်ဖြစ်သည် ။

 

ထို့နောက်တွင် ဟန်ချင်းယွမ်က ဟန်ချင်စုန့် ပို့လိုက်သည့်စာအား ယူလာပေးခဲ့သည် ။ စာထဲ၌လိုရင်းတိုရှင်း အမြန်ပြန်လာမည်ဟုသာရေးသားထားပြီး အနုအယွလွမ်းမောကြောင်းတစ်ခုမျှပင်မပါချေ ။


စာရောက်ရန်ရက်အနည်းငယ်ကြာသောကြောင့် မကြာခင်တွင် ဟန်ချင်စုန့်ပြန်လာမည်ဟု ခန်မှန်းမိသည် ။

 


ဂျူလိုင်လပထမအပတ်တွင် ရာသီဥတုသာယာနေဆဲဖြစ်ကာ သီးနှံရိတ်သိမ်းချိန်မှာလည်းပြီးဆုံးသွားပြီဖြစ်သည် ။ တစ်ရွာလုံးအနေနှင့် ရိက္ခာခွဲဝေချိန်ကိုသာစောင့်ဆိုင်းရန်လိုသည် ။


ပထမဆုံးအနေနှင့်သီးနှံထွက်နူန်း အားတွက်ချက်ကာ အလုပ်ရမှတ်များအလိုက်မိသားစုတစ်စုချင်းဆီ ခွဲဝေပေးသည် ။


တစ်နှစ်နှင့်တစ်နှစ် သီးနှံထွက်နူန်းမတူညီသောကြောင့် ပုံသေသတ်မှတ်ခွဲဝေပေးရန်မဖြစ်နိုင်ပေ ။ ထို့အပြင်မိသားစုတိုင်း၏ အလုပ်ရမှတ်များမှာလည်း မတူညီသည်ဖြစ်၍ အသေအချာတွက်ချက်ခွဲဝေရန်လိုသည် ။


နိုင်ငံတော်အားထောက်ပံ့ပေးရမည့် ပမာဏအားဖယ်ထားပြီးလျှင် ခွဲဝေမူစံနူန်းအတိုင်း စတင်ခွဲဝေသည် ။ နိုင်ငံတော်မှသတ်မှတ်ထားသော ခွဲဝေမူစံနူန်းမှာ လူဦးရေနှင့်ထပ်တူညီသည် ။


လူကြီးတစ်ဦးအတွက် သတ်မှတ်ထားသည့်စံနူန်းအပြင် ကလေးများအာလည်း သတ်မှတ်ပေးထားသည် ။ တရားဝင်ခွဲဝေသည့် ရိက္ခာမလောက်ငှခဲ့လျှင် သတ်မှတ်ထားသည့်အကန့်အသတ်အတွင်း ပိုက်ဆံဖြင့်ထပ်မံဝယ်ယူနိုင်သည် ။


" ရိက္ခာခွဲပေးပြီ! ...ရိက္ခာခွဲပေးနေပြီ! "


ကလေးများက အော်ဟစ်ကာလိုက်ပြောပြီးမကြာခင်တွင် အိမ်တိုင်းမှခြင်းများသယ်ပြီး ခွဲဝေသည့်နေရာသို့ရောက်လာကြသည် ။ ထိုနေရာသို့ရောက်သည့်အချိန်တွင် ဟန်မိသားစုမှ ပထမချွေးမနှင့်ဒုတိယချွေးမတို့ ကိုတွေ့လိုက်ရသည် ။


အငယ်ဆုံးဖြစ်သော ဟန်ကျင်းရှန် ( ဟန်ကျင်းယု )ပင် အလုပ်သွားရန်တွန်းအားပေးခံခဲ့ရသည် ။ သူမက အလုပ်လုပ်သည့်အချိန်တိုင်းတွင် ဆူနာမီလိူင်းလူံးကြီးများ လှိမ့်ထွက်လာတော့မည့်အတိုင်း အော်ဟစ်ငိုယိုနေတတ်သည် ။


ထို့နောက်တွင် ဟန်ကျင်းရှန်က အိမ်မှာသာနေ၍ ချက်ပြုတ်တော့မည်ဟုဆိုသည် ။ သို့သော်လည်း ပထမချွေးမဟန်၏ သမီးအားခိုင်းစားကာ သူမကတော့ ကံဆိုးမူအားတစ်နေကုန်ထိုင်ညည်းညူနေခဲ့သည် ။ 


ကုမိန် ချက်ပြုတ်ပြီးသောအခါတွင်လည်း ဟန်ကျင်းရှန်က ခိုးစားတတ်သေးသည် ။ ယခုရိက္ခာခွဲဝေရာ၌ အဖွားကြီးဟန်ကအကြံအစည်ဖြင့်လွှတ်လိုက်ခြင်းဖြစ်သည် ။


ဟန်ရုံချန်း မိသားစုဟုခေါ်လိုက်သည့်အချိန်တွင် ပထမချွေးမဟန်နှင့်ဒုတိယချွေးမဟန်တို့က ရိက္ခာများယူခဲ့သည် ။ အိမ်သို့မပြန်မှီတွင် သူမတို့၏မိသားစုအတွက် အနည်းငယ်ဖွက်ယူထားလိုက်ပြီးမှ ဟန်အိမ်သို့ပြန်သယ်သွားခဲ့သည် ။


အဖွားကြီးဟန်အား ရိက္ခာများအကုန်အပ်လိုက်မည်ဆိုလျှင် သူမတို့၏ကလေးများ ဝဝလင်လင်စားသောက်ရမည်မဟုတ်ချေ ။ ဟန်ချင်စုန့် မိသားစုဟုခေါ်လိုက်သည့်အချိန်၌ လင်းခန်မသွားရသေးခင်အချိန်မှာပင် ဟန်ကျင်းရှန်ကအော်ကာပြေးလာသည် ။


" အဲ့ဒါကျွန်မတို့မိသားစုပါ "


အဖွဲ့ဝင်များအားလုံက ဟန်ကျင်းရှန်ကို လျှစ်လျူရူထားကာပြောလိုက်သည် ။


" မိသားစုခွဲထွက်ပြီးသားဖြစ်တဲ့အတွက် ရိက္ခာတွေက ဟန်ချင်စုန့်ရဲ့ဇနီးအပြင်ကလေးတွေ နဲ့ဘဲသက်ဆိုင်တယ် "


 

လင်းလန်နှင့်ကလေးများက အမြန်ပြေးလာကြသည် ။


" လာပါပြီ... လာပါပြီ..."


ရိက္ခာခွဲဝေရေးအသင်စမှအဖွဲ့ဝင်များသည် တစ်ယောက်ကစာရင်းမှတ်ကာ တစ်ယောက်ကချိန်တွယ်ပေးနေခဲ့သည် ။ အဖွဲ့ဝင်အများစုမှာ ကျောင်းမနေခဲ့ဖူးသောကြောင့် တိတိကျကျမတွက်ချက်နိုင်ကာ အနီးစပ်ဆုံးရမ်းသမ်းချိန်တွယ်ကြသည် ။


ထိုအရူးပါးများမှာ မိမိတို့၏မိသားစုများအတွက်ချိန်တွယ်သည့်အချိန်၌ အပိုသာရှိပြီးအလိုမရှိခဲ့ချေ ။ ဟန်ရုံဖန် သည်ထိုကိစ္စအားခွင့်မပြုထားသော်လည်း အချင်းချင်းညှိနိူင်းထားကြကာပမာဏအများကြီး မကွာသရွေ့ပြဿနာမရှိဟုတွေးခဲ့ကြသည် ။


ထို့ကြောင့် ရိက္ခာခွဲဝေပြီးချိန်၍အဖွဲ့ဝင်များ၏ မိသားစုများမှာ ပေါင်အနည်းငယ်ပိုရကြသည် ။ လင်းလန် ကချိန်တွယ်နေသည့်နေရာနားသို့သွားကာအသေအချာကြည့်ရူနေခဲ့သည် ။ ကတ္တား၌ ကိန်းဂဏန်းအတိအကျရေးသားထားသောကြောင့် သူနားလည်ရန်မခက်ခဲပေ ။


အဖွဲ့ဝင်တစ်ဦးမှာ ရွာ၏ကျော်ကြားသည့်မိန်မဆိုးကြီးက သေသေချာချာလာကြည့်နေအားထူးဆန်းနေသည် ။ ချိန်တွယ်ပေးသည့်အချိန်တိုင်းမည်သည့်ရွာသား ကမျှလာရပ်မကြည့်တတ်သောကြောင့်ပြုံးကာပြောလိုက်သည် ။


" အိုက်ယား! ငါပြောမယ် နင်စာတောင်ဖတ်တတ်ရဲ့လား "


xxxxxx

Part 112


ထိုအဖွဲ့ဝင်မှာပြုံးနေခဲ့သော်လည်း လင်းလန်အားအထင်သေးသည့်အပြောအဆိုအား ဖုံးကွယ်မထားခဲ့ချေ ။


နင့်ကိုယ်နင်တကယ်နားလည်နိုင်မယ်လို့ထင်နေတာလား...


လင်းလန်က ပြန်ပြောလိုက်သည် ။


" တကယ်လို့ကျွန်မကိုပေါင် အနည်းငယ်ပိုပေးမယ်ဆိုရင်တော့ ကျွန်မနားမလည်နိုင်ဘူးပေါ့ အခုတော့ရှင်တို့ချိန်ပေးတာက နှစ်ကတ်တီလိုနေတာကျွန်မသိတယ် "


သူမက ကတ္တားအားလက်ညိုးထိုးရင်းထပ်ပြောလိုက်သည် ။


" ကျွန်မတို့မိသားစုက လူကြီးနှစ်ယောက်နဲ့ ကလေးငါးယောက်ရှိတယ်... ခွဲဝေမူစံနူန်းအရဆိုရင် ဒီအမှတ်ထိရောက်ရမှာ "


နိုင်ငံတော်၏ခွဲဝေမူစံနူန်းအရ အရွယ်ရောက်ပြီးလူကြီးအတွက် ရှစ်ဆယ်ကတ်တီနှင့် အသက်ဆယ်နှစ်အထက် ကလေးများအတွက် ငါးဆယ်ကတ်တီ ၊ ငါးနှစ်အထက်ကလေးများအတွက် သုံးဆယ်ကတ်တီ ၊ ငါးနှစ်အောက်ကလေးများအတွက် နှစ်ဆယ်ကတ်တီဟုသတ်မှတ်ပြဌာန်းထားသည် ။


" နင့်အမျိုးအသားရဲ့ အလုပ်အကိုင်မပြောင်းရသေးတဲ့အတွက် သူ့ရဲ့ဝေစုကိုထည့်တွက်ပေးလို့မရသေးဘူး "


လူအုပ်ကြီးထဲမှ အမျိုးသမီးတစ်ဦးကအော်ပြောလိုက်သည် ။


" နှစ်တွေအကြာကြီး ခေါင်းပုံဖြတ်ပြီးတာတောင်မလုံလောက်သေးလို့လား ငါတို့အကုန်သိတယ် ဒီလောက်ဆိုရင်တော်လောက်ပြီ "


" နင်ကငါ့ကိုဘာလုပ်ပါလို့ပြောခွင့်ရှိလို့လား "


လင်းလန်က နှာမူတ်ကာပြောလိုက်သည် ။


" ရှင်တို့တွေ စစ်သားတစ်ယောက်ရဲ့အကျိုးခံစားခွင့်တွေကိုသိကြတာဘဲမဟုတ်ဘူးလား "


ငါကိုများလာညှပ်ချချင်နေသေးတယ်!


ငါကရွာရဲ့အကျော်ကြားဆုံး မိန်းမဆိုးမှန်းမသိဘူးလား...


နင်ကမီးရိူ့ရင် ငါကရေနံဆီလောင်းပေးလိုက်မယ်! ဘာမှတ်နေလဲ!


ထိုနှစ်များက စစ်သားတစ်ဦး၏တာဝန်များမှာအလွန် အန္ဒရာယ်များသောကြောင့် ကွန်မြူနတီမှမည်သူမျှ တပ်ထဲမဝင်ချင်ကြပေ ။ စစ်မူထမ်းလိုသည့်လူဦးရေအရမ်းနည်းသောကြောင့် အစိုးရမှ စစ်သားတစ်ဦး၏ခံစားခွင့်များကို အတိအလင်းပြဌာန်းတိုးမြှင့်ပေးခဲ့သည် ။


စစ်သားများအတွက်ထောက်ပံ့ပေးသောရိက္ခာများမှာ ထိုခေတ်အခါတွင် အလွန်ပင်တန်ဖိုးကြီးလှသည် ။ မိသားစုဝင်များအတွက်လည်း အထူးခံစားခွင့်များစွာရှိသေးသည် ။


သားသုံးယောက်ရှိသည့်မိသားစုတစ်ခုတွင် သားတစ်ယောက်အားစစ်မူထမ်းရန်စေလွှတ်ပေးရမည်ဖြစ်သည် ။ ထို့ကြောင့် အဖွားကြီးဟန်က သူမ၏ချစ်သောသားများအတွက် ဟန်ချင်စုန့်အားစစ်ထဲထည့်ခဲ့ခြင်းဖြစ်သည် ။


ဟန်ချင်စုန်၏ တပ်တွင်းဂုဏ်ထူးဆောင်မူများကြောင့် သူရွာတွင်မရှိသော်လည်း မည်သူကမျှဝေစုအားဖြတ်မခုတ်ရဲချေ ။ စစ်မူထမ်းသားများရှိသည့် တချို့အိမ်ထောင်စုများမှာ ဟန်ချင်စုန့်ကဲ့သို့ရလို၍အတွန့်တက်ကြသောလည်း ကောင်စီကပိုက်ဆံအနည်းငယ်ပေးလိုက်လျှင် ပါးစပ်ပိတ်သွားကြသည်ချည်းဖြစ်သည် ။


အကြောင်းအရင်းမှာ စစ်မူထမ်းစစ်သားရှိသည့် အိမ်ထောင်စုတိုင်းပထမနှစ်နှစ်တွင် တန်းတူထောက်ပံ့ပေးပါသော်လည်း သုံးနှစ်မြောက်မှစ၍ ဂုဏ်ထူးဆောင်မူအလိုက်ပြောင်းလဲသွားကြသည် ။


ဟန်ချင်စုန့်က လစဥ်ယွမ်ရာချီရ၍ ထောက်ပံ့ပေးသည့်ရိက္ခာများမှာလည်း နည်းနည်းနောနောမဟုတ်ချေ ။ ထိုကြောင့် သားများအားတပ်ထဲပို့ထားသောမိသားစုများမှာ မနာလိုလွန်း၍သေလောက်သည် ။


စစ်သားချင်းအတူတူတောင် သူတို့ကဘာလို့အဲ့လိုထောက်ပံ့ပေးမခံရတာလဲ...


မနာလိုမူများသည် ကောလဟလပေါင်းများစွာကိုဖြစ်ပေါ်စေခဲ့ကာ တစ်ဆင့်စကားတစ်ဆင့်နားဖြင့် ထိန်းချုပ်၍မရတော့ပေ ။ တချို့ကဟန်ချင်စုန့်သည် ရာထူးတက်ရန်မသမာသည့်နည်းလမ်းများအသုံးပြုသည်ဟုဆိုကြသည် ။


တချို့က ဟန်ချင်စုန့်သည် ဗိုလ်မူးအားစကားချိုချိုလေးများဖြင့်လှည့်ဖျားထားကာ ဗိုလ်မူးကသူ၏သမီးနှင့် လက်ထပ်ပေးချင်နေသည်ဟုပင်ဆိုကြသေးသည် ။


မည်သို့ပင်ချဲ့ကားပြောဆိုနေကြပါသော်လည်း ဟန်ချင်စုန့်က ပြက်လုံးတစ်ခုဟူ၍သာယူဆထားခဲ့သည် ။ အရာအားလုံးက အလိမ်အညာများသာဖြစ်သောကြောင့် တစ်ခါတစ်ရံသူကိုယ်တိုင်ပင်ပြောဆိုရီမောနေတတ်သေးသည် ။


လင်းလန် ထိုအမျိုးသမီးအားကြည့်လိုက်သည် ။ သူမက လုချွမ်းဖန်၏အမေ ယုဝူဇီ ဖြစ်သည် ။ သူမ၏နှာတံပေါ်၌ အမွှေးသုံးပင်ပေါက်နေသည့်မှဲ့နက်ကြီးတစ်လုံးရှိသည် ။ လူတိုင်းကသူမနောက်ကွယ်တွင် မှဲ့ကြီး သို့မဟုတ် အမွှေးသုံးချောင်းဟုခေါ်ကြသည် ။


မူလ လင်းလန်နှင့် လုချွမ်းဖန် တို့၏ဆက်ဆံရေးကအကောင်းကြီး မဟုတ်ပေ။  ပြဿနာကြီးကြီးမားမားမတက်ခဲ့ဖူးသော်လည်း အသေးအမွှားကတောက်ကဆဖြစ်မူများတော့ အနည်းငယ်ရှိသည် ။


 ထိုနှစ်ကလက်ထပ်ပွဲအကြောင်းပြောရမည်ဆိုလျှင် လုချွမ်းဖန်ကိုလည်းချန်လှပ်ထား၍မဖြစ်ပေ ။ သူမသည်ရွာတွင်ကျော်ကြားသည့် မိန်းမပျိုဖြစ်သည် ။ နူးညံ့သိမ်မွေ့ပြီးစကားနည်းကာ ယောက္ခ်မအကြိုက်ပုံစံမျိုးအတိအကျပင်ဖြစ်သည် ။


လုချွမ်းဖန်က ထို့ခေါ်ဝေါ်ခံရသည့်အပေါ်အလွန်ဂုဏ်ယူနေခဲ့သည် ။ အဖွားကြီးဟန်ကသူမအား အားနည်းချူချာသည်ဟုဆိုကာ လက်မခံခဲ့ပေ ။ နောက်ထပ်အ​ကြောင်းပြချက်တစ်ခုမှာ အာဏာပြလိုခြင်းဖြစ်သည် ။


အဖွားကြီးဟန် ကကြင်နာတတ်သောလူစားမျိုးမဟုတ်ကာ ယုဝူဇီသည်လည်း အလွယ်တကူအကျောခံမည့်မိန်းမမျိုးမဟုတ်ပေ ။ ထိုနှစ်ယောက်သည် ကိစ္စကြီးကြီးငယ်ငယ် အငြင်းပွားလေ့ရှိသည် ။


ကိစ္စကြီးကြီးမားမားမဟုတ်သော်လည်း မိသားစုဝမ်းကွဲများအကြားတွင် အသေးအမွှားငြင်းခုန်မူများမှာ အဆန်းမဟုတ်ချေ ။ မိန်းမများအကြားနိူင်းယှဥ်ကြွားဝါကြခြင်းမှာ အဓိကပြဿနာပင်ဖြစ်သည် ။


ထို့အပြင် ယုဟောင်ဇီက ဟန်ချင်စုန့်စစ်သားဖြစ်နေသည်အားလည်းသဘောမကျပေ ။ ထိုအချိန်က စစ်သားများက အချိန်မရွေးစစ်​မြေပြင်တွင်ကျဆုံးသွားနိုင်ကာ မိသားစုအတွက်အာမခံမရှိပေ ။


ဇနီးမယားဘေးတွင် တစ်နှစ်ပတ်လုံးအဖော်မပြုပေးနိုင်သည်အားလည်း သဘောမကျကာ အဖွားကြီးဟန် ကဲ့သို့တစ်ကိုယ်ကောင်းဆန်သည့်ယောက္ခ မမျိုးအနိုင်ကျင့်မှာအဖြစ်မခံနိုင်ပေ ။


အာဏာပြချင်သော ယောက္ခ်မနှင့် အာဏာပြမခံလိုသောချွေးမကြား လက်ထပ်ပွဲဖြစ်မြောက်လာစရာအကြောင်းမရှိပေ ။ ထို့နောက်တွင် ဟန်ချင်စုန့်က လင်းလန်နှင့် လက်ထပ်ခဲ့ကာ လုချွမ်းဖန်သည်လည်း ရွာထဲရှိအမျိုးသားတစ်ဦးနှင့် လက်ထပ်သွားခဲ့သည် ။


မူလလင်းလန်က လုချွမ်းဖန် သည်မရိုးသားဟုအမြဲထင်နေခဲ့ကာ တိတ်ဆိတ်ငြိမ်းချမ်းသောအသွင်အပြင်သည် သူမ၏ပင်ကိုယ်စရိုက်မဖြစ်နိုင်ဟုထင်ခဲ့သည် ။ 


မူလ လင်းလန်က ဟန်ချင်စုန့်သည် အိမ်ပြန်လာသောအကြိမ်တိုင်း လုချွမ်းဖန်နှင့်ခိုးဝှက်တွေ့ဆုံနေခဲ့သည်ဟုတွေးနေခဲ့သည် ။ ဟန်ချင်စုန့် အိမ်ပြန်သောအကြိမ်အရေအတွက်မှာ အလွန်ပင်နည်းပါးသည် တစ်နှစ်နှစ်နှစ်နေမှတစ်ခေါက်ပြန်လာကာ နှစ်ရက်သုံးရက်ပိုကြာကြာမနေပေ ။


ထို့အပြင် လုချွမ်းဖန် နှင့်လင်းလန်က အလုပ်အတူတူလုပ်ကြရကာ အမြဲတမ်းသူမအားစိုက်ကြည့်နေတတ်ပြီး စကားပြောသည့်ပုံမှာလည်းအချိုးမပြေပေ ။ မူလ လင်းလန်က သူမအကြောင်းကောလဟာလဖြန့်၍ မကောင်းပြောဆိုသည်ဟု ဖော်ထုတ်ခဲ့သည် ။


သို့သော်လည်း လုချွမ်းဖန်၏ ကြာပန်းဖြူလေးပုံစံကြောင့် လင်းလန်သာ မိန်းမဆိုးကြီးအမည်တွင်သွားခဲ့ရသည် ။ အတင်းအဖျင်းများကလည်း ထိန်းချုပ်မရကာပို၍ပင်ဆိုးဝါးလာခဲ့သည် ။


ရှောင်ဝမ် အားကိုယ်ဝန်ဆောင်ထားရသောကာလ၌ ရွာ၏အစည်းအဝေးတစ်ခုတွင် လင်းလန်က ကောလဟာလဖြန့်သူမှာ လုချွမ်းဖန် ဖြစ်ကြောင်းထပ်မံပြောဆိုသည် ။ မျော်လင့်ထားသလိုပင် လုချွမ်းဖန်က သူမဖြစ်ကြောင်းဝန်မခံကာ ရန်ဖြစ်ကြတော့သည် ။


လုချွမ်းဖန်က အားနည်းပုံပေါ်သော်လည်း အများကြီးသန်မာသည် ။ သူမကမူလ လင်းလန်၏ဗိုက်အားကန်လိုက်သောကြောင့် ရေမြွှာပေါက်သွားစေခဲ့ပြီး လမစေ့ဘဲစောမွေးခဲ့သောကြောင့် ရှောင်ဝမ်၏အမြင်အာရုံထိခိုက်သွားခဲ့ရသည် ။


xxxxxx