အပိုင်း ၁၂၃-၁၂၄
Viewers 20k

Part 123


 အမေ အဲ့တာကအတိတ်တုန်းကလေ အခုတတိယလေးကအိမ်ခွဲပြီးသွားပြီ သူဘာသာဘာလုပ်လုပ်နေရာတကာ လိုက်ဝေဖန်နေလို့မရဘူးလေ တခြားသူတွေကြားလို့မကောင်းဘူး "


အဖွားကြီးဟန်က ဒေါသအလျှောက်တစ်ခုခုပြောပြီးသည်နှင့် အကြီးဆုံးဇနီးမောင်နှံ၏ ဝေဖန်ခြင်းခံနေရသောကြောင့် အလွန်စိတ်မရှည်ဖြစ်နေခဲ့သည် ။ သူမ မကျေမနပ်ဖြစ်နေပါသော်လည်း တုံ့ပြန်ပြောဆိုလိုက်၍ မကောင်းမှန်းသူမသိသေးသည် ။


ထိုအချိန်မှာပင် အဖိုးကြီးဟန် ပြန်ရောက်လာခဲ့သည် ။


" အဲ့ဒီဝမ်းတွင်းမည်းသူခိုးတွေက တတိယလေးတို့အိမ်ကပိုက်ဆံတွေကိုခိုးဖို့လာကြတာ သူစိမ်းတွေသာဆိုရင်သတိထားဖို့လွယ်ပေမဲ့ သူခိုးတွေက ကိုယ့်ရွာထဲကဖြစ်နေမယ်လို့ဘယ်သူက ထင်ထားမှာလဲ "


အဖိုးကြီးဟန်ပြောစကားအားနားထောင်ပြီးနောက်တွင် ထိုသူခိုးများက ဟန်ချင်စုန့်မရှိသည်အားအခွင့်ကောင်းယူကာ ခိုးရန်လာကြောင်းသိလိုက်ရသည် ။ ကံမကောင်းစွာဖြင့် ဟန်ချင်စုန့်နှင့်တန်းတိုးကာ အဖမ်းခံခဲ့ရသည် ။ 


ပထမချွေးမဟန်က သူမ၏ရင်ဘတ်အားပုတ်ကာ သက်ပြင်းချ၍ပြောလိုက်သည် ။


" ဘယ်လောက်တောင်အန္ဒရာယ်များလိုက်လဲ...ကံကောင်းလို့တတိယလေး အချိန်မှီပြန်လာလို့သာပေါ့ ကလေးတွေလဲအရမ်းလန့်သွားကြမှာဘဲ "


အစ်ကိုကြီးဟန်ကပြောလိုက်သည် ။


" သူတို့ဘာမှမဖြစ်ပါဘူး စိတ်မပူပါနဲ့ တဝမ်ကအရမ်းသတိထားတတ်တဲ့ကလေးဘဲ သူခိုးနှစ်ယောက်က သူရိုက်တာတောင်ခံလိုက်ရသေးတယ် "


အဖွားကြီးဟန်က မျက်နှာမဲ့ကာပြောလိုက်သည် ။


" အသားထဲကလောက်ကမှပိုပြီး ကြောက်ဖို့ကောင်းတာပါဟယ် "


( TN/ အဖွားကြီးက လင်းလန်ကိုရည်ညွှန်းပြီးပြောလိုက်တာပါ )


ငါတို့ဆီက ပိုက်ဆံတွေ ယူသွားတဲ့ ဟိုမိန်းမကလဲ အသားထဲကလောက်ထွက် သလိုဘဲမဟုတ်လား..


ဘယ်သူမှမထိခိုက်သွားဘူးမလား...ဘာလို့ရေးကြီးခွင်ကျယ်တွေလုပ်နေကြတာလဲ...


အဲ့ဒီသူခိုးတွေဘာဘဲဖြစ်ဖြစ် တတိယလေးက ငါ့ရဲ့သားလေးကိုပြန်ထုတ်ပေးဖို့အရေးကြီးတယ်...


စတုတ္ထသားအဖမ်းခံရသည်ဟု ကြားသောအချိန်မှစ၍ အဖိုးကြီးဟန်၏ရင်ထဲ၌ မကျေမနပ်ချက်များရှိနေခဲ့သည် ။ ဟန်ချင်စုန့်ပြန်လာကြောင်း ကြားသောအခါ သူ၏ကိုယ်ပိုင်အစီအစဥ်ဖြင့် အလုပ်သွားခဲ့သည် ။ 


အဖွားကြီးဟန်က တစ်ချိန်လုံးအော်ဟစ်ပြောဆိုနေပါသော်လည်း မည်သူကမျှ ဟန်ချင်စုန့်အားသွားမခေါ်ပေးကြချေ ။ နောက်ဆုံး၌ ဟန်ကျင်းရှန်က ပြောလိုက်သည် ။


" ဘယ်သူမှမသွားရင် သမီးသွားမယ် "


ဟန်ကျင်းရှန်က တစ်လမ်းလုံးမော်ကြွားကာထွက်လာခဲ့သော်လည်း ဟန်ချင်စုန့် ရှေ့သို့ရောက်သောအခါ အပိုးကျိုးနေသည့်မျက်နှာထားနှင့် ခေါင်းငုံ့ကာမေးလိုက်သည် ။


" တတိယအစ်ကို ခရီးကပြန်လာတာကို ဘာလို့ အဖေနဲ့အမေကိုအရင်လာမတွေ့ရတာလဲ..."


ဟန်ချင်စုန့်က ပြောလိုက်သည် ။


" ငါမနေ့ညက သန်းခေါင်မှပြန်ရောက်တာ လူကြီးတွေကိုနိူးဖို့မသင့်တော်ဘူး "


" ဒါဆိုအစ်ကို မနက်စောစောလာလို့ရတာဘဲလေ "


ဟန်ချင်စုန့် ကခြံဝန်းထံသို့ဝင်ရင်းပြောလိုက်သည် ။


" မနက်စောစောမှာ ငါကသူခိုးတွေကို အုပ်ချုပ်ရေးမူးရုံးကိုပို့ရသေးတယ်လေ ပြီးတော့လဲ ကွန်မြူနတီကိုသွားရသေးတယ် နင့်အမြင်မှာငါက အားယားနေလို့လား "


ကလေးများက ဟန်ချင်စုန့် ကိုမြင်သောအခါအလွန်ပျော်ရွှင်သွားကြသည် ။ ဟန်ချင်စုန့် ကလင်းလန် ကုမိန်အတွက်ပေးလိုက်သော သကြားလုံးများအား ကုမိန်ကိုပေးကာ မောင်နှမများအတူတူမျှဝေစားခိုင်းလိုက်သည် ။ 


ထို့နောက် အိမ်ခန်းထဲသို့ဝင်သွားခဲ့သည် ။ ဟန်ကျင်းရှန်က သူမအားခွဲဝေမပေးသည်ကိုမြင်သောအခါ ခြေဆောင့်ရင်းပြောလိုက်သည် ။


" တတိယအစ်ကို "


ကုမိန်ကပြေးလာကာ ဟန်ကျင်းရှန်အား သကြားလုံးတချို့ပေးရင်းပြောလိုက်သည် ။


" ဒေါ်လေး အတွက်သမီးပေးမယ်လေ "


ဟန်ကျင်းရှန်က အလွန်ဒေါသထွက့နေသောကြောင့် ကလေးမလေး၏လက်ကို ရိုက်ချကာပြေးထွက်သွားတော့သည် ။ ဒုတိယချွေးမဟန်က မျက်စောင်းထိုးရင်းပြောလိုက်သည် ။


" ဘယ်လိုမိန်းမမျိုးလဲဟယ် တစ်နေကုန်အလုပ်မလုပ်ဘဲ အလကားထိုင်စားနေတာတောင် တစ်မိသားစုလုံးက သူ့ကိုမင်းသမီးလေးလိုဆက်ဆံနေရမှာလား? "


ဟန်ကျင်းရှန်က အရင်အချိန်များတည်းကပင် အဖွားကြီးဟန်၏အချစ်ဆုံးသမီးဖြစ်ခဲ့သည် ။ သူမအားအရာရာပံ့ပိုးပေး ခဲ့ကာ လိုလေသေးမရှိစေခဲ​ပေ ။ သူမ၏အဓိကတာဝန်မှာ မြို့မှချမ်းသာသောသတို့သားနှင့်လက်ထပ်ရန်သာဖြစ်သည် ။


သူမက အလွန်အချစ်ခံရသော်လည်း အိမ်မှာရှိမနေသောကြောင့်မည်သူကမျှ ဝန်ထုပ်ဝန်ပိုးဟုမမြင်ကြပေ ။ ဒုတိယချွေးမဟန်သည်ပင် သူမအားဖားယားကာ ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့သည် ။ သို့သော်လည်း ယခုအချိန်တွင် တစ်အိမ်တည်းအချိန်ကြာမြင့်စွာ အတူတူနေထိုင်လာရ၍ အဆင်မပြေမူများဖြစ်လာခဲ့သည် ။


ဟန်ကျင်းရှန်က အမြဲမင်းသမီးလေးတစ်ပါးလိုသာနေထိုင်ချင်ပြီး လူတိုင်းအားခိုင်းဖက်လိုသဘောထားခိုင်းစေနေတတ်သည် ။ သူမစိတ်အလိုမကျလျှင်အော်ဟစ်နေတတ်ကာ ကလေးများသာမက ချွေးမများပါမလွတ်ပေ ။ မကျေမနပ်ဖြစ်ကြသော်လည်း အဖွားကြီးဟန်၏ အလွန်အမင်းဘက်လိုက်မူကြောင့် မည်သူမျှအသံမထွက်ရဲခဲ့ပေ ။


ဒုတိယချွေးမဟန်က ဟန်ကျင်းရှန်ထက် စာလျှင်ကျန်တဲ့သူတွေအကုန်ကောင်းသည် ဟုပင်ထင်မြင်လာခဲ့သည် ။ သူမနှင့် ပထမချွေးမဟန်၏ဆက်ဆံရေးပင်လျှင် အနည်းငယ်တိုးတက်လာခဲ့သည် ။ ဟန်ချင်စုန့် ကအခန်းထဲသို့ ဝင်ကာအဖွားကြီးဟန်အားနူတ်ဆက်လိုက်သည် ။


အဖွားကြီးဟန်က ဟန်ချင်စုန့် ဝင်လာသည်နှင့် မျက်ရည်ခံထိုးကာ လင်းလန်နှင့်တဝမ်အကြောင်းကို အော်ဟစ်ပြောဆိုကာ ဟန်ချင်ဟွအားထုတ်ခိုင်းရန် ကြံရွယ်ထားခြင်းဖြစ်သည် ။ သို့သော်လည်း ဟန်ချင်စုန့် သူမအတွက် ဘာမှယူမလာသည်အားမြင်၍ ချက်ချင်းပင်မပျော်မရွှင်ဖြစ်သွားတော့သည် ။


အဖွားကြီးဟန်က ဟန်ချင်စုန့် ၏ အလုပ်အားမပြောင်းလဲစေချင်ခဲ့ပေ ။ သူမကလစဥ်ပြန်ပို့ပေးနေသော ပိုက်ဆံများကိုသာမြင်၍ အသက်အန္ဒရာယ်ဘာညာဂရုမစိုက်ခဲ့ချေ ။ သူမသိသမျှက ပစ္စည်းကောင်းများအားလုံးကို လင်းလန်သာရရှိ၍ သူအတွက်ဘာမှမယူလာခဲ့ခြင်းသာမြင်လေသည် ။


" တတိယလေး မင်းအလုပ်ပြောင်းပြီးပြီမလား "


အဖွားကြီးဟန်၏ နောက်ထပ်ရည်ရွယ်ချက်မှာ အလုပ်အသစ်မှရမည့်လစာဆီ သို့ပြောင်းလဲသွားခဲ့သည် ။ ဟန်ချင်စုန့် ကခေါင်းညိမ့်ရင်းပြောလိုက်သည် ။


" ဟုတ်တယ်အမေ ကျွန်တော်ပြောင်းပြီးသွားပြီ သေသေချာချာစီစဥ်ဖို့ ကွန်မြူနတီကိုတစ်ခေါက်သွားရဦးမယ် "


xxxxx

Part 124


နေရာရွေ့ပြောင်းခြင်းနှင့် လူစုခွဲခြင်းတို့က တူညီသည်မဟုတ်ပေ ။ အကယ်၍ တစ်စုံတစ်ယောက်က လူခွဲထုတ်ခြင်းတွင်ပါဝင်ခဲ့မည်ဆိုလျှင် အိမ်သို့ပြန်ကာ အလုပ်စီစဥ်ပေးသည်အားစောင့်ဆိုင်းခြင်းနှင့် ကိုယ်တိုင်အလုပ်ရှာခြင်းအားပြုလုပ်နိုင်သည် ။ တပ်မဟာကွန်မြူနတီက ထိုလူများကို ဦးစားပေးကူညီပေးလိမ့်မည် ။


အလုပ်နေရာရွေ့ပြောင်းမည်ဆိုလျှင် အလုပ်သစ်တစ်ခုစီစဥ်ပေးမည်ဖြစ်ကာ ယေဘုယျအားဖြင့်ကောင်းသည်ဟုသတ်မှတ်နိုင်သည် ။ တပ်မတော်တွင် လုပ်ဆောင်ချက်ကောင်းများရှိခဲ့ပါက ခေါင်းဆောင်များကအထူးဂရုစိုက်ကြလိမ့်မည် ။ ထို့ကြောင့် အလုပ်သစ်၏လုပ်ခလစာက ယခင်အတိုင်းကောင်းမွန်ကြောင်း သေချာစေရန်အစွမ်းကုန်ကြိုးစားကြမည်ဖြစ်သည် ။


ဒီတစ်ကြိမ်တွင် ဟန်ချင်စုန့် ကနေရာသုံးနေရာစာတာဝန်ယူခဲ့သည် ။ အလုပ်သစ်သုံးခု၏လစာမှာ စစ်တပ်တွင်ရရှိခဲ့သောလစာတွင် ယွမ်ခုနှစ်ဆယ်ပေါင်းခြင်းနှင့်ညီမျှသည် ။ 


သို့သော် ၎င်းကဦးစားပေးခံရသောကြောင့်သာဖြစ်ပြီး အခြားသူများမှာ ဤသို့သောအခွင့်အရေး

မျိုးအားရရန်မလွယ်ကူပေ ။


" ပြောင်ရွေ့ကြေးကဘယ်လောက်လဲ.. "


အဖွားကြီးဟန်၏မျက်လုံးများက တလက်လက်တောက်ပနေကာ မေးလိုက်သည် ။


" ဘယ်လောက်တောင်ရခဲ့လဲလို့..."


" ကျွန်တော်မသိဘူး ကလေးတွေရဲ့အမေကို အကုန်ပေးခဲ့တယ် "


ဟန်ချင်စုန့်က အမှန်တကယ်ပင်မသိခြင်းဖြစ်သည် ။ သူကတစ်ချက်မျှပင်မကြည့်ဘဲ လင်းလန်အားအကုန်ပေးခဲ့သည် ။ သူက အလုပ်ပြောင်းရန်အတွက်သာအချိန်ပေးချင်သော်လည်း မြို့တွင်အလုပ်လုပ်သည့်အခါ မိသားစုဝင်များအားမခေါ်သွားနိုင်သည့်အတွက် အတူရှိနေချိန်တွင် ဆွေးနွေးညှိနိူင်းစရာများ အလွန်များလေသည် ။


သူဌေးကသူ့အပေါ် အလွန်ပင်ကောင်းလေသည် ။ ရာထူးသုံးခုအားတာဝန်ယူထားသောကြောင့် ရရှိမည့်လစာလည်းနည်းမည်မဟုတ်ပေ ။ အဖွားကြီးဟန် ကအလွန်ဒေါသထွက်လာသောကြောင့် ပေါက်ကွဲထွက်လာတော့သည် ။


" နင်ကအဲ့ဒီမိန်းမကို အကုန်ပေးလိုက်တယ်ပေါ့! နင့်မှာမိန်းမရှိပြီဆိုတာနဲ့ အမေကိုမေ့သွားတာမလား... နင်ဒီလိုပုံစံမျိုးနဲ့မိဘကို သိတတ်နေတာလား... "


ဟန်ချင်စုန့် မည်သည့်စကားမျှဆက်ပြောချင်စိတ်မရှိတော့ပေ ။ အဖွားကြီးဟန် ၏စရိုက်အား သူအနည်းနှင့်အများသိပြီးဖြစ်သည် ။ သူမက သူ့အားစစ်ထဲဝင်ရန်စာရင်းပေးခဲ့ပြီး တစ်ချိန်တည်းမှာပင် အိမ်တွင်နေကာမိဘကို မပြုစုပေးသည့် အတွက်ငြူဆူပြန်သည် ။ 


အဖွားကြီးဟန် နှင့်အကျိုးသင့်အကြောင်းသင့်ဆွေးနွေး၍မရပေ ။ သူမအနေနှင့် ဟန်ချင်စုန့်အား ကြိုက်သလိုအပြစ်ရှာကာပြောဆို နိုင်သည် ။ ဘေးမှကြည့်နေသည့် ပထမချွေးမဟန်က ဝင်ပြောလိုက်သည် ။


" တတိယလေး အိမ်ထဲသူခိုးတွေဝင်တယ်လို့ကြားတယ် အကုန်အဆင်ပြေကြရဲ့လား "


" ကျွန်တော်တို့ အကုန်အဆင်ပြေကြပါတယ်အစ်မကြီး "


အဖွားကြီးဟန် စိတ်မလျော့နိုင်သေးကာ စကားဆက်မပြောတော့သော်လည်း ပထမချွေးမ၏အပြုအမူအား မကျေနပ်ခဲ့ပေ ။ ပထမချွေးမက အဖွားကြီးဟန်က သားဖြစ်သူ၏အခြေအနေအားလုံးဝ ဂရုမစိုက်ဘဲ ငွေကိုသာဦးစားပေးနေကြောင့် လက်တွေကျကျအရိပ်အမြွက်ပြောကြား ခဲ့ခြင်းဖြစ်သည် ။


အဖွားကြီးဟန်၏ အတွေးများထဲ၌ ပိုက်ဆံ...ပိုက်ဆံ...ပိုက်ဆံသာရှိသည် ။


ဘာမေးစရာရှိသေးလို့လဲ...တစ်ခုခုဖြစ်ရင် အိမ်ကသိမှာပေါ့ အခုဘာမှမဖြစ်ဘူးမလား ဘာလို့ရေးကြီးခွင်ကျယ် လုပ်လို့မပြီးနိုင်သေးတာလဲ...


ပထမချွေးမဟန်က ဟန်ချင်စုန့်အား ထမင်းအတူတူစားကြရန်ပြောခဲ့သည် ။ 


" ကျွန်တော်အိမ်မှာစားခဲ့ပြီးပြီ အစ်မကြီး ကွန်မြူနတီကိုနောက်တစ်ခေါက်ထပ်သွားရဦးမယ် "


အဖွားကြီးဟန်က အလောတကြီးဝင်ပြောလိုက်သည် ။ 


" မင်း အငယ်ဆုံးလေးကို အိမ်ကိုပြန်ခေါ်လာခဲ့ရမယ်နော် "


ဟန်ချင်စုန့်က မျက်မှောင်ကျုံ့ကာမေးလိုက်သည် ။


" စတုတ္ထညီလေးက ဘာဖြစ်လို့လဲ... "


ဘာဖြစ်လဲမေးလိုက်သည်နှင့် အဖွားကြီးဟန်ကစတင်ငိုကြွေးတော့သည် ။ သူမငိုလေ ပိုပြီးခံပြင်းနာကျည်းလေဖြစ်သည် ။


" အဲ့တာတွေအကုန်လုံးက နင့်ရဲ့မိန်းမကြောင့်လေ! "


ငိုကြွေးနေရင်းနှင့်ပင် သူမက အကြောင်းစုံအား ဖြတ်ညှပ်ကပ်လုပ်ကာပြောပြတော့သည် ။ သူမက ဟန်ချင်ဟွ လင်းလန်အားခြိမ်ခြောက်ခဲ့သည်နှင့် စန်းဝမ်အားရိုက်နှိက်ခဲ့ခြင်းတို့အား တစ်လုံးမျှပင်မပြောခဲ့ချေ ။ 


သူမက လင်းလန်ပင်မအိမ်တွင် လာသောင်းကျန်းကာ ကြက်များယူခဲ့ခြင်းအပြင် မိသားစုပိုက်ဆံများပါ အကုန်ခိုးသွားသည်ဟု အဆမတန်ချဲ့ကားပြောဆိုနေခဲ့သည် ။ ထို့အပြင် တဝမ်ကသွားရောက်တိုင်တန်းခြင်းကြောင့် သူမ၏အချစ်ဆုံးသားလေးအဖမ်းခံရသည်ဟုဆိုကာ တဝမ်အားကျိန်ဆဲနေခဲ့သည် ။


" မြန်မြန် မင်းမိန်းမကို အိမ်ကခိုးသွားတဲ့ပိုက်ဆံတွေပြန်လာပေးခိုင်းလိုက် ငါနှစ်တွေအကြာကြီးပင်ပင်ပန်းပန်း စုဆောင်းလာခဲ့ရတာတွေ... မင်းမိန်းမက မင်းအမေရဲ့ပိုက်ဆံတွေကိုခိုးသွားတာလေ ငါရဲ့အသည်းနှလုံးကိုဆွဲထုတ်သွားသလိုဘဲ "


ဟန်ချင်စုန့်က ဘာမျှပြန်မပြောခဲ့ချေ ။ အဖွားကြီးဟန်ဤသို့ပြောလာမည်အား အတွင်းရေးမူးခေါင်းဆောင်ကကြိုတင်ပြောပြပြီးသားဖြစ်သည် ။ ပိုက်ဆံမည်မျှဆိုသည်မှာ အဖွားကြီးဟန်ကလွဲ၍ သိသူမရှိသောကြောင့် သူမပါးစပ်ကထွက်သမျှသာ အမှန်ဟုတထစ်ချပြောဆိုနေလိမ့်မည် ။ 


နောက်ဆုံးတွင်တော့ အဖွားကြီးဟန်က လင်းလန်သည် ငွေပြေစာစာရွက်များဖြင့်ခြိမ်းခြောက်ကာ ငွေချေးစာချုပ် ချုပ်ဆိုခိုင်းသည်အားပြောပြခဲ့သည် ။ 


" တတိယလေး မင်းရဲ့သားကမကောင်းဆိုးဝါးလေးဘဲ ကလေးဘဲရှိသေးတာကိုတောင် ဘာလို့ဒီလောက် ယုတ်မာတတ်နေရတာလဲ သူ့အမေရဲ့အချိုးနဲ့တစ်ပုံစံတည်းဘဲ သူတို့ကိုကျွေးမွေးနေတာက အစားအသောက်ဖြုန်းတီးရုံဘဲရှိတယ် "


အဖွားကြီးဟန်၏ အလွန်စည်းကျော်နေပြီဖြစ်သော စကားများအား ကြားကာဟန်ချင်စုန့် မျက်နှာပျက်နေပြီဖြစ်သော်လည်း တိတ်ဆိတ်နေဆဲဖြစ်သည် ။


ဟန်ချင်စုန့်က ကျောက်ကျန်းကောအား စစ်ဆေးမေးမြန်းပြီးနောက် အခြေအနေကို ပိုမိုတိတိကျကျနားလည်စေရန် စန်းဝမ်နှင့်အခြားကလေးများကိုမေးမြန်းခဲ့သည် ။


အတွင်းရေးမူးချူပ် ၊ လုံခြုံရေးခေါင်းဆောင်နှင့် အခြားသူများဖြင့်လည်း စကားပြောဆိုခဲ့သေးသည် ။ အတွင်းရေးမူးချူပ် ကငြိမ်းချမ်းရေးသမားဖြစ်သောကြောင့် ကိစ္စအား အကျယ်ချဲ့ပြောဆိုမည်မဟုတ်ပေ ။ 


ဟန်ချင်ဟွ ကလင်းလန်အား ဆဲဆိုခြိမ်းခြောက်ကာ စန်းဝမ်အား ဒဏ်ရာရစေခဲ့သောကြောင့် ဖုံးဖိထားနိုင်မည့်ကိစ္စမဟုတ်ချေ ။ ဟန်ချင်ဟွအား ဖမ်းဆီးထိန်းသိမ်းပြီးနောက်တွင် လုံခြုံရေးဗျူရိုက အဆိုပါဖြစ်ရပ်နှင့်ပက်သက်သည့် အသေးစိတ်စာရွက်စာတမ်းများကိုထုတ်ပြန်ခဲ့သည် ။ 


စန်းဝမ်ကို ရိုက်နှက်ခြင်းကြောင့်မဟုတ်ဘဲ ၎င်း၏

ဖောက်ပြန်သောအတွေးအမြင်နှင့် လုပ်ရပ်များကြောင့်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည် ။


" အမေကျွန်တော် ကွန်မြူနတီကိုသွားတော့မယ် "


" နေဦး မင်းရဲ့ညီလေးကို အိမ်ကိုမပါပါအောင်မြန်မြန်ပြန်ခေါ်လာခဲ့... သူအများကြီးခံစားခဲ့ရတာ...သူကလေးဘဝကတည်းက တစ်ခါမှဒီလိုခက်ခဲခဲ့တာမဟုတ်ဘူး...အိုက်ယိုး ငါရဲ့သနားစရာသားလေး "


အဖွားကြီးဟန်က ထပ်မံ၍ သတိလစ်မတတ်ငိုယိုပြန်သည် ။ သူမက အချစ်ဆုံးသားဖြစ်သူ၏ဆင်းရဲဒုက္ခ ၊ နားကျည်းမူများနှင့် ဟန်ချင်စုန့်က သူမ၏စကားအပေါ်နာခံမူမရှိခြင်းနှင့် လင်းလန်အားငွေအားလုံးပေးခဲ့ခြင်းကြောင့် ငိုနေခဲ့သည် ။


Xxxxxxx