အပိုင်း ၁၂၁-၁၂၂
Viewers 20k

Part 121


လင်းလန်၏အစီအစဥ်မှာ ပထမသားကောင်၏နောက်တွင်ရှိနေသော သူခိုးများကို ခြောက်လှန့်ရန်ဖြစ်ပြီး အိမ်တွင် လူအရိပ်အယောင်မရှိဟု သူတို့ထင်လာအောင် လုပ်ခြင်းဖြစ်သည်။ 


ထို့ကြောင့် ဟန်ချင်စုန့် အချိန်မှီပြန်မရောက်ခဲ့လျှင်တောင် သူမ လုံးဝ မကြောက်ပေ။ 


သူခိုးများ လူသတ်သည်အထိ မကျူးလွန်သ၍ တခြားရွာသားများသိအောင် အော်ဟစ်အကူအညီတောင်းသည်မှာ လွယ်ကူပေသည်။ သို့သော် ထိုမျှ အန္တရာယ်ကြီးလောက်သည်အထိတော့ ဖြစ်မည်မဟုတ်ပေ။ 


တဝမ်သည် စောနကတည်းက မည်သည့်စကားမှမပြောတော့ဘဲ ချက်ချင်းဖျာပေါ်လှဲချပြီး အိပ်ရာဝင်တော့သည်။ အားဝမ်, မိုင်စွေ့နှင့်ရှောင်ဝမ်တို့သည် အစက တက်ကြွနေသေးသော်လည်း ဖျာပေါ်လှဲပြီးပြီးချင်း တန်းအိပ်ပျော်သွားကြတော့သည်။ 


တစ်ဖက်၌မူ ဟန်ချင်စုန့်တစ်ယောက်တော့ အနည်းငယ်ထိတ်လန့်ဆဲဖြစ်နေသေးသည်။ သူသည် ဝင်းနံရံကို ပိုမိုမြင့်မားပြီး ပိုမိုခိုင်‌ခံ့အောင်အဂႅရေနှင့်ပြောင်းလဲဆောက်လုပ်သည်က ပိုမိုကောင်းလိမ့်မည်ဟု တွေးနေခဲ့သည်။ ထို့နောက် ဤနေရာသည် နေဖို့အတွက် ချောင်ကျပြီး ပတ်ဝန်းကျင်လည်း လုံခြုံမှုသိပ်မရှိသဖြင့် တဝမ်နှင့်အားဝမ်ကို လေ့ကျင့်‌ရေးပေးရန် စဥ်းစားလိုက်သည်။ ယခုလိုသူခိုးများ အိမ်ရှေ့၌ပြန်ပေါ်လာခဲ့သည်ရှိသော် တစ်မိသားစုလုံး ဘာမှကြောက်စရာမလိုအောင် သူတို့နှစ်ယောက်အား ယခုထက်ပို၍မာမာထန်ထန်ဖြစ်အောင် လေ့ကျင့်ပေးချင်သည်ဖြစ်သည်။ 


အချိန်ခဏလေးအတွင်း၌ အတွေးပေါင်းများစွာ သူ့ဦးနှောက်ထဲ ဖြတ်ပြေးနေသော်လည်း မျက်နှာအမူအရာသည်တော့ ပြောင်းလဲခြင်းအလျင်းမရှိပေ။ 


သူ ခြေထောက်ရေဆေးပြီးချိန်၌ အပြင်ဘက်မှ တအီအီညည်းတွားသံများကလည်း အနည်းငယ်တိတ်ဆိတ်လို့သွားခဲ့ပြီဖြစ်သည်။ 


လင်းလန်က အားဝမ်ဘေးတွင် ဂွမ်းစောင်ကိုခင်း၍ သူ့အတွက်နေရာလုပ်ပေးသည်။ 


ဟန်ချင်စုန့် : "..."


ကလေးများအားလုံး ဂွမ်းစောင်မဟုတ်ဘဲ အိပ်ရာခင်းသာခြုံထားကြမှန်း မြင်လိုက်ရသောအခါ ဟန်ချင်စုန့်မျက်ခုံးများ အနည်းငယ်တွန့်ချိုးသွားသည်။ 

" အိမ်မှာ ဂွမ်းစောင်တွေထပ်မရှိတော့ဘူးလား..."


လင်းလန်သည် ထိုသို့မေးခွန်းမျိုး အမေးခံလိုက်ရသည့်အတွက် ချက်ချင်းရှက်သွားသည်။ သွက်သွက်လက်လက်နှင့် သူမပြန်ဖြေသည်။ 

" ဟုတ်တယ်, ကျွန်မ အဝတ်နဲ့ဝါဂွမ်းတွေအများကြီးဝယ်ထားတယ်, အဲ့တာတွေကို ကျွန်မ ချုပ်တော့မလို့ပါပဲ..."


ငါအဲ့တာတွေကို အခုထိမချုပ်ရသေးလို့ပါဟာ... ချီးပဲ, တွေးရင်းနဲ့မှ ဒါတော်တော်ရှက်ဖို့ကောင်းတာပဲ...


ဟန်ချင်စုန့်သည် ဖျာရှေ့၌ ရပ်နေပြီး လင်းလန်၏ပါးပြင်များနီရဲသွားသည်ကို မြင်လိုက်သည်။ သူမ အဘယ့်ကြောင့်မျက်နှာနီနေမှန်း သူတွေးရခက်နေသည်။ သူသည် ကြည့်နေရင်း သူမ၏ ထိုသို့နီကျင်ကျင်မျက်နှာလေးမှာ အမှန်တကယ်လှပမှန်း သတိထားမိလိုက်ပြီး  တစ်ခဏလောက် ဆက်တိုက်ငေးကြည့်နေမိသည်။ 


လင်းလန်က သူမနေရာတွင် မြန်မြန်လှဲချလိုက်ပြီး

" သွားအိပ်တော့..."


ဒါပေမဲ့ ဟန်ချင်စုန့်က သူမဆီကို လျှောက်လာလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ... သူမ၏နှလုံးခုန်သံများ တဖျပ်ဖျပ်ဖြစ်သွားသည်။ ဖြစ်နိုင်ချေရှိသည့် အဖြစ်အပျက်များ သူမအတွေးထဲတွင် တစ်ခုပြီးတစ်ခုပေါ်လာပြီး သူမစောင်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ 


ဟန်ချင်စုန့်သည် သူ၏အိတ်ထောင်ထဲမှ တာပေါ်လင်အိတ်ကိုထုတ်လိုက်ပြီး လင်းလန်၏ခေါင်းအုံးဘေး၌ ချလိုက်သည်။ 

" မင်း ဒါကို အလုပ်ပြောင်းရွှေ့ကြေးငွေအနေနဲ့ သိမ်းထားလို့ရတယ်... ကျန်တာကို ငါမနက်ဖြန်ခွဲလိုက်မယ်..."


လင်းလန်၏ အာရုံမှာ ချက်ချင်းလက်ငင်းပင် ငွေနောက်လိုက်သွားသည်။ သူမသည် အထုတ်ကိုယူလိုက်ရင်း အလေးချိန်ကိုမှန်းဆကြည့်ရာ အံ့အားသင့်သွားသည်_ ပိုက်ဆံတွေအများကြီးပဲ...


သူမသည် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် မေးလိုက်သည်။ 


" ရှင့်အမေ ​ကို မပေးတော့ဘူးလား..."


ဟန်ချင်စုန့် : " မင်းက အိမ်ရဲ့စီမံခန့်ခွဲသူလေ... အဲ့တော့ မင်းသဘောအတိုင်းပဲ..."


လင်းလန်၏ နှလုံးသားနည်းနည်းရိုက်ခတ်သွားသည်။ 

" ရှင်တညလုံးလမ်းလျှောက်ခဲ့ရတာမလား; သွား, စောစောသွားအိပ်ချည်တော့..."


ဟန်ချင်စုန့် ခေါင်းငြိမ့်လိုက်သော်လည်း သွားမအိပ်ခင် သူမအနားတွင် ခေတ္တနေ,နေသေးသည်။ 


လင်းလန် တာပေါ်လင်အိတ်ကိုမြန်မြန်ဖွင့်ကြည့်လိုက်သည်။ ဘုရားရေ, ပိုက်ဆံအသစ်တွေမှ အများကြီးပါလား; ဒီပမာဏလောက်ဆိုရင် အနည်းဆုံးယွမ်တစ်ထောင်တော့ ရှိနိုင်တယ်...


သူမ ဒီတစ်ကြိမ်တော့ အချီကြီး ပွခဲ့ပြီ...


အနည်းငယ်စဥ်းစားပြီးနောက် သူမသည် အိတ်ကို ဖျာအောက်၌ ယာယီသိမ်းထားလိုက်သည်။ ထိုရတ‌နာလေးကို မည်သည့်နေရာ၌ ဖွက်သင့်သည်ကိုတော့ မနက်ဖြန်မှ သေချာ‌စဥ်းစားတော့မည်။ 


ယခု၌ အရာအားလုံး ဖြစ်ပြီးပျက်ပြီးသွားပြီဖြစ်ရာ သူမ၏စိတ်လည်းအေးချမ်းသွားတော့သည်။  အမှန်မှာ သူမသည် ယခုတစ်ကြိမ်၌ ကိုယ်ကော,စိတ်ပါ ပင်ပန်းသွားခဲ့ပေသည်။ ထို့ကြောင့် သူမခေါင်းအုံးပေါ် ခေါင်းချပြီးသည်နှင့် ချက်ချင်းတန်းအိပ်ပျော်သွားတော့သည်။


နောက်တစ်နေ့တွင် လင်းလန်နိုးလာသောအခါ၌ ဟန်ချင်စုန့် မရှိတော့သည်ကိုသိလိုက်ရသည် ။ ခြံထဲမှ သနားစရာကောင်းသော အော်ဟစ်သံများလည်း ပျောက်ကွယ်သွားခဲ့သည် ။ ဟန်ချင်စုန့်က သူတို့ကို အဝေးသို့ခေါ်ထုတ်သွားသည်ဟု သူမထင်လိုက်သည် ။ 


ပုံမှန်ထက်အိပ်ရာထနောက်ကျခဲ့သောကြောင့် လင်းလန်က မနက်စာအား အလောတကြီးပြင်ဆင်ရတော့သည် ။ မကြာမီတွင် ကလေးများနိုးလာခဲ့ကာ စန်းဝမ်က အတက်ကြွဆုံးဖြစ်နေသည် ။


" မားမား သားတစ်ညလုံး သူခိုးလိုက်ဖမ်းရတယ်လို့ အိပ်မက်မက်နေခဲ့တာသိလား...အဲ့သူခိုးကပြေးချင်ပေမဲ့ သားလက်ကမလွတ်ဘူးလေ သားခေါင်းကိုတစ်ချက်တည်းရိုက်လိုက်ရုံနဲ့တင် အဲ့သူခိုးမေ့လဲသွားရော "


ပါးစပ်သေးသေးလေးမှ တရစပ်မနားတမ်း ပြောပြနေသည်အားနားထောင်ကာ လင်းလန်ပြုံးရင်းပြောလိုက်သည် ။


" စန်းဝမ် အုပ်ချုပ်ရေးမူးရုံးကိုသွားပြီး သားအ​ဖေသူခိုးတွေကို ဘယ်လိုကိုင်တွယ်မလဲ သွားကြည့်ပါလား "


စန်းဝမ် အလွန်အံ့သြသွားခဲ့သည် ။


" အဖေပြန်ရောက်ပြီလား "


လင်းလန်ကစန်းဝမ်အား အမြန်မျက်နှာသစ်ခိုင်းလိုက်ကာ ရေနွေးနွေးလေးတစ်ခွက်တိုက်လိုက်သည် ။ ကလေးများနိုးလာသောအခါ၌ တဝမ်က မနက်စာမစားမှီတွင် မြက်နုတ်ရန်သွားခဲ့သည် ။ မိုင်စွေ့က ကြက်နှင့်ဘဲများကို အစာကျွေးရန်သွားခဲ့ပြီး အားဝမ်ကချက်ပြုတ်ရာ၌ ကူညီပေးနေခဲ့သည် ။ ရှောင်ဝမ်ကအလွန်ငယ်သေးသောကြောင့် အိပ်ရေးဝဝသာအိပ်ခိုင်းထားခဲ့သည် ။


" အားဝမ် မားမားတို့ မနက်စာကို ခေါက်ဆွဲနဲ့မုန့်ပြားလုပ်စားရအောင် "


မနက်စာကို ပေါင်မုန့်နဲ့စားမလို့လား... 


အားဝမ်က လင်းလန်၏အတွေးအားနားမလည်နိုင်ချေ ။ ထို့ကြောင့် သူကလင်းလန်ကို ကြည့်ကာတိုးတိုးလေးပြောလိုက်သည် ။


" မားမား အိမ်မှာ ဂျုံမူန့်တွေသိပ်မကျန်တော့ဘူး "


" ရတယ် အကုန်သုံးလိုက်...အိမ်မှာ ဆန်တွေနဲ့စပါးတွေရှိသေးတယ် မင်းတို့အဖေကိုအမှုန့် ကြိတ်ခိုင်းလို့ရတယ် "


အားဝမ်က လင်းလန်၏ ဆုံးဖြတ်ချက်ကြောင့် စားစရာမရှိတော့မည်အား အနည်းငယ်ထိတ်လန့်သွားခဲ့သော်လည်း နာခံစွာယူလာခဲ့ဆဲဖြစ်သည် ။ သူသည်လည်း ဟန်ချင်စုန့် အိမ်မှာနေတုန်း ကောင်းကောင်းမွန်မွန်စားသောက်စေချင်သည် ။


xxxxxxxx

Part 122


အမှန်တကယ်တွင် လင်းလန်၏ဟင်းချက်ကျွမ်းကျင်မူက အလွန်ကောင်းသည်ဟုမယူဆနိုင်ပေသော်လည်း စားစရာရှားပါးသောခေတ်ထဲတွင် မည်သူမျှအရာသာကောင်းမကောင်း မဆန်းစစ်နိုင်ချေ ။ ဂျုံနှင့် အသားအနည်းငယ်စားသောက်၍ရသည်ကပင် အလွန်ကံကောင်းနေပြီဖြစ်သည် ။


လင်းလန်က ခေါက်ဆွဲပြုလုပ်သော နည်းလမ်းများနှင့် ကျင့်သားမရသေးပေ ။ ထို့ကြောင့် သူမ၏ခေါက်ဆွဲများမှာ ​ပြုလုပ်သောအချိန်တိုင်း

မလှမပပုံစံသာထွက်လာခဲ့သည် ။  မူလလင်းလန်က ခေါက်ဆွဲပြုတ်အား အကြိမ်အနည်းသာ ချက်ပြုတ်စားသောက်ခဲ့သည် ။


လင်းလန်က နောက်ဆုံး၌ ခေါက်ဆွဲပြုလုပ်ရန် ဂျုံနယ်ပြီးသော်လည်း မစေးကပ်စေရန်ဂျုံမူန့်် ထည့်ရန်မေ့သွားခဲ့သည် ။ ထိုကြောင့်ရွေးချယ်စရာမရှိတော့ကာ ပြောင်းဖူးမူန့်ကိုသာ အစားထိုးအသုံးပြုလိုက်ရသည် ။


သို့သော်လည်း ပြောင်းဖူးမူန့်က ပို၍ဟင်းလျာများတွင် စေးကပ်မူအား​လျော့နည်းစေ​ကြောင်း သူမတွေ့ရှိသွားခဲ့သည် ။


သူမက ပထမဆုံး ပန်ကိတ်အနည်းငယ်ကိုပြုလုပ်ထားခဲ့သည် ။ ထို့နောက်တွင် ကျန်ရှိသောနယ်ပြီးသားဂျုံများအား ခေါက်ဆွဲဖတ်ပြုလုပ်ရန် လှီးဖြတ်နေခဲ့သည် ။


ခေါက်ဆွဲပြုလုပ်ရန် ရိုးရာနည်းလမ်းတစ်ခုရှိသည် ။ ယခုအခါတွင်သူမက ခင်ပွန်းဖြစ်သူအပြင် သားသမီးများနှင့်အတူ နေထိုင်နေရသောကြောင့် ရိုးရာဓလေ့အရချက်ပြုတ်ခြင်းအား လျှစ်လျူရူ၍မဖြစ်နိုင်ပေ ။


အားဝမ်က လင်းလန် ခေါက်ဆွဲဖတ်လှီးနေသည်အားကြည့်ကာ ရိုသေစွာပြောလိုက်သည် ။


" နောက်တစ်ခါကျရင် မားမားအတွက်သားလှီးပေးလို့ ရမလား..."


" သားအဖေဆန်ကြိတ်ပေးပြီးလို့ မားမားတို့နောက်တစ်ခေါက်ထပ်လုပ်စားကြရင် သားကိုလှီးခိုင်းမယ်လေ..."


အားဝမ်က နောက်တစ်ကြိမ်၌ သူ့အမေထက်သာအောင် လှလှပပလှီးမည်ဟု တိတ်တဆိတ်ဆုံးဖြတ်ချက်ချလိုက်သည် ။ လင်းလန်က သူမကောင်းကောင်းလုပ်နေပါသော်လည်း ကိုးနှစ်သားလေးဆီက အထင်သေးခံလိုက်မည်ဟုမတွေးမိချေ ။


အားဝမ်က လင်းလန် ပါးစပ်နားရွက်တက်ချိတ်မတတ်ပြုံးပြီး ချက်ပြုတ်နေသည်အားကြည့်ကာ သူ့တို့အဖေအိမ်ပြန်လာသော အချိန်တိုင်းသူမစိတ်အခြေအနေအလွန်ကောင်းကြောင်း သတိထားမိသွားသည် ။


လင်းလန်က အိမ်သို့ ယောက်ျားပြန်လာသောကြောင့် တစ်လောကလုံးတွင် အပျော်ဆုံးဖြစ်နေကာ သီချင်းတညည်းညည်းဖြင့် မလှမပခေါက်ဆွဲများအား ဆက်လက်လှီးဖြတ်နေခဲ့သည် ။


ပန်ကိတ်ဖုတ်ပြီးသည့်နောက်တွင် ဒယ်အိုးထဲသို့ရေထည့်ကာ ဆူပွက်အောင်ကျိုထားလိုက်သည် ။ ထို့နောက်တွင် ခေါက်ဆွဲဖတ်များမထည့်မှိီ ကြက်သွန်နီများနှင့်ပုစွန်အနည်းငယ်အား အသင့်ပြင်ထားခဲ့သည် ။


" မိုင်စွေ့ သမီးအဖေကိုမနက်စာ ပြန်စားဖို့သွားခေါ် "


ဟန်ချင်စုန့်က တစ်ကုန်လမ်းလျှောက်ပြန်လာရသောကြောင့် တစ်ချိန်လုံးဗိုက်ဆာနေမှာသေချာသည် ။ သူက သူမအားဒုက္ခမပေးချင်သောကြောင့်သာ မနေ့ညက မချက်ပြုတ်စေခြင်းဖြစ်လိမ့်မည် ။


မိုင်စွေ့ကအချိန်အတော်ကြာ သည်အထိပြန်မလာသောကြောင့် အားဝမ်က လိုက်ကြည့်ရန်ဆုံးဖြတ်လိုက်သည် ။ မကြာမှီတွင် အားဝမ်ပြန်ရောက်လာကာ လင်းလန်အားပြောပြလိုက်သည် ။


" မားမားအုပ်ချုပ်ရေးမူးရုံးမှာ အစည်းအဝေးလုပ်နေတာသိလား...အဒေါ်ကြီးတစ်ယောက်က သူ့သားကိုလွှတ်ပေးဖို့ အဖေ့ကိုဒူးထောက်ပြီးတောင်းပန်နေတယ် "


လင်းလန် မျက်ခုံးပင့်လိုက်မိသည် ။


" ဒူးထောက်လို့ရော ဘာအသုံးဝင်မှာမို့လို့လဲ... အမှားလုပ်ထားတာက ဒူးထောက်လိုက်တာနဲ့ ပြန်မှန်သွားရောလား? တကယ်လို့ နင်တို့အဖေသာ အချိန်မှီပြန်မရောက်လာခဲ့ရင် ပိုက်ဆံတွေအခိုးခံရမဲ့အပြင် ငါတို့ပါထိခိုက်သွားနိုင်သေးတယ် ဒူးထောက်ရုံနဲ့ခွင့်လွှတ်ပေးရမှာလား? "


အားဝမ်က ထောက်ခံလိုက်သည် ။


" ဟုတ်တယ် မားမား ခွင့်လွှတ်ပေးလို့မဖြစ်ဘူး "


ခဏအကြာတွင် ဟန်ချင်စုန့်က မိုင်စွေ့ကိုခေါ်ကာပြန်လာခဲ့သည် ။ စန်းဝမ်လည်းပြန်ရောက်ပြီဖြစ်ကာ တဝမ်လည်း မြက်နုတ်ရာမှပြန်လာခဲ့သည် ။ လူစုံပြီဖြစ်သောကြောင့် လင်းလန်ကပြောလိုက်သည် ။


" ထမင်းစားမယ် လက်ဆေးကြ "


ဟန်ချင်စုန့် မထွက်သွားခင်ကတည်းကပင် ထိုင်ခုံများအား ပြင်ဆင်ပေးပြီးဖြစ်ကာ ထမင်းစား စားပွဲနှင့်ခုံအပုလေးများတွင် မိသားစုအားလုံးအတူတူစားသောက်နိင်ပြီဖြစ်သည် ။ 


လင်းလန်က ဟန်ချင်စုန့်အား ခေါက်ဆွဲအပြည့်ထည့်ထားသော ပန်းကန်လုံးအားပေးလိုက်သည် ။ ကလေးများအနေနှင့် ခေါက်ဆွဲမစားချင်ပါက ပန်ကိတ်နှင့်ပေါင်မုန့်များအားစားနိုင်သည် ။ 


" ခေါက်ဆွဲနဲ့တင်အဆင်​ပြေပါတယ် ကိုယ်တို့မိသားစုကဆန်နှစ်မျိုးစားနေတာမှ မဟုတ်တာ အတူတူတစ်မျိုးတည်းစားကြတာပေါ့ " ( 1)


( TN / ဆန်နှစ်မျိုးစားသောက်ခြင်းဆိုတာက မိသားစုအတွင်းမှာ တစ်ချို့ကကောင်းကောင်းစားပြီးတစ်ချို့ကစားချင်တာမစားရဘူးဆိုတဲ့သဘောပါ အဲ့တာကြောင့် ဟန်ချင်စုန့်က တစ်မျိုးတည်းကိုဘဲ တစ်မိသားစုလုံးညီတူညီမျှစားသောက်မယ်လို့ပြောတာပါ )


ကလေးတွေက ပျော်ပျော်ရွှင်ရွှင်စားသောက်နေကြပြီး အနာဂတ်တွင်လည်း ပို၍ကောင်းကောင်းမွန်မွန်စားသောက်ရမည်ကိုသိသောကြောင့် နားပူနားဆာမလုပ်ကြချေ ။


" အရသာရှိလိုက်တာ မားမားရဲ့ ပေါင်မုန့်ပြားနဲ့ပန်ကိတ်တွေကအရမ်းအရသာရှိတာဘဲ "


...


အဖွားကြီးဟန်က ဟန်ချင်စုန့်အိမ်ပြန်ရောက်သော သတင်းအားသိသည်နှင့် အလွန်စိတ်လူပ်ရှားနေခဲ့သည် ။ သူမက တတိယအိမ်ခွဲသို့သွားရန် မစောင့်နိုင်တော့ချေ ။


" မြန်မြန် တတိယလေးကို သွားပြောစမ်း ငါရဲ့သားလေးကို အိမ်ပြန်ခေါ်ခိုင်းရမယ် "


ဟန်ကျင်းရှန် ကမကျေမနပ်ဖြစ်စွာ ခြေဆောင့်ရင်းပြောလိုက်သည် ။


" တတိယအစ်ကိုက သမီးတို့ကို တကယ်ကြီးဂရုမစိုက်တော့ဘူး အိမ်ခွဲပြီးသွားပြီဆိုပြီး အဖေနဲ့အမေတို့ဆီကိုလာတောင်မကြည့်တော့ဘူးလေ "


သူပြန်ပါလာတဲ့ ပစ္စည်းတွေအကုန်လုံးကို ဟိုမိန်းမကိုဘဲပေးလိုက်တာ!


အစ်ကိုကြီးဟန်က ဝင်ပြောလိုက်သည် ။


" အမေ တတိယလေးကို ကျွန်တော်အုပ်ချုပ်ရေးမူးရုံးမှာ တွေ့လိုက်တယ် ခဏလောက်နေရင်သူပြန်ရောက်လာမှာပါ "


" ငါကစောင့်နေစရာဘာအကြောင်းရှိလဲ...အိမ်ခွဲပြီးကတည်းက ငါ့ဆီသူလာကြည့်လို့လား...အပြင်ကပြန်လာရင် မိဘတွေအတွက်လက်ဆောင်ယူလာပေးရမယ်ဆိုတာသူမသိဘူးလား "


အဖွားကြီးဟန်က အလွန်မပျော်မရွှင်ဖြစ်နေသည် ။ ပထမချွေးမဟန်က အဖွားကြီးဟန်၏စကားများမှာ လွန်နေသောကြောင့်ဝင်ပြောလိုက်သည် ။


( TN / အဖွားကြီးဟန်ရဲ့ အငယ်ဆုံးသားနဲ့သမီးနှစ်ယောက်ရဲ့နမည်က ဟန်ကျင်းယု = ဟန်ကျင်းရှန်/

ဟန်ကျင်းပေါင်=ဟန်ချင်ဟွ တစ်ယောက်ထဲပါဘဲ)


xxxxxx