အပိုင်း ၁၁၃-၁၁၄
Viewers 20k

Part 113


ဤသည်မှာ မူလလင်းလန် ရှောင်ဝမ်အားသဘောမကျရသည့်အချက်များထဲမှတစ်ခုဖြစ်သည် ။ လုချွမ်းဖန် တွင်ကိုယ်ပိုင်အကြံအစည်ရှိလေသည် ။ သူမလက်ထပ်ထားသောယောက်ျားသည် အပေါင်းအသင်းများနှင့်သာအချိန်ကုန်နေပြီး အလုပ်ကြိုးစားလိုစိတ်လည်းမရှိပေ ။


အမြင့်သာမှန်းပြီးဂုဏ်မောက်လိုသည့် လုချွမ်းဖန် အတွက် ဟန်ချင်စုန့် ကိုလက်ထပ်ခဲ့လျှင်သာဟူ၍ အမြဲတမ်းတွေးတောနေခဲ့ကာ ယခုအခြေအနေထက်အဆပေါင်းများစွာ သာမည်ဟုမနာလိုဖြစ်နေခဲ့သည် ။


မူလလင်းလန်နှင့် ပက်သက်၍ကောလဟာလများစွာလွှင့်ခဲ့သည် ။ ဥပမာ ဟန်ချင်စုန့်က လင်းလန်အားကွာရှင်းတော့မည် ၊ ဟန်ချင်စုန့်ကလင်းလန်အား မချစ်....စသည်ဖြင့်မရိုးနိုင်ပေ ။ 


ထို့အပြင် စစ်တပ်မှအသိတပ်သား တချို့၏ပြောကြားချက်အရ ဟန်ချင်စုန့်က လုချွမ်းဖန် ဘယ်သူလဲပင်မသိချေ ။


ထို့ကြောင့် မူလ လင်းလန်နှင့် လုချွမ်းဖန် တို့၏ပြိုင်ဆိုင်မူမှာမရေမရာဖြစ်နေခဲ့သည် ။ လင်းလန်တွင် မိန်းမဆိုးဟူသည့်အမည်ပျက်ရှိနေပြီးဖြစ်၍ အကျိုးရှိရှိပင်အသုံးချတော့သည် ။


သူမလို မိန်းမဆိုးကြီးသည် ယဥ်းကျေးသိမ်မွေ့သောအပြုအမူများအား ခွာချကာ စိတ်ရှိတိုင်းပြောဆိုနိုင်သည် ။ ဒေါသထွက်လျှင်လည်း အော်ဟစ်နိုင်ကာ ဟန်ဆောင်ပြုံးစရာမလိုတော့ချေ ။


" အရင်ကတည်းက စစ်မူထမ်းတွေက ဒီလိုအလေးပေးခံရတာဘဲလေ နိုင်ငံတော်ကတရားဝင်ပြဌာန်းပေးထားတာဘဲ ရှင်တို့ဘာကိုအတွန့်တက်ချင်သေးလို့လဲ..မကျေနပ်ရင် ခရိုင်ရုံးမှာသွားရှင်းလေ.. ဒီမှာအဒေါ်ကြီး ရှင်တို့သားအမိကအမြဲတမ်းဘာလို့သူများကို မနာလိုနေကြတာလဲ....


ရှင်မနာလိုဖြစ်နေလို့ ရှင်တို့မိသားစုထမင်းဝသွားလား... ရှင့်ဘာသာရှင် အဖွားကြီးဟန်နဲ့ ပြိုင်ဆိုင်ချင်တဲ့ကိစ္စကို သူနဲ့တိုက်ရိုက်သွားရှင်းချည်.... ကျွန်မကမိသားစုခွဲထွက်ပြီးသား အောက်တန်းကျတဲ့နည်းလမ်းတွေနဲ့ လာမကစားချင်စမ်းပါနဲ့ "


ပြဿနာရှာတာလူရွေးမှာသွားလို့စိတ်မကောင်းပါဘူး...ကျွန်မကကျော်ကြားတဲ့မိန်းမဆိုးကြီးဘဲ!


ယုဝူဇီက လက်မလျော့သေးကာပြောလိုက်သည် ။


" ထောက်ပံ့ပေးတာတွေနဲ့တင်နင်မကျေနပ်နိုင်ဘူးလား ငါတို့တွေနေ့ရောညပါအသေအလဲအလုပ်လုပ်တာတောင်မလုံလောက်ရတဲ့အထဲ နင့်ရဲ့အလုပ်မလုပ်တဲ့ယောက်ျားအတွက်ဝေစုလိုချင်နေသေးတယ် "


လင်းလန်က ထိုအသိအဥာဏ်မရှိသည့်စာမတတ်ပေမတတ်တစ်သိုက်အား အဖက်ပင်မလုပ်ချင်တော့ချေ ။ သူတို့ကအချင်းချင်းမနာလိုဝန်တိုဖြစ်နေကြသည့်အချိန်တွင် စစ်သားများက အသက်အန္ဒရာယ်နှင့်ရင်ဆိုင်နေရသည်အား မသိကြပေ ။


သူတို့မြင်တာက ရိက္ခာကတ်တီအနည်းငယ်သာဖြစ်သည် ။ 


လင်းလန်ကလည်းသေချာပေါက်ပင် ရှင်းပြရန်မကြိုးစားပေ သူတို့လိုကိုယ်ကျိုးဘဲကြည့်တဲ့လူတွေက ပညာရှိစကားတွေကြားရဖို့မထိုက်တန်ဘူး!


တစ်သက်လုံးကြားဖို့မတန်ဘူး!


လင်းလန်က ခါးထောက်ကာတိုက်ရိုက်ပင် အော်ဆူတော့သည်  ။


" ကျွန်မနည်းနည်းလောက်မသောင်းကျန်းတာနဲ့ရှင်တို့က လူပါးဝလို့ရမယ် ထင်နေတာလား  ရှင့်ရဲ့သားကတပ်ထဲဝင်လို့မရဘူးဆိုတာနဲ့ အကုန်လုံးကိုသိမ်းကျုံးမပြောနဲ့လေ ရှင့်ရဲ့အသုံးမကျတဲ့သားကိုသာစစ်ထွက်တိုက်ခိုင်းကြည့်စမ်းပါ စစ်သားတွေရဲ့ဘဝကဘယ်လောက်ခက်ခဲလဲရှင်သိလို့လား...အရေးပေးခံရတာဘဲမြင်ပြီး အချိန်မရွေးသေသွားနိုင်တာရှင်မသိဘူးလား ရှင့်လိုလူမျိုးကိုမှ စာမတတ်တဲ့အရူးလို့မခေါ်ရင် ဘယ်သူ့ကိုသွားခေါ်မလဲ "


" နင်ပေါက်ကတွေပြောမနေနဲ့ "


ယုဝူဇီက စတင်အော်ဟစ်လာကာ ယဥ်ကျေးယောင်ပင်မဆောင်နိုင်တော့ချေ ။


" ကျွန်မကပေါက်ကတွေပြောနေတာမဟုတ်ဘူး အရှည်ကိုမမြင်နိုင်ဘဲ ဥာဏ်မရှိတဲ့ငတုံးတွေကိုပြောနေတာ "


သူမက လက်ညိုးထိုးကာဆက်ပြောလိုက်သည် ။


" ကျွန်မကရှင့်ကိုပြောနေတာ ထွက်ပြေးဖို့မစဥ်းစားနဲ့ "


ယုဝူဇီက လင်းလန်အား ပြဿနာရှာရန်တွေးထားသည်မှာကြာပြီဖြစ်ကာ လင်းလန် သာဒေါသတကြီးပြန်မပြောဆိုခဲ့လျှင် သူမဘက်မှအဆုံးစွန်ထိတွန်းပို့မည်ဖြစ်သည် ။


ထို့ကြောင့် ​ေလကြောရှည်ခြင်းအားရှောင်ရှားရန် လင်းလန်က တစ်ချက်တည်းအပြတ်ဖြတ်ရန်ဆုံးဖြတ်လိုက်သည် ။


လင်းလန်အား အနိုင်မယူနိုင်ကြောင်းသိသည့်အခါ ယုဝူဇီသည် ရှက်ရှက်နှင့်တပ်ပြန်ဆုတ်သွားခဲ့ရသည် ။


ရွာ၏မိန်းမဆိုးကြီးအား လွယ်လွယ်အနိုင်မယူနိုင်ပေ!


ရိက္ခာခွဲဝေပြီးသည့်နောက်တွင် လင်းလန်ကပျော်ရွှင်စွာဖြင့်ကလေးများအား နေလှန်းရန်ရွေ့ခိုင်းလိုက်သည် ။


" ရက်အနည်းငယ်လောက် နေ ပြပြီးရင်အိမ်မှာသိမ်းထားလို့ရပြီ "


စပါးတွဲများအား နံရံတွင်ချိတ်ဆွဲထားနိုင်ကာ ဆန်ဖွဲများအားလည်း အသုံးချ၍ရနိုင်သေးသည် ။ အစ်ကိုကြီးဟန်နှင့် ဒုတိယအစ်ကိုဟန်တို့က ဟန်အိမ်တွင် ဝိုင်းကူနေကြသည် ။ သူမတို့အလုပ်ပြီးတော့မည့်အချိန်တွင် အစ်ကိုကြီးဟန် ကကူညီရန်ရောက်လာခဲ့သည် ။


လင်းလန်က ပြုံးကာပြောလိုက်သည် ။


" အစ်ကိုကြီး အိမ်မှာဘဲပြန်ကူလိုက်ပါ ဒီမှာကလေးတွေရှိပါတယ် သူတို့ကူပေးလိမ့်မယ် "


အစ်ကိုကြီးဟန်က ဘာမှပြန်မပြောခဲ့သော်လည်း ကလေးများအားကူညီပေးနေခဲ့သည် ။ ခြံဝန်းလေးထဲသို့ကူညီရွေ့ပြောင်းပြီးသည့်အခါတွင် အစ်ကိုကြီးဟန် ကလင်းလန်အားနူတ်ဆက်ကာပြန်ရန်ပြင်နေခဲ့သည် ။


လင်းလန်က တရုတ်ဆီးသီးနီ များအားအမြန်ယူကာ ပထမချွေးမဟန်နှင့်ကလေးများအတွက် ပေးလိုက်သည် ။ အစ်ကိုကြီးဟန်က မငြင်းဆန်နိုင်ခဲ့ပေ ။ သူ၏အကျီစထဲတွင်ဖွက်ကာအိမ်ပြန်ယူသွားခဲ့သည် ။


အိမ်အဝင်၌ ဟန်ကျင်းရှန်နှင့်တိုက်မိကာ ဆီးသီးအချို့ပြုတ်ကျသွားခဲ့သည် ။ တရုတ်ဆီးသီးနီများအား မြင်သည်နှင့်သူမက မျက်ခုံးပင့်ကာမေးလိုက်သည် ။


" အစ်ကိုကြီးဆီးသီးတွေဘယ်ကရလာခဲ့တာလဲ "


သူမက ချက်ချင်းပင်ဆီးသီးများအား လိုက်ကောက်တော့သည် ။ အစ်ကိုကြီးဟန်က သူ၏ကလေးများနှင့်မိန်းမအတွက်ချန်ထားခဲ့ချင်သော်လည်း ပါးစပ်ကထွက်လာသည့်စကားမှာ စိတ်ကူးနှင့်မတူညီနေခဲ့ပေ ။


" အကုန်မစားလိုက်နဲ့ အမေ့အတွက်ချန်ထားလိုက်ဦး "


" အစ်ကိုကြီးရယ် ကျွန်မစားရမှတော့ အမေလဲမစားရဘဲနေမလား အမေကအစားကောင်းဆိုညီမအတွက်အမြဲချန်ထားပေးနေကျလေ ညီမမချန်ထားပေးရင် မသိတတ်ဘူးဖြစ်သွားမှာပေါ့ စိတ်မပူပါနဲ့...ညီမလေးဒီရက်တွေ အတွင်းမှာအရမ်းအလုပ်ကြိုးစားထားခဲ့တာ ဒါ့ကြောင့် ညီမလေးစားရင်မလွန်ဘူး "


ဟန်ကျင်းရှန်က တစ်လောကလုံးတွင်သူမ အမှန်ဆုံးဆိုသည့်ပုံစံနှင့်ပြောနေခဲ့သည် ။ထိုအချိန်တွင်ပင် ဟင်းချက်ရာမှထွက်လာသော အစ်ကိုကြီးဟန်၏သမီး ကုမိန်ကမြင်သွားခဲ့သည် ။ သူမသည်လည်း တရုတ်ဆီးသီးနီ များအားအလွန်စားချင်သည် ။


ဟန်ကျင်းရှန်က ဆီးသီးစေ့များကိုထွေးထုတ်ရင်းပြောလိုက်သည် ။


" ပျင်းမနေနဲ့ သွားပြီးချက်ပြုတ်လေ "


ကုမိန်က သူမ၏အမေအားအကြောင်းစုံပြန်ပြောပြခဲ့သည် ။ ပထမချွေးမဟန်က ဘာမှမပြောခဲ့သော်လည်း မတရားခံနေရမူများအားအလွန်စိတ်ကုန်နေပြီဖြစ်သည် ။ တတိယမိသားစုအတွက်ခွဲထွက်ရန်လွယ်ကူခဲ့သော်လည်း သူမတို့အတွက်မူ ကိုယ်တိုင်နည်းလမ်းရှာကြံရမည်ဖြစ်သည် ။


ဟန်ကျင်းရှန်က ကျန်သည့်ဆီးသီးများအားသူမ၏ အခန်းထဲသို့ယူသွားကာ နောက်တစ်ကြိမ်စားနိုင်ရန်သိမ်းထားလိုက်သည် ။ သူမကမီးဖိုထဲတွင် ချက်ပြုတ်ရင်းချွေးတွေရွဲနစ်မနေချင်သောကြောင့် ထင်းရှာမည်ဟုအကြောင်းပြကာထွက်လာခဲ့သည် ။


xxxxxx

Part 114


ကလေးများကထင်းခြောက်များ ကောက်ပေးပြီးဖြစ်သည့်အတွက် သူမအနေနှင့်ဟိုဟိုဒီဒီလမ်းလျှောက်ပြီး အချိန်ဖြုန်းရုံသာဖြစ်သည် ။ သူမအခန်းထဲသို့ပြန်လာသည့်အချိန်တွင် ဆီးသီးများပျောက်ဆုံးသွားကြောင်းတွေ့လိုက်ရသည် ။


" ငါ့ဆီးသီးတွေကိုဘယ်သူခိုးသွားတာလဲ... "


သူမအော်ဟစ်နေသော်လည်း မည်သူမျှဝန်မခံကြပေ ။ ဒုတိယမိသားစုမှကလေးနှစ်ယောက်က လျှာသပ်နေကြသောကြောင့် သူမကစစ်ဆေးရန်ပါးစပ်ဟခိုင်းခဲ့သည် ။ ရလဒ်အနေနှင့်ဘသွားကြားထဲ၌ကပ်ကျန်နေသော ဆီးသီးအခွံစများအားတွေ့လိုက်ရသည် ။


ဟန်ကျင်းရှန်က အလွန်ဒေါသထွက်ကာကလေးများအားရိုက်နှက်တော့သည် ။ သူမကဒုတိယမိသားစုမှကလေးများအား ရိုက်နှက်ရသည်နှင့်အားမရသောကြောင့် ကုမိန်ကိုပါရိုက်နှက်ရန်လက်လှမ်းလာခဲ့သည် ။


သူမ၏သမီးအားရိုက်ရန် ကြံစည်နေသောကြောင့် ပထမချွေးမကတားကာပြောလိုက်သည် ။


" တော်လောက်ပြီ "


" အစ်မကြီးဒါဘာလုပ်တာလဲ "


ဟန်ကျင်းရှန်က ခြေဆောင့်ကာပြောလိုက်သည် ။


" အစ်မကြီးလဲ ကျွန်မကိုအနိုင်ကျင့်ဖို့ကြိုးစားနေတာလား? "


ပထမချွေးမဟန် ဘာမှမပြောရသေးခင်မှာပင် အဖွားကြီးကထွက်လာကာ ဆူပူတော့သည် ။


" နင်တို့ဘာတွေလုပ်နေကြတာလဲ...ဟိုမိန်းမရဲ့ခြေရာအတိုင်းနင်းပြီး ငါတို့ကိုအနိုင်ကျင့်ချင်တာလား... ဒါနင်တို့ပြောတဲ့မိဘအပေါ်သိတတ်တာလား "


ပထမချွေးမဟန်က အော်ကြီးဟစ်ကျယ်ဆူပူခံရသောကြောင့် ခေါင်းပင်မမော့ရဲတော့ချေ ။ သူမကလင်းလန်ကဲ့သို့ စိတ်ထဲရှိသမျှဂရုမစိုက်ဘဲနှင့် ပြန်ခံပြောလိုက်ချင်သည် ။


သို့သော်လည်း ထိုသို့ပြုလုပ်ရန်သူမတွင်သတ္တိမရှိခဲ့ချေ ။ မိသားစုအတွက်အရှက်ရစေမည်ဖြစ်ကာ ကောလဟာလများနှင့်မကောင်းသတင်းများလည်းပျံ့နှံ့သွားနိုင်သည် ။


ပထမချွေးမဟန်က ခံပြောနိုင်မည့်အရိပ်အယောင်မရှိသောကြောင့် အဖွားကြီးဟန်က ပို၍ပင်ရောင့်တက်ပြီးပြောဆိုလာသည် ။ လင်းလန်အား ပြောဆိုချင်သည့်စကားများနှင့် ဒေါသများအားလုံးကို ပထမချွေးမထံသို့ပုံချတော့သည် ။


..................


ရက်အနည်းငယ်ကြာပြီးသည့်နောက်တွင် ပြည်သူတော်လှန်ရေးကော်မတီသို့ ဟန်ချင်စုန့်က စစ်ယူနီဖောင်းဝတ်ကာ ရွေ့ပြောင်းထောက်ခံစာတစ်စောင်နှင့်ရောက်လာခဲ့သည် ။


ဒါရိုက်တာချင်က ရွေ့ပြောင်းထောက်ခံစာအား ​အမြန်ကောက်ယူကြည့်ကာပြောလိုက်သည် ။


" တပ်ခွဲမူး ဟန်ချင်စုန့် ဘဲ တွေ့ရတာဝမ်းသာပါတယ်...တွေ့ရတာဝမ်းသာပါတယ် "


သူက စိတ်အားထက်သန်စွာပင် လက်ဆွဲနူတ်ဆက်တော့သည် ။ သူကဟန်ချင်စုန်၏ ထောက်ခံစာအားထပ်မံယူကြည့်လိုက်သည့်အခါ  ပြည်သူ့တော်လှန်ရေးတပ်မတော်ဟုထင်ရှားစွာပါရှိသည် ။


ဂုဏ်သတင်းကြီးမားသည့် တပ်မှထောက်ခံစာအပြင် ဟန်ချင်စုန့်၏ဂုဏ်ထူးဆောင်မှတ်တမ်းများအပြင် အကောင်းမြင်ချီးကျူးသည့် မှတ်ချက်များလည်း တသီကြီးပါရှိလေသည် ။


တပ်ခွဲမူးအားလုံးထံတွင် အရည်အချင်းရှိဆုံးဖြစ်ကာအထူးချွန်ဆုံး မှတ်တမ်းရှိ၍ အနာဂတ်လမ်းကြောင်းမှာ ပြောစရာမလိုလောက်အောင်ပင်ဖြောင့်တန်းနေလိမ့်မည် ။


ထိုသို့သော သူမျိုးကအလုပ်ပြောင်းချင်ရသောအကြောင်းအရင်းမှာ သေးသေးကွေးကွေးမဟုတ်ဟုမှန်းဆမိသော်လည်း အကြောင်းအရင်းအား ကာယကံရှင်ကိုယ်တိုင်သာသိပေလိမ့်မည် ။


ယဥ်ကျေးမူတော်လှန်ရေးအပြီးတွင် စစ်တပ်ကအပြောင်းအလဲများစွာလုပ်ဆောင်ခဲ့သည် ။စစ်တပ်မှထောက်ခံပေးထားသောကြောင့် ဟန်ချင်စုန့် အတွက်သေသေချာချာအခြေ ချစီစဥ်ရန်သာလိုအပ်သည် ။


ယခုတွင် ဟန်ချင်စုန့်အား နိုင်ငံ့ပြည်သူ့လုံခြုံရေး

ဗျူရို တွင်လက်ထောက်အဖြစ်ခန့််အပ်ထားသည် ။ ထို့အပြင် ရှန်ရွေ့အုပ်စု၏ ရည်ရွယ်ချက်တပ်ဖွဲ့ဝန်ကြီးအဖြစ်လည်းတာဝန်ယူရဦးမည်ဖြစ်သည် ။


တရားဥပဒေနှင့်စည်းကမ်းများအားစနစ်တကျပြဌာန်းပြီးဖြစ်သည့်အတွက် ဟန်ချင်စုန့်အနေဖြင့်အမိန့်တချို့အားစီစစ်ရန်သာလိုအပ်သည် ။ 


ခရိုင်စစ်တပ်ဌာနသည် အဓိကအားဖြင့်စစ်မူထမ်းခြင်းများကိုစီမံခန့်ခွဲပြီး ပြည်သူ့လုံခြုံရေးဗျူရိုက အလုပ်သမားပြုပြင်ပြောင်းလဲရေးနှင့် နိုင်ငံရေးအကျဥ်းသားများအားထိန်းသိမ်းခြင်းကိုဆောင်ရွက်သည် ။


ထိုခေတ်ကာလတွင် အမူကြီးကြီးမားမားကျူးလွန်သည့်ရာဇဝတ်သားမရှိသောကြောင့် ကိုယ်တွယ်ရန်လွယ်ကူသည် ။ ကွန်မြူနတီ၏တာဝန်များက ကိုင်တွယ်ရပိုမိုလွယ်ကူသည် ။


ကွန်မြုနတီအဖွဲ့အစည်းများ၏ အာဏာကိုပြည်သူ့စစ်များက ထိန်းချုပ်ထားကာ ပြည်သူ့လုံခြုံရေးဗျူရိုသည် အလှပြသတ်သတ်သာဖြစ်သည် ။ တချို့သောနေရာများ၌ ရုံးခန်းပင်မရှိချေ ။


တပ်မတော်ဦးစီးဌာနတွင် အငြိမ်းစားယူထားသည့်ကေဒါအများအပြားရှိကာ သူတို့၏လက်ကျန်ဘဝကို

အေးအေးဆေးဆေးဖြတ်သန်းနေကြသည် ။


ထိုတာဝန်များကိုကြည့်လျှင် ရာထူးများသည်ဒုက္ခပေးသောအလုပ်များကဲ့သို့မဟုတ်ပေ ။ အမှန်တွင်ကွန်မြူနတီများသည် အငြိမ်းစားစစ်သားများအတွက် သီးသန့်အခွင့်အလမ်းများပေးသည့်နေရာမျိုးဖြစ်သည် ။


သို့သော်လည်း ဒါရိုက်တာချင်က ဟန်ချင်စုန့် ကဲ့သို့သောသူမျိုးပါရောက်လာမည်ဟုမထင်ခဲ့ချေ ။ ဘာတွေဆက်ဖြစ်မလဲဆိုတာ အရမ်းစိတ်ဝင်စားဖို့ကောင်းတော့မည်ဟုသူထင်သည် ။


သို့သော်လည်း ကောလဟာလများအရ ခရိုင်ပြည်သူ့လုံခြုံရေးဗျူဒိုအကြီးအကဲနှစ်ယောက်သည် အချင်းချင်းသဟာဇာတမဖြစ်ကာ တစ်ယောက်ကပြောင်းရွေ့ရတော့မည်ဟု သတင်းကြားသည့် ။ ယခုတွင်အကြီးအကဲနောက်တစ်ယောက်တိုးလာပြဖြစ်၍ ဘာဆက်ဖြစ်မလဲ အရမ်းစိတ်ဝင်စားဖို့ကောင်းသည် ။


ဒါရိုက်တာတစ်ယောက်အတွက် ရှောင်လွှဲ၍မရနိုင်သည့်အရာများအား ခေါင်းခြောက်ခံစဥ်းစားဖို့မလိုအပ်ချေ ။ အဓိကအကျဆုံးမှာ ဟန်ချင်စုန့်၏ စစ်တပ်နောက်ခံဖြစ်ကာသူ၏အကောင်းဆုံးလုပ်ဆောင်ချက်များကပင်သက်သေပြသွားလိမ့်မည်ဖြစ်သည် ။


ထိုသို့ကြည့်လိုက်သော်, ရှန်ရွှေ့အုပ်စု၏ ပြည်သူ့စစ်ကုမ္ပဏီကို အနာဂတ်တွင် ဟန်ချင်စုန့် စီမံခန့်ခွဲလိမ့်မည်ဖြစ်သည်။ 


ဒါရိုက်တာချင်သည် ဟန်ချင်စုန့်၏နွေးထွေးဖော်ရွေသော သဘောထားကို မြင်ရသဖြင့် လက်ဖက်ရည်ထိုင်သောက်ရန် ဖိတ်ခေါ်လိုက်သည်။ သူသည် သူတို့ကြားကဆက်ဆံရေးကို ပိုမိုကောင်းမွန်လာစေရန်အတွက် စကားအေးဆေးပြောရန် စီစဥ်ထားခဲ့သည်။ 


သို့သော် ဟန်ချင်စုန့် စကားပြောမတတ်သည်က နှမြောစရာပင်။ ထို့ကြောင့် ခပ်တည်တည်နှင့် အလုပ်‌သဘောဆောင်သော သူ့မျက်နှာအမူအရာက မည်သည့်တုံ့ပြန်ချက်ကိုမှ ကောင်းကောင်းမပေးနိုင်ခဲ့ပေ။ 


ဒါရိုက်တာချင်လည်း စိတ်ထဲမထည့်ပေ။ စစ်သားများသည် လိုရင်းတိုရှင်း, တည့်ပြောတတ်သူများသာဖြစ်ကြသဖြင့် သူနားလည်ပေသည်။ 


ဟန်ချင်စုန့် : " ဒါရိုက်တာချင်, ကျွန်တော်အလုပ်မစခင် အိမ်ပြန်ပြီး လိုအပ်တဲ့ အစီအစဥ်တွေလုပ်လိုက်အုံးမယ်..."


" ဟုတ်တာပေါ့, ကြိုတင်ပြင်ဆင်တာက ကောင်းတဲ့အချက်ပဲ..." ဒါရိုက်တာချင်သည် သူ့ကိုလိုက်ပို့ရန် ထရပ်လိုက်သည်။ 


ဟန်ချင်စုန့် : " ဒါရိုက်တာချင်, ကျေးဇူးပြုပြီး ထိုင်နေပါ... "


သို့သော် ဒါရိုက်တာချင်သည် သူ့အား အလွန်နွေးထွေးကြင်နာစွာ အပြင်ထိ လိုက်ပို့ပေးခဲ့သည်။ ထို့အပြင် အနာဂတ်၌ ဟန်ချင်စုန့် ပြဿာနာတစ်ခုခုကြုံခဲ့သော် သို့မဟုတ် မသိနားမလည်သောအရာတစ်ခုခုရှိခဲ့သော် သူ့အားအချိန်မရွေးအကူအညီလာတောင်းနိုင်ကြောင်းကိုလည်း ပြောခဲ့သေးသည်။ 


...


ဆောင်းဦးရာသီဖြစ်သည့်အတွက် ရာသီဥတုမှာ တဖြည်းဖြည်းအေးစိမ့်လာခဲ့ချေပြီ။ မိုးတိမ်ကင်းစင်၍ လေ‌ပြေအေးများ တိုက်ခတ်စပြုချိန် ဆောင်း၏ကနဦးအချိန်ခါကို သာယာသည်ဟု ယူဆ၍ရသည်။ သို့သော် ရံဖန်ရံခါ ဆောင်းဦးလေနှင့် ဆောင်းဦးကျမိုးတို့၏ စိုထိုင်းအေးမြသောအငွေ့အသက်က လူများကို မိုးများအဆက်မပြတ်ရွာသွန်းထားသကဲ့သို့ ခံစားရစေသည်။ အဆိုးကြီးမဟုတ်သော်လည်း ၎င်း၏ဖိအားကိုလျှော့တွက်၍မရပေ။ 


ဥပမာဆိုရသော် ဆောင်းဦး၌ မိုးများဆက်တိုက်ရွာသွန်းမည်ဆိုပါက နေရောင်ခြည်ရရှိမည်မဟုတ်တော့ချေ။ ထို့အပြင် တဖြည်းဖြည်းကျလာမည့်အပူချိန်ကြောင့် သူတို့ရိတ်သိမ်းထားသော ကောက်ပဲသီးနှံများ အန္တရာယ်ရှိနိုင်သည်။ 


တစ်နည်းဆိုရသော် သူတို့ပုပ်သိုးသွားလိမ့်မည်။ 


xxxxxx